← Chapters

#ကိုယ့်ကိုကိုယ်ဖျက်ဆီးခြင်း#

Vol. 56 Ch. 788

#ကိုယ့်ကိုကိုယ်ဖျက်ဆီးခြင်း#

Vol. 56 Ch. 788

အသက်ရှူကြိမ်ရေသုံးဆယ်က ဘယ်လောက်ကြာနိုင်မည်နည်း။

ပုံမှန်အားဖြင့် သာမန်လူများအတွက်မူ ဒါက အရမ်းကို တိုတောင်းလွန်းသည်ဟု မြင်ကြမည်သာ။

သို့စေကာမူ ယခုလိုသေခြင်းရှင်ခြင်းတိုက်ပွဲမျိုးတွင် အသက်ရှုကြိမ်ရေ တစ်ကြိမ်တိုင်းတွင် နှစ်ဘက်စလုံး၏ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်နိုင်သည်။

ငရဲဂိုဏ်းမှ ကောင်းကင်အင်မော်တယ် တစ်၀က်အဆင့် အကြီးအကဲနှစ်ဦးက မုဖူရှန်းနှင့်ကျန်သောသူများအကြားက မလျှို့ဝှက်သည့် စကားများကို ရှင်းလင်းစွာ ကြားပါသည်။

သူတို့၏အမူအရာက ချက်ချင်းပြောင်းလဲသွားသည်။

အသက်ရှုကြိမ်ရေသုံးဆယ်လား!

သူတို့သာ ဒီအသက်ရှူကြိမ်ရေသုံးကြိမ်အတွင်း ဝိုင်းရံမှုကိုမချိုးဖျက်ဘဲ စွမ်းအားကနေ သိပ်သည်းထားသည့် ကောင်းကင်အင်မော်တယ်အဆင့်အဆောင်နှစ်ခုကို မတားဆီးပါက ဒီအဆောင်နှစ်ခု လုံး၀အသက်၀င်လာပြီး အထဲက ကြောက်မက်ဖွယ်ရာ မိုးကြိုးအဖျက်စွမ်းအားကို ထုတ်လွှတ်ပါက သူတို့နှစ်ယောက်အတွက် လွတ်မြောက်ရန်ဟူသည် မဖြစ်နိုင်တော့။

ဒါကိုတွေးမိသောအခါ အမူအရာကင်းမဲ့သည့် အဖိုးအိုကအံကြိတ်ရင်း ဝိဉာဉ်ကို လောင်ကျွမ်းပစ်သည်။ သူ့အော်ရာက ထိုးတက်လာသဖြင့် ချက်ချင်းပင် လှည့်လိုက်၏။

ကျန်သောအဖိုးအိုတစ်ယောက်နှင့်သူက ကောင်းကင်အင်မော်တယ်အဆင့် အဆောင်နှစ်ခုရှိရာနေရာသို့ ပြေးသွားကြသည်။

သို့စေကာမူ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများက ဘယ်လိုလုပ် သူတို့ဆန္ဒရှိသည့်အတိုင်း လုပ်ခွင့်ပေးမည်နည်း။

ဟုန်ရင် ဒါကိုမြင်သောအခါ ပေါ့ပါးသည့် ခြေလှမ်းများလှမ်းပြီး သူမ၏ ရွှေရောင်၀တ်စုံနီက လေထဲတွင် လွင့်မြောသွားသည့် အခိုက်အတန့်၌ သူမပုံရိပ်က အနီရောင်အလင်းစက်တစ်ခုအဖြစ် ပြောင်းလဲသွား၏။ ပြန်လည်မွေးဖွားခြင်းလှံကို ကိုင်ရင်း သူမလေဟာနယ်ကို ဆုတ်ဖြဲကာ အမူအရာကင်းမဲ့သည့် အဖိုးအို၏ ကျောကို ထိုးစိုက်ပစ်သည်။

တခြားတစ်ဘက်တွင် ယဲ့ချိုးပိုင်၏ အင်မော်တယ်ဓား ဓားဆန္ဒက ထိုးတက်လာသည်။

သူ ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓားကိုကိုင်ထားသည်။

ရှေးဦးမူလဓားကျမ်း၏ တတိယဓားချက်၊ နတ်ဆိုးချိုးဖျက်သူ!

တစ်ချိန်တည်းမှာပင် ယင်နှင့်ယန် မိုးကြိုးနဂါးနှစ်ကောင်က ဓားပတ်လည်၌ ရစ်ခွေနေသည်။

ယင်ယန်ကမ္ဘာ့သုတ်သင်လျှပ်စီးနည်းစနစ်!

ထို့နောက် သူအစွမ်းကုန်ပစ်လွှတ်လိုက်၏။

ရှီရှန်း အင်ပါယာမင်ရွှမ်ပုဆိန်ကို ကိုင်ထားသည်။ ကြယ်တာယာကောင်းကင်ဒန်တျန်မှ ကြယ်များတောက်ပလာသည်နှင့် ကောင်းကင်ထဲက ကြယ်တစ်ချို့ကလည်း လင်း၀င်းစွာ တောက်ပလာသည်။

ကြယ်ရောင်များက အင်ပါယာမင်ရွှမ်ပုဆိန်ပေါ်၌ အဆက်မပြတ် ရွာသွန်းနေသည်။

မူလလေးလံသည့်ပုဆိန်က ထိုအခိုက်အတန့်၌ ပို၍‌ပင်လေးလံလာပြီး ဖိနှိပ်ခြင်းဆန္ဒက သိသာထင်ရှားလာသည်။

နင်းချန်ရှင်း မိုးကြိုးကဲ့သို့ သင်္ကေတကိုးလုံးကို ထွေးထုတ်သည်။ ရှေးဟောင်းစာလုံးများက နတ်ဘုရားတစ်ပါးအဖြစ် ပြောင်းလဲသွား၏။

ထိုအချိန်တွင် အဖြူရောင်အလင်းက တိမ်များအကြား ထိုးဖောက်သွားပြီး ကောင်းကင်ဘုံနတ်ဘုရားကို ဝိုင်းရံပစ်သည်။

၎င်းက ရွှေအကြေးခွံနတ်လှံကိုကိုင်ထားပြီး ရွှေရောင်ချပ်၀တ်ကို၀တ်ဆင်ကာ အဖိုးအိုထံသို့ ဆင်းသက်လာသည့် နတ်ဘုရားတစ်ပါးပမာ ပြေးသွားသည်။

မုဖူရှန်း၏လက်ဖဝါးထဲတွင် ဆန်းကြယ်ယင်ခရမ်းမိုးကြိုးနှင့် ရွှေကောင်းကင်ဘုံအပြစ်ပေးနတ်မိုးကြိုးတို့က မိုးကြိုးလုံးတစ်ခုအဖြစ် သိပ်သည်းကာ ပစ်၀င်သွား၏။

တခြားတစ်ဘက်တွင် မု၀မ်အာ သူမ၏လက်ချောင်းတစ်ခုစီကြား၌ အဖြူရောင်ကြွေထည်ပုလင်းတစ်လုံးစီ ကိုင်ထားပြီး ထိုအခိုက်အတန့်မှာပင် ပစ်ပေါက်လိုက်သည်။

ရှောင်ဟိုင်ကမူ နတ်ဆိုးဘုရင်သွေးကြောကို မသုံးသလို နတ်ဆိုးဘုရင်ဆင်းသက်ခြင်းကိုလည်း မသုံးဘဲ ထာ၀ရနတ်ဆိုးကိုယ်ထည်ကိုသာ သုံးလိုက်သည်။ ပုံစံကွက်ခြောက်ခုက ရှောင်ဟိုင်ကိုယ်ပေါ် တွားတွားသွားနေသည်။

သို့စေသည့်တိုင် သူ့၏ရုပ်ခွန်အားက အလွန်အမင်း ကြောက်စရာကောင်းနေလေပြီ။

နတ်ဆိုးဘုရင်သွေးကြောနှင့် နတ်ဆိုးချီကို သူ့ကို ရှာရန်အတွက် နိမ့်ကျသည့်နယ်မြေကို လာနိုင်ချေများသည့်သူများက သိနေပြီဖြစ်လေရာ ရှောင်ဟိုင် အလိုရှိသည့်အတိုင်း သုံး၍မရတော့ပါ။

အသုံးပြုပြီးသည်နှင့် တစ်ဘက်လူက သူ့ကို တိုက်ရိုက်ပင် တွေ့သွားပေလိမ့်မည်။

ထို့နောက် သူတို့က ဘာပဲပေးဆပ်ရ ပေးဆပ်ရ သူ့ကိုသတ်ပစ်မည်သာ။

ထိုအခိုက်အတန့်၌ ရှောင်ဟိုင်လုံလောက်အောင် အားမကောင်းသရွေ့ သူ့တည်နေရာကို ဖော်ထုတ်၍ရမည်မဟုတ်။

မဟုတ်ပါက ဒါက သူကိုယ်တိုင်နှင့် သူ့အစ်ကိုများ၊ အစ်မများ၊ ညီများအပေါ် အဆုံးမဲ့ပြဿာနာများကိုသာ ယူလာပေးပေလိမ့်မည်။

သူ့ဆရာကို ကူညီရန်အတွက် သူတောင်းဆိုနိုင်သော်လည်း အဆုံးသတ်တွင် ဒါက သူ့ကိစ္စသာဖြစ်နေသည်။

အကယ်၍ အရာအားလုံးတွင် ကူညီရန်အတွက် သူ့ဆရာကို မေးနေမည်ဆိုပါက ကျင့်ကြံခြင်းက ဘာများ အဓိပ္ပာယ် ရှိတော့မည်နည်း။

ဒီလိုဆိုပါက အမြင့်ဆုံးလမ်းကြောင်းကို သူဘယ်လိုလျှောက်လှမ်းနိုင်တော့မည်နည်း။

ဒါ့အပြင် ဒါက သူကိုယ်တိုင်ပိုင်ဆိုင်သည့် အာဃာတရန်ငြိုးဖြစ်သဖြင့် သူကိုယ်တိုင် ကိုင်တွယ်ရန်လိုအပ်သည်။

အဖိုးအိုက သူတို့၏ကျင့်ကြံခြင်းနယ်မြေများကို ဂရုမစိုက်သော်လည်း တိုက်ခိုက်မှုများက တစ်ချိန်တည်းတွင် ရောက်လာသောအခါ ဒီတိုက်ချက်များ၏ စွမ်းအားက သူ့အမူအရာကို လေးနက်စေသည်။

သူဝိဉာဉ်ကိုလောင်ကျွမ်းစေပြီး ခွန်အားကို ထပ်မံမြှင်တင်သော်လည်း ဒါကသူတို့ကို အနည်းငယ်မျှသာ နည်းစေသည်။

အမူအရာကင်းမဲ့သည့်အဖိုးအိုကလည်း ဟုန်ရင်၏ တားဆီးခြင်းကိုခံရသည်။

တစ်ဘက်လူ၏ တိုက်ခိုက်မှုက သူ့ကို အလွယ်တကူ ဒဏ်ရာမရစေနိုင်သော်လည်း သူ့ခြေရာများကိုတော့ တားဆီးနိုင်ပါသေးသည်။

ကောင်းကင်အင်မော်တယ်အဆင့် အဆောင်နှစ်ခု၏ မိုးကြိုးစွမ်းအားက သိပ်သည်းပေတော့မည်။

အဖျက်ဆန္ဒက ထိတွေ့နိုင်သည့်အလား လေဟာနယ်ထဲတွင် လွင့်မြောနေပြီး အက်ကြောင်းများက ပွင့်သွားခဲ့သည်။

ထို့နောက် မှန်တစ်ချပ်ကွဲသွားသည့်ပမာ ခရက်ခ်ဟူသော အသံနှင့်အတူ မြေပေါ်ကျသွားသည်။

အောက်က တစ်ချို့အဂ္ဂိရတ်ပညာရှင်များမှာ စတင်ထွက်ခွာသွားကြသည်။

သူတို့သာဒီနေရာတွင် ရပ်နေမည်ဆိုပါက အဖျက်အော်ရာနှင့် ပြည့်နှက်နေသည့် ဒီကောင်းကင်အင်မော်တယ်အဆောင်နှစ်ခု၏ သက်ရောက်မှုကို ခံရမလားဆိုတာ သူတို့ပင် မသေချာပေ။

သို့စေကာမူ သေခြင်းတရားကို မကြောက်သောသူတစ်ချို့ ရှိပါသေးသည်။

အဆောင်ပေါက်ကွဲသွားသောအခါ သက်ရှိဝိဉာဉ်မြအမြစ်ကလည်း သေချာပေါက် ‌သက်ရောက်ခံရလိမ့်မည်။

နှစ်ဘက်စလုံးက အာရုံမလွှဲပြောင်းနိုင်ခင်မှာပင် သူတို့ သက်ရှိဝိဉာဉ်မြအမြစ်ကို အလျင်အမြန် ယူဆောင်နိုင်ပေသည်။

ရှီခိုးကောင်က ပုစဉ်းရင်ကွဲကို ချောင်းမြောက်နေသော်လည်း နောက်က အိုရီယိုငှက်ကို သတိမထားမိခဲ့ပေ။

သို့စေကာမူ သူတို့၏မျက်လုံးများက သက်ရှိဝိဉာဉ်မြအမြစ်ကြောင့် အတိနီရဲနေတာကို သူတို့မသိကြပေ။

ကောင်းကင်အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးဆီက တိုက်ချက်နှင့် ယှဉ်နိုင်သည့် ဒီအဖျက်စွမ်းအင်ကို ခုခံနိုင်မည်ဟု သူတို့တကယ်တွေးနေသည်လား။

မကြာမီ အသက်ရှုကြိမ်ရေ နှစ်ဆယ် ကုန်ဆုံးသွားခဲ့သည်။

သို့သော် ငရဲဂိုဏ်းက အဖိုးအိုနှစ်ဦးအဖို့ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ၏ အတားအဆီးကနေ လွတ်မြောက်ရန်အတွက် နည်းလမ်းမရှိသေးပါ။

သူတို့က ဝှက်ဖဲများကိုဖော်ပြရန်အတွက် အစွမ်းကုန်သုံးသည့်တိုင် ဘာမှမလုပ်နိုင်ကြပေ။

ကျန်ရှိနေသည့်အချိန်တွင် အမူအရာကင်းမဲ့နေသည့်အဖိုးအိုက တိုက်ခိုက်နေတာကို ရပ်လိုက်ပြီး မည်းမှောင်နေသည့် အမူအရာဖြင့် ပြောသည်။

"တစ်ခြားနည်းလမ်းမရှိတော့ဘူး၊ ငါတို့ဒီတာ၀န်ကို မပြီးနိုင်ဘူးဆိုရင် ပြန်သွားတဲ့အခါကျရင် နှိပ်စက်ခံရပြီး ပြန်လည်မွေးဖွားခြင်း သံသရာထဲကို ဘယ်တော့မှ ၀င်နိုင်မှာမဟုတ်တော့ဘူး"

ကျန်အဖိုးအိုကလည်း ဒါကိုကြားသောအခါ ကြည့်ရဆိုးသည့် အမူအရာနှင့်အတူ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများနှင့် တိုက်ခိုက်နေတာကို ရပ်လိုက်သည်။

"ဒီလိုဆိုမှတော့ နည်းလမ်းတစ်ခုတည်းပဲ ရှိတော့တယ်"

ထိုနေရာတွင် သူတို့တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး တစ်ဦးစီ၏ မျက်လုံးများမှ ပြတ်သားမှုကို မြင်နေရသည်။

အဖျက်အော်ရာတစ်ခုက သူတို့ကိုယ်ကနေ စတင်စိမ့်ထွက်လာသည်။

ကိုယ့်ကိုကိုယ်ဖျက်ဆီးခြင်း!

ယဲ့ချိုးပိုင်၊ ဟုန်ရင်နှင့် ကျန်သောသူများ၏ အမူအရာများက အနည်းငယ် ပြောင်းလဲသွားကြသည်။

ဒီလောက်ထိ သွားဖို့လိုတာလား!

ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ နားမလည်ကြပေ။

ငရဲဂိုဏ်း၏ စနစ်က မည်မျှပင် ရက်စက်လေသနည်း။

သူတို့ကအပြင်လူများအပေါ် အတော်လေး ရင်စက်သလို သူတို့လူများအပေါ်တွင်လည်း အင်မတန်နှလုံးမဲ့သည်။

ဒီတာ၀န်သာကျရှုံးသွားပါက သူတို့ကို စောင့်ဆိုင်းနေတာက သူတို့ခန္ဓာကနေ စုပ်ယူခံရသည့် ရိုးတွင်းခြင်ဆီနှင့် သွေးကြောများပင်။

တစ်ချိန်တည်းမှာပင် သူတို့၏ဝိဉာဉ်များကလည်း ငရဲဂိုဏ်းမှ အကြီးအကဲများ၊ ဂိုဏ်းချုပ်နှင့် ချီရှာဒေါင်တို့၏ ဝါးမြိုနှိပ်စက်ခြင်းကို ခံရပေလိမ့်မည်။

ဒါကသေခြင်းထက်ပိုဆိုးသည့် ကံကြမ္မာဖြစ်သည်။

သူတို့ကိုစောင့်နေတာက နောက်ဆုံးတန်ဖိုးလက်ကျန်လေးကို ဖိသိပ်ပြီးနောက် အသုံးမ၀င်တော့သောအခါ သူတို့၏ ဝိဉာဉ်များ ပျောက်ကွယ်သွားခြင်းပင်။

ဒီအစား သူတို့နာကျင်မှုကနေ ရှောင်ရှားရန်အတွက် ကိုယ့်ကိုကိုယ်ဖျက်ဆီးပစ်နိုင်ပေသည်။

သူတို့၏ခန္ဓာများက အဆက်မပြတ်ကျယ်ပြောနေပြီး သူတို့မျက်နှာပေါ်က အမူအရာများပင် မျက်နှာများ၏ ရောင်ရမ်းမှုကြောင့် ဘောလုံးတစ်လုံးပမာ ဖိသိပ်ခံနေရသည်။

ဒါက အတော်လေးရယ်စရာကောင်းသည့် အမူအရာတစ်ခုဖြစ်သော်လည်း မည်သူမှ အော်ဟစ်ပြီး မရယ်မောကြပါ။

ကောင်းကင်အင်မော်တယ်တစ်၀က်အဆင့် နှစ်ဦး ကိုယ့်ကိုကိုယ်ဖျက်ဆီးခြင်း!

ဒါကဘယ်လိုပင်ဖျက်ဆီးနိုင်မည်နည်း။

ဘယ်သူမှဒါကိုမတွေးနိုင်ပေ။

ဒါကို ကောင်းကင်အင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့်၏ အစွမ်းကုန်တိုက်ခိုက်မှုတစ်ခုနှင့်ပင် ယှဉ်၍ရသည်။

ကျန်ရှိနေသည့် အဂ္ဂိရတ်ပညာရှင်များက နောက်ဆုံးတော့ ဒီအဖျက်စွမ်းအားကြောင့် သို့မဟုတ် ကောင်းကင်အင်မော်တယ်အဆင့် အဆောင်နှစ်ခုက ထုတ်လွှတ်သည့် စွမ်းအား၏ သက်ရောက်မှုကို ခံရတော့သည်။

စုပေါင်းလိုက်သောအခါ ထုတ်လွှတ်သည့် အဖျက်စွမ်းအားက သူတို့ကို နိုးထသွားစေပြီး သူတို့နှလုံးသားထဲက လောဘက ပါးလွှာသည့် အပ်တစ်ချောင်းနှင့် ထိုးစိုက်ခံရသည့်ပမာ အလျင်အမြန် လျော့ကျသွားသည်။

ထို့နောက်သူတို့နောက်လှည့်မကြည့်ဘဲ ကျွန်းကနေ ထွက်သွားကြလေတော့သည်။

ယဲ့ချိုးပိုင်နှင့်ကျန်သောသူများကလည်း အတော်လေးဖောင်းပွနေသည့် အဖိုးအိုနှစ်ဦးကို တိုက်ခိုက်ရန်အတွက် ခွန်အားအပြည့်ကို သုံးလိုက်ကြသည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်အင်မော်တယ်အဆင့် အဆောင်နှစ်ခုလုံးက အောင်မြင်စွာ သိပ်သည်းသွားခဲ့သည်။ ပြင်းထန်သည့် လျှပ်စီးတိုင်များနှင့် လျှပ်စီးကွန်ရက်များက လေဟာနယ်ကို ဖြတ်သန်းဆုတ်ဖြဲကာ အဖိုးအိုနှစ်ဦးထံ ဗုံးကြဲပစ်သည်။

အပိုင်း(789) coming။

All Chapters