#တျန်ကျင်းကုန်သည်များအသင်း#
Vol. 56 Ch. 793
စံအိမ်တော်ကလူများကို ၀န်းရံထားသည့် မြူများက အလွန်အမင်းထူထဲကာ ကျယ်ပြောသည်။
လက်ရှိသဲလွန်စများအရ သူတို့ဒါကို လုံး၀ထိုးဖောက်မမြင်နိုင်ပေ။
တစ်ဘက်လူများက ဘာများပြင်ဆင်နေလေသနည်း။
သူတို့ဘာကြောင့် တိုက်ခိုက်ရန်အတွက် ဒီလိုကြီးမားသည့် လမ်းလွှဲမှုတစ်ခုကို ဖန်တီးရလေသနည်း။
ဒီပရမ်းပတာက တစ်ခုခုကို ဖုံးကွယ်ရန်အတွက် ဖန်တီးခြင်းလား၊ သို့မဟုတ် ပို၍ကြီးမားသည့် ကြံစည်မှုတစ်ခု ဖြစ်ပျက်နေတာလား။
နောက်တစ်ခုရှိသေးသည်။
ငရဲဂိုဏ်းက တျန်ကျင်းကုန်သည်များအသင်းနှင့် ဆက်စပ်နေသည်လား။
အကယ်၍ဆက်စပ်မှုရှိနေပါက နောက်ဆက်တွဲကိစ္စများက အတော်လေးခက်ခဲလာပေလိမ့်မည်။
ဒါက သူတို့လက်ရှိအဆင့်တွင် သူတို့ခုခံနိုင်သည့်အရာတစ်ခုမဟုတ်ပါ။
သူတို့ဆရာကို သီးသန့်နေရာကနေ ထွက်လာရန်အတွက် တောင်းဆိုရကောင်း တောင်းဆိုရလောက်သည်။
သို့စေကာမူ မုဖူရှန်း ဒီလိုနေ့မျိုးရောက်မလာရန်အတွက် ဆုတောင်းနေဆဲပင်။ ရောက်လာရင်လည်း ဖြည်းဖြည်းချင်း ရောက်လာတာက ကောင်းသည်။
မဟုတ်ပါက သူ့ဆရာရောက်လာသောအခါ ဒီကိစ္စကိုဖြေရှင်းမည့်အပြင် သူကလည်း ရှောင်ဟိုင်၏ ဟင်းလျာအဆိပ်စမ်းသပ်ခံတစ်ယောက်ဖြစ်လာရပေလိမ့်မည်။
လေလံစံအိမ်တွင် ဆူညံသံဟူ၍မရှိဘဲ ယင်းအစား ကြောက်မက်ဖွယ်ကောင်းစွာပင် ဆိတ်ငြိမ်နေသည်။
အဘယ်ကြောင့်ဆိုသော် ဒီသတင်းလေလံပွဲ၏သဘာ၀က အင်မတန်ထူးခြားသောကြောင့်ပင်။
သတင်းအချက်အလက်များကို လေလံတင်မည့်ပုံစံက တစ်ခြားအရာများနှင့် လှဲလှယ်ခြင်းပင်။
ကောင်းကင်ဘုံရတနာများလား!
နတ်လက်နက်ချပ်၀တ်လား!
ဒါမှမဟုတ် ကျင့်ကြံခြင်းကျင့်စဉ် သို့မဟုတ် စိတ်ဝိဉာဉ်ကျင့်စဉ်များလား!
စိတ်မကောင်းစွာပင် ဒီအရာများက တျန်ကျင်းကုန်သည်များအသင်းကို မဆွဲဆောင်နိုင်ပေ။
တျန်ကျင်းကုန်သည်များအသင်းတွင် ဒီအရာများမချို့တဲ့ဘူးဟု ဆို၍ရသည်။
ဒါ့အပြင် တျန်ကျင်းကုန်သည်များအသင်းက သူတို့သဘာ၀ရတနာများကို မနှစ်သက်သလို စိတ်မ၀င်စားတာကို ဖော်ပြခဲ့သည်။
တျန်ကျင်းကုန်သည်များအသင်းတွင် မရှိသည့်အရာတစ်ခုကို ထုတ်ယူနိုင်ပါက ဒါက တပ်မက်စရာဖြစ်လာမည်သာ။
ဒီလိုဖြစ်ပျက်ဖြစ်နိုင်သည်။
သို့စေကာမူ ဒါကအမြဲတော့မဖြစ်ပျက်ပါ။
သတင်းအချက်အလက်ကို လေလံဆွဲလိုပါက အဆုံးမဲ့ပင်လယ်ဒေသက သတင်းအချက်အလက်ကိုသုံးပြီး လဲလှယ်နိုင်သည်။
တစ်ချို့လူများက အဆုံးမဲ့ပင်လယ်ဒေသကို စူးစမ်းနေကြဆဲဖြစ်ပြီး တစ်ချို့ကမူ အတော်လေးကြောက်မက်ဖွယ်ရာ သဘာ၀ရတနာများ သို့မဟုတ် အမွေအနှစ်ရတနာများကို ရခဲ့ကြသည်။
သို့သော် ဒါကသူတို့အတွက် မသင့်တော်ပေ။
ဒီနည်းနှင့် သူတို့က သတင်းလေလံပွဲတွင် သူတို့အတွက် အသုံး၀င်သည့် သတင်းကို လဲလှယ်နိုင်သည်။
မှန်ပေသည်။ သတင်းအချက်အလက် လဲလှယ်စဉ် ပေါက်ကြားမှုကနေ ကာကွယ်တားဆီးရန်အတွက် ဂိုဏ်းအသီးသီးက တျန်ကျင်းကုန်သည်များအသင်း တန်ဖိုးကို သတ်မှတ်ပြီးနောက် သူတို့အသံများကို ပို့ဆောင်ရန်အတွက် သူတို့ပို့ပေးသည့် ကျောက်စိမ်းဆွဲသီးများနှင့် အသံလွှင်ကာ ပို့ဆောင်နိုင်သည်။
ဒီနည်းလမ်းဖြင့် လေလံဆွဲကြပြီး နောက်ဆုံးအပိုင်းကမူ ပုံမှန်လေလံပုံစံနှင့် အနည်းနှင့်အများတူပါသည်။
ဒီအကြောင်းရင်းများကြောင့် ဂိုဏ်းကြီးအသီးသီးက ဖလှယ်ရန်အတွက် ဘယ်သတင်းအချက်အလက်ကို သုံးရမလဲဆိုတာကို ဆွေးနွေးနေကြသည်။
ဒီသတင်းအချက်အလက်က ပေါက်ကြားနေ၍မရပေ။
ထို့ကြောင့် သူတို့အသံလွှင်ခြင်းဖြင့်သာ အသံပို့နိုင်သည်။
ဒါကလည်း လေလံခန်းမက ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဆိတ်ငြိမ်နေရသည့် အဓိကအကြောင်းရင်းတစ်ခုပင်။
သူတို့အကြာကြီးစောင့်နေစရာ မလိုခဲ့။
မြင့်မြတ်အဆောင်ဂိုဏ်းအခန်းထဲတွင် ဂိုဏ်းချုပ်နှင့် မဟာအကြီးအကဲတို့ တံခါးကိုဖွင့်ပြီး ၀င်လာပြီးနောက်တွင် လေလံစင်မြင့်ပေါ် ခရမ်းရောင်ကိုယ်ကျပ်၀တ်စုံကို ၀တ်ဆင်ထားသည့် ညို့ယူဖမ်းစားနေသော အမျိုးသမီးတစ်ဦး ချက်ချင်းပေါ်လာခဲ့သည်။
သူမလက်ထဲတွင် ရွှေတူလေးတစ်ချောင်းရှိသည်။ ခရမ်းရောင်၀တ်စုံရှင် အမျိုးသမီး ပေါ်လာသည့် အခိုက်အတန့်၌ မရေမတွက်နိုင်လောက်သောသူများ၏ နှလုံးများက တဒိန်းဒိန်းခုန်သွားကြ၏။
သူမက ညို့ယူဖမ်းစားနေပုံပေါ်သော်လည်း ညို့ယူဖမ်းစားနေတာတော့မဟုတ်။
သူမ၏မျက်လုံးထောင့်စွန်းက မှဲ့လေးက အမျိုးသမီး၏ ညို့ယူဖမ်းစားမှုကို ပေါင်းထည့်ပေးသည်။
ပုံမှန်အားဖြင့် စိတ်မ၀င်စားတတ်သည့် ရှီရှန်းပင်လျှင် အတွေ့အကြုံပိုရလာသည်။
တခြားတစ်ဘက်တွင် ဂိုဏ်းချုပ်နှင့် မဟာအကြီးအကဲတို့က ရှီရှန်း၊ ဟုန်ရင်နှင့် ကျန်သောသူများ၏ ကိုယ်ပိုင်လက္ခဏာများကို သိပြီးဖြစ်သည်။
ရှီရှန်း၏အမူအရာကို မြင်ရသောအခါ တစ်ယောက်ကပြုံးရင်းပြောသည်။
"ဒီအမျိုးသမီးနာမည်က ဇီရှန်းလို့ခေါ်တယ်၊ သူက တျန်ကျင်းကုန်သည်များအသင်းရဲ့ လေလံပွဲဦးစီးပဲ၊ တျန်ကျင်းကုန်သည်များအသင်းက လူအနည်းစုပဲ သူ့ကို အာဏာမှာ ယှဉ်ပြိုင်နိုင်တယ်"
"ဒါ့အပြင် သူ့ရဲ့ပါရမီက အရမ်းကြောက်စရာကောင်းတယ်၊ ထူးဆန်းတဲ့အရာတစ်ခုက သူဘယ်ကနေလာသလဲဆိုတာ ဘယ်သူမှမသိဘူး၊ ဒါပေမယ့် သူက ကြောက်စရာကောင်းတဲ့ ပါရမီရှင်တစ်ယောက်ပဲ"
ဟုန်ရင်စနောက်ကျီစယ်သည်။
"ငါတို့ရဲ့မောင်လေးရှီကလည်း ဆွဲဆောင်ခံနေရတာလား၊ ဒါကမလွယ်ကူဘူး၊ သွားလိုက်၊ ငါနင့်ကိုကူညီပေးမယ်"
ရှီရှန်းခေါင်းကုတ်ရင်းပြုံးသည်။
"မလိုပါဘူး၊ ကျင့်ကြံခြင်းက ပိုအရေးကြီးတယ်....."
ရှီရှန်း ထိတ်လန့်သွားသည့်အခါတိုင်း အမြဲလိုလိုခေါင်းကုတ်လေ့ရှိသည်။
ရှီရှန်းကို ယခုလိုမြင်ရသောအခါ ယဲ့ချိုးပိုင်၊ ဟုန်ရင်၊ နင်းချန်ရှင်းနှင့် ကျန်သောသူများက သိလိုက်ရသည်။
ရှီရှန်းက လှုပ်ရှားသွားခဲ့သည်။
သို့စေကာမူ သွေးဆောင်ခံရခြင်းက သွေးဆောင်ခံရတာနှင့်မတူပါ။
ပထမတစ်ခုက တစ်ဘက်လူ၏ အလှတရားနှင့် စိတ်နေစရိုက်က ရှီရှန်း၏ နှလုံးသားထိပ်ဖျားကို ထိုးစိုက်မိသည့် အတွက်ကြောင့်ပင်။
ဒါကယာယီအတွက်သာဖြစ်သည်။
ဒုတိယတစ်ခုက အချိန်တစ်ချို့ကုန်ဆုံးပြီးနောက် လူတစ်ယောက်၏ ဘ၀အကျင့်နှင့် ပင်ကိုယ်စရိုက်ကို နားလည်ခြင်းပင်။
တစ်ဘက်လူ၏ အကျင့်စရိုက်ကို လက်ခံပြီးနောက် ဒါကသူနှင့်အရမ်းကိုက်ညီတာကို သဘောပေါက်သွားမည်။ ဒီကဲ့သို့ သွေးဆောင်မှုမျိုးကသာ အချိန်ကြာရှည်စွာ ခံတတ်သည်။
မှန်ပေသည်။ ပထမတစ်ခုကြောင့် မဟုတ်ပါက ဒုတိယတစ်ခုက ဘယ်လိုလုပ် ဆွဲဆောင်ခံရနိုင်မည်နည်း။
ဒါကလုံး၀မဖြစ်နိုင်ပေ။
သို့စေကာမူ ကိစ္စအများစုတွင် ၀န်မခံချင်လျှင်ပင် ဒါကအမှန်တရားဖြစ်သည်။
အနာဂတ်တွင် ရှီရှန်းဘာဖြစ်သွားမည်နည်း။
ယဲ့ချိုးပိုင်နှင့် ဟုန်ရင်တို့က စံအိမ်တော်၏ အစ်ကိုကြီးနှင့် အစ်မကြီးဖြစ်သည်။
သူတို့တွင် ၀င်စွက်ဖက်ရန် ရည်ရွယ်ချက်မရှိပါ။
ဒီလိုကြီးမားသည့်အရာမျိုးကို ရှီရှန်းကိုယ်တိုင် လုပ်ဆောင်ရမည်။
အဆုံးသတ်တွင် ဒါက ကံကြမ္မာအပေါ် မူတည်နေဆဲပင်။
ထိုအချိန်တွင် ဇီရှန်းပြုံးသည်။
"လူတိုင်းက ကျွန်မတို့ရဲ့သတင်းလေလံပွဲကို စောင့်မျှော်နေတာ ကြာမြင့်နေလောက်ပြီလို့ ကျွန်မယုံကြည်ပါတယ်၊ လွန်ခဲ့တဲ့ သုံးရက်အတွင်း အပြင်ပကမ္ဘာမှာ ရယ်စရာကောင်းတဲ့ အရာတွေအများကြီးဖြစ်ပျက်ခဲ့တာကိုလည်း ကျွန်မတို့သိပြီးပါပြီ"
"ဒါပေမယ့် ကျွန်မတို့ တျန်ကျင်းကုန်သည်များအသင်းရဲ့ ခရမ်းရွှေဖိတ်စာကို ရဖို့ဖြစ်စေ ဒါမှမဟုတ် လူကြီးမင်းတို့ရဲ့ စွမ်းအားနဲ့ အစီအစဉ်ကြောင့် ရလာတဲ့ ခရမ်းရွှေဖိတ်စာဖြစ်စေ ဒီအရာအားလုံးက လူကြီးမင်းတို့ရဲ့ ကိုယ်ပိုင်စွမ်းရည်ကို အခြေခံပါတယ်"
"သူတို့အားလုံးကလည်း ကျွန်မတို့ရဲ့သတင်းလေလံပွဲမှာ လေလံပွဲအရောင်းအ၀ယ်၊ ဖလှယ်မှုတွေလုပ်ဖို့ အရည်အချင်းရှိကြပါတယ်"
ဇီရှန်းဒီစကားကိုပြောလိုက်စဉ် သူမ၏ မျက်နှာက အပြုံးက ပို၍ကျယ်လာသည်။ သို့စေကာမူ ဒီအပြုံးက ရှိနေသည့်လူတိုင်းကို အနည်းငယ် အေးစက်မှုကို ခံစားရစေသည်။
ဇီရှန်းပြုံးသည်။
"ကျွန်မတို့တျန်ကျင်းကုန်သည်များအသင်းက ဒီသတင်းလေလံပွဲကို ကျင်းပမယ်လို့ ပြောခဲ့တာပဲလေ"
"ဒါကပုံမှန်ကမ်းလှမ်းမှုဖြစ်နေသရွေ့ အဆင်ပြေပါတယ်၊ ဒါပေမယ့် တစ်ယောက်ယောက် ပြဿာနာဖြစ်စေတာနဲ့ ကျွန်မတို့တျန်ကျင်းကုန်သည်များအသင်းကို မယဉ်ကျေးတဲ့အတွက် အပြစ်မတင်ကြပါနဲ့"
"တျန်ကျင်းကုန်သည်များအသင်းကို သိကြတဲ့ စီနီယာတို့လူကြီးမင်းတို့က ကျွန်မတို့ရဲ့ နည်းစနစ်တွေနဲ့ ခွန်အားကိုလည်းသိမှာပါ"
ဒါကိုကြားသောအခါ လူတိုင်းရယ်မောလိုက်ကြသည်။
သူမမပြောလျှင်ပင် ဒီလိုကိုယ့်ကိုကိုယ် သတ်သေသည့်အရာမျိုးကို သူတို့လုပ်မည်မဟုတ်။
တျန်ကျင်းကုန်သည်များအသင်းက ကုန်သည်များအသင်းတစ်ခုသာ ဖြစ်သော်လည်း ၎င်း၏ နည်းစနစ်နှင့် အခြေခံအုတ်မြစ်က ဝိဉာဉ်အင်မော်တယ်နန်းတော်၊ မြင့်မြတ်အဆောင်ဂိုဏ်း၊ စုကလန်၊ ရွှမ်ယွမ်အင်ပါယာဂိုဏ်းနှင့် အက္ခရာလေးလုံးဂိုဏ်း အစရှိသည့် ထိပ်တန်းဂိုဏ်းများပင် သတိထားရန်လိုအပ်သည်။
ဒါ့အပြင် သူတို့အားလုံး ဆိုရိုးစကားတစ်ခုကြားခဲ့ကြသည်။ ဒါက ကောလဟလဆိုပါက ပိုမှန်လိမ့်မည်။
တျန်ကျင်းကုန်သည်များအသင်းက ဂိုဏ်းတစ်ခုခုကို အပြည့်အ၀ထောက်ပံ့ပေးချင်သရွေ့ ဒီဂိုဏ်းက အလယ်အလတ်အဆင့်ကြယ်နယ်မြေတွင် ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းဖြစ်လာပေလိမ့်မည်။
ဒီစကားလုံးများက အနည်းငယ်ချဲ့ကားလွန်းရာ ကျသော်လည်း ထိုဂိုဏ်းခေါင်းဆောင်များက ဒါကိုယုံကြည်သည်။
အဘယ်ကြောင့်ဆိုသော် တျန်ကျင်းကုန်သည်များအသင်းတွင် ဒီလိုခွန်အားမျိုး အမှန်တကယ်ရှိသောကြောင့်ပင်။
နှစ်များစွာအကြာက ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းက တျန်ကျင်းကုန်သည်များအသင်း၏ ဂုဏ်သိက္ခာကို စိန်ခေါ်ခဲ့ဖူးသည်။
တျန်ကျင်းကုန်သည်များအသင်းက စကားတစ်လုံးမှ ပြန်မပြောဘဲ လုပ်ကြံရန် အမိန့်တစ်ခုကိုသာ ပို့ခဲ့သည်။
ဆုလာဘ်က အတော်လေးကြီးမားရက်ရောလွန်းသဖြင့် ထိပ်တမ်းဂိုဏ်းများနှင့် ကောင်းကင်အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူများပင်လျှင် အတော်လေးမနာလိုအားကျခဲ့ရသည်။
ဒါ့အပြင် လုပ်ကြံရန်အတွက် အမိန့်ညွှန်ကြားချက်များစွာလည်း ရှိလာခဲ့သည်။
ရလဒ်အဖြစ် ရက်နှစ်ဆယ်အတွင်း တျန်ကျင်းကုန်သည်များအသင်းက ထုတ်ပြန်သည့် ဒီလုပ်ကြံရန်အမိန့်ကြောင့် ထိုထိပ်တန်းဂိုဏ်းက သမိုင်း၏ ရှည်လျားသည့်မြစ်ထဲတွင် လုံး၀ပျောက်ကွယ်သွားခဲ့ရသည်။
သူတို့က အစွမ်းထက်လူတစ်ယောက်ကို ချေမှုန်းဖျက်ဆီးရန်အတွက် ငွေကြေးကို အသုံးပြုခဲ့သည်ဟု အမှန်တကယ်ဆို၍ရသည်။
အပိုင်း(794) coming။