← Chapters

ကိန်းရှင်များ

Vol. 9 Ch. 118

ကိန်းရှင်များ

Vol. 9 Ch. 118

ဖန်ယု၏ စကားများသည် အတွေးထဲတွင်နစ်မြုပ်လျက်ရှိသော အာရန်အား သူ၏ ခံစားချက်များကို ပြန်လည်ထိန်းချုပ်နိုင်ရန် သတိပေးလိုက်သကဲ့သို့ ဖြစ်သွားစေခဲ့လေသည်။

အာရန်သည် သူ၏ ခံစားချက်များကို အပြင်ဘက်မျက်နှာတွင် မည်သည့်သံသယရှိစရာအမူအရာကိုမျှ မဖော်ထုတ်မိစေရန် အတင်းအကျပ် ကြိုးစားနေရသော်လည်း အတွင်းပိုင်းတွင်မူ စိတ်ရှုပ်ထွေးမှုက သူ့ကို လွှမ်းမိုးလျက်ရှိနေလေသည်။

‘သူမက ငါလုပ်ခဲ့တဲ့ အရာအားလုံးကို သိသွားပြီလား’

ဤမေးခွန်းက အာရန်၏ အတွေးများကို နှိပ်စက်နေခဲ့လေသည်။

“ဂိုဏ်းချုပ်ရဲ့ ‘သတ်လိုက်တယ်’ ဆိုတာ ဘာကိုဆိုလိုတာလဲ ကျွန်တော် နားမလည်ဘူး”

အာရန်သည် အခြေအနေကို အနည်းငယ်လျော့ချရန် ကြိုးစားရင်း မသိချင်ယောင်ဆောင် ပြောလိုက်လေသည်။

“ဒါဆို ငါနားလည်မှုလွဲနေတာများ ဖြစ်နိုင်မလား”

ဖန်ယုသည် သူမ၏ ထိုင်နေရာမှ ထရပ်လိုက်ပြီး သူမ၏ မျက်နှာအမူအရာသည် လွန်စွာအေးစက်လျက်ရှိနေလေသည်။

သူမ၏ စကားများသည် အာရန်အား သေခြင်း၏ အစွန်းတစ်ဖက်တွင် ရပ်နေရသကဲ့သို့ ခံစားသွားစေခဲ့သည်။

ဖန်းယုသည် အာရန်အား အလွန်စိတ်မသက်မသာဖြစ်စေနိုင်လောက်သည့် ပြင်းထန်သော အော်ရာအရှိန်အဝါ တစ်ခုကို လွှတ်ထုတ်ကာ အာရန်ဆီသို့ တိတ်ဆိတ်စွာပင် တစ်လှမ်းချင်း ချဉ်းကပ်လာလေသည်။

အာရန်သည် သူ့၏ တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်ခဲ့လေသည်။

သူသည် ကြောက်ရွံ့မှုက သူ့ကို လွှမ်းမိုးမသွားနိုင်စေရန် ကိုယ့်ကိုယ်ကိုယ် ပြန်လည်ထိန်းချုပ်နိုင်ခဲ့လေသည်။

နောက်ဆုံးတွင် သူမသည် အရှင်သခင်တစ်ဦးဖြစ်နေလျှင် မည်မျှကွာခြားမှုရှိနေဦးမည်နည်း။ ဤတစ်ကြိမ်တွင် သူ၌ သူ့ကိုယ်ပိုင် အစီအစဉ်တစ်ခု ရှိလေသည်။

“အခု တစ်ခုခု စဉ်းစားမိပြီလား”

ဖန်ယွီသည် အာရန်ရှေ့တွင် ရပ်တန့်လိုက်ပြီး သူမ၏ မျက်လုံးများဖြင့် သူ၏ မျက်လုံးများကို စိုက်ကြည့်နေလိုက်သည်။

သူမသည် သူ၏ ဝိညာဉ်ကို ထိုးဖောက်ကြည့်ရှုရန်ပင် ကြိုးစားနေသလားဟုထင်လိုက်ရသည်။

အာရန်သည် လက်နောက်ပစ်၍ ရပ်နေခဲ့ခြင်းဖြစ်လေသည်။

၎င်းကြောင့် ဖန်းယုသည် သူ၏ လက်များကို မမြင်နိုင်ခဲ့ပါ။

ထို့ပြင် သူမသည် အာရန်၏ ခေါင်းထဲမှအကြံကို မသိနိုင်ခဲ့ပါ။

‘ဒါကို နောက်ပိုင်းမှ သုံးမယ်လို့ ငါတွေးထားခဲ့တာ ဒါပေမဲ့ အခုနေမှ မသုံးရင် ငါ တကယ် သေသွားနိုင်တယ်’

မင်္ဂလာနှောင်ကြိုး သည် အာရန်၏ လက်ထဲတွင် ပေါ်လာခဲ့လေသည်။

သူ၏ အတွေးများသည် ဖန်းယု၏ လွှမ်းမိုးခြင်းကိုခံထားရသောကြောင့် ထိုကြိုးကို အသက်သွင်းရန်အတွက်မှာ များစွာအားစိုက်ထုတ်ရန်မလိုအပ်ခဲ့ပါ။

အာရန်သည် သူတစ်ယောက်သာ မြင်နိုင်သော ထိုကြိုးမျှင်များကို ရိုးရိုးရှင်းရှင်းပင် မသိမသာဖြင့် စေလွှတ်လိုက်လေသည်။

ကြိုးများသည် မြေပြင်ဆီသို့ ကျဆင်းသွားစဉ် ကြိုး၏ အဆုံးတစ်ဖက်သည် သူ၏ လက်ကောက်ဝတ်ဆီသို့ ရောက်ရှိသွားကာ သူ့အား ရစ်ပတ်ထားလိုက်လေသည်။

ကြိုး၏ အခြားအဆုံးတစ်ဖက်မှာမူ ဖန်းယု ဆီသို့ ရောက်ရှိသွားကာ သူမ၏ လက်ကောက်ဝတ်ကို ရစ်ပတ်ထားလိုက်လေသည်။

ကြိုးနှစ်ဖက်စလုံး ရစ်ချည်ပြီးသောအခါ ကြိုးများသည် လုံးဝ ပျောက်ကွယ်သွားပြီး အာရန်ပင် ၎င်းတို့ကို မမြင်နိုင်တော့ပါ။

၎င်းသည် အလုပ်ဖြစ်ခဲ့ရဲ့လားဆိုသည်ကိုပင် သူ မသိနိုင်ခဲ့ပါ။

[မင်္ဂလာနှောင်ကြိုးကို အသုံးပြုခြင်းအတွက် ဂုဏ်ယူပါသည်]

[ချစ်သူလမ်းကြောင်း တိုးတက်မှု : ၅.၆ ရာခိုင်နှုန်း]

‘ဟင် တိုးတက်မှုက အများကြီးပါလား ငါ့အသက်ကို ကယ်တင်ဖို့ ကြိုးစားကြည့်ရုံနဲ့ ဒီလိုနည်းနဲ့ ငါ့ကို ကူညီပေးနိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး ဒါပေမယ့် အခုချိန်အထိတော့ သတိပေ့ါလို့မဖြစ်သေးဘူး’

မင်္ဂလာနှောင်ကြိုးကြောင့် ဖန်းယုသည် သူ့ကို သတ်ရန်မှာ မဖြစ်နိုင်သလောက် ပင်ဖြစ်သွားစေသည်။

၎င်းဖြင့် သူ့၏ လုံခြုံရေးကို အနည်းဆုံး ယာယီအားဖြင့် အာမခံနိုင်ခဲ့လေသည်။

ထို့ကြောင့်ပင် သူသည် ဤနေရာတွင် ပြိုလဲသွားရန် မလိုလားနေခဲ့ပါ။

“သေသင့်တဲ့ လူအတော်များများကို ကျုပ် သတ်ခဲ့မိတယ် ဒါကြောင့် ဂိုဏ်းချုပ်က ဘယ်သူ့အကြောင်း ပြောနေတာလဲဆိုတာ ရုတ်တရက် နားမလည်ဘူးဖြစ်သွားတာပါ” အာရန်က ပြန်လည်ရှင်းပြလိုက်သည်။

“ဂိုဏ်းချုပ်က ပို၍ အတိအကျ ပြောသင့်တယ်လို့ထင်တယ်”

“အသူရာဂိုဏ်းရဲ့ ဂိုဏ်းချုပ်... အဲဒါက မင်းကို တစ်ခုခု ပြန်သတိရစေဖို့လုံလောက်လား” ဖန်းယု က ပြန်မေးလိုက်သည်။

“သူလား” အာရန်သည် ဖန်းယု ကို ထူးဆန်းစွာ စိုက်ကြည့်လိုက်သည်။

‘သူမက အဲဒါအကြောင်း ပြောနေတာလား သူမက ဝိညာဉ်လမ်းလျှောက်သူ အကြောင်း ပြောနေတယ်လို့ ငါထင်ခဲ့ပြီး င့ါလုပ်ထားတာတွေကို သိသွားပြီလို့ ထင်နေခဲ့တာ ဒီမိန်းကလေးက... သူကတစ်ယောက်ယောက်ကို ဘယ်လို ခြောက်လှန့်ရမလဲဆိုတာ တကယ် သိနေခဲ့တာပဲ’

“မင်း ပြန်ရောက်ပြီလို့ ကြားပြီးပြီးချင်း ငါ ဒီကို ရောက်လာခဲ့တာပဲ ဒါနဲ့ မင်း က ပြန်ရောက်ရောက်ချင်း ဇီယာနဲ့ စကားများခဲ့တယ်လို့လည်း ကြားတယ်”

“သူမနဲ့ စကားများဖို့ ကျုပ်မှာ ရည်ရွယ်ချက် မရှိခဲ့ပါဘူး ဒါက နားလည်မှုလွဲသွားတာလေးတစ်ခုသက်သက်ပါပဲ...”

“ထားလိုက်ပါ ဘာလုပ်လုပ် ငါ့အတွက် အရေးမပါဘူး ဒါပေမယ့် မင်းက င့ါရဲ့ သားကောင်ကို ဖျက်ဆီးပစ်လိုက်တာကတော့ ငါ လျစ်လျူရှုလို့ရနိုင်တဲ့ အရာ မဟုတ်တော့ဘူး”

“သားကောင် ဟုတ်လား ဂိုဏ်းချုပ်က အသူရာဂိုဏ်းချုပ်အကြောင်း ကို ပြောနေတာလား”

“ဟုတ်တယ် အဲဒီ ပိုးကောင်က တခြား ပိုးကောင်တွေနဲ့ပေါင်းပြီး ငါ့ဂိုဏ်းကို တိုက်ခိုက်ဖို့ ကြိုးစားနေတာကို ငါ စောင့်နေခဲ့တာ ဒီလောက်ကြာပြီးနောက်မှာ ငါ ဝင်ပါဖို့ အကြောင်းပြချက်တစ်ခု ရှိလာလိမ့်မယ်လို့ထင်ထားခဲ့တာ ဘယ်လောက် စိတ်ပျက်စရာကောင်းလိုက်သလဲ...”

ဖန်းယုသည် တစ်ဖက်သို့ ပြန်လှည့်သွားလိုက်သည်။

အာရန်မှာ အာရှူရာဂိုဏ်းချုပ်ကို မည်သို့ သတ်နိုင်ခဲ့ကြောင်းကိုပင် သူမက မမေးခဲ့ပါ။

သူမ၏ မျက်နှာမှာ မည်သည့်အမူအရာမျှ မဖော်ပြနေသော်လည်း သူမသည် စိတ်ပျက်နေကြောင်း ထင်ရှားနေလေသည်။

“ခုတော့ မင်းက အရာရာ ဖျက်ဆီးပြီးပြီဆိုတော့.... ထားလိုက်ပါတော့ ပို၍ စိတ်ဝင်စားစရာကောင်းတဲ့ အရာတွေက စတင်ဖြစ်ပျက်နေပြီပဲ ဒါကြောင့် ဒီကိစ္စ က အရေးမကြီးတော့ပါဘူး ဒါပေမယ့် မင်းကို... အပြစ်မပေးဘဲတော့ ငါ ဒီအတိုင်း လွှတ်မပေးနိုင်သေးဘူး”

“မင်းကိုငါက အရာအားလုံးကို တစ်ခါတည်း အဆုံးသတ်ပစ်စေချင်တယ် ဧည့်သည်အသစ်တစ်ယောက် ရောက်လာဖို့ရှိတယ် ဒီလိုအချိန်မျိုးမှာ အနာဂတ်အတွက် အတွင်းပဋိပက္ခတွေ ထပ်မလိုချင်တော့ဘူး”

“ဒါကြောင့် မင်းက တပည့်အချို့ကို ခေါ်ပြီး ကျန်ရှိနေတဲ့ ဂိုဏ်းတွေကို လုံးဝ ချေမှုန်းပစ်ရမယ် နောက်ဆုံးတစ်ခေါက်မှာ ငါက အနည်းငယ်ကို ချန်ထားရစ်ခဲ့တယ် ဒါပေမယ့် ခုတော့ အဲဒီအရာတွေအတွက် မလိုအပ်တော့ဘူး”

“အခြားဂိုဏ်းတွေကို ချေမှုန်းပစ်ရမယ် ဟုတ်လား အဲဒါက အကြီးအကဲတွေကိုပဲ သတ်ပေးရမှာလား ဒါမှမဟုတ်...”

“လူတိုင်း... အကြီးအကဲတွေကော သူတို့တပည့်တွေကော အသစ်ပေါ်လာတဲ့ခေါင်းဆောင်တွေပါ ပါဝင်တယ် မလိုအပ်တဲ့ ကိန်းရှင်တွေ အနာဂတ်မှာ ထပ်မဖြစ်နိုင်အောင် အကုန်လုံးကို သေသေခြာခြာ အမြစ်ဖြတ် ချေမှုန်းပစ်စေချင်တယ်”

“ကျုပ်....”

“မင်းက ဒီအမိန့်ကို ငြင်းဆန်နိုင်တယ် ဒါပေမယ့် အဲဒီနောက်မှာ ဘာတွေ ဆက်ဖြစ်လာနိုင်လဲဆိုတာတော့ ငါလဲ အာမမခံနိုင်ဘူး ဒါကြောင့် သေချာစဉ်းစားပါ”

ဖန်းယု သည် တံခါးကို ဖွင့်လိုက်ကာ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

သူမသည် သူ၏ အဖြေကိုပင် ဂရုမစိုက်တော့ပါ။

“ကျုပ် လုပ်ပါ့မယ် ဒါပေမယ့် ကျုပ်မှာ မေးခွန်းတစ်ခုတော့ ရှိတယ် ဂိုဏ်းချုပ်က ဧည့်သည်အသစ်တစ်ယောက် ပေါ်လာမယ်လို့ ပြောခဲ့တယ် ဘယ်ဧည့်သည်အကြောင်းကို ပြောနေတာလဲ သိခွင့်ရှိမလား”

“မင်း သိဖို့ မလိုဘူး ဒါပေမယ့် ငါခိုင်းထားတဲ့ ကိစ္စကို မင်း မအောင်မြင်ခဲ့ဘူး ဆိုရင်တော့ ငါပေးထားတဲ့ အကာအကွယ်တွေကို ပြန်ရုပ်သိမ်းပစ်နိုင်တယ်ဆိုတာကို မြဲမြဲမှတ်ထားပါ ဒါဆို မင်း ငါ့ဂိုဏ်းကို ဝင်ဖို့ ကြိုးစားခဲ့တဲ့ အရာအားလုံးက အလဟဿ ဖြစ်သွားလိမ့်မယ်”

ဖန်းယု သည် အာရန်၏ အိမ်မှ ထွက်ကာ အပြင်သို့ပျံသန်းထွက်ခွာသွားလေတော့သည်။

ရှုယင် ဖန်တီးထားသော အကာအကွယ်လွှာသည် ဆက်လက်တည်ရှိနေသေးသော်လည်း သူမကို မည်သို့မျှသက်ရောက်မှုမရှိခဲ့ပါ။

“ဒီ မာနကြီးတဲ့ မိန်းမ………... အရင်ခန္ဓာကိုယ်ပိုင်ရှင် သူမကို ပြုမူ ခဲ့တဲ့အရာ တွေအတွက် စိတ်မကောင်းဖြစ်မိပါတယ် ဒါပေမယ့် တစ်ခါတလေမှာ သူမရဲ့ လုပ်ရပ်တွေက သူမကို သနားဖို့ကို တကယ်ကို ခက်ခဲသွားစေတယ်”

အာရန်သည် တံခါး၀တွင် ရပ်ကာ ည၏ တိတ်ဆိတ်သော ကောင်းကင်ပြင်ကြီးကိုကို ငေးကြည့်နေခဲ့သည်။

“ငါပြောတာ မမှားဘူးဆိုရင် သူမ ပြောနေတဲ့ ဧည့်သည်အသစ်ဆိုတာက ငါဖြစ်ဖို့ အလားအလာ အများဆုံးပဲ အဲဒါမဟုတ်ရင် အခြား ကမ္ဘာကူးပြောင်းလာသူတစ်ယောက်လဲ ဖြစ်ချင်ဖြစ်လိမ့်မယ် ဒါပေမယ့် သူမရဲ့ နောက်ဆုံးစကားက ဘာကိုဆိုလိုတာလဲ”

“ငါ သူမရဲ့ ဂိုဏ်းထဲကို ဝင်ဖို့ ကြိုးစားခဲ့တဲ့ အရာအားလုံး ဟုတ်လား ငါ ဘာလုပ်ခဲ့ရတာလဲ ငါ့ရဲ့ ဒီအားနည်းတဲ့ ခန္ဓာကိုယ်နဲ့ ငါလုပ်နိုင်တာ များများစားစားရှိမယ်မထင်ပါဘူး ဒါဆို သူရဲကောင်းအကယ်ဒမီက ဟန်ဆောင်စီစဉ်ပေးခဲ့တာ ဖြစ်ရမယ်”

“ဘာပဲဖြစ်ဖြစ်... ဂိုဏ်းအနည်းငယ်ကို ခြေမှုန်းပစ်ဖို့တော့ လုပ်ပေးမှရတော့မယ် တပည့်တွေကို ခေါ်ပြီးခိုင်းလိုက်လို့ရတာပဲလေ အဲဒါက ငါ့အတွက် အဆင့်မြှင့်တင်ဖို့ ကောင်းမွန်တဲ့ အခွင့်အရေးတစ်ခုတောင် ဖြစ်လာနိုင်တယ်”

“ငါ့ရဲ့ တပည့်မလေးကိုလည်း လက်တွေ့ လေ့ကျင့်ပေးနိုင်တယ် ဘယ်လောက် ကောင်းမွန်တဲ့ အခွင့်အရေးလဲ”

အာရန်သည် တံခါးပေါက်ဆီမှ ခုန်ထွက်လာခဲ့သည်။

သို့သော် ဤတစ်ကြိမ်တွင် သူ၏ ခန္ဓာကိုယ်သည် အောက်သို့မကျဆင်းသွားခဲ့ပါ။

အဲဒီအစား သူသည် လေထဲတွင် ပျံသန်းသွားခဲ့လေသည်။

“ငါက ငါ့တပည့်ကို တစ်ခုခု သင်ပေးဖို့လို့အပ်နေပြီလို့ ထင်ခဲ့တယ် ဒါပေမယ့် အစီအစဉ်တွေအရ အခွင့်အရေးတစ်ခုကလည်းအဆင်သင့် ရှိနေတာမို့ ငါ့ရဲ့ စနစ်ကိုပဲ အရင် ပြန်ယူဖို့ ကြိုးစားကြည့်ရတာပေ့ါ”

ထို့နောက် အာရန် သည် မဟာအကြီးအကဲ ဇီယာ၏ တောင်ဆီသို့ တည့်တည့်ပင် ပျံသန်းသွားခဲ့လေသည်။

#Catfoot

All Chapters