← Chapters

#ငရဲဂိုဏ်းက တစ်စုံတစ်ယောက်#

Vol. 56 Ch. 785

#ငရဲဂိုဏ်းက တစ်စုံတစ်ယောက်#

Vol. 56 Ch. 785

ဟုန်ရင်မေးပြီးနောက် လူငယ်အဂ္ဂိရတ်ပညာရှင်လေးက အတော်လေးစိတ်မရှည်ဖြစ်နေသော်လည်း ဟုန်ရင် အော်ရာကို ထုတ်ဖော်ပြသသောအခါ သူ့အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး ချက်ချင်းဆိုသလို အရာအားလုံးကို ရှင်းပြလာသည်။

"ရိုးရိုးရှင်းရှင်းပြောရရင် သက်ရှိဝိဉာဉ်မြအမြစ်ရဲ့လမ်းကြောင်းကို လေထဲကနေပဲ ရယူနိုင်တယ်၊ ‌လေထဲမှာရှိနေတဲ့အခါ ကျရင်လည်း သက်ရှိဝိဉာဉ်မြအမြစ်ကနေ သိပ်သည်းထားတဲ့ တိုက်ခိုက်မှုက တိုက်ရိုက်ဆင်းသက်လာလိမ့်မယ်"

"ဒီတိုက်ခိုက်မှုတွေက မြေအင်မော်တယ်အထွတ်အထိပ်အဆင့်နဲ့ ညီမျှတယ်"

ဟုန်ရင်ရှင်းပြပြီးနောက် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ နားလည်သွားကြ၏။

မည်သည့်အတွက်ကြောင့် ဒီအဂ္ဂိရတ်ပညာရှင်များက လှုပ်ရှားနေတာကို ရပ်လိုက်ကြလေသနည်း။

သူတို့က သက်ရှိဝိဉာဉ်မြအမြစ်အတွက် မတိုက်ခိုက်ကြဘူးလား!

အကြောင်းရင်းက အရမ်းရှင်းပါသည်။ သူတို့လုံလောက်အောင် အားမကောင်းသောကြောင့်ပင်။

ပထမအချက်က သက်ရှိဝိဉာဉ်မြအမြစ်က အဂ္ဂိရတ်ဆရာများအတွက် အတော်လေး အသုံး၀င်သည်။

အကယ်၍ ဒါကသာ အပြင်ပကမ္ဘာတွင်ဆိုပါက တစ်ခြားကျင့်ကြံသူများကလည်း ကံကောင်း၍သာ ကြုံရနိုင်သည့် ဒီနတ်ပစ္စည်းအတွက် တိုက်ခိုက်ရန် လာရောက်ကြပေလိမ့်မညါ။

သို့စေကာမူ အဆုံးမဲ့ပင်လယ်ဒေသက မဖွံ့ဖြိုးသေးသလို မရှာဖွေရသေးသည့် ရတနာတောင်ဖြစ်သည်။

ကောင်းကင်အင်မော်တယ်ကျွမ်းကျက်သူများက အနက်ပိုင်းကို စူးစမ်းထားသည်ကို မဆိုထားနဲ့၊ အဂ္ဂိရတ်နှင့် ဘာမှမသက်ဆိုင်သည့် တစ်ခြားကျင့်ကြံသူများပင်လျှင် အချိန်ယူပြီး သူတို့နှင့်ဆက်နွှယ်နေသည့် အခွင့်အရေးများကို ရှာဖွေရန်အတွက် ရွေးချယ်ကြသည်။

အမြင့်ဆုံးအဆင့်ရှိသူက မြေအင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်သာဖြစ်ပြီး သူတို့၏တိုက်ခိုက်ရေးစွမ်းရည်က အတော်လေးအားနည်းသဖြင့် သူတို့မဖြတ်ကျော်နိုင်တာက သာမန်သာဖြစ်သည်။

ဟုန်ရင်ပြောသည်။

"ဒါဆိုငါတိုက်ရိုက်သွားယူလိုက်မယ်၊ ခနစောင့်ဦး"

သို့စေကာမူ ဟုန်ရင်၏ကိုယ်က အရှိန်မြှင့်လာသည်နှင့်တစ်ပြိုင်နက် လင်းယုန်နှုတ်သီး၊ ချွတ်ထက်သောနှာခေါင်းရှိသည့် ကျွန်းပေါ်ခြေချေနေပြီဖြစ်သော အဖိုးအိုနှစ်ဦးကလည်း တစ်ချိန်တည်းတွင် ပြေးလာကြသည်။

သူတို့က ဟုန်ရင်၏ဘယ်ညာ၌ ရောက်လာပြီး ဝိုင်းရံမှုတစ်ခုကို ဖန်တီးကြသည်။

ဒီမြင်ကွင်းက အောက်ကယဲ့ချိုးပိုင်နှင့် ကျန်သောသူများကို မျက်မှောင်ကြုတ်သွားစေပြီး တစ်ခုခုမှားနေသည့်ပမာ ခံစားရစေသည်။

ဟုန်ရင်ဘယ်ညာစိုက်ကြည့်ရင်း ရပ်ပြီး တည်ငြိမ်စွာမေးသည်။

"ဘာကိစ္စလဲ"

အဖိုးအိုတစ်ဦးက အမူအရာကင်းမဲ့စွာပြောသည်။

"ငါ့မှာမင်းနဲ့ပြောစရာဘာမှမရှိဘူး၊ မင်းတို့ အဲဒီခန္ဓာကျင့်ကြံသူနဲ့သွားတဲ့အချိန် မင်း၊ ယဲ့ချိုးပိုင်နဲ့ မုဖူရှန်းတို့က အားအကောင်းဆုံးဆိုတော့ ငါတို့မင်းကိုအရင်ကိုင်တွယ်မယ်"

ထို့နောက် အဖိုးအိုနှစ်ဦးက ချက်ချင်းဆိုသလို ကြောက်မက်ဖွယ်ရာ သွေးဆန္ဒဖြင့် ပေါက်ကွဲသွားခဲ့သည်။

သွေးနီတိမ်အမျှင်တန်းများက သူတို့ကိုယ်ကနေ ထွက်လာကြပြီး ဒီနယ်မြေတစ်ခုလုံးကို သွေးနီရောင်ဆိုးပစ်သည်။

သက်ရှိဝိဉာဉ်မြအမြစ်၏ ပတ်၀န်းကျင်ကသာ အစိမ်းရောင်အလင်းဖြင့် လွှမ်းခြုံထားသဖြင့် သွေးတိမ်များက မ၀င်ရောက်နိုင်ပေ။

မရမတွက်နိုင်လောက်သည့် အငြိုးကြီးတစ္ဆေများက သွေးတိမ်ကနေ အသံလှိုင်းများအဖြစ် ဟိန်းရင်း ဟုန်ရင်ထံ၀င်ရောက်လာသည်။

သူတို့နှစ်ယောက်စလုံးက ကောင်းကင်အင်မော်တယ်တစ်၀က်အဆင့်များ ဖြစ်ကြသည်။

ဒီအော်ရာကိုခံစားမိသောအခါ ယဲ့ချိုးပိုင်၊ မုဖူရှန်းနှင့် ရှောင်ဟိုင်တို့၏အမူအရာများက မည်းမှောင်သွားကြ၏။

ထိုစကားလုံးများကနေ တစ်ဘက်လူ၏ နောက်ခံကို ဟုန်ရင်ချက်ချင်းသိလိုက်သည်။

"ငရဲဂိုဏ်းကလူတွေလား"

အကြီးအကဲနှစ်ယောက်က ဘာမှဖုံးကွယ်မထားဘဲ ခေါင်းညိတ်သည်။

ပတ်၀န်းကျင်ကလူများကို ဒါကိုမြင်သောအခါ သူတို့ထိတ်လန့်သွားကြပြီး အဆက်မပြတ် နောက်ဆုတ်သွားကြ၏။

ငရဲဂိုဏ်းက သူတို့ရန်စစော်ကားနိုင်သည့် အင်အားစုတစ်ခုမဟုတ်ပေ။

ဟုန်ရင်ပြုံးသည်။

"ရှင့်တို့တစ်ယောက်ယောက်ကို သတ်ချင်ရင် အမှောင်ထဲကလှုပ်ရှားတာက ပိုမလွယ်ဘူးလား၊ ဒါပေမယ့် ဒီလိုအခြေအနေမှာ ဘာလို့ကိုယ့်ကိုကိုယ် ဖော်ပြရတာလဲ"

"ရှင့်တို့ငရဲဂိုဏ်းရဲ့ ရည်ရွယ်ချက်ကဘာလဲ"

သူတို့၏အဆင့်များတွင် အတွေ့အကြုံများနှင့် အမြင်က သေချာပေါက်မသေးပေ။

ထို့ကြောင့် သူတို့တစ်စုံတစ်ယောက်ကို သတ်လိုသောအခါ ထွက်လာပြီး ကျယ်လောင်စွာ အော်ဟစ်ရသည်အထိ တုံးအမည်မဟုတ်။ သူက သူသတ်ချင်တဲ့သူကို သတ်ပြီး တစ်ကမ္ဘာလုံးကို သိခွင့်ပေးနေဟည်။

ထို့ကြောင့် သူတို့တွင် ဒီလိုလုပ်ရသည့် အကြောင်းရင်း ရှိရပေမည်။

သို့စေကာမူ ယဲ့ချိုးပိုင်၊ မုဖူရှန်းနှင့် ရှောင်ဟိုင်တို့ပင်လျှင် အကြောင်းရင်းကိုမသိကြပါ။

"မင်းဒါကိုသိစရာမလိုဘူး"

ခံစားချက်ကင်းမဲ့နေသည့် အဖိုးအိုက ပြောသည်။

"မင်းသာမခုခံဘူးဆိုရင် ပိုမြန်မြန်သေရလောက်တယ်၊ ဘာပဲဆိုဆို ငါတို့ငရဲဂိုဏ်းရဲ့ နည်းလမ်းတွေကို မင်းတို့ရှင်းရှင်းလင်းလင်း သိကြမှာပါ"

ဒါကိုကြားသောအခါ ဟုန်ရင်နှင့်ကျန်သောသူများကလွဲ၍ အဂ္ဂိရတ်ဆရာအုပ်စုတွင် လေးနက်သည့် အမူအရာကိုယ်စီ ရှိနေကြသည်။

ငရဲဂိုဏ်း၏နည်းစနစ်တွေက အတော်လေးလူမဆန်ပေ။

လူတစ်ယောက်ကိုသတ်ပြီးနောက် သူတို့ဝိဉာဉ်ကဆွဲထုတ်ခံရမည်ဖြစ်ကာ ကိုယ်ထဲက သွေးများကလည်း ခန်းခြောက်သွားရပြီး အလောင်းခြောက်တစ်ခုသာလျှင် နောက်တွင် ကျန်နေခဲ့ပေလိမ့်မည်။

ငရဲဂိုဏ်းလက်ထဲကို ကျသွားပါက ဝိဉာဉ်အကူအညီနှင့် ပြန်လည်၀င်စားရန် သို့မဟုတ် မွေးဖွားရန်အတွက် မျှော်လင့်ချက်မရှိဟု ဆို၍ရသည်။

ဟုန်ရင်ရယ်မောသည်။

"ဒါကိုစမ်းကြည့်လေ"

အမူအရာကင်းမဲ့နေသည့်အဖိုးအိုက ခေါင်းညိတ်သည်။

"လက်ရှိလူငယ်မျိုးဆက်တွေက အတော်‌လေးပါရမီရှိပေမယ့် သူတို့က နည်းနည်းမောက်မာပုံပဲ"

နောက်အဖိုးအိုကဆက်ပြောသည်။

"မင်း မြေအင်မော်တယ်နယ်ပယ် နောက်ဆုံးအဆင့်ပဲရှိသေးတယ်၊ ဒါတောင် ငါတို့နှစ်ယောက်ကို တစ်ယောက်တည်း ရင်ဆိုင်ရဲသေးတာလား"

ကောင်းကင်အင်မော်တယ်တစ်၀က်အဆင့်!

သူတို့က ကောင်းကင်အင်မော်တယ်နယ်ပယ်ကို အပြည့်အ၀ မတက်လှမ်းကြသေးသော်လည်း သူတို့၏ခွန်အားက မြေအင်မော်တယ်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ထက် အများကြီး ပိုအားကောင်းနေဆဲပင်။

အဘယ်ကြောင့်ဆိုသော် သူတို့ကိုယ်ထဲက ဝိဉာဉ်ချီအပိုင်းအနည်းငယ်လေးက အင်မော်တယ်ချီအဖြစ် ပြောင်းလဲနေပြီ ဖြစ်သောကြောင့်ဖြစ်သည်။

ကောင်းကင်အင်မော်တယ်နယ်ပယ်ကို တက်လှမ်းရန်အတွက် အခြေအနေများအဖို့ လုံလောက်သည့် ဝိဉာဉ်ချီရှိနေသရွေ့ သူတို့က ဝိဉာဉ်ချီ၏ အနည်းဆုံး၃၀ရာခိုင်နှုန်းကို အင်မော်တယ်ချီအဖြစ် ပြောင်းလဲပြီးနောက်တွင် ကောင်းကင်အင်မော်တယ် ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာမည်သာ။

သို့စေကာမူ ဒီအင်မော်တယ်ချီအပိုင်းစလေးကိုလည်း လျှော့တွက်၍မရပေ။

ဒါက၂၀ရာခိုင်နှုန်းတောင် မရှိသည့် အပိုင်းစလေးတစ်ခုသာ ဖြစ်နိုင်သော်လည်း ခွန်အားအရာက ယူဆောင်လာသည့် တိုးတက်မှုက ကမ္ဘာကြီးတမျှကွာခြားသည်။

ဟုန်ရင် ပြန်လည်မွေးဖွားခြင်းလှံကို ကိုင်ထားပြီး တစ်ခြားဘာမှမပြောတော့။

သူမကိုယ်ထဲက အင်ပါယာချီနှင့် ပြန်လည်မွေးဖွားခြင်းဆန္ဒက ထိုအခိုက်အတန့်၌ ထိုးထွက်လာခဲ့သည်။

ထိုအချိန်တွင် စွမ်းအင်သုံးမျိုးက ပြီးပြည့်စုံစွာ ရောယှက်သွား၏။

ဟုန်ရင်၏ကိုယ်ထဲတွင် အင်မော်တယ်ချီမရှိသော်လည်း သူမတွင် နိယာမစွမ်းအား၏ အသာစီးရှိသည်။

ဝိဉာဉ်ချီအရည်အသွေးအရ ဒါကို အစားထိုး၍ရသည်။ တကယ်တမ်းတွင် ဒါကပို၍ပင် အားကောင်းသည်။

ငရဲဂိုဏ်းက အဖိုးအိုနှစ်ဦး၏ အကြည့်အောက်တွင် ဟုန်ရင်လေထဲတွင် တက်လှမ်းလိုက်လေရာ လေဟာနယ်ကို တုန်ခါသွားစေသည်။

သူမကိုယ်က မရပ်တန့်နိုင်သည့်လှံတစ်ချောင်းပမာ အမူအရာကင်းမဲ့နေသည့် အဖိုးအိုထံ ပြေးသွား၏။

သူမလက်ထဲက ပြန်လည်မွေးဖွားခြင်းလှံက တုန်ခါသွားပြီး လှံအရှိန်က မြှင့်တက်လာခဲ့သည်။

ထိုအချိန်တွင် ‌လေဟာနယ်ထဲ၌ နားကွဲလုနီးပါးပွတ်တိုက်သံတစ်ခု ထွက်လာသည်။

မတူညီကွဲပြားသည့် အော်ရာသုံးခုက ပြန်လည်မွေးဖွားခြင်းလှံပေါ်၌ စုစည်းကာ ကြောက်မက်ဖွယ်ရာစွမ်းအားတစ်ခုကို ဖန်တီးသည်။

ဒါကိုမြင်သောအခါ စိတ်ဓာတ်ကြံ့ခိုင်သည့် အဖိုးအို၏အမူအရာက အနည်းငယ် အေးခဲသွား၏။

ဒါက သူမြင်ခဲ့ဖူးသည့် မြေအင်မော်တယ်ကျွမ်းကျင်သူများနှင့် ကွဲပြားသည်။

သူ့ရှေ့က ဒီဧကရီကဲ့သို့ကျင့်ကြံသူက ထိုသာမန်မြေအင်မော်တယ်ကျွမ်းကျင်သူများထက် အများကြီးပိုအားကောင်းသည်။

ဒါ့အပြင်လှံက ထုတ်လွှတ်သည့် အော်ရာက သူတို့ကိုယ်ထဲက အင်မော်တယ်ဝိဉာဉ်ချီ အမျှင်တန်းထက် မနိမ့်ကျပေ။

ဒါက သူတို့နှစ်ယောက်ကို အနည်းငယ်အံ့ဩသင့်သွားစေပြီး တွေဝေသွားကြ၏။

လှံကသူတို့ထံထိုးဖောက်လာတာကို သူတို့မြင်ရသည်။ ဟုန်ရင်၏ပုံရိပ်ကလည်း နီးစပ်နေလေပြီ။

နှစ်ယောက်စဘုံး ညာလက်များကို ဆန့်ထုတ်ရင်း လက်သည်းများဖြင့် ဖမ်းကိုင်လိုက်ကြသည်။

သွေးတိမ်ထဲကနေ သိပ်သည်းထားသည့် ကြောက်မက်ဖွယ်ရာသွေးလက်သည်းက တစ္ဆေအော်သံများနှင့် ပြည့်နှက်နေသည်။

ဒါက ရှေ့ကလေဟာနယ်ကို ဆုတ်ဖြဲပြီး ဟုန်ရင်၏ ပြန်လည်မွေးဖွားခြင်းလှံကို ဖမ်းကိုင်သည်။

ဟုန်ရင်၏အမူအရာက အနည်းငယ် အေးခဲသွားပြီးနောက် သူမ၏ရှေ့သို့သွားနေသော အရှိန်က ထပ်မံတိုးလာခဲ့သည်။

ရှောင်တိမ်းခြင်းမရှိဘဲ လှံက သွေးလက်သည်းကို ထိုးဖောက်ပစ်သည်။

တစ်ချိန်တည်းမှာပင် အဆောင်များ၊ ဓားဆန္ဒနှင့် ကြယ်ဆန္ဒများက သူတို့၀န်းကျင်က ကောင်းကင်ဆီသို့ ထိုးတက်သွား၏။

အပိုင်း(786) coming။

All Chapters