#ထူးခြားသည့်အော်ရာ#
Vol. 56 Ch. 795
ကျန်သောသူများက ကြယ်သုံးပွင့်အတွက် လေလံတင်နေကြသော်လည်း မြင့်မြတ်အဆောင်ဂိုဏ်းက အံ့ဩသင့်ဖွယ်ကောင်းစွာပင် ကြယ်ငါးလုံးတန်ဖိုးအထိ မြှင့်တင်ခဲ့သည်။
ဒါကကျန်သောသူများကို ထိတ်လန့်သွားစေသည်။
ပထမအချက်က ကြယ်ငါးပွင့်သတင်းအချက်အလက်ကို ထိပ်တန်းဂိုဏ်းများနှင့် ကောင်းကင်အင်မော်တယ်နယ်ပယ် ကျင့်ကြံသူများပင်လျှင် အတော်လေးမနာလိုအားကျကြသည်ဟု ဆိုနိုင်သည်။
မြင့်မြတ်အဆောင်ဂိုဏ်းက အမှန်တကယ်ပင် ပထမပစ္စည်းကို ထုတ်ခဲ့သည်။
ဘေယုယျအားဖြင့် ကြယ်ငါးပွင့်အဆင့် သတင်းအချက်အလက်များကို ဂိုဏ်းအသီးသီးက နောက်ဆုံးပစ္စည်းအနည်းငယ်တွင်သာ အသုံးပြုတတ်ကြသည်။
ဒုတိယအချက်က မြင့်မြတ်အဆောင်ဂိုဏ်းတစ်ခုလုံးက အဆောင်သခင်များနှင့် ပြည့်နှက်နေခြင်းပင်။
လေလံတင်ရန်အတွက် လိုအပ်သည့် သတင်းအချက်အလက်အမွေအနှစ်နှင့် လျှို့ဝှက်ရတနာများက အဆောင်နှင့် ဆက်စပ်နေရပေမည်။
အများဆုံးတော့ ဝိဉာဉ်စွမ်းအားနှင့် အမွေအနှစ်ရတနာတစ်ခု ရှိပေလိမ့်မည်။
သို့စေကာမူ ဒီဓားနတ်ဘုရားအမွေအနှစ်က မြင့်မြတ်အဆောင်ဂိုဏ်းနှင့် ဘာဆိုင်သနည်း။
သူတို့အဖိုးဖြတ်မရနိုင်တဲ့ ကြယ်ငါးပွင့်သတင်းအချက်အလက်ကို လေလံတင်ဖို့အတွက် သုံးဖို့လိုလို့လား!
ဒါက လူတိုင်းကို အများဆုံးစိတ်ရှုပ်ထွေးစေသည့်အရာပင်။
ဒါမှမဟုတ် ဓားသမားတစ်ယောက်က မြင့်မြတ်အဆောင်ဂိုဏ်းနှင့် အပေးအယူတစ်ခုများ လုပ်ချင်တာလား!
သူတို့နဲ့ သတင်းအချက်အလက် ဖလှယ်ချင်တာလား!
ဒါကတစ်ခုတည်းသော ဖြစ်နိုင်ချေပင်။
သို့စေကာမူ မြင့်မြတ်အဆောင်ဂိုဏ်းချုပ်က ဒီအကြောင်းကို မတွေးပေ။
သူ့အတွက်မူ ကြယ်ငါးပွင့်သတင်းအချက်အလက်နှင့် အနာဂတ်တွင် အလယ်အလတ်အဆင့်ကြယ်နယ်မြေ၌ နံပါတ်တစ်ဓားတာအိုကျွမ်းကျင်သူ ဖြစ်လာရန်အတွက် လျာထားခံရသည့် စူပါပါရမီရှင်တစ်ယောက်ဆီက ကျေးဇူးကြွေးအဖြစ် ဓားနတ်ဘုရား၏ အမွေအနှစ်ကို လဲလှယ်ပေးဆောင်ခြင်းက အပေးအယူကောင်းတစ်ခုပင်။
ဒါ့အပြင် မုဖူရှန်း၊ ယဲ့ချိုးပိုင်နှင့် ရှိနေသောသူတိုင်းကို တစ်ချိန်တည်းတွင် ပျိုးထောင်ပေးရန်အတွက် သူတို့နောက်ကွယ်ကဂိုဏ်းနှင့် ထိုဆန်းကြယ်သည့်ပညာရှင်က သေချာပေါက် ရိုးရှင်းမည်မဟုတ်။
တစ်ခုကကြယ်ငါးပွင့် သတင်းအချက်အလက်ဖြစ်ပြီး ကျန်တစ်ခုက ဓားနတ်ဘုရားအမွေအနှစ်ဖြစ်သည်။
ဒီနှစ်ခုအတွက် လဲလှယ်ရတာက ထိုက်တန်တယ်မလား!
ယဲ့ချိုးပိုင်ကလည်း ဂိုဏ်းချုပ်၏ အကြံအစည်ကို သဘောပေါက်ပါသည်။
သို့စေကာမူ တစ်ဘက်လူက လှုပ်ရှားပြီးဖြစ်လေရာ သူလက်ခံရုံသာ တတ်နိုင်သည်။
မည်သို့ပင်ဆိုစေကာမူ ယဲ့ချိုးပိုင်ကလည်း ဓားနတ်ဘုရားအမွေအနှစ်ကို အတော်လေးစိတ်၀င်စားနေသည်။
တစ်ချိန်တည်းမှာပင် မြင့်မြတ်အဆောင်ဂိုဏ်းကလူများက မဆိုးပေ။ ဒီကာလအတောအတွင်း သူတို့က မုဖူရှန်းနှင့် မိမိတို့အတွက် ကြီးမားသည့် အကူအညီဖြစ်ခဲ့သည်။
တစ်ခဏကြာထိတ်လန့်သွားပြီးနောက် ဟောင်ကျန်းဟန်လည်း နားလည်သွားသဖြင့် ခပ်ရေးရေးပြုံးရင်း လေလံတင်တာကို လက်လျှော့လိုက်သည်။
စုမိသားစုနှင့် ဝိဉာဉ်အင်မော်တယ်နန်းတော်ကလည်း အတူတူဖြစ်သည်။
မြင့်မြတ်အဆောင်ဂိုဏ်းက ဓားနတ်ဘုရားအမွေအနှစ်အတွက် လေလံတင်ရာတွင် ပါ၀င်ပြီးနောက် အဖိုးအိုတစ်ယောက် တည်ငြိမ်နေသည့် အမူအရာဖြင့် ထရပ်ရင်း လက်ထဲတွင် ကျောက်စိမ်းဆွဲသီးကို ကိုင်လိုက်သည်။
ဒီအဖိုးအိုကို နားလည်ကြသည့်လူများက သူ့ကိုမြင်သောအခါ သူတို့၏ အမူအရာများက ထိတ်လန့်သွားကြ၏။
ဒီအဖိုးအိုက ဟောင်ကျန်းဟန်ကဲ့သို့ အင်မော်တယ်ဓားနယ်ပယ်ဖြစ်သည်။
သူက ဓားအင်မော်တယ်ယွန်ဟုခေါ်သည့် ကောင်းကင်အင်မော်တယ်နယ်ပယ် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်ပင်။
အစိမ်းရောင်အလင်း လင်း၀င်းသွားပြီး ဇီရှန်းဒါကိုကြားသည်နှင့် သူမ၏မျက်လုံးများက အနည်းငယ်ထိတ်လန့်သွားသည်။
ဒီသတင်းအချက်အလက်ရဲ့တန်ဖိုးက...!
သို့စေကာမူ တုံ့ပြန်မှုကို ရလာသောအခါ ဇီရှန်းထပ်မံမျက်မှောင်ကြုတ်လိုက်ပြန်သည်။
"ဓားအင်မော်တယ်ယွန်....ဒါက ကြယ်လေးပွင့်ထိုက်တန်ပါတယ်"
ကြယ်လေးပွင့်လား!
ဓားအင်မော်တယ်ယွန်က မျက်မှောင်ကြုတ်မသွားခဲ့ပေ။
"တျန်ကျင်းကုန်သည်များအသင်းရဲ့ စံနှုန်းက ဒီလောက်တောင်မြင့်တာလား၊ ဒီသတင်းကတောင် ကြယ်လေးလုံးပဲ တန်တယ်"
"ကျုပ်နည်းနည်းသိချင်မိတယ်၊ မြင့်မြတ်အဆောင်ဂိုဏ်းကပေးတဲ့ ဘယ်လိုသတင်းအချက်မျိုးကများ ကြယ်ငါးပွင့်ထိ ရောက်နိုင်ရတာလဲ"
ဇီရှန်းရှင်းပြသည်။
"ဒါက တျန်ကျင်းကုန်သည်များအသင်းကနေ ဒီသတင်းရဲ့တန်ဖိုးသတ်မှတ်ချက်ပါ၊ ကျွန်မက တန်ဖိုးဖြတ်တာမှာ မပါ၀င်ဘဲ ဒီကိစ္စကို အစီရင်ခံရုံပဲခံခဲ့တာပါ"
ဓားအင်မော်တယ်ယွန် ညင်သာစွာခေါင်းညိတ်ရင်း ထိုင်လိုက်သည်။
နောက်ထပ်ဓားသမားအနည်းငယ်ကလည်း လေလံတင်ကြသည်။
သို့စေကာမူ အမြင့်ဆုံးက ကြယ်လေးပွင့်သာ။
ထို့နောက် မည်သူကမှ မြင့်မြတ်အဆောင်ဂိုဏ်းချုပ်ပေးသည့် ကြယ်ငါးပွင့် သတင်းအချက်၏ တန်ဖိုးအထိ မရောက်နိုင်ခဲ့ကြပါ။
ဒီမြင်ကွင်းကို မြင်သောအခါ ဂိုဏ်းချုပ် အံ့ဩသင့်တကြီးပြောသည်။
"ယုတ္တိတန်စွာပြောရရင် ငါ့ရဲ့သတင်းစကားက ကြယ်ငါးပွင့်မထိုက်တန်သင့်ဘူး၊ ဒီစကားက တစ်ခြားလေလံဆွဲသူတွေရဲ့ နောက်ခံကို သက်သေပြရုံသက်သက်ပဲ..."
နောက်ဆက်တွဲအနေနှင့် တခြားတစ်ယောက်က ဂိုဏ်းချုပ်ထက် ပိုမြင့်မားသည့် ဈေးဖြင့် ကမ်းလှမ်းလာလျှင်ပင် သူ့တွင် နောက်ခံအစီအစဉ် ရှိပါသေးသည်။
ဂိုဏ်းချုပ်၏ စကားလုံးများကို ကြားရသောအခါ ယဲ့ချိုးပိုင် အနည်းငယ် ကြက်သေသေသွား၏။
ထို့နောက် သူဟုန်ရင်နှင့် မုဖူရှန်းတို့ကို ကြည့်လိုက်သည်။
သူတို့၏အမူအရာများကလည်း အနည်းငယ် အံ့ဩသင့်နေကြသည်။
ဂိုဏ်းချုပ်ပြောသလိုဆိုပါက ဒီတန်ဖိုးသတ်မှတ်ချက်က ထူးခြားနေသည်။
ဓားအင်မော်တယ်ယွန်၏ တုံ့ပြန်မှုကိုပါ ပေါင်းစပ်ပါက ဓားအင်မော်တယ်ယွန်က သူ့သတင်းအချက်အပေါ် အတော်လေး ယုံကြည်မှုရှိလောက်သည်။
သို့စေသည့်တိုင် ကြယ်လေးလုံးသာ ရခဲ့သည်။
ဒီအရာအားလုံးကို ပေါင်းစပ်လိုက်ပါက ဒီကိစ္စနှင့်ပတ်သက်ပြီး တစ်ခုခုတကယ်ပင် မှားယွင်းနေလေပြီ။
တျန်ကျင်းကုန်သည်များအသင်းက ဓားနတ်ဘုရားအမွေအနှစ်ကို မြင့်မြတ်အဆောင်ဂိုဏ်းကို အတင်းပေးချင်နေသည့်အလားပင်။
မုဖူရှန်းလေးနက်စွာပြောသည်။
"တစ်ခုခုတော့မှားနေပြီ...."
ဟုန်ရင်ခေါင်းညိတ်သည်။
"တစ်ဘက်လူက မြင့်မြတ်အဆောင်ဂိုဏ်းရဲ့ ဒီအခန်းအကြောင်းကိုသိပြီး အစ်ကိုကြီးကို ပစ်မှတ်ထားနေတာများ ဖြစ်နိုင်လား"
ယဲ့ချိုးပိုင်၏ အမူအရာက အနည်းငယ် မည်းမှောင်သွားသည်။
"စောင့်ကြည့်ကြရအောင်"
အကယ်၍ သူတို့ခန့်မှန်းမှုသာ မှန်ပါက သူတို့နောက်ထပ်ပစ္စည်းအနည်းငယ်ကို လေလံဆွဲလျှင်ပင် အလွယ်တကူ ရနိုင်လောက်သည်။
ထို့နောက် မုဖူရှန်း မြင့်မြတ်အဆောင်ဂိုဏ်းချုပ်ကို ကြည့်ပြီး လက်သီးနှစ်ဖက်ဆုပ်သည်။
"ဂိုဏ်းချုပ်၊ ကျွန်တော်တို့တစ်ခုခုကို အတည်ပြုချင်တယ်၊ နောက်ကျရင် ဂိုဏ်းချုပ် ကျွန်တော်တို့နဲ့ ပူးပေါင်းပေးနိုင်မလား"
ဂိုဏ်းချုပ်ကြက်သေသေသွားပြီးနောက် ခေါင်းညိတ်သည်။
.....
လေလံပွဲကဆက်သွားနေသည်။
မျှော်လင့်ထားသည့်အတိုင်းပင် ဓားနတ်ဘုရားအမွေအနှစ်အကြောင်း ပထမသတင်းအချက်အလက်အပြီး အလယ်ကတစ်ခုက ပထမတစ်ခုလောက် အံ့ဩစရာမကောင်းပါ။
ဒါကို ဓားနတ်ဘုရားအမွေအနှစ်နှင့် ယှဉ်၍မရသော်လည်း အများကြီးတန်နေဆဲပင်။
ဒါကလည်း လူတိုင်း၏ လေလံဆွဲလိုသည့် ဆန္ဒကို ဆွဲဆောင်သွားခဲ့သည်။
သတင်းလေလံပွဲတွင် သူတို့လက်ထဲက သူတို့အတွက် အရမ်းကြီးအသုံးမ၀င်သည့် သတင်းအချက်အလက်များကို သုံးပြီး သူတို့အတွက် အသုံး၀င်သည့် သတင်းအချက်အလက်များကို လဲလှယ်ချင်တာက တစ်ကိုယ်တော်ကျင့်ကြံသူများနှင့် ဂိုဏ်းများဖြစ်သည်။
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကလည်း လေလံဆွဲရန် ကြိုးစားခဲ့ကြသည်။
သူဂိုဏ်းချုပ်ကို အတည်ပြုရန်အတွက် ကြယ်တစ်ပွင့်နှင့် ကြယ်နှစ်ပွင့် သတင်းအချက်အလက်တစ်ချို့ကို သုံးရန်အတွက်ပင် အထူးတောင်းဆိုခဲ့သည်။
သို့စေကာမူ တစ်ခြားသူများ၏ ယူဆောင်သွားခြင်းကို ခံရသည်။
ဒီကာလအတောအတွင်း ယဲ့ချိုးပိုင် သူတို့အတွက် အသုံး၀င်မည့် သတင်းအချက်အလက်ရှိလာပါက စမ်းသပ်ရန် အကြံပြုခဲ့သည်။
သို့စေကာမူ ရလဒ်က အတူတူပင်။
ဒါက ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကို အနည်းငယ် စိတ်ရှုပ်ထွေးသွားစေသည်။
ဓားနတ်ဘုရားအမွေအနှစ်အတွက် လေလံဆွဲတာက တိုက်ဆိုင်မှုတစ်ခုပဲ ဖြစ်နိုင်မလား!
နေ့တစ်၀က် လျင်မြန်စွာကုန်ဆုံးသွား၏။
ဒီကာလအတောအတွင်း သူ လေလံဆွဲရာ၌ အချိန် အများကြီးအသုံးမပြုတော့ပါ။
အစပိုင်းတွင် သတင်းအချက်အလက်များ သိပ်မရှိသဖြင့် အမြန်နှုန်းကလည်း ပိုမြန်နေခဲ့သည်။
ထိုအခိုက်အတန့်တွင် ဇီရှန်းဆန်းကြယ်စွာ ပြုံးရင်း လက်ထဲတွင် ရွှေတူလေးကို ကောက်ကိုင်သည်။
"နောက်တစ်ခုက ဒုတိယနောက်ဆုံးသတင်းအချက်အလက်ပါ၊ ဒီသတင်းအချက်အလက်က လေလံဆွဲဖို့အတွက် လူတိုင်းရဲ့ စိတ်အားထက်သန်မှုကို ပြန်လည် နှိုးဆွပေးနိုင်မှာပါ"
ဒါကိုကြားသောအခါ တစ်ချို့ထိပ်တန်းဂိုဏ်းခေါင်းဆောင်များကလည်း စိတ်၀င်စားသွားကြပြီး စင်မြင့်ပေါ်သို့ ကြည့်လိုက်ကြသည်။
ဇီရှန်းလက်ဝှေ့ယမ်းသည်။
ကျောက်စင်တစ်ခုက ဇီရှန်းဘေးတွင် ပေါ်လာသည်။ ကျောက်စင်ပေါ်၌ အလွန်တန်ဖိုးရှိသည့် စာလိပ်တစ်ခုရှိသည်။ စာလိပ်ကိုချည်ထားတာက အတော်လေး အဖိုးထိုက်တန်သည့် ရွှေပိုးသစ်သားပင်ဖြစ်သည်။
ဇီရှန်းနောက်က ခရမ်းရောင် အလင်းဖန်သားပြင်၌ စာလုံးရေအနည်းငယ် ပေါ်ပေါက်လာသည်။
နဂါးသွေးနတ်ဆိုးချောက်၊ ကိုယ်ခန္ဓာပြုပြင်သူတစ်ဦးအတွက် အထွတ်အမြတ်မြေ!
မြင့်မြတ်အဆောင်ဂိုဏ်းအခန်းထဲတွင် ဒီစာကိုမြင်ရသောအခါ ရှောင်ဟိုင်အနည်းငယ် မျက်ခုံးပင့်လိုက်မိသည်။
အရင်က သတင်းအချက်အလက်များက သူ့အတွက် အရမ်းကြီးအသုံးမ၀င်ပေ။
သို့စေကာမူ 'ခန္ဓာပြုပြင်သူတစ်ဦးအတွက် အထွတ်အမြတ်မြေ' ဟုသောစကားလုံးများက ရှောင်ဟိုင်၏ စိတ်၀င်စားမှုကို နိုးဆွစေခဲ့သည်။
သူပုန်များက အလယ်အလတ်အဆင့်ကြယ်နယ်မြေကို ရောက်နှင့်ပြီးလောက်ပြီ။
နတ်ဆိုးဘုရင်ပိုင်နက်က လူများကလည်း သူ့တည်ရှိမှုကို အာရုံခံမိမည်သာ။
လက်ရှိရှောင်ဟိုင်က သူ့ခွန်အားကို တတ်နိုင်သမျှ အမြန်ဆုံး အရေးတကြီး မြှင့်တင်ရန် လိုအပ်သည်။
မဟုတ်ပါက သူ့စီနီယာအစ်ကိုများ၊ အစ်မများနှင့် ဂျူနီယာများကို ပါ၀င်ငြိစွန်းစေလိမ့်မည်။
ယဲ့ချိုးပိုင် မုဖူရှန်းကိုကြည့်လိုက်သည်။
နှစ်ဦးစလုံးက တစ်ဦးကိုတစ်ဦးကြည့်ရင်း ညင်သာစွာ ခေါင်းညိတ်လိုက်ကြ၏။
မုဖူရှန်း မြင့်မြတ်အဆောင်ဂိုဏ်းချုပ်ကို ကြည့်ပြီး လက်သီးနှစ်ဖက်ဆုပ်သည်။
"ဂိုဏ်းချုပ်၊ ဖြစ်နိုင်ရင် ဒီသတင်းကို ကျေးဇူးပြုပြီး လေလံဆွဲပေးပါ၊ အချိန်ကျလာတဲ့အခါကျရင် မြင့်မြတ်အဆောင်ဂိုဏ်းအတွက် အတော်လေးအသုံး၀င်မယ့် တစ်ခြားအရာတွေကို ကျွန်တော်တို့လဲလှယ်ဖို့အတွက် သုံးပါမယ်"
အပိုင်း(796) coming။