← Chapters

ရှင်ကျေးဇူးဆပ်ချင်ရင်...

Vol. 9 Ch. 112

ရှင်ကျေးဇူးဆပ်ချင်ရင်...

Vol. 9 Ch. 112

အာရန်သည် သူ အမှားကြီးတစ်ခု လုပ်မိလိုက်ပြီဖြစ်ကြောင် တွေးမိလိုက်လေသည်။

ဤကလေးမလေးဆီမှ ထုတ်ဖော်ပြသသော ခွန်အားသည် သာမန် တပည့်တစ်ဦး ပိုင်ဆိုင်နိုင်သည့် ခွန်အားမျိုး မဟုတ်ပေ။

၎င်းသည် ရှုယင်နှင့်ပင် နှိုင်းယှဉ်နိုင်လေသည်။

ထို့အပြင် ပို၍ပင် အားကောင်းနိုင်သေးလေသည်။

အာရန်သည် နောက်ဆုံးတွင် ပဟေဠိဖြစ်နေသော အပိုင်းအစများ အားလုံးကို ဆက်စပ်မိလိုက်နိုင်ပြီး သူသည် မည်မျှ ကြီးမားသော အရှုပ်ထုတ်ကြီးတစ်ခုကို ဖန်တီးလိုက်မိပြီဖြစ်ကြောင်း သဘောပေါက်လိုက်လေသည်။

‘စာရေးဆရာရေ ခင်ဗျားက ကြောင်တောင်တေင် လိုလီကွန်းတစ်ယောက်လား မဟာအကြီးအကဲတစ်ယောက်က ဘာလို့ဖြစ်လို့ ဒီလိုကလေးပုံစံ ဖြစ်နေရတာလဲ’

‘ပြီးတော့ ဒီစနစ်ရဲ့... သူမကို င့ါတပည့်ဖြစ်စေတဲ့ ရွေးချယ်မှုကကော ဘာကို ဆိုလိုတာလဲ ငါက မဟာအကြီးအကဲတစ်ယောက်ကို ငါ့တပည့် ဘယ်လိုလုပ် ဖြစ်အောင် လုပ်နိုင်မှာလဲ’

အာရန်သည် သူ၏ အတွင်းစိတ်ထဲတွင် အရူးမီး၀ိုင်းကဲ့သို့အော်ဟစ်နေမိလေသည်။

အာရန်သည် နဂိုထင်ထားခဲ့သည်မှာ မဟာအကြီးအကဲ ဇီယာသည် အနည်းဆုံး အရွယ်ရောက်ပြီးသူတစ်ယောက်ပုံမျိုးဟုသာ ထင်မှတ်ထားခဲ့မိလေသည်။

သို့သော် ဤအရာက... သူ၏ ထင်မြင်ယူဆချက်များထက် များစွာကျော်လွန်နေခဲ့လေသည်။

ကံမကောင်းစွာဖြင့် ပြန်နောက်ဆုတ်ရန်မှာ အချိန်လွန်သွားခဲ့ပြီဖြစ်လေသည်။

ဤအခြေအနေတွင် သူသည် ပို၍ ကြောက်ရွံ့စွာ ပြုမူပြလေလေ သူ့အတွက် ပြဿနာများ ပို၍ ဖြစ်စေလေလေဖြစ်လေသည်။

ထို့အပြင် သူ၏ စိတ်ပိုင်းဆိုင်ရာတွေးခေါ် ပုံခံယူချက်အချို့သည် မကြာသေးမီက ခရီးစဉ်အပြီး၌ အတော်လေးပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

အာရန်သည် ဝိဉာဉ်လမ်းလျှောက်သူနှင့် ပင်လယ်နဂါးဘုရင်မကိုပင် ရင်ဆိုင်ခဲ့ရပြီးဖြစ်လေသည်။

အဂ္ဂိရတ်ပညာကိုသာ အထူးပြုသော မဟာအကြီးအကဲသည် ၎င်းသူရင်ဆိုင်ခဲ့ရသော ရန်သူများနှင့် နှိုင်းယှဉ်ကြည့်ပါက ဘာမျှ မဟုတ်တော့ပေ။

သူသည် ထိုပုဂ္ဂုလ်များ၏ လက်အတွင်းမှပင် အသက်ရှင်လျက်လွတ်မြောက်နိုင်ခဲ့လျှင် ဤအခြေအနေကိုလည်း အေးဆေးစွာဖြတ်ကျော်နိုင်ရမည်ဖြစ်လေသည်။

သို့သော် ပြဿနာတစ်ခုမှာ သူ့တွင် အကာအကွယ်လည်ဆွဲ မရှိတော့ခြင်းပင်ဖြစ်လေသည်။

သူသည် ယခုအချိန်တွင် တိုက်ပွဲတစ်ပွဲ ဖော်ဆောင်၍ မသင့်လျော်ပါ။

အာရန်သည် သူ့ကိုယ်သူနှင့် သူ၏ ဖီးနစ်ငှက်ကို ပြန်လည် ကုသပြီးနောက် အကြီးအကဲရန်၏ မှတ်ဉာဏ်အစိတ်အပိုင်းကို ဖွင့်ကြည့်ရန် စဉ်းစားထားခဲ့ခြင်းဖြစ်လေသည်။

သို့သော် လက်ရှိအခြေအနေတွင် သူသည် ကြောက်ရွံ့စွာ ပြုမူနေ၍ မရကြောင်း သိထားလေသည်။

ထို့ကြောင့်အာရန်သည် သူ၏ အော်ရာဖြင့် မဟာအကြီးအကဲ ဇီယာ၏ အော်ရာကို တန်ပြန်တိုက်ခိုက်နေစဉ် သူ၏ ရပ်တည်ချက်ကို ဆက်လက်ထိန်းသိမ်းထား ခဲ့လေသည်။

“ဒီတောင်တစ်ခုလုံး မပျက်စီးသွားစေချင်ရင် မင်းရဲ့ ဒေါသကို ထိန်းချုပ်ဖို့ ငါ အကြံပြုချင်တယ်” အာရန်သည် ဆက်လက်ပြောဆိုလိုက်သည်။

ဤတစ်ကြိမ်တွင်မူ သူသည် ရိုးရှင်းစွာပင် လိမ်ညာနေခြင်း မဟုတ်ခဲ့ပါ။

သူ့တွင် အကာအကွယ်လည်ဆွဲ မရှိတော့သော်လည်း တိုက်ခိုက်မှုများအတွက် အသုံးပြုနိုင်သော အဆိပ်လည်ဆွဲမှာမူ ရှိနေသေးလေသည်။

ပထမတွင် အာရန်ထင်ထားခဲ့သည်မှာ အဆိပ်လည်ဆွဲသည် သူ၏ သွေးကို အဆိပ်အဖြစ်သို့သာ ပြောင်းလဲပေးနိုင်ခြင်းဖြစမည်ဟု ထင်ထားခဲ့ခြင်းဖြစ်လေသည်။

သို့သော် ပင်လယ်နဂါးမင်းသားကို ရင်ဆိုင်ခဲ့ရသောတိုက်ပွဲပြီးသော အခါမှသာ ၎င်းသည် ထို့ထက်များစွာ ပို၍အစွမ်းထက်ကြောင်း သိရှိခဲ့ရလေသည်။

၎င်းသည် ဓားဧကရာဇ်၏ အော်ရာနှင့် အံ့သြဖွယ် ပေါင်းစပ်မှုတစ်ခုကို ဖန်တီးပေးနိုင်လေသည်။

သူသည် ထိုမျှနှင့်မလုံလောက်သေးပါက ပင်လယ်နဂါးမင်းသားကို သတ်ခဲ့သော တိုက်ခိုက်မှုအကွက်ကို ပြန်လည် အသုံးပြုနိုင်သေးလေသည်။

သူသည် ဤအမျိုးသမီးကို မသတ်နိုင်လျှင်ပင် သူမကို များစွာ ဒဏ်ရာရသွားအောင်မူ လုပ်ဆောင်နိုင်သေးလေသည်။

ထို့ကြောင့် သူသည် ယခင်ကကဲ့သို့လုံးဝ အကူအညီမဲ့နေခြင်းမျိုးတော့ မဟုတ်တော့ပါ။

“နင်သာ သူ့ကို ဒဏ်ရာရအောင် ကြိုးစားရင် ငါနဲ့လည်း တိုက်ခိုက်ရလိမ့်မယ်”

ရှုယင်သည်လည်း အာရန်၏ ဘေးတွင် ဝင်ရပ်လိုက်သည်။

သူမသည်လည်း မဟာအကြီးအကဲ ဇီယာနှင့် တူညီသော အဆင့်အတန်းတွင် ရှိနေလေသည်။

သို့သော် သူတို့နှစ်ဦးလုံး၏ စွမ်းအားသည် တိုက်ရိုက်တိုက်ခိုက်ခြင်းများအတွက် အထူးပြုခြင်းများ မဟုတ်သောကြောင့် နှိုင်းယှဉ်၍ရနိုင်လေသည်။

တိုက်ပွဲဖြစ်လာလျှင် အာရန်တွင် အားသာချက် ပိုရှိလေသည်။

မဟာအကြီးအကဲ ဇီယာသည်လည်း ၎င်းကို သဘောပေါက်သွားခဲ့သည်။

“ငါ့တောင်ကနေ ခုချက်ခြင်းထွက်သွားကြ နောက်ကို ဘယ်တော့မှ ထပ်ခြေချဖို့မစဥ့်စားနဲ့”

ဇီယာသည် ဒေါသအလွန်ထွက်နေခဲ့သော်လည်း ဤအခြေအနေ၏ အမှန်တရားကိုလည်း နားလည်ထားလေသည်။

မည်သို့ပင်ဖြစ်စေ သူမသည် အာရန်ကို သတ်နိုင်မည်မဟုတ်ပါ။

သူသည် သူမကို စိတ်အနှောင့်အယှက်ပေးခဲ့ခြင်းဖြစ်နေလျှင်ပင် သူသည် ဤဂိုဏ်း၏ အကြီးအကဲတစ်ဦး ဖြစ်နေဆဲပင်ဖြစ်သည်။

တိုက်ခိုက်ရန်ရွေးချယ်ခြင်းသည်လည်း ကောင်းမွန်သောရွေးချယ်မှုမဟုတ်ပါ။

အကြောင်းမှာ ဤသည်မှာ သူမ၏ တောင်ဖြစ်နေသောကြောင့်လည်း ဖြစ်သည်။

အဂ္ဂိရတ်ခန်းမနှင့် သားရဲခန်းမတို့သည်လည်း ဤတောင်ပေါ်တွင်တည်ရှိလေသည်။

အကယ်၍ မဟာအကြီးအကဲ နှစ်ဦးသာ ဤနေရာတွင် အတူတကွတိုက်ခိုက်ကြမည်ဆိုပါက ခန်းမနှစ်ခုအတွက် ကပ်ဘေးတစ်ခုကိုသာ ဆောင်ကျဉ်းပေးလိမ့်မည်ဖြစ်လေသည်။

အခန့်မသင့်ပါက တောင်တစ်ခုလုံးပင် ပျက်စီးသွားနိုင်ပြီး ၎င်းသည် သူမအတွက် ပို၍ ကြီးမားသော ဆုံးရှုံးမှုကိုဖြစ်စေမည်ဖြစ်သည်။

“ဒီနေ့ကစပြီး မင်းတို့နှစ်ယောက်လုံးကို အဂ္ဂိရတ်ခန်းမနဲ့ သားရဲခန်းမကို ဝင်ခွင့် တားမြစ်လိုက်တယ်”

သူမသည် သူမ၏ အော်ရာကို ပြန်ရုပ်သိမ်းလိုက်ကာ သူတို့နှစ်ဦးအား ကျော်ဖြတ်၍ ထွက်သွားခဲ့သည်။

“အကယ်၍ အနာဂါတ်မှာ မင်းတို့နှစ်ယောက်ထဲက တစ်ယောက်ယောက်ကို ဒီတောင်ပေါ်မှာ ထပ်မြင်ရမယ်ဆိုရင် ငါကိုယ်တိုင် ဂိုဏ်းချုပ်ကို တိုင်ကြားရလိမ့်မယ် သူမကတောင် ဘာမှလုပ်မပေးဘူးဆိုရင်တော့ ငါ ဒီဂိုဏ်းကနေ ထာဝရ ထွက်ခွာသွားတော့မယ်”

မဟာအကြီးအကဲဇီယာသည် သူမ၏ အိမ်အတွင်းသို့ ပြန်ဝင်ပြီးနောက် တံခါးကို ပြင်းထန်စွာ ဆောင့်ပိတ်လိုက်သည်။

တံခါးပိတ်သံသည် နေရာတစ်ခုလုံးတွင် ပဲ့တင်ထပ်ကာ တင်းမာသော တိတ်ဆိတ်မှုတစ်ခုကို ချန်ထားခဲ့လေသည်။

အာရန်သည်လည်း သူ့အော်ရာကို ပြန်ရုပ်သိမ်းလိုက်သည်။

ထိုရွေးချယ်မှုများကို မြင်စဉ်က သူ၏ ခေါင်းကိုက်မှုအပြင် ယခု အကြိမ် ခေါင်းကိုက်ခြင်းမှာ ပို၍ပင် ဆိုးရွားနေခဲ့လေသည်။

အာရန်သည် နောက်ထပ်ဘာဆက်လုပ်ရမည်ကိုပင် မသိတော့ဘဲ သူ၏ နဖူးကို သာ တိတ်တဆိတ်ပြန် ပွတ်နေမိလေသည်။

သားရဲခန်းမ သို့မဟုတ် ဇီယာ၏ အကူအညီမပါဘဲနှင့် အာရန်သည် သူ၏ ဖီးနစ်ငှက်သည် သက်သာအောင်မကုသနိုင်ပါ။

သူသည် သူမကို စနစ်သိုလှောင်ခန်းအတွင်း ၌သာ ထပ်မံထားရှိရဦးမည်ဖြစ်လေသည်။

ပို၍ဆိုးသည်မှာ သူ၏ စနစ်သည် ရပ်တန့်သွားပြီဖြစ်လေသည်။

ယခု သူ့တွင် ရွေးချယ်မှုတစ်ခုကို ရွေးချယ်ပြီးပြီဖြစ်သောကြောင့် ယခု အခြား ရွေးချယ်စရာ မရှိတော့ပါ။

သူသည် ရွေးချယ်ထားသော ရွေးချယ်မှုကို ပြီးမြောက်အောင်မြင်သည်အထိ အခြား ရွေးချယ်စရာများကို ထပ်မံမရနိုင်တော့ပါ။

သူသည် အဝေးမှ တံခါးကိုသာ စိုက်ကြည့်နေမိလေသည်။

သူသည် ၎င်းအကြောင်းကို ပို၍ စဉ်းစားလေလေ ပို၍ စိတ်ပျက်လေလေ ဖြစ်သည်။

“အဲဒီ အမျိုးသမီးက ဖော်ပြထားတဲ့အတိုင်းပဲ... တကယ်ကလေးဆန်တဲ့ စုန်းမပဲ” သူသည် တိုးတိုးလေး ရေရွတ်လိုက်သည်။

“ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ငါက အဲဒီ စုန်းမကို ငါ့တပည့် ဖြစ်အောင် လုပ်မှရတော့မယ်”

သူသည် သူ့ကိုယ်သူ ကတိတစ်ခု ပေးလိုက်သည်။

လက်ရှိတွင် သူသည် ဤကတိကို မည်သို့ ဖြည့်ဆည်းရမည်ကို မသိသော်လည်း သူသည် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်လေသည်။

ကမ္ဘာကြီး ပြောင်းပြန်ဖြစ်သွားလျှင်ပင် သူသည် သူ့ကိုယ်သူ ပေးထားသော ဤကတိကို ပြီးမြောက်အောင် လုပ်ဆောင်မည်သာဖြစ်လေသည်။

သူသည် ဇီယာ၏ ခြံဝင်းကို ကျောခိုင်းကာ ရှုယင်အား ပြန်ပြောလိုက်လေသည်။

“ကိုယ့်ကို အိမ် ပြန်ပို့ပေးနိုင်မလား”

ရှုယင်သည် တိတ်ဆိတ်စွာပင် ခေါင်းညိတ်လိုက်သည်။

သူမသည် သူ၏ ခါးကို လက်ဖြင့်ပွေ့လိုက်ကာ သူ၏ မူလတောင်ရှိရာဆီသို့ ပြန်လည် ပျံသန်းသွားလိုက်သည်။

အာရန်သည် အားနည်းနေပြီး လုံးဝ မသက်သာသေးပါ။

သူသည် အားမနည်းနေလျှင်ပင် မပျံသန်းနိုင်ကြောင်းကိုမူ သူမ သည်သိမနေခဲ့သော်လည်း သူ့ကို ပျံသန်းရန် အတွက်ကူညီပေးခဲ့လေသည်။

သူမသည် အာရန်အား သူ၏တောင်ဆီသို့ ပြန်ခေါ်သွားခဲ့လေသည်။

သူမသည် အိမ်ထဲသို့ အတူလုက်ဝင်တော့မည့်အချိန်တွင် အာရန်က သူမအား တားဆီးလိုက်လေသည်။

“ကိုယ် နည်းနည်းလောက် ဆက်ကျင့်ကြံချင်တယ်ဒါ့ကြောင့် မင်းခဏလောက်.....”

ရှုယင်သည် ပထမတွင် အံ့အားသင့်သွားသော်လည်း သူမသည် ချက်ချင်း နားလည်သွားခဲ့လေသည်။

“အာ ဟုတ်သားပဲ ရှင့်အိမ်ပတ်ပတ်လည်မှာ ဘယ်သူမှ လာမနှောင့်ယှက်နိုင်အောင် အတွင်းမှာ ဘာဖြစ်နေလဲဆိုတာကို ဘယ်သူမှ မသိနိုင်အောင် အကာအကွယ်လွှာတစ်ခုကို ကျွန်မ ဖန်တီးပေးထားခဲ့မယ်”

သူမသည် သူမ၏ သိုလှောင်လက်စွပ်ထဲမှ အသေးစား ကျောက်တုံးလေးတစ်ခုကို ထုတ်ယူကာ အာရန်အား ပေးလိုက်သည်။

“ဒါက...”

“ဒါက နေရာချဲ့ထွင်သလင်းကျောက် ပဲ ရှင့်အိမ်ထဲက နေရာကို ပိုပြီး ချဲ့ထွင်ပေးနိုင်လို့ ရှင်က အိမ်ထဲမှာ ပိုကြီးတဲ့အရာတွေကို ထားနိုင်မှာဖြစ်တယ်”

အာရန်သည် မပြုံးပဲမနေနေနိုင်တော့ပါ။

ရှုယင်သည် သူ၏လိုအပ်ချက်အား ကောင်းစွာ နားလည်ခဲ့လေသည်။

သူမသည် သူဘာလုပ်ချင်သည်ကို အတိအကျ မသိသော်လည်း သူဘာလိုအပ်နိုင်သည်ကိုမူ နားလည်လေသည်။

“ရှင်က ကျွန်မကို ကျေးဇူးတင်နေတယ်ဆိုရင် နောက်တစ်ခါ ထပ်ချိန်းတွေ့ဖို့ မမေ့နဲ့ ဒီတစ်ခါကလည်း ပျော်စရာကောင်းခဲ့ပါတယ်” ရှုယင်သည် ပြန်လည်ထွက်ခွာသွားစဉ် သူမ၏ ချိုမြိန်သော အသံလေးတစ်ခုသည် အာရန်၏ နားအတွင်းသို့ သက်ရောက်ကျန်နေခဲ့လေသည်။

“ခုတော့ ရှင့်ရဲ့ ဖီးနစ်ငှက်ကို ကူညီဖို့ အခြားနည်းလမ်းတစ်ခုကို ရှာဖွေဖို့ ကျွန်မ ကြိုးစားကြည့်လိုက်ဦးမယ်”

သူမ၏ ပုံရိပ်သည် မကြာမီ တဖြည်းဖြည်းဝေးကွာသွား၍ နောက်ဆုံးတွင် ပျောက်ကွယ်သွားခဲ့လေသည်။

အာရန်သည် ခဏတာမျှ ရပ်ကြည့်နေမိပြီးနောက် တံခါးကို ပြန်ပိတ်လိုက်လေသည်။

ယခုသည် သူ့အတွက် မှတ်ဉာဏ်အပိုင်းအစကို အသုံးပြုရန် အချိန်တန်ပြီဖြစ်လေသည်။

(စာရေးသူမှတ်ချက်။ ။ လိုလီကွန်း (Lolicon) ဆိုတာ ငယ်ရွယ်တဲ့သူတွေကိုစွဲလန်းတဲ့ စိတ်ရှိသူတွေကိုခေါ်တာပါ ဂျပန် anime တွေ manga တွေမှာအသုံးများပါတယ်)

#Catfoot

All Chapters