အခန်း (၂၅၅)
Vol. 17 Ch. 255
ဘန်း…
စူးရှတောက်ပလွန်းသည့် အဖြူရောင်ဓားအလင်းတစ်ခု ထွက်ပေါ်လာကာ ပတ်၀န်းကျင်မှ လူတိုင်း၏ အမြင်အာရုံအား ခေတ္တဖုံးကွယ်သွားလေသည်။
ရွှမ်ယီက ဓားကိုဆွဲထုတ်ကာ တစ်ချက် တိုက်ခိုက်လိုက်ပြီးနောက် အသက်ရှုကြိမ်အနည်းငယ်အတွင်း ယန်ဝူဒေါင်ရှေ့သို့ရောက်သွား၏။
“ မင်းက ငါ့ကိုအနိုင်ယူပြီး မြောက်ပိုင်းတိုက်ကြီးကို ပြန်မယ်ပေါ့… ဟုတ်လား…”
“ မင်းမှာ အဲ့လိုလုပ်နိုင်တဲ့ အရည်အချင်းမရှိဘူး…”
ယန်ဝူဒေါင် တောင့်တင်းနေပြီး နောက်ကျောမှလည်း ချွေးများစီးကျနေ၏။ သူက ရွှမ်ယီအား တားဆီးနိုင်စွမ်းမရှိချေ။
ရွှမ်ယီ အေးစက်စွာပြုံးလိုက်၏။
အလတ်အလတ် လူသားဘုရင်လား…
စိတ်မကောင်းစရာဘဲ…
သူက အဲ့အဆင့်မှာ မဟုတ်ဘူး…
ထို့နောက် ယန်ဝူဒေါင်အား ကျောခိုင်းထွက်ခွာသွားတော့၏။
ရွှမ်ယီ ထွက်သွားပြီးနောက်
ဂျွတ်…
လှံနတ်ဘုရားဟု လူသိများသော ယန်ဝူဒေါင်၏ လှံက စိတ်ဝိညာဉ်အလင်းရောင်များ မှိန်ဖျော့သွားပြီး ထက်ပိုင်းကျိုးသွားသည်ကို မြင်လိုက်ရပြီး လူတိုင်း ထိတ်လန့်သွားလေသည်။
သွေးမျိုးဆက်မှ ဆင့်ခေါ်ထားသည့် ဘိုးဘေးပုံရိပ်ယောင်ပင် မည်သည့်နေရာသို့ ထွက်ပြေးသွားမှန်းမသိဘဲ ပြန်လည်ထွက်ပေါ်လာခြင်းမရှိတော့ချေ။
ဝုန်း…
ယန်ဝူဒေါင် မယုံကြည်နိုင်သော မျက်၀န်းများဖြင့် ဒူးထောက်ကျသွား၏။
“ ရွှမ်ယီ…”
“ တောင်ပိုင်းတိုက်ကြီးက မူလဘုရင်အဆင့်ကျင့်ကြံသူ… မင်းမှာ ဘယ်လိုလုပ်ပြီး ဒီလိုခွန်အားမျိုး ပိုင်ဆိုင်ထားတာလဲ…”
ထိုစွမ်းအားက နှောင်ပိုင်း လူသားဘုရင်အဆင့်ကိုပင် ကျော်လွန်နေချေပြီ။
သူ့အား မူလဘုရင်အဆင့်တွင် မည်သူ ယှဉ်ပြိုင်နိုင်မည်နည်း။
ရွှမ်ယီက ထွက်သွားချေပြီ။
သို့သော် နဂိုက အလွန်မောက်မာနေခဲ့သည့် ယန်ဝူဒေါင်က နေရာ၌ပင် ဒူးထောက်လျက် ကျောက်ရုပ်ဖြစ်နေသည်။
ရွှမ်ယီ၏ ဓားက ယန်ဝူဒေါင်အလွန် ဂုဏ်ယူခဲ့သည့် လှံအား ပိုင်းဖြတ်သွားသည့်အပြင် ဆင့်ခေါ်ထားသည့် ဘိုးဘေးပုံရိပ်ပင် ရှုံးနိမ့်သွားခဲ့ရ၏။
ထိုပုံရိပ်လည်း အလွန်ထိတ်လန့်သွားဟန်ရပြီး ယန်ဝူဒေါင်က စိတ်ဝိညာဉ်ကင်းမဲ့သွားသလို ခံစားနေရသည်။
ရွှမ်ယီ အနားမှဖြတ်သွားစဉ် မထိန်းချုပ်နိုင်ဘဲ နောက်ကျမှ ချွေးများပင် စီးကျလာခဲ့၏။
ရှူး…
ရွှမ်ယီ ထွက်သွားပြီးနောက် မသိစိတ်ထဲမှနေပြီး အလွန်သက်သာရာရသွားခဲ့သည်။ ဒူးထောက်ကျသွားပြီးမှ ပြန်လည် အသိ၀င်လာ၏။
……
“ ရွှမ်ယီ နိုင်သွားတာလား…”
“ တစ်ချက်တည်းနဲ့လေ…”
“ သူ ဓားရူးနဲ့ တိုက်ခိုက်တုန်းကလည်း အခုလိုဘဲ… ယန်ဝူဒေါင်လည်း ဘာမှမထူးဘူး…”
ပတ်၀န်းကျင်မှလူတိုင်း အံ့ဩစွာဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ရေရွတ်လိုက်ကြ၏။
တောင်ပိုင်းတိုက်ကြီး၏ ဂုဏ်သိက္ခာ မြောင်းထဲမရောက်တော့ချေ။ ကယ်တင်ခံလိုက်ရချေပြီ။
မြောင်ပိုင်းတိုက်ကြီးမှ လှံနတ်ဘုရားက မူလဘုရင့်အဆင့်ဇယားမှ လူတိုင်းနီးပါးကို အနိုင်ရခဲ့သည်တိုင် နောက်ဆုံးတွင် ရှုံးနိမ့်ခဲ့သည်သာ။
ထိုလာရောက်ကြည့်ရှုသူများထံမှ သတင်းစကားများကြောင့် ယန်ဝူဒေါင်ထံ ရှုံးနိမ့်ပြီး ဒဏ်ရာပြင်းထန်စွာရခဲ့သူများအားလုံးလည်း မှင်သက်သွားကြ၏။
သူတို့အားလုံး မူလဘုရင်အဆင့်ဖြင့် အစောပိုင်းလူသားဘုရင်အဆင့် စွမ်းအားကိုထုတ်ဖော်နိုင်ကာ တောင်ပိုင်းတိုက်ကြီးတစ်ခုလုံး၏ အထွတ်အထိပ်၌ ရပ်တည်နေသော ပါရမီရှင်များဖြစ်ခဲ့ကြသည်။
သို့သော် ယန်ဝူဒေါင်၏ တစ်ချက်တည်းသော တိုက်ခိုက်မှူအောက်တွင် ရက်ရက်စက်စက်ရှုံးနိမ့်ခဲ့၏။ သူတို့၏ မာနများလည်း နင်းချေခြင်းခံခဲ့ရသည်။
တောင်ပိုင်းတိုက်ကြီးတစ်ခုလုံးတွင် မူလဘုရင်အဆင့်၌ ယန်ဝူဒေါင်အား မည်သူမှ အနိုင်မရနိုင်ဟု တွေးထင်ခဲ့ကြသော်လည်း ယခုတွင် ရွှမ်ယီ ဓားတစ်ချက်တည်းဖြင့် စွမ်းဆောင်ပြခဲ့၏။
ထိုအချိန်တွင် ရွှမ်ယီတိုက်ခိုက်ခဲ့သော ခွန်အားကို အလယ်အလတ် လူသားဘုရင်အဆင့်မှ မည်သူမျှ မတားဆီးနိုင်လောက်ပေ။
ရွှမ်ယီနှင့် ပတ်သက်ပြီး လူတိုင်း၏ ခန့်မှန်းချက်များ နောက်တစ်ကြိမ် မှားယွင်းခဲ့ပြန်သည်။
သူတို့ အလွန်လျှော့တွက်မိခဲ့ကြ၏။
“ ဟားဟားဟား…”
ဓားရူးက သတင်းကြားသည်နှင့် ချက်ချင်း အိမ်ပြင်ပြေးထွက်ကာ အားပါးတရ ရယ်မောလိုက်သည်။
သူက ရွှမ်ယီ၏ ဓားတစ်ချက်အောက်တွင် ရှုံးနိမ့်ခဲ့သလို ယန်ဝူဒေါင်လည်း ထိုနည်းတူစွာ ရှုံးနိမ့်ခဲ့၏။
ဓားတစ်ချက်… ၎င်းက မည်သည်ကိုဆိုလိုသနည်း
ယန်ဝူဒေါင်က သူ့ထက် အစွမ်းထက်သည့်တိုင် ရွှမ်ယီထက် များစွာနိမ့်ကျနေသေးသည်။
“ ယန်ဝူဒေါင်… မင်း ငါ့ကို စောင့်နေစမ်း…”
ဓားရူး၏ မျက်၀န်းများတောက်ပနေပြီး သိုင်းပညာအပေါ် ယခင်အတိုင်း ရူးသွပ်မှုများ ပြန်လည်ဖြစ်ပေါ်လာ၏။ ထို့နောက် ချက်ချင်း သိုင်းလေ့ကျင့်ရာ ခန်းမအတွင်း ပြေး၀င်သွားလေသည်။
ယန်ဝူဒေါင်အား ရှုံးနိမ့်ပြီးနောက် နှစ်ကြိမ်ဆက်တိုက် သိုင်းတစ်ကွက်ဖြင့် ရှုံးနိမ့်ခဲ့ရာ မိမိကိုယ်ကိုယ် အသုံးမကျဟုခံစားမိပြီး အလွန်သိမ်ငယ်သွားမိခဲ့သည်။
ရွှမ်ယီအား ရှုံးနိမ့်ခြင်းက သူညံ့ဖျင်းသောကြောင့် မဟုတ်မှန်း နားလည်သွားချေပြီ။
ရွှမ်ယီကိုယ်တိုင်က အလွန် မွန်းစတား ဆန်နေခြင်းသာဖြစ်၏။
ရွှမ်ယီထံ ရှုံးနိမ့်ခဲ့ခြင်းအား သူ လက်ခံနိုင်သော်လည်း ယန်ဝူဒေါင်အတွက်မူ…
ဓားရူးအနေဖြင့် ထိုလူအား နောက်တစ်ကြိမ် စိန်ခေါ်ချင်သေး၏။
တိုက်ပွဲပြီးနောက် ရွှမ်ယီ၏ ဂုဏ်သတင်းက တောင်ပိုင်းတိုက်ကြီးတစ်ခုလုံးသို့ ရိုက်ခတ်သွားလေသည်။
တောင်ပိုင်းတိုက်ကြီး၏ မူလဘုရင်အဆင့်နံပါတ်(၁)အဖြစ် နှလုံးသားထဲမှ နက်ရှိုင်းစွာ အသိအမှတ်ပြုလိုက်ကြချေပြီ။
ရွှစ်..
ထိုအချိန်တွင် ရွှမ်ယီက လေဟာနယ်အား ဖြတ်သန်းပြီး တောင်ပိုင်းတိုက်ကြီးရှိ အလွန်ဝေးကွာချောင်ကျသော ဒေသလေးတစ်ခု၌ ထွက်ပေါ်လာ၏။
ရောက်လာပြီးနောက် သူ၏ အရှိန်အဝါနှင့် စွမ်းအားများအား ချက်ချင်းရုတ်သိမ်းလိုက်သည်။
ဌာနမှူးက သူ့အား အလျင်မလိုဘဲ လောကကြီးအား ရှုမြင်ခံစားရန် အကြံပေးခဲ့၏။ ရွှမ်ယီအနေဖြင့် ထိုစကားအား လေးနက်စွာ လက်ခံပေသည်။ ထို့ရောက် ဘ၀၏ ရှုထောင့်မျိုးစုံမှ လောကကြီးအား ရှုမြင်ကြည့်ရန်အတွက် ဤမျှ ဝေးလံခေါင်သီသော ဒေသလေးသို့ ရောက်လာခြင်းဖြစ်သည်။
ဤသို့ဖြင့် ရွှမ်ယီကာ ခရီးသွားလျှင် စီးရန်အတွက် မြင်းရှာရန် နီးစပ်ရာမြို့တစ်မြို့အားရှာဖွေလိုက်သည်။ ထို့နောက် ခရီးစဉ်အား စတင်လိုက်တော့၏။ ရံဖန်ရံခါ မြို့များသို့ရောက်လျှက် လမ်းဘေးဈေးဆိုင်များ၌ ထိုင်ကာ ဘူးသီးခြောက်အတွင်း ဖြည့်ထားသော ဝိုင်များအား သောက်ရင်း သာမန်လူများ၏ ဘ၀များအား ခံစားကြည့်ရှုနေတတ်သည်။
ဆိုင်ရှေ့တွင် သူ၏ မြင်းလှည်းအား ရပ်တန့်ထားပြီး မြင်းလှည်းအထက်၌ ကျပန်း၀ယ်ယူထားသည့် ပစ္စည်းပစ္စယများပြည့်နှက်နေခဲ့သည်။
သူ၏ ခေါင်းထက်တွင် ကောက်ရိုးခမောက်တစ်လုံးအား ဆောင်းထားခဲ့ကာ မြောက်ဘက်မှ တောင်ဘက်သို့ ခရီးနှင်လာသည့် ကုန်သည်တစ်ဦးပမာ ဖြစ်နေ၏။
မြင်လိုက်ရသူတိုင်းစိတ်ထဲတွင် ရွှမ်ယီအား ချောမောခန့်ညားကာ လက်ကြောမတင်းသူအဖြစ် မြင်သွားခဲ့ကြသည်။
အဘယ်ကြောင့်ဆိုသော် ရွှမ်ယီက ပါလာသော ကုန်ပစ္စည်းများအား စိတ်ကြိုက်ရောင်းချေနေသောကြောင့်ဖြစ်၏။ တခါတရံ ပစ္စည်းများအား စိတ်ကြိုက်ဈေးပေးကာ ၀ယ်ယူလေ့ရှိပြီး ပြန်ရောင်းလျှင်လည်း ငွေတစ်ဆင့်မျှသာ ယူလေ့ရှိသည်။
လူတိုင်းအမြင်တွင် ပေါ့ပျက်ပျက်စီးပွားရေးသမားတစ်ယောက်သာဖြစ်၏။
သို့သော် အမြတ်အစွန်းများစွာရသည့်အတွက် ရောက်လေရာနေရာမှ လူတိုင်း ရွှမ်ယီနှင့် အရောင်းအ၀ယ်ပြုလိုကြသည်။
ရွှမ်ယီက သူ၏ စိတ်ဝိညာဉ်စွမ်းအင်များအားလုံး သိမ်းဆည်းထားခဲ့ကာ သေမျိူးတစ်ယောက်အလား ပြုမူနေထိုင်နေသည်။ ဝိုင်ကိုလည်း သာမန်လူတစ်ဦးကဲ့သို့ သောက်သုံးနေခဲ့၏။
ဤရက်များက သူ့အတွက် အနည်းငယ် ပျော်စရာကောင်းပေသည်။
ဤသို့ဖြင့် မြို့များစွာဖြတ်သန်းခဲ့ပြီးနောက် ရွှမ်ယီ၏ အမည်က ကျော်ကြားလာသည်။
ဖြူစင်သော အသားအရေနှင့် ချောမောသော လူငယ်တစ်ဦး စီးပွားရေးအား ဖြစ်သလိုလုပ်နေသည့် သတင်းက အနီးအနားရှိ မြို့ကြီးများတွင် ပျံ့နှံ့နေချေပြီ။
ရွှမ်ယီအား အကြံညာဏ်ပေးသည့်လူများလည်းရှိခဲ့ပြီး ထိုလူများအား အပြုံးဖြင့်သာ တုံ့ပြန်ခဲ့၏။
မြို့ပေါင်းများစွာကို ဖြတ်ကျော်ခဲ့ပြီးနောက် နေရာအသစ်တစ်ခုသို့ရောက်လာစဉ် သူ၏ နှလုံးသားက ရုတ်တရက်လှုပ်ရှားသွားသည်။
ဤနေရာကို ကြယ်ကြွေကုန်းဟုခေါ်ပြီး တောင်များ ၊ မြစ်များ ၊ သစ်ပင်ကြီးများ နှင့် ချောင်းငယ်လေးများ ရှိနေပြီး ထူးခြားကာ လှပသည့်နေရာတစ်ခုဖြစ်၏။ ထိုနေရာတွင် ရေကန်တစ်ခုလည်းရှိနေသည်။ ရေကန်ထက်တွင် ငွေရောင်အလင်းတန်းများ တောက်ပနေပြီး အတွင်း၌ ထူးခြားသော အရှိန်အဝါတစ်ခုရှိနေ၏။ ပြင်ပကမ္ဘာကြီးနှင့် လုံး၀ခြားနားနေသလိုပင်။ သီးသန့်ဖြစ်တည်နေသော ကမ္ဘာတစ်ခုအလား ခံစားရစေသည်။
“ တော်တော်ကို လှပပြီး အံ့ဩစရာကောင်းတဲ့ နေရာလေးဘဲ…”
ဤနေရာတွင်နေပါက သူ၏ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များတိုးတက်လာမည်ဟု ရွှမ်ယီ ခံစားမိလိုက်သည်။
“ ရပ်တော့….”
ရွှမ်ယီ အော်ဟစ်လိုက်ပြီး မြင်းများအား ကုန်းမြင့်လေးတစ်ခုထက်တွင် ရပ်တန့်စေကာ မြင်းလှည်းထက်မှ ခုန်ချလိုက်၏။ ထို့နောက် မတ်တပ်ရပ်လျက် ကြယ်ကြွေကုန်းတစ်ခုလုံးအား ခြုံငုံကြည့်ရှုလိုက်သည်။
သူဤနေရာတွင် စခန်းချပြီး သဘာ၀အလှတရားများအား ခံစားရန် ဆုံးဖြတ်လိုက်၏။