အခန်း (၇၂၁)
Vol. 49 Ch. 721
ယခင်ဘဝကဆိုလျှင် ညအင်ပါယာသည် အလွန်အမင်း စိတ်တိုတတ်သူ တစ်ယောက်ဖြစ်ပြီး များပြားလှသော သူများကို ရန်ပြုတိုက်ခိုက်ခဲ့ဖူး၏။ တခြားသော သိုင်းအင်ပါယာ ရှစ်ယောက်တွင် လေးယောက်သည် သူနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြဖူးပြီး သုံးယောက်မှာတော့ ကြီးမားသည့်ရန်ငြှိုးရှိ၏။ တစ်ယောက်သည် သူ၏ နာမည်အား ထုတ်ဖော်ပြောဆိုတိုင်း ကျိန်ဆဲတတ်သည့်လူတစ်ယောက် ဖြစ်နေ၏။ သူသည် အဘယ်မျှ ဆိုးရွားသည့် လူတစ်ယောက်ဖြစ်ကြောင်း သိသာလွန်းလှ၏။
ပြန်လည်မွေးဖွားပြီးချိန်မှာတော့ ရီရှင်းချန်၏ အမူအကျင့်များသည် အနည်းငယ်တော့ ပြောင်းလဲသွားသည်။ သူသည် ဂိုဏ်းထဲတွင် ငြိမ်ငြိမ်သက်သက်နှင့် လေ့ကျင့်လျက်ရှိပြီး ထိပ်ဆုံးအဆင့်ဆီသို့ ပြန်ရောက်ပြီး ထိုမိန်းမကို လက်စားချေရန်သာလျှင် သူ၏ဦးနှောက်ထဲ၌ ရှိနေတော့၏။ သို့ပေမဲ့ နဂါးကျားတိုက်ပွဲကို လာရောက်ယှဉ်ပြိုင်သည့် အချိန်တွင် အလွန်တရာ ကျိုးကြောင်းမဆီလျော်ဘဲ မောက်မာလွန်းသည့် လူတစ်ယောက်နှင့် တကယ်ပင် ဆုံတွေ့ ခဲ့တော့သည်။
အစ်ကိုရီသည် သူ၏ စိတ်ဒေါသကို ဖိနှိပ် မထားနိုင်တော့ချေ။ မည်သို့ပင်ဆိုစေကာမူ သေမတတ် အခြေအနေသို့ရောက်အောင် သူသည်နှိပ်စက် ရိုက်နှက်ရန် စဉ်းစားထားမိတော့၏။
ဟမ့်
အောင်းဝူရှန်သည် ထူးမခြားနားသလို ပြောလိုက်၏။
“အမှိုက်တွေက အားကောင်းချင်ယောင် ဆောင်နေတာပဲ”
ရီရှင်းချန်သည် ဒိုင်လူကြီးကို လှမ်းကြည့်ကာ အော်လိုက်၏။
“စကြမယ်”
သူ၏မျက်လုံးနှင့် ပါးစပ်ထဲမှ ထွက်ပေါ်လာသောအသံများသည် ငရဲပြည်မှ ရောက်ရှိလာသော လူတစ်ယောက်ကဲ့သို့ အော်ရာမျိုးကို ထုတ်ဖော်လျက်ရှိသည်။ ဒိုင်လူကြီးပင်လျှင် ထိတ်လန့်တုန်လှုပ်စွာဖြင့် နောက်သို့ ခြေနှစ်လှမ်း ဆုတ်မိလိုက်တော့သည်။ သူသည် အလျင်အမြန်ပင် ပြောလိုက်သည်။
“စ”
ဝှစ် ဝှစ်
ပြောပြောပြီးချင်းမှာပဲ အလွန်တရာကြမ်းတမ်းသည့် အားအင်လှိုင်းများသည် ဖြစ်တည်လာပြီးသည့်နောက် သူ့အား နောက်ဘက်သို့ လွှင့်စင်သွားစေသည်။ သူသည် စင်မြင့်၏ အစပ်နားဆီသို့ ရောက်မှသာလျှင် ငြိမ်ငြိမ် ရပ်တန့်နိုင်၏။ ကြည့်ရှုနေသူများအားလုံးသည် ဆွံ့အသွားမိကြ၏။ ဤဒိုင်လူကြီး၏ ကျင့်ကြံခြင်းအဆင့်သည် ကျိန်းသေပေါက် သိုင်းဘုရင်ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်၏။ အမှန်တကယ်ပင် ပါဝင်ယှဉ်ပြိုင်သူများ ၏အော်ရာများကြောင့် ပြိုင်ပွဲစင်မြင့်အစပ်နားဆီသို့ တွန်းလွှတ်ခြင်းကို ခံခဲ့ရ၏။ ကြောက်မက်ဖွယ်ရာ ကောင်းလွန်း လှချေ၏။
ဘုန်း
ကျယ်လောင်လှသော အသံကြီး ထွက်ပေါ်လာသည်။ အားလုံးသည် လှည့်ကြည့်လိုက်ချိန်မှာတော့ ရီရှင်းချန်သည် လက်သီးတစ်လုံးကို ပစ်လွှတ်ထိုးနှက်ပြီး ဖြစ်နေတော့သည်။
“စီနီယာအစ်ကိုရီက တကယ့်ကို ကြောက်စရာပဲ”
ပြိုင်စံရှားဂိုဏ်းသားများသည် ဤကြောက်မက်ဖွယ်ရာပုံရိပ်ကို မြင်ရချိန် မှာတော့ ထိတ်လန့်ကြောက်ရွံ့နေမိကြသည်။ အထူးသဖြင့် ၎င်းတို့၏ စိနီယာအစ်ကိုရီဆီမှ ထွက်ပေါ်နေသော အားအင်အဆင့်သည် အလွန်တရာ ကြမ်းတမ်းလွန်းလှပြီး ကြောက်မက်ဖွယ်ရာလည်း ကောင်းလွန်းလှ၏။ ထို့အပြင် သတ်ဖြတ်လိုခြင်းဆန္ဒများနှင့်လည်း ပြည့်နှက်လျက်ရှိနေတော့သည်။
“အစ်ကိုအားညို”
ဟွေ့အာသည် ကြောင်အအဖြင့် ကြည့်မိနေတော့သည်။ ဤအလွန်တရာ အားကောင်းလှပြီး သတ်ဖြတ်လိုခြင်း ဆန္ဒ များနှင့် ပြည့်နှက်လျက်ရှိသည့် အော်ရာမျိုးသည် ဟွေ့အာရင်းနှီးသည့်အရာမျိုး မဟုတ်ပေ။ ထိုသူသည် အစ်ကို အားညို လုံးဝမဟုတ်ပေ။ ရီရှင်းချန်သည်သာဖြစ်၏။ သူမ၏ အစ်ကိုအားညိုသည် ဘယ်တော့မှ ပြန်မလာနိုင်တော့သည်ကို နားလည်လက်ခံလိုက်မိပြီဖြစ်သည်။
ပြောရမည်ဆိုလျှင် အမျိုးသမီးတစ်ယောက်၏ အလိုလို သိစိတ်သည် အလွန်တရာ အားကောင်းလွန်းလှ၏။
“အရာအားလုံးက ပြောင်းလဲသွားခဲ့ပြီပဲ”
ဟွေ့အာ၏ မျက်လုံးများသည် ဝေဝါးလာပြီးသည့်နောက်မှာတော့ သူမ၏ ပါးပြင်တွင် မျက်ရည်စများ ကျဆင်းလာတော့သည်။ သူမသည် ရှိုက်ငိုနေမိ၏။ “ငါ … ငါသူ့ကို ဘယ်လိုမှ ပြန်မရနိုင်တော့ဘူး”
“အစ်မလီ”
လျှိုဝမ်ရှစ်က ပြောလိုက်၏။ “သွားပြီးတော့ ဖေးမပေးလိုက်ပါအုံး”
လီလိုရှုသည် ခေါင်းကို ယမ်းခါကာ ပြောလိုက်၏။
“တကယ်လို့ ချစ်စရာရှိရင်လည်း ချစ်လိုက်ကြတာပေါ့၊ တကယ်လို့ မချစ်တော့ဘူးဆိုရင်လည်း မချစ်တော့သလို ထားလိုက်တာပေါ့၊ ဒီကိစ္စကို ငါတို့ ဘာမှ ကူညီပေးလို့မရဘူး”
………
တိုက်ခိုက်ရေးစင်မြင့်ပေါ်မှာတော့ ရီရှင်းချန်သည် လက်သီးတစ်လုံး ထိုးနှက်ပြီးသည့်နောက်မှာတော့ အောင်းဝူရှန် သည် နောက်ဘက်သို့ ခြေနှစ်လှမ်းဆုတ်ခွာသွားသည်။ အောင်းဝူရှန်သည် မထီမဲ့မြင်ပြုံးကာ ပြောလိုက်၏။
“မင်းရဲ့အားအင်အဆင့်က မဆိုးဘူးပဲ၊ တကယ်လို့ အမှိုက်တွေကိုသာ အဆင့်အတန်းခွဲထားမယ်ဆိုရင် မင်းက ဒုတိယနဲ့ တတိယအဆင့် အမှိုက်လောက် ရှိလိမ့်မယ်”
“တကယ်လား”
ရီရှင်းချန်သည် ရှေ့သို့ လှမ်းတက်လိုက်၏။ သူ၏ လက်သီးတွင်တော့ စိတ်ဝိညာဉ်စွမ်းအင်များ ဖြစ်တည်လာပြီး သည့်နောက် တည်နေရာကိုပင် ဖြတ်ခွင်းကာ ထိုးနှက်ခြင်းကို ပြုလုပ်၏။
ဘန်း
ဤလက်သီးချက်သည် တည်နေရာတစ်ခုလုံးကိုပင် တုန်ခါသွားစေသည်။
ဝုန်း ….။
အောင်းဝူရှန်သည် သူ၏ရှေ့တွင် ချီနံရံတစ်ခုကို ဖန်တီးပြီး အလွန်တရာ အားကောင်းလှသည့် လက်သီးချက်ကို တားဆီးလိုက်၏။ ၎င်း၏ ခန္ဓာကိုယ်သည်လည်း အရှိန်အဟုန်ပြင်းပြင်းနှင့် အနောက်သို့ ဆုတ်သွားရသည်။
“ဂျူနီယာညီလေးရီက ဘာတိုက်ခိုက်ရေးနည်းစနစ်ကို သုံးလိုက်တာလဲ” စုရှောင်မိုသည် အံ့အားတသင့်ဖြင့် ပြောလိုက်မိ၏။
လီချင်းယန်သည်လည်း ကြောင်အအနှင့် ဖြစ်မိသည်။ “ငါလည်း သေချာမသိဘူး”
ပြိုင်စံရှားဂိုဏ်း၏ လက်ရှိအားအကောင်းဆုံးသော လက်သီးနည်းစနစ်သည် မြေကွဲလက်သီးပင်ဖြစ်သည်။ သို့ပေမဲ့ ရီရှင်းချန်၏ လက်သီးနည်းစနစ်မှာတော့ ထိုကဲ့သို့ မဟုတ်ချေ။
ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ တွေးလိုက်မိ၏။ “ဒီကောင်က တစ်ခုခုတော့ တစ်ခုခုပဲ”
ပြိုင်စံရှားဂိုဏ်းမှ မဟုတ်သော တခြားသောနည်းစနစ်များကို ရီရှင်ချန်သည် ထုတ်ဖော်အသုံးပြုနေ၏။ ထို့ကြောင့် ရီရှင်းချန်သည် ပြန်လည်မွေးဖွားလာသော ကျွမ်းကျင်သူတစ်ယောက်ဖြစ်မည်မှာ ပို၍ သေချာသွားတော့၏။ ထို့အပြင် လက်ရှိထုတ်ဖော် တိုက်ခိုက်နေသည့် သိုင်းနည်းစနစ်၏ အဆင့်သည် နတ်ဘုရားအဆင့် သိုင်းနည်းစနစ်မျိုး ဖြစ်လို့နေ၏။ တစ်စုံတစ်ယောက်သည် ပိုက်ဆံရှိသည် ဆိုလျှင်တောင်မှ ဈေးထဲတွင် သွား၍ ဝယ်ယူနိုင်သည့် နည်းစနစ်မျိုး မဟုတ်ချေ။
အောင်းဝူရှန်သည် သူ၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းချုပ်ပြီးနောက် ပြုံးလိုက်တော့သည်။ “ခုနက လက်သီးချက်ကို ကြည့်ရမယ်ဆိုရင်တော့ ပထမတန်းစားအမှိုက်နဲ့ ထိုက်တန်နေပြီ”
ရွှီး …။
ထိုအချိန်မှာတော့ ရီရှင်းချန်သည် သူ၏ရှေ့၌ ပေါ်လာ၏။ ပြီးနောက်ပြောလိုက်သည်။ “အမှိုက်”
တစ်ဖက်လူသည် မည်ကဲ့သို့ သူကို အမှိုက်ပင်ခေါ်ခေါ်၊ အမှိုက်ကို အဆင့်အတန်း အမျိုးမျိုးခွဲခြား၍ အမှတ်တွေ ပေးကာ ခေါ်ဆိုနေသည်ဆိုလျှင်တောင်မှ ညအင်ပါယာမှာတော့ ထူးခြားလွန်းသည်။ သူသည် အမှိုက်ဟူသည့် စကားတစ်ခွန်းတည်းကိုသာ ပြောနေသည်။ ဤအရာမှာ တစ်ဖက်လူ၏ ခေါင်းထဲနှင့် နှလုံးသားထဲတွင် စွဲစွဲမြဲမြဲ ထင်မှတ်သွားစေနိုင်သည့်အရာပင် ဖြစ်ပေလိမ့်မည်။
ဘုန်း
ကြမ်းတမ်းလှသော လက်သီးချက်ကြီးသည် ကျဆင်းလာသည်။ အောင်းဝူရှန်၏ရှေ့တွင်ရှိသော အကာအကွယ် အစီအရင်သည် ပျက်ဆီးသွားခဲ့သည်။ သူသည် နောက်သို့ ခြေတစ်လှမ်းခန့် ဆုတ်ပြီးသည့်နောက်မှာတော့ ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် ထိန်းသိမ်းလိုက်တော့သည်။ ပြီးနောက် လေးလေးနက်နက် ပြောလိုက်တော့သည်။ “ငါ့ကိုတကယ် အတည်ကြီး တိုက်ခိုက်စေချင်တာလား”
ညအင်ပါယာသည် ရှေ့သို့လှမ်းတက်လိုက်ပြီးသည့်နောက် အလွန်တရာ နားငြီးလှသော ဤလူ၏ မျက်ခွက်ကို တည့်တည့်ပင် ထိုးချလိုက်၏။
“မင်း အတည်ကြီးတိုက်ခိုက်တော့၊ ငါကတော့မင်းကို ဆက်ပြီး နှိပ်စက်နေမှာပဲ”
“ချီးတဲ့မှ”
အောင်းဝူရှန်သည် ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းသိမ်းပြီးသည့်နောက်မှာတော့ သူ၏မျက်လုံးထဲတွင် ဒေါသ အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။ ပြီးနောက် သူသည် လက်သီးကို ဆုပ်လိုက်ချိန်မှာတော့ သူ့ဆီမှ ကြမ်းတမ်း လှသော လျှပ်စီးလှိုင်းများ ဖြစ်တည်လာ၏။ သူ၏ ဆံနွယ်များသည်ပင်လျှင် လျှပ်စီးလှိုင်းများ ဖြတ်ေြ“မိုးကြိုးသဘာဝ သိုင်းကျင့်ကြံသူပဲ” ကြည့်ရှုနေကြသူများ အားလုံးသည် ထအော်လိုက်မိကြသည်။
ဂိုဏ်း၏အကြီးအကဲတစ်ယောက်ဆိုလျှင် သူ၏ အံ့အားသင့်မှုကို မဖုံးကွယ်နိုင်ဟန်ဖြင့် ပြောလိုက်သည်။ “လောကပုန်ကန်နတ်ဂိုဏ်းရဲ့ သခင်လေးက မိုးကြိုးဓာတ်သဘာဝကို ကျင့်ကြံတဲ့လူတစ်ယောက်ဖြစ်နေမယ်လို့ ကျုပ်ထင်ကို မထင်မိဘူး”
ဟူး ……။
ခန္ဓာကိုယ်ပတ်ပတ်လည်တွင် မိုးကြိုးနှင့်လျှပ်စီးလှိုင်းများ ဖြတ်ပြေးလျက်ရှိနေသည်။ အောင်းဝူရှန်သည် သူ၏ လက်ကိုအသာမြှောက်လိုက်ပြီးနောက် ဂုဏ်ယူစွာဖြင့်ပြောလိုက်၏။ “အမှိုက်… မင်းစိတ်ဓာတ်ကျနေပြီလား”
ရွှီး
သူ၏လက်ချောင်းထိပ်တွင် လျှပ်စီးလှိုင်းများ ဖြတ်ပြေးသွားပြီးနောက် ချက်ချင်းဆိုသလိုပဲ မိုးကြိုးသွားတစ်ခု ဖြစ်တည်လာကာ ပစ်လွှတ်လိုက်တော့၏။ အလွန်တရာ မြန်ဆန်သည့်အရှိန်နှုန်းဖြင့် ရှေ့သို့ပြေးဝင်သွားခဲ့သည်။
ရီရှင်းချန်၏အရှေ့ရှိ တည်နေရာတစ်ခုလုံးသည် တုန်ခါသွားပြီးသည့်နောက်မှာတော့ ရှစ်ထောင့်ပုံ ယင်ယန် လက္ခဏာကြီးတစ်ခုသည် ထင်ပေါ်လာပြီးသည့်နောက် အလွန်တရာ ခိုင်မာလှသော အတားအဆီးတစ်ခု ဖွဲ့တည်လျက်ရှိနေတော့၏။
ဒင် ….။
မိုးကြိုးသွားသည် ထိုအရာနှင့်ထိမှန်ပြီးသည့်နောက်မှာတော့ နောက်သို့ ပြန်ကန်သွား၏။ အောင်းဝူရှန်၏ မျက်နှာ တစ်ခုလုံးသည် အေးခဲသွားသည်။ အဘယ်ကြောင့်ဆိုသော် သူတိုက်ခိုက်သော လက်နက်နှင့် နည်းစနစ်သည် သူ့ဆီသို့ ပြန်လည်ရောက်ရှိလာသောကြောင့်ပင်ဖြစ်၏။ အောင်းဝူရှန်သည် ချက်ချင်းဆိုသလိုပဲ သူ၏ညာဘက် လက်ကို အသာဖွင့်ကာ ရိုက်နှက်လိုက်သည်။
ဝုန်း …။
မိုးကြိုးပစ်ချလိုက်သောအသံကြီးသည် တည်နေရာတစ်ခုလုံးတွင် ပျံ့နှံ့လာ၏။ လျှပ်စီးတန်းများသည် သူ၏ ခန္ဓာကိုယ်နှင့် ထိတွေ့ချိန်မှာတော့ ကျယ်လောင်လှသော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာတော့သည်။ အလွန်တရာ ပြင်းထန်လွန်းသည် အားအင်အဟုန်များကြောင့် ၎င်း၏ ခြေရင်းအောက်တွင်ရှိသော ကျောက်ပြားချပ်ကြီးများ အားလုံးသည် ကွဲအက်ကုန်ကြတော့၏။
ဒွီ … ဒွီ …။
ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် လှိုင်းအဟုန်များသည် မပြီးဆုံးသွားသေးချေ။ ရီရှင်းချန်မှာတော့ လှုပ်ရှားလာခဲ့သည်။
အောင်းဝူရှန်ကို အလယ်ဗဟိုပြု၍ အလွန်တရာ ကြီးမားလှသော ယင်ယန် ပုံရိပ်ယောင်များ ရေးထိုးထားသော စည်းကြီးတစ်ခု ဖြစ်တည်လာခဲ့၏။
“ဒါက ဘာတိုက်ခိုက်ရေးနည်းစနစ်လဲ”
“တစ်ခါမှ မမြင်ဖူးဘူး” သိုင်းကျင့်ကြံသူများ အားလုံးသည် ဆွံ့အသွားကြသည်။
လက်ရှိအခြေအနေမှာတော့ မိုးကြိုးနှင့် လျှပ်စီးအော်ရာများ သည် ပျောက်ကွယ်သွားပြီဖြစ်၏။ အောင်းဝူရှန်သည် တည်နေရာတွင် မတ်မတ်ရပ်လျက်ရှိပြီး သူ၏ဆံပင်များ သည် ထောင်ထနေ၏။ မျက်လုံးများသည်လည်း မှေးမှိန်လျက်ရှိနေ၏။ သူထုတ်လွှတ်လိုက်သော စွမ်းအင်များသည် သူ့အား နာကျင်စေခဲ့သည်။ ရုတ်တရက်ဆိုသလိုပဲ အားကောင်းလှသော စိတ်ဝိညာဉ်စွမ်းအင်များသည် လေထုထဲတွင် ဖြစ်တည်လာပြီး သည့်နောက်မှာတော့ ဒေါသတကြီးဖြင့် လက်သီးချက်များကို ထုတ်ဖော် ထိုးနှက်တော့၏။
ရီရှင်းချန်သည် ဘေးတစ်ဖက်သို့ အသာရှောင်ရှားလိုက်ပြီးသည့်နောက်မှာတော့ ထိုလက်သီးချက်ဆီမှ ပါဝင်လာသော မိုးကြိုး အားအင်များ အားလုံးသည် အနောက်ဘက်သို့ ပြန်ကန်သွားခဲ့သည်။
အောင်းဝူရှန်၏ လက်သီးချက်သည် သူ့ဆီသို့သာ ပြန်လည်ရောက်ရှိလာခဲ့၏။ ထို့ကြောင့် မည်သို့မှ မရှောင်ရှားနိုင်တော့ပဲ မိမိကိုယ်ကို ထိုးနှက်သလိုဖြစ်ကာ ပါးစပ် ထဲမှ သွေးတွေ အန်ထွက်လာတော့၏။
“…….” ကြည့်ရှုနေကြသော ကျင့်ကြံသူများ၏ နှုတ်ခမ်းများသည် တုန်ယင်လျက်ရှိနေသည်။
ဤအတားအဆီးသည် ရိုးရှင်းလှသည်ဟု ထင်မှတ်ရသော်လည်း ပြန်ကန်လာသည့် အားအင်အဆင့်၏ အကျိုးသက်ရောက်မှုသည် ပြင်းထန်လွန်းလှ၏။ လောကပုန်ကန်နတ်ဂိုဏ်း၏ သခင်လေးသည် မိမိကိုယ်ကို ထိုးနှက်သလို ဖြစ်သွား၏။ ဒဏ်ရာရရှိခဲ့သည် မှာတော့ အလွန်တရာ ရယ်ဖို့ပင်ကောင်း၏။
“ငါစိတ်တိုလာပြီ” အောင်းဝူရှန်သည် သူ၏ခန္ဓာကိုယ်ထဲရှိ သွေးများကို ဖိနှိပ်လိုက်ပြီးသည့်နောက် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ သူ၏အမဲရောင်ဆံနွယ်များသည် အားကောင်းလှသည့်လျှပ်စီးဓာတ်များဖြင့် ပြည့်နှက်သွားတော့သည်။
ဝုန်း … ဝုန်း …။
စင်မြင့်၏ အထက်နားတွင် မိုးကြိုးတိမ်များ ဖြစ်တည်လာပြီးသည့်နောက် ကြမ်းတမ်းလွန်းသော မိုးကြိုးစွမ်းအင် များသည် စုဝေးလာခဲ့၏။
“မိုးကြိုးအပြစ်ပေးမှု”
အောင်းဝူရှန်သည် ဒေါသတကြီး အော်ဟစ်လိုက်သည်။
ဘုန်း ဘုန်း ဘုန်း
မိုးကြိုးတိမ်များထဲမှာ လျှပ်စီးတန်းများ ဖြတ်ပြေးလျက်ရှိပြီး တည်နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။ တိုက်ခိုက်ရေး တည်နေရာကြီးတစ်ခုလုံးသည် တိမ်မဲများနှင့် မဲမှောင်သွားတော့၏