မဖိတ်ခေါ်ထားသောဧည့်သည်
Vol. 9 Ch. 117
……
ဖန်းယုသည် သူမ၏ အခန်းထဲတွင် ထိုင်ကာ ပုံတူပန်ချီကားတစ်ချပ်ကို စိုက်ကြည့်နေခဲ့လေသည်။
ထိုပန်ချီကားထဲတွင် ကုလားထိုင်ပေါ်တွင် ထိုင်နေသော သတ်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို ပုံဖော်ထားလေသည်။
သူ၏ ဘေးတွင် လှပသော အမျိုးသမီးတစ်ဦး ရှိနေသည်။
ထိုအမျိုးသမီး၏ ပေါင်ပေါ်တွင်မူ အသက်ဆယ်နှစ်ဝန်းကျင်သာရှိသေးမည့် ကလေးမလေးတစ်ဦးထိုင်နေလေသည်။
ထိုပန်ချီကားသည် အနုပညာရှင်တစ်ဦး ရေးဆွဲထားခြင်းဖြစ်သော်လည်း အပြင်မှအမှန်တကယ် မိသားစုအစစ်အမှန်တစ်ခု၏ ပုံနှင့်ပင် တူနေခဲ့လေသည်။
သူမသည် ထိုပန်ချီကားကို အချိန်အတော်ကြာကြာ စိုက်ကြည့်နေခဲ့လေသည်။
တံခါးခေါက်သံတစ်ခုကို ကြားလိုက်ပြီးမှသာ သူမ၏ အာရုံကို ပြန်လည်ပြောင်းလဲလိုက်လေသည်။
သူမသည် ထိုပန်ချီကားကို သူမ၏ သိုလှောင်လက်စွပ်အတွင်းသို့ ပြန်လည်သိမ်းထားလိုက်လေသည်။
“ဝင်လာလို့ရပြီ”
သူမ စကားပြောပြီးသည်နှင့် လူတစ်ဦးသည် လေထဲမှပင် သူမ၏ အခန်းထဲတွင် ရုတ်တရက်ထွက်ပေါ်လာခဲ့လေသည်။
“ငါစုံစမ်းခိုင်းထားတာကို သိရပြီလား” ဖန်းယုက မေးလိုက်သည်။
“တောင်ပိုင်းတိုက်ရဲ့ ကမ်းရိုးတန်းမြို့တစ်မြို့မှာ ဖြစ်ပျက်ခဲ့တယ်လို့ ကျွန်မ ယုံကြည်ပါတယ်”
အမျိုးသမီးတစ်ဦး က ပြန်ဖြေလိုက်သည်။
“ဒါဆို မင်း သူ့ကို ခြေရာခံနိုင်ခဲ့သေးလား”
ဖန်ယွီက ခေါင်းစွပ်တစ်ခုခြုံထားသော ထိုပုံရိပ်အား ထပ်မံ မေးလိုက်သည်။
“အဲ့ဒီ တစ်ခုတည်းသိခဲ့ရပါတယ်...”
ခေါင်းစွပ်ခြုံထားသော ပုံရိပ်သည် ထပ်မံရှင်းပြခြင်းမပြုမီ ခေတ္တရပ်တန့်ထားလိုက်သည်။
“ကမ်းရိုးတန်းမြို့က ပျက်စီးသွားခဲ့ပါပြီ အဲ့ဒီကအပျက်အစီးတွေနဲ့အတူ ခြေရာလက်ရာတွေအားလုံးလည်း ပျောက်ဆုံးသွားခဲ့ပါတယ်”
“အဲ့ဒါ မစ်ထ် ရဲ့လက်ချက်လား”
“သူမ လက်ချက် မဟုတ်ပါဘူး ပင်လယ်နဂါးတွေဆီမှာ မကြာသေးမီက ကိစ္စကြီးတစ်ခု ဖြစ်သွားခဲ့တယ်ထင်တယ် သူတို့က အဲ့ဒီကမ်းရိုးတန်းမြို့ကို တိုက်ခိုက်ပြီး တိုက်ကြီးထဲကို ဝင်ဖို့ ကြိုးစားခဲ့ပါတယ် မြို့တစ်ခုလုံးအပြင်ကို နောက်ထပ် နေရာအနည်းငယ်ပါ ထပ်ပြီး ပျက်စီးသွားခဲ့ရပါတယ်”
“သူတို့ ရူးသွတ်သွားကြတာလား ဘာလို့ အဲဒီလို အရာမျိုးကို လုပ်ဖို့ကြိုးစားရတာလဲ”
“ကံမကောင်းစွာနဲ့ အဲဒါနဲ့ပတ်သတ်တဲ့အချက်အလက်တွေ ကျွန်မ နောက်ထပ် စုဆောင်းနိုင်ခဲ့ခြင်း မရှိသေးဘူး ဒါပေမယ့် အဲ့ဒီမှာ ကြီးမားတဲ့ အရာတစ်ခု ဖြစ်ပျက်ခဲ့တာတော့ သေခြာပါတယ်”
“မစ်ထ် ပေါ်လာပြီးမှသာ ကျူးကျော်မှုတွေက ရပ်တန့်သွားခဲ့ပြီး ပင်လယ်နဂါးတွေ လည်း နောက်ပြန်ဆုတ်ခွာသွားပုံရပါတယ်”
“ဟင် သူမကိုယ်တိုင် ပါဝင်ပတ်သက်ခဲ့တာလား ဝိညာဉ်လမ်းလျောက်သူနဲ့ သူ့ရဲ့ အခြား လက်အောက်ငယ်သားတွေကောရှိနေတာကို သူမကိုယ်တိုင် ပါဝင်ပတ်သက်ဖို့ လိုအပ်သေးလို့လား”
“ဝိညာဉ်လမ်းလျောက်သူက ဟိုတလောက တိုက်ကြီးတွေတိုင်းမှာပေါ်လာတဲ့ ထူးဆန်းတဲ့ အော်ရာတစ်ခု ထွက်ပေါ်လာတာနဲ့ တစ်အချိန်တည်းမှာပဲ ရုတ်တရက် သေဆုံးသွားခဲ့ရပါတယ် ဒါကြောင့် သူမက ပင်လယ်နဂါးတွေကို သွားတွေ့ရင်း သူမကိုယ်တိုင် စစ်ဆေးဖို့သွားခဲ့တယ်လို့ ကျွန်မ ယူဆမိပါတယ်”
“ငါ နားလည်ပြီ”
ဖန်းယုသည် ထိုင်နေရာမှထလိုက်ကာ ပြတင်းပေါက်ဆီသို့ လျှောက်သွားရင်း လှပသော ည၏ ကောင်းကင်ပြင်ကို ငေးကြည့်နေလိုက်သည်။
“ငါက မစ်ထ်က သူနဲ့ ပတ်သက်နေတယ်လို့ ထင်နေခဲ့တယ် ဒါပေမယ့် သူက သူမကို အရင်ဆုံး ပစ်မှတ်ထားခဲ့ပုံရတယ် ဒီလောက်ကြာအောင် ပုန်းနေပြီးမှာ သူက နောက်ဆုံးမှာ ထပ်ပြီး မီးမွှေးဖို့ ကြိုးစားနေပြန်တာလား...”
ကောင်းကင်ရှိ လှပသော ငွေလမင်းကြီး သည် မှောင်မိုက်သော တိမ်တိုက်များ၏ နောက်တွင် ဝှက်ကွယ်ခြင်းကိုခံထားရသောကြောင့် သူမသည် ၎င်းကိုမြင်တွေ့ရန် မဖြစ်နိုင်တော့ပေ။
....
....
“ဒီလူက ဘယ်လို ရှုပ်ထွေးတဲ့ ဘဝမျိုးနဲ့ နေထိုင်ခဲ့တာလဲ”
အာရန်သည် အခြေအနေများကို နားလည်ရန် ကြိုးစားရင်း သူ၏ နဖူးကို ပြန်လည်ပွတ်သပ်လိုက်သည်။
သူသည် ပြတင်းပေါက်မှန်တွင် သူ၏ ရောင်ပြန်ဟပ်နေသောသူ၏ ပုံရိပ်ကို ပြန်ကြည့်လိုက်မိသည်။
၎င်းသည် သူနှင့် သက်ဆိုင်သည်ဟု သူ အမြဲယုံကြည်ထားခဲ့သော သူ၏ မျက်နှာ ဖြစ်လေသည်။
သို့သော် ယခုမှသာ ၎င်းသည်သူ၏မျက်နှာအစစ်အမှန် မဟုတ်ကြောင်း သဘောပေါက်ခဲ့လေသည်။
သူသည် နတ်ဆိုးဝါးမြိုသူကိုယ်တိုင် ပေးထားခဲ့သော ထိုပေါင်းစည်းခြင်းလက်စွပ်ကို ထပ်မံထိတွေ့လိုက်သည်။
လက်စွပ်သည် အရောင်များဖြင့်တောက်ပလာခဲ့ပြီး သူ၏ ရုပ်ရည်သည် နောက်တစ်ကြိမ် ပြောင်းလဲသွားကာ သူ၏ အစစ်အမှန် မျက်နှာမှာ ပေါ်ပေါက်လာခဲ့လေတော့သည်။
သူ၏ ဆံပင်များသည် ပို၍ နက်မှောင်လာပြီး သူ၏ မျက်နှာသည်လည်း ပို၍ ပိန်သွယ်လာခဲ့သည်။
သူ၏ ခန္ဓာကိုယ်အရွယ်အစားများသည် မပြောင်းလဲယခင်အတိုင်းပင် ဆက်လက်တည်ရှိနေခဲ့သော်လည်း သူသည် လုံးဝ ကွဲပြားသော လူတစ်ဦးပုံစံ ဖြစ်သွားလေတော့သည်။
အာရန်သည် သူ၏ ပါးများကို လက်ဖြင့်ပြန်လည်ထိမိလိုက်သည်။
ဤသည်မှာ သူ၏မူလခန္ဓာကိုယ်ပိုင်ရှင် ရန်နစ်ခရိုလိုင်း ၏ အစစ်အမှန်မျက်နှာပင်ဖြစ်လေသည်။
သူ့ကိုပင် လှည့်စားထားခဲ့သော မည်သည့် ထင်ယောင်ထင်မှားဖြစ်မှုမျိုးမှ ထပ်မံ မရှိတော့ဟု ယူဆရလေသည်။
“ဒီလက်စွပ်နဲ့ ငါက မျက်နှာ နှစ်မျိုးကိုပဲ ပြောင်းလဲနိုင်ပုံရတယ် တစ်ခုက မူရင်း ရန်နစ်ခရိုလိုင်းရဲ့ မျက်နှာဖြစ်ပြီး နောက်တစ်ခုက လူတိုင်းသိထားပြီးဖြစ်တဲ့ အကြီးအကဲရန်ရဲ့ မျက်နှာဖြစ်တယ်”
သူသည် လက်စွပ်ကို စမ်းသပ်ပြီးနောက် အနည်းငယ် စိတ်ပျက်သွားရလေသည်။
သူသည် အခြားမျက်နှာအသွင်အပြင် များလည်းထပ်မံ ပြောင်းလဲနိုင်မည်ဟု ထင်ထားခဲ့လေသည်။
သို့သော် အမှန်တကယ်သူပြောင်းလဲနိုင်သောမျက်နှာပုံစံမှာ ယေဘုယျအားဖြင့် တစ်ခုသာ ရှိလေသည်။
သူသည်ယခင်အတိုင်း ‘အကြီးအကဲရန်’ နှင့်တူသည့်မျက်နှာနှင့်နေထိုင်နိုင်သည်။
သို့မဟုတ် လူတိုင်းအတွက် ပို၍ ကြီးမားသော ရန်သူတစ်ယောက်ဖြစ်သော သူ၏ အစစ်အမှန် ကိုယ်ပိုင်မျက်နှာကိုလည်း ပြန်လည်ဖော်ထုတ်နိုင်လေသည်။
သူ၏ လုံခြုံရေးကို ထည့်သွင်းစဉ်းစားကာ သူသည် သူ့ကို လုံခြုံမှုအပေးနိုင်ဆုံး ဖြစ်သော နတ်ဆိုးဝါးမြိုသူ ဖန်တီးပေးထားသည့် အကြီးအကဲရန်၏ နဂို အသွင်အပြင်နှင့်သာ ဆက်လက်နေထိုင်ရန် ဆုံးဖြတ်ခဲ့လေသည်။
ထို့အပြင် သူသည် မည်သည့် မျက်နှာကိုမျှ အထူးတလှည် နှစ်သက်မိခြင်း မရှိခဲ့ချေ။
အကြောင်းမှာ မည်သည့် ခန္ဓာကိုယ် အသွင်အပြင်ကမျှ သူ၏ အစစ်အမှန် ကိုယ်ပိုင်အသွင်အပြင်အဖြစ် အမှန်တကယ် ထင်ဟပ်နေခြင်း မရှိသောကြောင့် ပင်ဖြစ်သည်။
နောက်ဆုံးတွင် သူသည် ဤကမ္ဘာမှ တည်ရှိနေသော လူတစ်ယောက်ပင် မဟုတ်နေခဲ့ပေ။
သူသည် သူ၏ အခန်းဆီသို့ ပြန်လှည့်လိုက်ကာ ကြမ်းပြင်ပေါ်တွင် တည်ရှိနေသော သွေးခြေရာများကို ပြန်လည်သန့်ရှင်းရေး လုပ်ဆောင်လိုက်လေသည်။
သန့်ရှင်းရေးလုပ်ပြီးမှသာ သူသည် ဆီလက်စ်ကို ယခု စောင့်ကြည့်နေပေရန် မလိုတော့ကြောင်း ပြောလိုက်သည်။
သူသည် သံသယဖြစ်ဖွယ် အချက်အလက်များ မကျန်ခဲ့သောကြောင့် မည်သူလာလာ အရေးမကြီးတော့ပါ။
“ငါ ရေချိုးပြီးရင် ငါ့တပည့်အခြေအနေကို သွားစစ်ဆေးကြည့်ရမယ် ငါ သူ့ကို မတွေ့ရတာ အတော်ကြာပြီ သူ့ကိုခုထိလည်း ဘာတစ်ခုမှ မသင်ပေးရသေးဘူး ငါ့ကို လိမ်လည်သူလို့ သတ်မှတ်နေပြီလားတောင် ငါ သိချင်မိတယ်”
သူသည် ရေချိုးခန်းထဲသို့ ဝင်ကာ သူ၏ ခန္ဓာကိုယ်ကို သန့်စင်လိုက်လေသည်။
သူ၏ စိတ်ထဲတွင် မေးခွန်းများစွာ ရှိသော်လည်း ယခုအချိန်တွင် သူသည် ၎င်းတို့ကို သူ၏ ဦးခေါင်းအတွင်းပိုင်းတွင်သာဆက်လက် မြှုပ်နှံထားရန်ဆုံးဖြတ်လိုက်လေသည်။
သူ၌ ယခုအချိန်တွင် ဦးစားပေးလုပ်ရန် အရာနှစ်ခုသာ ရှိလေသည်။
ပထမတစ်ခုမှာ သူရွေးချယ်ထားသော ရွေးချယ်မှုကို ပြီးမြောက်ခြင်းဖြင့် သူ၏ စနစ်ကို ပြန်လည်ရယူရန်ဖြစ်သည်။
မဖြစ်နိုင်သော ရွေးချယ်မှုဖြစ်နေလျှင်ပင် သူသည် ထိုမဟာအကြီးအကဲကို သူ၏ တပည့်ဖြစ်အောင် လုပ်ကိုလုပ်ရမည်ဖြစ်လေသည်။
သူ၏ ဒုတိယဦးစားပေးအတွက်မူ သူသည် ကောင်းမွန်သော ဆရာတစ်ဦး ဖြစ်လာရန်ဖြစ်လေသည်။
သူသည် သူ၏ နောက်ခံရာထူးနှင့် သူ၏ နဂိုဘ၀ရည်မှန်းချက်များကို လက်လွှတ်ခံ၍မရပါ။
ဖြစ်နိုင်လျှင် သူသည် တပည့်တစ်ဦးကို သေချာစွာ သင်ကြားပေးလိုနေခဲ့သည်။
သူသည် သူ၏ကိုယ်ပိုင် အင်အားစုတစ်ခုကို ဖန်တီးထားရန်လည်း လိုအပ်လေသည်။ သူသည် ဂိုဏ်းတွင် အမြဲရှိနေနိုင်မည် မဟုတ်ပါ။
သူ၏ စနစ်ကို ပြန်လည်ရယူပြီးမှသာ သူသည် နတ်ဆိုးဝါးမြိုသူမှပြောခဲ့သော ‘ထိုအရာ’ ဆိုသည် အား သူရဲကောင်းအကယ်ဒမီမှ ပြန်လည်ရယူရမည့် နည်းလမ်းများကိုဆက်လက်စဉ်းစားနိုင်မည်ဖြစ်လေသည်။
“ကတယ်လို့ မဟာအကြီးအကဲသာ ငါ့ရဲ့ ဒုတိယမြောက်တပည့်တုံးကလိုမျိုး ခပ်ရိုးရိုးပုံစံဖြစ်မယ်ဆိုရင် သူ့ကို ငါ့တပည့်ဖြစ်အောင် လွယ်လွယ်ကူကူလှည့်စားနိုင်မှာပဲ”
“သူ့ကို ငါက အတင်းအကျပ်ဖိအားပေးလို့လဲ မရဘူး လိမ်ညာပြီးတော့လည်စေခိုင်းလို့မရဘူး ဒါဆို ရွေးချယ်စရာ တစ်ခုပဲ ကျန်တော့တယ် သူက ငါ့အတွက် အကြောင်းအရာ အနည်းဆုံး သိထားတဲ့ ဇာတ်ကောင်တွေထဲကဖြစ်နေပေမယ့် ငါသိထားခဲ့ သလောက်သူ့ရဲ့ ပင်ကိုစရိုက်မျိုးနဲ့ဆိုရင် ဒီအစီအစဉ်က အလုပ်ဖြစ်နိုင်လောက်တယ်”
အာရန်သည် သူ၏ ခန္ဓာကိုယ်အား သေခြာစွာ သန့်စင်ပြီးနောက် ရေချိုးခန်းအတွင်းမှ ပြန်လည်ထွက်လာခဲ့လေသည်။
ရေစက်များသည် သူ၏ အရေပြားမှတဆင့် ယိုစီးကာ ကြမ်းပြင်ပေါ်သို့ ကျဆင်းသွားလေသည်။
သူ့ကိုယ်သူ ခြောက်သွေ့သွားအောင်ပြုလုပ်ပြီးနောက် အိမ်ခန်းထဲသို့ မဝင်မီ သန့်ရှင်းသော ဝတ်စုံအသစ်တစ်ခုကို ထုတ်ယူဝတ်ဆင်လိုက်လေသည်။
“ ငါရဲ့ ဒီဖျက်ဆီးတဲ့ နှုန်းနဲ့ဆိုရင် ငါ့အဝတ်အစားတွေထဲမှာ ဒါက ငါ့ရဲ့ နောက်ဆုံး တစ်စုံပဲ ငါ အားတဲ့အခါ အဝတ်အစားအပိုတွေ ပိုဝယ်ထားသင့်ပြီ”
ထို့နောက်သူသည် ရေချိုးခန်းအတွင်းမှ ထွက်လာစဉ် သူ၏ မျက်နှာရှေ့သို့ ဆီလက်စ်မှ ပျံသန်းလာကာ တစ်ခုခုကို ပြောပြချင်နေပုံဖြင့် သူမ၏ လက်များကို ရူးသွပ်စွာ ဝှေ့ယမ်းနေသည်ကို သတိပြုမိလိုက်သည်။
အာရန်သည် မျက်မှောင်တစ်ချက်ကြုတ်လျက် ဆီလက်စ်ကို ကျော်၍ကြည့်လိုက်ရာ သူ၏ အိပ်ရာပေါ်တွင် ထိုင်နေသော အမျိုးသမီးတစ်ဦးကို သတိပြုမိလိုက်လေသည်။
ရှုယင် ဖန်တီးထားသော အကာအရံကို ကျော်ဖြတ်ပြီးဝင်လာနိုင်သော ထိုအမျိုးသမီးကို မြင်လိုက်ရသောအခါ သူ၏ မျက်နှာသည် အလွန်အံ့ဩမှင်သက်မှုတစ်ခု ဖြစ်သွားရလေသည်။
သူမသည် သူ၏ အခန်းထဲတွင် ထိုင်နေခြင်းဖြစ်လေသည်။
ထိုအမျိုးသမီးမှာအခြားသူမဟုတ်ပေ။ ဤမိစ္ဆာဂိုဏ်းကြီး၏ ဂိုဏ်းချုပ်ဖြစ်သော အရှေ့ပိုင်းတိုက်၏ အရှင်သခင် ဖန်ယု ပင်ဖြစ်လေတော့သည်။
“သူတို့ကို သတ်ရတာ ပျော်စရာကောင်းလား” ဖန်ယု က အာရန်အား တွေ့တွေ့ချင်း တိုက်ရိုက်ပင် မေးလိုက်လေသည်။
#Catfoot