← Chapters

အဲဒီ စုန်းမက မင်းကို ဖမ်းမမိခင်…

Vol. 9 Ch. 109

အဲဒီ စုန်းမက မင်းကို ဖမ်းမမိခင်…

Vol. 9 Ch. 109

“ရှင် ပိုပြီး အနားယူနေသင့်တယ်”

ကုသဆေးတစ်လုံး သောက်ပြီးပြီးချင်း ထရပ်ရန်ကျိုးစားလိုက်သော အာရန်ကို ရှုယင်က ပြောလိုက်ခြင်းဖြစ်သည်။

ထိုဆေးသည် လူတစ်ယောက်ကို ကုသရာတွင် အတော်လေးထိရောက်မှု အားကောင်းသော်လည်း ၎င်းသည် ချက်ချင်း ကုသပေးနိုင်သော အရာတော့မဟုတ်ပေ။

သူ၏ ဒဏ်ရာအများစုသည် တဖြည်းဖြည်းချင်းပြန်လည် သက်သာနေပြီ ဖြစ်သော်လည်း နာကျင်မှုဝေဒနာသည် အလွန်ပြင်းထန်နေဆဲဖြစ်သည်။

ဤအခြေအနေတွင် လှုပ်ရှားမှုပြုခြင်းသည် ကုသခြင်းဖြစ်စဉ်ကို ပိုမိုနှေးကွေးစေသောကြောင့် ထိုသို့မပြုလုပ်သင့်သော်လည်း အာရန်သည် လိုက်နာခြင်း မရှိခဲ့ပေ။

“ကိုယ် အဆင်ပြေပါတယ် သိပ်မနာတော့ပါဘူး အဲဒီထက်ပိုပြီးအရေးကြီးတာ ကိုယ်ခု တစ်နေရာရာကို အရင်သွားဖို့ လိုအပ်တယ်”

သူသည် တံခါးကို တွန်းဖွင့်လိုက်သော်လည်း အပြင်ကို မြင်လိုက်သောအခါ ခြေလှမ်းများချက်ချင်း ရပ်တန့်သွားခဲ့သည်။

အာရန်သည် သူ၏ နေအိမ်မှာ ချောက်ကမ်းပါးအစွန်းတွင် ရှိကြောင်းနှင့် သူသည် မပျံသန်းနိုင်ကြောင်းကိုပင် ခဏတာ မေ့လျော့သွားခဲ့ခြင်းဖြစ်သည်။

‘လေပေါ်လဲမပျံသန်းတတ်ပဲနဲ့ ဒီလိုနေရာမျိုးမှာ ဘယ်အရူးကများ အိမ်လာဆောက်ထားရတာလဲ’

အာရန် သည် သူ၏ စိတ်ထဲတွင် ကျိန်ဆဲလိုက်မိသော်လည်း သူ၏ မေးခွန်းအတွက် အဖြေကိုမူ သူကိုယ်တိုင်သိရှိပြီးသားဖြစ်လေသည်။

ထိုအရူးသည် သူကိုယ်တိုင်ပင်ဖြစ်သည်မဟုတ်ပါလော။

သို့မဟုတ် ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်ဖြစ်သူ ဖြစ်သော သူ၏ ရှေ့မှ အရင်လူဟောင်းကို ဆိုလိုဖြင်းသာဖြစ်လေသည်။

“ကိုယ့် ဒဏ်ရာက နဲနဲကျန်နေတုန်းပဲထင်တယ် အဲ့ဒါကြောင့် နောက်တစ်ခါလောက် မင်းကူညီပေးနိုင်ဦးမလား” သူသည် ရှုယင်ကို လှည့်ကြည့်လေသည်။

“မဟာအကြီးအကဲဇီယာ ဆီကို ကိုယ့်ကို ခေါ်သွားပေးနိုင်မလား” ဟု မေးလိုက်သည်။

“မဟာအကြီးအကဲ ဇီယာ ဟုတ်လား ရှင့်ရဲ့ ဖီးနစ်ငှက်များ တစ်ခုခု ဖြစ်သွားလို့လား”

ရှုယင်သည် အံ့အားသင့်စွာဖြင့် မေးလိုက်သည်။

မဟာအကြီးအကဲ ဇီယာသည် ရှုယင်ကဲ့သို့ အခြားသော မဟာအကြီးအကဲ တစ်ဦးဖြစ်လေသည်။

သူမသည် ဂိုဏ်းရှိ သားရဲထိန်းဌာန၏ အကြီးအကဲဖြစ်သလို ဂိုဏ်း၏ အတော်ဆုံး အဂ္ဂိရတ်ပညာရှင်တစ်ဦးလည်း ဖြစ်လေသည်။

အာရန်သည် အခြား ကုသဆေးများလည်း ထပ်မလိုအပ်သောကြောင့် ထိုကဲ့သို့သော လူမျိုးကို တွေ့ဆုံရန် အကြောင်းပြချက် တစ်ခုသာ ရှိသည်။

သူ၏ ဖီးနစ်ငှက်မှာ တစ်ခုခု ဖြစ်သွားခြင်းကြောင့်ပင် ဖြစ်ပေလိမ့်မည်။

မဟာအကြီးအကဲ ဇီယာသည် သားရဲများနှင့် ပတ်သက်လာလျှင် ဂိုဏ်းတွင် အသိပညာအရှိဆုံးသူတစ်ဦးလည်းဖြစ်လေသည်။

သူမသည် အဂ္ဂိရတ်ပညာရှင်တစ်ဦးလည်းဖြစ်သောကြောင့် သာမန် သားရဲထိန်းတစ်ဦးထက် များစွာ ပိုမိုလုပ်ဆောင်နိုင်စွမ်းရှိလေသည်။

ထို့ကြောင့် သူမသည် ဂိုဏ်းချုပ်၏ ဒဏ္ဍာရီဆန်သော သားရဲကို ဂရုစိုက်ပေးရန် ခွင့်ပြုခံထားရသော တစ်ဦးတည်းသောသူလည်းဖြစ်လေသည်။

“ပင်လယ်နဂါးနဲ့ တိုက်ခိုက်နေတုန်း သူမ ဒဏ်ရာအတော်လေးရခဲ့တယ် သူမ ဟာ သွေးအများကြီး ထွက်နေပြီး သွေးထွက်တာကို ခဏတာ ရပ်တန့်ပြီး ဘေးကင်းအောင် ထိန်းသိမ်းထားဖို့ လျှို့ဝှက်နည်းလမ်းတစ်ခုကို ကိုယ်သုံးခဲ့ရတယ် ဒါပေမယ့် သူမကို အမြန်ဆုံးတော့ကုသပေးဖို့ လိုအပ်နေသေးတယ်”

အာရန်သည် ရှုယင်အား သူ၏ စနစ်သိုလှောင်ခန်းအကြောင်း မပြောပြနိုင်သော်လည်း ရှုယင်သည် လိုအပ်သည်ထက် ပိုသော မေးခွန်းများ မေးမည်မဟုတ်ကြောင်းကိုလည်း သူသည်သိနေလေသည်။

အနည်းငယ်မျှ ယုံကြည်နိုင်လောက်သော ရှင်းပြချက်ကို ပေးလျှင်ပင် သူမသည် သူ့ကို ယုံကြည်နေမည်သာဖြစ်လေသည်။

ထို့အပြင် သူမသည် သူ့တွင် တည်ရှိနေသော မယုံကြည်နိုင်လောက်သော လျှို့ဝှက်ချက်များစွာကို မြင်တွေ့ခဲ့ပြီးဖြစ်လေသည်။

ထိုအရာများနှင့်နှိုင်းယှဉ်ပါက ယခုအရာသည် ဘာမျှ မဟုတ်ပါ။

အာရန် မျှော်လင့်ထားသည့်အတိုင်းပင် ရှုယင်သည် သူ့ကို မည်သည့် မေးခွန်းမျှပြန်မထုတ်ခဲ့ပါ။

သူမသည် သူ၏ ခါးကို ဖက်ထားလိုက်သည်။

ပထမတွင် အာရန်သည် သူမအား သူမ၏နေအိမ်သို့ ပြန်ပို့ရန် ရည်ရွယ်ထားခဲ့လေသည် အကြောင်းမှာ သူမသည် နေအိမ်အကျယ်ချုပ် ကျခံနေရသောကြောင့်ပင်ဖြစ်လေသည်။

သို့သော် လက်ရှိတွင် သူ၌ အခြား ရွေးချယ်စရာတစ်ခု ရှိမနေခဲ့ပေ။

“လမ်းတစ်လျှောက်မှာ ကိုယ်တို့ကို ဘယ်သူမှမ မြင်ရအောင် သေချာလေးဂရိုစိုက်ပါ သူမရဲ့ နေရာအနီးမှာ ကိုယ့်ကို ချပေးခဲ့ရင်ရပီ ကျန်တာကိုတော့ကိုယ့်ဘာ့သာကိုယ် ကိုင်တွယ်မယ်”

“အဓိပ္ပာယ်မရှိတာ သူမကို တွေ့ခွင့်ရဖို့ ရှင့်ကို ကျွန်မကိုယ်တိုင် ခေါ်သွားမယ်။

ရှင်တစ်ယောက်တည်းဆိုရင် သူမက ရှင့်ကို ထွက်တွေ့မှာတောင် မဟုတ်ဘူး”

“သူမက ထွက်တွေ့မှာတောင်မဟုတ်ဘူး ဟုတ်လား ဒါပေမယ့် ကိုယ်ကလည်း အကြီးအကဲတစ်ယောက်ပဲလေ”

“သူမက ဒီလိုကိစ္စတွေမှာ ကိုင်တွယ်တာနည်းနည်း ကြမ်းတမ်းတယ် ရှင်က အကြီးအကဲတစ်ယောက်ဖြစ်နေရင်တောင် ရှင့်ကို သူမက အာရုံစိုက်မှာ မဟုတ်ဘူး သူမဆီက ဆေးဝယ်ဖို့နဲ့ သူမကို တွေ့ခွင့်ရဖို့ အကြီးအကဲ အများအပြားတောင် တန်းစီပြီးစောင့်ကြရတယ် ဒါကြောင့် သူမရဲ့ မာနကလဲ နည်းနည်း...”

ရှုယင်သည် သူမ၏ စကားကို ဆက်မပြောတော့သော်လည်း သူမ၏ အဓိပ္ပာယ်မှာ ရှင်းလင်းနေလေသည်။

“ဒါပေမယ့် မင်းက နေအိမ်အကျယ်ချုပ် ကျခံနေရတာလေ မင်း သူမက မြင်သွားခဲ့ရင်…...”

“စိတ်မပူပါနဲ့ ကျွန်မရဲ့ နေအိမ်အကျယ်ချုပ်ကာလက အခုဆိုရင် ပြီးသွားလောက်ပါပြီ”

ရှုယင်သည် အခြားမည်သည့်အရာကိုမျှ ဂရုမစိုက်ဘဲ ကောင်းကင်သို့ ပျံသန်း၍ ထွက်ခွာသွားတော့သည်။

……………

အခြား မဟာအကြီးအကဲများနှင့် မတူဘဲ ဇီယာသည် ဗဟိုဧရိယာအတွင်း၌ နေထိုင်သူ တစ်ယောက်မဟုတ်ပေ။

သူမကို ဗဟိုဧရိယာ၏ အပြင်ဘက်တွင် သူမ၏ ကိုယ်ပိုင်တောင်တစ်လုံး ပေးထားရခြင်းမှာ အဓိကအားဖြင့် သားရဲခန်းမနှင့် အဂ္ဂိရတ်ခန်းမနှစ်ခုစလုံးနှင့် ပိုမို၍ နီးကပ်နေစေရန်အတွက်လည်း ဖြစ်လေသည်။

သူမနေထိုင်သော တောင်ကိုလည်း သူမ၏ အမည်ဖြင့်ပင် မှည့်ခေါ်ထားလေသည်။ ထိုတောင်၏ အမည်မှာ ဇီယာတောင် ဖြစ်လေသည်။

သားရဲခန်းမသည် ဇီယာတောင်၏ တောင်ဘက်ခြမ်း အလယ်နားလောက်တွင် တည်ရှိနေလေသည်။

တစ်ချိန်တည်းမှာပင် အဂ္ဂိရတ်ခန်းမသည်လည်း ဇီယာတောင်၏ မြောက်ဘက်ခြမ်း အလယ်နားလောက်တွင် တည်ရှိနေလေသည်။

“ကိုယ်တို့ သားရဲခန်းမကို ကျော်လာခဲ့ပြီလို့ ထင်တယ် ဟုတ်တယ်မဟုတ်လား”

သူတို့၏ သွားမည့်နေရာကို ကျော်ပြီး ပျံသန်းလာမိပြီဖြစ်ကြောင်းကို သတိပြုမိလိုက်သဖြင့် အာရန်က ပြန်ပြောလိုက်လေသည်။

သူတို့သည် တောင်ထိပ်ပိုင်းသို့ ဆက်လက် ပျံသန်းနေဆဲဖြစ်သည်။

“ကျွန်မတို့ သားရဲခန်းမကို သွားမှာမှ မဟုတ်တာ သူမက အဲဒီမှာ ရှိမှာ မဟုတ်ဘူး ဒါကြောင့် ရှင့်ကို သူမရဲ့ အိမ်အထိ တိုက်ရိုက် ခေါ်သွားပေးတာ”

မကြာမီ ရှုယင်သည် တောင်ထိပ်သို့ ရောက်ရှိသွားပြီး ပိုမိုခမ်းနားသော ခြံဝင်းတစ်ခုကို မြင်တွေ့လိုက်ရလေသည်။

မဟာအကြီးအကဲ ဇီယာသည် သူမ၏ ခြံဝင်းရှေ့တွင် အဂ္ဂိရတ်ဆေးပညာအတွက် အသုံးပြုနိုင်သော အလွန်ရှားပါးသော ဆေးဖက်ဝင်အပင်များဖြင့် ပြည့်နှက်လျက်ရှိသော အလွန်လှပသည့် ဥယျာဉ်တစ်ခုလည်း ရှိနေလေသည်။

ရှုယင်သည် အာရန်နှင့်အတူ ထိုခြံဝင်းရှေ့တွင် ဆင်းသက်လိုက်လေသည်။

“ရှင် ဒီမှာပဲ ခဏစောင့်နေပါ ကျွန်မက သူနဲ့ စကားခဏဝင်ပြောလိုက်ဦးမယ် မိနစ်အနည်းငယ်ထက် ပိုမကြာစေရဘူး”

ရှုယင်သည် တံခါးကို ဆွဲဖွင့်ကာ ခြံဝင်းထဲသို့ ဝင်သွားလိုက်ပြီး အာရန်အား အပြင်ဘက်တွင်သာ စောင့်နေခဲ့စေလေသည်။

ရှုယင်သည် မဟာအကြီးအကဲ ဇီယာကို တွေ့ရှိနိုင်ရန်အတွက် သူ၏ ခြံဝင်းတစ်ခုလုံးကို လှည့်ပတ်ရှာဖွေနေခဲ့လေသည်။

“သူမက ဒီမှာ မရှိဘူးလား”

ရှုယင်သည် ခြံဝင်းထဲတွင် ဇီယာကို ရှာမတွေ့သောကြောင့် အသံထွက်၍ ပြောလိုက်မိလေသည်။

ထို့နောက် သူမသည် အခြားအခန်းများသို့ ဆက်လက်ရှာဖွေရန် သွားရောက်လိုက်လေသည်။

….....

မဟာအကြီးအကဲ ဇီယာ၏ ခြံဝင်းအပြင်ဘက်တွင် အာရန်သည် ဟိုဟိုသည်သည် လှည့်ပတ် လျှောက်ကြည့်နေခဲ့လေသည်။

သူ၏ ခန္ဓာကိုယ်သည် နေရာတိုင်းတွင် နာကျင်နေဆဲဖြစ်သော်လည်း သူ၏ ဒဏ်ရာများမှာမူ လုံးဝနီးပါး ပြန်လည်သက်သာသွားခဲ့ပြီဖြစ်လေသည်။

သူ၏ အချိ့ခန္ဓာကိုယ်နေရာများသို့ သေခြာစွာထိမိမှသာလျှင် တစ်ခါတလေတွင် အရိုးအက်သံအချို့ ထွက်လာတတ်ခြင်းသာ ကျန်ရှိလေသည်။

အာရန်သည် သူ၏ လက်များကို ဆန့်လိုက်ကာ သူ၏ လက်ရှိ ခန္ဓာကိုယ်အခြေအနေ ကို စမ်းသပ်ရန် ကြိုးစားလိုက်သည်။

“ရှင်က ဒီမှာ ဘာလုပ်နေလဲ မေးလို့ရမလား”

အာရန်၏ နောက်ကျောမှ အသံတစ်ခု ထွက်လာခဲ့သည်။

အာရန်သည် လှည့်ကြည့်လိုက်ကာ အသံ၏ အရင်းအမြစ်ကို ရှာဖွေလိုက်သည်။

“ဟင် ကလေးတစ်ယောက်လား”

အာရန်သည် အသက် ၁၅ နှစ်ထက် မပိုသော ကလေးမလေးတစ်ယောက်ကို တွေ့လိုက်ရလေသည်။

“မင်းက မဟာအကြီးအကဲ ဇီယာရဲ့ တပည့်များလား”

အာရန်က ကလေးမလေးကို မေးလိုက်သည်။

ဝတ္ထုထဲတွင် မဟာအကြီးအကဲ ဇီယာသည် စိတ်ဆိုးလွယ်ပြီး သူမ၏ ခြံဝင်းဆီသို့ အခြားလူများ ချဉ်းကပ်ခြင်းကို မကြိုက်ကြောင်း ဖတ်ဖူးလေသည်။

သူမ၏ တပည့်ကိုသာ လွတ်လပ်စွာ ဝင်ရောက်ခွင့်ပြုထားမည်ဖြစ်လေသည်။

“ငါက ဘာလို့ တပည့်ဖြစ်ရမှာလဲ”

ကလေးမလေးက စိတ်ပျက်လက်ပျက်ဖြစ်သွားဟန်ဖြင့် နှုတ်ခမ်းကို ဆူ၍ပြန် မေးလိုက်သည်။

“မင်းက တပည့်မဟုတ်ရင် ဒီမှာ ရှိမနေသင့်ဘူး”

အာရန်သည် ထိုကလေးမလေးအား သတိပေးပြောဆိုလိုက်သည်။

“မင်းက ဆေးတောင်းဖို့ ဒီကို လာခဲ့တာဆိုရင် အဂ္ဂိရတ်ခန်းမကိုသာ တိုက်ရိုက်သွားသင့်တယ်”

“မဟာအကြီးအကဲ ဇီယာသာ မင်းကို ဒီမှာ မြင်သွားရင် သူမရဲ့ ဒေသထွက်လွယ်တဲ့ စိတ်နဲ့ဆို မင်းကို အဂ္ဂိရတ်ခန်းမကနေ ထာဝရ တားမြစ်ကောင်း တားမြစ်နိုင်လိမ့်မယ်”

အာရန်သည် ကလေးမလေး၏ ခေါင်းကို ပုတ်လိုက်သည်။

“အဲဒီ စုန်းမက မင်းကို ဖမ်းမမိခင် ထွက်သွားလိုက်တာကောင်းမယ်”

#Catfoot

All Chapters