← Chapters

ဝါးမြိုဖို့ ကြိုးပမ်းခြင်း

Vol. 90 Ch. 1252

ဝါးမြိုဖို့ ကြိုးပမ်းခြင်း

Vol. 90 Ch. 1252

"..."

ဝေ့ဝူယင်နှင့် ဝတ်စုံနက်ဝတ်တို့ အကြားရှိ စကားဝိုင်းကို စောင့်ကြည့် နားထောင်ရင်း အားလုံး၏ အမူအရာများက ပိုမို၍ လေးနက် လာနေခဲ့၏။ အခြေအနေက အချိန်မရွေး ပေါက်ကွနိုင်သည့် ဗုံးတစ်လုံးလိုပင် ဖြစ်ကြောင်း အားလုံး သတိပြုမိကြပေသည်။

“တို့ လှုပ်ရှားကြမလား...”

ထျန်းလင်းယုက စိုးရိမ်စွာဖြင့် မေးလိုက်၏။ အင်ပါယာ ကလန်သူ တစ်ယောက် အနေဖြင့် အစစ်အမှန် မွေးဖွားခြင်း မည်မျှ အင်အား ကြီးမားကြောင်း သူမ သိပေသည်။ အကယ်၍ သူတို့သာ တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ပါက မီးဖီးနစ် ပင်လျှင် သူတို့ကို တားဆီးရန် လုံလောက်လိမ့်မည်ဟု သူမ မထင်ပါချေ။

“စိတ်အေးအေးထားပါ... အစစ်အမှန် မွေးဖွားခြင်းက အဲဒီလောက် မရူးမိုက်ဘူး”

ထျန်းမူယန်က အေးဆေးစွာပင် တုန့်ပြန်လိုက်၏။ အစစ်အမှန် မွေးဖွားခြင်း၏ ရည်ရွယ်ချက်က ဝေ့ဝူယင်နှင့် မဟာမိတ်ပြုနိုင်ရေးသာ ဖြစ်သည်။ လူငယ်နှင့် ပူးပေါင်းနိုင်လျှင် သူတို့ အတွက် အဆုံးမဲ့သည့် အကျိုးအမြတ်များက စောင့်ကြို နေပေလိမ့်မည်။ ထို့အစား... လူငယ်ကို သတ်ဖြတ်ခဲ့လျှင်ရော။ ရလဒ်က အဆုံးမဲ့ တိုက်ပွဲများသာ ဖြစ်ပေလိမ့်မည်။

“ရှင် မှားတယ်”

ရုတ်တရက် ဧကရီ ရှောင်ချွမ်းက ပြောလိုက်၏။ ထျန်းမူယန်က မျက်မှောင်ကြုတ် လိုက်ရင်း အင်ပါယာ၏ ချစ်လှစွာသော မိဖုရားဘက်ကို စောင်းကြည့် လိုက်သည်။

"မှားတယ် ဟုတ်လား...”

ဧကရီ၏ လှပသော မျက်ဝန်းတို့က အစစ်အမှန် မွေးဖွားခြင်း ကြယ်တာရာ နယ်မြေ အစပ်နားတွင် ရပ်နေသည့် ဝေ့ဝူယင်နှင့် ပိုင်လင်တို့၏ ပုံရိပ်များကိုသာ တိတ်တဆိတ် လှမ်းငေး နေခဲ့သည်။

“သူတို့သာ တိုက်ခိုက်ဖို့ ဆုံးဖြတ်ပြီးရင် ဖြစ်အောင် လုပ်လိမ့်မယ်”

သူမ၏ စကားလုံးများက အဆုံးမဲ့ ပြတ်သားခြင်းများနှင့် ပြည့်နှက် နေခဲ့သည်။

ဂီး...

သူတို့ စကားပြောနေသည့် အခိုက်တွင်ပင် ပိုင်လင်က ခေါင်းကို မော့ကာ ဟစ်ကြွေးလိုက်၏။ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် နိ‌ဗာန မီးတောက်မီးလျှံများက သူမ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံ သွားခဲ့သည်။ ၎င်းတို့၏ သက်ရောက်မှု အောက်တွင် ပတ်ဝန်းကျင်ရှိ အပျက်အစီး မန်နာများ ပင်လျှင် စတင်ကာ လောင်ကြွမ်း လာခဲ့၏။

နိဗာန အသွင်ပြောင်းခြင်း...

ဘုန်း...

လျှပ်တစ်ပြက် အတွင်းမှာပင် ပိုင်လင်၏ ခန္ဓာကိုယ်က မီတာ နှစ်‌သောင်း မြင့်မားသည့် မီးဖီးနစ်ကြီး အသွင် ပြောင်းလဲ သွားခဲ့၏။ ထိုမြင်ကွင်းမှာ အလွန်တရာပင် ခမ်းနာ ထည်ဝါကာ လှပလွန်းရကား ပန်းချီကားများထဲမှ ဒဏ္ဍာရီ တစ်ခု အသက်ဝင်လာသလို ထင်မှတ်မှားရပေသည်။

...

တစ်ချိန်တည်း၌...

ဘုန်း... ဘုန်း...

အစစ်အမှန် မွေးဖွားခြင်း ကြယ်တာရာ နယ်မြေ၊ တွယ်ရာမဲ့ နှလုံးသားဂိုဏ်း အတွင်းတွင် အဆက်မပြတ် ပေါက်ကွဲသံများမှာ အရိုးဖြူများနှင့် တည်ဆောက်ထားသည့် ကိုးထပ်‌ စေတီတစ်ခုထဲမှ ထွက်ပေါ်လာခဲ့၏။ ၎င်းတို့နှင့် အတူ ယှဉ်တွဲ၍ ထွက်ပေါ်လာခဲ့သည်ကတော့ နာကျင်စွာ အော်ဟစ် ငြီးငြူနေသည့် အသံများပင်။

...

ဝေ့ဝူယင်မှာ ပိုင်လင်၏ ဦးခေါင်းထက်၌ ရှိနေခဲ့၏။ ရွှေ‌ရောင် မီးတောက်များမှာ အရှိန်အဟုန် ပြင်းစွာဖြင့် ပတ်ဝန်းကျင် မိုင်ပေါင်းများစွာကို လောင်ကျွမ်း ပြာချပစ်နေသည့်တိုင် ဝေ့ဝူယင်ကတော့ မထိမခိုက်ပင် ရှိနေသေးဆဲ ဖြစ်သည်။ မီတာပေါင်း နှစ်သောင်း မြင့်မားသည့် ပိုင်လင်နှင့် နှိုင်းယှဉ်ပါက သူ၏ တည်ရှိမှုက အလွန်တရာ သေးငယ်လှသည့်တိုင်အောင် အကြွင်းမဲ့ ဧကရာဇ် တစ်ပါးလိုမျိုး နှိုင်းယှဉ်မရနိုင်သည့် အော်ရာ တစ်ခုကို ပိုင်ဆိုင်ထားပေသည်။ လူငယ်၏ မျက်လုံးများကတော့ ငွေရောင် မျက်လုံးများနှင့် တဖျပ်ဖျပ် တောက်ပနေကာ မျက်နှာဖုံးတပ်ကို ထီမထင်စွာ လှမ်းကြည့် နေခဲ့၏။

ခရက်... ခရက်...

ဝေ့ဝူယင်၏ ပတ်လည်တွင်တော့ လျှို့ဝှက် စွမ်းအင် အာကာသ အလွှာ တစ်ခုမှာ ဖန်သားစများလို ကွဲကြေ သွားခဲ့၏။ ထိုနေရာတွင် ဟင်းလင်းပြင် စွမ်းအင်များက လျှင်မြန်စွာ နေရာယူ လာသည်။ အစစ်အမှန် ဟင်းလင်းပြင် နဂါး တစ်‌ကောင်ကို အာကာသ စွမ်းအင်သုံး၍ ဖမ်းချုပ်ရန် ကြိုးပမ်းခြင်းက အလွန်ပင် ရူးမိုက်ရာ ကျလွန်းလှ ပေသည်။

“မင်းတို့ရဲ့ ထောက်ချောက်လေးက ငါ့ကို အလုပ်ဖြစ်မယ် ထင်နေတာလား...”

ဝေ့ဝူယင်က အပြုံးကို ဆက်လက် ထိန်းသိမ်းရင်း ပြောလိုက်၏။ သို့‌သော်လည်း... သူ၏ ငွေရောင် မျက်လုံးများကတော့ စူးရှရှ အလင်းတန်းများနှင့် ပြင်းထန်စွာ လောင်ကျွမ်း နေခဲ့လေသည်။

“မင်းတို့ရဲ့ လိပ်ခွံက ဘယ်လောက်အထိ တောင့်ခံနိုင်မလဲ ဆိုတာ ကြည့်ရသေးတာပေါ့... ပိုင်လင်...”

ဂီး...

ဝေ့ဝူယင် အချက်ပြလိုက်သည်နှင့် တစ်ပြိုင်နက် ပိုင်လင်၏ ခန္ဓာကိုယ်မှာ ရွှေရောင် မီးတောက်မီးလျှံများနှင့် အတူ ပေါက်ကွဲ လာခဲ့၏။ ၎င်းမှာ ပိုမို၍ ကြီးမား လာနေခဲ့ပြီ ဖြစ်သည်။

ဖီးနစ်မျိုးနွယ်မှာ မီးနတ်ဘုရား၏ ကျိန်စာသင့် စွမ်းအင် တစ်ခုကို ပိုင်ဆိုင်ထားသည် ဟူသော ဒဏ္ဍာရီ တစ်ခု ရှိခဲ့သည်။ ကျိန်စာအရ ၎င်းတို့မှာ အရိုးအသားပင် မကျန်သည် အထိ လောင်ကျွမ်းခံရကာ ပြာပုံ ဘဝမှ တစ်ဖန် ပြန်လည် မွေးဖွား ကြရသည်။ ထိုဒဏ္ဍာရီနှင့် အတူ အံ့အားသင့်ဖွယ် ယှဉ်တွဲနေသည့် အခြား ယုံတမ်းစကား တစ်ခုလည်း ရှိပေသေးသည်။ ၎င်းကတော့ ဖီးနစ်များမှာ တန်ခိုးရှင် နေကြယ် နတ်ဆိုးနှင့် ငှက်မျိုးနွယ် အားလုံး၏ မူလ ဇစ်မြစ်တို့ ပေါင်းစည်းမှုမှ မွေးဖွားလာသည် ဟူ၍ပင်။

လက်ရှိ ပိုင်လင် ပြောင်းလဲနေသည့် အသွင် သဏ္ဌာန်ကို သုံးသပ်ရပါက ထိုဒဏ္ဍာရီ နှစ်ခုစလုံးမှာ တူညီစွာပင် မှန်ကန်နေသည့်ပုံ ပေါ်သည်။

ဟူး... ဟူး...

ပိုင်လင်၏ နိဗာန မီးတောက်များမှာ နေကြယ် တစ်စင်း အလား လင်းလက်စွာ တောက်ပနေခဲ့၏။ ၎င်းတို့က ရပ်တန့်၍ မရနိုင်လောက်အောင် အပြောကျယ်ကာ အဆက်မပြတ်ပင် ဆက်လက် ကြီးထွား နေခဲ့သည်။

မီတာပေါင်း နှစ်သိန်း...

မီတာပေါင်း နှစ်သန်း...

မီတာပေါင်း သန်းနှစ်ဆယ်...

“နောက်ဆုတ်ကြ...”

လေ့လာစောင့်ကြည့်နေကြသူများမှာ ထိတ်လန့် တုန်လှုပ်စွာပင် အော်ဟစ် လိုက်ကြ၏။ ထိုအမိန့်ကို စတင် ပေးလိုက်သူက မည်သူမှန်း မသိသည့်တိုင် ဒါဇင်‌ပေါင်းများစွာသော ဟင်းလင်းပြင် သင်္ဘောများမှာ အာကာသ အလွှာများ အတွင်း ပုန်းအောင်း ဖုံးကွယ်နေကြရာမှ အလျှိုလျှို ထွက်ပေါ်လာကြကာ အလောတကြီး နောက်ဆုတ် သွားကြကသည်။

ရွှေရောင် မီးတောက် မီးလျှံများ၏ အလယ်ဗဟိုတွင်တော့ ဝေ့ဝူယင်မှာ ဘေးမသီ ရန်မခ ဆက်လက် ရပ်နေဆဲ ဖြစ်သည်။ အဖြူ‌ရောင် ဝတ်စုံနှင့် အတူ ခါးကို မတ်နေအောင် ရပ်ကာ လက်နှစ်ဖက်ကို နောက်ပစ်ထားသည့် သူ၏ ပုံရိပ်က ပန်းချီကားထဲမှ ဒဏ္ဍာရီ တစ်ခု အလား ထင်မှတ်မှားရပေသည်။

ဘုန်း...

စကားလုံးများဖြင့် ဖော်ပြရန် ခက်ခဲလှသည့် အချိန် အပိုင်းအခြား ကလေး အတွင်းမှာပင် ပိုင်လင်၏ မီးတောက်များမှာ အနက်ရောင် အလား အလင်း နံရံနှင့် ဝင်တိုက်မိသွား၏။ ချက်ချင်း ဆိုသလိုပင် အကာအကွယ် အစီအရင်ထံမှ နှလုံး ချောက်ချားဖွယ် အဆုံးမဲ့ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။

ဂီး...

ပိုင်လင်၏ မီးတောက်မီးလျှံများမှာ အလွန် လျှင်မြန်စွာပင် အလင်း အကာအကွယ် တစ်လျှောက် ပျံ့နှံ့သွား၏။ ထို့နောက်တွင်တော့ ၎င်းက တစ်ခုလုံးကိုပါ လုံးလုံးလျားလျား လွှမ်းခြုံ လိုက်လေသည်။

“မီးဖီးနစ်က အစစ်အမှန် မွေးဖွားခြင်း ကြယ်တာရာ နယ်မြေကို ဝါးမြိုဖို့ လုပ်နေပြီ...”

ကုန်းရီက ကောင်းကင် ဖျက်ဆီးသူကို နောက်ဆုတ် မောင်းနှင်င်း ထိတ်လန့် တုန်လှုပ်စွာ အော်ဟစ်လိုက်၏။ ၎င်းက သူ့ဘဝ တစ်လျှောက် တစ်ခါမှ စိတ်ကူးပင် မယဉ်ခဲ့ဖူးသည့် မြင်ကွင်းမျိုး ဖြစ်ပေသည်။

***

All Chapters