#နတ်ဘုရားနိဂုံး၊ ခွန်းလွန်အပျက်အစီး#
Vol. 56 Ch. 798
ဘာလို့ဂိုဏ်းချုပ်တွင် ကြယ်ငါးပွင့်သတင်းအချက်အလက်၌ အသာစီးရမှုအများကြီး မရှိရလေသနည်း။
အရင်က စမ်းသပ်မှုလည်းရှိသည်။
အဘယ်ကြောင့်ဆိုသော် ပထမဖြစ်သည့် ဓားနတ်ဘုရားအမွေအကြောင်း သတင်းအချက်အလက်ကို စတင်လေလံတင်စဉ်က ဂိုဏ်းချုပ်ထုတ်ခဲ့သည့် သတင်းအချက်အလက်က အရမ်းကြီးအဖိုးမတန်သောကြောင့်ပင်။
သို့စေကာမူ ဒါကို တျန်ကျင်းကုန်သည်များအသင်းက ပုံဖော်၍မရနိုင်သည့် တန်ဖိုးတစ်ခုအထိ တန်ဖိုးမြှင့်ပစ်ခဲ့သည်။
ထို့ကြောင့် သူတို့ပထမပစ္စည်းကို ရခဲ့ကြသည်။
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ၏ အရင်က မှန်းဆချက်များနှင့် ပေါင်းစပ်လိုက်မည်ဆိုပါက တျန်ကျင်းကုန်သည်များအသင်းက ငရဲဂိုဏ်းနှင့် လျှို့ဝှက်ကြံစည်နေခြင်းပေတည်း။
သတင်းလေလံပွဲ၏ သတင်းကို ဖော်ပြလိုက်သည်နှင့်တစ်ပြိုင်နက် လေနှင့်တိမ်များက နေရာအနှံ့ ထိုးထွက်လာမည်ဖြစ်ပြီး ကြီးမားသည့် ပရမ်းပတာများကို ဖြစ်ပျက်စေလိမ့်မည်။
ဒီကမ္ဘာထဲတွင် ဒီလိုတိုက်ဆိုင်မှုမျိုး ရှိနိုင်သည်လား။
ဒီပုံမမှန်မှုတွင် တစ်ခုခုမှားယွင်းနေသည်ဟုသာ ပြောနိုင်တော့သည်။
တစ်ဘက်လူက တစ်ချို့အရာများကို ဖုံးကွယ်ရန်အတွက် ဒါကို အသုံးပြုနေခြင်းဖြစ်ရပေမည်။
ဒီအချက်များကနေတဆင့် ဒါကိုမြင်နိုင်သည်။
ပထမပစ္စည်းကို တျန်ကျင်းကုန်သည်များအသင်းက မြင့်မြတ်အဆောင်ဂိုဏ်းအား တမင်တကာပေးနိုင်သည့် ဖြစ်နိုင်ချေက မြင့်မားသည်။
သို့မဟုတ် ဒါက မြင့်မြတ်အဆောင်ဂိုဏ်းအခန်းထဲရှိ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများအတွက် ဖြစ်နိုင်သည်။
ဒီအချက်များကသာလျှင် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကို တစ်ခုခုမှားယွင်းနေသည်ဟု ခံစားစေမိခဲ့ခြင်းပင်။
တစ်ချိန်တည်းမှာပင် အတွေးအခေါ်ဘုရင် လင်းကျိနန်က ယဲ့ချိုးပိုင်နှင့် ကျန်သောသူများဘက်တွင် ရှိမနေသည့်တိုင် ဒီသတင်းအချက်အလက်နှင့် ပတ်သက်၍ တစ်ခုခုပုံမှန်ဟုတ်မနေတာကို သူအနံ့ခံမိပါသည်။
သူယဲ့ချိုးပိုင်ထံ အသံပို့လွှတ်ခဲ့ပြီးနောက် စိစစ်စေခဲ့သည်။
သူကမူ ဝိဉာဉ်အင်မော်တယ်နန်းတော်၏ မဟာအကြီးအကဲကို ကြယ်ငါးပွင့်အချက်အလက်ပို့ဆောင်ခဲ့သည့် ကောင်းကင်အင်မော်တယ်နယ်ပယ် နောက်ဆုံးအဆင့်ကျွမ်းကျင်သူနှင့် စကားပြောရန်တောင်းဆိုခဲ့သည်။
သူတို့နှစ်ယောက်က မိတ်ဆွေများဖြစ်ကြသည် မဟုတ်ပေလော။
တစ်ဘက်လူ၏ ကြယ်ငါးပွင့်သတင်းအချက်အလက်က ဘယ်လောက်ထိ အဖိုးတန်သလဲဆိုတာ သူသိချင်သည်။
နှစ်ခုစလုံးကို ဆက်စပ်လိုက်သောအခါ သူ့တို့ထင်မြင်ချက်များက မှားယွင်းမနေခဲ့ပေ။
ဒီလိုသာဆိုပါက အခြေခံအားဖြင့် ဒါကို အတည်ပြုလိုက်နိုင်လေပြီ။
တျန်ကျင်းကုန်သည်များအသင်း၏ လုပ်ဆောင်ချက်များ၏ ရည်ရွယ်ချက်က သူတို့ကို ဒီအချက်အလက်မှတဆင့် မှတ်သားထားသည့်နေရာများကို သွားစေခြင်းပင်။
သတင်းအချက်အလက်များကို မှတ်သားထားသည့် နေရာများ၌ ငရဲဂိုဏ်းက မြှုပ်ထားသည့် မလွတ်မြောက်နိုင်သည့် ကွန်ရက်များရှိပေလိမ့်မည်။
သူတစ်ခဏမျှစောင့်နေခဲ့သည်။
လင်းကျိနန်၏ အသံပို့လွှတ်မှုက နောက်ဆုံးတော့ ရောက်ရှိလာသည်။
"အဲဒီသတင်းအချက်အလက်ရဲ့တန်ဖိုးက ကြယ်ငါးပွင့်သတင်းအချက်အလက်တွေထဲ ထူးခြားမနေဘူးလို့ မဟာအကြီးအကဲပြောတယ်...."
ဒါကိုကြားသောအခါ ယဲ့ချိုးပိုင် မျက်မှောင်ကြုတ်လိုက်သည်။
ဒါကတကယ်ပဲ မတော်တဆတခုများ ဖြစ်နိုင်လား!
ငါတို့ပဲ အတွေးလွန်နေတာများလား!
ဒါပေမယ့် ဒီကမ္ဘာကြီးထဲမှာ ဒီလိုတိုက်ဆိုင်မှုမျိုး ရှိသေးတာလား!
များမကြာခင်မှာပင် နောက်ဆုံးသတင်းအချက်အလက်ပစ္စည်းက နောက်ဆုံးတော့ ပေါ်ပေါက်လာသည်။
ဇီရှန်းမျက်နှာပေါ်ကအပြုံးက ဖြည်းဖြည်းချင်းလေးနက်သွား၏။
လူတိုင်းက ဇီရှန်း၏အမူအရာကို မြင်ကြသည်။
သူတို့ကလည်း အနည်းငယ်ပဟေဠိဖြစ်နေကြသည်။
နောက်ဆုံးသတင်းအချက်ပစ္စည်းကဘာလဲ!
တျန်ကျင်းကုန်သည်များအသင်း၏ လေလံပွဲဦးစီးတွင်ပင် ဒီလိုအမူအရာတစ်ခု ရှိနေခဲ့သည်။
ဇီရှန်းဖြည်းညင်းစွာပြောသည်။
"ဒီသတင်းအချက်အလက်က အပြစ်အနာအဆာရှိတဲ့ ထုတ်ကုန်တစ်ခုပဲ၊ တစ်နည်းပြောရရင် ကျွန်မတို့က ဒီပြီးပြည့်စုံတဲ့ သတင်းအချက်အလက်ရဲ့ ရှုပ်ထွေးတဲ့ အပိုင်းအစတစ်ခုကို မတော်တဆ ရလာခဲ့တာပါ"
သူတို့ ဇီရှန်း၏စကားလုံးများကို ကြားသောအခါ လူတိုင်းကလည်း ကြက်သေသေသွားကြသည်။
အပြစ်အနာအဆာရှိတဲ့ ထုတ်ကုန်တစ်ခုဖြစ်ပြီး မပြည့်စုံဘူးလား!
ဒါကိုလည်း နောက်ဆုံးပစ္စည်းအဖြစ် သုံးနိုင်သေးတာလား!
ဒါက တျန်ကျင်းကုန်သည်များအသင်းရဲ့ လေလံဦးစီးကိုတောင် ဒီလိုအမူအရာမျိုးကို ဖြစ်စေတာလား!
ဖြစ်နိုင်တာက ဒါကမပြည့်စုံတဲ့ သတင်းအချက်အလက်တစ်ခုဆိုရင်တောင် ဒါနဲ့ ပတ်သက်ပြီး တစ်ခုခုကြောက်စရာကောင်းနေတာများလား!
လူတိုင်းဝေခွဲမရဖြစ်နေကြစဉ် ဇီရှန်း၏ စကားလုံးများက သတင်းလေလံခန်းမတစ်ခုလုံးကို အရူးအမူးဖြစ်သွားစေသည်။
"ဒီသတင်းနဲ့ပတ်သက်ပြီး ကျွန်မအချက်သုံးချက်ပဲ ထုတ်ဖော်ပြောဆိုနိုင်မယ်"
"နတ်ဘုရားနိဂုံး၊ ခွန်းလွန်အပျက်အစီးနဲ့ အဆင့်မြင့်ကြယ်နယ်မြေအကြောင်း သဲလွန်စတစ်ချို့"
လူတိုင်း 'အဆင့်မြင့်ကြယ်နယ်မြေ'ဟုသော စကားလုံးကို ကြားရသောအခါ ဒါက ရှေ့က နတ်ဘုရားနိဂုံးနှင့် ခွန်းလွန်အပျက်အစီးကိုပင် အလိုအလျောက် အစားထိုးသွားသည်။
ရုတ်ချည်းဆိုသလို ကောင်းကင်အင်မော်တယ်ကျွမ်းကျင်သူများ၏ အော်ရာက စတင်လေးလံလာကြပြီး ထိုးထွက်လာကြ၏။
လုံလောက်အောင် အားမကောင်းသည့် ပတ်၀န်းကျင်က ကျင့်ကြံသူများက ကြမ်းပြင်ပေါ်သို့ ဖိနှိပ်ခံရသည်။
အကယ်၍ လေလံခန်းမကို တျန်ကျင်းကုန်သည်များအသင်းက အထူးပြုလုပ်ထားသည်ဟူသော အချက်ကြောင့် မဟုတ်ပါက ကောင်းကင်အင်မော်တယ်ကျွမ်းကျင်သူများစွာ၏ အော်ရာကြောင့် အားလုံး ပျက်စီးသွားရပေလိမ့်မည်။
ရွှမ်ယွမ်အင်ပါယာဂိုဏ်းအခန်းထဲတွင် ဂိုဏ်းချုပ်ရှီဂေါင်ချန်း လေးနက်သည့် အမူအရာဖြင့်ပြောသည်။
"ငါတို့ဒီသတင်းအချက်အလက်ကို ဘယ်လောက်ပဲကုန်ကျ ကုန်ကျ ရအောင်ယူရမယ်"
အက္ခရာလေးလုံးဂိုဏ်းချုပ်ကလည်း အလားတူအရာကို ပြောဆိုသည်။
ဝိဉာဉ်အင်မော်တယ်နန်းတော်အတွက် ရောက်လာသောသူက မဟာအကြီးအကဲ ကျန်ကွမ်းဖြစ်သည်။
ကျန်ကွမ်းဒီအချက်အလက်ကို ကြားပြီးနောက် မည်းမှောင်သည့်အမူအရာဖြင့် ပြောလာသည်။
"အဆုံးမဲ့ပင်လယ်ဒေသက မူမမှန်မှုက အဆင့်မြင့်ကြယ်နယ်မြေရဲ့ သဲလွန်စပေါက်ကြားမှုကြောင့် ဖြစ်စေတာများလား"
စုမိသားစုအခန်းထဲတွင် လေးစားခံအကြီးအကဲ ဟွမ်ရှန်း စိတ်ရှုပ်ထွေးစွာမေးသည်။
"နတ်ဘုရားနိဂုံးလား၊ ခွန်းလွန်အပျက်အစီး၊ ပြီးတော့ အဆင့်မြင့်ကြယ်နယ်မြေအကြောင်း သဲလွန်စလည်း ရှိသေးတာလား၊ ဆက်နွှယ်မှုကဘာများလဲ"
အဆင့်မြင့်ကြယ်နယ်မြေ၏ သဲလွန်စများက သူ့၏စိတ်၀င်စားမှုကို တိုးစေသော်လည်း နတ်ဘုရားနိဂုံးနှင့် ခွန်းလွန်အပျက်အစီးကို သူတစ်ခါမှ မကြားဖူးပါ။
ထိုအချိန်တွင် မြင့်မြတ်အဆောင်ဂိုဏ်းအခန်းထဲ၌ အဆင့်မြင့်ကြယ်နယ်မြေ၏ သဲလွန်စများကြောင့် ဂိုဏ်းချုပ်ရော မဟာအကြီးအကဲပါ အံ့ဩသင့်သွားကြသည်။
မုဖူရှန်း၊ ယဲ့ချိုးပိုင်၊ ဟုန်ရင်နှင့် ကျန်သောသူများကလည်း နတ်ဘုရားနိဂုံးဆိုတာ ဘာကိုဆိုလိုသလဲဆိုတာကို သိချင်ကြသည်။
ရှောင်ဟိုင်တစ်ယောက်တည်းသာလျှင် 'ခွန်းလွန်အပျက်အစီး'ဟူသော စကားကို ကြားသောအခါ သူ့မျက်လုံးများက လင်း၀င်းသွား၏။
အရင်ဝိဉာဉ်အပိုင်းအစ၏ သဲလွန်စများအရ သူ့၏နောက်ထပ်ဝိဉာဉ်အပိုင်းအစကို ခွန်းလွန်အပျက်အစီးထဲတွင် ဝှက်ထားသည်။
နောက်ဆုံးတော့ ခွန်းလွန်အပျက်အစီးနှင့် ပတ်သက်သည့် သဲလွန်စများရှိလာလေပြီ။
သို့စေကာမူ လက်ရှိရှောင်ဟိုင်က ခွန်းလွန်အပျက်အစီးအကြောင်း သဲလွန်စများကို ရရှိလျှင်ပင် အရင်ဝိဉာဉ်အပိုင်းအစ၏ ပြောစကားအရ သူ့လက်ရှိရုပ်ခန္ဓာနှင့် နောက်ထပ်ဝိဉာဉ်အပိုင်းအစကို စုပ်ယူခြင်းကနေ ယူဆောင်လာမည့် အဆုံးမဲ့ညှဉ်းပန်းနှိပ်စက်မှုကို သူခံနိုင်ရည်ရှိမည်မဟုတ်။
ရှောင်ဟိုင်၏အမူအရာကို ခံစားမိသည့်အပေါ် နင်းချန်ရှင်းပြုံးကာမေးသည်။
"ဂျူနီယာညီလေးရှောင်ဟိုင်၊ အမွေအနှစ်ရတနာက ဘယ်လောက်ပဲ ဆွဲဆောင်အားကောင်းနေပါစေ မင်းစိတ်၀င်စားတာကို ငါတစ်ခါမှမမြင်ဖူးပါဘူး၊ ဘာလို့လဲ၊ ဒီသတင်းကို ကြားရတဲ့နောက်မှာ မင်းလည်း စိတ်၀င်စားသွားလို့လား"
ယဲ့ချိုးပိုင်ကလည်း လှမ်းကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲ၊ အဆင့်မြင့်ကြယ်နယ်မြေအကြောင်း သဲလွန်စတွေကို မင်းစိတ်၀င်စားလို့လား"
ရှောင်ဟိုင်ခေါင်းခါယမ်းသည်။
"ခွန်းလွန်အပျက်အစီးပါ၊ ကျွန်တော့်ရဲ့ ဝိဉာဉ်အပိုင်းအစက အဲမှာရှိတယ်...."
ဟုန်ရင်ရယ်မောလိုက်သည်။
"ကြည့်ရတာ ငါတို့ဒီသတင်းအချက်အလက်ကို ရယူရမယ့်ပုံပဲ"
မုဖူရှန်း အားကိုးရာမဲ့စွာပြောသည်။
"ဒါက မပြည့်စုံတဲ့သတင်းအချက်အလက်တစ်ခုပဲလေ၊ ကျွန်တော်တို့ရမယ်ဆိုရင်တောင် ခွန်းလွန်အပျက်အစီး ဘယ်မှာလဲဆိုတာ ကျွန်တော်တို့ ပုံဖော်နိုင်လောက်မှာ မဟုတ်ဘူး"
"ဘာပဲဖြစ်ဖြစ် အရင်ဆုံးကြိုးစားကြည့်ကြတာပေါ့"
ဒါ့အပြင် ဂိုဏ်းချုပ်ကလည်း ဒီသတင်းအချက်အလက်၏ပိုင်ရှင်ကို သေချာပေါက် အစွမ်းကုန်တိုက်ခိုက်မည်သာ။
အဆင့်မြင့်ကြယ်နယ်မြေကို ၀င်ရန်အတွက် အရေးအကြီးဆုံးအရာက ဒီနေရာက အချုပ်အနှောင်ကို ချိုးဖျက်ရန်ပင်။
ဇီရှန်း လေလံစဆွဲရန်ကြေညာလိုက်စဉ်မှာပင် ကျောက်စိမ်းဆွဲသီး၏ အစိမ်းရောင်အလင်းက လေလံခန်းမတစ်ခုလုံး၌ လင်း၀င်းသွားလေတော့သည်။
မရေမတွက်နိုင်လောက်သည့်သူများက စိတ်မရှည်စွာထရပ်ကြပြီး လက်ထဲတွင် ကျောက်စိမ်းဆွဲသီးများကိုကိုင်ကာ သတင်းပို့ကြသည်။
ထိုအခိုက်အတန့်မှာပင် ကြယ်လေးပွင့် ထိုက်တန်သည့် သတင်းအချက်အလက်ကို ထုတ်ယူရန်ပင် မဖြစ်နိုင်တော့။
စတင်လိုက်သည်နှင့် ၎င်းက ချက်ချင်းဆိုသလို ကြယ်ငါးပွင့်သတင်းအချက်အလက်ကို ရောက်ရှိသွားခဲ့သည်။
ဒါ့အပြင် သတင်းအချက်အလက် အရမ်းများလွန်းသဖြင့် အကဲဖြတ်ရန်ကလည်း အချိန်တစ်ချို့ယူလိုက်ရသည်။
ဇီရှန်းတစ်ယောက် ထိန်းချုပ်မှုအောက်တွင် အခြေအနေကို ထိန်းသိမ်းရင်း လေလံဆွဲနေသည့်ဂိုဏ်းများနှင့် တစ်ကိုယ်တော်ကျင့်ကြံသူများကို တည်ငြိမ်စေရန် လုပ်ဆောင်နေရသည်။
သို့စေကာမူ အပေါ်က အခန်းများမှ ထိပ်သီးဂိုဏ်းများက တိုက်ခိုက်ရန်ပင် ပြင်နေကြသည်။
လေလံပွဲပြီးသည့်အခိုက်အတန့်က သူတို့တိုက်ခိုက်မည့်အချိန်ပေတည်း။
မည်သို့ပင်ဆိုစေကာမူ သူတို့က ဒီနေရာကို နောက်ဆုံးလေလံပစ္စည်းကြောင့် ရောက်လာခြင်းပင် မဟုတ်ပေလော။
သူတို့တွင် ဒီအတွက်သိုလှောင်ထားသည့် တန်ဖိုးမြှင့် ကြယ်ငါးပွင့်သတင်းအချက်အလက်များစွာရှိသည်။
သူတို့က အောက်က တစ်ကိုယ်တော်ကျင့်ကြံသူများနှင့် ဒုတိယတန်းစားဂိုဏ်းများကို ဂရုပင်မစိုက်ပေ။
သူတို့၏ပြိုင်ဘက်များက အခန်းများထဲတွင် ရှိနေခွင့်ရသည့် ဒီအင်အားစုများသာဖြစ်သည်။
အပိုင်း(799) coming။