#ခွန်အားအရာ၌ ကွာဟချက်#
Vol. 56 Ch. 796
အဆုံးမဲ့ပင်လယ်ဒေသ၊ ငရဲဂိုဏ်းတည်ရှိသည့် ကျွန်းပေါ်၌ ခန်းမတစ်ခုထဲတွင် နတ်ဆိုးနက်ချီနှင့် ၀န်းရံနေသည့် လူအနည်းငယ်ရှိသည်။
တစ်ချို့ကကျင့်ကြံနေကြပြီး တစ်ချို့က လက်ဖက်ရည်သောက်သုံးနေကြ၏။
အနားယူရန်အတွက် မျက်လုံးများကို မှိတ်ထားကြသောသူများလည်းရှိသည်။
သွေးနီရောင်စပါးအုံး၀တ်ရုံကို ၀တ်ဆင်ထားသည့် ချီရှာဒေါင်၀င်လာသောအခါ လက်ဖက်ရည်သောက်နေသည့် အမျိုးသမီးက ထူးမခြားနားစွာမေးသည်။
"ရှင်မတွေ့သေးဘူးလား"
ချီရှာဒေါင် ခယရိုကျိုးစွာပြုံးသည်။
"မစိုးရိမ်ပါနဲ့၊ မကြာခင် ရလဒ်တစ်ခု ထွက်လာတော့မှာပါ"
"မကြာခင်လား"
မျက်လုံးများကို မှိတ်ကာအနားယူနေသည့် လူက မျက်လုံးမဖွင့်သော်လည်း သူစကားပြောလာသောအခါ သူ့အကြည့်က သူ့ထံပိတ်ဆို့ကျရောက်နေသည်ဟု ချီရှာဒေါင် ရှင်းလင်းစွာခံစားနေရသည်။
ယှဉ်၍မရနိုင်သည့် အစွမ်းထက်နတ်ဆိုးစွမ်းအားက သူ့ထံသို့ ကောင်းကင်ပြိုကျလာသည့်အလား ဖိကျလာပြီး အသက်ရှုကျပ်သွားစေသည်။
ချီရှာဒေါင်၏ခွန်အားက အပြည့်အ၀ မကောင်းမွန်သေးသည့်တိုင် တစ်ဘက်လူက စကားတစ်ခွန်းသာပြောပြီး အော်ရာအနည်းငယ်ကို ထုတ်လိုက်သည်နှင့် သူ့ကို မခုခံနိုင်ဖြစ်သွားစေသည်။
တစ်ဘက်လူ၏ခွန်အားက မည်သည့်အဆင့်ကို ရောက်နေပြီလဲဆိုတာ အတိအကျ ခန့်မှန်းရန်ပင် ခက်ခဲသည်။
"မင်းဆီကနေ 'မကြာခင်' ဆိုတဲ့စကားကို ငါအချိန်ပေါင်းများစွာ ကြားခဲ့ရပြီ"
မျက်လုံးမှိတ်ထားသည့်သူက ထူးမခြားနားစွာပြောသည်။
"ငါမင်းကို နောက်ထပ်အချိန်ခုနှစ်ရက်ပေးမယ်၊ တကယ်လို့မင်းမှာ သဲလွန်စမရှိသေးဘူးဆိုရင်တော့ အဲဒီကျရင် ဆုလာဘ်မရရုံတင်မကဘဲ ငါတို့နတ်ဆိုးဘုရင်ပိုင်နက်ရဲ့ အဖိုးတန်တဲ့အချိန်တွေကို ဖြုန်းတီးတဲ့အတွက် အပြစ်ဒဏ်လည်းရှိလာလိမ့်မယ်၊ မင်းနဲ့ မင်းရဲ့ငရဲဂိုဏ်းက ဒါကို ခံနိုင်စွမ်းမရှိမှာကို ငါကြောက်မိတယ်"
ထိုစကားလုံးများ ဆင်းသက်လာသောအခါ ချီရှာဒေါင်၏ သွေးရောင်စပါးအုံး၀တ်ရုံက ချွေးများကြောင့် စိုရွှဲနေပြီဖြစ်ကာ သူ့ကိုယ်နှင့် တင်းကျပ်စွာ ကပ်နေသည်။
အကယ်၍ငရဲဂိုဏ်းက တစ်ခြားသူများသာ ဒီမြင်ကွင်းကိုမြင်မည်ဆိုပါက သူတို့မယုံနိုင်ဖြစ်သွားပေလိမ့်မည်။
ပြင်ပအင်အားစုများနှင့် ငရဲဂိုဏ်းကို အကြောက်တရားကြောင့် တုန်ယင်နေသည့် ချီရှာဒေါင်တွင် ဒီလူများရှေ့၌ ကျယ်လောင်စွာ ပြောဆိုရန်ပင် သတ္တိမရှိပေ။
တစ်ချိန်တည်းမှာပင် တစ်ဘက်လူက အကြည့်တစ်ချက်၊ စကားတစ်ခွန်းနှင့် အော်ရာတစ်စမျှသာ ထုတ်ခြင်းဖြစ်သည်။
သူက လူသတ်ချင်စိတ်ပြင်းပြပြီး စက်ဆုပ်ရွံရှာစရာကောင်းသည့် ငရဲဂိုဏ်းဘိုးဘေးချီရှာဒေါင်ကို ယခုလို ၀မ်းနည်းဖွယ်ရာ အခြေအနေတွင်ပင် အတင်းကျရောက်စေခဲ့သည်။
ချီရှာဒေါင် နဖူးကချွေးများကိုသုတ်ပြီး အံကြိတ်ကာ ဒီအော်ရာကြောင့် မချေမှုန်းခံရစေရန်အတွက် သူ့ကိုယ်သူ တွန်းအားပေးလိုက်ရသည်။
ထို့နောက်သူပြောသည်။
"ဆရာတို့၊ ခုနှစ်ရက်အတွင်း သေချာပေါက် သတင်းတွေရှိမှာပါ"
"တစ်ဘက်လူက အရမ်းနက်နက်ရှိုင်းရှိုင်း ပုန်းနေတော့ ကျွန်တော်တို့ကို သူ့ရဲ့ခြေရာတွေကို မြန်မြန်ဆန်ဆန် မတွေ့စေတာပါ"
"ဒါပေမယ့် ကျွန်တော်တွေ့ပြီးရင် ခင်ဗျားတို့ ဘယ်လိုဆုလာဘ်မျိုးတွေ ပေးမလဲဆိုတာ ကျွန်တော်သိချင်မိတယ်"
လေထဲတွင် လက်သီးဝှေ့ယမ်းနေသည့် လူထွားကြီးက ရုတ်တရက် ရှေ့သို့ လက်သီးတစ်ချက် ပစ်ကျွေးလိုက်၏။
ရုတ်ချည်းဆိုသလို သူ့လက်သီးချက်ဦးတည်ရာနေရာ၌ လေဟာနယ်က တစ်လက်မချင်း ပြိုကွဲသွားသည်။
ခန်းမတစ်ခုလုံးသာမက ငရဲဂိုဏ်းတည်ရှိသည့် ကျွန်းတစ်ခုလုံးပင်လျှင် ဘန်းခနဲ့ ကျယ်လောင်သော အသံတစ်သံမြည်ဟီးကာ အဆုံးမဲ့လွှဲယမ်းနေလေသည်။
မူလကတည်ရှိနေသည့် ကျွန်းပတ်လည်က ပင်လယ်က ထိုအခိုက်အတန့်နှင့် မုန်တိုင်းတစ်စင်းနှင့်အတူ မုန်တိုင်းထန်နေပြီး ပင်လယ်က လေစုပ်ဝဲတစ်ခု ဖြစ်တည်လာခဲ့သည်။
ပင်လယ်ရေ သို့မဟုတ် ဝိဉာဉ်ချီမရှိဘဲ ကျွန်းက လေထဲတွင် လွင့်မြောနေသည့်ပမာထင်ရသည်။
ငရဲဂိုဏ်း၏တပည့်များ၊ အကြီးအကဲများနှင့် ဂိုဏ်းချုပ်တို့က ပတ်ပတ်လည်က ပတ်၀န်းကျင် ပြောင်းလဲသွားတာကို မြင်ရသောအခါ ထိတ်လန့်သွားကြ၏။
သူတို့အကြောင်းကိုသိသည့် သူများက ဂိုဏ်းချုပ်နှင့် အဆင့်မြင့်အကြီးအကဲ အနည်းငယ်သာရှိသဖြင့် ဘယ်သူဒါကို ဖြစ်စေသလဲဆိုတာ သူတို့ချက်ချင်းသိလိုက်ကြသည်။
ချီရှာဒေါင်ကလည်း အပြင်က အခြေအနေကို အာရုံခံမိပါသည်။
ထိတ်လန့်နေသည့်သာမက ဒီလူများ၏ ခွန်အားအပေါ် သူအတော်ကြောက်နေမိသည်။
သူအထွတ်အထိပ်တွင် ရှိစဉ်ကပင် အပြင်ပကမ္ဘာက လူများ၏မျက်လုံးထဲ၌ ချီရှာဒေါင်က အလယ်အလတ်အဆင့်ကြယ်နယ်မြေ၏ ပိရမစ်ထိပ်တွင် ရပ်တည်နေသော်လည်း ဒီလူအုပ်စု၏ မျက်လုံးထဲတွင်မူ သူက သူတို့သာမန်လှုပ်ရှားမှုတစ်ခုတည်းနှင့်ပင် သတ်ပစ်နိုင်သည့် ပုရွက်ဆိတ်ကြီးတစ်ကောင်ပမာသာ။
ဒါကအဆင့်မြင့်ကြယ်နယ်မြေနှင့် အလယ်အလတ်အဆင့်ကြယ်နယ်မြေကြားက ကွာဟချက်ပေတည်း။
ကွာဟချက်က အရမ်းကြီးမားလွန်းသည်။
လူထွားကြီးက လက်သီးကိုရုပ်သိမ်းရင်း သူ့မျက်လုံးများက နှစ်တစ်သောင်းရေခဲတုံးအလား အေးစက်ကာ နှလုံးသားမဲ့နေသည်။
သူချီရှာဒေါင်အားကြည့်ပြီး ဖြည်းညင်းစွာပြောသည်။
"မင်းငါတို့နဲ့ လာညှိုနှိုင်းနေတာလား"
"ငါတို့က အလယ်အလတ်အဆင့်ကြယ်နယ်မြေနဲ့ မရင်းနှီးဘူးဆိုရင်တောင် ငါတို့သာ တကယ်ရှာချင်ရင် နည်းနည်းအားထုတ်လိုက်တာနဲ့ ငါတို့ရှာနိုင်တယ်ဆိုတာ မင်းနားလည်သင့်တယ်"
ချီရှာဒေါင်ချက်ချင်းခေါင်းညိတ်ကာ မျက်နှာချိုသွေးလိုက်သည်။
"မှန်ပါတယ်၊ မှန်ပါတယ်၊ ခင်ဗျားတို့ရဲ့ခွန်အားက ထူးခြားပါတယ်၊ ခင်ဗျားတို့ သေချာပေါက် ရှာနိုင်ပါတယ်"
"ခင်ဗျားတို့ ဘယ်လိုအကျိုးအမြတ်တွေကိုများ ကတိပေးမလဲဆိုတာကို ကျွန်တော် နည်းနည်းသိချင်မိရုံပါပဲ"
"တကယ်လို့ ဒါကပြောဖို့အတွက် အဆင်မပြေဘူးဆိုရင် ကျွန်တော်မမေးတော့ပါဘူး"
လူထွားကြီးတစ်ခုခုပြောချင်သော်လည်း မျက်လုံးမှိတ်ကာ အနားယူနေသောသူ၏ တားဆီးခြင်းကို ခံလိုက်ရသည်။ ထို့နောက် သူပြောသည်။
"မစိုးရိမ်ပါနဲ့၊ ဆုလာဘ်က မင်းအတွက် သေချာပေါက် အလဟာဿဖြစ်မှာမဟုတ်ဘူး၊ အနည်းဆုံးတော့ ဒါက မင်းရဲ့ခွန်အားကို နောက်တစ်ဆင့်ကို မြှင့်တင်ပေးနိုင်တယ်"
"ကောင်းကင်အင်မော်တယ်နယ်ပယ်ရဲ့ အချုပ်အတည်းတွေကို ချိုးဖျက်တာက ဒီခြောက်ကပ်နေတဲ့နယ်မြေက လူတိုင်းရဲ့ မရောက်ရှိနိုင်တဲ့ အိပ်မက်တစ်ခုဆိုတာ ငါယုံတယ်၊ ဟုတ်တယ်မလား"
ချီရှာဒေါင်၀မ်းသာသွားသည်။
သူတွေးလိုက်မိသည်။
အကယ်၍ သဲလွန်စများကို ရှာဖွေခြင်းကပင် ဒီလိုအကျိုးအမြတ်တွေရှိပါက သူတို့သာ ဒီလူကို အသက်ရှင်လျက်ဖြစ်စေ သို့မဟုတ် တိုက်ရိုက်သတ်ပစ်၍ဖြစ်စေ ဖမ်းလာနိုင်မည်ဆိုပါက အကျိုးအမြတ်များက ဒီထက်ပိုကြီးမားမည်သာ။ မည်သို့ပင်ဆိုစေကာမူ ဒီလူကသေကို သေရမည်ဟု သူတို့ပြောခဲ့သည် မဟုတ်ပေလော။
ချီရှာဒေါင် သူတို့ကို ငရဲဂိုဏ်းနှင့်သူ့ကို အဆင့်မြင့်ကြယ်နယ်မြေသို့ ခေါ်သွားစေချင်သည်။
ဒီလိုဆိုပါက ဒီအတွက် သူခြေကုပ်ခြေကန်တစ်ခု ရရန် အခွင့်အရေးတစ်ခု ရလာမည်မဟုတ်ပေလော။
"ကျေးဇူးတင်ပါတယ်၊ ဆရာတို့" ချီရှာဒေါင် အလွန်အမင်း ၀မ်းသာသွားသည်။ သူဦးညွတ်ကာ လက်သီးဆုပ်ရင်း ကိုယ်ဟန်အမူအရာကို နိမ့်ချလိုက်သည်။ ထို့နောက် ဦးညွတ်ရင်း နောက်ဆုတ်သည်။
"ခုနှစ်ရက်အတွင်း ကျွန်တော်ခင်ဗျားတို့ကို သေချာပေါက် ကျေနပ်စေလောက်မယ့် အဖြေတစ်ခုပေးပါမယ်"
ထို့နောက် ချီရှာဒေါင် ခန်းမထဲကနေ ထွက်သွားလေတော့သည်။
ထိုစဉ် လူထွားကြီးမျက်မှောင်ကြုတ်သည်။
"ဒီလူပြောတဲ့ပုံစံအရဆိုရင် သူ့မှာ ကြီးမားတဲ့ ဆန္ဒတစ်ခုရှိနေတာပဲ"
မျက်လုံးမှိတ်ထားသည့်သူက ထိုအခိုက်အတန့်၌ မျက်လုံးအစုံကိုဖွင့်ပြီး ချီရှာဒေါင် ထွက်သွားရာဘက်သို့ လှောင်ပြောင်နေသည့် အမူအရာဖြင့် ကြည့်လိုက်၏။
သူသရော်လိုက်သည်။
"ငါ့တို့အမြင်အရဆိုရင် သာမန်ဆန်ဆန် ပြီးနိုင်တဲ့အရာတစ်ခုက တစ်ဘက်လူကို ငါတို့ကို အများကြီး ကျေးဇူးတင်စေလိမ့်မယ်၊ သူတို့ရဲ့ဆန္ဒက ဘယ်လောက်ကြီးနိုင်မှာမို့လဲ"
"သူကအတော်လေးနိမ့်ကျတဲ့အဆင့်အတန်းရှိတဲ့ ရေတွင်းထဲက ဖားလေးတစ်ကောင်သာသာပါပဲ"
အမျိုးသမီးကမေးသည်။
"သူတို့သာရှာမတွေ့ဘူးဆိုရင် ငါတို့ဘယ်လိုလုပ်ကြမလဲ"
"ငါတို့ကိုယ်တိုင်သာ ရှာရမယ်ဆိုရင် ကြီးမားတဲ့ ဆူပူအုံကြွမှုကို မဖြစ်စေဘဲနဲ့ ဒါက အချိန်အနည်းငယ် ကြာလိမ့်မယ်"
သူတို့မျက်လုံးထဲတွင် အလယ်အလတ်အဆင့်ကြယ်နယ်မြေက ကြီးလည်းမကြီးသလို သေးလည်းမသေးပါ။
မည်သို့ပင်ဆိုစေကာမူ အလယ်အလတ်အဆင့်ကြယ်နယ်မြေတွင် သူတို့လူနည်းစုသာရှိသည်။
ကြီးကြပ်ရေးဗိမာန်၏ ထိန်းချုပ်မှုကြောင့်သာ မဟုတ်ပါက သူတို့ နတ်ဆိုးဘုရင်ပိုင်နက်၏ ကင်းထောက်သူလျှိုများကို စုရုံးပြင်ဆင်၍ရသည်။
တစ်ရက်အတွင်းမှာပင် သူတို့သဲလွန်စများကို ရှာနိုင်သည်။
အခုကြည့်မည်ဆိုပါက မသေချာမှုက အနည်းငယ်ကြီးမားလွန်းနေသည်။
"ငါတို့သာမရှာနိုင်ရင် ချီရှာဒေါင်ကို ဒီနေရာမှာ ဆူပူအုံကြွမှုတစ်ချို့ ဖန်တီးဖို့အတွက် အသုံးပြုရမယ်"
ထိုလူကတည်ငြိမ်စွာပြောသည်။
"ငါတို့တိုက်ရိုက် မတိုက်ခိုက်သရွေ့ ကြီးကြပ်ရေးဗိမာန်က ဘာတစ်ခုမှ ပြောမှာမဟုတ်ဘူး" လူတိုင်းခေါင်းညိတ်သည်။
"ဒီလိုပဲလုပ်ကြတာပေါ့"
အပြင်ကိုဆုတ်လာခဲ့သည့် ချီရှာဒေါင်မှာ တံခါးအပြင်ဘက်တွင် စောင့်နေသော ဂိုဏ်းချုပ်ကိုကြည့်ရင်း မေးလိုက်သည်။
"ဘယ်လိုဖြစ်သွားပြီလဲ"
ငရဲဂိုဏ်းချုပ်ခေါင်းညိတ်သည်။
"လုပ်ဆောင်နေတုန်းပဲ"
"အဲဒီနေရာတွေကို တပ်ဖြန့်ထားတာကလည်း ပြီးပြည့်စုံသွားပါပြီ၊ သူတို့အထဲကို ခြေချလာသရွေ့ ငရဲဂိုဏ်းရဲ့ မလွတ်မြောက်နိုင်တဲ့ ကွန်ရက်ထဲ ကျသွားပါလိမ့်မယ်"
"ကောင်းကင်ပြာမြစ်ဝါနန်းတော်ရဲ့ အကူအညီနဲ့ သူတို့မှာ အတောင်ပံတွေ ပါရင်တောင် လွတ်မြောက်မှာမဟုတ်ဘူး"
ဒါကိုကြားသောအခါ ချီရှာဒေါင် နှာခေါင်းရှုံ့ရင်း ခေါင်းညိတ်သည်။
"ဒါအကောင်းဆုံးပဲ၊ ဒီကိစ္စကောင်းကောင်းပြီးသွားသရွေ့ ငါတို့အလယ်အလတ်အဆင့် ကြယ်နယ်မြေကို ပြန်အသိပေးနိုင်ရုံတင်မက မြင့်မားတဲ့တည်ရှိမှုအဆင့်တစ်ခုကိုလည်း ၀င်နိုင်လိမ့်မယ်"
အပိုင်း(797) coming။