တစ်စစီဆုတ်ဖြဲပစ်မယ်
Vol. 9 Ch. 120
“နောက်ထပ် စကားတစ်ခွန်းထပ် ပြောရင် မင်းရဲ့ ခေါင်းက ပျံနိုင်သွားလိမ့်မယ်”
အာရန်၏ အေးစက်သော အသံသည် ရဲ့လန် အား ကျောရိုးတစ်လျှောက် တုန်လှုပ်ချောက်ချားသွားစေခဲ့သည်။
ချင်းယု မှာလည်း ထိုဖြစ်ရပ်ကြောင့် အံ့အားသင့်သွားခဲ့ရလေသည်။
သူမ၏ ဆရာသည် ဤလူငယ်အား အမှန်တကယ်ပင် သတ်ပစ်နိုင်သည်ဟု တွေးလိုက်မိသည်။
အဓိကဇာတ်လိုက် ... သူသည် ဇာတ်လမ်း၏ ဇာတ်ကွက်များကို ရှေ့သို့တက်နိုင်အောင် ဆောင်ကျဉ်းပေးသူတစ်ဦးဖြစ်လေသည်။
အာရန်သည် ဖတ်ရှုခြင်းကို အပိုင်းတစ်ခုအရောက်တွင် ရပ်တန့်ခဲ့သော်လည်း ဤ ဇာတ်လမ်းမှာ ဆက်လက်ဖြစ်ပွားနေရခြင်း၏ အကြောင်းရင်းလည်းဖြစ်လေသည်။
အကြိမ်များစွာတွင် အာရန်သည် အဓိကဇာတ်လိုက်ကို သတ်ပစ်ကာ ဖြစ်လာနိုင်သော ခြိမ်းခြောက်မှုများကို ဖယ်ရှားပစ်ရန် စဉ်းစားခဲ့ပြီးဖြစ်လေသည်။
သို့သော် သူသည် သူမှတ်မိထားသော အနာဂတ်ကို များစွာ ပြောင်းလဲလိုစိတ် ရှိမနေခဲ့ပါ။
အကောင်းဆုံးအနေဖြင့် သူသည် သူလိုအပ်သော အခွင့်အရေးများကို ထိုဇာတ်လိုက်ဆီမှ ခိုးယူကာ သူ၏ ထိန်းချုပ်မှုထက် ကျော်လွန်၍ မကြီးထွားနိုင်ကြောင်း သေချာစေရန်သာ စဉ်းစားထားခဲ့လေသည်။
သူသည် အဓိကဇာတ်လိုက်ကို သူ၏ အကျိုးအတွက် အသုံးပြုရန် စဉ်းစားခဲ့သော်လည်း ယခုလုပ်ရပ်သည် အလွန်များလွန်းသွားပြီဖြစ်လေသည်။
လအနည်းငယ်သာ ကြာသေးသော်လည်း ဤအဓိကဇာတ်လိုက်သည် သူ၏ ခေါင်းပေါ်သို့ပင် တက်ရန် ကြိုးစားနေပြီလား။
ထိုဇာတ်လိုက်သည် သူ၏ တပည့်ကိုပင် သတ်ရန် ကြိုးစားရုံသာမက ဤနေရာတွင် အမှန်တကယ် ဘာဖြစ်ခဲ့သည်ကို မသိလိုက်သော အရူးတစ်ယောက်ကဲ့သို့ပင် ဟန်ဆောင်နေသေးသတဲ့လား။
‘ငါ သူ့ကို သတ်ပစ်လိုက်သင့်သလား’
အာရန်သည် ဒူးထောက်နေသော လူငယ်ကို ကြည့်လိုက်သည်။
ရဲ့လန်သည် အာရန်မှာ သူ့အား အမှန်တကယ် သတ်ဖြတ်လိုနေကြောင်း ခံစားမိလိုက်လေသည်။
၎င်းသည် ခြိမ်းခြောက်မှုတစ်ခုမျှသာ မဟုတ်တော့ပါ။ ဤအဆင့်အထိ ရောက်ခဲ့လိမ့်မည်ဟု သူသည် လုံး၀ မထင်ထားခဲ့ပါ။
သူသိခဲ့မည်ဆိုလျှင် သူသည် ဤနေရာသို့ လုံးဝ လာခဲ့လိမ့်မည်မဟုတ်ပေ။
အကြီးအကဲရန်သည် ဤနေရာတွင် ရှိမနေကြောင်းသိထားသဖြင့်သာ သူသည် ချင်းယုကို လျှို့ဝှက်စွာ သတ်ဖြတ်၍ တိတ်တဆိတ်ပြန်သွားနိုင်သည်ဟု ရိုးရိုးရှင်းရှင်း တွေးမိခဲ့ခြင်းဖြစ်လေသည်။
အခြားတောင်များနှင့် မတူဘဲ ဤတောင်သည် လုံးဝ ဗလာကျင်းဖြစ်နေလေသည်။
အကြီးအကဲ ရန်နှင့် သူ၏ တပည့်တစ်ဦးသာ ဤနေရာတွင် နေထိုင်လေသည်။
ထို့ကြောင့် အကြီးအကဲ ရန် မရှိချိန်တွင် ဤလုပ်ရပ်အတွက် သက်သေတစ်ဦးကို ချန်ထားခဲ့ရန်မှာ မဖြစ်နိုင်သလောက် ဖြစ်လေသည်။
မည်သူမဆို သူ့ကို သံသယရှိခဲ့လျှင်ပင် သူတို့ ဘာလုပ်နိုင်မည်နည်း။
သူသည်လည်း အကြီးအကဲ၏ တပည့်ဖြစ်သောကြောင့် သံသယများပေါ်တွင် အခြေခံ၍ သူ့ကို မည်သည့်အရာမျှလုပ်ဆောင်၍ မရနိုင်ပါ။
ကံမကောင်းစွာဖြင့် အကြီးအကဲရန်သည် ပြန်ရောက်လာရုံသာမက အရာအားလုံးကို မြင်တွေ့ခဲ့လေသည်။
‘ဒီ အသုံးမကျတဲ့ စနစ် ဒီ တာဝန်အသေးလေးတစ်ခုအတွက် ဒီလောက်ကောင်းတဲ့ ဆုလာဘ်ကို ပေးနေကတည်းက ဒီတာဝန်က ဒီလောက်မရိုးရှင်းဘူးဆိုတာကို ငါ ကြိုတင်သိခဲ့သင့်တယ်’
ရဲ့လန်သည် သူ၏ စနစ်ကို စိတ်ထဲတွင် ကြိတ်၍ ကျိန်ဆဲနေမိခဲ့သည်။
သူ၏ စနစ်ကြောင့်သာမဟုတ်ခဲ့ပါ သူသည် ချင်းယုကို ဂရုစိုက်ခဲ့လိမ့်မည် မဟုတ်ပေ။
ဆန့်ကျင်ဘက်အနေဖြင့် သူမသည် အလွန်လှပသည်ဟု သူထင်သောကြောင့် သူမကို ချဉ်းကပ်ကြည့်ရန်ပင် ကြိုးစားနိုင်သေးသည်။
သို့သော် ထိုတာဝန်ပေးချက်သည် သူ၏ လမ်းကြောင်းကို ပြောင်းလဲစေခဲ့သည်။
‘ငါ ဒီဂိုဏ်းထဲကို ဝင်လာကတည်းက ဘာမှ ငါ့အတွက် ကောင်းတာတွေမဖြစ်ခဲ့ဘူးဘူး ပထမဦးဆုံး ငါက အကြီးအကဲ ရန်ကို သတ်ဖို့ ဒီ မဖြစ်နိုင်တဲ့ အဓိကတာဝန်ကို ရရှိခဲ့တယ်’
‘ပြီးတော့ ငါက သေမင်းတောအုပ်ထဲမှာ ရှေးဟောင်းအမွေအနှစ်ကို ဆုံးရှုံးခဲ့ရပြီး အဲ့ဒီတာဝန်ထမ်းဆောင်စဉ်မှာ ငါ အရင်က ရရှိထားခဲ့တဲ့ စနစ်ဆုလာဘ်တွေကိုတောင် အကုန်နီးပါးဆုံးရှုံးစေခဲ့ရတယ်’
‘ငါ ဂိုဏ်းကို ပြန်ရောက်ပြီးနောက်မှာလည်း ချင်းယုကို သတ်ဖို့ နောက်ထပ် တာဝန်တစ်ခုကို ထပ်ပေးအပ်ခံခဲ့ရတယ် ဆုလာဘ်က ဒီလောက်မကောင်းရင်တော့ ငါ ငြင်းပယ်ခဲ့မိမှာပဲ ဒါပေမယ့် ဒီလူက ဤနေရာတွင် ရှိနေလိမ့်မယ်လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ’
‘ငါသာ ပိုအားကောင်းခဲ့ရင် သူတို့နှစ်ယောက်လုံးကို သတ်ပြီး တစ်ချိန်တည်းမှာ စနစ်တာဝန်နှစ်ခုစလုံးကို ပြီးမြောက်စေနိုင်မှာပဲ’
သူသည် ဤတာဝန်အတွက် လွန်စွာကြိုးစားအားထုတ်ခဲ့ရသည်။
နောက်ဆုံးရက်အနည်းငယ်အတွက် သူသည် ချင်းယုအား ချဉ်းကပ်ကာ သူ့နှင့် လေ့ကျင့်ရေးတိုက်ပွဲတစ်ခုဆင်နွဲ့ပေးရန် တောင်းဆိုခဲ့လေသည်။
သူသည် လူအများရှေ့တွင် တိုက်ခိုက်ရန် ရှက်သောကြောင့် ဝင်ခွင့်အခမ်းအနားတွင် ရှုံးနိမ့်ခဲ့မှုကို အကြောင်းပြချက်အဖြစ်ပင် အသုံးပြုခဲ့ရသေးသည်။
ဒါကြောင့် ဘယ်သူမှ သူ့ကို မမြင်နိုင်သောဤနေရာတွင် သူနဲ့ အတူလေ့ကျင့်ရန် သူမကို တောင်းဆိုနိုင်ခဲ့ခြင်းဖြစ်လေသည်။
သူသည် သူမကို အလွန်အနှောင့်အယှက် မပေးလိုသောကြောင့် ဤလေ့ကျင့်ရေးတိုက်ပွဲအတွက် သူမ၏ တောင်သို့ လာရောက်ရန် ဆန္ဒရှိကြောင်း အကြောင်းပြချက်ကိုပင် ပေးခဲ့လေသည်။
အမှန်တကယ်တွင် ၎င်းသည် သူမအား သတ်ရန် အကောင်းဆုံးနေရာတစ်ခု ဖြစ်သောကြောင့်သာ ဖြစ်သည်။
“ပြောပါဦး... မင်းက မင်းကိုယ်မင်း အရမ်းလည်လှပြီထင်နေတာလား ဒါမှမဟုတ် ကမ္ဘာကြီးက မင်းလုပ်ရပ်တွေမသိရအောင် အရမ်းတုံးအ လွန်း
နေတယ်လို့ မင်းကထင်နေတာလား”
အာရန်သည် သူ၏ အတွေးများအတွင်းမှ ပြန်လည်ထွက်ခွာလိုက်ရင်း ရဲ့လန်အား မေးလိုက်သည်။
‘ဒီလူ... ငါ တကယ်ဘာလုပ်ဖို့ ကြိုးစားနေတယ်ဆိုတာကို သူ ခန့်မှန်းနိုင်လိုက်ပြီလား သူက ဘယ်လောက်ကြာကြာကတည်းက စောင့် ကြည့်နေခဲ့တာလဲ ဒါက အရမ်းအန္တရာယ်များလွန်းတယ် ငါ တစ်ခုခု မှားပြောမိတာနဲ့ ငါ သေသွားနိုင်တယ် ပြီးတော့ ငါ ဘာမှ မပြောရင်လည်း ငါ သေသွားနိုင်သေးတယ်’
‘စနစ်က ငါ့ကို ပေးထားတဲ့ အသက်ကယ်ရတနာကို ခုချိန်သုံးသင့်လား ဒါပေမယ့် ငါ အဲဒီလိုလုပ်ရင်... မဟုတ်သေးဘူး ငါ အဲဒါကို အခုချိန် မသုံးနိုင်သေးဘူး ငါ့ကို ကူညီနိုင်တဲ့ သူတစ်ယောက်ဆီက အကူအညီကို တောင်းလို့ ရနေတာပဲ’
“မင်းကို ငါ မေးခွန်းတစ်ခု မေးခဲ့တယ်လေ” အာရန်သည် လူငယ်၏ လည်ပင်းကို ဆုပ်ကိုင်ကာ သူ့ကို လေထဲတွင် မြှောက်ထားလိုက်လေသည်။
အကြီးအကဲတစ်ဦးအနေဖြင့် သူသည် မည်သည့် တပည့်ကိုမဆို လွတ်လပ်စွာ သတ်ပစ်နိုင်လေသည်။
သူသည် လုံလောက်သော အကြောင်းပြချက်ရှိသရွေ့ အခြားအကြီးအကဲ၏ တပည့်ကိုပင် သတ်ပစ်နိုင်လေသည်။
အကြီးအကဲများသည် ဤသို့ မလုပ်ရခြင်း၏ တစ်ခုတည်းသော အကြောင်းရင်းမှာ သူတို့သည် အခြားအကြီးအကဲများ၏ လက်စားချေမှုကို စိုးရိမ်သောကြောင့်သာဖြစ်လေသည်။
“ဟင်”
အာရန်သည် လူငယ်၏ လည်ပင်းတွင် တောက်ပနေသော ဆွဲကြိုးကို သတိပြုမိလိုက်သည်။
“ဒါဆို မင်းက မင်းဆရာကို အကြောင်းကြားပြီးပြီပေ့ါ”
ရဲ့လန် ၏ လည်ပင်းရှိ ဆွဲကြိုးသည် ရှားပါးသော ဆက်သွယ်ရေးရတနာတစ်ခု ဖြစ်လေသည်။
အကြီးအကဲတိုင်းသည် ၎င်းတို့၏ တန်ဖိုးအရှိဆုံးသော တပည့်များကိုသာ ပေးအပ်လေ့ရှိကြသည့်အပြင် ၎င်းရတနာသည် အကြီးအကဲတစ်ဦးလျှင် ပင် တစ်ခုစီသာ ပိုင်ဆိုင်နိုင်လေသည်။
တပည့်သည် သူ၏ဆရာ အကြီးအကဲနှင့် အကွာအဝေးတစ်ခုအတွင်း ရှိနေသရွေ့ သူတို့သည် သူတို့၏ အတွေးများဖြင့် သူ၏ ဆရာထံသို့ အချက်အလက်များ ပေးပို့နိုင်လေသည်။
၎င်းကို တစ်နေ့လျှင် တစ်ကြိမ်သာ အသုံးပြုနိုင်သော်လည်း ၎င်းသည် သူတို့၏ ဆရာများ အထူးနှစ်သက်သော တပည့်များအတွက် အကာအကွယ်ရတနာတစ်ခု ဖြစ်နေဆဲဖြစ်လေသည်။
ဤဇာတ်လိုက်၌ ၎င်းအရာရှိနေသည်ကို မြင်ရခြင်းအား အာရန်သည် အံ့အားသင့်သွားခဲ့ခြင်း မရှိချေ။
သူ၏ စွမ်းရည်များဖြင့်ဆိုပါက သူသည် သူ့ဆရာ၏ အာရုံစိုက်မှုကို ရယူနိုင်သည်မှာ ပုံမှန်ပင်ဖြစ်လေသည်။
သို့သော် သူသည် ၎င်းကို ဤမျှစောစီးစွာ ရရှိထားလိမ့်မည်ဟုတော့ တကယ် မမျှော်လင့်ခဲ့ပါ။
အာရန်သည် ထိုဆွဲကြိုးကို စောင့်ကြည့်နေစဉ် ပတ်ဝန်းကျင်ရှိအပူချိန် မှာ အတော်လေး ကျဆင်းသွားသည်ဟု ခံစားလိုက်ရလေသည်။
“ သူက ဒီလောက်အလျင်စလို လိုက်လာပုံထောက်ရင် မင်းကို အတော်လေး ဂရုစိုက်ပုံရတယ် “
အာရန်က ထိုသို့ပြောလိုက်သော်လည်း ရဲ့လန်ကို လွှတ်မပေးသည့်အပြင် သူ၏ ဆုပ်ကိုင်ထားမှုကို ပို၍ပင် တင်းကျပ်လိုက်လေသည်။
ထိုစဉ် အေးခဲသောနယ်မြေထဲသို့ ရောက်ရှိသွားသကဲ့သို့ အပူချိန်များသည် ဆက်လက်ကျဆင်းနေခဲ့လေသည်။
ဤထူးဆန်းသော ဖြစ်ရပ်နှင့် ဆက်စပ်နိုင်သော ဂိုဏ်းတွင် အကြီးအကဲ တစ်ဦးသာ ရှိလေသည်။
သူသည် နိုင်ငံတစ်ခုလုံးကို အထူထပ်ဆုံး ရေခဲပြင်ကြီးအဖြစ် အေးခဲစေခဲ့ကာ မရေမတွက်နိုင်သော လူများကို သတ်ဖြတ်ပစ်ခဲ့သော အကြီးအကဲတစ်ဦးလည်းဖြစ်လေသည်။
ထိုနေ့မှစ၍ ထိုနိုင်ငံပေါ်ရှိ ရေခဲထုသည် ယနေ့အချိန်အထိ အရည်ပျော်သွားခြင်းမရှိသေးပေ။
သူသည်အခြားမဟုတ် ရေခဲနတ်ဆိုး အဖြစ် နာမည်ပြောင်တစ်ခုရရှိထားသော အကြီးအကဲ လီပင်ဖြစ်လေသည်။
သူသည် ရဲ့လန်ကို ရွေးချယ်ခဲ့သော ဆရာလည်းဖြစ်လေသည်။
“အကြီးအကဲ ရန် မင်း ငါ့တပည့်ကို လွှတ်ပေးနိုင်မလား”
“ငါ မလွှတ်ပေးရင်ကော ဘာဖြစ်မလဲ”
အာရန်သည် အသံ၏ ထွက်ပေါ်ရာနေရာကိုပင် လှည့်မကြည့်ဘဲ တန်ပြန်မေးလိုက်သည်။
ပတ်ဝန်းကျင်အပူချိန်များမှာ အလွန်ကျဆင်းလျက်ရှိနေသော်လည်း သူ၏ နဂါးသွေးမျိုးဆက်က သူ၏ ခန္ဓာကိုယ်ကို နွေးထွေးစေလေသည်။
တစ်ချိန်တည်းမှာပင် သူ၏ ဓားအော်ရာမှာလည်း သူ၏ ခန္ဓာကိုယ်သို့ ချဉ်းကပ်လာသော မည်သည့် နှင်းစက်များကိုမဆို ဖျက်ဆီးပစ်နေလေသည်။
“ဒါဆို မင်းရဲ့ တပည့်ကိုလည်း ငါ အဲ့လိုပဲပြန်လုပ်ရလိမ့်မယ်...”
တည်ငြိမ်သော်လည်း ခြိမ်းခြောက်မှုပါဝင်နေသော အသံတစ်ခုဖြင့် ပြန်ဖြေလိုက်သည်။
“ကြိုးစားကြည့်လေ ပြီးရင်တော့ မင်းတပည့်ကို ငါတစ်စစီထိုင်ဆုတ်ဖြဲနေတာကို စောင့်ကြည့်နေလိုက်ပေ့ါ...”
#Catfoot