#လေးလံသည့်မြူခိုး#
Vol. 56 Ch. 792
ညတာယံက တိတ်ဆိတ်နေသင့်သော်လည်း ယခုတွင်မူ ဒါက စစ်မီးဖြင့် ပြည့်နှက်နေသည်။
ပတ်၀န်းကျင်က ဝိဉာဉ်ချီကနေ ဖန်တီးထားသည့် မီးခိုးများနှင့် ပြည့်နေသည်။
တိမ်မည်းများက လရောင်ကိုဖုံးထားသည်။
ဆန္ဒနယ်ပယ်အသီးသီးကနေ ထုတ်လွှတ်နေသည့် ကြမ်းကြုတ်သောဝိဉာဉ်ချီနှင့် အလင်းသာလျှင်ရှိသည်။
သို့စေကာမူ မြင့်မြတ်အဆောင်ဂိုဏ်းတည်ရှိသည့် ခံတပ်၌ တစ်ကိုယ်တော်ကျင့်ကြံသူများ၏ ရုတ်တရက်တိုက်ခိုက်မှုတစ်ခု ရှိနေလိမ့်မည်ဟု မည်သူမှမထင်ထားကြပေ။
သူတို့က ဘယ်လိုလုပ် ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းကို တိုက်ခိုက်ရဲရတာလဲ!
ဒါ့အပြင် အပြင်ပ၌ ထောက်ခံသူများစွှာရှိသည့် မြင့်မြတ်အဆောင်ဂိုဏ်းကဲ့သို့ ဂိုဏ်းတစ်ဂိုဏ်းဖြစ်နေသည်။
ထိုသူများ၏ ရည်ရွယ်ချက်များကို မည်သူမှ နားမလည်ကြပါ။
မြင့်မြတ်အဆောင်ဂိုဏ်းခံတပ်ထဲတွင် အာဏာပိုင်များသာရှိသည်။ ထို့နောက်မှသာ သူတို့က ပုံမမှန်မှုကို ရှာတွေ့နိုင်မည်သာ။
ဝိဉာဉ်အင်မော်တယ်နန်းတော်၏ မဟာအကြီးအကဲ ကျန်ကွမ်း ယဲ့ချိုးပိုင်ဘေး ရောက်လာသောအခါ လင်းကျိနန် လေးနက်သည့် အမူအရာဖြင့်ပြောသည်။
"ချောင်းမြောင်းတိုက်ခိုက်တာက အရမ်းမြန်လွန်းသလို နောက်ဆုတ်တာကလည်း ယှဉ်၍မရနိုင်လောက်အောင် မြန်လွန်းတယ်၊ သူတို့ကဒါကို အကြာကြီးကတည်းက စီစဉ်ထားတယ်ဆိုတာကို ပုံဖော်ဖို့ မခက်ခဲဘူး....."
စုမုယောင်ကလည်းရောက်လာပြီး ယဲ့ချိုးပိုင်အားကြည့်လိုက်၏။
"ရှင့်မှာ သဲလွန်စတစ်ခုခုများရှိလား"
ယဲ့ချိုးပိုင်ပခုံးတွန့်သည်။
"ငရဲဂိုဏ်းကပဲ ဒီလိုစေ့ဆော်မှုမျိုးလုပ်နိုင်မှာ၊ တစ်ခြားဂိုဏ်းတွေအတွက်ကတော့ သူတို့မှာ အမုန်းတရားတစ်ချို့ရှိတယ်ဆိုရင်တောင် ဒီအချိန်မှာ ငါတို့တည်နေရာကို အထူးစုံစမ်းဖို့အတွက် အချိန်မရှိဘူး"
"ပြီးတော့ သူတို့က ငါတို့ကိုတိုက်ခိုက်ဖို့အတွက် အခြေခံတွေအများကြီး ချထားသေးတယ်"
ဒီကာလဟူသည် အဆုံးမဲ့ပင်လယ်ဒေသကို ရည်ညွှန်းနေခြင်းဖြစ်သည်။
ဂိုဏ်းတိုင်းက အခွင့်အရေးများနှင့် သဘာ၀ရတနာများကို စူးစမ်းရန်အတွက် တိုက်ခိုက်နေကြ၏။
မည်သူ့တွင်များ ယခုလိုအရာမျိုးကို စီမံရေးဆွဲပြီး ဒီလိုကြီးမားသည့်ကွေ့ပတ်လုပ်ဆောင်မှုတစ်ခုကို ဆောင်ရွက်ရန် အချိန်ရှိမည်နည်း။
သို့စေကာမူ ကွေ့ပတ်လုပ်ဆောင်မှုအကြောင်း ပြောလာသောအခါ ဘေးက မုဖူရှန်းမျက်မှောင်ကြုတ်သည်။
"ဒါပေမယ့် ဒီလိုစက်ဝိုင်းကြီးထဲမှာ ကွေ့ပတ်နေတာဆိုတော့ ဒါက သေချာပေါက် ငါတို့ကိုတင် ပစ်မှတ်ထားနေတာမဟုတ်ဘူး၊ ငါတို့ဂရုစိုက်ရမယ်၊ တစ်ဘက်လူက တစ်ခုခုအတွက် ပြင်ဆင်ဖို့ ဒီပရမ်းပတာကို အသုံးပြုနေတာပဲ"
အားလုံးခေါင်းညိတ်လိုက်ကြသည်။ ထို့နောက် လင်းကျိနန်နှင့် စုမုယောင်တို့က ဟုန်ရင်၊ နင်းချန်ရှင်း၊ ရှီရှန်းနှင့် မု၀မ်အာတို့ကို ကြည့်လိုက်ကြ၏။
ထိုအချိန်က သူတို့လေးယောက်၏ တိုက်ပွဲစွမ်းဆောင်ရည်က အတော်လေးထူးခြားသည်ဟု ဆို၍ရသည်။
ဟုန်ရင်၏လှံက ရပ်တန့်၍မရနိုင်ပေ။
နင်းချန်ရှင်း၏ အက္ခရာများက မိုးကြိုးကဲ့သို့ပင်။
ရှီရှန်းက လက်ထဲတွင် ပုဆိန်ကိုကိုင်ထားပြီး ကြယ်ဆန္ဒက လေထဲတွင် ပြည့်နှက်နေသည်။
မု၀မ်အာတွင် မရေမတွက်နိုင်လောက်သော ထူးဆန်းသည့်ဆေးလုံးများစွာရှိသည်။
လင်းကျိနန်ပြုံးရင်း ယဲ့ချိုးပိုင်ပခုံးပေါ် လက်တင်ကာ ရယ်မောသည်။
"အစ်ကိုယဲ့၊ ဒီအကူအညီတွေကို ဘယ်ကရှာလာတာလဲ၊ သူတို့က တဆိတ်အရမ်း အားကောင်းလွန်းမနေဘူးလား"
"မင်းက လူမှုရေးမှာအရမ်းတော်တာပဲ"
ယဲ့ချိုးပိုင်ပြုံးရင်း ထူးမခြားနားစွာပြောသည်။
"သူတို့၊ အော်၊ ငါ့ရဲ့ဂျူနီယာညီလေးတွေနဲ့ ညီမလေးတွေပါ"
"အိုး၊ ဒီတော့ ဂျူနီယာညီလေးနဲ့ ညီမလေးတွေလား...." လင်းကျိနန်ပြုံးရင်း ခေါင်းညိတ်သည်။
ထို့နောက် သူ့အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး အထိတ်တလန့် ပြောလိုက်လေသည်။
"ဘာ"
သူ့အသံကအရမ်းကျယ်လေသည်။
ယဲ့ချိုးပိုင်ပင်လျှင် ထိတ်လန့်သွား၏။
"မင်းဘာလုပ်နေတာလဲ"
"ဒီလောက်ထိချဲ့ကားနေစရာ လိုလို့လား"
လင်းကျိနန်၏မျက်လုံးများက ပြူးကျယ်နေသည်။ သူ့မျက်လုံးများက ထိတ်လန့်မှုကြောင့် အနည်းငယ် မှေးမှိန်နေလေပြီ။
ဘေးတွင်ရှိသည့်စုမုယောင်မှာ ခေါင်းခါယမ်းရင်း ခါးသီးစွာပြုံးသည်။
"အရင်ကကျွန်မသိချင်ခဲ့ပေမယ့် ရှင့်နောက်မှာ ဘယ်သူရှိသလဲဆိုတာ စုံစမ်းဖို့အတွက် ကျွန်မမိသားစုကို ငါမပြောခဲ့ဘူး၊ ရှင့်တို့လိုမျိုး ထူးချွန်တဲ့ ပါရမီရှင်သုံးယောက်ကို ပျိုးထောင်နိုင်ဖို့ဆိုတာက တကယ်မလွယ်ဘူး"
"ဒါပေမယ့် အခုအချိန်မှာတော့ ဒီလိုကြောက်စရာကောင်းတဲ့ ပါရမီရှင်တွေအများကြီးကို ဘယ်သူကများ ပျိုးထောင်ပေးနိုင်တာလဲဆိုတာ ကျွန်မတကယ်ပဲ အတိအကျသိချင်နေမိပြီ"
ရွှေပုံစံကွက်နှင့်အနီရောင်၀တ်ရုံရှင် အမျိုးသမီးထံရှိ လှံဆန္ဒက မဟာတာအို၃၀၀၀အတွင်း ထိပ်တန်းတာအိုဖြစ်သည့် ပြန်လည်မွေးဖွားခြင်းပင်။
ဒါ့အပြင် ထိုမမြင်ရသည့်အော်ရာက ယှဉ်၍မရနိုင်လောက်အောင် ကျယ်ပြန့်သည်ဟု ခံစားရစေသည်။
ကျော၌ စာအုပ်ခြင်းတစ်ခုကို လွယ်ထားသည့် ပညာရှင်က ကြော့ရှင်းပြီး အေးဆေးပုံရသည်။
သူ့ကိုယ်ထဲတွင် ဝိဉာဉ်ချီမရှိသော်လည်း သူ့လက်ထဲက သာမန်ဆန်ပုံရသည့်စာအုပ်နှင့် နိယာမဥပဒေသကို သူပြောနိုင်သည်။
ပုဆိန်ကို ကိုင်ထားသည့်လူက ရိုးရှင်းရိုးသားပုံပေါ်သော်လည်း အချိန်ကြာမြင့်စွာ ပျောက်ဆုံးနေခဲ့သည့် ကြယ်စွမ်းအားကို ထုတ်လွှတ်ခဲ့သည်။
နူးညံ့သည့်ချစ်စရာကောင်းသော အမျိုးသမီးကိုမူ သူတို့မမြင်နိုင်ကြပေ။ သို့စေကာမူ သူမပစ်လွှတ်သည့် ထူးဆန်းသော ဆေးလုံးများကနေတဆင့် သူမက သေချာပေါက် သာမန်မဟုတ်တာကို သူတိူ့သိသည်။
တစ်ယောက်ချင်းစီက တစ်ခြားသူများထက် ပို၍ပင် ကြောက်စရာကောင်းသည်။
သူတို့အားလုံးက ဂိုဏ်းတူညီအစ်မမောင်နှမများဖြစ်ကြသည်။
လင်းကျိနန်နှင့် စုမုယောင်တို့က ဘယ်လိုလုပ် မထိတ်လန့်ဘဲနေမည်နည်း။
ယဲ့ချိုးပိုင်၊ မုဖူရှန်းနှင့်ရှောင်ဟိုင်တို့လို လူများအတွက် ဂိုဏ်းတစ်ဂိုဏ်း သို့မဟုတ် မင်းမျိုးမင်းနွယ်မိသားစုများထဲတွင် သူတို့တစ်ယောက်ယောက်ရှိလျှင်ပင် သူတို့ကို ဘိုးဘေးများအဖြစ် ဆက်ဆံမည်ဖြစ်ကာ လမ်းတစ်၀က်၌သေသွားရမည်ကို ကြောက်ကြပေလိမ့်မည်။
မြင့်မြတ်အဆောင်ဂိုဏ်း၊ စုမိသားစုနှင့် ဝိဉာဉ်အင်မော်တယ်နန်းတော်အတွက်လည်း အလားတူပင်ဖြစ်သည်။
ဒါပေမယ့်သူတို့ကဂိုဏ်းတစ်ဂိုဏ်းတည်းကလေ!
သူတို့ဘယ်လိုတောင် နေထိုင်ကြတာလဲ!
နတ်ဆိုးတွေက ပြောဖို့တောင် မထိုက်တန်တော့ပါဘူး!
ရှောင်ဟိုင် စုမုယောင်စကားကို ကြားသောအခါ ခေါင်းညိတ်သည်။
"သွားစုံစမ်းကြည့်၊ ဒါပေမယ့် မင်းတို့စုမိသားစုက အစွမ်းကုန်ရှာမယ်ဆိုရင်တောင် ဘာသဲလွန်စမှ ရမှာမဟုတ်ဘူးဆိုတာ ငါယုံကြည်တယ်"
မှန်ပေသည်။
စုမုယောင် သူမိသားစုကို ယဲ့ချိုးပိုင်နှင့် ကျန်သောသူများနောက်ခံကို မစုံစမ်းရန် ပြောခဲ့သော်လည်း မိသားစု၏ ထိပ်တန်းအဆင့်ပုဂ္ဂိုလ်များက ရှာဖွေရန် လူလွှတ်ခဲ့ကြသည်။
အဆင့်နိမ့်ကြယ်နယ်မြေအပြီးတွင် သဲလွန်စအားလုံးက ဖြတ်တောက်ခံရပြီး မည်သည့်သဲလွန်စကိုမှ မတွေ့ရတော့။
ထို့နောက် တစ်ခဏအကြာတွင် လင်းကျိနန်၊ စုမုယောင်နှင့် ဟုန်ရင်တို့က တစ်ဦးကိုတစ်ဦးသိလာခဲ့ကြသည်။
သူတို့မသိသည့်တစ်နေရာရာ၌ မြူခိုးထဲတွင် မြုခိုးများ၌ ကောင်းကင်အင်မော်တယ်ကျွမ်းကျင်သူတစ်ယောက်၏ ရှာဖွေမှုကို သီးသန့်ဖယ်ထုတ်နိုင်သည့် သက်ရောက်မှုရှိသည်။
၎င်း၏ရှားပါးမှုနှင့်သက်ရောက်မှုများက အလယ်အလတ်အဆင့်ကြယ်နယ်မြေထဲတွင် ဂိုဏ်းတစ်ဂိုဏ်းတည်းကသာ ဒီလို ရတနာမျိုးယူလာနိုင်သည်။
ထိုမြူထဲကနေ အသံတစ်သံထွက်လာသည်။
"ကြည့်ရတာ ဒီကြော်ငြာမှုက အတော်လေးအသုံး၀င်ပုံပဲ"
"ကောင်းပြီ၊ အခုမင်းအပေါ်မူတည်သွားပြီ၊ မင်းကောင်းကောင်းလုပ်မယ်ဆိုရင် သူတို့ကို လှည့်စားပြီး အောင်မြင်စွာ ထောင်ချောက်ဆင်နိုင်လိမ့်မယ်"
"ဒါပေမယ့် ဒီလောက်ထိ သတိကြီးစရာလိုလို့လား၊ မင်းရဲ့ခွန်အားနဲ့ဆိုရင် တိုက်ရိုက်တိုက်ခိုက်နိုင်တာပဲမလား"
"မင်းနားမလည်ပါဘူး၊ အခုဒီဘိုးဘေးက နေရာတိုင်းမှာ ကန့်သတ်ချုပ်နှောင်ခံထားရတယ်၊ ငါသူတို့ကို ရိုးရှင်းစွာ ကိုင်တွယ်နိုင်ပေမယ့် ရနိုင်တဲ့အကျိုးအမြတ်တွေက အရမ်းနည်းတယ်"
"ကောင်းပြီ၊ ငါနားလည်ပြီ၊ ဒါပေမယ့် မင်းရဲ့ကတိကို မချိုးဖျက်တာအကောင်းဆုံးပဲ၊ မင်းကတိကိုချိုးဖျက်ရင် ငါမင်းကို မြေမြှုပ်စရာနေရာမရှိပဲ သေခွင့်ပေးမယ်၊ ငါ့မှာ ခွန်အားရှိတာ မင်းလည်းသိပါတယ်"
"ဟမ့်၊ ဒီဘိုးဘေးကတိပေးထားတယ်ဆိုမှတော့ ငါသေချာပေါက်ဖြည့်ဆည်းပေးရမှာပေါ့"
"ဒါအကောင်းဆုံးပဲ"
......
နေလုံးကမြင့်တက်လာပြီး သုံးရက်ကြာတိုက်ပွဲများက နောက်ဆုံးတွင် အဆုံးသတ်ကို ရောက်လာသည်။
သတင်းလေလံပွဲက စတင်လေပြီ။
ခရမ်းရွှေဖိတ်စာရှိသည့်သူများက တစ်ယောက်ပြီးတစ်ယောက် ၀င်သွားကြသည်။
ဒါကအချိန်တိုအတွင်း၌သာဟု ဆို၍ရသော်လည်း တျန်ကျင်းကုန်သည်များအသင်းက လေလံစင်မြင့်ကို ဈေးကြီးပေး၍ ရယူခဲ့သည်။
တံခါး၀ကအစောင့်များပင်လျှင် အင်မော်တယ်တပိုင်းနယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူများဖြစ်ကြသည်။
အင်မော်တယ်တပိုင်းနယ်ပယ် အထွတ်အထိပ်အဆင့်ကျင့်ကြံသူများကို အလယ်အလတ်အဆင့်ကြယ်နယ်မြေတစ်ခုလုံးတွင် ကျွမ်းကျင်သူများအဖြစ် သတ်မှတ်၍ရသော်လည်း တျန်ကျင်းကုန်သည်များအသင်းလေလံပွဲတွင် သူတို့က တံခါးစောင့်နှင့် လက်မှတ်စစ်ဆေးသူများအဖြစ်သာ သတ်မှတ်ခံရသည်။
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ ၀င်လာသောအခါ သဘာ၀ဆန်ဆန်အပြုံးနှင့် စွဲမက်ဖွယ်ရာအမျိုးသမီးနှစ်ဦးက သူတို့ကို အခန်းတစ်ခန်းသို့ ဦးတည်ခေါ်ဆောင်သွားသည်။
ဒီအခန်းက မြင့်မြတ်အဆောင်ဂိုဏ်းရှိရာအခန်းပင်။ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းတဖြစ်လဲ သူတို့အတွက်ပြင်ဆင်မှုများက အောက်ကစားပွဲတစ်ဝိုက်တွင်သာ ထိုင်နိုင်သည့် ဒုတိယတန်းစား၊ ပထမတန်းစား အင်အားစုများနှင့် မတူဘဲ အရမ်းကြီးမဆိုးပါ။
ယဲ့ချိုးပိုင် ကြည်လင်သည့်ပုံဆောင်ခဲနှင့် တည်ဆောက်ထားသည့် နံရံအနီးတွင် ရပ်လိုက်၏။
ဒီကနေတစ်ဆင့် လေလံစင်မြင့်နှင့် အြော်က လူအုပ်စုကြီးကို အလွယ်တကူမြင်နိုင်သည်။
"ဒီလေလံပွဲမှာ တစ်ချို့အရာတွေကို ငါတို့အတည်ပြုနိုင်လောက်တယ်"
အပိုင်း(793) coming။