← Chapters

သတ်ရန်ကြံစည်မှု

Vol. 9 Ch. 119

သတ်ရန်ကြံစည်မှု

Vol. 9 Ch. 119

အာရန်သည် ပင်လယ်နဂါးထံမှ ရရှိခဲ့သော သွေးမျိုးဆက်စွမ်းရည်ကို အသုံးပြုခဲ့လေသည်။

သို့သော် အာရန်သည် သူ့၏ တောင် ခြေရင်းတွင် တစ်စုံတစ်ယောက်ရောက်နေသည် ကို သတိပြုမိလိုက်သောအခါ ရုတ်တရက် ရပ်တန့်လိုက်လေသည်။

“ဒါက... အဓိကဇာတ်လိုက်မင်းသား မဟုတ်ဘူးလား”

သူသည် ဤကဲ့သို့သောအချိန်တွင် အထူးသဖြင့် သူ၏ တောင်အနီးတွင် ထိုဇာတ်လိုက်ကောင်ကို တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူ့ တွင်လည်း မတူညီသော ဆရာတစ်ဦး ရှိနေပြီးဖြစ်သောကြောင့် သူသည် ဤနေရာတွင် ရှိနေသည်မှာ အဓိပ္ပာယ်မရှိပါ။

သေမင်းတောအုပ်၌ သူ့ကို လှည့်စားပြီးနောက် အဓိကဇာတ်ကောင်ကို တွေ့ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

ဤဘဝတွင် သူသည် အဓိကဇာတ်ကောင်နှင့် သူ၏ တိုက်ရိုက် အပြန်အလှန်ဆက်သွယ်မှုကို မပြုမိစေရန် အတတ်နိုင်ဆုံး ထိန်းချုပ်ထားခဲ့လေသည်။

သေမင်းတောအုပ်တွင်ပင် သူသည် သူ့ကိုယ်တိုင် ကိုယ်ထင်မပြခဲ့ပါ။

ထို့ကြောင့် ယခုကိစ္စသည် သူ့အတွက် အတော်လေး အံ့အားသင့်စရာ ဖြစ်ခဲ့သည်။

ဤလူငယ်၏ ရည်ရွယ်ချက်ကို သူ သိချင်နေစဉ် သူ၏ တောင်မှ ပြေးဆင်းလာသော အခြားပုံရိပ်တစ်ခုကို သတိပြုမိလိုက်သည်။

“ပြီးတော့ အဲဒီကောင်မလေးက... ငါ့ရဲ့ ပထမဆုံးတပည့် ဝမ်ချင်းယုမဟုတ်လား ငါ မရှိတုန်းက သူတို့က အပြန်အလှန် ဆက်သွယ်မှု ရှိနေတာလား”

ချင်းယုသည် ရဲ့လန်၏ ရှေ့တွင် ရပ်တန့်သွားလိုက်လေသည်။

အာရန်က သူတို့ တစ်ခုခု ပြောကြလိမ့်မည်ဟု ထင်မိလိုက်စဉ် ဝမ်ချင်းယုသည် အဓိကဇာတ်လိုက်ကို တင်တိုက်ခိုက်သည်ကို မြင်လိုက်ရသည်။

“ဟင် သူတို့ တိုက်ခိုက်နေကြတာလား”

ရဲ့လန် သည် မိန်းကလေး၏ တိုက်ခိုက်မှုများကို ပိတ်ဆို့ထားလိုက်သည်။

သူသည် သူမ၏ တိုက်ခိုက်မှုကို ပိတ်ဆို့ထားရုံသာမက သူမကိုပင် နောက်သို့ တွန်းထုတ်နိုင်ခဲ့လေသည်။

ပထမဆုံး အပြန်အလှန်ယှဉ်ပြိုင်မှုမှာပင် ခွန်အားအားကွာခြားချက်သည် ထင်ရှားနေခဲ့လေသည်။

“သူမက အဓိကဇာတ်လိုက်ကို အနိုင်မယူနိုင်တာ သေချာတယ် ဒါက အဲ့ဒီ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ ဇာတ်လိုက်တွေ ရဲ့ သဘာ၀ပဲ သူတို့မှာ ကောင်းချီးပေးခံရမှုတွေက အမြဲတမ်းရှိနေတယ်”

အာရန်သည် သူ၏ လက်နှစ်ဖက်ကိုပိုက်ထားလိုက်ကာ ဝင်ရောက်စွက်ဖက်ခြင်းမပြုဘဲ တိုက်ပွဲကိုသာ စောင့်ကြည့်နေခဲ့လေသည်။

“ဝင်ခွင့်အခမ်းအနားတုံးက ဝမ်ချင်းယုက အဓိကဇာတ်လိုက်ထက် သေချာပေါက် ပိုအားကောင်းခဲ့တယ် ဒါပေမယ့် ခဏလေးအတွင်းမှာပဲ သူက သူမကို လိုက်မီရုံသာမကပဲ သူမကိုတောင် ကျော်တက်သွားနိုင်ခဲ့တယ် ဒါပေမယ့် ဒီကိစ္စမှာ ငါ့အမှား တစ်စိတ်တစ်ပိုင်းလည်း ပါနေနိုင်တယ်”

“ငါ မှန်းတာ မမှားဘူးဆိုရင် ခုအချိန်ဆို ဝတ္ထုထဲမှာ ဝမ်ချင်းယုက အဓိကဇာတ်လိုက်ထက် သေချာပေါက် ပိုအားကောင်းနေခဲ့မှာဖြစ်တယ် စနစ်အကူအညီနဲ့တောင် သူက သူမကို အမီမလိုက်နိုင်ခဲ့ဘူး”

“ငါက အတိတ်ကို ပြောင်းလဲပစ်ခဲ့တယ် ဒါကြောင့် အနာဂတ်ကလည်း အနည်းငယ် ပြောင်းလဲသွားတာက အဓိပ္ပာယ်ရှိပါတယ်”

“အဓိကဇာတ်လိုက်မှာ အခု မတူညီတဲ့ ဆရာတစ်ဦး ရှိနေတယ် ချင်းယုမှာ လည်း သူမရဲ့ ဆရာအဖြစ် ပိုအားကောင်းတဲ့ အကြီးအကဲတစ်ဦး ရှိနေသင့်တယ် ဒါပေမယ့် သူမက ငါ့ကို ရွေးချယ်ခဲ့မိတယ် သူမက ငါ့ဆီက ဘာမှ မသင်ယူနိုင်ခဲ့ဘူး ဒါကြောင့် သူမက သိပ်မတိုးတက်နိုင်ခဲ့တာပဲဖြစ်မယ်”

ရဲ့လန် သည် ချင်းယုကို ဆက်လက်တိုက်ခိုက်နေပြီး စက္ကန့်တိုင်းမှာပင် သူမသည် နောက်သို့ တွန်းထုတ်ခံနေရလေသည်။

တိုက်ပွဲသည် စတင်ခြင်းမပြုမီမှာပင် ပြီးဆုံးသွားခဲ့သော်လည်း ချင်းယုသည် ဆက်လက်တိုက်ခိုက်နေခဲ့လေသည်။

“အဲဒီမိန်းကလေး... သူမက သူမ အားနည်းတယ်ဆိုတာကို နားလည်သင့်တယ် သူမက အခုအချိန်မှာ လက်လျှော့လိုက်သင့်တယ် သူမရဲ့ စိတ်ဓာတ်မာကျောမှုက အတော်လေး အထင်ကြီးစရာကောင်းတယ်”

“ဟင် တစ်ခုခု မှားနေသလိုပဲ အဓိကဇာတ်လိုက်က သူလိုချင်တဲ့အချိန်မှာ ဒီတိုက်ပွဲကို အဆုံးသတ်နိုင်တယ် ဒါပေမယ့် သူက အဲဒါကို အဆုံးသတ်ချင်ပုံ ဘာလို့မပေါ်နေရတာလဲ သူ တိုက်ခိုက်နေတဲ့ ပုံစံက...ဒါက သူက ငါ့တပည့်ကို သတ်ဖို့ ကြိုးစားနေတာလား”

တိုက်ခိုက်မှုပုံစံများကို ကြည့်ရင်းဖြင့် အာရန်သည် သူ၏ထင်မြင်ယူဆချက်ကို ပို၍ ယုံကြည်လာခဲ့လေသည်။

ချင်းယုသည် အနိုင်ရရန် ဤတိုက်ပွဲကို တိုက်ခိုက်နေခဲ့ခြင်းဖြစ်သည်။

သူမအတွက် ၎င်းသည် သင့်လျော်သော တိုက်ပွဲတစ်ခုဖြစ်လေသည်။

သို့သော် ရဲ့လန်အတွက်မူ ထိုသို့မဟုတ်ခဲ့ပါ။

သူ၏ တိုက်ခိုက်မှုတစ်ခုတိုင်းသည် သူမ၏ အရေးကြီးသော အစိတ်အပိုင်းများကို ပစ်မှတ်ထားနေခဲ့လေသည်။

သူမသည် သူမကိုယ်သူမ ကာကွယ်နိုင်ခြင်း မရှိလျှင် သူမသည် အကြိမ်များစွာ သေဆုံးခဲ့ရပြီးဖြစ်ပေလိမ့်မည်။

“သူက ငါ့တပည့်ကို သတ်ဖို့ ဘာလို့ ကြိုးစားရမှာလဲ ဝတ္ထုထဲက သူ့ပုံစံနဲ့ မတူပါလား ဒီနှစ်ယောက်က ဝတ္ထုထဲမှာ သူငယ်ချင်းကောင်းတွေ ဖြစ်လာခဲ့တာလေ မဟုတ်သေးဘူး... သူတို့က သူငယ်ချင်းထက်တောင် ပိုခဲ့ကြသေးတယ် ဒါဆို ဘာလို့လဲ”

သူတို့၏ ဆက်ဆံရေးကို ဤအတိုင်းအတာအထိ သက်ရောက်သွးစေရန် သူပြုလုပ်မိခဲ့သော ကြီးမားသော ပြောင်းလဲမှုများကို မမှတ်မိနေပါ။

“ဝင်ခွင့်အခမ်းအနားတုံးက သူ့ကို ငါ ရိုက်နှက်ခိုင်းခဲ့လို့လား အဲဒါက ဒီအရာက ဇာတ်ညွှန်းမှာ သူ့အပေါ်တစ်ခုတည်းသော ငါ ပြောင်းလဲခဲ့တဲ့ အရာပဲလေ ဒါပေမယ့် သူက တကယ်ကြီး ဒီလောက်အထိ ကလဲ့စားခြေဖို့ စိတ်အားထက်သန်နေခဲ့တာလား ဝတ္ထုထဲက အတိုင်းဆို ဒီလိုဖြစ်လာစရာအကြောင်းမရှိဘူး”

အဓိကဇာတ်လိုက် ၏ လုပ်ရပ်များသည် ဇာတ်လိုက်အပေါ် ကို သူ ကောင်းကောင်းသိထားသည်ဟု ထင်နေခဲ့သော အာရန်ကိုပင် အံ့အားသင့်စေခဲ့သည်။

အာရန်သည် အခြေအနေများမှာ အန္တရာယ်များလာပြီဆိုသည်ကို မြင်တွေ့နိုင်ခဲ့လေသည်။

အဓိကဇာတ်လိုက် ၏ တိုက်ခိုက်မှုများသည်လည်း ပို၍ ခြိမ်းခြောက်နိုင်လာလေသည်။

အာရန်သည် ၎င်းကို လျစ်လျူရှုထား၍ မရတော့ပါ။

ပြင်းထန်သော တိုက်ပွဲအလယ်တွင် အဓိကဇာတ်လိုက်သည် နောက်ထပ် ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုကို စတင်ခဲ့တော့သည်။

ချင်းယုသည် ရဲ့လန်၏ တိုက်ခိုက်မှုကို တားဆီးရန် သူမ၏ ဓားကို မြှောက်၍ လျင်မြန်စွာ တုံ့ပြန်လိုက်ရသည်။

သို့သော် ရဲလျန်သည် သူ၏ ဓားလမ်းကြောင်းကို ရုတ်တရက် ပြောင်းလဲလိုက်သောအခါ သူမသည် အံ့အားသင့်သွားခဲ့ရသည်။

မမျှော်လင့်ထားသော အလှည့်အပြောင်းတွင် သူ၏ ဓားသည် ယွီလင်၏ ဓားကို ရှောင်ရှားကာ သူမ၏ ခန္ဓာကိုယ်ဆီသို့ တိုက်ရိုက် ဦးတည်သွားခဲ့လေသည်။

လျှပ်စီးလက်သကဲ့သို့ လျင်မြန်သော အဖြစ်အပျက်များကြောင့် ချင်းယု တွင် တုံ့ပြန်ရန် သို့မဟုတ် ဓားကို ရှောင်ရှားရန် အချိန် မရှိတော့ပါ။

ဓားသည် သူမ၏ လည်ပင်းအနီးသို့ ရောက်ရှိလာသောအခါ လျှို့ဝှက်ဆန်းကြယ်သော ပုံရိပ်တစ်ခုသည် သူတို့နှစ်ဦး၏ ကြားသို့ လျင်မြန်စွာ ဝင်ရောက်လာကာ ရဲ့လန် ၏ ဂုတ်ကို ဆုပ်ကိုင်ကာ သူ့ကို အတင်းအကျပ် နောက်သို့ ဆွဲထုတ်လိုက်လေသည်။

ရုတ်တရက် ဝင်ရောက်စွက်ဖက်မှုကြောင့် ရဲ့လန်သည် နောက်သို့ လွင့်စင်သွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့လေသည်။

‘ငါ အရမ်းနီးစပ်နေခဲ့ပြီကို ဘယ်သူက ကြားဝင်စွက်ဖက်ရဲတာလဲ’

ရဲ့လန်သည် လျင်မြန်စွာ ထရပ်လိုက်သော်လည်း ဝင်ရောက်စွက်ဖက်ခဲ့သော လူကို မြင်လိုက်သောအခါ သူ၏အမူအရာများသည် တောင့်တင်းသွားခဲ့လေသည်။

ထိုလူသည် အကြီးအကဲတစ်ဦး၏ ဝတ်ရုံကို ဝတ်ဆင်ထားလေသည်။

သူသည် ထိုလူ၏ မျက်နှာကို မမြင်နိုင်သေးသော်လည်း ထိုလူ မည်သူဖြစ်မှန်းကို ခန့်မှန်းရန် အချိန်များစွာ မယူခဲ့ရပါ။

နောက်ဆုံးတွင် သူသည် အကြီးအကဲ ရန်၏ တောင်ပေါ်တွင် ရှိနေခဲ့ခြင်းဖြစ်လေသည်။

‘သူက ဂိုဏ်းထဲမှာ မရှိဘူး မဟုတ်လား ငါက အကြိမ်ကြိမ် အတည်ပြုထားပြီးပါပြီ ဒါဆို သူက ဘယ်လိုလုပ်ပြီး.....’

သူ၏ မျက်နှာအမူအရာများ မှောင်မိုက်သွားခဲ့သည်။ သူသည် တစ်ခုခုကို လျင်မြန်စွာ တွေးလိုက်မိပြီး ရှေ့သို့ ပြေးသွားခဲ့သည်။

“မင်း အဆင်ပြေရဲ့လား အကို တောင်းပန်ပါတယ် အကို့ရဲ့ တိုက်ခိုက်မှုတွေကို ထိန်းချုပ်မှုအောက်ကနေနဲနဲလွတ်သွားခဲ့တယ် မင်း ဘာမှ မဖြစ်လိုက်တာ အကို အရမ်းဝမ်းသာပါတယ်”

သူသည် သူ၏ ထိန်းချုပ်မှုအောက်မှလွတ်သွားသော တိုက်ခိုက်မှုအတွက် နောင်တရနေသကဲ့သို့ အမှန်တကယ် ပြုလုပ်ပြနေခဲ့သည်။

“အကို တကယ် တောင်းပန်ပါတယ် အကို ပို၍ သတိထားခဲ့သင့်တယ် ပြီးတော့ လေ့ကျင့်ရေးတိုက်ပွဲမှာ မင်းရဲ့ အကူအညီကို တောင်းမိခဲ့တာတောင်မှ မင်းကိုထိခိုက်မိဖို့သီသီလေးပဲလိုခဲ့တယ်... “

ရဲ့လန် သည် နောင်တရစွာ ခေါင်းကို ငုံ့ထားခဲ့သည်။

အာရန်သည် အဓိကဇာတ်လိုက်ကို နောက်သို့ပင် လှည့်မကြည့်နေခဲ့သော်လည်း သူသည် သူ၏ တပည့်မလေးကို သတ်လုနီးပါး ဖြစ်ခဲ့သည်မဟုတ်ပါလော။

မတော်တဆမှု ဟုတ်လား။ မဟုတ်ပေ ၎င်းသည် မတော်တဆမှုတစ်ခု မဟုတ်ပေ။ ထိုအရာအားလုံးသည် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့ခြင်းဖြစ်လေသည်။ထို့ပြင် သူက အခုတွင် ဤပုံစံဖြင့်ဟန်ဆောင်နေသည်တဲ့လား။

“ရပါတယ် ရှင်က တိုက်ပွဲထဲမှာ စိတ်နစ်မြုပ်သွားခဲ့တာပဲ ဒါကြောင့် ရှင်ကလည်း ဒါမျိုး ဖြစ်ဖို့ရည်ရွယ်ခဲ့မှာမဟုတ်ပါဘူး”

အာရန် မပြောခင် ချင်းယု က ပြန်ဖြေလိုက်သည်။

“ပြီးတော့ ဒါက ကျွန်မရဲ့ ရှုံးနိမ့်မှုဆိုတာ ရှင်းနေတယ် ရှင်က တကယ်ကို အားကောင်းလွန်းတယ် ရှင်သာ ဆရာရဲ့ သားရဲကို မဆန့်ကျင်ခဲ့မိရင် ရှင်က ဒီနှစ်ရဲ့ ထိပ်တန်းနံပါတ်တစ်ဂိုဏ်းသားတစ်ဦး ဖြစ်လာခဲ့နိုင်တယ်”

မိန်းကလေးသည် သူမ ရှုံးနိမ့်ခဲ့သောကြောင့် အံ့အားသင့်သွားခဲ့လေသည်။

သို့တိုင် သူမသည် သူမ၏ တည်ငြိမ်မှုကို ထိန်းသိမ်းကာ ရှုံးနိမ့်မှုကို လက်ခံခဲ့လေသည်။

“အကြီးအကဲ ရန် ကျွန်တော်...”

ရဲ့လန် သည်လည်း အာရန်ကို တောင်းပန်ရန် ကြိုးစားလိုက်သည်။

သို့သော် သူ၏ စကား မပြီးဆုံးခင်မှာပင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားတော့လေသည်။

သူ၏ ခန္ဓာကိုယ်ပေါ်သို့ ထက်မြက်သော ဓားအော်ရာတစ်ခု ကျဆင်းလာကာ “ဒုန်း” ခနဲ မြည်သံတစ်ခုထွက်ပေါ်လာကာ ဒူးထောက်ကျသွားသွားလေသည်။

“နောက်ထပ် စကားတစ်ခွန်းထပ် ပြောရင် မင်းရဲ့ ခေါင်းက ပျံနိုင်သွားလိမ့်မယ်”

#Catfoot

All Chapters