← Chapters

ပုန်းကွယ်နေရာမှ ထွက်ပေါ်လာကြခြင်း

Vol. 90 Ch. 1260

ပုန်းကွယ်နေရာမှ ထွက်ပေါ်လာကြခြင်း

Vol. 90 Ch. 1260

မျက်နှာဖုံးတပ် ညှိနှိုင်းသူက ဝေ့ဝူယင်၏ ဝေဖန်မှု အပေါ် တုန့်ပြန်ခြင်း မပြုချေ။ သူက ကိုယ်ပိုင် စကားလမ်းကြောင်း တစ်ခုကိုသာ ဦးတည်လိုက်၏။

“အဂ္ဂိရတ် အာဏာရှင်ဝေ့... တွေးကြစတမ်း ဆိုရင် နစ်နာခဲ့တာက ကျုပ်တို့ အဖွဲ့အစည်းပါ... ကျုပ်တို့ ယွီစွန်းလီကို လက်ဖျားနဲ့တောင် မထိခဲံကြဘူး... သူကချည်းပဲ ကျုပ်တို့ဆီက အကျိုးအမြတ်တွေကို သိမ်းယူ သွားခဲ့တာ... သူ့ ဆုံးဖြတ်ချက်ကို လေးစားတဲ့ အနေနဲ့ ကျုပ်တို့ သူ့နေရာ အစားထိုးဖို့လူ ရှာပြီးပြီ... လုံလောက်တဲ့ လျော်ကြေးနဲ့ မြေကြီး ရှန့်ထိုကို ပြန်ချီးမြှင့်ပြီးပြီ... ခုအချိန်မှာ ယွီစွန်းလီကို တာအို လက်တွဲဖော် အနေနဲ့ ခင်ဗျား သိမ်းပိုက်မယ် ဆိုရင်တောင် ကျုပ်တို့ ဘာမှ ပြောမှာ မဟုတ်ဘူး”

“ဟား ဟား...”

ဝေ့ဝူယင်က ခေါင်းခါရင်း ရယ်မောလိုက်၏။

“ကောင်းတယ်... မင်းတို့ အားလုံးက သူ့ အပေါ် အရမ်းကို ကောင်းတယ်... ဟုတ်တယ် မလား”

မျက်နှာဖုံးတပ် ညှိနှိုင်းသူ၏ မျက်လုံးများက မသိမသာ ကျဉ်း‌မြောင်း သွား၏။

“ကျင့်ကြံသူတွေ အတွက် လျှို့ဝှက် အာဏာရှင် အဆင့်ကို အောင်အောင်မြင်မြ်င ရောက်ဖို့က အရမ်းကို ခက်ခဲတယ်ဆိုတာ အဂ္ဂိရတ် အာဏာရှင်ဝေ့ သိပါသလား... ယွီစွန်းလီက ဘယ်သူနဲ့မှ နှိုင်းယှဉ်လို့ မရတဲ့ ထိပ်တန်း ပါရမီကို ပိုင်ဆိုင်ထားတယ် လို့ ခင်ဗျား ထင်နေတာလား... ဘာလို့လဲ... သူ့ကို သေမျိုးတစ်ပိုင်း အရှင် တစ်ယောက်က မွေးခဲ့တာ မလို့လား... ကြယ်ကိုးပွင့် ရှန့်ထို ခန်းမလို အဖွဲ့အစည်းကြီး တစ်ခုမှာ ကြီးပြင်းခဲ့တာ မလို့လား... သမိုင်းမှာ တန်ခိုးရှင် သူရဲကောင်းနဲ့ တန်ခိုးရှင် နတ်မိမယ် စာရင်းတွေရဲ့ နံပတ်တစ် ဘယ်လောက် များများက လျှို့ဝှက် အာဏာရှင် အဆင့်ကို ခြေချနိုင်ခဲ့လို့လဲ... မြင့်မားတဲ့ ပါရမီနဲ့ နောက်ခံ ကောင်းကောင်းရှိတဲ့ ကျင့်ကြံသူတွေ ဘယ်လောက်တောင် ကျရှုံးခဲ့ရသလဲ”

"အဂ္ဂိရတ် အာဏာရှင်ဝေ့... ကြယ်တာရာ အမြုတေ အဆင့်တိုင်း လျှို့ဝှက် အာဏာရှင် အဆင့်ကို ခြေချနိုင်ဖို့ အခွင့်အရေးက တစ်သိန်းပုံ ပုံရင် တစ်ပုံတောင် မရှိဘူး... ကျုပ်တို့တွေ သူ အစွမ်းထက် လျှို့ဝှက် အာဏာရှင် တစ်ယောက် ဖြစ်လာဖို့ အကောင်းဆုံး ရင်းမြစ်တွေ ပေးခဲ့တယ်... အစွမ်းကုန် ရင်းနှီး မြှုပ်နှံခဲ့တယ်... ဒါပေမဲ့ အဆုံးသတ်မှာ ကျုပ်တို့ သူ့ကို လျစ်လျူပေးခဲ့တယ်... မသိချင်ယောင် ဆောင်ပေးခဲ့တယ်... ဒါတောင်မှ သူ့အတွက်နဲ့ ခင်ဗျားက ကျုပ်တို့ကို တိုက်ခိုက်ချင်နေသေးတာလား...”

မျက်နှာဖုံးတပ် ညှိနှိုင်းသူမှာ ပြောရင်း ပြောရင်း ဒေါသထွက် လာခဲ့၏။ သူ၏ မျက်နှာဖုံးအောက်မှ မျက်လုံးများမှာ တိုက်ခိုက်လိုသည့် အလင်းတန်းများနှင့် သွေးရောင်လွှမ်း နေခဲ့ပြီ ဖြစ်သည်။

"နောက်ပြီး... ငါတို့က မင်းကို ကြောက်လိမ့်မယ်လို့ ထင်နေတာလား”

မျက်နှာဖုံးတပ်မှာ ငြိမ်းချမ်းရေး စကားဝိုင်းဟု ခေါင်းစဉ် တပ်ထားသည့် အချိန်ဆွဲမှုကို ဆုတ်ဖြဲပစ်ရန် အချိန်မရွေး အဆင်သင့် ဖြစ်နေသည့်ပုံ ရသည်။ ထိုသဘောထား အကြောင်းအလဲက များစွာသော လူများကို အံ့အားသင့်စေခဲ့ကာ သူတို့၏ နှလုံးခုန်သံများမှာ သိမ်မွေ့စွာပင် မြင့်တက်လာခဲ့လေသည်။

ဝေ့ဝူယင်၏ မျက်လုံးများက အစီအရင်ကို အနည်းငယ် အရောင်ပြောင်း သွား၏။ ထို့နောက် သူက အမှောင် ဟင်းလင်းပြင် တစ်နေရာကို လှမ်းကြည့်ကာ ညင်သာစွာပင် ပြောလိုက်လေသည်။

“ဆိုတော့... ခင်ဗျားတို့ ထွက်လာဖို့ ဆုံးဖြတ်လိုက်ပြီပေါ့”

“...”

မျက်နှာဖုံးတပ် ညှိနှိုင်းသူမှာ အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွား၏။ သို့သော်လည်း မကြာခင်မှာပင် ဝေ့ဝူယင် မည်သည့်အရာကို ဆိုလိုကြောင်းသူ နားလည်သွားသည်။

ဝမ်... ဝမ်...

များလှစွာသော ဟင်းလင်းပြင် သင်္ဘောများမှာ အဝေးမှ နေ၍ တရွေ့ရွေ့ပင် ချဉ်းကပ်လာနေခဲ့ပြီ ဖြစ်သည်။ ၎င်တို့၏ ထိပ်ဆုံးတွင် လိုက်ပါလာခဲ့သည်ကတော့ အင်ပါယာ ကလန်၏ ကောင်းကင် ဖျက်ဆီးသူ တစ်ပါး အခြား မည်သူ ဖြစ်နိုင်တော့မည်နည်း။

သင်္ဘောဦးတွင်တော့ ဧကရီ ရှောင်ချွမ်းမှာ ငွါးငွါးစွင့်စွင့် ပွင့်ကြူနေသည့် နှင်းဆီပန်း တစ်ပွင့်လို အလှတရားကို အစွမ်းကုန် ဖွင့်ဟလျှက် လိုက်ပါလာခဲ့၏။

“နှုတ်ဆက်ပါတယ်... အဂ္ဂိရတ် အာဏာရှင်ဝေ့...”

သူမ၏ စကားသံက အလွန်တရာ သိမ်မွေ့လှသည့်တိုင် မိုင်သိန်းပေါင်းများစွာ အတွင်းရှိ လူတိုင်းမှာ ရှင်းလင်းစွာပင် ကြားလိုက်ရလေသည်။

အလင်း အကာအရံ အတွင်းရှိ ‌မြေကြီး ရှန့်ထို နှစ်ယောက်မှာ တစ်ယောက်နှင့် တစ်ယောက် အကြည့်ချင်း ဖလှယ်ကာ အခြားလူများထံ ဆက်သွယ် လိုက်ကြ၏။ ချက်ချင်း ဆိုသလိုပင် အမှောင် ဟင်းလင်းပြင် အတွင်း အကာသ ပေါင်းစပ်ခြင်း ကျင့်စဉ်များနှင့် ဖုံးကွယ် နေကြသည့် မြေကြီး ရှန့်ထို များစွာမှာ ကိုယ်ထင် ပြသလာကာ ရှေ့တန်းသို့ ပျံသန်းလာကြသည်။ သူတို့၏ မူလ ရည်ရွယ်ချက်က အလစ်အငိုက် ဖမ်းကာ ဝေ့ဝူယင်ကို တိုက်ခိုက် ဖမ်းဆီးဖို့ ဖြစ်သော်လည်း ယခုတွင်တော့ ပျက်ပြယ်သွားရပြီ ဖြစ်လေသည်။

အဝေးမှ ပျံသန်းလာနေသည့် ကောင်းကင် ဖျက်ဆီးသူ ဦးဆောင်သော ဟင်းလင်းပြင် သင်္ဘောအုပ်ကို ကြည့်ရင်း ဝေ့ဝူယင် စိတ်ထဲမှ ကျိန်ဆဲ လိုက်မိသည်။ သူ၏ အစီအစဉ်များက အလွန် နီးကပ်နေပြီ ဖြစ်သည်။ ‌ဒေါသထွက်နေသည့်တိုင် အပြင်ပန်းတွင်တော့ သူက အပြုံးတစ်ခုကို ဆင်မြန်းကာ အင်ပါယာ မျိုးနွယ်၏ ဧကရီကို တက်ကြစွာ နှုတ်ဆက် လိုက်လေသည်။

“နှုတ်ဆက်ပါတယ်... ဧကရီ...”

ဟူး... ဟူး...

ဝေ့ဝူယင်၏ နဖူး အတွင်းတွင်တော့ ဆက်စပ်မှု စစ်အလံမှာ ပေါက်ကွဲရန် အဆင်သင့် ဖြစ်ပေါ်နေသည့် အော်ရာကို သိမ်းဆည်းကာ ပြန်လည် မှေးမှိန် သွားခဲ့သည်။ ဝေ့ဝူယင်၏ အသိစိတ် ပ်ငလယ် အတွင်း၌ စစ်ဝိညာဉ် ကွန်မန်ဒါ တစ်ယောက် ဖြစ်သည့် ကျန့်ခွန်ကျန်းမှာ ငွေရောင် ကုဗတုံး တစ်ခုကို လက်ဖြင့် ဆုပ်ကိုင်ရင်း ရပ်နေခဲ့သည်။

အကယ်၍ အနီးကပ်ကြည့်မည် ဆိုပါက ကျန့်ခွန်ကျန်း တစ်ယောက်တည်း မဟုတ်ကြောင်း တွေ့မြင်ရလိမ့်မည် ဖြစ်သည်။ ဝေ့ဝူယင်၏ ဝိညာဉ် အလင်းများဖြင့် ဖွဲ့စည်းထားသည့် စစ်ဝိညာဉ်များမှာ ဧဒင်၏ စွမ်းရည် တစ်မျိုး ဖြစ်သည့် ခုနစ်သွယ် ရင်းမြစ် ဝိညာဉ် အလင်းကိုလည်း ပိုင်ဆိုင်ထားလေရာ အသိစိတ် ပင်လယ် အတွင်း အတားအဆီး မရှိ ဝင်ရောက်နိုင်ပေသည်။

အစီအစဉ်များ ပျက်စီးစွားရသည့်တိုင် ဝေ့ဝူယင်မှာ သာယာသည့် နေ့တစ်နေ့လိုမျိုး ပေါ့ပေါ့ပါးပါး အမူအရာကို ဆင်မြန်းထားကာ တောက်ပသည့် အပြုံးနှင့် အတူ ဧကရီ ရှောင်ချန်းဘက်သို့ လှည့်လိုက်သည်။ ဧကရီ ရှောင်ချွမ်းသည်လည်း အလားတူပင် သိမ်မွေ့သည့် အပြုံးတစ်ခုကို ဆင်မြန်းထား၏။ သို့သော်လည်း... ထိုအပြုံးက စည်းတစ်ခုကို ခြားနားထားသည်။

"…"

ကုန်းရီက သူ၏ ထူထဲလှသော မျက်ခုံးများနှင့် မျက်မှောင်ကြုတ် လိုက်၏။ သူ့ အမြင်အရ ဆိုလျှင်... ဝေ့ဝူယင်၏ နှုတ်ဆက်ပုံက လုံးဝ မသင့်လျော်ချေ။ ဧကရီ ရှောင်ချွမ်းမှာ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၏ ဧကရီ ဖြစ်သည်။ အကြမ်းဖျဉ်းအားဖြင့် မဟညစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံး၏ ဧကရီဟုပင် ဆိုနိုင်ပေသည်။ ထိုမျှ ကြီးကျယ် မြင့်မြတ်လှသည့် လူပုဂ္ဂိုလ် တစ်ယောက် အပေါ် သေမျိုး တစ်ယောက် အနေဖြင့် ဝေ့ဝူယင်၏ နှုတ်ဆက်ပုံက မခန့်လေးစား နိုင်လွန်းသည်။ ရိုင်းရိုင်း ပြောရလျှင် ကိုယ့်အဆင့်ကို မသိသည့် လက္ခဏာ တစ်ခု ဖြစ်သည်။ တကယ်ဆိုလျှင် ဧကရီ၏ အ‌ရှေ့၌ လေးလေးနက်နက် ဦးညွှတ်ခြင်း သို့မဟုတ် ဒူးထောက်ခြင်းတို့ ပြုမူ သင့်ပေသည်။

ထျန်းမူယန်နှင့် ထျန်းလင်ယုတို့၏ အမူအရာများမှာလည်း ပြောင်းလဲ သွားကြ၏။ ဝေ့ဝူယင်၏ အပြုအမူက အင်ပါယာ မျိုးနွယ်ထံမှ ရန်လိုမှုများကို ဖိတ်ခေါ်နိုင်စွမ်း ရှိကြောင်း သူတို့ သိပေသည်။ သို့သော်လည်း... ဝေ့ဝူယင်မှာ မဟာစက်ဝန်း ရှန့်ထို ညီလာခံလိုနေရာမျိုးတွင်ပင် ထင်တိုင်းကြဲ သွားခဲ့သူ ဖြစ်လေရာ သူ့ကို ထိန်းချုပ်ဖို့က မဖြစ်နိုင်သလောက် နီးပါး ဖြစ်သည်။ အနည်းဆုံးတော့ ဝေ့ဝူယင် အနေဖြင့် အဆင့်အတန်း တူညီကြောင်း ပြသသည့် သဘောထားမျိုးဖြင့် လက်နှစ်ဖက်ကို ယှက်ကာ နှုတ်ဆက်ခဲ့သင့်သည်။

အခြားလူများ အမျိုးမျိုး တွေးတောနေကြစဉ်တွင် ဝေ့ဝူယင်ကတော့ “အာဏာရှင် အဖွဲ့သား” များထံမှ အစီရင်ခံစာများကို အဆက်မပြတ် လက်ခံ ရရှိနေခဲံ၏။

“ချိပ်ပိတ် အစီအရင် တည်ဆောက် ပြီးစီး...”

“ချိပ်ပိတ် အစီအရင် တည်ဆောက် ပြီးစီး...”

ထိုသတင်းစကားမှာ ဝေ့ဝူယင်ထံ အကြိမ်ပေါင်း များစွာ ဝင်ရောက် နေ၏။ ၎င်းတို့မှာ ကျူးကျော်ခံလိုက်ရသည့် အရိပ်ဥ အရေအတွက်နှင့် ညီမျှပေသည်။ ဝေ့ဝူယင် စိတ်သက်သာရာ ရမှုကို ခံစားလိုက်ရသည်။ ချိပ်ပိတ် အစီအရင်မှာ အရိပ်ဥများနှင့် အပြင်လောကို လုံးဝ အဆက်အသွယ် ဖြတ်ပေးလိမ့်မည် ဖြစ်သည်။ ဝိညာဉ် ဆက်သွယ်မှု၊ ဟင်းလင်းပြင် ဂိတ်တံခါး ပို့ဆောင်ခြင်းတို့ အပါအဝင် အပြင်ဘက်မှ ရောက်ရှိလာသည့် စစ်ကူ အားလုံး ဖြတ်တောက်ခံရလိမ့်မည် ဖြစ်သည်။

သူ့ အစီအစဉ်များက အလုပ်ဖြစ်နေဆဲ ဖြစ်သည်။ ကံမကောင်းစွာပင်... ဤဟင်းလင်းပြင် သင်္ဘော အုပ်စုက ရောက်ရှိလာကာ သူ၏ ဒုတိယံပိ တိုက်ခိုက်မှု အစီအစဉ်ကို ဖျက်ဆီးပစ်ခဲ့သည်။ သို့စေကာမူ... သူတို့၏ ပေါ်ထွက်လာမှုက အချိန်အတိုင်းအတာ တစ်ခု ထပ်ဆွဲပေးမည် ဖြစ်လေရာ ဝေ့ဝူယင် အများကြီးတော့ စိတ်အနှောက်အယှက် မဖြစ်ခဲ့ပါချေ။

အစီအရင်ခံစာများကို စစ်ဆေးပြီး နောက်တွင်မှ ဝေ့ဝူယင်မှာ ထျန်းမူယန်၏ စိုးရိမ်ပူပန်နေသည့် အမူအရာကို သတိထား လိုက်မိ၏။ ထိုအချိန်ရောက်မှ အင်ပါယာ ဧကရီနှင့် ဆက်နွယ်နေသည့် သူ၏ အပြုအမူများက အတော်လေး ရိုင်းစိုင်းနေကြောင်း သတိပြုမိလိုက်သည်။ ဟင်းလင်းပြင် သင်္ဘော အုပ်စုထံမှ တိတ်ဆိတ်မှုက သက်တောင့်သက်သာ မရှိသလို ဝေ့ဝူယင် ခံစားလိုက်ရသည်။ သူတို့က မိုင်ပေါင်းများစွာကို ဖြန့်ကျက်ထားက ဝေ့ဝူယင် နောက်ဆုတ်မည့် လမ်းကြောင်းကိုပင် ပိတ်ထားသယောင် ရှိသည်။

ကြည့်ရသည်က... သူ၏ လုပ်ရပ်မှာ မဟာမိတ် အင်အားစုများ အပေါ် အနည်းငယ် အမြင် မကြည်စေခဲ့ဟန် ရသည်။ ထျန်းမူယန်နှင့် ထျန်းလင်းယုတို့ ပင်လျှင် စိုးရိမ် ပူပန်သည့် အကြည့်များကို ထုတ်ဖော်ခြင်းမှ တစ်ပါး အခြား မတတ်နိုင်ခဲ့ပါချေ။

သို့သော်လည်း... အင်ပါယာ မျိုးနွယ် အပေါ် ဝေ့ဝူယင်၏ သဘောထားက ခိုင်မာပေသည်။ သူက ဝတ်စုံနက် ဝေ့ဝူယင်၏ ဘဝတွင်ရော ယခုဘဝတွင်မှာပါ သူက အင်ပါယာ မျိုးနွယ်ကို ဘယ်တော့မှ ဦးညွှတ်လိမ့်မည် မဟုတ်ချေ။ သို့စေကာမူ... ၎င်းက သူတို့ကို ရန်ရှာလိမ့်မည်ဟုလည်း မဆိုလိုပါချေ။

ဧကရီ ရှောင်ချွမ်းကတော့ ဝေ့ဝူယင်၏ အပြုအမူ အပေါ် စိတ်ရှိပုံ မပေါ်ချေ။ သူမက မီးဖီးနစ်ကိုသာ လှမ်းကြည့် လိုက်၏။ ဝေ့ဝူယင်မှာ မိမိကိုယ်ကို မြင့်မားသည့် ယုံကြည်ချက် တစ်ခု ရှိနေသည့်ပုံ ရကာ ၎င်းက ကြီးကြီးမားမား ဆုံးရှုံးမှုများနှင့် ရင်မဆိုင်ရသေး‌သောကြောင့် ဖြစ်ပုံ ရသည်။ တစ်ရာ မပြည့်သေးသည့် အသက်အရွယ်၊ အလွန်တရာ ထူးချွန်လှသည့် အဂ္ဂိရတ် ပါရမီနှင့် အင်အားကြီး နောက်ခံတို့ကို ထည့်တွက်ရပါက မဟာစက်ဝန်း ကြယ်ကွင်းပြင်လို နေရာမျိုးတွင် သူ ထိခိုက်ခံစားရဖို့ မဖြစ်နိုင်သလောက် နီးပါး ဖြစ်သည်။

ဝေ့ဝူယင်ကို အသိအမှတ်ပြုဟန်ဖြင့် တစ်ချက် ကြည့်လိုက်ပြီးနောက် ဧကရီ ရှောင်ချွမ်းက အဆုံးမဲ့ အမှောင် ဟင်းလင်ပြင်ကို လှမ်းကြည့် လိုက်သည်။

“တွယ်ရာမဲ့ နှလုံးသားဂိုဏ်းက မိတ်ဆွေတွေ... ဒီဧကရီကို မနှုတ်ဆက်ကြတော့ဘူးလား”

"..."

ဟင်းလင်းပြင် သင်္ဘော အုပ်စုတစ်ခုလုံး တိတ်ဆိတ်နေ၏။ သို့သော်လည်း ထိပ်တန်း အဆင့် မြေကြီး ရှန့်ထိုများကတော့ တစ်ခုခု မှားယွင်းနေပြီ ဖြစ်ကြောင်း သတိထားမိလိုက်ကြပြီ ဖြစ်သည်။

ဟူး... ဟူး...

စက္ကန့်ပိုင်း အတွင်းမှာပင် ဝေ့ဝူယင်၏ ပတ်လည် မိုင်ပေါင်းနှစ်ရာနှင့် ငါးရာ ကြားတွင် အာကာသလှိုင်းများ စတင် ဖြစ်ပေါ်လာခဲ့၏။ ထို့နောက်တွင်တော့... လျှို့ဝှက် အာဏာရှင် အဆင့် ပုံရိပ်များ စတင်ကာ ထွက်ပေါ်လာခဲ့တော့သည်။ သူတို့ အားလုံးမှာ ခန့်မှန်း၍ မရနိုင်သည့် အော်ရာများကို ပိုင်ဆိုင်ထားကြကာ မျက်နှာဖုံးများကို ဝတ်ဆင်ထားကြ၏။

တစ်... နှစ်... သုံး...

မြေကြီး ရှန့်ထို အဆင့် ဆယ့်ခြောက်ယောက်

မှန်၏။ မြေကြီး ရှန့်ထို အဆင့် ဆယ့်ခြောက်ယောက်မှာ တဒင်္ဂ အတွင်းမှာပင် ထွက်ပေါ်လာကြပြီ ဖြစ်လေသည်။

***

All Chapters