← Chapters

#အတူတကွလုပ်ဆောင်ခြင်း#

Vol. 56 Ch. 787

#အတူတကွလုပ်ဆောင်ခြင်း#

Vol. 56 Ch. 787

ကွဲပြားသည့် အားများက ကျွန်းစုတစ်ခုလုံးတွင် အဓိကရုဏ်းများဆက်လက် လုပ်ဆောင်နေပြီး လေဟာနယ်က တုန်ခါကာ အက်ကြောင်းများ မကြာခဏဆိုသလို ပေါ်လာနေသည်။

ကောင်းကင်အင်မော်တယ်တစ်၀က် ကျွမ်းကျင်သူနှစ်ဦးပင်လျှင် ဒီအော်ရာ၏ ဖိနှိပ်မှုအောက်တွင် သေခြင်းတရား၏ အန္တရာယ်ကို ခံစားနေရသည်။

ဟုန်ရင်ရယ်မောကာ ရှေ့ကအဖိုးအိုနှစ်ယောက်အား စိုက်ကြည့်သည်။

"ကျွန်မမှာ ရှင့်တို့နှစ်ယောက်ကို တစ်ယောက်တည်း တိုက်ခိုက်ဖို့အတွက် ဆန္ဒမရှိပါဘူး"

အောက်တွင် ယဲ့ချိုးပိုင် ခေးအောစ့်အနှစ်သာရ အင်မော်တယ်ဓားကိုကိုင်ပြီး ဓားထိပ်နှင့် ကောင်းကင်သို့ ညွှန်ပြသည်။

အင်မော်တယ်ဓားဆန္ဒက အဆက်မပြတ် သိပ်သည်းလာပြီး ဧရာမဓားအဖြစ် ပြောင်းလဲကာ ကောင်းကင်၌ရှိနေပြီး ကောင်းကင်အင်မော်တယ်တစ်၀က်အဆင့် အဖိုးအိုနှစ်ဦးထံ ပိုင်းချလိုက်သည်။

ယဲ့ချိုးပိုင်၏နယ်ပယ်က ကောင်းကင်အင်မော်တယ်နယ်ပယ်က အဖိုးအိုနှစ်ဦးအတွက် ခြိမ်းခြောက်မှုတစ်ခုမဟုတ်ပါ။

သို့စေကာမူ အင်မော်တယ်ဓားဆန္ဒတွင် မည်သို့ပင်ဆိုစေကာမူ အင်မော်တယ်ဟူသော စာလုံးရှိနေသည်။

အလယ်အလတ်အဆင့်ကြယ်နယ်မြေတစ်ခုလုံးတွင် အင်မော်တယ်ဓားဆန္ဒကို နားလည်နိုင်သည့် ဓားသမားများဟူ၍ လက်တစ်ဆုပ်မျှသာရှိသည်။

ဒါ့အပြင် ဒီလူအားလုံးက ကောင်းကင်အင်မော်တယ်နယ်ပယ်များဖြစ်ကြသည်။

ဥပမာအားဖြင့် ဟောင်ကျန်းဟန်ဖြစ်သည်။

အကယ်၍ အင်မော်တယ်ဓားဆန္ဒကသာ သူတို့ကိုယ်ထဲသို့ ကျူးကျော်၀င်ရောက်လာပါက သူတို့နှစ်ယောက်က ယဲ့ချိုးပိုင်ထက် ပိုမိုမြင့်မားနေလျှင်ပင် ဒါကသူတို့အပေါ် အနည်းငယ်သက်ရောက်ရန် လုံလောက်နေပါပြီ။

တခြားတစ်ဘက်တွင် ကြယ်ဆန္ဒက ကျွန်းအပေါ်က ကောင်းကင်၌ ပြည့်နှက်နေသည်။

ထိုအခိုက်အတန့်၌ ကောင်းကင်ထက်က ပူပြင်းသည့်နေမင်းက ညတာဖြင့် အစားထိုးခြင်းခံရသည်။

တစ်ခုတည်းသော အလင်းအရင်းအမြစ်က အမှောင်ယံညတာ၌ လင်းထိန်နေသည့် ကြယ်သုံးပွင့်သာ။

ဒီကြယ်သုံးပွင့်မှ ကြယ်ရောင်က ကောင်းကင်တစ်ခုလုံးကနေ ဖြာကျစီးဆင်းလာပြီး ငရဲဂိုဏ်းက အဖိုးအိုနှစ်ယောက်၏ ကိုယ်များအား ဖိနှိပ်ပစ်သည်။

အဖိုးအိုနှစ်ယောက်က နောက်က အင်မော်တယ်ဓားကို ရိုက်လိုက်စဉ် ဟုန်ရင် ဒီအခွင့်အရေးကို ဖမ်းကိုင်ရင်း ဟင်းလင်းပြင်ထဲသို့ တက်လှမ်းလိုက်၏။

ဟင်းလင်းပြင်ထဲတွင် ဟုန်ရင်၀င်သွားသည့်နေရာ၌ လှိုင်းများပေါ်လာပြီး ဟုန်ရင်၏ကိုယ်က ရုတ်တရက်ပျောက်ကွယ်သွားသည်။

အနီရောင်အလင်းတစ်စင်းက အဖိုးအိုနှစ်ဦးထံသို့ အလွန်အမင်းမြန်ဆန်သည့်နှုန်းဖြင့် ပြေး၀င်သွားသည်။

နိယာမစွမ်းအားက ထိုးတက်လာခဲ့သည်။

ရှီရှန်း ညာလက်ကိုဝှေ့ယမ်းလိုက်စဉ် ဟုန်ရင် ပြန်လည်မွေးဖွားခြင်းလှံကို လက်နှစ်ဖက်နှင့် ကိုင်ပြီး အမူအရာကင်းမဲ့နေသည့် အဖိုးအိုထံ ထိုးစိုက်ပစ်သည်။

ကောင်းကင်က မှောင်မည်းနေပြီး ကြယ်တစ်စင်းက ကြယ်ရောင်နှင့်အတူ ထွန်းလင်းတောက်ပနေသည်။

ကြယ်ရောင်က ဟုန်ရင်လက်ထဲက ပြန်လည်မွေးဖွားခြင်းလှံအပေါ်သို့ ဆင်းသက်လာသည်။

ကြယ်ဆန္ဒ၊ ပြန်လည်မွေးဖွားခြင်းဆန္ဒ၊ နိယာမစွမ်းအားနှင့် အင်ပါယာချီတို့နှင့်အတူ ဟုန်ရင်၏ပစ်ချက်က အရင်ကထက်ပင် ပို၍ပြင်းထန်ပြီး လေးလံသည်။

လှံကကျဆင်းလာသည်။

တစ်ချိန်တည်းမှာပင် စိတ်ဓာတ်ကြံ့ခိုင်သည့် အဖိုးအိုက ဧရာမဓားကို ရိုက်ပစ်ပြီးနောက် ချက်ချင်းလှည့်ကာ လက်သီးတစ်ချက် ထိုပစ်လွှတ်လိုက်၏။

သို့စေကာမူ ထိုအဖိုးအိုလက်သီးပစ်လွှတ်သည့် အချိန်မှာပင် ခြေတစ်ဖက်က သူ့လက်သီးရှေ့တွင် ပေါ်လာပြီး အဖြူရောင် ကြွေထည်ပုလင်းလေးတစ်လုံး ရုတ်တရက် ပေါ်လာခဲ့သည်။

အဖိုးအိုမှာ အနည်းငယ်မျက်မှောင်ကြုတ်လိုက်၏။

သို့စေကာမူ သူ့တွင် ကြွေထည်ပုလင်းကို ဂရုစိုက်နေရန် အချိန်မရှိတော့ဘဲ ရှေ့သို့သာ ထိုးလိုက်ရသည်။

အဖြူရောင်ပုလင်းက လက်သီးနှင့် တွေ့ဆုံသွားသောအခါ ကွဲအက်သွားပြီး အစိမ်းရောင်အမှုန့်အစက်အပျောက်များက အမူအရာကင်းမဲ့နေသည့် အဖိုးအို၏ လက်သီးချက်ကြောင့် ပြန့်ကြဲသွားခဲ့သည်။

ရုတ်ချည်းဆိုသလို အမူအရာကင်းမဲ့သည့် အဖိုးအို၏အမူအရာက အကြီးအကျယ် ပြောင်းလဲသွားလေတော့သည်။

သူ့လက်သီးပေါ်က အစိမ်းရောင်အမှုန့်က လက်သီးကနေ လက်မောင်းမရီဒျန်များထဲသို့ ကျူးကျော်၀င်ရောက်သွား၏။

ဝိဉာဉ်ချီကို သူ့ဒန်တျန်ကနေ လှည့်ပတ်စေပြီး ခြေလက်အင်္ဂါများနှင့် အရိုးများအပေါ် ဖြန့်ကြက်လိုက်သောအခါမှသာ သူ့ခွန်အား၏ တစ်ရာရာခိုင်နှုန်းကို သူထုတ်လွှတ်နိုင်တော့သည်။

သို့စေကာမူ ဒီအစိမ်းရောင်အမှုန့်အစက်အပျောက်များက သူ့လက်မောင်းထဲက မရီဒျန်များကို အမှန်တကယ်ပိတ်ဆို့ထားလေသည်။

ဒီလိုတိုတောင်းသည့်ကာလအတွင်း အသက်ရှူကြိမ်ရေတစ်ကြိမ်တည်းအတွင်း ဒါကိုချိုးဖျက်ရန်ဟူသည် မဖြစ်န်ုင်။

ဒီလိုအကွာအဝေးမှာ ဘယ်လိုအရာမျိုးကများ ဒီလိုအခြေအနေကို ဖြစ်စေနိုင်သနည်း။

ဟုန်ရင်ကလည်း အနီရောင်အလင်းစက်တစ်ခုအဖြစ် ပြောင်းလဲသွားပြီဖြစ်ကာ ပြန်လည်မွေးဖွားခြင်းလှံကို ကိုင်ရင်း ထိတ်လန့်နေသည့် အကြည့်အောက်၌ အဖိုးအို၏ လက်သီးကို ထိုးစိုက်ပစ်သည်။

ဖုန်း.......!

ပါးလွှာသည့်စက္ကူရွက်တစ်ရွက်ပမာ အမူအရာကင်းမဲ့နေသည့် အဖိုးအို၏ လက်သီးက ဟုန်ရင်လက်ထဲက ပြန်လည်မွေးဖွားခြင်းလှံကြောင့် တိုက်ရိုက် ထိုးဖောက်ခံရသည်။

ဟုန်ရင်၏လက်မောင်းက တုန်ယင်သွားသလို လှံရှည်ကလည်း တုန်ခါနေသည်။

ချက်ချင်းဆိုသလို အဖိုးအို၏ အကြောသေသွားသည့် လက်မောင်းက ပေါက်ကွဲသွားပြီး အသားများနှင့် ကျိုးပဲ့နေသည့် အရိုးများပင် မကျန်ရှိဘဲ သူအလျင်အမြန် နောက်ဆုတ်သည်။

ထို့နောက် သူ့အဖော်ကိုကြည့်ပြီး အလျင်စလိုပင် အော်မေးသည်။

"မင်းဒီကောင်းကင်အင်မော်တယ်အဆောင်နှစ်ခုကို ဖြေရှင်းနိုင်လား"

တစ်ခြားအဖိုးအိုတွင် အမူအရာမဲ့နေသည့် အဖိုးအို၏အခြေအနေကို ဂရုစိုက်ရန်အတွက် အချိန်မရှိပေ။

သူ့တာ၀န်က အဖျက်မိုးကြိုးစွမ်းအားကို သိပ်သည်းရာကနေ တားဆီးရန်ဖြစ်သည်။

ဒါကသိပ်သည်းသွားပါက အဆောင်က အသက်၀င်သွားပြီး ကောင်းကင်ဘုံမိုးကြိုး ဆင်းသက်လာပေလိမ့်မည်။

ထိုအချိန်တွင် သူတို့နှစ်ယောက်၌ နောက်ထပ်အနိုင်ယူရန် အခွင့်အရေးရှိတော့မည်မဟုတ်ဘဲ သေခြင်းတရားကိုသာ စောင့်ဆိုင်းနေရပေတော့မည်။

သူတို့မထွက်ပြေးချင်ကြတာမဟုတ်ပေ။

သူတို့သာထွက်ပြေးလိုပါက သူတို့ခွန်အားအရ တန်ဖိုးအနည်းငယ် ပေးဆပ်နေသရွေ့ အလွယ်တကူ ထွက်ပြေးနိုင်သည်။

ဒါ့အပြင် ကောင်းကင်အင်မော်တယ်နယ်ပယ် တစ်၀က်အဆင့်ကျင့်ကြံသူနှစ်ယောက်ကို ဘယ်လိုလုပ် အလွယ်တကူ သတ်နိုင်မည်နည်း။

သို့စေကာမူ သူတို့ထွက်ပြေးလျှင်ပင် သူတို့သေရမည်သာ။

ထိုအချိန်တွင် ဂိုဏ်းကနေ သေဒဏ်ပေးခြင်းခံရတာက အရမ်းလွယ်ကူမည်မဟုတ်။

ဒါကိုတွေးမိသောအခါ သူတို့နှစ်ယောက်က ဒီနေရာ၌သေလျှင်သေ၊ မဟုတ်ပါက တာ၀န်ကို အပြီးသတ်ရန်သာ ဆုံးဖြတ်လိုက်ကြသည်။

ထွက်ပြေးရန်ဟူသည် လုံး၀မဖြစ်နိုင်။

ကျန်ရှိနေသည့်အဖိုးအိုက ရှောင်ဟိုင်၊ ယဲ့ချိုးပိုင်နှင့် ရှီရှန်းတို့ကို ကြည့်ရဆိုးသည့် အမူအရာဖြင့် ကြည့်နေသည်။

သူတိုက်ခိုက်သည့်အကြိမ်တိုင်း ထိုသုံးယောက်က တစ်ချိန်တည်းတွင် အားအပြည့်တိုက်ချက်များကို ထုတ်လွှတ်ကြသည်။ ဒါ့အပြင် အောက်က မိန်းကလေးကလည်း ထူးဆန်းသည့်အဆိပ်တစ်ချို့ကို သုံးပြီး ၀င်စွက်ဖက်နေသလို အဆောင်ကို သုံးနေသည့် လူတစ်ယောက်လည်း ရှိသေးသည်။

ထိုလူလက်ထဲက ခရမ်းနှင့်ရွှေအဖျက်မိုးကြိုးအပြင် ဝိဉာဉ်တိုက်ခိုက်မှုက သူ့ကို ဝါဂွမ်းအား ရိုက်ခတ်နေသည့်ပမာ ခံစားရစေသည်။

ဒါကိုအလျင်အမြန် ချိုးဖျက်ရန်အတွက် နည်းလမ်းမရှိပါ။

"ဒီလိုဆိုမှတော့......"

အမူအရာကင်းမဲ့နေသည့် အဖိုးအိုက ကြည့်ရဆိုးသည့် အမူအရာဖြင့်ပြောလာသည်။

"အဲဒီလှုပ်ရှားမှုကိုသုံးတော့"

ကျန်တစ်ယောက်ကခေါင်းညိတ်သည်။

"တစ်ခြားနည်းလမ်းမရှိတော့ဘူး...."

ထို့နောက် အဖိုးအိုနှစ်ဦး၏ မျက်ခုံးကြားတွင် သွေးရောင်အမှတ်အသားတစ်ခု ပေါ်လာသည်။ ၎င်းနောက် သွေးရောင်အမှတ်အသားက စတင်လောင်ကျွမ်းလာသည်။

သူတို့အော်ရာက လျင်မြန်စွာမြှင့်တက်လာပြီး သူတို့က ဝိဉာဉ်များကို လောင်ကျွမ်းနေကြ၏။

ယဲ့ချိုးပိုင်၏ အမူအရာက အေးခဲသွားသည်။

ဒါက သေမင်းဝိဉာဉ်မြို့တွင် ထိုလူများသုံးခဲ့သည့် တူညီသောလှည့်ကွက်ပေတည်း။

သူတို့က ဝိဉာဉ်ကိုလောင်ကျွမ်းကာ ခွန်အားကို အတင်းတိုးမြှင့်ရန်အတွက် လျှို့ဝှက်ကျင့်စဉ်တစ်ခုကို အသက်သွင်းကြသည်။

အောက်တွင် မု၀မ်အာတွေးပင်မတွေးတော့ဘဲ ဆေးလုံးငါးလုံးကိုယူပြီး ယဲ့ချိုးပိုင်၊ မုဖူရှန်း၊ ရှီရှန်း၊ ရှောင်ဟိုင်နှင့် နင်းချန်ရှင်းတို့အားပေးပြီး အော်ဟစ်လိုက်သည်။

"စီနီယာအစ်ကိုတို့၊ ဒီဆေးလုံးကို သောက်လိုက်ကြ"

ယဲ့ချိုးပိုင်နှင့်ကျန်သောသူများက ဆေးလုံးကို တွေးပင်မတွေးဘဲ သောက်လိုက်ကြသည်။

ရုတ်ချည်းဆိုသလို ငါးယောက်စလုံး၏ ခွန်အားက တစ်ချိန်တည်းတွင် စတင်တိုးတက်လာခဲ့သည်။

သူတို့က အဆင့်မချိုးဖျက်ကြသော်လည်း သူတို့အမြန်နှုန်း၊ အကာအကွယ်နှင့် ဝိဉာဉ်အသိတိုးတက်မှုများက အတော်လေး ကြီးမားသည်။

ဒါ့အပြင် ဂျူနီယာညီမလေး၀မ်အာ၏ ဆေးလုံးတွင် သက်ရောက်မှုများ ကျဆင်းသွားလျှင်ပင် ဘာဘေးထွက်ဆိုးကျိုးမှ မရှိတာကို သူတို့ရှင်းရှင်းလင်းလင်း ခံစားနေရသည်။

သူတို့အများကြီးတိုးတက်လာခဲ့သလို ဘေးထွက်ဆိုးကျိုးလည်းမရှိပေ။

ဒါကကြောက်စရာအကောင်းဆုံး အချိန်ပေတည်း။

မုဖူရှန်းရယ်မောသည်။

"ငါနောက်ထပ် အသက်ရှူကြိမ်ရေ ၃၀ကြိမ်လောက်ပဲ အချိန်ဆွဲထားဖို့လိုတယ်"

ဘေးက ရှောင်ဟိုင်ထူးမခြားနားစွာပြောသည်။

"နောက်တစ်ကြိမ်ကျရင် ပွဲချင်းပြီး ကောင်းကင်အင်မော်တယ်အဆင့်အဆောင်ကို လေ့လာတော့"

ယဲ့ချိုးပိုင်ကလည်း လက်ထဲက ခေးအောစ့်အင်မော်တယ်ဓားကို မြှောက်ကာပြုံးရင်း ပြောသည်။

"ကောင်းပြီ၊ ညည်းညူနေကြတာရပ်တော့၊ သွားကြရအောင်"

အပိုင်း(788) coming။

All Chapters