#ပုံမမှန်မှု၊ ဉာဏ်ကြီးရှင်လား#
Vol. 56 Ch. 786
အဆုံးမဲ့ပင်လယ်ဒေသ!
အလယ်ကကျွန်းတစ်ကျွန်း၌ ဝိဉာဉ်အင်မော်တယ်နန်းတော်၏ အင်အားစုများက စုကလန်နှင့် တွေ့ဆုံခဲ့ကြသည်။
နှစ်ဘက်စလုံးကလူများက ဝိဉာဉ်အင်မော်တယ်နန်းတော်၏ အတွေးအခေါ်ဘုရင်ဟု ခေါ်သည့် လင်းကျိနန်နှင့် စုမိသားစု၏ နောက်ဆက်ခံသူ စုမုယောင်တို့ဖြစ်သည်။
နှစ်ဘက်စလုံးက တစ်ခြားအင်အားစုများနှင့် မတူပေ။
တစ်ခြားအင်အားစုများကမူ အမွေအနှစ် သို့မဟုတ် ကောင်းကင်ဘုံပစ္စည်းများနှင့် မြေရတနာတစ်ခုခုတွေ့ရပါက သူတို့မိသားစုများကိုပင် စွန့်ခွာကာ အချင်းချင်းသတ်ပစ်တတ်ကြသည်။
ဒီလျှို့ဝှက်ရတနာတွေကြောင့်ပင် သူတို့၏ မျက်လုံးများက နီရဲသွားကြရသည်။
နှုတ်ဆက်စကားများ ဖလှယ်ပြီးနောက် လင်းကျိနန် လေးနက်သည့် အမူအရာဖြင့် ပြောသည်။
"အဆုံးမဲ့ပင်လယ်ဒေသမှာ မကြာသေးခင်က ငရဲဂိုဏ်းကလူတွေ မကြာခဏဆိုသလို အတော်လေးလှုပ်ရှားသွားလာနေတာကို နင်သတိထားမိလား"
စုမုယောင်ခေါင်းညိတ်ရင်း ဘေးဘီဝဲယာကိုကြည့်ကာ အသံနိမ့်ပြီးပြောသည်။
"ငါလည်းငရဲဂိုဏ်းကို အမြဲစောင့်ကြည့်ဖို့အတွက် လူတွေစေလွှတ်ထားတယ်၊ ဒါပေမယ့် တစ်ဘက်လူရဲ့လှုပ်ရှားမှုတွေက အတော်လေးထူးဆန်းတော့ ငါလည်း မတွေးတတ်ဘူးဖြစ်နေတယ်"
"သူတို့တစ်စုံတစ်ယောက်ကို ရှာနေတယ်လို့ နင်ထင်လား...." လင်းကျိနန်ပြောလာသည်။
"ငရဲဂိုဏ်းက မောက်မောက်မာမာပြုမူဖို့ ရွေးချယ်လိုက်တယ် ဆိုကတည်းက သူတို့ ရန်ငြိုးရန်စမရှိတဲ့ ဂိုဏ်းတွေကို ထိမှာမဟုတ်ဘူး"
"ဆိုလိုတာက တစ်ဘက်လူက သူတို့ခွန်အားကို ပြသပြီး စောင့်ကြည့်နေတဲ့ဂိုဏ်းတွေကို နောက်ဆုတ်စေချင်တာပဲ"
"ဒါပေမယ့် အခုတော့ အဆုံးမဲ့ပင်လယ်ဒေသပေါ်ပေါက်လာမှုက အလယ်အလတ်အဆင့်ကြယ်နယ်မြေက ဂိုဏ်းအားလုံးနီးပါးကို ဒီကိုအမြန်လာစေတယ်"
"ဒါက သူတို့နဲ့ဘာရန်ငြိုးမှမရှိတဲ့ တစ်ခြားအင်အားစုတွေကို လှုံ့ဆော်ဖို့အတွက် ဖြစ်နိုင်ချေအရှိဆုံးပဲ၊ ဒါကသူတို့ရဲ့ အရင်အစီအစဉ်နဲ့ ဝိရောဓိဖြစ်နေလိမ့်မယ်...."
လင်းကျိနန်က အတွေးအခေါ်ဘုရင်ဟူသော ဂုဏ်ပုဒ်ဖြင့် ရှင်သန်နေခြင်းဖြစ်သည်။
သူဒါကိုစိစစ်ပိုင်းခြားထားပြီးဖြစ်သည်။
စုမုယောင် ဒါကိုကြားသောအခါ တစ်ခဏမျှတွေးလိုက်ပြီးနောက် မျက်မှောင်ကြုတ်သည်။
"နင်ဆိုလိုတာက သူတို့တစ်ယောက်ယောက်ကို ရှာဖို့အတွက်နဲ့ သူတို့အစီအစဉ်ကို ကျရှုံးခွင့်ပေးဖို့ကိုတောင် မတုံ့ဆိုင်းခဲ့ကြဘူးပေါ့"
လင်းကျိနန်ခေါင်းညိတ်သည်။
"အဲဒီလူက သေချာပေါက်ရှောင်ဟိုင်ဖြစ်ရမယ်၊ ရှောင်ဟိုင်ရဲ့ခန္ဓာကသာ အဲဒီလူအိုကြီး ချီရှာဒေါင်ကို အတော်လေးဆွဲဆောင်နိုင်မှာ"
"ဒါပေမယ့် ဒီကိစ္စက ဒီလောက်ထိ မရိုးရှင်းဘူးလို့ ငါခံစားနေရတယ်၊ ငရဲဂိုဏ်းကို နောက်ကနေ တစ်ယောက်ယောက် ထိန်းချုပ်နေတယ်လို့ ငါခံစားနေရတယ်၊ "
မဟုတ်ပါက မကြာသေးခင်က ငရဲဂိုဏ်းလုပ်ခဲ့သည့်အရာများက ပုံမှန်ဖြစ်နေမည်သာ။
စုမုယောင် အနည်းငယ်သက်ပြင်းချသည်။
"အဆုံးမဲ့ပင်လယ်ဒေသခရီးစဉ်က ဒီလောက်ထိ မရိုးရှင်းမှာကို ငါကြောက်မိတယ်၊ ယဲ့ချိုးပိုင်နဲ့ ကျန်တဲ့သူတွေရော ရောက်ကြပြီလားမသိဘူး"
လင်းကျိနန်ခါးသီးစွာပြောသည်။
"ငါဒီမှာရှိပါသေးတယ်"
"ဒီတော့"
"ဒါဆိုအဆင်ပြေပြီမလား..."
"ဟမ်"
"....."
...
အဆုံးမဲ့ပင်လယ်ဒေသ၌ ဂိုဏ်းကို ထူထောင်ရန်အတွက် သတ္တိနှင့်စွမ်းရည်ရှိသည့် ဂိုဏ်းတစ်ဂိုဏ်းတည်းသာရှိပြီး ဒါက ငရဲဂိုဏ်းဖြစ်သည်။
ငရဲဂိုဏ်းတည်ရှိရာ ကျွန်းပတ်လည်ကို မည်သည့်ဂိုဏ်းကမှ မစစ်ဆေးရဲပေ။
ပင်မခန်းမထဲတွင် ချီရှာဒေါင် ငရဲဂိုဏ်းချုပ်၏ အစီရင်ခံစာကို နားထောင်နေသည်။
"သူတို့တည်နေရာကို သိပြီဆိုတော့ သတင်းကို အရင်ဆုံးမပေါက်ကြားစေနဲ့"
ဂိုဏ်းချုပ်အနည်းငယ် ကြက်သေသေသွားပြီး စိတ်ရှုပ်ထွေးစွာပြောသည်။
"ဒါပေမယ့်ဘိုးဘေး၊ အဲဒီလူတွေရဲ့ခွန်အားက အတော်လေးကြောက်စရာကောင်းတယ်၊ ကျွန်တော်တို့သာ ဒီအကြောင်းကို မပြောဘူးဆိုရင် စိုးရိမ်မိတာက...."
"မင်း ဒီဘိုးဘေးရဲ့စကားကို နားထောင်ဖို့ပဲလိုတယ်၊ ဒီလိုအရာတွေကို စိုးရိမ်နေစရာမလိုဘူး"
ချီရှာဒေါင် လှမ်းကြည့်လိုက်၏။
ရုတ်ချည်းဆိုသလို ဂိုဏ်းချုပ်၏ကိုယ်က တင်းကြပ်သွားပြီး မျက်သူငယ်အိမ်များပင် တုန်ယင်သွားသည်။
သူ့ခွန်အားက ကောင်းကင်အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်ကို ရောက်နေပြီဖြစ်သလို ချီရှာဒေါင်က အမြင့်ဆုံးစွမ်းအားကို မရသေးသော်လည်း အချိန်ကြာရှည်စွာ ပြုစုပျိုးထောင်ခဲ့သည့် ဖိအားကို ပြောင်းလဲ၍မရပေ။
"ငါတို့ဒါကိုမထုတ်ဖော်သေးသရွေ့ တစ်ဘက်ကလည်း သိမှာမဟုတ်ဘူး"
"ဒါ့အပြင် သူတို့အဆိုအရ သူတို့ရှောင်ဟိုင်ကို သတ်မယ်ဆိုရင်လည်း ကိစ္စမရှိဘူး"
"ငါရုပ်ခန္ဓာကိုရပြီး သူ့ဝိဉာဉ်ကို သူတို့နဲ့ ညှိနှိုင်းဖို့ သုံးမယ်ဆိုရင် ငါထပ်ရနိုင်ဦးမယ်မလား"
ဒါကိုကြားသောအခါ ဂိုဏ်းချုပ်ကလည်း သူသာသူတို့ကို ထိုသတင်းကိုပြောပြီး သူတို့ကို ရှာရန်အတွက် တောင်းဆိုပါက ဆုချီးမြှင့်ခံရတာကို သူနားလည်ပါသည်။
သို့သော် ဒီလူကိုသာ သူတို့ရှေ့ကို ခေါ်ဆောင်သွားနိုင်ပါက မိမိတို့ ဆုလာဘ်များအကြောင်းကို ပို၍ပြော၍ရနိုင်မည်သာ။
ချီရှာဒေါင်ထရပ်ကာ ခပ်ရေးရေးပြောသည်။
"သူတို့က အဆင့်မြင့်ကြယ်နယ်မြေက ဂိုဏ်းကြီးတစ်ဂိုဏ်းပဲ၊ ဒီတော့ ငါတို့ ရှောင်ဟိုင်ရဲ့ဝိဉာဉ်ကို ရနိုင်သရွေ့ ငါတို့ငရဲဂိုဏ်းကလည်း သူတို့အကာအကွယ်အောက်မှာ အဆင့်မြင့်ကြယ်နယ်မြေမှာ ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မှာပဲမလား"
သူအဆင့်မြင့်ကြယ်နယ်မြေကို သွားခဲ့ကတည်းက ထိုနေရာ၌ ကျင့်ကြံသူများ၏ ခွန်အားက အတော်လေးကြောက်စရာကောင်းလွန်းသဖြင့် ချီရှာဒေါင်မှာ အမြီးကုပ်ရင်း အလယ်အလတ်အဆင့်ကြယ်နယ်မြေကို ပြန်လာခဲ့ရသည်။
သို့စေကာမူ ထိုနေရာ၌ ဝိဉာဉ်ချီနှင့် အရင်းအမြစ်တွေက ချီရှာဒေါင်ကို အတော်လေးမနာလိုဖြစ်စေသည်။
ထိုဂိုဏ်း၏အကာအကွယ်နှင့်ဆိုပါက ငရဲဂိုဏ်းက ဘယ်လိုလုပ် အဆင့်မြင့်ကြယ်နယ်မြေတွင် မရှင်သန်နိုင်မည်နည်း။
"ကောင်းပြီ၊ အခုအရမ်းကြီးဆူညံပူညံလုပ်မနေနဲ့၊ ရှောင်ဟိုင်ကိုပြန်ခေါ်လာခဲ့"
ဂိုဏ်းချုပ်ခေါင်းညိတ်သည်။
"ကျွန်တော်လူတွေပို့ထားပါပြီ"
ချီရှာဒေါင်ခေါင်းညိတ်ပြီး မျက်လုံးမှိတ်ကာ ဆက်လက်ကျင့်ကြံရင်း သူ့ခွန်အားကို ပြန်အားဖြည့်နေသည်။
ထိုအချိန်တွင် သက်ရှိဝိဉာဉ်မြအမြစ်ရှိသည့် ကျွမ်းပေါ်၌ ကောင်းကင်ဘုံမိုးကြိုးအဆောင်၏ စွမ်းအား၊ အင်မော်တယ်ဓား ဓားဆန္ဒ၊ ကြယ်ဆန္ဒနှင့် နိယာမစွမ်းအားက ကောင်းကင်ပေါ် ထိုးတက်သွားပြီး ကျွန်းတစ်ခုလုံးကို ဝိုင်းရံပစ်သည်။
ဒီမြင်ကွင်းကိုမြင်သောအခါ အောက်က အဂ္ဂိရတ်ပညာရှင်အားလုံး ထိတ်လန့်သွားကြ၏။
"အဆုံးမဲ့ပင်လယ်ဒေသမှာ အသုံး၀င်တဲ့ အမွေအနှစ်တွေများစွာရှိတယ်၊ အဲဒါတွေအတွက် မတိုက်ခိုက်ဘူးဆိုရင် လှည့်တောင်မကြည့်နဲ့"
သူတို့ဒီမှာဘာလုပ်နေကြလေသနည်း။
တစ်ချို့အဂ္ဂိရတ်ပညာရှင်များ၏ အတွေးများက ရှင်းလင်းနေသည်။ နှစ်ဘက်စလုံး၏ ခွန်အားကိုမြင်ပြီးနောက် သူတို့တွင် အခွင့်အရေးမရှိတော့တာကို သိသွားကြသဖြင့် နောက်လှည့်မကြည့်ဘဲ ထွက်သွားကြသည်။
သူတို့နောက်ထပ်အခွင့်အရေးများကို ရှာဖွေရပေမည်။
သူတို့ကငရဲဂိုဏ်းနှင့် ဘာမှမဆိုင်သည့်အပေါ် ဒီအတိုင်း ရိုးရိုးလေးထွက်သွားရမှာကို ကြောက်ကြသည့် အဂ္ဂိရတ်ပညာရှင်တစ်ချို့လည်းရှိသည်။
ကျန်ရှိနေသည့် သံမဏိခေါင်းနှင့် အဂ္ဂိရတ်ပညာရှင်များကမူ သူတို့အန္တရာယ်ရှိသည့် ရေထဲတွင် ငါးမျှားချင်နေကြသေးသည်။
အမူအရာကင်းမဲ့နေသည့် အဖိုးအိုနှင့် ကျန်သောအဖိုးအိုက ရှေ့ကအမျိုးသမီးကို ကြည့်သည်။ သူမကလှံကိုကိုင်ထားပြီး သူတို့တိုက်ချက်များကို ခွဲခြမ်းပစ်သည်။
တစ်ဘက်လူက မြေအင်မော်တယ်နယ်ပယ် နောက်ဆုံးအဆင့်သာရှိသေးသည်။
သူတို့နှစ်ယောက်က အင်မော်တယ်စွမ်းအင်အမျှင်စကို ပိုင်ဆိုင်ထားသည့် ကောင်းကင်အင်မော်တယ်နယ်ပယ် တစ်၀က်အဆင့်များဖြစ်ကြသည်။
ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!
သို့စေကာမူ ဖြစ်နိုင်သည်ဖြစ်စေ၊ မဖြစ်နိုင်သည်ဖြစ်စေ သူတို့အတွက် ဒီအကြောင်းကို တွေးတောနေရန် အချိန်မရှိပါ။
သူတို့၀န်းကျင်၌ ကောင်းကင်ဘုံမိုးကြိုးစွမ်းအားနှင့် လင်း၀င်းနေသည့် အဆောင်က အမှန်တကယ်ပင် ကောင်းကင်အင်မော်တယ်အဆင့်အဆောင် ဖြစ်နေခဲ့သည်။
တစ်ခုတည်းမဟုတ်။ နှစ်ခုဖြစ်သည်။
အဆောင်ထဲက မိုးကြိုးစွမ်းအားက အရူးအမူးသိပ်သည်းနေသည်။
သိပ်သည်းခြင်းဖြစ်စဉ်အတွင်း စီးဆင်းနေသည့်မိုးကြိုးက လေဟာနယ်ထဲတွင် ပြန့်ကြဲသွားပြီး အက်ကြောင်းများအဖြစ် တိုက်ရိုက် ဆုတ်ဖြဲပစ်သည်။
တစ်ချိန်တည်းမှာပင် အင်မော်တယ်ဓား ဓားဆန္ဒက ကောင်းကင်ပေါ် ထိုးတက်သွား၏။
ဒါကသူတို့နှစ်ယောက်ကို ကောင်းကင်အင်မော်တယ်နယ်ပယ်ဓားသမားတစ်ယောက် တည်ရှိနေသည်ဟုပင် မှားယွင်းစွာ တွေးမိသွားစေသည်။
သို့စေကာမူ သူတို့အရင်းအမြစ်ကို ခြေရာခံကြည့်သောအခါ ထိုဓားသမားက အင်မော်တယ်တပိုင်းဂျူနီယာလေးတစ်ယောက်သာ ဖြစ်နေတာကို တွေ့လိုက်ရသည်။
အင်မော်တယ်တပိုင်းနယ်ပယ်က အင်မော်တယ်ဓားနယ်ပယ်ကို တက်လှမ်းထားတာလား!
ကြယ်ဆန္ဒကိုကျင့်ကြံတဲ့ ကျင့်ကြံသူလည်းရှိသေးတာလား!
ဒါဘယ်လိုမွန်းစတားမျိုးတွေလဲ!
တစ်ခဏအကြာတွင် နှစ်ယောက်စလုံး ခေါင်းကိုက်လာသလို ခံစားလိုက်ရသည်။
အင်မော်တယ်ဓား ဓားဆန္ဒကို အင်မော်တယ်တပိုင်းနယ်ပယ်ခွန်အားဖြင့် ထုတ်လွှတ်ခဲ့သည်။ ဒီဓားဆန္ဒက သူတို့ကိုယ်ထဲ မကျူးကျော်လာသရွေ့ သူတို့ဒါကို ခုခံနိုင်ပါသေးသည်။
ကြယ်ဆန္ဒ၏ ဖိနှိပ်ခြင်းစွမ်းအားကလည်း သူတို့နှစ်ယောက်စလုံး၏ လှုပ်ရှားမှုများကို ကန့်သတ်ပစ်သည်။
သူတို့နှစ်ယောက်ကို ခုခံနေတာက သူတို့ရှေ့က ဒီမြေအင်မော်တယ်နယ်ပယ်က ဂျူနီယာလေးများသာဖြစ်သည်။
ပို၍သေစေနိုင်သည့်အရာက မိုးကြိုးအဖျက်စွမ်းအားအဖြစ် သိပ်သည်းနေသည့် ကောင်းကင်အင်မော်တယ်အဆင့် အဆောင်နှစ်ခုပင်။
ဂိုဏ်းချုပ်ရဲ့ရည်ရွယ်ချက်က ငါတို့ကို ဒီနေရာမှာ သေဖို့အတွက် လွှတ်တာများလား!
အပိုင်း(787) coming။