← Chapters

ဝူကျင်းယန်၏ အမြင်

Vol. 90 Ch. 1257

ဝူကျင်းယန်၏ အမြင်

Vol. 90 Ch. 1257

“သတ်ကြစမ်း...”

ဟုန်ချွင်းဟွာ၏ ပြင်းထန်သည့် အမိန့်ပေးသံနှင့် အတူ ရွှယ်လျှိုမှာ ဧရာမ ဟင်းလင်းပြင် ဂိတ်တံခါးကြီးကို အရှိန်အဟုန်ပြင်းစွာ ဖြတ်ကျော် နေခဲ့၏။ သူမ၏ လက်များက လက်ဆွဲတော် နွာရိုင်းကြာပွတ်ကို ဆုပ်ကိုင်ရင်း အနည်းငယ် တုန်ရီ နေခဲ့သည်။ တာအို နာမည် ရွှယ်လျှို (သွေးစီးကြောင်း) ဆိုသော နာမည်ကို မခံယူခင်၊ ကြယ်တာရာများ အကြား လေလွင့် ကျင့်ကြံသူ တစ်ယောက် အနေဖြင့် ရွှက်မလွှင့်ခင်... မြေကြီး ရစ်ချွေ ကြယ်တာရာ နယ်မြေ (၁၃ ခုမြောက်)၏ ဝူကျင်းယန် ဘဝတွင် နေထိုင်စဉ် အခါက သူမ ယခုလောက် တစ်ကြိမ်တစ်ခါမှ စိတ်မလှုပ်ရှားခဲ့ဖူးချေ။

ဟင်းလင်းပြင် ပေါ်တယ်မှ ထွက်ထွက်ချင်းပင် ရေခဲသံမဏိ လျှောက်လှမ်း တစ်ခုကို ဝူကျင်းယန် တွေ့မြင် လိုက်ရ၏။ ၎င်းမှာ အလွန်တရာ ကြီးမားလှကာ မဟာ စက်ဝန်း ကြယ်ကွင်းပြင် အတွင်းရှိ အကြီးမားဆုံးသော သားရဲတစ်ချို့ကိုပင် မောင်းသွင်းဖို့ လုံလောက်ပေသည်။

လေထုအတွင်းတွင်တော့ စိုဆွတ်ဆွတ် ခံစားချက် တစ်ခု ရှိနေခဲ့၏။ အလွန်တရာ နိမ့်ပါးလှသည့် ပတ်ဝန်းကျင် အလင်းရောင်နှင့် ချိန်ညှိရန် ဝူကျင်းယန် ဝိညာဉ် အင်အားကို မျက်လုံးထံ ဆက်သွယ်လိုက်သည်။

စင်္ကြံလမ်း တစ်လျှောက်၌ သံမဏိဖြင့် ထုဆစ်ထားသည့် တံခါး အမြောက်အများ ရှိ၏။ ၎င်းတို့ တစ်ခုချင်းစီတိုင်း၌ သော့ယန္တရားများ ပါရှိကာ အထဲသို့ ဝင်ရောက်ရန် သတ်မှတ်ထားသည့် ပုဂ္ဂိုလ် တစ်ယောက်၏ တိကျသည့် ဝိညာဉ် စွမ်းအင်ကို ထည့်သွင်းဖို့ လိုအပ်ပေသည်။ သူမ နောက်ကို လှည့်ကြည့်လိုက်ရာ ထိုစင်္ကြံလမ်းမှာ ဆန့်ကျင်ဘက် အရပ်ကိုလည်း မီတာပေါင်း များစွာတိုင် ပြန့်ကျဲနေသည်ကို တွေ့ရှိရ၏။

အခြားလူများနှင့် အတူ ဟင်းလင်းပြင် တံခါး အတွင်း ဝင်ရောက်ခဲ့သော်လည်း ယခုအခါ တစ်ယောက်တည်း ဖြစ်နေသည်ကို ဝူကျင်းဟန် တွေ့ရှိခဲ့ရသည်။ ၎င်းက သူမ ကိုယ်တိုင်ပင် မျှော်လင့်မထားခဲ့သည့် အရာ တစ်ခု ဖြစ်သည်။

ချပ်... ချပ်...

ရုတ်တရက် ဘေးနားရှိ တံခါးက ပွင့်ဟ သွားလေရာ ဝူကျင်းဟန်၏ မျက်လုံးများက ပြူးကျယ် သွားခဲ့၏။ သူမ လက်ထဲရှိ နွားရိုင်းကြာပွတ်ကို ပိုမို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။

တံခါးက အဆုံးထိ ရောက်အောင် ပွင့်သွားခဲ့ပြီးနောက်၌ ပေါ့ပေါ့ပါးပါး ခြေလှမ်းများနှင့် အတူ မျက်နှာထက်တွင် မျက်နှာဖုံး တပ်ဆင်ထားသည့် အနက်ရောင်ဝတ် လူတစ်ယောက် ထွက်လာခဲ့သည်။ သူ၏ မျက်နှာဖုံးထက်တွင်တော့ သင်္ကေတ တစ်ခုကို ထွင်းထုထား၏။ ၎င်းက အလိမ်သုံးခု ပုံသဏ္ဌာန် ရှိကာ တစ်ခုနှင့် တစ်ခု အပြန်အလှန် ချိတ်ဆက်ထားသည်။ ထိုအလိမ် သုံးခု၏ အလယ်ဗဟိုတွင်တော့ ကြယ်တာရာ တစ်လုံး ပါဝင်ကာ ဒေါင်လိုက် ရောင်ခြယ်များကို ထုတ်လွှတ်နေသည်။

“ဟမ်...”

မျက်နှာဖုံးတပ် အမျိုးသားမှာ စိတ်ရှုပ်ထွေး သွားခဲ့၏။ သူ့ကို စိုက်ကြည့်နေသည့် မျက်နှာဖုံးစွပ် အမျိုးသမီး တစ်ဦးကို တွေ့ရသော်လည်း အခြေအနေကို ရှင်းရှင်းလင်းလင်း နားလည် သဘောပေါက်ခြင်း မရှိပါချေ။ သူမက မည်သူနည်း။ အဘယ်ကြောင့် ဤနေရာကို ရောက်ရှိနေသနည်း။

ဝှစ်...

ဝူကျင်းယန်၏ လက်ထဲရှိ နွားရိုင်းကြာပွတ်က အလွန် လျှင်မြန်စွာ ရွေ့လျား သွားခဲ့ကာ မျက်နှာဖုံးစွပ်၏ လည်ပင်းကို ဖြတ်ရိုက်လိုက်သည်။ သူက ကြယ်တာရာ အမြုတေ အဆင့် ခြောက်၊ မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်ကာ ပုံမှန် အခြေအနေများတွင် ဆိုလျှင် ထိပ်သီး ကျင့်ကြံသူ တစ်ယောက် အဖြစ် သတ်မှတ်နိုင်သူ ဖြစ်သည်။ သို့သော်လည်း အစစ်အမှန် လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်နှင့် ရင်ဆိုင်ရသည့် အခါတွင်တော့ သူက ဖိနပ်ရှေ့မှ ပုရွက်ဆိတ် တစ်ကောင်သာ ဖြစ်နေခဲ့သည်။

ရွှစ်...

နွားရိုင်းကြာပွတ်က အလွန် လျှင်မြန်၏။ ရက်စက်၏။ တိကျ၏။ အော်ဟစ်သံ တစ်ချက်မှ မထုတ်လွှတ် နိုင်ခင်မှာပင် သူ၏ လည်ပင်းမှာ ဦးခေါင်းထံမှ လွင့်ပျံ သွားခဲ့သည်။ အသိစိတ် တစ်ခုလုံး လွတ်မသွားခင် သူ့ စိတ်အတွင်း ပျံ့နှံ့လာခဲ့သည့် နောက်ဆုံး အတွေးကတော့...

“သူ့ရဲ့ ဆံပင်တွေက အရမ်းလှတာပဲ”

ဟူ၍ပင်။ ၎င်းမှာ အစစ်အမှန် မွေးဖွားခြင်းနှင့် မသက်ဆိုင်သလို သူ့ဘဝနှင့်လည်း မသက်ဆိုင်ချေ။ ထို့အတူ လတ်တလော ရင်ဆိုင်နေရသည့် သေရေး ရှင်ရေးနှင့်လည်း လုံးဝ မပတ်သက်ချေ။ သို့စေကာမူ... ထူးဆန်းစွာပင် သူ မသေဆုံးခင် နောက်ဆုံး တွေးတောခဲ့သည့် အတွေး ဖြစ်လာခဲ့သည်။

ဝူကျင်းယန်၏ မျက်လုံးများက တောက်ပသွားကာ ပွင့်ဟနေသည့် တံခါး အတွင်း တိုးဝင် လိုက်၏။ ထိုနေရာတွင် နွားရိုင်း ကြာပွတ်အတွက် နောက်ထပ် သားကောင်များ ရှိနေမည်လား သူမ သိချင်မိသည်။ ထို့နောက်တွင်တော့ သူမ ရှာဖွေနေသည့် အရာကို အမှန်တကယ်ပင် တွေ့လိုက်ရသည်။ အခန်းအတွင်း၌ နောက်ထပ် မျက်နှာဖုံးစွပ် လေးဦး ရှိနေခဲ့သည်။

ဝူကျင်းယန် တစ်ယောက် တုန့်ဆိုင်းခြင်း မရှိပါချေ။ လက်ထဲရှိ နွားရိုင်းကြာပွတ်က ဖျပ်ခနဲ လွင့်စင်သွားသော အခိုက်၌ ထိုဘဝ လေးခုစလုံး အဆုံးသတ် သွားခဲ့၏။

အခန်းကို ရှင်းလင်းပြီးနောက် ထိုကျင့်ကြံသူများ ကိုင်တွယ်နေသည့် ဖန်ပြွန် အနည်းငယ်ကို တွေ့ရှိ လိုက်ရသည်။ လေထုထဲတွင်တော့ သွေးရနံ့ တစ်ခု ပျံ့လွင့်နေကာ စူးရှလှ၏။

“သွေးသန့်စင်ခြင်း လုပ်ငန်းလား...”

သန့်စင်ထားသည့် သွေးအမတေပြွန်ကို ကိုင်ကြည့်ရင်း သူမ၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်း သွားခဲ့၏။ ထိုသွေးအမတေမှာ ကြွယ်ဝသည့် အသက် အင်အားများကို ပိုင်ဆိုင်ထားသည့် ငါးမန်းမျိုးရိုး သားရိုင်းတစ်ကောင်ထံမှ ဖြစ်ပုံ ရသည်။

၎င်းက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ရာ နံရံတွင် နစ်တင်နေသည့် လက်ဖဝါးအရွယ် ဖန်ပြွန် တစ်ခုကို တွေ့လိုက်ရသည်။ ဝူကျင်းယန် အသေးစိတ် စူးမ်းခြင်း မပြုတော့ပဲ အခန်းအတွင်းမှ ပြန်လည် ထွက်လာခဲ့၏။ သူမ၏ မျက်လုံးများက ပတ်ဝန်းကျင်ကို ခပ်မြန်မြန်ပင် စူးစမ်း လိုက်သည်။ သူမက ထိုစင်္ကြံများတွင် ထွက်ပေါ်လာသည့် မည်သည့် ကျင့်ကြံသကို မဆို အလျှင်မြန်ဆုံး အဆုံးသတ်ဖို့ နွားရိုင်း ကြာပွတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။

သို့သော်လည်း မည်သူမှ ပေါ်မလာခဲ့ချေ။ မကြာခင်မှာပင် သူမ၏ ဟင်းလင်းပြင် လက်စွပ်က တောက်ပလာကာ အဆောက်အအုံ၏ တည်ဆောက်ပုံနှင့် အရွယ်အစား အကြောင်း အသေးစိတ် အချက်အလက်များကို ပေးပို့ လာ၏။ ၎င်းကို အပြင်ဘက်မှ ကြည့်ပါက ကြက်ဥ တစ်ခုနှင့် ပုံသဏ္ဌာန်ချင်း တူညီနေသည်ကို အံ့သြဖွယ် တွေ့မြင်ရလိမ့်မည် ဖြစ်သည်။ ၎င်းက အရိပ်ဥ တစ်ခုမှ တစ်ပါး အခြား မည်သည့် အရာ ဖြစ်နိုင်တော့မည်နည်း။ သို့သော်... အရိပ်ဥတိုင်း၏ ယေဘုယျ ပုံကြမ်း မဟုတ်ပဲ ဝူကျင်းယန် တည်ရှိနေသည့် အရိပ်ဥ၏ ပုံကြမ်းသာ ဖြစ်သည်။

ဝူကျင်းယန် မြေပုံကို အလျှင်အမြန် လေ့လာလိုက်ရင်း သူမ ရှိနေသည့် နေရာကို အာရုံစိုက် လိုက်သည်။ ထိုအခါ သူမကို ကိုယ်စားပြုနေသည့် အစက် တစ်ခု ရှိနေသည်ကို တွေ့လိုက်ရ၏။

ထို့နောက် အခြား အစက်များလည်း တစ်ခုပြီး တစ်ခု ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့ တစ်ခုချင်းစီမှာ အဆောက်အအုံ အတွင်း ရှိနေသည့် လူတစ်ယောက်ချင်းစီ၏ ခွန်အားနှင့် လက်ရှိ တည်နေရာတို့ကို ထူးဆန်းသော သင်္ကေတများနှင့် ပြသနေခဲ့သည်။ သူက ချက်ချင်းပင် အစက် တစ်စက်ကို သတိပြုမိလိုက်၏။ ၎င်းမှာ သွေးရောင် ရှိကာ အခြား အစက်များနှင့် နှိုင်းယှဉ်လျှင် အတော်လေး ကြီးမားပေသည်။ ၎င်းက သူမ၏ အထက် သုံးလွှာ တိတိတွင် ရှိနေသည့်ပုံ ရသည်။ ဝူကျင်းယန် အပေါ်ကို မော့ကြည့် လိုက်မိ၏။ သူမ မသိလိုက်သည့် အရာက ထိုပုဂ္ဂိုလ်သည်လည်း သူမကို တူညီစွာ ငုံ့ကြည့်နေခဲ့ခြင်းကိုပင်။

ဝူကျင်းယန် မြေပုံကို ဆက်လက် လေ့လာလိုက်ချိန်မှာပင် ပိုမို များပြားသော အစက်များ ထွက်ပေါ်လာခဲ့၏။ ၎င်းတို့ တစ်ခုချင်းစီကို အရောင်အားဖြင့် အနီနှင့် အစိမ်း ဟူ၍ နှစ်မျိုး ခွဲခြားထားပေသည်။ အစိမ်းရောင်မှာ အပြစ် ကင်းစင်သူများကို ညွှန်ပြကာ အနီရောင်ကတော့ အပြစ်သားများ ဖြစ်ပေသည်။ ၎င်းတို့ တစ်ခုချင်းစီမှာ ခွန်အားကို လိုက်၍ အရွယ်အစား ကွဲပြားကြပေသည်။

သွေးရောင် အော်ရာ တည်ရှိနေသည့် အနားတွင်တော့ အခြား မည်သည့် အနီစက်မှ မရှိပါချေ။ ဝူကျင်းယန် စိတ်သက်သာရာ ရသွားကာ သက်ပြင်းတစ်ချက် ချလိုက်မိ၏။

“အလုပ်ဖြစ်တယ်...”

သူမ တိတ်တဆိတ် ရေရွတ် လိုက်မိ၏။ ဝေ့ဝူယင်၏ နည်းလမ်းများမှာ အမြဲတမ်း ထိတ်လန့်တုန်လှုပ်ဖွယ်ရာ တွေချည်း ဖြစ်သည်။ မြေပုံမှ အရိပ်ဥကို အချိန်နှင့် တစ်ပြေးညီ ဖော်ပြနေသည့်တိုင် ပတ်ဝန်းကျင်တွင် မည်သည့် ဝိညာဉ် အော်ရာမျိုးကိုမှ သူမ မခံစားရပါချေ။ ထို့အပြင်... ၎င်းက ရန်သူနှင့် အပြစ်ကင်းသည့် သုံ့ပန်းများကိုပင် ခွဲခြား ပြသထားသေးသည်။ ကြည့်ရသည်က ဝေ့ဝူယင်ထံတွင် ၎င်းတို့ကို လွယ်ကူစွာ ခွဲခြားနိုင်သည့် နည်းလမ်း တစ်ခု ရှိနေသည့်ပုံ ရသည်။ သူမ တွေးတောရင်း ဝိညာဉ်ကိုပင် ထိုးဖောက် မြင်နိုင်စွမ်း ရှိပုံ ပေါ်သည့် ဝေ့ဝူယင်၏ ငွေရောင် မျက်ဝန်းများကို ပြန်လည် မြင်ယောင် လာမိခဲ့၏။

ဘုန်း...

အပေါ်ထပ်များမှ ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်လာ၏။ သူမ မြေပုံကို စစ်ဆေးကြည့်လိုက်ရာ သွေးရောင် အစက်များမှာ အကြီးမားဆုံးသော အစက်ကြီးထံ အလွန် လျှင်မြန်စွာ ပြေးလွှားနေသည်ကို မြင်လိုက်ရသည်။ ထို့နောက်... ၎င်းကို ဖြတ်သန်းပြီးသည်နှင့် အားလုံးမှာ ပျောက်ကွယ် သွားခဲ့၏။ တစ်ချိန်တည်း၌ အစိမ်းရောင် အစက်များမှာ ရောင်စဉ် အလင်းတန်းများ အသွင် ပြောင်းလဲ သွားကာ အရိပ်ဥ မြေပုံထဲမှ ထွက်ခွာ သွားသည်ကို တွေ့လိုက်ရသည်။ မကြာခင်မှာပင် ၎င်းတို့မှာ အာရုံခံ ဧရိယာ အတွင်းမှ ပျောက်ကွယ် သွားကြ၏။

ဝူကျင်းယန် တည်ငြိမ်စွာပင် တံခါးတစ်ချပ်နားသို့ ချဉ်းကပ် သွားခဲ့သည်။

“အနီရောင် ခုနစ်စက်... အစိမ်းရောင် နှစ်ခု...”

သူမ တည်နေရာကို မှတ်သားရင်း ၎င်းတို့၏ အရွယ်အစားများကို ခန့်မှန်းလိုက်သည်။ ထိုနေရာ၌ လျှို့ဝှက် ကြယ်တာရာ အဆင့် တစ်ယောက် ရှိနေပေသည်။

ဘုန်း...

သူမ လျှို့ဝှက် စွမ်းအင်ကို သုံးရင်း တံခါးကို လက်ဝါးဖြင့် ရိုက်ချလိုက်၏။ တံခါးမှာ ကွေးဝင်သွားကာ နောက်သို့ အရှိန်ဖြင့် လွင့်စဉ် သွားခဲ့သည်။ ၎င်းမှာ အနီးအနားရှိ အနီစက် တစ်ခုကို အရှိန်အဟုန် ပြင်းစွာပင် ဝင်တိုက်သွား၏။ မြေပုံထက်တွင်တော့ အနီစက်မှာ ပျောက်ကွယ် သွားခဲ့သည်။

အခန်းအတွင်းသို့ လှမ်းဝင်ဝင်ချင်းပင် လဲပြိုနေသည့် တံခါးနှင့် လောလောလတ်လတ် သေဆုံးသွားသည့် အသားပုံ တစ်ခုကို တွေ့လိုက်ရသည်။ လတ်ဆတ်သည့် သွေးရနံ့များက အခန်းထဲ၌ ပျံ့ကြဲနေခဲ့၏။

ခရက်... ခရက်...

ဝူကျင်းယန် တုန့်ဆိုင်း မနေပါချေ။ သူမ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်နှင့် နွားရိုင်းကြာပွတ်က အရှိန်အဟုန် ပြင်းစွာဖြင့် ရန်သူများထံ တိုးဝင်သွား၏။ ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံသူ များစွား၏ ဦးခေါင်းများက တမုဟုတ်ချင်း မြေခသွားသည်။

အခန်းအတွင်း ရှိနေသည့် အစွမ်း အထက်ဆုံး ကျင့်ကြံသူမှာ လျှို့ဝှက် ကြယ်တာရာ အဆင့် မိန်းကလေး တစ်ယောက် ဖြစ်၏။ ဝူကျင်းယန် ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် သူမက ထွက်ပြေးဖို့ ကြိုးပမ်း လိုက်၏။ သို့သော်လည်း... ဝူကျင်းယန်မှာ မည်သူနည်း။

သူမက သွေးစီးကြောင်း ဟု နာမည် ရထားသည့် ရွှယ်မေ ဖြစ်သည်။ ကြယ်တာရာ နယ်မြေ လေးခုမှ အလိုရှိနေသည့် ရာဇဝတ်သား တစ်ယောက် ဖြစ်သည်။ သူမ လှုပ်ရှားလိုက်သည်နှင့် ချက်ချင်းပင် လျှို့ဝှက် ကြယ်တာရာ အဆင့် ရန်သူမှာ သွေးမြူ အဖြစ် ပေါက်ကွဲကာ သေဆုံးသွားရလေ၏။

ဘုန်း...

၎င်းမှာ ပြင်းထန်သည့် တိုက်ပွဲ တစ်ခုပင် မဖြစ်လိုက်ပါချေ။

***

All Chapters