← Chapters

#ညပိုင်းတိုက်ခိုက်မှု#

Vol. 56 Ch. 791

#ညပိုင်းတိုက်ခိုက်မှု#

Vol. 56 Ch. 791

တျန်ကျင်းကုန်သည်များအသင်းမှ ခရမ်းရွှေဖိတ်စာတွင် အခြေအနေနှစ်ရပ်ရှိသည်။

ပထမတစ်ခုက သူတို့၏အင်အားစုများက အနည်းဆုံးတော့ ဒုတိယတန်းစားအင်အားစုများအကြား ထိပ်တန်းတည်ရှိမှုများနှင့် အထက်တွင်ရှိရပေမည်။

ဒုတိယက သူတို့က ဒီလိုဂိုဏ်းများနှင့် မင်းမျိုးမင်းနွယ်မ်သားစုများကိုသာ ပေးသည်။

တစ်နည်းအားဖြင့် ဒုတိယတန်းစားအဆင့်ထက်နိမ့်ကျသည့် ဂိုဏ်းနှင့်မင်းမျိုးမင်းနွယ် မိသားစုများသာမက တစ်ကိုယ်တော်ကျင့်ကြံသူများအတွင်း အစွမ်းအထက်ဆုံး တစ်ကိုယ်တော်ကျင့်ကြံသူများပင်လျှင် တျန်ကျင်းကုန်သည်များအသင်းမှ ခရမ်းရွှေဖိတ်စာကို ရနိုင်မည်မဟုတ်။

ဒီအရာအားလုံးက လက်ရှိအခြေအနေသို့ ဦးတည်သွားခဲ့သည်။

ခရမ်းရွှေဖိတ်စာရှိသည့် ထိုအင်အားစုများက ခိုးယူလုယက်ခံရသည်။

ထိုလုယက်သူဓားပြများထဲတွင် ကောင်းကင်အင်မော်တယ်နယ်ပယ်က မွန်းစတားအိုများအပါအ၀င် အားလုံးပါ၀င်ကြသည်။

ဒါကလည်း ဒီအစွမ်းထက်အင်အားစုများက ဓားပြတိုက်မှုကို အချိန်မီ ခုခံနိုင်စွမ်းမရှိရသည့် အဓိကအကြောင်းရင်းပင်။

လေလံပွဲက နေထွက်တာနှင့် စတင်ပေတော့မည်။

ဒီညတာက လုယက်သူဓားပြများအတွက် နောက်ဆုံးပါတီလည်းဖြစ်သည်။

မူလဆိတ်ငြိမ်နေသည့်ဒီညတာက ငြိမ်းချမ်းမှုရှိစေရန် ကံမပါပေ။

သို့စေကာမူ ရွှမ်ယွမ်အင်ပါယာဂိုဏ်း၊ အက္ခရာလေးလုံးဂိုဏ်းနှင့် မြင့်မြတ်အဆောင်ဂိုဏ်းတို့က ယခုအချိန်တွင် သက်ရောက်ခြင်းမခံရပေ။

ဒီလိုအင်အားစုမျိုးတွင် အခြေစိုက်စခန်းများ၌ ကောင်းကင်အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူများ၏ အကာအကွယ်ကို ပိုင်ဆိုင်ထားမည်သာ။

အလားတူပင် ဒါကအခြေခံအုတ်မြစ်နှင့် ထိပ်တန်းဂိုဏ်းများ၏ခွန်အားက အရမ်းကြီးမားသောကြောင့်ဖြစ်သည်။ သီးခြားနေထိုင်ကြသည့် ထိုမွန်းစတားအိုများပင်လျှင် သူတို့ကို အလွယ်တကူ မစော်ကားရဲပါ။

သို့စေကာမူ မတော်တဆဖြစ်ရပ်များက အမြဲလိုလိုရှိနေဆဲပင်။

မြင့်မြတ်အဆောင်ဂိုဏ်း၏ ခံတပ်အပြင်၌ ဆွေးနွေးနေကြသည့် ယဲ့ချိုးပိုင်၊ ဟုန်ရင်နှင့် ကျန်သောသူများ၏ အမူအရာက ချက်ချင်းပြောင်းလဲသွားကြ၏။

သူတို့၏အမူအရာ ပြောင်းလဲသွားသည့် အခိုက်အတန့်၌ မြင့်မြတ်အဆောင်ဂိုဏ်း တည်ရှိသည့် ခံတပ်က အကန့်အသတ်မဲ့ ဝိဉာဉ်ချီဖြင့် လွှမ်းမိုးခြင်းကို ခံလိုက်ရသည်။

ဝိဉာဉ်ချီ ထိုးထွက်လာသည်နှင့်တစ်ပြိုင်နက် မြင့်မြတ်အဆောင်ဂိုဏ်း ခံတပ်အပြင်ဘက်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။

ကံကောင်းစွာပင် ၎င်းတွင် အဆောင်၏ အကာအကွယ်ရှိသဖြင့် ခံတပ်က ဖျက်ဆီးမခံခဲ့ရပေ။

သို့စေကာမူ ဒီအစွမ်းထက်တိုက်ခိုက်မှုက ပတ်ပတ်လည်က လေဟာနယ်ကို တုန်ခါသွားစေပြီး ၀န်းရံနေသည့်မြေကြီးကလည်း နစ်၀င်သွားသည်။

မကြာမီ မြင့်မြတ်အဆောင်ဂိုဏ်းချုပ် လေပေါ်ပျံသန်းသွား‌ပြီး ၀န်းကျင်က ပုံရိပ်တစ်ဒါဇင်ကျော်ကို ကြည့်ရဆိုးသည့် အမူအရာဖြင့် ကြည့်လိုက်သည်။

ထို့ထဲတွင် အဖိုးအိုသုံးယောက်ပါသည်။ သူတို့ထဲကနှစ်ယောက်က ကောင်းကင်အင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်များဖြစ်ကြပြီး တစ်ယောက်က ကောင်းကင်အင်မော်တယ်နယ်ပယ် နောက်ဆုံးအဆင့်ဖြစ်သည်။

ဂိုဏ်းချုပ်၏ အမူအရာက မည်းမှောင်သွားပြီး တင်းမာခက်ထန်စွာပြောသည်။

"အားလုံးပဲ၊ ဘာကိုဆိုလိုချင်တာလဲ"

ကောင်းကင်အင်မော်တယ်နယ်ပယ် နောက်ဆုံးအဆင့်အဖိုးအိုက မကျော်ကြားသလို သီးခြားကျင့်ကြံနေခဲ့သော်လည်း မြင့်မြတ်အဆောင်ဂိုဏ်းချုပ်က သူ့ကို မှတ်မိနေဆဲပင်။

"ကောင်းဇီကျိ၊ မင်းငါတို့ မြင့်မြတ်အဆောင်ဂိုဏ်းရဲ့ အမဲလိုက်တာကို ခံချင်တာလား"

ကောင်းဇီကျိ လက်ကိုင်တုတ်ကိုမှီကာ ပြုံးရင်း သူ့၏အကြွင်းအကျန် သွားဝါများကို ပြသကာ ဆိုးယုတ်စွာရယ်မောသည်။

"မြင့်မြတ်အဆောင်ဂိုဏ်းချုပ်၊ ငါက ခရမ်းရွှေဖိတ်စာတစ်ခုတောင်းချင်တာပါ၊ တကယ်လို့ မင်းသာ ငါ့ဆန္ဒကို ဖြည့်ဆည်းနိုင်ရင် ငါချက်ချင်းလှည့်ပြီးထွက်သွားမယ်"

မြင့်မြတ်အဆောင်ဂိုဏ်းချုပ် ကြည့်ရဆိုးသည့်အမူအရာဖြင့် ပြောသည်။

"မင်းတို့က တကယ်ပဲ ငါ့ရဲ့မြင့်မြတ်အဆောင်ဂိုဏ်းခံတပ်ကို တိုက်ခိုက်တဲ့အထိ ရဲတင်းနေကြပြီပေါ့၊ မြင့်မြတ်အဆောင်ဂိုဏ်းရဲ့ မျက်နှာကို ဖြတ်ရိုက်ပြီးတာတောင် မင်းက ခရမ်းရွှေဖိတ်စာကို လိုချင်နေသေးတာလား၊ မင်းငါ့ရဲ့မြင့်မြတ်အဆောင်ဂိုဏ်းကို အတော်လေးအထင်သေးနေတာပဲ"

သူတို့ထဲက ကောင်းကင်အင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်ဖြစ်သည့် အဖိုးအိုမိုယွမ်က နှာခေါင်းရှုံ့သည်။

"မင်းတို့လိုထိပ်တန်းအင်အားစုတွေမှာ ခရမ်းရွှေဖိတ်စာတွေ အများကြီးရှိမှာပါ၊ ငါတို့ကို နည်းနည်းပေးတာက ဘာပြဿာနာမှ မရှိပါဘူး၊ ဟုတ်တယ်မလား"

နောက်ထပ် ကောင်းကင်အင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့် ဝူချူရှန်းကလည်း အေးစက်သော အမူအရာဖြင့် ပြောသည်။

"သာမန်လူတစ်ယောက်ရဲ့ တစ်ခုတည်းသော ရာဇ၀တ်မှုက ကျောက်စိမ်းတစ်တုံးကို သယ်လာတာပဲ၊ ဂိုဏ်းချုပ်၊ မင်းဒီမူဝါဒကို နားလည်သင့်တယ်"

"ဒါ့အပြင် ငါက စိုးရိမ်မှုကင်းတဲ့ သာမန်လူတစ်ယောက်ပါပဲ၊ ငါ့အသက်က အဆုံးသတ်ကို ရောက်နှင့်နေပြီးပြီ၊ ငါဘာလို့ မင်းရဲ့မြင့်မြတ်အဆောင်ဂိုဏ်းက လိုက်ဖမ်းတာကို ကြောက်နေရမှာလဲ"

ဒါကိုကြားသောအခါ ဂိုဏ်းချုပ် အေးစက်သည့် အမူအရာဖြင့် ခေါင်းညိတ်သည်။

"ဒီလိုဆိုရင်တော့ မင်းတို့ ငါ့ဆီက ခရမ်းရွှေဖိတ်စာကို လုယူနိုင်မယ်ထင်ရင် တိုက်ခိုက်လို့ရတယ်"

"ဒါပေမယ့် ရှင်းလင်းတဲ့အသိစိတ်နဲ့ အကျိုးဆက်တွေကိုလည်း မင်းတို့သည်းခံရမယ်"

ထို့နောက် ဂိုဏ်းချုပ် အဆောင်စုတ်တံကို ကိုင်လိုက်စဉ် အဆောင်များက သူ့ရင်ဘတ်ကနေ လွင့်မြောလာကြ၏။

ဒီမြင်ကွင်းကို မြင်သောအခါ ခံတပ်ထဲက ယဲ့ချိုးပိုင်နှာခေါင်းရှုံ့သည်။

"ကြည့်ရတာ ဒါက ငရဲဂိုဏ်းရဲ့လုပ်ရပ်ဆိုတာ ငါတို့အတည်ပြုနိုင်ပြီပဲ"

တစ်ဘက်လူက မြင့်မြတ်အဆောင်ဂိုဏ်းကိုသာ ပစ်မှတ်ထားပြီး ရွှမ်ယွမ်အင်ပါယာဂိုဏ်း၊ အက္ခရာလေးလုံးဂိုဏ်းနှင့် စုမိသားစုတို့လို ထိပ်တန်းအင်အားစုတွေကို ဘာလို့ ပစ်မှတ်မထားရသလဲဆိုတာ ခန့်မှန်းရန် မခက်ခဲပေ။

မြင့်မြတ်အဆောင်ဂိုဏ်းက ကျန်သောဂိုဏ်းများထက် ပိုအားမနည်းပါ။

စည်းမျဉ်းများမရှိသည့် အခြေအနေတွင် အဆောင်များစွာရှိသည့် မြင့်မြတ်အဆောင်ဂိုဏ်းက တကယ်တမ်း၌ ကိုင်တွယ်ရန်အတွက် အခက်ခဲဆုံးဂိုဏ်းပင်။

သို့စေကာမူ တစ်ဘက်ဂိုဏ်းများက တစ်ခြားဂိုဏ်းများကို အတင်းအဓမ္မမလုယက်ကြဘဲ မြင့်မြတ်အဆောင်ဂိုဏ်းကိုသာ အထူးရှာခဲ့ကြသည်။

အကြောင်းရင်းကရိုးရှင်းသည်။ ယဲ့ချိုးပိုင်၊ မုဖူရှန်းနှင့် ရှောင်ဟိုင်တို့အားလုံးက မြင့်မြတ်အဆောင်ဂိုဏ်း၏ ခံတပ်တွင် ရှိနေကြသောကြောင့်ပင်။

သူတို့၏ နောက်ကွယ်၌ စေ့ဆော်လှုံ့ဆော်မှုများရှိသည်ဟု ဆို၍ရသည်။

ဒါက ခရမ်းရွှေဖိတ်စာအတွက်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် သူတို့အတွက်သာဖြစ်သည်။

မျှော်လင့်ထားသည့်အတိုင်း ကောင်းကင်အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူသုံးဦးက ခံတပ်၏ ကာကွယ်ရေးအဆောင်ကို ချိုးဖျက်ပြီး ဂိုဏ်းချုပ်နှင့် တိုက်ခိုက်ရန် ပစ်၀င်လာကြသည်။

မြေအင်မော်တယ်နယ်ပယ်နှင့် အင်မော်တယ်တပိုင်းတစ်ကိုယ်တော်ကျင့်ကြံသူများကမူ သူတို့က ခံတပ်ကို တိုက်ရိုက်ပင် ပြေး၀င်သွားကြ၏။

မြင့်မြတ်အဆောင်ဂိုဏ်း၏ တပည့်များက ချက်ချင်းဆိုသလို တိုက်ခိုက်ရန်အတွက် ပျံသန်းလာကြသည်။

အကယ်၍ သူတို့သာ မြင့်မြတ်အဆောင်ဂိုဏ်း၏ ခံတပ်ကိုသာဖျက်ဆီးပစ်ပါက အလယ်အလတ်အဆင့်ကြယ်နယ်မြေတွင် မြင့်မြတ်အဆောင်ဂိုဏ်း၏မျက်နှာကို အညှာအတာကင်းမဲ့စွာ ဖြတ်ရိုက်လိုက်ခြင်းပင်။

ဒါ့အပြင်၎င်း၏စွမ်းအားကလည်း ကျဆင်းလာပေလိမ့်မည်။

တစ်ကိုယ်တော်ကျင့်ကြံသူများ၏ အလွယ်တကူတက်နင်းခြင်းကိုပင် ခံရသည့်ဂိုဏ်းကို ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းဟု မည်သို့မည်ပုံ ခေါ်ဆိုနိုင်မည်နည်း။

ဒီကွင်းဆက်တုံ့ပြန်မှုတွေက မြင့်မြတ်အဆောင်ဂိုဏ်းကို ကြီးမားသည့် ဆုံးရှုံးမှုများကို ဖြစ်ပျက်လာစေလိမ့်မညမ။

ထိုအခိုက်အတန့်၌ ဟုန်ရင် လက်ထဲက ပြန်လည်မွေးဖွားခြင်းလှံနှင့် ထရပ်ကာ ပြုံးသည်။

"ငါတို့မြင့်မြတ်အဆောင်ဂိုဏ်းရဲ့ ခံတပ်မှာနေပြီး ငါတို့က ခရမ်းရွှေဖိတ်စာကိုလည်း ပေးခဲ့တာဆိုတော့ ငါတို့က ပြန်ပေးဆပ်သင့်တာပေါ့"

ယဲ့ချိုးပိုင်ကလည်း ခေးအောစ့်အနှစ်သာရ အင်မော်တယ်ဓားနှင့်အတူ ထရပ်သည်။

နင်းချန်ရှင်း စာအုပ်ကိုသိမ်းဆည်းပြီး နောက်ကစာအုပ်ခြင်းထဲ ထည့်ကာ တစ်ချိန်တည်းမှာပင် တာအိုကျမ်းစာက သူ့လက်ထဲတွင် လှည့်ပတ်နေသည်။

ရှောင်ဟိုင်ကမူ ထာ၀ရနတ်ဆိုးကိုယ်ထည်ကို အသက်သွင်းပြီး လူအုပ်စုထဲပြေး၀င်သွားကာ မြေအင်မော်တယ် အလယ်အလတ်အဆင့် ကျွမ်းကျင်သူတစ်ယောက်နှင့် တိုက်ခိုက်သည်။

တစ်ခဏအကြာတွင် ဝိဉာဉ်ချီထိုးထွက်လာသည်နှင့် မြင့်မြတ်အဆောင်ဂိုဏ်း၏ ခံတပ်မှ မီးခိုးများ တက်လာသည်။

ကျန်သောဂိုဏ်းများက ထိုနေရာဘက်သို့ ထိတ်လန့်နေသည့် အမူအရာများဖြင့် ကြည့်လိုက်ကြ၏။

တစ်ယောက်ယောက်က တကယ်ပဲ မြင့်မြတ်အဆောင်ဂိုဏ်းကို ရန်စရဲတာလား!

သူတို့ကနည်းနည်းရဲတင်းလွန်းနေတယ်မလား!

သို့စေကာမူ ဒါကတကယ်ပင်။

အဆောင်၏ထောက်ပံ့မှုအောက်တွင် မြင့်မြတ်အဆောင်ဂိုဏ်းချုပ်က ‌ကောင်းကင်အင်မော်တယ် နောက်ဆုံးအဆင့်နှင့် အလယ်အလတ်အဆင့်တို့၏ ၀န်းရံခြင်းကို ခံရသော်လည်း သူတို့က အလွယ်တကူအနိုင်မယူနိုင်သော်လည်း ဖိနှိပ်ခံနေရသေးသည်။

ဂိုဏ်းချုပ်က ကောင်းကင်အင်မော်တယ်အဆင့်အဆောင်ကို အလွယ်တကူမသုံးပေ။

ကောင်းကင်အင်မော်တယ်အဆင့်အဆောင်တစ်ခု၏ အဖျက်စွမ်းအားက အတော်လေးကျယ်ပြန့်သည်။ မြင့်မြတ်အဆောင်ဂိုဏ်း၏ အခြေစိုက်စခန်းက အောက်တွင်ရှိပြီး တပည့်များကလည်း ရှိသည်။

သူသာသုံးလိုက်မည်ဆိုပါက သူတို့ကို မတော်တဆ ဒဏ်ရာရသွားစေလိမ့်မည်။

အဆင့်မြင့်မဟာအကြီးအကဲသုံးဦးအနက် တစ်ဦးက မြင့်မြတ်အဆောင်ဂိုဏ်းကို စောင့်ကြပ်နေပြီး ကျန်နှစ်ဦးက အဆုံးမဲ့ပင်လယ်ဒေသ၏ အနက်ပိုင်းကို သွားခဲ့သည်။

ထိပ်တန်းတိုက်ရိုက်ရေးခွန်အားအရ မြင့်မြတ်အဆောင်ဂိုဏ်းက လုံး၀ဖိနှိပ်ခံနေရသည်။

ယဲ့ချိုးပိုင်၊ ဟုန်ရင်၊ မုဖူရှန်းနှင့် ကျန်သောသူများ၏ အံ့ဩသင့်ဖွယ်ကောင်းသည့် တိုက်ခိုက်ရေးစွမ်းအားကြောင့် မဟုတ်ပါက သူတို့ကျဆုံးသွားလောက်သည်။

မည်သို့ပင်ဆိုစေကာမူ တစ်ဘက်က မြေအင်မော်တယ်နယ်ပယ်နှင့် အင်မော်တယ်တပိုင်းနယ်ပယ် ကျင့်ကြံသူအုပ်စုတစ်စုဖြစ်နေသည် မဟုတ်ပေလော။

ထိုအချိန်မှာပင် ကျယ်လောင်သည့် ရယ်မောသံတစ်သံ ထွက်လာခဲ့သည်။

"ဂိုဏ်းချုပ်၊ စုမိသားစုက အကူအညီပေးဖို့အတွက် ဒီမှာရှိနေပါတယ်"

သူက စုမိသားစု၏ လေးစားခံအကြီးအကဲဖြစ်သည့် ကောင်းကင်အင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်က ဟွမ်ရှန်းပေတည်း။

"မင်းရဲ့စုမိသားစု ရေပန်းစားသွားမှာကို ငါခွင့်မပြုနိုင်ဘူး"

တခြားတစ်ဘက်တွင် ဝိဉာဉ်အင်မော်တယ်နန်းတော်၏ မဟာအကြီးအကဲကျန်ကွမ်းကလည်း ရောက်လာသည်။

ဒါကိုမြင်သောအခါ ဂိုဏ်းချုပ်ပျော်သွားသည်။

စုမိသားစုနှင့် ဝိဉာဉ်အင်မော်တယ်နန်းတော်တို့၏ အကူအညီနှင့်ဆိုပါက အခြေအနေက ချက်ချင်းပြောင်းပြန်ဖြစ်သွားပေလိမ့်မည်။

ကောင်းဇီကျိ၊ မိုယွမ်နှင့် ဝူချူရှန်းတို့က ဒီမြင်ကွင်းကို မြင်သောအခါ သူတို့ချက်ချင်းနောက်ဆုတ်ရန် ရွေးချယ်လိုက်ကြသည်။ သူတို့ဆက်လက်မတိုက်ခိုက်ချင်တော့ပါ။

သူတို့က ဒါအတွက် ကြိုတင်ပြင်ဆင်ထားသည့်အလားပင်။

အပိုင်း(792) coming။

All Chapters