← Chapters

သူက ဘာလို့ ဒီမှာ ရှိနေရတာလဲ

Vol. 9 Ch. 115

သူက ဘာလို့ ဒီမှာ ရှိနေရတာလဲ

Vol. 9 Ch. 115

....

‘ဟင် ငါ ဘယ်ရောက်နေတာလဲ’

အာရန်သည် တစ်စုံတစ်ယောက်၏ ပခုံးပေါ်တွင် တည်ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။

သူ့ကို သယ်ဆောင်ထားသောသူသည် တစ်စုံတစ်ရာဆီမှ ထွက်ပြေးနေပုံရပြီး အသက်ရှူသံပြင်းထန်နေပုံကို ကြည့်ခြင်းဖြင့် ထိုသူ၏ ပင်ပန်းနွမ်းနယ်မှုများကို ထင်ရှားစွာ မြင်နိုင်လေသည်။

အာရန် သည် သူ၏ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး သူ၏ အမြင်အာရုံများသည် အနည်းငယ် ဝေဝါးလျက်ရှိနေသေးကြောင်းကို သတိပြုမိလိုက်သည်။

သူသည် ထိုလူ၏ ပခုံးပေါ်မှနေ၍သာ မြင်နိုင်နေခြင်းဖြစ်ပြီး သူရောက်ရှိနေသည့် ပတ်ဝန်းကျင်ကို တစ်ချက် သတိပြုမိလိုက်သည်။

ကောင်းကင်သည် ညသန်းခေါင်ယံတွင် ရောက်ရှိနေသကဲ့သို့ မှောင်မိုက်နေလေသည်။

ထိုကောင်းကင်တွင် သွေးနီရောင်လွှမ်းနေသော လတစ်စင်းကိုသာ မြင်တွေ့နိုင်ပြီး ခြောက်ကပ်နေသော ဖုန်းဆိုးမြေကဲ့သို့ ပတ်ဝန်းကျင်တွင် ၎င်း၏ နီမြန်းနေသောလရောင်ဖြင့်သာ နေရာတစ်ခုလုံးကိုလွှမ်းခြုံထားလေသည်။

အာရန်သည် သူ၏ အရေပြားပေါ်တွင် အေးစက်စက် ညလေညှင်းတစ်ခု တိုက်ခတ်သွားသည်ကို ခံစားလိုက်ရသည်။

ထို့နောက် တစ်စုံတစ်ခု မေးရန်အတွက် သူ၏နှုတ်ခမ်းကို ဖွင့်ရန် ကြိုးစားလိုက်သော်လည်း သူသည် ထိုသို့မလုပ်နိုင်ကြောင်းသိရှိလိုက်ရလေသည်။

သူ၏ ခန္ဓာကိုယ်သည် သူ၏ စကားကို နားထောင်ရန် ငြင်းဆန်နေခဲ့ပြီး သူသည် သာမန် ပွဲကြည့်ပရိတ်သတ်တစ်ဦးပမာ ဖြစ်နေသကဲ့သို့ ခံစားလိုက်ရသည်။

“ ငါ မင်းနဲ့အတူ ပိုကြာကြာ ထပ်ပြီး လိုက်ပါနိုင်မယ်လို့ မထင်တော့ဘူး”

ထိုခြောက်ကပ်လျက်ရှိသော ဖုန်းဆိုးမြေကြီးတစ်ခုအတွင်း လူတစ်ယောက်၏ အသံတစ်သံ သည် ကျယ်လောင်သော အချက်ပေးသံများနှင့်အတူ သူ၏နားအတွင်း၌ ကြားလိုက်ရလေသည်။

“သူတို့ ရှာတွေ့သွားပြီ”

ထိုလူသည် ခြေလှမ်းများကို နှေးကွေးလိုက်စေပြီး နောက်ဘက်သို့ပြန်လည် လှည့်ကြည့်လိုက်သည်။

ထိုလူ လှည့်လိုက်သောအခါ အာရန်၏ အမြင်အာရုံများသည်လည်း လိုက်ပါ ပြောင်းလဲသွားကြောင်းကို သတိပြုမိလိုက်သည်။

ဝေဝါးနေသော အမြင်အာရုံဖြင့်ပင် သူသည် နောက်ကျောဘက်ဆီမှ မျှော်စင်တစ်ခုနှင့်တူသော အဆောက်အအုံကြီးတစ်ခုကို မြင်တွေ့လိုက်ရလေသည်။

ထိုမျှော်စင်သည် အလွန်မြင့်မားလွန်းသောကြောင့် ကောင်းကင်ကိုပင် ထိနေသကဲ့သို့ ထင်ရလေသည်။

အာရန်သည် ၎င်းကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း ဤနေရာအကြောင်းကိုမူ အကြမ်းဖျင်း ခန့်မှန်းလိုက်နိုင်ပြီဖြစ်သည်။

‘နစ်ခရိုမန်ဆာမျှော်စင်...’

ဤလူ ထွက်ပြေးနေသော နေရာသည် နစ်ခရိုမန်ဆာမျှော်စင်မှလွဲ၍ အခြားမည်သည့်နေရာမျှမဟုတ်နေခဲ့ပါ။

‘ငါ ဘာလို့ ဒီနေရာကို မြင်နေရတာလဲ ဒါကမူလ ရန် ရဲ့ မှတ်ဉာဏ်အစိတ်အပိုင်းလား အစက သူမွေးဖွားတဲ့အချိန်ကစပြီး သိရလိမ့်မယ်လို့ ထင်ထားခဲ့တာ’

‘ဒါပေမယ့် ငါ ခံစားကြည့်နိုင်တယ် ဒီခန္ဓာကိုယ်ရဲ့အသွင်အပြင်ဟာ ငါ့ရဲ့ လက်ရှိပိုင်ဆိုင်ထားတဲ့ ခန္ဓာကိုယ် အသွင်အပြင်နဲ့ ဆင်တူနေတယ် ဒီမှတ်ဉာဏ်အစိတ်အပိုင်း စတင်တဲ့နေရာမှာ ငါ့ရဲ့ အသက်က မနည်းကြီးနေပြီလို့ခံစားရတယ် ဒါကြောင့်ဒီဖြစ်ရပ်တွေဟာ သိပ်မကြာခင် အချိန်ကာလတစ်ခုကဖြစ်ပြီး လက်ရှိအချိန်စီးကြောင်း နဲ့သိပ်ကွာလှဦးမှာ မဟုတ်သေးဘူး’

‘ဒါဟာ မပြည့်စုံတဲ့ မှတ်ဉာဏ်အပိုင်းအစတစ်ခုလား ဒါကြောင့် အစိတ်အပိုင်းလို့ ခေါ်တာများလား ဒါပေမယ့် ငါက ဒီအချိန်မတိုင်ခင် ဘာတွေဖြစ်ခဲ့လဲဆိုတာကို ခန့်မှန်းနိုင်လောက်တယ် အဓိကအရေးကြီးတာ နောက်ဘာဆက်ဖြစ်လာမလဲဆိုတာပဲ’

‘နစ်ခရိုမန်ဆာမျှော်စင်ရဲ့ အမွေဆက်ခံသူဆိုတဲ့ ငါ့ရဲ့ အဆင့်အတန်းနဲ့ဆိုရင် ငါတို့ ဘာလို့ ထွက်ပြေးနေရလဲဆိုတာကို နားလည်ဖို့ မခက်ဘူးထင်တယ်’

မျှော်စင်ကြီးသည် အချက်ပေးသံများဖြင့် ဆူညံချက်ရှိနေပြီး အကျဉ်းသားတစ်ဦး ထွက်ပြေးသွားသော အကျဉ်းထောင်နှင့်ပင် ထူးမခြားနားဖြစ်နေလေသည်။

‘အမွေဆက်ခံသူဖြစ်ရတာက ဒီလောက်တောင်ပဲလား ငါ့ကို မနာလိုဖြစ်ပြီး ငါ့ကို သတ်ဖို့ ကြိုးစားတဲ့ ဒါမှမဟုတ် ငါ့ကို ရုပ်သေးခေါင်းဆောင်အဖြစ် အသုံးပြုဖို့ ကြိုးစားတဲ့ မိသားစုဝင်တစ်ယောက်ယောက်လက်ထဲကနေ သစ္စာရှိတဲ့ လက်အောက်ငယ်သားတစ်ဦးက ငါ့ကို ထွက်ပြေးနိုင်အောင် ကူညီပေးနေတဲ့ ဇာတ်ကွက်မျိုး လို့တော့မပြောနဲ့နော်’

ဖြစ်နိုင်လျှင် သူသည် ထိုလူအား နောက်ထပ် မသိသေးသည့်မေးခွန်းများကို မေးမြန်းကြည့်ချင်နေခဲ့သည်။

ကံမကောင်းစွာဖြင့် သူသည် ထိုသို့ မလုပ်နိုင်ခဲ့ပါ။ ဤအရာအားလုံးတွင် အပြုသဘောဆောင်သော အရာတစ်ခုသာ ရှိသည်။ ၎င်းမှာ သူသည် အမှန်တကယ် ဤနေရာတွင် မရှိနေခြင်းကြောင့်ပင် ဖြစ်လေသည်။

၎င်းသည် အမှတ်တရမှတ်ဉာဏ်တစ်ခုသာဖြစ်သောကြောင့် သူသည် ဤနေရာတွင် သေဆုံးနိုင်ခြေ မရှိပါ။

သူသည် ထိုဖြစ်ရပ်မှ အသက်ရှင်နိုင်ခဲ့သည့် ရလဒ်ကို သိရှိထားပြီးဖြစ်လေသည်။

“သူတို့ရှာတွေ့သွားပြီ င့ါ အစီအစဉ်ကို ပြောင်းမှရတော့မယ် ဒါပေမယ့် စိတ်မပူပါနဲ့ မင်းကို ဘာမှ မဖြစ်အောင် ငါ စီစဉ်ပေးခဲ့မှာပါ”

ထိုလူသည် အာရန်ကို ကြမ်းပြင်ပေါ်တွင် ချထားလိုက်ပြီး ကျောက်တုံးတစ်ခုကို မှီ၍ ထိုင်နေနိုင်အောင် ကူညီပေးလိုက်သည်။

ယခုအချိန်မှသာ အာရန်သည် ထိုလူ၏ မျက်နှာကို ကောင်းစွာမြင်နိုင်ခဲ့လေသည်။

၎င်းသည် သူ့ကို အလွန် အံ့အားသင့်သွားစေသော မျက်နှာတစ်ခုလည်း ဖြစ်လေသည်။

‘အဲ့ဒါ သူ မဟုတ်ဘူးလား ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ သူက ဘာလို့ ဒီမှာ ရှိနေရတာလဲ’

ထိုလူသည် အသက်နှစ်ဆယ်နှောင်းပိုင်းတွင် ရှိပုံရသည်။ သူ၏ မျက်နှာတွင် အလွန်ထူးခြားသော အမာရွတ်တစ်ခုလည်း ရှိနေလေသည်။

သူ၏ အဝတ်အစားများသည်လည်း ကွဲပြားလျက်ရှိသည်။

သူ၏ နက်မှောင်သော ဆံပင်များသည် သူ၏ နဖူးပေါ်တွင် ပျံ့ကြဲလျက်ရှိနေသည်။

သူ၏ မျက်နှာပေါ်တွင် အမာရွတ်တစ်ခု ရှိနေသော်လည်း ထိုလူသည် အလွန်ချောမောနေသေးလေသည်။

စာအုပ်ထဲတွင် ဤကဲ့သို့ ထင်ရှားသည့် ဖော်ပြချက်များဖြင့် ဖော်ပြခံထားရသောသူမှာ တစ်ဦးတည်းသာ ရှိလေသည်။

“ဒီနေရာမှာ ငါ ဝါးမြိုခဲ့တဲ့ စွမ်းရည်တွေက အသုံးဝင်လာနိုင်လိမ့်မယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ”

‘နတ်ဆိုးဝါးမြိုသူ...’

အာရန်သည် သူ၏ စိတ်ထဲတွင် တွေးလိုက်မိလေသည်။

‘သူက ဘာလို့ ဒီမှာရောက်နေရတာလဲ’

သူ၏ သံသယများသည် အတည်ပြုခံလိုက်ရသည်။

ဤလူသည် အရှင်သခင်လေးဦးစလုံး၏ လိုက်လံသုတ်သင်ခြင်းကို ခံခဲ့ရသော နတ်ဆိုးဝါးမြိုသူမှလွဲ၍ အခြားမဟုတ်ပါ။

၎င်းသည် သူ၏ ရုပ်ရည်သွင်ပြင်သာမက သူ၏ စကားပြောဟန်များသည်လည်း ဖော်ပြထားချက်များနှင့် တူညီနေခဲ့လေသည်။

ထိုကြောင့် သံသယရှိစရာပင် မလိုအောင် ထိုသူသည် နတ်ဆိုးဝါးမြိုသူပင်ဖြစ်လေသည်။

နတ်ဆိုးဝါးမြိုသူသည် သူ၏ အိတ်ကပ်အတွင်းမှ လက်စွပ်တစ်ကွင်းကို ထုတ်ယူလိုက်ကာ ထိုလက်စွပ်ကို သူ၏ လက်ဖဝါးအတွင်းထည့်၍ ဆုတ်ကိုင်ထားလိုက်သည်။

[ပေါင်းစည်းခြင်းလက်စွပ်မှာ ပစ်မှတ်ကို ရွေးချယ်ပြီးပါပြီ၊ စွမ်းရည်များ လွှဲပြောင်းပေးနေပါပြီ၊ အာရုံခံစားမှုများကို ပြုပြင်ပြီးပါပြီ]

ထိုသူသည် သူ၏ လက်ဖဝါးကို တဖန်ပြန်ဖွင့်လိုက်ကာ အရောင်ပြောင်းသွားသော ထိုလက်စွပ်ကလေးကို ထုတ်ဖော်လိုက်လေသည်။

‘စွမ်းရည်လွှဲပြောင်းခြင်း ဟုတ်လား အဲ့ဒါက သူ့ရဲ့ သွေးမျိုးဆက်ကနေ ငါရရှိခဲ့တဲ့ စွမ်းရည်ရဲ့ အစိတ်အပိုင်း တစ်ခုမဟုတ်နေဘူး ဒါဆိုအဲ့ဒီစွမ်းရည်ကလဲ သူအခြားသူဆီကနေ ခိုးယူခဲ့တဲ့ စွမ်းရည်တစ်ခု ဖြစ်နေလိမ့်မယ်ထင်တယ်’

အာရန်သည် နတ်ဆိုးဝါးမြိုသူ၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်နေခဲ့လေသည်။

ဤစွမ်းရည်က ဘာအလုပ်လုပ်သည်ကို သူ ခန့်မှန်းနိုင်ခဲ့သည်။

၎င်းသည် သူ၏ ကိုယ်ပိုင်စွမ်းရည်များကို မည်သည့်အရာဝတ္ထုထဲသို့မဆို လွှဲပြောင်းပေးနိုင်လေသည်။

ပေါင်းစည်းခြင်းလက်စွပ်အတွက်... ဤအရာက ဘာလုပ်သည်ကိုလည်း သူ သည် ခန့်မှန်းနိုင်သေးသည်။

နတ်ဆိုးဝါးမြိုသူသည် သူ၏လုပ်ငန်းများပြီးသွားသည်နှင့်တစ်ပြိုင်နက် သူသည် ထိုလက်စွပ်ကို အာရန်၏ လက်ချောင်းတစ်ခုအတွင်း စွတ်ပေးလိုက်သည်။

ထို့နောက် နတ်ဆိုးဝါးမြိုသူမှ သူ၏လက်ဖြင့် တစ်ချက် ထိတွေ့လိုက်သည်နှင့် လက်စွပ်သည် သူ၏ အရေပြားနှင့် ချောမွေ့စွာ ပေါင်းစည်းသွားပြီး မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။

တစ်ချိန်တည်းမှာပင် အာရန်၏ ရုပ်ရည်သည်လည်း ပြောင်းလဲသွားပုံရလေသည်။

သူ၏ လုံးဝနက်မှောင်သော ဆံပင်များသည် ပို၍ နက်မှောင်လာပြီး နီညိုရောင်ဆံပင်များအဖြစ်သို့ ပြောင်းလဲသွားကာ သူ၏ မျက်ဝန်းများသည်လည်း သိသာထင်ရှားသော ပြောင်းလဲမှုတစ်ခုကို ခံစားလိုက်ရလေသည်။

အခြား ခန္ဓာကိုယ်အသွင်အပြင်များသည်လည်း ထိုလက်စွပ်၏ လွှမ်းမိုးမှုနှင့်အတူ ပြောင်းလဲမှုများဖြစ်ပေါ်လာခဲ့လေသည်။

“အခု နောက်ဆုံးကျန်တာက...”

နတ်ဆိုးဝါးမြိုသူသည် သူ၏စကားကို ခဏတာ ရပ်တန့်လိုက်ပြီး....

“မင်းကို သတ်ဖို့ပဲကျန်တော့တယ်”

သူသည် ထရပ်လိုက်သောအခါ သူ၏ နှုတ်ခမ်းများတွင် နတ်ဆိုးဆန်သော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

‘ဘာတွေဖြစ်ပျက်နေတာလဲ သူက လူကောင်းလား လူဆိုးလား’

အာရန်သည် ဤလူ၏ တုံ့ပြန်မှုကြောင့် ခံစားမှုများရှုပ်ထွေးလာခဲ့လေသည်။

ဤသည်မှာ မှတ်ဉာဏ်အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟူသော အချက်ကိုသာ ကြိုမသိထားပါလျှင် သူသည် ဤလူထံမှ ထွက်ပြေးရန်ပင် ကြိုးစားမိနိုင်လေသည်။

နတ်ဆိုးဝါးမြိုသူသည် ဓားမြှောင်တစ်လက်ကို ထုတ်ယူလိုက်ကာ အာရန်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။

အာရန်သည် ကြီးမားသော အရာတစ်ခု ဖြစ်ပျက်တော့မည်ဟု မျှော်လင့်နေခဲ့သော်လည်း နတ်ဆိုးဝါးမြိုသူသည် သူ၏ လက်မပေါ်တွင် သွေးတစ်စက်စာ မြေပြင်ပေါ်သို့ ကျဆင်းရန် လုံလောက်သော အသေးစား ဒဏ်ရာလေးတစ်ခုကိုသာ ပြုမူလိုက်ခြင်းဖြစ်လေသည်။

“အဲဒီလူကို သတ်ရတာ အတော်လေး ခက်ခဲခဲ့တယ် ဒါပေမယ့် သူ့ရဲ့ စွမ်းရည်တွေကတော့ မဆိုးဘူး”

“ရုပ်သေးဖန်တီးခြင်း…… ဒီရုပ်သေးတွေက အချိန်တိုတစ်ခုအတွင်းမှာပဲ တည်ရှိနေနိုင်ပေမဲ့ လုံလောက်မယ်လို့ထင်တယ် ဒါပေမယ့် တကယ်ကို စိတ်မကောင်းစရာပဲ... ဒီလောက်အကြာကြီးရင်ဆိုင်ခဲ့ရပြီးမှ အခုတော့ ငါ့အတွက် သေခြင်းတရားကို ရင်ဆိုင်ရတော့မယ်”

အာရန် ၏ သွေးတစ်စက်ကို မြေဆီလွှာက စုပ်ယူသွားခဲ့လေသည်။

ထို့နောက် နတ်ဆိုးဝါးမြိုသူ၏ ရုပ်သေးဖန်တီးခြင်း အတတ်ပညာ အကျိုးသက်ရောက်မှုအောက်တွင် မြေပြင်မှ လက်တစ်ဖက် ထွက်ပေါ်လာခဲ့လေသည်။

နတ်ဆိုးဝါးမြိုသူသည် ထိုလက်ကို ဆုပ်ကိုင်ကာ မြေပြင်ဆီမှ လူငယ်တစ်ဦးကို ဆွဲထုတ်ယူလိုက်သည်။

လူသည် အာရန်နှင့် တစ်ပုံစံတည်းတူညီစွာ ဝတ်ဆင်ထားလေသည်။

“ဒါက မင်းနဲ့ အတော်လေးဆင်တူတယ် အဲဒီ အရူးကောင်တွေကို လှည့်စားဖို့ လုံလောက်မယ်ထင်တာပဲ”

‘ဒါက... တကယ်ပဲ င့ါပုံစံအမှန်လား’

အာရန်သည် ရုပ်သေးရုပ်ကို ကြည့်ရင်း အလွန် အံ့အားသင့်သွားရလေသည်။

သူသည် သူ၏ ရုပ်ရည်သည် အလွန်ချောမောသူတစ်ဦးဖြစ်ကြောင်းသိနေခဲ့သော်လည်း ဤရုပ်သေး၏ ရုပ်ရည်မှာမူ... ၎င်းသည် နောက်ထပ်မြင့်သောအဆင့်တစ်ဆင့်တွင်ရှိနေလေသည်။

#Catfoot

All Chapters