ပြန်လည် တွေ့ဆုံခြင်း
Vol. 90 Ch. 1248
လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုကျော် မာ့ကျန်း ရွှေရောင် အသက် နန်းတော် သခင် ဖြစ်လာခဲ့သည့် စတင်၍ မာ့ဆုကျင်းမှာ တတိယမြောက်ကိုင်းခွဲ၏ အုပ်ချုပ်ရေးမှူးကို ရယူခဲ့ရသည်။ မာ့မျိုးနွယ်ကို ဦးဆောင်ခဲ့ရသည်။ မာ့ဆုကျင်းမှာ မာ့ကျန်း၏ စီမံ အုပ်ချုပ်နိုင်မှု စွမ်းရည်ကို အမွေ ဆက်ခံ ရရှိထားသူ ဖြစ်လေရာ အလွန်ပင် ထက်မြက်ပေသည်။ သူမ လက်အောက်တွင် ရွှေရောင် အသက်နန်းတော်၏ တတိယမြောက် ကိုင်းခွဲမှာ အဖက်ဖက်မှ တိုးတက် လာခဲ့သည်ဟု ဆိုနိုင်ပေသည်။ သို့သော်လည်း...
ဟင်းလင်းပြင် ဂိတ်တံခါးဘက်ကို မျက်နှာမူကာ ရပ်နေရင်းမှ မာ့ကျန်းက မာ့ဆုကျင်းဘက်ကို အနည်းငယ် စောင်းကြည့် လိုက်သည်။
“ဒီတစ်လော အတွင်း တတိယကိုင်းခွဲရဲ့ ဘဏ္ဍာငွေတွေကို မင်း ကိုယ်ရေးကိုယ်တာ အတွက် သုံးပစ်နေတယ်လို့ သတင်း ကြားတယ်... အမြတ်အစွန်း ဆုံးရှုံးမှု တစ်ချို့တောင် ရှိခဲ့တယ် ဆို”
မာ့ဆုကျင်း၏ တည်ငြိမ်သည့် အမူအရာက အနည်းငယ် လှုပ်လှု့ပ်ရှားရှား ဖြစ်သွားခဲ့၏။ သို့သော်လည်း... သူမမှာ ခပ်မြန်မြန်ပင် ပြန်လည် တည်ငြိမ်သွားခဲ့ကာ ဖခင်ဘက်သို့ လှည့်ကြည့် လိုက်သည်။
“မဟုတ်ပါဘူး... နန်းတော်သခင်... ကျွန်မ ကိုယ်ရေးကိုယ်တာ ရင်းနှီးမြှုပ်နှံမှု တစ်ချို့ လုပ်နေတာပါ”
မာ့ကျန်းက ဘာမှ ပြန်မပြောပဲ ဂိတ်တံခါးဘက်ကို ပြန်လှည့် လိုက်သည်။ မာ့ဆုကျင်း ပြောသည့် အဓိပ္ပာယ်ကို သူ သိပေသည်။ မိန်းကလေးမှာ ရွှေရောင် အသက်နန်းတော်၏ ရင်းမြစ်များကို အသုံးပြုကာ လူတစ်ယောက် အပေါ်တွင် ရင်းနှီး မြှုပ်နှံမှု ပြုလုပ်နေခြင်း ဖြစ်သည်။
တစ်ချိန်တုန်းက မာ့ကျန်း ကိုယ်တိုင်လည်း ဝေ့ဝူယင် အပေါ် အလားတူ ရင်းနှီး မြှုပ်နှံမှု ပြုလုပ်ခဲ့ဖူးသည်။ သူက တတိယကိုင်းခွဲ၏ ရင်းမြစ်များစွာကို အသုံးပြုကာ မရေမတွက်နိုင်သော သားရဲများ အတွက် အိမ်တစ်ခု ဆောက်ပေးခဲ့ရသည်။ ရှို့ရန်များစွာ အတွက် ကျင့်ကြံခြင်း ရင်းမြစ်များ ထောက်ပံ့ပေးခဲ့သည်။ ထို့အပြင် နတ်ဆိုးမျိုးနွယ် အတွက် အသူရာဂြိုဟ်ကို တည်ဆောက်ပေးခဲ့ရကာ တိုးတက်ရေး အတွက် ရန်ပုံငွေ များစွာ ပံ့ပိုးပေးခဲ့ရသည်။ ထို့အပြင် ထာဝရဂြိုဟ် အပေါ် သူတို့ပေးအပ်ခဲ့သည့် ထောက်ပံ့မှုများမှာလည်း မနည်းမနောပင်။
နောက်ပိုင်း သူ မည်သည့် အရာများ ပြန်လည် ရရှိခဲ့သည်ကိုတော့ အားလုံး အသိပင်။
မာ့ကျန်း ဘာမှ ဆက်မပြောတော့သည်ကို တွေ့သော အခါတွင်မှ မာ့ဆုကျင်း တစ်ယောက် သက်ပြင်း ချနိုင်တော့သည်။ မည်သို့ပင် ဆိုစေကာမူ... နောက်တစ်ကြိမ်တွင် ဆင်ခြင်ရတော့မည် ဖြစ်ကြောင်း သူမ စိတ်ထဲမှ တေးမှတ်ထားလိုက်သည်။
ဝှစ်...
ရုတ်တရက် ကြယ်တာရာ အလင်းတန်း တစ်ခု ပျံသန်းလာကာ သူတို့ အနားသို့ ရောက်ရှိလာ၏။ သူ၏ အော်ရာက ထူးခြားစွာ တောက်ပနေကာ ပြင်းထန်သည့် လွှမ်းမိုးနိုင်စွမ်း အငွေ့အသက်များကို ထုတ်ဖော် နေခဲ့သည်။ ထိုပုဂ္ဂိုလ်ကတော့ အခြားလူ မဟုတ်။ အာရုဏ်ဦး အဂ္ဂိရတ် သူရဲကောင်း တစ်ဖြစ်လည်း ဝူယုပင် ဖြစ်သည်။
ဝူယုက မျက်လုံးတစ်ချက် ဝှေ့ရင်း ဟင်းလင်းပြင် ဂိတ်တံခါးကို လှမ်ကြည့် လိုက်၏။
“ဘယ်သူမှ မရောက်သေးဘူးလား...”
“အင်း... စည်းစိမ် ဂိတ်တံခါး ဝင်္ကပါ အလုပ်လုပ်ပုံနဲ့ တွက်ရင်း လေးမိနစ်နဲ့ သုံးဆယ့် ခုနစ် စက္ကန့် လိုသေးတယ်”
မာ့ကျန်းက တည်ငြိမ်စွာပင် ပြောလိုက်၏။ ဝူယုက ခေါင်းတစ်ချက် ညိတ်ရင်း ဟင်းလင်းပြင် ဂိတ်တံခါးကို သေသေချာချာ အကဲခတ် လိုက်သည်။
“တည်ငြိမ်နဲ့ ပုံသေ အာကာသတွေနဲ့ ပတ်သက်ရင် သခင်လေးဝေ့ရဲ့ အတွေးအခေါ်တွေက အံ့မခန်းပဲ... ကျုပ်တောင်မှ သူ့လို အာကာသ ဆက်ကြောင်းတွေ ဖန်တီးနိုင်ဖို့ မလွယ်ဘူး... ကျုပ် အထင် ဒီဟင်းလင်းပြင် ဂိတ်တံခါးတွေက မဟာ စက်ဝန်း ကြယ်ကွင်းပြင်ရဲ့ ဂိတ်တံခါး နည်းပညာကိုပါ ပြောင်းလဲ ပစ်နိုင်လိမ့်မယ်”
မာ့ကျန်းက ဝူယု ဟင်းလင်းပြင် ဂိတ်တံခါးအား စိတ်ဝင်စားနေသည်ကို အကဲခတ်မိရာ စကားစလိုက်သည်။
“ဒါပေါ့ဗျာ...”
ဝူယုက ခေါင်းညိတ်လိုက်၏။ သူ၏ မျက်ဝန်းများက ဂုဏ်ယူသည့် အငွေ့အသက်များနှင့် တဖျပ်ဖျပ် တောက်ပနေခဲ့သည်။ ဝေ့ဝူယင် နောက်ကို လိုက်ရန် ရွေးချယ်ခဲ့ခြင်းမှာ သူ့ ဘဝ တစ်လျှောက် အကောင်းဆုံးသော ဆုံးဖြတ်ချက်ပင် ဖြစ်ပေသည်။
မာ့ဆုကျင်းက ဝူယုကို တိတ်တဆိတ် လှမ်းကြည့်လိုက်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း သုံးဆယ်ခန့်က ဝူယုမှာ သူမနှင့် အဆင့်တူ တစ်ယောက်သာ ဖြစ်ခဲ့သည်။ သူမအပေါ် ခြိမ်းခြောက်နိုင်စွမ်း တစ်ချို့ ရှိခဲ့သည် ဆိုသော်လည်း အရမ်းကြီး ပြင်းထန်လွန်းခဲ့သည်တော့ မဟုတ်ချေ။ သို့သော်လည်း ယခုတွင်တော့ ကြယ်ကွင်းပြင်၏ ထိပ်တန်း မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်နေခဲ့သည့် အပြင် ဂုဏ်သိက္ခာ ကြီးမားသည့် အာရုဏ်ဦး အဂ္ဂိရတ် သူရဲကောင်းပါ ဖြစ်လာခဲ့သည်။ သူ၏ အပြောင်းအလဲများက ထိတ်လန့် အံ့သြဖွယ် ကောင်းလှပေသည်။
သို့သော်လည်း... သူမကတော့ လျှို့ဝှက် ဝိညာဉ် အဆင့်တွင်ပင် သောင်တင်နေဆဲ ဖြစ်ကာ သေမျိုးတစ်ပိုင်း အဆင့် ကို ရောက်ရှိဖို့ ရုန်းကန် နေရဆဲ ဖြစ်သည်။ သို့သော်လည်း... မာ့ဆုကျင်းမှာ မိမိကိုယ်ကို ဝူယုထက် ပါရမီ နည်းသည်ဟုတော့ ဘယ်တုန်းကမှ မခံစားရပါချေ။ မည်သို့ပင် ဆိုစေ... သူမမှာ လက်ရှိ အချိန်သည့် မည်သည့် ကပ်ဘေးကိုမှ မကျရှုံးဖူးသေးသည် မဟုတ်ပါလား။
“သခင်လေးဝေ့ တံခါးပိတ် ကျင့်ကြံလို့ ပြီးသွားတာ ကျုပ် တကယ်ပဲ ဝမ်းသာမိတယ်”
မာ့ကျန်းက အပြုံးနှင့် ဆိုလိုက်သည်။ ဝူယုက ခေါင်းညိတ်လိုက်၏။ သို့သော်လည်း... သူ့ မျက်လုံးများက ဂိတ်တံခါးကိုသာ စူးစိုက်ကြည့်ကာ အချိန်ကို တိတ်တဆိတ် နောက်ပြန် ရေတွက်နေခဲ့သည်။ အချိန်က နှစ်မိနစ်ကျော် လိုသေးသည့်တိုင် ဝူယု တစ်ယောက် မည်မျှ စိတ်လှုပ်ရှားနေကြောင်း ထင်ရှား လှပေသည်။
မာ့ကျန်း ဂိတ်တံခါးဘက်ကို ပြန်လည် အာရုံစိုက် လိုက်၏။ ဝေ့ဝူယင်မှာ လွန်ခဲ့သည့် နှစ်လကျော် သုံးလခန့်က ထူးဆန်းသည့် နယ်မြေ အတွင်း ပျောက်ဆုံး နေခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ သူတို့ တစ်ခါမှ မတွေ့မကြုံခဲ့ဖူးသည့် နယ်မြေ တစ်ခုပင် ဖြစ်ကာ နေရာတကာတွင် အပျက်အစီး မန်နာများသာ ကြီးစိုးနေသည်။ ၎င်းက မြေကြီး ရှန့်ထိုများပင် ဝင်ရောက်ရဲသည့် နေရာမျိုး မဟုတ်ချေ။
ထုံးစံအတိုင်း လွန်ခဲ့သည့် တစ်လခန့်က ထိုနယ်မြေ အတွင်း အတင်းအကြပ် ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့သည့် မြေကြီး ရှန့်ထို တစ်ယောက် ရှိခဲ့ပေသည်။ သို့သော်လည်း ခြေတစ်လှမ်းတည်းဖြင့်ပင် သူ၏ ခန္ဓာကိုယ်မှာ အမှောင် ဟင်းလင်းပြင် အအေးဓာတ်၏ သက်ရောက်မှု ခံခဲ့ရသည်။ သူက လက်ရှိ အခြေအနေ အထိ ပြန်လည် ကောင်းမွန်ရန် ကြိုးစားနေရဆဲ ဖြစ်ကာ သေဆုံးရန် ရာနှုန်းအားဖြင့် များပြားနေဆဲ ဖြစ်သည်။
အကယ်၍ နဂါးခေါင်းဆောင်း ပိုင်ရှင် မြေကြီး ရှန့်ထိုကြောင့်သာ မဟုတ်ပါက ဝေ့ဝူယင် သေဆုံးသွားပြီ ဟုပင် မာ့ကျန်း ထင်မိလိမ့်မည် ဖြစ်သည်။ သို့သော်လည်း... လွန်ခဲ့သည့် ရက်ပိုင်းခန့်က ဝေ့ဝူယင်ထံမှ ဆက်သွယ်မှု တစ်ခုကို သူ ရရှိခဲ့သည်။ သူက နာမည် တပ်ထားသည့် ကျင့်ကြံသူများကို ဤလျှို့ဝှက် နေရာသို့ ဖိတ်ခေါ်ရန် ညွှန်ကြားခဲ့သည်။ သူတို့ အားလုံးကို ဆွဲဆောင်ရန် အတွက် ငါးစာများပင် ထည့်ပေးလိုက်သေးသည်။
ဝမ်... ဝမ်...
မာ့ကျန်း တစ်ယောက် အတွေး နယ်ချဲ့နေစဉ်မှာပင် ဂိတ်တံခါး အထက်ရှိ ရွန်းဗတ် သဏ္ဌာန် သလင်းကျောက်မှာ ရောင်စုံအလင်းတန်းများနှင့် တောက်ပလာခဲ့သည်။ ထို့နောက်တွင်တော့ အလင်းတန်း နှစ်ဆယ့် သုံးခု ထွက်ပေါ်လာကာ ဂိတ်တံခါး အတွင်းရှိ မတူ ကွဲပြားသော အရပ် မျက်နှာ နှစ်ဆယ့် သုံးခုထံ ကျဆင်း သွားသည်။ ထိုနေရာများ၌ အာကာသ စွမ်းအင် ကန့်လန့်ကာများ ဖွဲ့စည်းလာ၏။
“အလုပ် ဖြစ်တယ်...”
မာ့ကျန်း၏ နောက်ရှိ ဗိသုကာ ပညာရှင် တစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် ဆိုလိုက်သည်။ ချိတ်ဆက် ဟင်းလင်းပြင် ဂိတ်တံခါး နည်းပညာမှာ မဟာ စက်ဝန်း ကြယ်ကွင်းပြင်တွင် တစ်ကြိမ်တစ်ခါမှ အောင်အောင်မြင်မြင် မစမ်းသပ်ဖူးသေးသည့် သီအိုရီ တစ်ခု ဖြစ်သည်။ ၎င်းမှာ မတူကွဲပြားသည့် နေရာများစွာမှ လူများကို တစ်ပြိုင်နက်တည်း ပို့ဆောင်ပေးနိုင်သည့် ဝင်္ကပါမျိုး ဖြစ်သည်။ ယခုတွင်တော့ ရွှေရောင် အသက်နန်းတော်မှာ ပထမဆုံး စမ်းသပ် အောင်မြင်ခဲ့ပြီ ဖြစ်သည်။
ရုတ်တရက်... ပုံရိပ် တစ်ခုမှာ အာကာသ စွမ်းအင် ကန့်လန့်ကာ တစ်ခုထဲမှ ထွက်ပေါ်လာခဲ့၏။ သူက နာမည် ကျော်ကြားသည့် သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက် ဖြစ်သည့် ဟောင်ရှောက်လုံပင်။ မာ့ကျန်းကို တွေ့သည်နှင့် ဟောင်ရှောက်လုံ ရယ်မောလိုက်၏။
“မိတ်ဆွေကြီးကျန်း... မတွေ့ရတောတောင် ကြာပြီ”
မာ့ကျန်းက ပြုံးလိုက်၏။ ထို့နောက် နှုတ်ဆက် စကားပြောဖို့ ဟန်ပြင်လိုက်စဉ်မှာပင် သူ့ အမူအရာက ရုတ်တရက် ပြောင်းလဲ သွားခဲ့သည်။ ဝူယု၊ ဟောင်ရှောက်လုံတို့၏ အမူအရာများမှာလည်း အလားတူပင် ပြောင်းလဲ သွားကြကာ ဟင်းလင်းပြင် ဂိတ်တံခါးထဲကို လှမ်းကြည့်လိုက်ကြ၏။
ထို့နောက်... ပထမဆုံး တွေ့လိုက်ရသည်က ရွှေသွေးရောင် မီးတောက်များ...
ဂီး...
အသံ တစ်ခုမှာ ဓားအမိုးခုံး ကုန်းမြေတိုက်ကြီး၏ အကာအကွယ် အစီအရင်ကို ဖြတ်သန်းကာ ထွက်ပေါ် လာခဲ့၏။
“ကြည့်ရတာ အချိန်ကိုက်ပဲ...”
ဝူယုက ပြုံးလိုက်၏။ ဟင်းလင်းပြင် ဂိတ်တံခါးမှာ အာကာသ စွမ်းအင် ကန့်လန့်ကာ နှစ်ဆယ့် သုံးခု ဖွဲ့စည်းရုံမျှဖြင့် ရပ်တန့် သွားခြင်း မရှိပါချေ။ ပိုမို များပြားသည့် လျှို့ဝှက် အာဏာရှင် အဆင့် အော်ရာများကို အဆက်မပြတ် သယ်ဆောင်ရင်း ဆက်လက် လည်ပတ်နေခဲ့လေ၏။
...