#မြို့ထဲကမုန်တိုင်း#
Vol. 56 Ch. 790
သက်ရှိဝိဉာဉ်မြအမြစ်ပျောက်ကွယ်မှု!
ကျောက်စင်ပေါ်၌ မြေပုံလည်းကျန်နေခဲ့သည်။
အရာအားလုံးက အတော်လေးထူးဆန်းနေပုံပင်။
ယဲ့ချိုးပိုင်၊ မုဖူရှန်း၊ ရှောင်ဟိုင်နှင့် ကျန်သောသူများတင်မဟုတ်ဘဲ စံအိမ်တော်မှ အားအကောင်းဆုံးတပည့်ဖြစ်သည့် ဟုန်ရင်လျှင်ပင် သတိမထားမိခဲ့ပေ။
ကောင်းကင်အင်မော်တယ်နယ်ပယ် စွမ်းအားရှင်များသာလျှင် ဒါကို လုပ်နိုင်ပေလိမ့်မည်။
မုဖူရှန်းမြေပုံကိုယူပြီး လေးနက်သည့် အမူအရာဖြင့်ပြောသည်။
"အခုဘာလုပ်ကြမလဲ၊ သက်ရိဝိဉာဉ်မြအမြစ်ကို ယူသွားတဲ့လူက ဒီမြေပုံကို ဒီမှာထားခဲ့တာက ကျွန်တော်တို့ကို ဆွဲဆောင်ဖို့ ကြိုးစားနေတယ်ဆိုတာ သိသာထင်ရှားနေတာပဲလေ"
ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
"ဒါကို တိတ်တဆိတ်လုပ်နိုင်ဖို့ဆိုရင် သူ့ရဲ့ကျင့်ကြံခြင်းက ထူးခြားနေလိမ့်မယ်၊ သူ့မှာသာ မကောင်းတဲ့ရည်ရွယ်ချက်တစ်ခုခု ရှိမယ်ဆိုရင် ဒီလိုစက်ဝိုင်းကြီးတစ်ခုအဖြစ် လည်ပတ်နေစရာမလိုဘူးလေ"
ဟုန်ရင်လည်းခေါင်းညိတ်သည်။
"ဒါပေမယ့် ဂရုစိုက်တာကပိုကောင်းမယ်၊ ဘာပဲဆိုဆို ဂျူနီယာမောင်လေးရှောင်ဟိုင်ကလည်း အဲဒီသူပုန်တွေ ဒီကြယ်နယ်မြေကို ရောက်နှင့်နေပြီးပြီလို့ ပြောခဲ့တယ်မလား"
ထိုအခိုက်အတန့်မှာပင် မုဖူရှန်း ရုတ်တရက် အသံလွှင့်မှုတစ်ခုကို လက်ခံရရှိသည်။
ထို့နောက် မုဖူရှန်းပြောသည်။
"ဒီလိုဆိုမှတော့ ကမ်းခြေကိုအရင်သွားကြရအောင်၊ ဂိုဏ်းချုပ် ကျွန်တော့်ကို အခုလေးတင်အသံပို့ခဲ့တယ်၊ သုံးရက်အတွင်းမှာ သတင်းလေလံပွဲတစ်ခုကျင်းပမယ်တဲ့"
ဒါကိုကြားသောအခါ လူတိုင်းခေါင်းညိတ်ပြီး အဆုံးမဲ့ပင်လယ်ဒေသ၏ ကမ်းခြေသို့ ပြေးသွားကြလေတော့သည်။
.....
သတင်းလေလံပွဲက အမည်အတိုင်းပင် သတင်းအချက်အလက်မျိုးစုံကို အဓိကထား လေလံတင်ရောင်းချကြသည်။
အဆုံးမဲ့ပင်လယ်ဒေသတွင် စုဝေးခြင်းက သတင်းအချက်အလက်က အဆုံးမဲ့ပင်လယ်ဒေသရှိ အမွေအနှစ်များ၊ အခွင့်အလမ်းများနှင့် သဘာ၀ရတနာများအကြောင်း အဓိကဖြစ်သည်ဟု ဆိုလိုနေခြင်းပင်။
ဒီသတင်းအချက်အလက်ကို သေချာပေါက် မြေပုံပေါ်၌ မမှတ်သားထားလောက်ပေ။
လမ်းတွင် မုဖူရှန်းက အလယ်အလတ်အဆင့်ကြယ်နယ်မြေအကြောင်း အများဆုံး နားလည်သူတစ်ယောက် ဖြစ်လာခဲ့သည်။
"ဒီသတင်းလေလံပွဲကို တျန်ကျင်းကုန်သည်များအသင်းက ဖွင့်လှစ်မှာပဲ" သူရှင်းပြသည်။
"တျန်ကျင်းကုန်သည်များအသင်းက အလယ်အလတ်အဆင့်ကြယ်နယ်မြေမှာ အကြီးဆုံးကုန်သည်များအသင်းဖြစ်ပြီး သူတို့ရဲ့အခြေစိုက်စခန်းက နယ်မြေအားလုံးနီးပါးမှာ ပျံ့နေတယ်"
"ဒါ့အပြင် မြင့်မြတ်အဆောင်ဂိုဏ်းလို ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းတောင် သူတို့ရဲ့ အခြေခံအုတ်မြစ်ကို မသိဘူး"
"တကယ်လို့ တျန်ကျင်းကုန်သည်များအသင်းသာ ဂိုဏ်းတစ်ဂိုဏ်းကို အပြည့်အ၀ ထောက်ပံ့ကူညီပေးမယ်ဆိုရင် အဲဒီဂိုဏ်းက အလယ်အလတ်အဆင့်ကြယ်နယ်မြေမှာ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းဖြစ်လာပြီး တစ်ခြားဂိုဏ်းတွေကို ကျော်လွန်သွားလိမ့်မယ်လို့ ပြောတာကြားဖူးတယ်..."
"ဒါတင်မကဘူး၊ တျန်ကျင်းကုန်သည်များအသင်းက ကြားနေပဲ"
ဟုန်ရင်ပြုံးရင်း မုဖူရှန်းကိုစိုက်ကြည့်သည်။
"နင်တခုခုသိနေတာပဲ"
ရှောင်ဟိုင်တီးတိုးပြောသည်။
"အလယ်အလတ်အဆင့်ကြယ်နယ်မြေကို ရောက်ပြီးနောက်မှာ ဂျူနီယာညီလေးမုလုပ်တဲ့ ပထမဆုံးအရာက အလယ်အလတ်အဆင့်ကြယ်နယ်မြေက ဂိုဏ်းအားလုံးကို ရှာဖွေတာပဲ...."
ကျန်သောသူများက ရယ်လိုက်မိကြ၏။
တကယ်တမ်းတွင် ဒါကမုဖူရှန်းဖြစ်သည်။
မုဖူရှန်း လက်အစုံကို ဖြန့်လိုက်သည်။
"ကိုယ့်ကိုကိုယ်နဲ့ ရန်သူကိုသိပါ၊ ဒီလိုဆိုရင် တိုက်ပွဲတစ်ရာမှာတောင် ရှုံးမှာမဟုတ်ဘူး၊ သတိထားတာက မမှားဘူးလေ"
.....
သတင်းလေလံပွဲက ကန့်သတ်ချက်မရှိပေ။
ပထမအချက်က လူများစွာအတွက် နေရာမရှိပါ။
ဒုတိယအချက်က ပုံမှန်အခြေအနေများတွင် ခွန်အားမလုံလောက်သလို ဩဇာအာဏာမရှိသည့်လူများက အသုံး၀င်သည့် သတင်းအချက်အလက်များကို ရနိုင်မည်မဟုတ်။
မည်သို့ပင်ဆိုစေကာမူ ဒီကမ္ဘာကြီးထဲတွင် အားနည်းသူများက ဘာများအသုံး၀င်မည်နည်း။
တျန်ကျင်းကုန်သည်များအသင်းက ကျင်းပသည့် သတင်းလေလံပွဲကို ၀င်ရန်အတွက် တျန်ကျင်းကုန်သည်များအသင်း၏ ခရမ်းရွှေဖိတ်စာတစ်ခုရှိရန်လိုအပ်သည်။
မြင့်မြတ်အဆောင်ဂိုဏ်း၊ အင်မော်တယ်မျောက်ဝံကျေးရွာနှင့် ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းကဲ့သို့ ဂိုဏ်းများက ဖိတ်စာများရရန် အရည်အချင်းပြည့်မှီသည်။
မြင့်မြတ်အဆောင်ဂိုဏ်းတွင် ဖိတ်စာခြောက်ခုရှိပြီး အင်မော်တယ်မျောက်ဝံကျေးရွာနှင့် ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းတွင် သုံးခုစီရှိသည်။
အင်မော်တယ်မျောက်ဝံကျေးရွာ၏ ခွန်အားကို အပြင်လူများက မသိကြပေ။ တျန်ကျင်းကုန်သည်များအသင်းပင်လျှင် အများကြီးမသိသဖြင့် သူတို့တွင် ဖိတ်စာသုံးခုသာရှိသည်။
အင်မော်တယ်မျောက်ဝံကျေးရွာ၏ ခရမ်းရွှေဖိတ်စာများကိုမူ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ ကမ်းခြေသို့ ပြန်လာသောအခါ ရှောင်ဟိုင်ကို ပေးလိုက်၏။
အလားတူပင် ဟောင်ကျန်းဟန်ကလည်း ယဲ့ချိုးပိုင်ကို နှစ်ခုပေးသည်။
မြင့်မြတ်အဆောင်ဂိုဏ်းကလည်း မုဖူရှန်းကို နှစ်ခုပေးသည်။
စံအိမ်တော်တွင် လူခုနှစ်ယောက်ရှိသဖြင့် ခရမ်းရွှေဖိတ်စာများက လုံလောက်ပါသည်။
ယခုသူတို့က သုံးရက်အတွင်း သတင်းလေလံပွဲစတင်မည်ကိုသာ စောင့်ဆိုင်းရန် လိုတော့သည်။
ဒီသုံးရက်အတွင်း လေလံပွဲနှင့်ပတ်သက်သည့် မရေမတွက်နိုင်လောက်သော သတင်းအချက်အလက်များက တောမီးပမာ ပျံ့သွားခဲ့သည်။
ဥပမာအားဖြင့် ကောင်းကင်အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတစ်ဦး၏ အမွေအနှစ်အပျက်အစီးဖြစ်သည်။
နောက်ထပ်ဥပမာတစ်ခုက ဒဏ္ဍာရီလာအင်မော်တယ်ဝိဉာဉ်ကျင့်စဉ်ပင်။
ကောင်းကင်ဘုံဝိဉာဉ်ကျင့်စဉ်များအထက်တွင် အင်မော်တယ်ဝိဉာဉ်ကျင့်စဉ်ရှိသည်။
သို့မဟုတ် အင်မော်တယ်ပြောင်းလဲခြင်းဆေးလုံးဖြင့် ကိုယ်ထဲက ဝိဉာဉ်ချီတစ်၀က်ကျော်ကို အင်မော်တယ်ချီအဖြစ် ပြောင်းလဲပစ်နိုင်သည်။
ဒီအရာအားလုံးက အင်မော်တယ်တပိုင်းနယ်ပယ်များဖြစ်စေ သို့မဟုတ် မြေအင်မော်တယ်ကျင့်ကြံသူများသာမက ကောင်းကင်အင်မော်တယ်ကျွမ်းကျင်သူများကိုပင် အတော်လေးဆွဲဆောင်နေသည်။
ချက်ချင်းဆိုသလို မရေမတွက်နိုင်လောက်သည့် ကျွမ်းကျင်သူများက အဆုံးမဲ့ပင်လယ်ဒေသကနေ ပြန်လာကြသည်။
တစ်ချို့ကမူ ခရမ်းရွှေဖိတ်စာကို ရရန်အတွက် အလွန်အမင်းကြီးမားသည့်တန်ဖိုးကို ပေးဆပ်ခဲ့ရသည်။
တကယ်တမ်းတွင် တျန်ကျင်းကုန်သည်များအသင်းက ခရမ်းရွှေဖိတ်စာကို မရခဲ့သည့် တစ်ချို့တစ်ကိုယ်တော်ကျင့်ကြံသူများက အရဲစွန့်ပြီး ခရမ်းရွှေဖိတ်စာရှိသည့် အင်အားစုများဆီကနေ ခရမ်းရွှေဖိတ်စာကို ရရန်အတွက် ခိုးယူလုယက်ရန်အတွက် မဟာမိတ်ဖွဲ့ရန်ပင် တုံ့ဆိုင်းမနေခဲ့ကြပေ။
ဒီသတင်းတွေက မှန်၊ မမှန်ဆိုတာ သူတို့မသိသော်လည်း သွေးဆောင်မှုက ကြီးမားလွန်းသည်။
ဒါ့အပြင် သတင်းလေလံပွဲကို တျန်ကျင်းကုန်သည်များအသင်းက ကျင်းပခြင်းဖြစ်သည်။
တျန်ကျင်းကုန်သည်များအသင်း၏ ပစ္စည်းများက မဆိုးဘူးဟုဆို၍ရသည်။
ဒါက သတင်းအချက်အလက်ဖြစ်လျှင်ပင် မြေပုံတွင် မဖော်ပြထားသည့် အတော်လေး အရေးကြီးသည့် အချက်အလက်များသာ ဖြစ်ရပေမည်။
ထို့ကြောင့်လည်း မရေမတွက်နိုင်လောက်သည့်လူများက သူတို့၏လောဘများကို မထိန်းချုပ်ထားနိုင်ကြဘဲ ကြိုးတန်းပေါ် လျှောက်လှမ်းရန်အတွက် ရွေးချယ်ခဲ့ကြသည်။
ရလဒ်အဖြစ် သုံးရက်အတွင်း ဒုတိယတန်းစားနှင့် ပထမတန်းစားဂိုဏ်းတစ်ဒါဇင်ကျော်က ခရမ်းရွှေဖိတ်စာမရှိသည့် ထိုတစ်ကိုယ်တော်ကျင့်ကြံသူများ၏ ချောင်းမြောင်းတိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။
ချက်ချင်းဆိုသလို မြို့တစ်ခုလုံးက မရေမတွက်နိုင်လောက်သည့် သေဆုံးမှုများနှင့် ပြည့်နှက်သွားခဲ့သည်။
တစ်ချို့ကအောင်မြင်ပြီး တစ်ချို့က ကျရှုံးကြသည်။
ဒါက အတိုက်ခိုက်မခံရသေးသည့် ဂိုဏ်းများကို အတော်လေးသတိကြီးသွားစေသည်။
လူတိုင်းက ထိတ်လန့်နေကြ၏။
ညတာယံ၌ မြင့်မြတ်အဆောင်ဂိုဏ်း၏ ခံတပ်တွင် ဒီသတင်းများကိုကြားပြီးနောက် ယဲ့ချိုးပိုင်ပြတင်းပေါက်ကိုမှီကာ ညတာယံကို ကြည့်နေခဲ့သည်။
အပြင်ဘက်တွင် ညတာယံ၏ တိတ်ဆိတ်မှုမရှိဘဲ ယင်းအစား ပြင်းထန်သည့် ဝိဉာဉ်ချီကို နေရာတိုင်းတွင် မြင်တွေ့နိုင်ပြီး တိုက်ပွဲမြင်ကွင်းများက မကြာခဏဆိုသလို ဖြစ်ပျက်နေသည်။
"သတင်းတွေကိုပျံ့စေတဲ့ရည်ရွယ်ချက်က အတော်လေးသိသာလွန်းတယ်မလား"
ယဲ့ချိုးပိုင်၏စကားလုံးများကို ကြားသောအခါ ရှိနေသည့်သူတိုင်းက ထိတ်လန့်သွားကြသည်။
ဘေး၌ စာဖတ်နေသည့် နင်းချန်ရှင်းကလည်း လေးနက်စွာခေါင်းညိတ်သည်။
"ဒါကအရမ်းသိသာလွန်းတယ်ဆိုပေမယ့် သက်ရောက်မှုကလည်း သိသာနေတယ်၊ ဒါက အဲဒီဂိုဏ်းတွေရဲ့ခွန်အားကို အောင်အောင်မြင်မြင်နဲ့ကုန်ခန်းစေပြီး တစ်ခြားဂိုဏ်းတွေရဲ့ အာရုံကိုလည်း လွှဲပြောင်းပစ်ခဲ့တယ်"
မုဖူရှန်းလက်အစုံကိုဖြန့်လိုက်သည်။
"ငရဲဂိုဏ်းက ဒီပန်းတိုင်တွေကို အောင်မြင်ဖို့အတွက် တစ်ခုတည်းသောအရာပဲ"
"သူတို့က ပရမ်းပတာထဲမှာ တစ်ခုခုလုပ်နေတယ်လို့ ခံစားနေရတယ်"
ဟုန်ရင်တည်ငြိမ်စွာပြောသည်။
"အချိန်ကျလာတဲ့အခါကျရင် ငါတို့သိမှာပဲလေ၊ ဒါပေမယ့် တျန်ကျင်းကုန်သည်များအသင်းကလည်း ပါ၀င်လာတယ်ဆိုတာ ဖြစ်နိုင်လား"
ဒီသတင်းကိုကြားသောအခါ ကျန်သောသူများ၏ အမူအရာများက အနည်းငယ် လေးနက်သွားကြ၏။
မုဖူရှန်း၏ ပြောစကားအရ တျန်ကျင်းကုန်သည်များအသင်း၏ အခြေခံအုတ်မြစ်က အတော်လေးအစွမ်းထက်သည်။
ဒီကိစ္စကသာ တျန်ကျင်းကုန်သည်များအသင်းနှင့် သက်ဆိုင်နေပါက ဒါက ပြဿာနာဖြစ်လာပေလိမ့်မည်။
ဘာလို့ဒီလိုပြောရတာလဲ!
တျန်ကျင်းကုန်သည်များအသင်း သတင်းလေလံပွဲကို ဖွင့်လှစ်သောအခါ သတင်းများက ကျင့်ကြံသူများနှင့် တစ်ခြားဂိုဏ်းများ၏ နားထဲသို့ ချောမွေ့စွာပင် ပျံ့သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် လေလံပွဲကို၀င်ရန်အတွင် ခရမ်းရွှေဖိတ်စာတစ်ခုစီကို လိုအပ်သည်။
ဒါက တကယ်ပဲတိုက်ဆိုင်မှုတစ်ခုလား!
ရှီရှန်းခေါင်းခါယမ်းသည်။
"ငါတော့ ဒီလိုမထင်ဘူး၊ တျန်ကျင်းကုန်သည်များအသင်းက အမြဲလိုလိုကြားနေခဲ့တယ်လို့ ဂျူနီယာညီလေးမု ပြောခဲ့တာမလား"
မုဖူရှန်းခေါင်းညိတ်သည်။
"ကျွန်တော်လည်း ဒီလိုဖြစ်ဖို့မျှော်လင့်ပါတယ်၊ တကယ်လို့ တျန်ကျင်းကုန်သည်များအသင်းသာ ငရဲဂိုဏ်းနဲ့ ပူးပေါင်းနေတာဆိုရင် ကျွန်တော်တို့ ပြဿာနာထဲမှာရှိနေပြီ"
မည်သို့ပင်ဆိုစေကာမူ ချီရှာဒေါင်က သူတို့ကို တောင့်တမက်မောစွာ အမြဲလိုလိုစောင့်ကြည့်နေသည် မဟုတ်ပေလော။
အထူးသဖြင့် ရှောင်ဟိုင်၏ အားကောင်းသည့်ခန္ဓာဖြစ်သည်။
အပိုင်း(791) coming။