← Chapters

အလွန် တောက်လောင်နေသည့် လောက

Vol. 90 Ch. 1253

အလွန် တောက်လောင်နေသည့် လောက

Vol. 90 Ch. 1253

အားလုံးအရှေ့၌ ရုပ်လုံး ပေါ်လာနေသည့် မြင်ကွင်းကား ကောင်းကင်ကိုပင် ကိုင်လှုပ်နိုင်စွမ်း ရှိသည်။ ရှေးဟောင်း မီးဖီးနစ်မှာ မီးတောက်မီးလျှံများနှင့် အတူ ကြီးထွားလာနေခဲ့ကာ ခြောက်သွေ့နေသည့် တောအုပ် တစ်ခုလို ရိုင်းစိုင်းစွာ ပျံ့နှံနေခဲ့သည်။ မီးလျှံများ၏ တောက်ပမှု အောက်တွင် အားလုံး၏ ဖြူရော်နေသည့် မျက်နှာများမှာ ထင်ရှားစွာပင် ပေါ်လွင်နေ၏။

ပုန်းကွယ်နေရာမှ နောက်သို့ ဆုတ်ခွာသွားခဲ့ရသည့် အင်အားစုများထဲတွင် အင်ဖာနို နေမီးတောက် ဘုရားကျောင်း၏ တံဆိပ်နှင့် အနီရောင် ခြယ်သထားသည့် ဟင်းလင်းပြင် သင်္ဘော တစ်စင်းလည်း ပါဝင်သည်။

“ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...”

ရင့်ကျက်သည့် ရုပ်ရည်နှင့် မီးခိုးရောင် ဆံနွယ်များကို ပိုင်ဆိုင်ထားသည့် လှပသော အမျိုးသမီး တစ်ဦးက မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်သည်။ သူမက အရပ် မမြင့်ချေ။ ခန္ဓာကိုယ်မှာ အတော်လေး သေးသွယ်လှ၏။ သို့သော်လည်း... လေးနက်သည့် ဆွဲဆောင်နိုင်စွမ်းမှာ အရိုးများထဲတွင် ထွင်းထုထားသည့် အလား သူမ၏ ခန္ဓာကိုယ်မှ မွေးရာပါ ထွက်ပေါ်နေ၏။ သူမ၏ အော်ရာကတော့ လျှို့ဝှက် တာအိုကို နားလည်ထားသည့် မြေကြီး ရှန့်ထို အဆင့် ပုဂ္ဂိုလ် တစ်ယောက် ဖြစ်ကြောင်း ထင်ရှားလှပေသည်။

ဟုန်ယန်လျှို့လန်မှာ သူမ၏ နံဘေးတွင် ရပ်နေခဲ့၏။ မိန်းကလေး၏ မျက်နှာက အခြားလူများလိုပင် ဖြူရော်နေကာ အရှေ့ရှိ မြင်ကွင်းကို မယုံကြည်နိုင်အောင် ဖြစ်နေသည့်ပုံ ပေါ်သည်။ မီးဖီးနစ်မှာ ကြယ်တာရာ နယ်မြေ လေးခု ပေါင်းစုထားသည့် အစစ်အမှန် မွေးဖွားခြင်း ကြယ်တရာ နယ်မြေကြီးကို ဝါးမြိုဖို့ ကြိုးပမ်းနေသည်။ ဝေ့ဝူယင်က ရူးသွပ်သွားပြီလော။

အနီရောင် ဝတ်စုံဝတ် အမျိုးသမီး တစ်ဖြစ်လည်း ဆောင်းစီရှီးမှာ အင်ဖာနို နေမီးတောက် ဘုရားကျောင်း၏ ကာဒီနယ် တစ်ယောက် ဖြစ်သည်။ သူမ၏ သြဇာအာဏာက အင်ဖာနို နေမီးတောက် ဘုရားကျောင်း အတွင်း ပုပ်ရဟန်းမင်းကြီးပြီးလျှင် အမြင့်ဆုံး ဖြစ်သည်။ ပုပ်ရဟန်း မင်းကြီးမှာ ဝေ့ဝူယင် ရောက်ရှိလာမည်ကို ကျိန်းသေ သိသည့် အလား သူမကို ဤနေရာတွင် ကြိုတင် တပ်စွဲဖို့ ညွှန်ကြားခဲ့သည်။ ဝေ့ဝူယင်မှာ ကောင်းကင် နိမိတ်ဖတ် ပညာရှင်များ၊ ပုရောဟိတ်များ၏ အမြင်အာရုံကိုပင် ရှောင်တိမ်းနိုင်သူ တစ်ယောက် ဖြစ်လေရာ အစပိုင်း၌ ပုပ်ရဟန်းမင်းကြီး၏ အမိန့်ကို သူမ သံသယ ဝင်ခဲ့သေးသည်။

သို့သော်လည်း... ဝေ့ဝူယင်မှာ မီးဖီးနစ်ကို စီးနင်းကာ တစ်ယောက်တည်း ရောက်ရှိလာခဲ့သည်။ ထို့နောက် အစစ်အမှန် မွေးဖွားခြင်း ကြယ်တာရာ နယ်မြေ တစ်ခုလုံးကို တစ်ကိုယ်တော် တိုက်ခိုက်ခဲ့သည်။ ထိုအရာက မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။ အစစ်အမှန် မွေးဖွားခြင်းက ဝေ့ဝူယင် အပေါ် မည်သည့် အမှုများ ကျူးလွန်ခဲ့သနည်း။

သို့သော်လည်း... သူတို့ အားလုံးမှာ အရူးများ မဟုတ်ကြလေရာ ဝေ့ဝူယင် ဤနေရာကို တစ်ကိုယ်တော် ရောက်ရှိလာခြင်းဟုတော့ မည်သူမှ မယုံကြည်ကြပါချေ။ ဝေ့ဝူယင်မှာ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ဦး ဖြစ်သည့် အပြင် သူ့ထံတွင် မြေကြီး ရှန့်ထို အဆင့် နောက်လိုက် နှစ်ယောက် ရှိပေသည်။ ထိုပုဂ္ဂိုလ်ကြီးများမှာ အချိန်မရွေး ထွက်ပေါ်လာနိုင်သည်ဟု သူတို့ ယုံကြည်ပေသည်။

“ကျွန်မတို့ လှုပ်ရှားသင့်လား...”

ဟုန်ယန်လျှို့လန်၏ အမူအရာက ထိတ်လန့် စိုးရိမ်နေပုံ ပေါ်၏။ အဝေးတွင် ရပ်နေရုံဖြင့်ပင် သူမ၏ အရေပြားက ပြင်းထန်သည့် အပူချိန်ကို ခံစားနေမိပြီ ဖြစ်သည်။ ထိုတစ်ချက်တည်းဖြင့်ပင် အစစ်အမှန် မွေးဖွားခြင်း ကြယ်တာရာ နယ်မြေကို လောင်ကျွမ်းနေသည့် မီးတောက်များက မည်မျှ ပြင်းထန်လှကြောင်း သိသာပေသည်။

ကာဒီနယ်ဆောင်း၏ မျက်ဝန်းများက အခြေအနေကို စောင့်ကြည့်ရင်း တဖျပ်ဖျပ် တောက်ပနေခဲ့၏။ သူမ မျက်ဝန်းအိမ်များ အတွင်းရှိ အနက်ရှိုင်းဆုံး အစိတ်အပိုင်းများက နားမလည်နိုင်သည့် အတွေးများနှင့် အတူ အချိန်တိုင်း ပြောင်းလဲနေပုံ ရသည်။ တစ်ခဏ ကြာပြီးနောက်တွင်တော့ သူမက အခိုင်အမာပင် ခေါင်းခါ လိုက်၏။

“အချိန်မကျသေးဘူး...”

အင်ဖာနို နေမီးတောက် ဘုရားကျောင်းနှင့် အင်ပါယာ မျိုးနွယ် အပါအဝင် များစွာသော အင်အားစုများမှာ ဤနေရာကို တူညီသည့် ရည်ရွယ်ချက်များဖြင့် ရောက်ရှိလာကြခြင်း ဖြစ်ပေသည်။ ထို့ကြောင့်ပင် သူတို့ အားလုံး မည်သူမှ စတင် မလှုပ်ရှားရသေးသည့် အကြောင်းပြချက် တစ်ခု ရှိပေသည်။

“ကျွန်မတို့ တကယ်ပဲ အဲဒီအချိန်ထိ စောင့်နေရမှာလား...”

ကာဒီနယ်ဆောင်း မည်သည့် အချိန်ကို စောင့်နေကြောင်း ဟုန်ယန်လျှို့လန် ကောင်းစွာ နားလည်ပေသည်။ လက်ရှိ အချိန်က ဝေ့ဝူယင်ကို ဝင်ရောက် ကူညီကာ သူရဲကောင်း လုပ်ဖို့ အကောင်းဆုံး အချိန် ဖြစ်သည်။ သို့သော်လည်း... ၎င်းက အရမ်းကာရောဆန်ကာ ထိခိုက်မှု များစွာ ဖြစ်ပေါ်လာနိုင်သည့် လုပ်ဆောင်မှု တစ်ခုလည်း ဖြစ်သည်။

“အချိန်မကျ‌သေးရုံတင် မကဘူး...”

ကာဒီနယ်ဆောင်းက ဟုန်ယန်လျှို့ယန်ကို စောင်းကြည့်ရင်း ပြောလိုက်၏။ သူမ၏ မျက်ဝန်းများက လျှို့ဝှက် ဆန်းကြယ်သော အလင်းတန်း တစ်ခုဖြင့် တောက်ပနေသည်။

“ခုအချိန်က အဂ္ဂိရတ် အာဏာရှင်ဝေ့ရဲ့ အင်အားကို...”

အင်ပါယာ မျိုးနွယ်ပိုင် ကောင်းကင် ဖျက်ဆီးသူ ထက်တွင် ဧကရီ ရှောင်ချွမ်းက တည်ငြိမ်စွာပင် ပြောလိုက်လေသည်။

“စောင့်ကြည့်ဖို့ အကောင်းဆုံး အချိန်ပဲ... အဲဒီ အကန့်အသတ်ကိုသာ နားလည်ခဲ့ရင် ငါတို့ ဒီနေရာမှာ ရှိနေရတဲ့ ရည်ရွယ်ချက်ကို အများကြီး အထောက်အကူ ပြုလိမ့်မယ်... အဂ္ဂိရတ် အာဏာရှင်ဝေ့ရဲ့ နောက်မှာ ရှိနေတာက မြေကြီး ရှန့်ထို နှစ်ယောက်နဲ့ ရှေးဟောင်း မီးဖီးနစ် တစ်ကောင်ပဲလို့ ရှင်တို့ ထင်နေတာလား”

အဘယ်ကြောင့် မလှုပ်ရှားရသေးကြောင်း ဧကရီထံမှ ရှင်းပြချက်ကို နားထောင်ပြီး နောက်တွင် ထျန်းလင်းယု တစ်ယောက် တံတွေးကို ဖြည်းညင်းစွာ မြိုချလိုက်မိသည်။ အခြား အင်အားစုများသည်လည်း အလားတူ ရည်ရွယ်ချက်များဖြင့် စောင့်ဆိုင်း နေကြသည်လား။ သူမ ထျန်းမူယန်ကို လှမ်းကြည့်လိုက်၏။ လူအိုကြီး၏ မျက်ဝန်းများက မီးတောက်မီးလျှံများဖြင့် ရောင်ပြန်ဟပ်နေကာ အဓိပ္ပာယ် ဖော်ဆောင်ရန် ခက်ခဲသော အမူအရာနှင့် အတူ အဝေးကိုသာ လှမ်းငေးမော နေခဲ့လေသည်။

အခြားတစ်ဖက်တွင်တော့...

ရှဲ... ရှဲ...

ပိုင်လင်၏ နိဗာန မီးတောက်များမှာ အဆုံးမရှိစွာပင် ဆက်လက် ကြီးထွားနေ၏။ လောလောဆယ် အနေအထားတွင်ပင် အစစ်အမှန် မွေးဖွားခြင်း ကြယ်တာရာ နယ်မြေ၏ အကာအကွယ် ဝင်္ကပါ ငါးဆယ် ရာခိုင်နှုန်း‌လောက်မှာ ဝါးမြိုခံလိုက်ရပြီ ဖြစ်သည်။ အစီအရင်မှာ ကိုယ့်ကိုယ်ကို ကာကွယ်ရန်နှင့် စုပြုံလာသည့် မီးတောက်မီးလျှံများကို ခွဲခုတ်ပစ်ရန် ဆက်တိုက် ပေါက်ကွဲမှုများကို ထုတ်လွှတ်နေသည်။ ထိုအပြုအမူက မီးလျှံများ၏ အားနည်းချက်ကို ရှာဖွေနေသလိုပင်။

မျက်နှာဖုံးစွပ် ပုံရိပ်မှာ ကြောက်ရွံ့ ထိတ်လန့်စွာဖြင့် နောက်ဆုတ် သွားခဲ့၏။ သို့သော်လည်း သူ့ မျက်လုံးများက မီးဖီးနစ်၏ ဦးခေါင်းထက်တွင် ရပ်နေသည့် ဝေ့ဝူယင်ကို မြင်နိုင်ဆဲ ဖြစ်သည်။ သူ၏ နှလုံးသားက ပေါက်ကွဲတော့ မတတ် အရှိန်အဟုန် ပြင်းစွာဖြင့် ခုန်ပေါက် နေခဲ့သည်။ ထိတ်လန့်တကြား အော်ဟစ်လိုသည့် ဆန္ဒ တစ်ခုက နှလုံးသား အတွင်း ကြီးထွားလာခဲ့သည့်တိုင် သူ လျှင်မြန်စွာပင် ထိန်းချုပ်နိုင်ခဲ့သည်။

"အဂ္ဂိရတ် အာဏာရှင် ဝေ့... ကျုပ်တို့ တွယ်ရာမဲ့ နှလုံးသားဂိုဏ်းက ခင်ဗျားနဲ့ နောက်ပြန်လှည့်လို့ မရတဲ့ အခြေအနေ တစ်ခု အထိ မရောက်ချင်ဘူး... စောစောပိုင်းက ကျုပ်တို့ ခင်ဗျားကို စော်ကားခဲ့မိတယ်... အဲဒီအတွက် ကျုပ်တို့ဘက်က လျော်ကြေးပေးဖို့ ဆန္ဒရှိတယ် "

ဝတ်စုံနက်က ကြောက်ရွံ့စိတ်များကို ဖုံးကွယ်ရင်း ထပ်မံ ညှိနှိုင်းဖို့ ကြိုးပမ်းလိုက်၏။ လျှို့ဝှက် ဝိညာဉ် အဆင့် တစ်ယောက်၏ ကျင့်ကြံခြင်း အခြေခံဖြင့် သူ မြင်နိုင်သမျှက ကြယ်တာရာ နယ်မြေ အကာအကွယ် ဝင်္ကပါ၏ ဆယ်ပုံတစ်ပုံမျှသာ ဖြစ်သည်။ ယခု၌ ထိုဆယ်ပုံတစ်ပုံလုံးမှာ မီးတောက်မီးလျှံများ၏ ဝါးမြိုမှုကို ခံနေရပြီ ဖြစ်သည်။

“ချီးပဲ...”

ဝတ်စုံနက် စိတ်ထဲမှ ကျိန်ဆဲလိုက်မိ၏။ ကြယ်တာရာ အကာအကွယ် အစီအရင်မှာ ရိုးရှင်းသည့် ဝင်္ကပါ တစ်ခု မဟုတ်ချေ။ ၎င်းမှာ ပိုင်းခြားထားသည့် နတ္ထိ ဟင်းလင်းပြင်များ အပါအဝင် ကြယ်တာရာ နယ်မြေ လေးခုကို ဝန်းရံ ဖုံးအုပ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် ၎င်း၏ ဧရိယာမှာ လွန်စွာ အပြောကျယ်လှသည်။ သာမန် တိုင်းတာမှုများပင်လျှင် ၎င်းအပေါ်၌ အလုပ်ဖြစ်လိမ့်မည် မဟုတ်ချေ။

သို့သော်လည်း... ယခုတွင်တော့ သူ မြင်နိုင်သမျှ ဧရိယာ ဆယ်ရာခိုင်နှုန်းလုံးမှာ မီးတောက်မီးလျှံများ၏ ဝန်းရံ ဝါးမြိုမှုကို ခံနေရပြီ ဖြစ်သည်။ ထိုရှေးဟောင်း မီးဖီးနစ်က ကြယ်တာရာ နယ်မြေ တစ်ခုလုံးကို ဝါးမြို ပစ်ချင်နေသည်လား။

ဝှစ်... ဝှစ်... ဝှစ်...

ရုတ်ချည်းပင် ပုံရိပ်သုံးခုမှာ ရောက်ရှိလာခဲ့ကြ၏။ သူတို့အားလုံးမှာ မြေကြီး ရှန့်ထို အဆင့်များ ဖြစ်သည်။ တစ်ချိန်တည်း၌ ဒါဇင်ပေါင်းများစွာသော ပုံရိပ်များမှာလည်း နောက်နားမှ လျှင်မြန်စွာ ချဉ်ကပ်လာကြ၏။ သူတို့ အားလုံးမှာ သေမျိုးတစ်ပိုင်း အရှင်အဆင့်များပင်။

မြေကြီးရှန့်ထို အဆင့် သုံးယောက်မှာ ဝေ့ဝူယင်ကို စိုက်ကြည့် နေကြ၏။ မျက်နှာဖုံးအောက်မှ သူတို့၏ မျက်လုံးများက ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက် နေကြသည်။

ဝှစ်...

မြေကြီးရှန့်ထို တစ်ယောက်မှာ ရှေ့သို့ ပျံ့သန်းလာခဲ့၏။ သူ၏ ခန္ဓာကိုယ် ပတ်လည်တွင်တော့ လျှို့ဝှက် အကာအကွယ် တစ်ခုက ဝန်းရံနေသည်။ တောက်ပနေသည့် အပြာရောင် အလင်းတန်းများကို ထောက်ချင့်ခြင်း အားဖြင့် ၎င်းမှာ ရေစွမ်းအင် တစ်မျိုးမျိုး ဖြစ်နိုင်ပေသည်။

ဝေ့ဝူယင် တည်ငြိမ်စွာ စိုက်ကြည့်နေစဉ်မှာပင် မြေကြီးရှန့်ထိုမှာ အကာအကွယ် အစီအရင်ထဲမှ ဖောက်ထွက်လာခဲ့သည်။ လူငယ်မှာ အလင်း အကာအရံနှင့် အလွန် နီးကပ်သည့် နေရာ တစ်ခု၌ ရှိနေခဲ့ခြင်း ဖြစ်ကာ မိုင်ပေါင်း အနည်းငယ်ခန့်သာ ကွာဝေးပေလိမ့်မည်။ ထိုအကွာအဝေးက လျှို့ဝှက် အာဏာရှင် အဆင့်များ အတွက်တော့ မျက်တောင်တစ်ခပ်စာမျှသာ ဖြစ်သည်။

တစ်ချိန်တည်း၌ အခြား မြေကြီး ရှန့်ထိုများမှာလည်း ငွေရောင် အာကာသ စွမ်းအင်များကို ထုတ်လွှတ် လိုက်ကြသည်။ သူတို့က ပတ်ဝန်းကျင် လှုပ်ရှားမှုတိုင်းကို အာရုံစိုက် ထားကြကာ ဝေ့ဝူယင်ကို ကာကွယ်မည့်လူများ ရောက်ရှိလာပါက တားဆီးရန် အဆင်သင့် ပြင်ဆင်ထားကြသည်။

သေမျိုးတစ်ပိုင်း အရှင် အဆင့်များကတော့ မြေကြီး ရှန့်ထိုများကို ကူညီခြင်း မပြုချေ။ သူတို့က အကာအကွယ် အလင်းလွှာထံကိုသာ ပျံသန်းသွားကာ အဓိက ဆုံမှတ်များထံ လျှို့ဝှက် စွမ်းအင်များကိုသာ သွန်း‌လောင်း လိုက်ကြလေသည်။ သူတို့က အကာအကွယ် အစီအရင်ကို စစ်ကူပေးနေကြခြင်းပင် ဖြစ်လေသည်။ ချက်ချင်းပင် ပေါက်ကွဲသံများမှာ ပိုမို၍ စိပ်လာခဲ့ကာ မျက်နှာဖုံးတပ် ခံစားနေရသည့် အပူချိန်မှာလည်း သိသိသာသာပင် လျော့ကျ သွားခဲ့၏။

“သူတို့တွေ စလှုပ်ရှားနေပြီ...”

အမှောင် ဟင်းလင်းပြင်၏ တစ်နေရာ၌ အကန့်အသတ်မဲ့သိုင်းဂိုဏ်းကြီး၏ “အကန့်အသတ်မဲ့” အမည်ရ ဟင်းလင်းပြင် သင်္ဘောကြီးနှင့် ဆင်တူသော ဧရာမ သင်္ဘောကြီး တစ်စင်းမှာ တိတ်တဆိတ်ပင် မျောလွင့်နေခဲ့လေသည်။ အကန့်အသတ်မဲ့နှင့် နှိုင်းယှဉ်ရပါက ၎င်းမှာ အနည်းငယ် ပိုမို သေးငယ်သည့်တိုင် တည်ဆောက်ပုံနှင့် ပုံပန်း သဏ္ဌာန်တို့ကတော့ အတူတူပင် ဖြစ်သည်။

၎င်း၏ ကိုယ်ထည်ထက်တွင်တော့ “အနှိုင်းအဆမဲ့” ဟု ရေးထိုးထားကာ အကန့်အသတ်မဲ့သိုင်းဂိုဏ်းပိုင် ဟင်းလင်းပြင် သင်္ဘောကြီး သုံးစင်းထဲမှ တစ်စင်းပင် ဖြစ်သေလည်။

စကားပြောလိုက်သူကတော့ အသက် ဆယ်နှစ်ပင် ကျော်ဦးမည့်ပုံ မပေါ်သေးသည့် မိန်းမငယ်လေး တစ်ယောက် ဖြစ်သည်။ သူမက သက်ရှိ အရုပ်ကလေး တစ်ရုပ်နှင့် ဆင်တုကာ တောက်ပသည့် မျက်ဝန်း၊ ပန်းရောင် ဆံနွယ်များကို ပိုင်ဆိုင်ထားသည်။ အကယ်၍ သင်သာ ထိုမိန်းကလေးကို မတော်တဆ တွေ့မြင်မိပါက မဟာ စက်ဝန်း ကြယ်ကွင်းပြင်၏ ထိပ်တန်း ပုဂ္ဂိုလ်များထဲမှ တစ်ဦး ဖြစ်ကြောင်း လုံးဝ ခန့်မှန်းမိလိမ့်မည် မဟုတ်ပါချေ။

တိုက်တန် ငရဲ ဖျက်ဆီးခြင်း ဧကရီ...

မှန်၏။ သူမက အကန့်အသတ်မဲ့သိုင်းဂိုဏ်းကြီးမှ နာမည်ကျော် မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်သော တိုက်တန် ငရဲ ဖျက်ဆီးခြင်း ဧကရီပင် ဖြစ်လေသည်။

တရှန်းမှာ မိန်းမငယ်လေး၏ နံဘေးတွင် ရပ်နေခဲ့၏။ သို့သော်လည်း သူမ၏ ခန္ဓာကိုယ်ကို လျှို့ဝှက် စွမ်းအင်များဖြင့် ဖန်တီးထားသည့် ကြိုးတစ်ချောင်းဖြင့် ရစ်ပတ်ထားသည်။ အနည်းငယ် ရုန်းကန်ရုံမှ တစ်ပါး သူမမှာ လှုပ်ရှားနိုင်စွမ်း မရှိပါချေ။ ယခုလို တိုက်ပွဲမျိုးတွင် သူမ၏ ကျင့်ကြံခြင်း အဆင့်က အကူအညီ မဖြစ်မှန်း တရှန်း သိပေသည်။ သို့သော်လည်း... အနည်းဆုံးတော့ သူမ ဝေ့ဝူယင်ကို ထိုအဖွဲ့အစည်းကြီး၏ ကြောက်မက်ဖွယ် အင်အား အကြောင်း သတိပေးလိုခဲ့သည်။

“စိတ်မပူပါနဲ့... နင့်ယောက်ျားက လွယ်လွယ်နဲ့ သေမှာ မဟုတ်ဘူး”

တိုက်တန် ငရဲ ဖျက်ဆီးခြင်း ဧကရီက တရှန်းကို နှစ်သိမ့်လိုက်၏။ သူမ၏ ဝိုင်းစက်စက် မျက်ဝန်းကလေးများကတော့ အရှေ့ရှိ မြင်ကွင်းကိုသာ စိတ်ဝင်တစား ဆက်လက် စောင့်ကြည့် နေခဲ့လေသည်။

***

All Chapters