#သံသယဖြစ်စရာအချက်များ#
Vol. 56 Ch. 797
လေလံပွဲက ဆက်လက်ခရီးသွားနေသေးသည်။
လက်ရှိလေလံပွဲပစ္စည်းက အတိအကျ ရှောင်ဟိုင် စိတ်၀င်စားနေသည့် အရာပေတည်း။
နဂါးသွေးနတ်ဆိုးချောက်၊ ကိုယ်ခန္ဓာပြုပြင်သူအတွက် အထွတ်အမြတ်မြေ!
သို့စေကာမူ ဒီပစ္စည်းကို ဇီရှန်းဖတ်လိုက်သည့် အခိုက်အတန့်မှာပင် ချက်ချင်းဆိုသလို ယဲ့ချိုးပိုင်၊ မုဖူရှန်း၊ ဟုန်ရင်နှင့် နင်းချန်ရှင်းတို့ တစ်ခုခုမှားယွင်းနေတာကို ခံစားလိုက်ကြရသည်။
အရင်စစ်ဆေးမှုများ၌ ပြဿာနာမရှိသော်လည်း ထိုအချိန်မှာပင် ကိုယ်ခန္ဓာ ပြုပြင်သူတစ်ဦး၏ သတင်းက ရုတ်တရက် ရောက်လာခဲ့သည်။
အလယ်အလတ်အဆင့်ကြယ်နယ်မြေတွင် ကိုယ်ခန္ဓာပြုပြင်ခြင်းဂိုဏ်းများနှင့် တစ်ကိုယ်တော်ကျင့်ကြံသူများရှိသော်လည်း အရမ်းမများပေ။ အလားတူပင် သူတို့က ကိုယ်ထင်မပြကြပါ။
ခန္ဓာပြုပြင်ခြင်းတွင် ကျော်ကြားသည့် တစ်ဦးတည်းသော ခန္ဓာကျင့်ကြံသူက ခန္ဓာက ကောင်းကင်အင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်ကို ရောက်နိုင်ခဲ့သည့် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးဖြစ်သည်။
သို့စေကာမူ တျန်ကျင်းကုန်သည်များအသင်းက ဒီသတင်းကို နောက်ဆုံး၏ ဒုတိယနေရာတွင် ထားခဲ့သည်။
ယေဘုယျအားဖြင့် ဆိုရပါက လေလံပွဲ၏ ပထမပစ္စည်းက လူတိုင်း၏စိတ်၀င်စားမှုကို ဆွဲဆောင်ပြီး သူတို့ကို စိတ်အားထက်သန်စွာ လေလံဆွဲစေမည့်ပစ္စည်းဖြစ်သည်။ ထို့ကြောင့် ထိုဟာက အတော်လေး အရေးပါရပေမည်။
ဒီအတွက်ကြောင့် ဒါက နောက်ဆုံး၏ ဒုတိယဖြစ်လာခဲ့သည်။
နောက်ဆုံးဒုတိယပစ္စည်းက နောက်ဆုံးအရေးပါသည့်ပစ္စည်းအတွက် မြူဆွယ်သွေးဆောင်ရန်ဖြစ်သည်။
အကယ်၍ နောက်ဆုံး၏ ဒုတိယပစ္စည်း အရည်အသွေးကသာ အရမ်းနိမ့်ကျနေမည်ဆိုပါက နောက်ဆုံးပစ္စည်းက လူတိုင်း၏ စိတ်၀င်စားမှုကို ဆုံးရှုံးသွားပေလိမ့်မည်။
နောက်ပိုင်းတွင် ဒါက ဈေးနှုန်းကိုလည်း အရမ်းကြီး မြင့်စေနိုင်မည်မဟုတ်။
ဒါကအဓိပ္ပာယ်မရှိပါ။
သို့စေကာမူ ဒါက လူတိုင်း၏ စိတ်အခြေအနေကို တစ်စိတ်တစ်ပိုင်း ထိန်းချုပ်တစ်ခုပေတည်း။
ထို့နောက် လေလံပွဲများစွာကို ဆင်နွှဲဆောင်ရွက်လာပြီးနောက် ရရှိသည့် အတွေ့အကြုံများအရ တျန်ကျင်းကုန်သည်များအသင်းကလည်း ခြွင်းချက်မဟုတ်ပေ။
မုဖူရှန်းမျက်မှောင်ကြုတ်သည်။
"ပြဿာနာသာမရှိဘူးဆိုရင် ဒါက နဂါးသွေးနတ်ဆိုးချောက်ကြောင့်လား၊ ခန္ဓာကျင့်ကြံသူမဟုတ်ရင်တောင် ဒါက အတော်လေး အကျိုးအမြတ်ရှိမှာပဲ"
ယဲ့ချိုးပိုင်ခေါင်းခါယမ်းသည်။
"သာမန်အဆင့်မြင့်ခန္ဓာပြုပြင်တဲ့နေရာတွေမှာ ခန္ဓာပြုပြင်ခြင်းအခြေခံမရှိဘူးဆိုရင် သူတို့က ဒါကို ခုခံနိုင်မှာမဟုတ်ဘူး"
မည်သို့ပင်ဆိုစေကာမူ ခန္ဓာပြုပြင်ခြင်းကနေ ယူဆောင်လာသည့် နာကျင်မှုက ယှဉ်၍မရနိုင်လောက်အောင် ကြီးမားလွန်းသည် မဟုတ်ပေလော။
တစ်ချိန်တည်းမှာပင် ခန္ဓာပြုပြင်ခြင်း ကျင့်ကြံခြင်းနည်းလမ်းက တစ်ဆင့်ပြီးတစ်ဆင့်သွားရန် လိုအပ်ပြီး တိုက်တွန်း၍မရပေ။
အကယ်၍ ခန္ဓာက နာကျင်မှုနှင့် ဖျက်ဆီးမှုကို မခံနိုင်ပါက ထိုနေရာမှတစ်ဆင့် ခန္ဓာကို ပြုပြင်မွမ်းမံရန်အတွက် ခုခံနိုင်စွမ်းမရှိသည့် အဆင့်များအထိသာ ခုန်တက်နိုင်မည်ဖြစ်သည်။
နာကျင်မှုကိုခုခံနိုင်စွမ်းရှိခြင်းကမူ နောက်ကိစ္စတစ်ခုဖြစ်သွားသည်။
စိတ်ဆန္ဒကခုခံနိုင်လျှင်ပင် ရုပ်ခန္ဓာ၌ အကန့်အသတ်များရှိနေဦးမည်ဖြစ်ကာ တိုက်ရိုက်ပင် ဖျက်ဆီးခံရပေလိမ့်မည်။
ဟုန်ရင်တွေးနေမိသည်။ ဒါက တစ်ဘက်လူ အတည်ပြုထားသည့် နေရာတစ်ခုဖြစ်နိုင်သည်။ အရင်စမ်းသပ်မှုက တစ်ဘက်လူ ကွေ့ကောက်သွားလာနေရသည့် အရာအကြောင်း မဖြစ်နိုင်ပေ။ မဟုတ်ပါက သူတို့ကို အောင်မြင်စွာ ဖမ်းနိုင်မည်မဟုတ်။
နင်းချန်ရှင်းခေါင်းညိတ်သည်။
"ဒီလိုဖြစ်ဖို့များတယ်၊ ငါတို့ ကြိုးစားကြည့်လို့ရတာပဲလေ"
ထို့နောက် ကောက်ချက်ချပြီးနောက်တွင် မုဖူရှန်း မြင့်မြတ်အဆောင်ဂိုဏ်းချုပ်ကို ကြည့်လိုက်သည်။
"ဂိုဏ်းချုပ်၊ ကျေးဇူးပြုပြီး အရမ်းအဖိုးမတန်တဲ့ သတင်းတစ်ခုကို ထုတ်ပေးပါဦး၊ ဒါပေမယ့် အရမ်းကြီးလည်း အချည်းနှီးဖြစ်လို့မရဘူး"
ဂိုဏ်းချုပ် သူတို့စကားများကိုကြားသောအခါ သူတို့၏စိုးရိမ်မှုများကို သူတဖြည်းဖြည်းနားလည်လာရသည်။
ထို့နောက် သူလေးနက်စွာခေါင်းညိတ်သည်။
မည်သို့ပင်ဆိုစေကာမူ မြင့်မြတ်အဆောင်ဂိုဏ်း၏ ရန်သူကလည်း ငရဲဂိုဏ်း ဖြစ်နေသည်မဟုတ်ပေလော။
သူတို့က မိစ္ဆာကွပ်မျက်မဟာမိတ်ကို ပြန်လည်ဖွဲ့ရန်အတွက် အတော်လေး ကြိုးစားခဲ့ရသည်။
ဒါက ငရဲဂိုဏ်းကို အစအဆုံး လုံး၀သုတ်သင် ဖယ်ရှားသတ်ဖြတ်ပစ်ရန်ဖြစ်သည်။
သူတို့ကို အမြင့်ဆုံးအဆင့်ကို ပြန်ရောက်လာရန်အတွက် ဘယ်လိုအခွင့်အရေးမှ ပေး၍မရပေ။
ငရဲဂိုဏ်းသာ တျန်ကျင်းကုန်သည်များအသင်းကဲ့သို့ ဘီလူးကြီးတစ်ကောင်နှင့် ပူးပေါင်းသွားပါက မိစ္ဆာကွပ်မျက်မဟာမိတ်ကို သေချာပေါက်ထူထောင်ရပေမည်။
သို့စေသည့်တိုင် သူတို့က ငရဲဂိုဏ်းကို သုတ်သင်နိုင်မည်မဟုတ်ဘဲ တစ်ဘက်လူ၏ တန်ပြန်တိုက်ခိုက်ခြင်းကိုပင် ခံရနိုင်သည်။
အောက်တွင် ဇီရှန်းပြုံးသည်။
"ဘာလို့ ခန္ဓာပြုပြင်ခြင်းအထွတ်အမြတ်မြေရဲ့ သတင်းကို နောက်ဆုံးရဲ့ ဒုတိယနေရာမှာ လေလံတင်ရသလဲဆိုတာ လူတိုင်း ပဟေဠိဖြစ်နေကြမယ်လို့ ကျွန်မယုံကြည်ပါတယ်"
"ကျွန်မအရာတစ်ခုကိုပဲ ထုတ်ဖော်နိုင်မယ်၊ တျန်ကျင်းကုန်သည်များအသင်းရဲ့ စုံစမ်းစစ်ဆေးမှုအောက်မှာ နဂါးသွေးနတ်ဆိုးချောက်က လုံး၀ခြားနားတဲ့ကမ္ဘာတစ်ခု ဖြစ်နေခဲ့တယ်....."
"ဒါက ခန္ဓာပြုပြင်သူတစ်ယောက်အတွက် မဟုတ်ဘူးဆိုရင်တောင် နဂါးသွေးနတ်ဆိုးချောက်က အဲဒီလျှို့ဝှက်ချက်ကို ရပြီးနောက်မှာ အဲဒါက အတော်လေး အသုံး၀င်လာလိမ့်မယ်"
စကားလုံးအနည်းငယ်က ဂိုဏ်းအသီးသီးနှင့် တစ်ကိုယ်တော်ကျင့်ကြံသူများ၏ သံသယကို ပျက်ပြယ်သွားစေသည်သာမက လေလံဆွဲရန်အတွက် သူတို့၏ စိတ်အားထက်သန်မှုကိုပင် မြှင့်လာစေခဲ့သည်။
တျန်ကျင်းကုန်သည်များအသင်း၏ လေလံပွဲဦးစီးဖြစ်သည့် အခြေအနေရပ်ကို ထိန်းချုပ်ရန်နှင့် စည်းချက်ညီမှုကို ဖမ်းဆုပ်နိုင်သည့် ဇီရှန်း၏စွမ်းရည်က အတော်လေး ထူးချွန်သည်ဟု ဆိုရပေမည်။
"ကောင်းပါပြီ၊ လျှို့ဝှက်ချက်က ဘာလဲဆိုတာကိုတောင် ဇီရှန်းဒါကို ဆက်ပြီး ဖော်ထုတ်လို့မရတော့ပါဘူး၊ တကယ်လို့ သိချင်တယ်ဆိုရင်တော့ ဒီသတင်းအချက်အလက်ကို ကိုယ်တိုင်လေလံဆွဲပြီး ရှာဖွေကြည့်ကြပါ"
ဇီရှန်းပြုံးရင်း လက်မောင်းကို မြှောက်လိုက်သည်။
"ကနဦးဈေးနှုန်းကတော့ ကြယ်နှစ်ပွင့်တန်တဲ့ သတင်းအချက်အလက်ပါ"
ဇီရှန်းစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ကောင်းကင်အင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့် ကိုယ်ခန္ဓာကျင့်ကြံသူတစ်ဦးက ချက်ချင်းဆိုသလို လက်ထဲက ကျောက်စိမ်းဆွဲသီးကို ကိုင်ပြီး သူ့သတင်းအချက်အလက်ကို ပို့ပေးလိုက်၏။
ထို့နောက် သူပတ်၀န်းကျင်အား လက်သီးဆုပ်ပြသည်။
"အားလုံးပဲ ဒီခန္ဓာပြုပြင်ခြင်းသတင်းအချက်အလက်က ခင်ဗျားတို့အတွက် အရမ်းကြီး အသုံး၀င်မှာ မဟုတ်ပါဘူး၊ ဘာလို့ ဒါကို ကျုပ်ကိုမပေးလိုက်ရတာလဲ"
ထိုသို့ဆိုပြီးနောက်တွင် ဇီရှန်းကလည်း ဒီသတင်းအချက်အလက်၏ တန်ဖိုးကို လက်ခံရရှိသဖြင့် ပြောလိုက်သည်။
"ဒါကကြယ်လေးပွင့်ထိုက်တန်ပါတယ်"
"လူအိုကြီး၊ မင်းကြယ်လေးပွင့်သတင်းအချက်အလက်နဲ့ ဒါကို လက်ဝါးကြီးအုပ်ချင်တာလား"
ကောင်းကင်အင်မော်တယ် နောက်ဆုံးအဆင့်ကျွမ်းကျင်သူတစ်ယောက်က နှာခေါင်းရှုံ့သည်။
"ဒါ့အပြင် အထဲမှာ နောက်ထပ်ကမ္ဘာတစ်ခုရှိတယ်လို့ ဇီရှန်းပြောခဲ့တယ်မလား"
"ခန္ဓာပြုပြင်ခြင်းတစ်ခုတည်းအတွက် ဆိုရင်တော့ ဒါက တျန်ကျင်းကုန်သည်များအသင်းအတွက် နောက်ဆုံးရဲ့ ဒုတိယနေရာမှာ လေလံတင်ဖို့ မလုံလောက်ဘူး"
ထို့နောက် သူလက်ထဲတွင် ကျောက်စိမ်းဆွဲသီးကိုကိုင်ပြီး သတင်းကို စတင်ပို့သည်။
ဒါကိုမြင်သောအခါ ခန္ဓာကျင့်ကြံသူ၏ အမူအရာက မည်းမှောင်သွားသည်။ အေးစက်စွာ နှာခေါင်းရှုံ့ပြီးနောက် သူပြန်ထိုင်ရုံသာ တတ်နိုင်တော့သည်။
ဇီရှန်းရယ်မောလိုက်သည်။
"ဒါက ကြယ်ငါးပွင့်ထိုက်တန်ပါတယ်"
ထိုအချိန်မှာပင် မြင့်မြတ်အဆောင်ဂိုဏ်း၏ လျှို့ဝှက်အခန်းကနေ အစိမ်းရောင်အလင်းတစ်ခု ပေါ်ပေါက်လာသည်။
လူတိုင်းအနည်းငယ် အံ့ဩသင့်သွားကြ၏။
ဘာလို့မြင့်မြတ်အဆောင်ဂိုဏ်းက ဒီလိုပျော်စရာမှာ ပါ၀င်ဖို့အတွက် ရှိနေရပြန်တာလဲ!
ဒီမြင်ကွင်းကိုမြင်သောအခါ စုမိသားစု၊ ဝိဉာဉ်အင်မော်တယ်နန်းတော်နှင့် ရွှမ်ယွမ်အင်ပါယာဂိုဏ်း အက္ခရာလေးလုံးဂိုဏ်းက လူများပင် စိတ်ရှုပ်ထွေးသွားကြသည်။
မြင့်မြတ်အဆောင်ဂိုဏ်းက အဆောင်သခင်ဂိုဏ်းတစ်ဂိုဏ်းမဟုတ်ဘူးလား!
သူတို့က ဓားနတ်ဘုရားအမွေအနှစ်၏ သတင်းအချက်အလက်ကို လုယက်ရန်အတွက် ကြီးမားသည့်တန်ဖိုးပေးဆပ်တာက အဆင်ပြေပါသေးသည်။
ဘာလို့ သူတို့က အခုခန္ဓာပြုပြင်ခြင်းနှင့် ဆိုင်တဲ့ သတင်းအပိုင်းအစမှာ ကြား၀င်ဖြတ်ဖို့ အရမ်းစိတ်အားထက်သန်နေရတာလဲ!
ဘယ်လိုမျိုးလဲ!
မင်းတို့မြင့်မြတ်အဆောင်ဂိုဏ်းက ရှုထောင့်ပေါင်းစုံကနေ ဖွံ့ဖြိုးတိုးတက်အောင် လုပ်တော့မလို့လား!
မင်းတို့ပြောင်းလဲတော့မလို့လား!
လင်းကျိနန်နှင့် စုမုယောင်တို့သာလျှင် အတွေးနက်နေကြသည်။
ထိုအခိုက်အတန့်၌ ဇီရှန်းပြုံးသည်။
"မြင့်မြတ်အဆောင်ဂိုဏ်းက ကြယ်လေးပွင့်ထိုက်တန်ပါတယ်၊ တန်ဖိုးက မလုံလောက်ပါဘူး"
ဇီရှန်းထိုသို့ပြောပြီးနောက်တွင် ယဲ့ချိုးပိုင်၊ မုဖူရှန်းနှင့် ကျန်သောသူများက အနည်းငယ် ကြက်သေသေသွားကြလေတော့သည်။
ဟမ်!
ငါတို့မှားယွင်းစွာ ခန့်မှန်းမိတာများလား!
သို့စေကာမူ တစ်ခုခုမှားနေသည်ဟူသော ခံစားချက်က သူတို့နှလုံးသားများထဲတွင် ပြည့်နှက်နေသေးသည်။
ဂိုဏ်းချုပ်ကလည်းခေါင်းညိတ်သည်။
"ငါလေလံဆွဲလိုက်တဲ့သတင်းက တကယ်ပဲဒီတန်ဖိုးလောက်ပဲ ထိုက်တန်ပါတယ်"
ဟုန်ရင် အနည်းငယ်မျက်မှောင်ကြုတ်သည်။
"တကယ်ပဲဒီလိုဆိုရင်တော့ ပထမအကြိမ်က တကယ်ပဲ မတော်တဆတခုများလား"
ထိုအချိန်တွင် ဇီရှန်း လက်ထဲတွင် ရွှေတူလေးကိုကိုင်ပြီး စားပွဲကိုရိုက်လိုက်သည်။
အကြိမ်ရေအနည်းငယ်မျှ အသံထွက်လာပြီးနောက် သူမမေးသည်။
"ဒီစီနီယာရဲ့ ကြယ်ငါးပွင့်သတင်းအချက်အလက်အတွက် လေလံဆွဲချင်တဲ့ တခြားတစ်ယောက်ယောက်များရှိသလား"
ထိုအချိန်မှာပင် ယဲ့ချိုးပိုင် အသံပို့လွှတ်မှုတစ်ခုကို ရရှိလိုက်သည်။
သူအနည်းငယ်ကြက်သေသေသွားပြီးနောက် ခေါင်းညိတ်ရင်း ဂိုဏ်းချုပ်ကို ကြည့်ကာ လက်နှစ်ဖက်ဆုပ်သည်။
"ဂိုဏ်းချုပ်၊ ကျေးဇူးပြုပြီး ကြယ်ငါးပွင့် သတင်းအချက်အလက်ကို ထုတ်ပေးပါဦး၊ ဒါပေမယ့် ဒီကြယ်ငါးပွင့် သတင်းအချက်အလက်ထဲမှာ တခြားကြယ်ငါးပွင့်အချက်အလက်အပေါ် အသာစီးရတာမျိုး ရှိလို့မရဘူး"
ဂိုဏ်းချုပ်အနည်းငယ် မှင်သေနေပြီးနောက် ခေါင်းညိတ်သည်။
"ကောင်းပြီ"
ထို့နောက် မြင့်မြတ်အဆောင်ဂိုဏ်းအခန်းက အစိမ်းရောင်အလင်းတစ်ချက် ထပ်မံ လင်း၀င်းသွားပြန်သည်။
ဇီရှန်းလက်ခံရရှိပြီးနောက် နောက်သို့ ပို့လိုက်သည်။
မည်သို့ပင်ဆိုစေကာမူ အကဲဖြတ်မှုအတွက် သူမပို့ပေးရပေမည်။
ထို့နောက် သူမအကဲဖြတ်မှုကို ကြားရသောအခါ ဇီရှန်းအနည်းငယ် ဝေခွဲမရ ဖြစ်သွားရသည်။ သို့စေကာမူ သူမပြောလိုက်ပါသေးသည်။
"မြင့်မြတ်အဆောင်ဂိုဏ်းကလည်း ကြယ်ငါးပွင့် ထိုက်တန်ပါတယ်၊ အဲဒါရဲ့ တန်ဖိုးက ပိုမြင့်ပါတယ်"
အပိုင်း(798) coming။