← Chapters

#ဓားနတ်ဘုရားအမွေအနှစ်#

Vol. 56 Ch. 794

#ဓားနတ်ဘုရားအမွေအနှစ်#

Vol. 56 Ch. 794

ဒီဖြစ်ရပ်ကြောင့်ပင် မည်သူကမှ တျန်ကျင်းကုန်သည်များအသင်း၏ အခြေခံအုတ်မြစ်ကို နောက်ထပ်မေးခွန်းမထုတ်ရဲကြတော့ပါ။

လုပ်ကြံသတ်ဖြတ်မှုအမိန့်တွင် ပေးထားသည့် အခကြေးငွေက အလယ်အလတ်အဆင့်ကြယ်နယ်မြေထဲက မည်သူ့ကိုမဆို ရူးသွပ်သွားစေရန်ပင် လုံလောက်နေလေပြီ။

ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းကို ယခုလိုနည်းလမ်းမျိုးနှင့် ဖျက်ဆီးခဲ့တယ်ဆိုတာ မကြားဖူးခဲ့ပေ။

တကယ်တမ်းတွင် တျန်ကျင်းကုန်သည်များအသင်းမှ ကျွမ်းကျင်သူများက လှုပ်ရှားစရာပင်မလို။

သူတို့က လက်ဖက်ရည်တစ်ငုံသောက်ရင်း တစ်ခြားသူများ ဂိုဏ်းကိုလုပ်ကြံရန် သို့မဟုတ် သေခြင်းတရားဆီသို့ ပို့သည်ကို စောင့်ဆိုင်းနေရုံမျှသာ။

ဒါ့အပြင်ဒီဆုလာဘ်များကို ပေးသောအခါတွင်လည်း တျန်ကျင်းကုန်သည်များအသင်းက မျက်တောင်ပင်မခတ်ပေ။ ဒါက သူတို့ကို အတော်လေးပျော်စေသည်။

ဒီအကြောင်းအရာများနှင့်ပတ်သက်သည့် ကောလဟလက တဖြည်းဖြည်းပျံ့နှံ့လာခဲ့သည်။

အကယ်၍ တျန်ကျင်းကုန်သည်များအသင်းသာ ကြားနေမှုကို နောက်ထပ်မထိန်းသိမ်းထားပါက အလယ်အလတ်အဆင့်ကြယ်နယ်မြေ၏ တည်ဆောက်ပုံနှင့် ဂိုဏ်းခွဲများကို ပြန်လည်ဖွဲ့စည်းရပေလိမ့်မည်။

တစ်ချိန်တည်းမှာပင် တျန်ကျင်းကုန်သည်များအသင်းအဖို့ ဘယ်ဂိုဏ်းကိုမဆို သတ်ဖြတ်ပစ်ရန်ဟူသည် မခက်ခဲ။

အကယ်၍ တျန်ကျင်းကုန်သည်များအသင်းသာ ဂိုဏ်းတစ်ခုခုကို ထိပ်တန်းကို ရောက်စေလိုပါက ထိုဂိုဏ်းက သေချာပေါက် ထိပ်ဆုံးကို ရောက်မည်သာ။

ဒီအတွက်ကြောင့်ပင် ဘယ်သူမှ တျန်ကျင်းကုန်သည်များအသင်း၏ ဂုဏ်သိက္ခာကို ဒေါသမထွက်ရဲကြ။

ထို့ကြောင့်လည်း သတင်းလေလံခန်းမ၌ မည်သူမှ အလျင်စလိုမလုပ်ရဲပေ။

ဂိုဏ်းနှစ်ဂိုဏ်းကြားတွင် အမုန်းတရားရှိလျှင်ပင် သူတို့က အချင်းချင်းမျက်နှာချင်းဆိုင်ထိုင်ကာ တစ်ဦးကိုတစ်ဦးကြည့်ပြီး တျန်ကျင်းကုန်သည်များအသင်း၏ တိုက်ခိုက်မှုကနေ ရှောင်ရှားရန်အတွက် ခံစားချက်များကို ထိန်းသိမ်းရင်း ရန်သူကနေ မိတ်ဆွေများအဖြစ် ယာယီပြောင်းသွားကြသည်။

မြင့်မြတ်အဆောင်ဂိုဏ်း၏ လျှို့ဝှက်အခန်းထဲတွင် ယဲ့ချိုးပိုင် ဒီမြင်ကွင်းကိုကြည့်ရင်း အနည်းငယ်အံ့ဩသင့်တကြီးပြောသည်။

"ဒီတျန်ကျင်းကုန်သည်များအသင်းရဲ့ အခြိမ်း‌အခြောက်က တကယ်ပဲ အစွမ်းထက်တာပဲ၊ စကားတစ်ခွန်းတည်းနဲ့ ရှိနေတဲ့ လူတိုင်းနီးပါးကို ဖိနှိပ်ပစ်နိုင်တယ်"

ထိုင်ခုံပေါ်ရှိ မြင့်မြတ်အဆောင်ဂိုဏ်းချုပ် ရယ်မောသည်။

"ဒါကပုံမှန်ပါပဲ၊ ငါတို့ရဲ့ မြင့်မြတ်အဆောင်ဂိုဏ်းကတောင် တျန်ကျင်းကုန်သည်များအသင်းကို ရန်စစော်ကားလို့မရဘူး"

တျန်ကျင်းကုန်သည်များအသင်း၏ စွမ်းအားက စံအိမ်တော်က လူတိုင်း၏ နှလုံးသားများကို ပို၍ပင် လေးလံသွားစေသည်။

ဒီနေ့ဖြစ်ပျက်ခဲ့သည့်အရာအားလုံးက အတော်လေးသံသယဖြစ်စရာကောင်းပြီး ငရဲဂိုဏ်းနှင့် တျန်ကျင်းကုန်သည်များအသင်းက ပူးပေါင်းဆောင်ရွက်နေသည်ဟု ညွှန်ပြနေသည်။

ဒီလိုသာဖြစ်ပျက်သွားပါက အရာများက အများကြီးပို၍ ခက်ခဲလာပေတော့မည်။

ထိုအချိန်တွင် ဇီရှန်းပြုံးရင်း လက်ထဲက ရွှေတူလေးကို စင်ပေါ်ကောက်တင်ကာ သူမ၏ အနီရောင်နှုတ်ခမ်းအစုံက အနည်းငယ်ဟသွားသည်။

"လူတိုင်းစည်းမျဉ်းကိုသိကြမှာပါ၊ ဒီတော့ လေလံပွဲကို စလိုက်ကြရအောင်"

စင်မြင့်အောက်က အင်အားစုများနှင့် စင်မြင့်အပေါ်က အခန်းများရှိ အင်အားစုများက စင်မြင့်ပေါ်သို့ ကြည့်လိုက်ကြ၏။

အဘယ်ကြောင့်ဆိုသော် သူတို့လေလံပွဲ၏ စည်းမျဉ်းများကို ကောင်းကောင်းသိသောကြောင့်ပင်။

ယေဘုယျအားဖြင့် ဆိုရပါက ဒီလေလံပွဲတွင် လူတစ်ဦး၏စိတ်၀င်စားမှုကို အစကနေဆွဲဆောင်ရန်နှင့် လေလံတင်ရန်အတွက် လူတိုင်း၏ စိတ်အားထက်သန်မှုကို တိုးမြှင့်ရန် ပထမပစ္စည်းက နောက်ဆုံးပစ္စည်း၏ ဒုတိယမြောက် ဖြစ်ပေလိမ့်မည်။

မျှော်လင့်ထားသည့်အတိုင်းပင် ဇီရှန်း လက်ကိုဝှေ့ယမ်းလိုက်သောအခါ ဝိဉာဉ်ချီဖြင့် ဖန်တီးထားသော ခရမ်းရောင်အလင်းဖန်သားတစ်ခု သူမနောက်တွင် ပေါ်လာသည်။

အလင်းဖန်သားပြင်၌ စာလုံးကြီးအနည်းငယ်က ဖြည်းညင်းစွာ ပေါ်လာသည်။

ဓားနတ်ဘုရား၏ အမွေအနှစ်!

ချက်ချင်းဆိုသလို ရှိနေသည့်ဓားသမားအားလုံး အသက်ရှူကျပ်သွားကြသည်။

ဓားသမားမဟုတ်သည့် ကျင့်ကြံသူများတွင်ပင်လျှင် စိတ်အားထက်သန်သည့် အကြည့်ကိုယ်စီ ရှိနေကြသည်။

ဓားနတ်ဘုရား!

ဒီစကားလုံးနှစ်လုံးက ဘာကိုဆိုလိုတာလဲ!

သူတို့သိကြပါသည်။

ဒီနေရာတွင်ရှိနေသည့် ကျင့်ကြံသူများနှင့် အင်အားစုများက ရိုးရှင်းသောသူများမဟုတ်ကြပါ။

အကယ်၍ သာမန်လူတစ်ယောက်သာ ဆိုပါက အင်မော်တယ်ဓားနယ်ပယ်က အလယ်အလတ်အဆင့်ကြယ်နယ်မြေ၌ ဓားတာအို၏ အထွတ်အထိပ်အဆင့်ဟုသာ သူတို့သိကြပေလိမ့်မည်။

သို့စေကာမူ အင်မော်တယ်ဓားနယ်ပယ်နောက်တွင်ရော!

အလယ်အလတ်အဆင့်ကြယ်နယ်မြေတစ်ခုလုံးတွင် လူအနည်းငယ်ကသာ ဒီအဆင့်ကို ရောက်နိုင်သော်လည်း အင်မော်တယ်ဓားအပြီး ဓားတာအိုနယ်ပယ်ကို တကယ်တမ်းတွင် ရှေးဟောင်းစာအုပ်များ၌ မှတ်တမ်းတင်ထားသည်။

ဓားနတ်ဘုရား!

အင်မော်တယ်ဓားတာအိုက ဓားအင်မော်တယ်ဖြစ်သည်။

နတ်ဓားတာအိုက ဓားနတ်ဘုရားဖြစ်သည်။

ယခုအလယ်အလတ်အဆင့်ကြယ်နယ်မြေတွင် အင်မော်တယ်ဓားနယ်ပယ်ကို ရောက်နေသည့်သူများက ဟောင်ကျန်းဟန်၊ ယဲ့ချိုးပိုင်နှင့် ကောင်းကင်အင်မော်တယ်နယ်ပယ်က မွန်းစတားနှစ်ယောက်ဖြစ်သည်။

ဟောင်ကျန်းဟန်ကမူ အလယ်အလတ်အဆင့်ကြယ်နယ်မြေ၌ နံပါတ်တစ်ဓားတာအိုပညာရှင်အဖြစ် လူသိများသည်။

သူတို့ကလည်း ဓားနတ်ဘုရားနယ်ပယ်၏ တည်ရှိမှုကို သိကြပါသည်။

သို့စေကာမူ သူတို့ဓားနတ်ဘုရားနယ်ပယ်၏ အစွန်းကို မထိနိုင်ကြပါ။

တစ်ခြားနည်းလမ်းမရှိပေ။

ဘယ်ဦးတည်ချက်မှလည်းမရှိပေ။

သို့သော်ယခုတွင်မူ ဓားနတ်ဘုရားအမွေအနှစ်က အမှန်တကယ် ပေါ်လာခဲ့လေပြီ။

ဓားသမားများအတွက် ဒါက ဓားနတ်ဘုရားတစ်ဦးဖြစ်လာရန် လမ်းညွှန်ချက်တစ်ခုဟု ဆို၍ရသည်။

ဒါကသူတို့အတွက် ဘယ်လောက်တောင် ဆွဲဆောင်မှုရှိသလဲ!

ဟောင်ကျန်းဟန်က ဒုတိယတန်းစားအင်အားစုဖြစ်လေရာ သူအောက်တွင်သာ ထိုင်နိုင်သည်။ ဒီစာကိုသူမြင်သောအခါ သူ့နှလုံးသားက တုန်ယင်သွားရသည်။

ဇီရှန်း ကျင့်ကြံသူများ၏ အမူအရာနှင့် အကြည့်များကိုကြည့်ရင်း ကျေနပ်စွာပြုံးကာ လက်မောင်းကိုဝှေ့ယမ်းသည်။

"ဒီစာလုံးလေးလုံးက ဘာကိုဆိုသလဲဆိုတာ လူတိုင်းနားလည်ကြမယ်လို့ ကျွန်မယုံကြည်ပါတယ်၊ တကယ်လို့ တစ်ယောက်ယောက်မှာ ဓားနတ်ဘုရားအမွေအနှစ်အကြောင်း သတင်းအချက်အလက်ကို ရယူနိုင်မယ့် မျှော်လင့်ချက်တစ်ခုခုရှိရင် ကျောက်စိမ်းဆွဲသီးကနေ ကျွန်မဆီကို အသံပို့ပြီး လေလံတင်နိုင်ပါတယ်"

ချက်လျင်းဆိုသလို အင်မော်တယ်ဓားနယ်ပယ် တစ်၀က်အဆင့်ကို ရောက်နေသည့် ကောင်းကင်အင်မော်တယ်နယ်ပယ် ဓားသမားတစ်ယောက် လက်မြှောက်လိုက်သည်။

သူလက်ဖဝါးထဲတွင် ကျောက်စိမ်းဆွဲသီးကိုကိုင်ထားပြီးနောက် အစိမ်းရောင်အလင်းတန်းတစ်ခု လင်း၀င်းသွား၏။

ဇီရှန်းသတင်းကို ရရှိသဖြင့် ပြုံးသည်။

"ဒါကကြယ်နှစ်ပွင့် ထိုက်တန်ပါတယ်"

တျန်ကျင်းကုန်သည်များအသင်းက သတင်းအချက်အလက်တန်ဖိုးကို မှတ်တမ်းတင်ရန် လွယ်ကူစေရန်အတွက် ဒီလေလံတင်မှုအဖို့ အသုံးပြုသည့် သတင်းပချက်အလက်ကိုလည်း တန်ဖိုးထားသည်။

ထိုတန်ဖိုးများအနက် ကြယ်တစ်ပွင့်က အနိမ့်ဆုံးဖြစ်ပြီး ကြယ်ငါးပွင့်က အမြင့်ဆုံးဖြစ်သည်။

သတင်းအချက်အလက်ကို ကြယ်ငါးပွင့်နှင့် ချိတ်ဆက်လိုက်ပြီးနောက် နောက်ဆုံးကောက်ချက်မချခင် တျန်ကျင်းကုန်သည်များအသင်းက ဒါကိုထပ်ပြီး နှိုင်းယှဉ်ကြည့်မည်ဖြစ်သည်။

ဒါကိုကြားသောအခါ ကောင်းကင်အင်မော်တယ်နယ်ပယ် ဓားသမား အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ သူ့သတင်းက ကြယ်နှစ်ပွင့်သာ ထိုက်တန်သလားဟု သူပြောချင်သည်။

သို့စေကာမူ တစ်ဘက်လူက တျန်ကျင်းကုန်သည်များအသင်းကဖြစ်ပြီး ယခုလို မှားယွင်းသည့် တန်ဖိုးဖြတ်မှု လုပ်မှာမဟုတ်တာကို တွေးမိသောအခါ သူအားကိုးရာမဲ့စွာ ထိုင်ရုံသာ တတ်နိုင်သည်။

ဇီရှန်းလက်ထဲက ရွှေတူလေးကို ထိရင်း လူတိုင်းကိုစိုက်ကြည့်ကာ ပြုံးသည်။

"ဆက်ကြရအောင်"

လူအနည်းငယ်က သတင်းအချက်အလက်များနှင့် လေလံတင်ကြသည်။

မြင့်မြတ်အဆောင်ဂိုဏ်းအခန်းထဲတွင် ဂိုဏ်းချုပ် ယဲ့ချိုးပိုင်အားကြည့်ရင်း ပြုံးသည်။

"ယဲ့ချိုးပိုင်၊ ဒီဓားနတ်ဘုရားအမွေအနှစ်ကို မင်းအတော်လေးစိတ်၀င်စားနေမှာပါ၊ ဟုတ်တယ်မလား"

ယဲ့ချိုးပိုင်ပြုံးရင်း ခေါင်းညိတ်သည်။

"ကျွန်တော်စိတ်၀င်စားတာပေါ့၊ ဒါပေမယ့် ကျွန်တော့်မှာ သတင်းအချက်အလက်ကောင်းတွေမရှိတော့ တစ်ချက်ကြည့်ရုံပဲပေါ့"

ယဲ့ချိုးပိုင် တစ်ခြားဘာမှမပြောခဲ့ပေ။

လေလံပွဲကို၀င်လာရသည့် သူတို့၏ အဓိကရည်ရွယ်ချက်က လေလံတင်သည့် သတင်းအချက်အလက်အတွက်မဟုတ်ပေ။

ယင်းအစား သူတို့က တျန်ကျင်းကုန်သည်များအသင်းနှင့် ငရဲဂိုဏ်းက ဘယ်လိုဆက်စပ်မှုမျိုးရှိသလဲဆိုတာ သိချင်သောကြောင့်ပင်။

ဂိုဏ်းချုပ်မှာ ယဲ့ချိုးပိုင်၏ စိတ်နေသဘောထားကို သဘောကျသွား၏။

သူ့ပါရမီက အရမ်းကြောက်စရာကောင်းသည်။

ဒီအသက်အရွယ်နှင့်ကျင့်ကြံခြင်းမှာပင် သူက အင်မော်တယ်ဓားနယ်ပယ်ကို ရောက်နေလေပြီ။

ဒါ့အပြင် 'ဒါကိုရနိုင်တာက ငါ့ကံကြမ္မာ၊ ဆုံးရှုံးတာကလည်း ငါ့ကံကြမ္မာ' ပဲဟူသော စရိုက်မျိုးလည်းရှိသည်။

ဓားသမားများအကြား ယဲ့ချိုးပိုင်၏ ပါရမီနှင့်စရိုက်က ပြိုင်ဘက်ကင်းသည်ဟု ဆို၍ရသည်။

သူဟောင်ကျန်းဟန်ကို ကျော်လွှားပြီး အလယ်အလတ်အဆင့်ကြယ်နယ်မြေ၏ နံပါတ်တစ်ဓားတာအိုပညာရှင်ဖြစ်လာရန်ဟူသည် အချိန်တစ်ခုမျှသာ လိုအပ်သည်။

ဂိုဏ်းချုပ်ပြုံးသည်။

"သတင်းအချက်အလက်မရှိတာက ဘာမှမဖြစ်ပါဘူး၊ မင်းက မုဖူရှန်းရဲ့ အစ်ကိုကြီးပဲလေ၊ ငါမင်းကို ဒီသတင်းအချက်အလက်အတွက် လေလံတင်ဖို့ ကူညီနိုင်ပါတယ်"

ယဲ့ချိုးပိုင်သူ့ကို မတားနိုင်ခင်မှာပင် ဂိုဏ်းချုပ် လက်ထဲတွင် ကျောက်စိမ်းဆွဲသီးကို ကောက်ကိုင်ပြီး သတင်းပို့လိုက်သည်။

ဇီရှန်းဒီသတင်းကိုရသောအခါ တန်ဖိုးကို အကဲဖြတ်နေသည့်လူများထံ သတင်းကို ပြန်ပို့ပေးသည်။

မကြာခင် သူမအဖြေတစ်ခုရလာသောအခါ ဇီရှန်း ရှင်းလင်းမြင်သာစွာပင် ကြက်သေသေသွားရသည်။

သူမခေါင်းအနည်းငယ်မြှောက်ရင်း မြင့်မြတ်အဆောင်ဂိုဏ်းအခန်းရှိရာဘက်သို့ ကြည့်လိုက်မိသည်။

"မြင့်မြတ်အဆောင်ဂိုဏ်းက ပေးတဲ့ သတင်းအချက်အလက်ရဲ့တန်ဖိုးက ကြယ်...ကြယ်ငါးပွင့်ပါ" သူမစိတ်ရှုပ်ထွေးစွာ ပြောသည်။

တစ်ခဏအကြာတွင် ထိုနေရာတစ်ခုလုံးက အုတ်သောင်းအုတ်နင်းဖြစ်သွားသည်။

မြင့်မြတ်အဆောင်ဂိုဏ်းက အဆောင်တာအိုကိုပဲ အာရုံစိုက်ထားတာမလား!

သူတို့ဘယ်လိုလုပ် ဓားနတ်ဘုရားအမွေအနှစ်အတွက် ကြယ်ငါးပွင့်တန်တဲ့ သတင်းအချက်အလက်ကို ယူလာနိုင်ရတာလဲ!

အပိုင်း(795) coming။

All Chapters