မဖြစ်နိုင်သောရွေးချယ်မှု
Vol. 9 Ch. 111
“ဟင်”
အာရန်သည် သူ၏ လက်ကို ပြန်ရုပ်သိမ်းလိုက်သောအခါ သူ့ရှေ့တွင် စနစ်မျက်နှာပြင်တစ်ခု ထပ်မံပေါ်လာခဲ့လေသည်။
ထိုသို့ ရုတ်တရက် ပေါ်လာခြင်းကြောင့် ဇီယာထံမှ သူ၏ အာရုံကို လုံးဝ လွှဲပြောင်းသွားစေခဲ့သည်။
သူမ၏ မျက်နှာတွင် ဖြစ်ပေါ်နေသော ဒေါသကို သတိမထားမိဘဲ အာရန်သည် သူမ၏ ဆုပ်ထားသော လက်သီးကို သတိမထားမိခဲ့ပါ။
သို့သော် ဇီယာတစ်ယောက် မည်သည့် အရာမျှမပြုလုပ်နိုင်ခင်မှာပင် ရှုယင်သည် သူမနှင့် အာရန်ကြားတွင် လျင်မြန်စွာ ကာဆီးထားလိုက်သည်။
“ငါ့ရှေ့ကနေ ဖယ်ပေးစမ်း”
ဇီယာသည် ဒေါသအလွန်ထွက်လျက်ရှိနေလေသည်။
“ဒီ မောက်မာတဲ့အကောင်ကို ငါ ချေမှုန်းပစ်မယ်”
“နင် သူ့ကို အပြစ်တင်လို့ မရဘူးလေ နင်ကနင့်ရဲ့ အချက်အလက်တွေကို ဖုံးကွယ်ထားခဲ့တာလေ ဒါကနင့်ရဲ့အမှားပဲ” ရှုယင်က ပြန်ဖြေလိုက်သည်။
“သူ့အကြောင်းကို အများကြီး ကြားဖူးလို့ သူ့ရဲ့ စရိုက်ကို စမ်းသတ်ချင်လို့ တမင် ငါ မပြောပဲစောင့်ကြည့်နေတာ ဒါပေမယ့် ဒီ မောက်မာတဲ့အကောင်က….. ငါ သူ့အရိုးအားလုံးကို ရိုက်ချိုးပစ်ရမှကျေနပ်မယ်….”
“နင်က သူ့ကို ထိရင် ဂိုဏ်းချုပ်ရဲ့ ဒေါသကို နင်ကိုယ်တိုင် ရင်ဆိုင်ရလိမ့်မယ်နော် သူမက သူ့ကို ဂိုဏ်းကို ကိုယ်တိုင်ခေါ်လာတဲ့သူဆိုတာ မမေ့နဲ့”
“အဆင်ပြေပါတယ် ငါ့မှာ ကုသဆေးတွေ အများကြီး ရှိတယ် ဒီလို မလေးမခန့်ပြုမှုအတွက် သူ့ခန္ဓာကိုယ်က အရိုးတိုင်းကို ချိုးပြီးရင် သူ့ကို ပြန်ကုသပေးမယ်”
“ငါ စောစောက ပြောခဲ့တဲ့ စကားကို ထပ်ပြောမယ် နင့်ကို မသိတဲ့သူက နင့်ကို ဘယ်လို မလေးမခန့်ပြုနိုင်မှာလဲ သူ့မျက်လုံးထဲမှာ နင်ကသာမန် တပည့်တစ်ယောက်ဖြစ်ပြီး ငါက မဟာအကြီးအကဲတစ်ယောက်ဖြစ်နေတယ်လေ သူ ဘာမှားလုပ်ခဲ့လို့လဲ”
“နင်…”
ရှုယင်နှင့် မဟာအကြီးအကဲ ဇီယာတို့ကြားတွင် စကားလုံးပေါင်းများစွာ ဖလှယ်ခဲ့ကြသည်။
သို့သော် ထိုစကားများကို အသံထွက်၍ ပြောဆိုခြင်း မဟုတ်ပါ။
သူတို့နှစ်ဦးသာ တစ်ဦးနှင့်တစ်ဦးပြောဆိုသည့် စကားများကို ကြားနိုင်ရန် စိတ်စွမ်းအင်ကို အသုံး၍ပြောဆိုနေခဲ့ကြခြင်းဖြစ်လေသည်။
တစ်ဖက်တွင် အာရန်မှာမူ သူ၏ နောက်တွင် ဖြစ်ပျက်နေသည့်အရာများကို လုံးဝ သတိမထားမိဘဲ စနစ်မျက်နှာပြင်၏ အကြောင်းအရာများတွင်သာ နှစ်မြှုပ်နေခဲ့သည်။
[ရွေးချယ်မှု (၁) : သင်ထိတွေ့ခဲ့သောသူကို သင်၏ တပည့်အဖြစ် ခေါ်ယူပါ။
ဆုလာဘ် : အဆင့် (၇) အဂ္ဂိရတ်ဆရာတစ်ဦး ၏ အသိဉာဏ်]
‘သူမကို ငါ့တပည့်အဖြစ် ခေါ်ယူရမယ် ဟုတ်လား သူမမှာ ထူးခြားတာ တစ်ခုခု ရှိနေလို့လား’
အာရန်သည် ခေါင်းကိုက်ခြင်းကို စတင်ခံစားလိုက်ရသည်။
သူ့တွင် တပည့်နှစ်ဦး ရှိနှင့်ပြီးဖြစ်ကာ တစ်ဦးကိုပင် ဘာမှ မသင်ကြားပေးရသေးချေ။
ယခု သူသည် နောက်ထပ်တပည့်တစ်ဦးကို ထပ်မံခေါ်ယူရန် တောင်းဆိုခံနေရသည်တဲ့လား။
ကံမကောင်းစွာဖြင့် ဆုလာဘ်သည် လက်မလွှတ်ရက်လောက်အောင်ပင် အလွန်ကောင်းမွန်လွန်းနေလေသည်။
သူသည် အဆင့် (၇) အဂ္ဂိရတ်ဆရာ တစ်ဦး ဖြစ်လာနိုင်လျှင် အတော်အတန် ချမ်းသာလာနိုင်မည်ဖြစ်လေသည်။
[ရွေးချယ်မှု (၂) : သင်ထိတွေ့ခဲ့သောသူ၏ တပည့်အဖြစ်ခံယူလိုက်ပါ။
ဆုလာဘ်: အဆင့် (၃) ပန်းပဲဆရာတစ်ဦး ၏ အသိဉာဏ်]
‘ဟင်’
ပထမရွေးချယ်မှုက သူ့ကို ခေါင်းကိုက်စေလျှင် ဒုတိယရွေးချယ်မှုက သူ့ကို ပို၍ပင် ရှုပ်ထွေးသွားစေသည်။
ဤရွေးချယ်မှုများသည် မည်သို့သောအရာများဖြစ်ကြသနည်း။
တစ်ခုက သူမကို တပည့်အဖြစ် ခေါ်ယူရန် ပြောနေပြီး အခြားတစ်ခုက သူမ၏ တပည့် ဖြစ်လာရန် ပြောဆိုနေသည်တဲ့လား။
‘ကလေးတစ်ယောက်ကို ငါ့ဆရာအဖြစ် လက်ခံရင် ဂိုဏ်းထဲမှာ ငါ့ဂုဏ်သိက္ခာ ဘယ်လောက် ကျန်တော့မှာလဲ ဒီရွေးချယ်မှုက လုံး၀မဖြစ်နိုင်ဘူး ဆုလာဘ်ကလည်း ပထမတစ်ခုလောက် မကောင်းဘူး’
အာရန်သည် တတိယရွေးချယ်မှုသို့ ရွေ့လျားလိုက်သည်။
[ရွေးချယ်မှု (၃): ဘာမှ မလုပ်ပါနဲ့။
ဆုလာဘ်: အဆင့် (၁) သားရဲထိန်း အသိဉာဏ်]
[ရွေးချယ်မှု (၄) : မဟာအကြီးအကဲ ဇီယာကို ကျယ်လောင်စွာ ချီးကျူးပါ။
ဆုလာဘ်: အဆင့် (၄) အဂ္ဂိရတ်ဆရာ၏ အသိဉာဏ်]
တတိယနှင့် စတုတ္ထရွေးချယ်မှုများသည် ပြီးမြောက်ရန် အတော်လေး လွယ်နေပုံရသော်လည်း ၎င်းတို့ ပေးသော ဆုလာဘ်များသည် အလွန် သေးငယ်လေသည်။
‘ငါ ပထမရွေးချယ်မှုကို ရွေးမယ်’
အာရန်သည် ရွေးချယ်မှုတစ်ခုကို ပြုလုပ်လိုက်ပြီး စနစ်မျက်နှာပြင်သည် နောက်ဆုံးတွင် ပြန်လည် ပျောက်ကွယ်သွားလေသည်။
တတိယနှင့် စတုတ္ထရွေးချယ်မှုများသည် ပြီးမြောက်ရန် လွယ်ကူသော်လည်း ပထမရွေးချယ်မှုသည်လည်း မခက်ခဲပါ။
သူ့ကဲ့သို့ နာမည်ကောင်းရှိသော ဆရာကို မည်သည့်တပည့်က ငြင်းဆန်နိုင်မည်နည်း။
သူသည် ဂိုဏ်းသို့ အသစ်ရောက်ရှိလာသော်လည်း ဝင်ခွင့်အခမ်းအနားတွင် သူ၏ စွမ်းဆောင်ရည်ပြသအပြီးတွင် သူ၏ နာမည်ဂုဏ်သတင်းသည် ဂိုဏ်းတစ်ခုလုံးကို လွှမ်းခြုံထားပြီးဖြစ်လေသည်။
သူသည် မေးရုံတစ်ခုသာ လိုအပ်ပြီး လူတိုင်းက သူ့တပည့် ဖြစ်လာရန် သဘောတူကြလိမ့်မည်ဖြစ်သည်။
ဒါဆို ဒီကလေးမလေးကကော ဘာကိုရွေးမှာလဲ။
အာရန်သည် လှည့်ကြည့်ကာ သူ ကလေးမလေးဟုထင်နေသူအား မျက်နှာချင်းဆိုင်လိုက်လေသည်။
“ဟင် မင်း ဘယ်တုန်းက ဒီကို ရောက်လာတာလဲ”
ရှုယင်သည် သူ့နောက်တွင် ပေါ်လာသည်ကိုပင် သူ သတိမထားမိခဲ့ပါ။
သူမသည် သူ့ကို မျက်နှာချင်းဆိုင်မည့်အစား ထိုကလေးမလေးကို ဘာကြောင့် မျက်နှာချင်းဆိုင်နေရတာလဲ။
“ကျွန်မ... တကယ်တော့ ရှင့်ကို ပြောစရာတစ်ခု ရှိနေတယ်”
“ခဏလောက် စောင့်နိုင်မလား ကိုယ်ကိစ္စလေးတစ်ခုရှိသေးလို့ တကယ် အမြန် ပြီးအောင် လုပ်လိုက်ပ့ါမယ်”
အာရန်သည် ရှုယင်ကို ကျော်ဖြတ်လိုက်ကာ ဇီယာနှင့် မျက်နှာချင်းဆိုင်ဖြစ်သွားစေရန် ဒူးထောက်ထိုင်ချလိုက်သည်။
သူသည် မဟာအကြီးအကဲ ဇီယာကို ရှာဖွေလိုသော်လည်း ပထမဦးစွာ ဤရွေးချယ်မှုကို ပြီးမြောက်စေလိုနေလေသည်။
ရွေးချယ်မှုတစ်ခုကို ပြီးမြောက်ပြီးမှသာ သူသည် အနာဂတ်တွင် အခြား ရွေးချယ်မှုများကို ဆက်လုပ်ပြုလုပ်ရနိုင်မည်ဖြစ်လေသည်။
တစ်ခုကို မြန်မြန်ပြီးအောင် လုပ်လေလေ သူ့အတွက် ပို၍ အကျိုးရှိလေလေဖြစ်သည်။
ယခင် ရွေးချယ်မှု ကို မပြီးမြောက်သောကြောင့် အခြား အခွင့်အရေးများကို လက်လွှတ်အဆုံးအရှုံးမခံလိုပါ။
မဟာအကြီးအကဲ ဇီယာသည် သူမ၏ ဒေါသကို ထိန်းချုပ်လိုက်နိုင်ပြီ ဖြစ်လေသည်။
ရှုယင်သည် သူမကို တည်ငြိမ်သွားရန် များစွာကြိုးစားပြီးမှသာ လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။
“ရင် အခု ဘာလိုချင်တာလဲ”
သူမသည် အာရန်ကို အနည်းငယ်မျှပင် ရိုသေမှု မပြဘဲ မျက်လုံးများကို ဘေးသို့ ကြည့်နေလိုက်လေသည်။
သူမသည် ဟန်ဆောင်ရန်ပင် မကြိုးစားတော့ပါ။
အာရန်သည် အနည်းငယ် အံ့အားသင့်သွားသည်။
ဤကလေးမလေးသည် အမှန်တကယ် မလေးမခန့်ပြုမူနေခြင်းဖြစ်လေသည်။
ပထမတွင် သူမသည် ဂိုဏ်းချုပ်ကို သူမ၏ နာမည်ဖြင့် တိုက်ရိုက်ခေါ်ဆိုနေခဲ့ပြီး ထို့နောက် သူမသည် ဤကဲ့သို့ ထပ်မံပြုမူနေလေသည်။
အာရန်သည် အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ကာ ဆုလာဘ်ကိုသာ အာရုံစိုက်ထားလိုက်လေသည်။
“မင်း သိပြီးတဲ့အတိုင်းပဲ အကိုက ဒီဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ပါ မင်းမှာ သင့်တင့်လျောက်ပတ်တဲ့ အရည်အချင်းအဆင့်တစ်ခုမှာ ရှိနေတယ်ဆိုတာ အကို မြင်နေရတယ် အဲ့ဒါကြောင့်...ဒါဆို မင်း အကို့ ရဲ့ တပည့် ဖြစ်ဖို့ ဆန္ဒလေးများရှိနေမလား”
ဤသည်မှာ ရှုယင်၏ မျက်နှာအမူအရာများ ပျက်ယွင်းသွားရသည့် ဒုတိယအကြိမ်လည်းဖြစ်လေသည်။
သူမသည် မဟာအကြီးအကဲ ဇီယာထက်ပင် သူမ၏ မျက်လုံးရှေ့ရှိမြင်ကွင်းကို မယုံကြည်နိုင်ဖြစ်သွားရလေသည်။
သင့်တင့်လျောက်ပတ်သော အရည်အချင်းအဆင့် ဟုတ်လား။ သူ့တပည့် ဖြစ်လာရမယ် ဟုတ်လား။
ဤစကားလုံးများသည် သူမ၏ စိတ်ထဲတွင် ပဲ့တင်ထပ်နေခဲ့လေသည်။
“ငါ တစ်ခုခုများ နားကြားမှားမိတာလား” ရှုယင်သည် သူမ၏ နားများကို ပွတ်သပ်လိုက်မိသည်။
“မင်း မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားနေတယ်ဆိုတာကို အကိုသိပါတယ် ဒါကြောင့် ထပ်မေးမယ်နော် မင်း အကို့ တပည့် ဖြစ်ပေးနိုင်မလား” အာရန်က ထပ်မေးလိုက်သည်။
ဤတစ်ကြိမ်တွင် ကလေးမလေးသည် ပို၍ ရှင်းရှင်းလင်းလင်း ကြားလိုက်ရလေသည်။
ဤလူသည် သူမကို သူ့အား ဆရာအဖြစ် တင်မြှောက်ရန် အမှန်တကယ်ပင် လိုလား နေခဲ့သည်တဲ့လား။
နေ့တိုင်း အကြီးအကဲ အများအပြားသည် သူမထံသို့ လာရောက်ကာ သူမ၏ အကူအညီအတွက် တောင်းပန်ခယကြရလေသည်။
ဤနေရာတွင် ဂိုဏ်းသို့ ယခုမှ ဝင်ရောက်လာသော ထိုအကြီးအကဲငယ်တစ်ဦးက သူမတွင် ‘သင့်တင့်လျောက်ပတ်သောအဆင့်’ ရှိသည်ဟု လာပြောနေလေသည်။
သူမသည် သူမ၏ သွားများကို ကြိတ်ထားလိုက်သော်လည်း ဤတစ်ကြိမ်တွင်မူ သူမ၏ ဒေါသများကို မထိန်းချုပ်နိုင်တော့ပါ။
“ရှင်ကများ...”
သူမသည် ဒေါသတကြီးဖြင့် အာရန်၏ လည်ချောင်းကို ဆုပ်ကိုင်ရန် လက်ကို ဆန့်တန်းလိုက်သည်။
သို့သော် ရှုယင်သည် အလျင်အမြန်ပင် ရှေ့သို့ရောက်ရှိလာပြီး သူမ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ သူမကို နောက်သို့ တွန်းထုတ်လိုက်လေသည်။
“ဒီတစ်ခါတော့ ငါကောင်စုတ်ရဲ့ ခေါင်းထဲကို ယဉ်ကျေးမှုအချို့ မဖြစ်မနေ ထိုးထည့်ပေးမှရတော့မယ်”
မဟာအကြီးအကဲ ဇီယာသည် ရှုယင်ကို နောက်သို့ တွန်းထုတ်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်အတွင်းမှ အားကောင်းသော အော်ရာတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
“ဟင်” အာရန်သည် အလွန်အံ့အားသင့်သွားခဲ့လေသည်။
ဤကလေးမ၏ အော်ရာသည်ပင် သူ့အား အသက်ရှူကျပ်သကဲ့သို့ ခံစားရစေရန် အလွန်အားကောင်းလွန်းနေခဲ့လေသည်။
တပည့်တစ်ဦးသည် ဤကဲ့သို့ အော်ရာမျိုး ရှိနိုင်မည်မှာ မည်သို့ ဖြစ်နိုင်မည်နည်း။
ဤ အသက်ရှူကျပ်စေသော အော်ရာအချို့ကို သက်သာစေရန် အာရန်သည် သူ၏ ကိုယ်ပိုင် ဓားဧကရာဇ်၏ အော်ရာကိုပင် ထုတ်လွှတ်လိုက်ရလေသည်။
#Catfoot