#သက်ရှိဝိဉာဉ်မြအမြစ်ပျောက်ကွယ်သွားခြင်း#
Vol. 56 Ch. 789
အဆုံးမဲ့ပင်လယ်ဒေသ သက်ရှိဝိဉာဉ်မြအမြစ်တည်ရှိသည့် ကျွန်းပေါ်၌ မြေပြိုမှုတစ်ခုရှိနေပုံရသော်လည်း သက်ရှိဝိဉာဉ်မြအမြစ်ကို သယ်ဆောင်ထားသည့် တိုင်ပုံစံကျောက်စင်က ကျွန်းတစ်ဝိုက်တွင် အကောင်းပကတိ မပျက်စီးဘဲ ရှိနေသေးသည်။
မုန်တိုင်းတစ်စင်းတိုက်ခတ်လာသည်။
မူလကတည်ငြိမ်နေသည့်ပင်လယ်ဒေသက ထိုအခိုက်အတန့်၌ ကသောင်းကနင်းဖြစ်လာသည်။
မုန်တိုင်းထန်နေသည့်လှိုင်းများက ဧရာမတောင်များပမာ မြှင့်တက်ဆူပွက်နေသည်။
ထို့နောက်ကျွန်းကို ဆက်လက်၀င်တိုက်ပြီး ပြိုကျနေသည့် ကျွန်းတစ်ခုလုံးကို မုန်တိုင်းထန်သည့်ပင်လယ်ထဲက အထီးကျန်လှေတစ်စင်းပမာ ဖြစ်သွားစေသည်။
ဒါ့အပြင် လှိုင်းလုံးကြီးများဖြင့် ပြောင်းပြန်လှန်ခံရတော့မည့်အလား တုန်ခါနေသေးသည်။
ကျွန်းပေါ်တွင် ယဲ့ချိုးပိုင်၊ ဟုန်ရင်၊ နင်းချန်ရှင်း၊ ရှောင်ဟိုင်၊ ရှီရှန်းနှင့် မု၀မ်အာတို့၏ တိုက်ခိုက်မှုများက ငရဲဂိုဏ်းက ကောင်းကင်အင်မော်တယ် တစ်၀က်အဆင့် အဖိုးအိုနှစ်ဦးထံ အဆက်မပြတ် ကျရောက်နေသည်။
တစ်ချိန်တည်းမှာပင် မုဖူရှန်း၏ ကောင်းကင်အင်မော်တယ်အဆင့်အဆောင်နှစ်ခုက နောက်ဆုံးတော့ဖြစ်တည်လာခဲ့သည်။
ဧရာမလျှပ်စီးတိုင်က ကောင်းကင်ကနေ ရိုက်ခတ်သည်။
လျှပ်စီးကွန်ရက်က မြေကြီးကနေ ထွက်လာပြီး ငရဲဂိုဏ်းက အကြီးအကဲနှစ်ဦးထံ ဘက်ပေါင်းစုံကနေ လွင့်မြောသွား၏။
ထိုအခိုက်အတန့်၌ ကမ္ဘာကြီးက ပျက်စီးနေသည်။
သို့စေကာမူ တိုက်ချက်က သူတို့နှစ်ယောက်ထံ ကျရောက်တော့မည့်ဆဲဆဲတွင် အဆုံးစွန်ထိ ကျယ်ပြောနေသည့် သူတို့ကိုယ်များက နောက်ဆုံးတွင် အဖြူရောင်အလင်းတစ်ခုကို ထုတ်လွှတ်ပြီး ဘန်းခနှင့် ကျယ်လောင်သော မြည်သံနှင့်အတူ ပေါက်ကွဲသွားလေတော့သည်။
၎င်းက ဝိဉာဉ်ချီမုန်တိုင်းတစ်စင်းကို ဖန်တီးပြီး တောင်များကိုဖျက်ဆီးပစ်ကာ ပင်လယ်များကို လှန်ပစ်သည်။ လေဆင်နှာမောင်းတစ်ခုပမာ ၎င်းက ပကတိမျက်စိနှင့် မြင်နိုင်သည့် အမြန်နှုန်းဖြင့် ၀င်ရောက်လာသည်။
ဂျုန်း.......!
နှစ်ဘက်စလုံး၏တိုက်ချက်များက နောက်ဆုံးတော့ တွေ့ဆုံလာခဲ့သည်။
ထို့ထဲတွင် လေဟာနယ်မုန်တိုင်းတစ်ခုက အဆက်မပြတ် ထိုးတက်လာခဲ့သည်။
ရလဒ်အဖြစ် ဒီဧရိယာအတွင်းက စွမ်းအားသုံးခု၏ တုံ့ပြန်ဆက်သွယ်မှုများက ဝိဉာဉ်ချီစုပ်ဝဲတစ်ခုကို ချက်ချင်းဖြစ်ပေါ်စေသည်။
ဝိဉာဉ်ချီ လေသို့မဟုတ် ဇီ၀အော်ရာအကြွင်းအကျန်များပင် ရှိမနေခဲ့ပါ။
ဒီအဖျက်နောက်ဆက်တွဲငလျင်ကို ရှောင်ရှားရန်အတွက် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများက ကောင်းကင်ဘုံမိုးကြိုးလွတ်မြောက်အဆောင်ကို ချက်ချင်းအသက်သွင်းပြီး ဒီနေရာကနေ ယာယီထွက်ခွာသွားလိုက်သည်။
မဟုတ်ပါက သူတို့သာ ဝှက်ဖဲများကို ပြသနေမည်ဆိုပါက ဒီအဖျက်စွမ်းအင်စီးဆင်းမှုကြောင့် အပြင်းအထန်ဒဏ်ရာရသွားမည် ဖြစ်သလို သေပင်သေသွားနိုင်သည်။
ဒီနေရာကဆူပူအုံကြွမှုက မိုင်ထောင်ပေါင်းများစွာအဝေး၌ အမွေအနှစ်များအတွက် တိုက်ခိုက်နေကြသည့် ပတ်ပတ်လည်က ကျင့်ကြံသူများ၊ သို့မဟုတ် လျှို့ဝှက်ရတနာများကို ရှာနေကြသည့်သူများအား သူတို့လုပ်နေတာကို ရပ်သွားစေသည်။
သူတို့အထိတ်တလန့်လှည့်ကာ ဆူပူအုံကြွမှုဖြစ်ရာဘက်သို့ ကြည့်လိုက်ကြ၏။
"အဲဒါက အဆုံးမဲ့ပင်လယ်ဒေသရဲ့ရှေ့ပိုင်းလား"
"အဲဒီနေရာမှာ ကြောက်မက်ဖွယ်ရာ အမွေအနှစ်ရတနာတစ်ခုခု ပေါ်လာတာများလား၊ ဘာလို့ ကောင်းကင်အင်မော်တယ် ကျွမ်းကျင်သူတစ်ယောက်က တိုက်ခိုက်ရတာလဲ"
"ယုတ္တိတန်စွာပြောရရင် အဆုံးမဲ့ပင်လယ်ဒေသရဲ့ ရှေ့ပိုင်းတွေမှာ ကောင်းကင်အင်မော်တယ်တစ်ယောက် စိတ်၀င်စားသင့်တဲ့ အရာဘာတစ်ခုမှ မရှိဘူး"
"ဒါ့အပြင် ကောင်းကင်အင်မော်တယ်အဆင့် ကျွမ်းကျင်သူတွေက အလယ်ပိုင်းကို စူးစမ်းရှာဖွေနေကြပြီမလား"
ထိုနေရာက တိုက်ခိုက်မှုက တစ်ခြားကျင့်ကြံသူများကို ဒါကို ကောင်းကင်အင်မော်တယ်နှစ်ဦးက ဖြစ်စေသည်ဟု မသိစိတ်က တွေးမိစေသည်။
သူတို့၏တိုက်ခိုက်မှုက ဘယ်လောက်ထိ အစွမ်းထက်သလဲဆိုတာကို ပုံဖော်ကြည့်၍ပင်ရသည်။
တစ်ချိန်တည်းမှာပင် ထိုနေရာမှ ထွက်ပြေးရန်ကြိုးစားနေကြသည့် နောက်ဆုံးလက်ကျန်အဂ္ဂိရတ်ဆရာအုပ်စုထဲတွင် အားနည်းသည့် သူတစ်ချို့က နောက်ဆက်တွဲလှိုင်းကြောင့် လွင့်စင်သွားကြပြီး ထိုနေရာ၌ပင် သေသွားကြရသည်။
အားကောင်းသောသူများကမူ သွေးအန်ရင်း အပြင်းအထန် ဒဏ်ရာရသွားကြစည်။
ဒါကလောဘအတွက် ပေးဆပ်လိုက်ရသည့်တန်ဖိုးပေတည်း။
တစ်ခါတစ်ရံ လူတစ်ယောက်က ပစ္စည်းတစ်ခုအတွက် လောဘကြီးရန် လုံလောက်သည်အထိ အားမကောင်းပါက သူတို့က မခံမရပ်နိုင်လောက်သည့် တန်ဖိုးတစ်ခုကို ပေးဆပ်ရပေလိမ့်မည်။
ဘယ်နေရာတွင်ဖြစ်ပါစေ ဒါက သံမဏိစည်းမျဉ်းတစ်ခုသာ။
တခြားတစ်ဘက်တွင် ငရဲဂိုဏ်းက ထောက်လှမ်းရေးအရာရှိများက သက်ရှိဝိဉာဉ်မြအမြစ်ကျွန်းပေါ်၌ ဘာတွေဖြစ်ပျက်နေသလဲဆိုတာကို စူးစမ်းနေကြသည်။
တစ်ဘက်လူက သူတို့တာ၀န်များကို ပြီးမြောက်ခဲ့သလားဆိုတာကို သူတို့ အစီရင်ခံတင်ပြရန်လိုအပ်သည်။
သို့စေကာမူ ဒီကြောက်မက်ဖွယ်ရာမြင်ကွင်းကို မြင်သောအခါ သူတို့လာရာလမ်းအတိုင်း ပြန်သွားရုံသာ တတ်နိုင်သည်။
အစီရင်ခံခြင်း: တာ၀န်ကျရှုံးသည်....!
တစ်ချိန်တည်းမှာပင် ငရဲဂိုဏ်းတည်ရှိသည့် ကျွန်းပေါ်၌ ဆိတ်ငြိမ်သည့်ခြံ၀င်းတစ်ခုတွင် နတ်ဆိုးဘုရင်ပိုင်နက်က လူခုနှစ်ယောက်က လက်ဖက်ရည်သောက်နေကြသလို ကျင့်ကြံနေကြသည်။
သူတို့ဒီမြင်ကွင်းကို သတိထားမိသောအခါ ကျင့်ကြံနေသည့်တစ်ယောက်က မျက်လုံးပင်မဖွင့်ဘဲ ထူးမခြားနားစွာပြောသည်။
"ဒီလိုအဆင့်တိုက်ခိုက်မှုမျိုးကို ဒီခြောက်ကပ်သည့်ကြယ်နယ်မြေရဲ့ ထိပ်ဆုံးမှာ ရပ်နေတဲ့သူတစ်ယောက်ကပဲ ထုတ်လွှတ်နိုင်မှာမလား"
"ဟားဟား၊ မင်းကတကယ်အသုံးမကျတာပဲ"
အဲဒီလူရဲ့အော်ရာက ဒီနေရာမှာ ဘယ်လိုမျိုး တည်ရှိနေသလဲဆိုတာ ငါတကယ်သိချင်မိတယ်"
တခြားတစ်ယောက်က လက်ထဲက လက်ဖက်ရည်ကို အပြီးသတ်ပြီးနောက် အနည်းငယ် မျက်မှောင်ကြုတ်သည်။
"သူ တစ်ခြားတစ်ယောက်ယောက်နဲ့ တိုက်ခိုက်နေတာများလား"
နောက်တစ်ယောက်က ခေါင်းခါယမ်းသည်။
"မဖြစ်နိုင်ပါဘူး၊ ငါပတ်ပတ်လည်က အော်ရာကို အမြဲအာရုံစိုက်ထားတာ၊ ဒါပေမယ့် သူရဲ့သွေးကြောအော်ရာကို ငါမခံစားမိသေးဘူး"
မူလက သူတို့ ငရဲဂိုဏ်းကို သူတို့နှင့်အတူပူးပေါင်းကာ ရှောင်ဟိုင်ကို ထွက်ရှာရန်အတွက် အသိပေးချင်ခဲ့သည်။
သို့စေကာမူ အဆုံးမဲ့ပင်လယ်ဒေသက အဖြစ်အပျက်များနောက်တွင် ပါရမီရှင်အားလုံးနီးပါး၊ လျှို့ဝှက်ကျင့်ကြံသူများနှင့် မွန်းစတားအိုများပင်လျှင် အဆုံးမဲ့ပင်လယ်ဒေသကို ရောက်လာခဲ့ကြသည်။
သူတို့ထွက်မရှာကြတော့ဘဲ ယင်းအစား အော်ရာကိုသာ ထုတ်လွှတ်ကာ အဆုံးမဲ့ပင်လယ်ဒေသ၏ အလည်တည့်တည့်တွင် ဖြန့်ကြက်ထားပြီး ရှောင်ဟိုင်၏ သွေးကြောအော်ရာကို ရှာနေခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ အဆုံးမဲ့ပင်လယ်ဒေသက အလယ်အလတ်အဆင့်ကြယ်နယ်မြေက အလျှို့ဝှက်၊ အဆန်းကြယ်ဆုံးနေရာတစ်ခုဖြစ်သည်။ ဒီနေရာက အခွင့်အလမ်းအများဆုံးရှိသည့် နေရာလည်းဖြစ်သည်။
အကယ်၍ဒီလူကသာ အလယ်အလတ်အဆင့်ကြယ်နယ်မြေတွင် အမှန်တကယ် ပေါ်ပေါက်လာပါက သူ့အဖို့ ဒီအဆုံးမဲ့ပင်လယ်ဒေသဟု ခေါ်ဆိုသည့် နေရာကို မလာဖို့က မဖြစ်နိုင်ပါ။
"ကောင်းပြီ၊ အဲဒီလူအန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့အခါကျရင် သူ့သွေးကြောကိုသုံးမှာပဲလေ၊ အဲချိန်ကျရင် သူဘယ်မှာလဲဆိုတာ ငါတို့သိမှာပါ"
"ဒီတော့ ငါတို့တွေ့တဲ့အခါကျရင် တိုက်ရိုက်တိုက်ခိုက်ကြမှာလား"
တစ်ယောက်က ခေါင်းခါယမ်းသည်။
"မဟုတ်ဘူး၊ ငါတို့သူ့ကိုသတ်နိုင်ရင်တောင် မသတ်ဘူး၊ သူ့ကိုပြန်ခေါ်သွားပြီးတဲ့ အခါကျရင် သတ်ပစ်တယ် မသတ်ပစ်ဘူးဆိုတာက ကိစ္စမရှိဘူးလေ"
"ငါတို့အဆင့်နိမ့်နယ်မြေကို ရောက်လာကတည်းက ကြီးကြပ်ရေးဗိမာန်က အဲဒီလူတွေက ငါတို့ရဲ့လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေကြတယ်...."
ကြီးကြပ်ရေးဗိမာန်အကြောင်း ကြားရသောအခါ သူတို့၏အမူအရာများက မည်းမှောင်သွားကြ၏။
ဒီလျှို့ဝှက်ဆန်းကြယ်သည့် အဖွဲ့အစည်းက ဂိုဏ်းအသီးသီးကြားက အကျိုးစီးပွား ပဋိပက္ခနှင့် အမုန်းတရားများအကြား ၀င်စွက်ဖက်ခြင်း မရှိသော်လည်း သူတို့က အမှောင်ပိုင်နက်ကဲ့သို့ ကြားနေအဖွဲ့အစည်းတစ်ခု ဖြစ်ပုံရသည်။
သို့စေကာမူ အထက်ကမ္ဘာကလူအျားက အောက်ကမ္ဘာကို ဦးတည်သောအခါ သူတို့က ဘယ်မှာသွားကြသလဲဆိုတာကို အမြဲစောင့်ကြည့်ကြသည်။
ဒါ့အပြင် ဒီနေရာ၌ တိုက်ခိုက်၍မရနိုင်ပေ။
သူတို့သာလှုပ်ရှားလိုက်တာနှင့် ကြီးကြပ်ရေးဗိမာန်က လူများက ပြတ်သားစွာ တိုက်ခိုက်ကြပေလိမ့်မည်။
ကောင်းကင်သခင်အဆင့်ဂိုဏ်းများပင်လျှင် ကြီးကြပ်ရေးဗိမာန်၏ စည်းမျဉ်းများကို အလွယ်တကူမချိုးဖျက်ရဲပါ။
အချိန်တွေကြာလာသည်နှင့်အမျှ ဒီစည်းမျဉ်းကို ချမှတ်ခဲ့ကြသည်။ ကြီးကြပ်ရေးဗိမာန်က ဘာကြောင့်ဒီလိုလုပ်ရသလဲဆိုတာ ဘယ်သူမှမသိကြပေ။
သို့စေကာမူ ကြီးကြပ်ရေးဗိမာန်က အရမ်းအားကောင်းလွန်းသည်။
သင့်၏လက်သီးက မာကျောနေပါက စည်းမျဉ်းများကို သင်ကိုယ်တိုင် ချမှတ်နိုင်သည်။
သင့်လက်သီးက နူးညံ့ပျော့ပျောင်းနေပါက ယခုလိုစည်းမျဉ်းများကို ဘယ်လိုလုပ် ချမှတ်ရဲမည်နည်း။
ကံကောင်းလျှင်ပင် ဘယ်သူမှသင့်ကို ဂရုစိုက်မည်မဟုတ်။
အကယ်၍ကံဆိုးပြီး မနှစ်သက်သည့် ဂိုဏ်းတစ်ဂိုဏ်းနှင့် ကြုံကြိုက်ရပါက တိုက်ရိုက်ပင် အသတ်ခံရပေလိမ့်မည်။
အားကောင်းသူများက အားနည်းသူများကို အမဲလိုက်ကြသည်။ ဒါက တောဥပဒေသဖြစ်သည်။
ဒါကို ကျင့်ကြံခြင်းလောက၌ ထင်ရှားစွာပင် ပြသထားသည်။
ရက်တစ်၀က်ခန့်ကြာပြီးနောက် အဖျက်အော်ရာက နောက်ဆုံးတော့ ပျောက်ကွယ်သွားခဲ့သည်။
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ ကျွန်းသို့ ပြန်ရောက်သောအခါ သက်ရှိဝိဉာဉ်မြအမြစ်ကလည်း ပျောက်ကွယ်သွားတာကို တွေ့ရသဖြင့် အံ့ဩသင့်သွားကြ၏။
ကျောက်စင်ပေါ်၌ စာရွက်တစ်ရွက်သာ ကျန်နေခဲ့သည်။ စာရွက်ပေါ်၌ မြေပုံကြမ်းတစ်ခုရှိသည်။
မုဖူရှန်းယူလာပြီး သူ့မြေပုံနှင့်ယှဉ်ကြည့်သောအခါ နေရာတစ်ခုကို သူအတည်ပြုလိုက်နိုင်သည်။
ဒီနေရာက အဆုံးမဲ့ပင်လယ်ဒေသ၏ အလယ်ပိုင်းတွင်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် အမှတ်အသားပြုထားသည့် နေရာကို မစူးစမ်းရသေးဘူးဟု ဆိုထားသဖြင့် တစ်နည်းအားဖြင့် ဒါက အမည်မသိနေရာတစ်ခုပင်။
မုဖူရှန်း ယဲ့ချိုးပိုင်၊ ဟုန်ရင်နှင့် မု၀မ်အာတို့ကိုကြည့်ကာ မေးလိုက်သည်။
"ဘာကိုဆိုလိုချင်တာလဲ"
အပိုင်း(790) coming။