မကြည့်ရသေးသောဆုလာဘ်များ
Vol. 9 Ch. 113
အာရန်သည် တံခါးကို ပိတ်လိုက်ပြီး အခန်း၏ အလယ်ဘက်သို့ လျှောက်သွားလိုက်သည်။
သူသည် ရှုယင် ပေးထားခဲ့သော သလင်းကျောက်လေးကို ကြမ်းပြင်ပေါ်တွင် ချထားလိုက်သည်။
အာရန်သည် ထိုနေရာချဲ့ထွင်သလင်းကျောက်ပေါ်သို့ ခြေထောက်ဖြင့်နင်းချေ၍ ကြေမွသွားစေလိုက်သည်။
ထို့နောက် သလင်းကျောက်သည် အခန်းထဲတွင် အမှုန်လေးအများအဖြစ် ပျံ့နှံ့သွားခဲ့လေသည်။
အာရန်သည် သူ၏ခေါင်းမှာအနည်းငယ်ချာချာလည်သွားသည်ဟု ခံစားလိုက်ရပြီး သူ၏ အာရုံခံစားမှုများမှာလည်း ပြောင်းလဲလာခဲ့သည်။
ဤအခန်းအတွင်းရှိ နေရာများတွင် သူ၏ အိပ်ရာသည် အိမ်နံရံများနှင့်အတူ သူ့ထံမှ ပို၍ ဝေးကွာသွားသည်ဟုခံစားလိုက်ရပြီး အရာရာသည်တဖြည်းဖြည်း ပြောင်းလဲသွားပုံရလေသည်။
သူ နဂိုသိရှိထားသော အမှန်တရားများသည် သူ၏ မျက်လုံးရှေ့တွင်ပင် ပြောင်းလဲသွားပုံရပြီး အလွန် စိတ်ဝင်စားစရာမြင်ကွင်းတစ်ခုကိုဖြစ်ပေါ်စေခဲ့လေသည်။
ဤကဲ့သို့သော ရတနာပစ္စည်းမျိုးသည် အလွန်အသုံးဝင်သော အရာတစ်ခုဖြစ်သော်လည်း သူသည် ၎င်းကဲ့သို့ပစ္စည်းမျိုး တည်ရှိသည်ကိုပင် သိရှိထာားဖူးခြင်းမရှိခဲ့ပါ။
ဤအသေးစား သလင်းကျောက်ကလေး သည် မည်မျှ ဈေးကြီးမည်ဆိုသည်ကိုပင် သူ စိတ်ကူကြည့်၍ ရနိုင်လေသည်။
၎င်းသည် တစ်ကြိမ်သာ အသုံးပြုနိုင်သော ရတနာပစ္စည်းတစ်ခုဖြစ်ပြီး သူ၏ ချဲ့ထွင်ထားသော နေရာတစ်ခုကို အခြားနေရာများသို့ ပြောင်းရွှေ့ယူဆောင်သွား၍ မရနိုင်ပါ။
ဤနေရာသည် သူ၏ အခန်းတွင်သာ ထာဝရ တည်ရှိနေတော့မည်ဖြစ်လေသည်။
“သူမအပေါ်ကို ငါ အကြွေးအများကြီး တင်သွားပြီပဲ အခုအချိန်ထိ သူမဆီက အကူအညီတွေကိုပဲ ဆက်တိုက်ယူနေမိတယ် သူမကိုဘာမှပြန်မကူညီနိုင်သေးဘူး ဒါကြောင့် ငါက သူမကို အကူအညီပေးနိုင်တဲ့အထိ ပိုမိုအားကောင်းလာဖို့ မြန်မြန်လိုအပ်နေတယ်...”
အာရန်သည် ကြမ်းပြင်မှ ပျောက်ကွယ်သွားသော သလင်းကျောက် အမှုန်အမွှားလေးများကို ကြည့်ရင်း ရေရွတ်လိုက်မိသည်။
မိနစ်အနည်းငယ်ကြာပြီးနောက် ဟင်းလင်းပြင်တည်နေရာ ပုံစံပျက်ယွင်းခြင်းများသည် ရပ်တန့်သွားခဲ့လေသည်။
သူ၏ အခန်းအတွင်းရှိ တည်နေရာသည် ပင်လယ်နဂါး၏ ခန္ဓာကိုယ်တစ်ခုလုံးကို ထည့်ထားရန်ပင် လုံလောက်အောင်အထိ အဆများစွာ ပိုမို၍ ကြီးမားလာခဲ့လေသည်။
“ဆီလက်စ်ကလေးရေ င့ါအတွက် အပြင်ကို စောင့်ကြည့်ပေးထားနိုင်မလား ရှုယင်ရဲ့ အကာအကွယ်ကို ဘယ်သူမှ ဖျက်ဆီးနိုင်မှာ မဟုတ်ပေမယ့် ဂိုဏ်းချုပ် လိုမျိုး လူတွေကတော့ဒီထဲမှာ ချွင်းချက်အနေနဲ့ မပါနိုင်ဘူး”
“အဲဒီ အမျိုးသမီးသာ ဒီနေရာကို လာနေတာကို မြင်ရင် ငါ့ကို သတိပေးပါ”
ဆီလက်စ်သည် ပြတင်းပေါက်ဆီသို့ ပျံသန်းသွားပြီး အပြင်ဘက်သို့ စောင့်ကြည့်ရင်း ထိုနေရာတွင် ထိုင်နေခဲ့လေသည်။
ချောက်ကမ်းပါး၏ အလယ်တွင် အိမ်ဆောက်ထားခြင်း၏ အားသာချက်မှာ ထိုအရာပင်ဖြစ်သည်။
သူတို့သည် ဦးတည်ရာ တစ်ခုတည်းကိုသာ ကာကွယ်ရန် လိုအပ်နေခဲ့လေသည်။
ဆီလက်စ်ကို အစောင့်အဖြစ်ထားခြင်းဖြင့် အာရန်သည် များစွာ စိတ်သက်သာရာရသွားခဲ့လေသည်။
သူသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ကာ ပင်လယ်နဂါး၏ အလောင်းနှင့် မှတ်ဉာဏ်အပိုင်းအစ ကို ထုတ်ယူရန် သူ၏ စနစ်သိုလှောင်ခန်းကို ဖွင့်လိုက်လေသည်။
“ဟင် ဟုတ်တယ် ရိပ်သိမ်းထားတဲ့ဆုလာဘ်တွေကို မစစ်ကြည့်ရသေးတာတောင် အတော်ကြာနေပြီပဲ”
သူသည် စနစ်သိုလှောင်ခန်းကို ဖွင့်ကြည့်လိုက်သောအခါ သူ ယခင်က တစ်ခါမျှ မမြင်ဖူးခဲ့သော အရာများဖြင့် ပြည့်နှက်နေကြောင်း သတိပြုမိလိုက်သည်။
ဤအသစ်ထည့်သွင်းမှု အများစုသည် သူ ယခင်က ရရှိခဲ့သော ဆုလာဘ်များပင်ဖြစ်လေသည်။
“ဒါက... ငါ့ရဲ့ နောက်ဆုံး ရထားတဲ့ ဆုလာဘ်လား”
အာရန်သည် နောက်ဆုံး ရထားသော ဆုလာဘ်ကို ကြည့်ရင်း အနည်းငယ် ပြုံးလိုက်မိသည်။
သူ၏ ယခင်ရွေးချယ်မှုတွင် ကမ္ဘာမြေမှ အံ့အားသင့်ဖွယ်လက်ဆောင် ဆိုသည့်အရာကို ရရှိခဲ့ကြောင်းကို မှတ်မိလိုက်သည်။
သို့သော် ဤကဲ့သို့သော အရာတစ်ခု ဖြစ်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပါ။
“ဒါနဲ့ အဲဒီအရာကို ငါက ဘယ်လို သုံးရမှာလဲ”
သူသည် ထိုသေးငယ်သော စနစ်သိုလှောင်ကွက်အတွင်းရှိ ၎င်း၏ ပုံစံကို ကြည့်နေမိရင်း စိတ်ရှုပ်
ထွေးသွားသဖြင့် သူ၏ ခေါင်းကို ပြန်ကုတ်လိုက်မိလေသည်။
သူသည် စနစ်မျက်နှာပြင်ကို ထိလိုက်ပြီး ထိုအံ့အားသင့်ဖွယ် ဆုလာဘ်ဆိုသည့် အရာကို ထုတ်ယူလိုက်သည်။
ပစ္စည်းတစ်ခုသည် သူ၏ လက်ထဲတွင် ရုပ်လုံးပေါ်လာခဲ့လေသည်။
“ခွဲခြားသတ်မှတ်ခြင်း”
၎င်းတွင် မည်သည့် ပြောင်းလဲမှုများ ရှိမရှိ သို့မဟုတ် ကမ္ဘာပေါ်တွင် ရရှိနိုင်သည့် မည်သည့်အရာနှင့်များ တူညီမှုရှိနိုင်မည်နည်းဆိုသည့်ကို သိရှိနိုင်ရန်အတွက် သူသည် ထိုပစ္စည်းပေါ်တွင် သူ၏ ခွဲခြားသတ်မှတ်ခြင်းစွမ်းရည်ကို အသုံးပြုလိုက်သည်။
[ပစ္စည်းအမည်: မာနာစုဆောင်ခြင်းကိရိယာ]
[အမျိုးအစား: မာနာ လက်နက်]
[ဖော်ပြချက်: ကျည်ဆံများ ဖန်တီးကာ ပစ်ခတ်ရန်အတွက် မာနာများကို စုစည်းပေးသော ပြုပြင်ထားသည့် လက်နက်ဖြစ်သည်၊ ထွက်ရှိလာမည့် ထိုကျည်ဆံ၏ ပြင်းအားသည် မာနာ၏ သန့်စင်မှုနှင့် ဖိနှိပ်ထားနိုင်မှုပေါ်တွင် မူတည်သည်]
[သတိပေးချက်: အသုံးပြုသူနှင့်အတူ ကြီးထွားလာနိုင်သည်]
“မာနာလက်နက် ဆိုပါလား ဒါက သေနတ်တစ်လက်နဲ့ တူမနေဘူးလား စနစ်က ငါ့အရင် ကမ္ဘာက သေနတ်တစ်လက်ကို ဒီကမ္ဘာက ဥပဒေသတွေနဲ့ပြင်ဆင်ပြီး ပို့ပေးလိုက်တာလား ဘာပဲဖြစ်ဖြစ် ဘာမှမရှိတာထက်စာရင် ရှိတာက အများကြီးပိုကောင်းပါတယ် အနည်းဆုံးတော့ အသုံးပြုခွင့် အကန့်အသတ်ရှိတဲ့ ဟိုလည်ဆွဲ ပစ္စည်းတွေလို မဟုတ်ဘူး”
သူ့၌ရှိသည့် မာနာ အဆင့်မှာ မြင့်မားနေသော်လည်း ယခင်ကထိုမာနာစွမ်းရည်ကို အသုံးပြုနိုင်သော မည်သည့်အရာမှ သူ့တွင်မရှိခဲ့ပါ။
မာနာဆိုသည်မှာ မြောက်ပိုင်းတိုက်ကြီးတွင် အဓိကအသုံးပြုသော အဆင့်သတ်မှတ်ချက်တစ်ခုလည်းဖြစ်လေသည်။
၎င်းသည် နီခရိုမန်ဆာမျှော်စင်အတွင်းတွင် ကျင့်ကြံခြင်းအဆင့်မျာကဲ့သို့ပင် အသုံးဝင်သည့်အရာတစ်ခုဟုလည်း ဆိုကြလေသည်။
အကြောင်းမှာ ၎င်းသည် ၎င်းတို့၏ ဂါထာမန္တာန်များအားလုံးကို အားဖြည့်ပေးနိုင်သောစွမ်းအင် တစ်ခု ဖြစ်သောကြောင့်လည်း ဖြစ်လေသည်။
ယခင်က ၎င်းသည် အာရန်အတွက် အလဟဿဖြစ်နေသော အရာတစ်ခုသာဖြစ်ခဲ့သော်လည်း ယခုတွင်မူ သူ့တွင် ၎င်းကို အသုံးပြုရန် အရာတစ်ခုရှိနေပြီ ဖြစ်လေသည်။
“ဒီအရာရဲ့ ခွန်အားက ရှုယင်ရဲ့ အကာအကွယ်လွှာကို ထိုးဖောက်နိုင်မဆိုတာ စစ်ဆေးကြည့်ရမယ် ဒါပေမယ့် ဒါအပေါ်ကို မျှော်လင့်ချက် အရမ်းကြီးထားလို့တော့ မရသေးဘူး”
အာရန်သည် ထိုသေနတ်နှင့်တူသောအရာကို အများမြင်ကွင်းမှ လုံခြုံစွာ ဖုံးကွယ်ထားနိုင်ရန် သူ၏ ဘောင်းဘီခါးကြားတစ်နေရာတွင် လျှို့ဝှက်စွာ သိမ်းထားလိုက်လေသည်။
သူသည် ယခင်က သေနတ်ကို အသုံးပြုဖူးခြင်း မရှိခဲ့သော်လည်း ရုပ်ရှင်ကားများအတွင်းရှိ ဇာတ်ဆောင်များသည် သေနတ်ကို စတိုင်ကျကျ ထားရှိကြသည်ကို မြင်တွေ့အားကျခဲ့ရဘူးလေသည်။
“ဒါကြီးက နဲနဲအေးတယ်လို့ ခံစားရတယ် ယောက်ျားတွေ သေနတ်ကို နှစ်သက်ကြတာ အံ့သြစရာ မရှိတော့ဘူး”
“နောက်တစ်ခုက... နဂါးမင်းသားကို သတ်ခဲ့တဲ့အတွက် ဆုလာဘ် ဖြစ်သင့်တယ်”
သူသည် ကြိုးမျှင်တစ်လိပ်နှင့် ပို၍တူနေသော အခြားပစ္စည်းတစ်ခုကိုထပ်မံ ထုတ်ယူလိုက်လေသည်။
“ ခွဲခြားသတ်မှတ်ခြင်း “
[အမည်: မင်္ဂလာနှောင်ကြိုး]
[အဆင့်: အထူးစပါယ်ရှယ်]
[ဖော်ပြချက်: တစ်စုံတစ်ယောက်၏ အသက်ကို သင်၏ အသက်နှင့် ချည်နှောင်ပေးသော ကြိုးတစ်ချောင်းဖြစ်သည်၊ သင်နှင့် ချိတ်ဆက်ထားသောသူသည် မည်သည့်နည်းနှင့်မျှ သင့်ကို ထိခိုက်နာကျင်အောင် မပြုလုပ်နိုင်ပါ၊ လုပ်မိခဲ့ပါက ၎င်းတို့သည် ထိုနာကျင်မှု၏ ဆယ်ဆတိတိကို ပြန်လည်သက်ရောက်ခံစားရမည် ဖြစ်လေသည်]
[မင်္ဂလာနှောင်ကြိုးကို အသုံးပြုနိုင်ရန်အတွက် ပစ်မှတ်သည် သင့်ထံမှ ပေတစ်ရာအတွင်း၌ ရှိရမည်ဖြစ်ပြီး ထိုကြိုးကို ပစ်လွှတ်စဉ်တွင် ထိုပစ်လွှတ်မည့်သူ၏ အကြောင်းကို သင်သည် တွေးတောနေရမည်ဖြစ်သည်]
[ချိတ်ဆက်ပြီးသည်နှင့် ထိုမင်္ဂလာနှောင်ကြိုးသည် လုံး၀ ပျောက်ကွယ်သွားမည်ဖြစ် သော်လည်း အကျိုးသက်ရောက်မှုများမှာ ကျန်ရှိနေမည်ဖြစ်သည်]
[ထိုမင်္ဂလာနှောင်ကြိုးနှင့်ချိတ်ဆက်ပြီးသည်နှင့် ပစ်မှတ် သေဆုံးသည်အထိ ထိုနှောင်ကြိုးကို ဖယ်ရှား၍ မရနိုင်တော့ပါ]
“ဒါက အတော်လေး အသုံးဝင်ပုံရတယ် ဒါနဲ့ဆို ငါက ပင်လယ်နဂါးဘုရင်မအပေါ်ကိုသာ အသုံးပြုခဲ့ရင် ထွက်ပြေးစရာ မလိုတော့ဘူးဟုတ်တယ်မလား ဒါပေမယ့် ခဏနေပါဦး သူမက ငါ့ကို တိုက်ရိုက် ဒဏ်ရာရအောင်မလုပ်နိုင်ရင်တောင် တခြားသူတွေကို ခိုင်းစေပြီး ငါ့ကို တိုက်ခိုက်စေရင် ဘယ်လိုလုပ်မလဲ ဤပစ္စည်းရဲ့ အကန့်အသတ်က ဘယ်လောက်လဲဆိုတာကို ငါ မသေချာနေဘူး”
“လောလောဆယ် သိမ်းထားပြီး နောက်မှ သေခြာစဉ်းစားဖို့ လိုမယ် ငါထင်တာသာမှန်ရင် ဒါက ငါ့အတွက် အထောက်အကူအပြုနိုင်ဆုံးအရာတစ်ခု တောင် ဖြစ်လာနိုင်လိမ့်မယ်”
သူသည် ထို မင်္ဂလာနှောင်ကြိုး ဆိုသည့်အရာလေးကို သူ၏ စနစ်သိုလှောင်ခန်းအတွင်းသို့ပြန်လည် ဂရုတစိုက် သိမ်းဆည်းထားလိုက်ပြီး ထိုနေရာတွင် သိမ်းဆည်းထားသော တတိယအရာတစ်ခုကို ထပ်မံ ထုတ်ယူကြည့်လိုက်သည်။
…………………..
အခန်းထဲတွင် ပင်လယ်နဂါးမင်းသား၏ အသက်မဲ့ ခန္ဓာကိုယ်တစ်ခု ပေါ်လာလေသည်။ ချဲ့ထွင်ထားသော နေရာလွတ်များနှင့်ပင် နေရာအများစုသည် ထိုနဂါး၏ အလောင်းနှင့် ပြည့်နှက်သွားလေသည်။
အာရန်သည် အခန်းအတွင်းရှိ ထိုအလောင်းကို ကြည့်ရင်း အလွန် လက်တွေ့မဆန်သကဲ့သို့ ခံစားနေရသည်။
ဤအရာသည် သူကြုံတွေ့ခဲ့ရသော အရာအားလုံးသည် အမှန်တကယ်ခဲ့ဖြစ်ကြောင်း သက်သေလည်းဖြစ်လေသည်။
“နဂါးရဲ့ သွေးမျိုးဆက်... မင်းက ငါ့ကို ဆုလာဘ် ဘယ်လောက်ပေးနိုင်မလဲ ကြည့်ရသေးပေါ့ မင်းကြောင့် ငါက နဂါးဘုရင်မကိုတောင် ငါ့ရန်သူ ဖြစ်အောင် လုပ်ခဲ့ရတာ ဒါကြောင့် မင်းက ငါ့ကို စိတ်ပျက်အောင် မလုပ်ဘူးလို့ မျှော်လင့်ပါတယ် ချစ်လှစွာသော နဂါးလေးရေ”
အာရန်သည် ဓားမြှောင်တစ်လက်ကို ထုတ်ယူကာ ပင်လယ်နဂါး၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရန် အပေါက်တစ်ခုကို ဖောက်လုပ်ရန် စတင်လိုက်သည်။
မှတ်ဉာဏ်အပိုင်းအစကို အသုံးမပြုမီတွင် သူသည် တတ်နိုင်သမျှ များများ အားကောင်းလိုနေခဲ့လေသည်။
ပင်လယ်နဂါးဆီမှ သွေးမျိုးဆက်အသစ်တစ်ခုထပ်မံ ရရှိခြင်းသည် သူ၏တာဝန် နောက်ဆုံးအဆင့်လည်းဖြစ်လေသည်။
“ပျံသန်းနိုင်တဲ့ စွမ်းရည် ဒါမှမဟုတ် အသွင်ပြောင်းလဲနိုင်တဲ့ စွမ်းရည်... တစ်ခုခုကိုရရှိဖို့ တကယ် မျှော်လင့်ပါတယ်”
ပင်လယ်နဂါးမင်းသား၏ ကိုယ်တွင် အပေါက်တစ်ခုဖြစ်အောင် ဖန်တီးယူပြီးနောက် တွင် အာရန်သည် ထိုနဂါး၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ကာ သူ၏ ပင်လယ်နဂါးနှလုံးသားဆီသို့ လမ်းကြောင်းကို စတင်လိုက်လေသည်။
(စာရေးသူမှတ်ချက်။ ။ Bloodline ဆိုတဲ့စကားလုံးကို ယခင်က “မျိုးဆက်သွေး” လို့ သာသာပြန်သုံးနှုန်းထားခဲ့ရာကနေ နောက်အပိုင်းတွေမှာ “သွေးမျိုးဆက်” ဟုသာ ပြန်ပြောင်းသုံးနှုန်းသွားပါ့မယ်)
#Catfoot