အခန်း (၇၂၂)
Vol. 49 Ch. 722
လေထုထဲတွင် ပြည့်နှက်လျက်ရှိသော မိုးကြိုးတိမ်များအားလုံးသည် လျှပ်စီးတန်းများ ဖြတ်ပြေးသွားပြီးသည့် နောက် မိုးကြိုးများပစ်ချမည့်ဟန် ဖြစ်ပေါ်လာခဲ့သည်။ ဤအရာသည် ကြည့်ရှုနေကြသူများအားလုံးကို ထိတ်လန့် တုန်လှုပ်မိစေ၏။ ဤအရှိန်အဟုန်နှင့် ဤအားအင်သည် အမှန်ပင် သိုင်းဘုရင်အဆင့် လူငယ်လေး တစ်ယောက်ဆီမှ ထွက်ပေါ်လာခြင်း ဖြစ်နေသည်လား။
မြို့တော်ဝန်ဟန်သည် တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ “လောကပုန်ကန်နတ်ဂိုဏ်းရဲ့ သခင်လေးက ကြွယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ မျိုးဆက်သစ်တွေထဲမှာ ခေါင်းဆောင် တစ်ယောက်ဖြစ်လာလိမ့်မယ်”
လက်ရှိဖွဲ့စည်းထားသည့် မိုးကြိုးအားအင်များကို သုံးသပ်ရမည်ဆိုလျှင် ကြည့်လိုက်သည်ဆိုသည်နှင့် သူသည် ကောင်းမွန်သည့်မှတ်ချက်ကို ပြုနိုင်ပေလိမ့်မည်။
“ဒီလိုလား” ကျွင်းချောင်ရှောင်းသည် ရယ်လိုက်မိ၏။ အတိတ်တုန်းကဆိုလျှင် ဤအရာမှာ ဖြစ်ချင်ဖြစ်လာနိုင်သည်။ သို့ပေမဲ့ အနာဂတ်မှာတော့ ဖြစ်လာစရာ အကြောင်းမရှိချေ။ အဘယ်ကြောင့်ဆိုသော် စိတ်ပိုင်းဆိုင်ရာအရိပ်ဆိုးကြီးတစ်ခုကို နားလည်စေရန်အတွက် သူ၏တပည့်သည့် တစ်ဖက်လူကို ကောင်းကောင်းသင်ပြပေးလိမ့်မည် ဖြစ်သောကြောင့်ပင်။
ဂျိန်း ….။
မိုးကြိုးထောင်ကျော်တို့သည် တည်နေရာတစ်ခုလုံးကို ပစ်ချလိုက်ပြီးသည့်နောက်မှာတော့ တိုက်ခိုက်ရေးစင်မြင့် တစ်ခုလုံးသည် တုန်ရင်လျက်ရှိနေတော့၏။ ရှစ်ထောင့်ပုံ ယင်ယန် ပုံရိပ်ယောင်ကြီးသည် တည်နေရာတစ်ခုလုံးကို ဖုံးလွှမ်းထား၏။
ဟူး ဟူး
ယင်ယန်ရှစ်ထောင့်ပုံတွင် ရှိသော သင်္ကေတများသည် မြန်မြန်ဆန်ဆန် လှည့်ပတ်လျက်ရှိပြီး ချောမွေ့နေသည် ရိုးရှင်းသော အတားအဆီးကြီးတစ်ခုသည် ထပ်မံ၍ ထွက်ပေါ်လာတော့သည်။ ဤတိုက်ကွက်အား စကြဝဠာ ပြောင်းပြန်လည်ခြင်းဟုပင် ခေါ်တော့သည်။
သေမင်းတောင်ကြားထဲမှာတုန်းက ရီရှင်းချန်သည် ရှောင်ကျီကို ကယ်တင်ရန်အတွက် ဤတိုက်ကွက်ကို ထုတ်ဖော်အသုံးပြုခဲ့၏။ ထိုအချိန်တုန်းက သူသည်သိုင်းတပည့်အဆင့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်သောကြောင့် အသုံးပြုရန် အလွန်အမင်းခက်ခဲခဲ့၏။
လက်ရှိအခြေအနေမှာတော့ သိုင်းဘုရင်အဆင့်ဆီသို့ လှမ်းတက်ပြီးသည့်နောက်တွင် ထိုအရာကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုရန် လွယ်ကူသွားသည်သာမက ပိုမို၍ နားလည်သည့်အဆင့်တစ်ခုဆီသို့ ရောက်ရှိခဲ့၏။ ဤအမှိုက်နှင့် ရင်ဆိုင်ယှဉ်ပြိုင်ဖို့အတွက် ထိုသိုင်းနည်းစနစ်ကပင် လုံလောက်နေပြီဖြစ်သည်။
ရွှီး ရွှီး
မိုးကြိုးပေါင်းတစ်ထောင်သည် ကျဆင်းလာခဲ့၏။ ဤအရာတွင်လည်း ထူးဆန်းသည့်ကိစ္စရပ်များ ဖြစ်ပေါ်လာခဲ့ သည်။ မိုးကြိုးများသည် အတားအဆီး အစီအရင်ဆီသို့ ရောက်ရှိပြီးသည့်နောက် ပျောက်ကွယ်သွားခဲ့တော့သည်။
“ဘာတွေဖြစ်နေတာလဲ”
“ဒါက တည်နေရာစွမ်းအင်နဲ့ဆိုင်တဲ့ လက်နက်တစ်ခုလား၊ မိုးကြိုးတွေအကုန်လုံးကို သိမ်းဆည်းလိုက်တာ မယုံနိုင်စရာပဲ”
ကြောင်အနေသည့် ကျင့်ကြံသူများကို မပြောနှင့် မြို့တော်ဝန်ဟန်နှင့် သိုင်းနယ်မြေအဆင့် ကျင့်ကြံသူများပင်လျှင် ဤထူးဆန်းသောတိုက်ကွက် လှုပ်ရှားမှုကို မြင်ရချိန်မှာတော့ အံ့အားသင့်သွားကြ၏။
“ဘယ်လိုဖြစ်နိုင်မှာလဲ”
မိုးကြိုးများသည် အတားအဆီးအစီအရင်၏ စုပ်ယူခြင်းကို ခံလိုက်ရသည်ကို မြင်တော့ အောင်းဝူရှန်၏ အလွန်တရာ ဂုဏ်ယူနေသော မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်သွားခဲ့ရတော့သည်။
ရွှီး
ရီရှင်းချန်သည် သူ၏လက်ချောင်းများကို အသာယမ်းခါလိုက်၏။ ချောမွေ့နေသည့် တည်နေရာအစီအစဉ်ကြီး တစ်ခုလုံးသည် ရုတ်တရက်ဆိုသလိုပဲ စောင်းငဲ့သွား၏။
အောင်းဝူရှန်သည် နှလုံးသားထဲတွင် မကောင်းသည့် ခံစားချက်များကို ရရှိလိုက်သည်။ “မကောင်းတော့ဘူး”
ဟူး
ရုတ်တရက်ဆိုသလိုပဲ ဤတည်နေရာအစီအရင်ကြီးဆီမှ မိုးကြိုးသွားများ ထွက်ပေါ်လာခဲ့ပြီး ၎င်းဆီသို့ ရောက်ရှိလာ၏။ အားအင်နှင့် အရှိန်အဟုန်မှာ ၎င်းပစ်လွှတ်တိုက်ခိုက်ခဲ့သည် အရှိန်အဟုန်နှင့် အားအင်အတိုင်းပင် တစ်ပုံစံတည်း တူညီနေ၏။
“ကောင်းလိုက်တဲ့တိုက်ကွက်၊ ကိုယ့်လက်နက်နဲ့ကိုယ် ပြန်ခံရတာမျိုးပေါ့။ ဟား ဟား ဟား ….” ကျွင်းချောင်ရှောင်းသည် အားရပါးရ ထရယ်လိုက်မိသည်။
ဘုန်း ဘုန်း ဘုန်း
စင်မြင့်ပေါ်တွင်တော့ ပေါက်ကွဲသံကြီးများသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
“……..” ကုန်းမြေတိုက်ကြီးတွင်ရှိသော ကျင့်ကြံသူများသည် ဆွံ့အသွားကြသည်။
၎င်းတို့သည် ကောင်းကင်တစ်ခုလုံးကို လင်းထိန်လျက်ရှိသော မိုးကြိုးများကို မြင်နေရသောကြောင့် ဖြစ်သည်။ တစ်ဖက်လူပစ်လွှတ်လိုက်သော မိုးကြိုးများကိုစုပ်ယူလိုက်ပြီးသည့်နောက် ထိုအရာများကိုပင် ပြန်လည်အသုံးပြု၍ တန်ပြန် တိုက်ခိုက်ခဲ့၏။ ထူးဆန်းလှချေ၏။
………….
စင်မြင့်ပေါ်တွင်ရှိသော မိုးကြိုးများသည် အားနည်းသွားသည့်အချိန်မှာတော့ ၎င်း၏အောက်ခြေတွင်ရှိသော ကျောက်ပြားများသည် အမှုန့်များပင်ဖြစ်လျက်ရှိနေတော့သည်။
သို့ပေမဲ့ အောင်းဝူရှန်မှာတော့ ပုံပန်းသွင်ပြင်အရ ဆိုးဝါးနေသည်ဆိုသော်လည်း မတ်မတ်တော့ ရပ်နေနိုင်သေးသည်။ မိုးကြိုးများကြောင့် သူ၏ဆံပင်များသည် ရှုပ်ပွလျက်ရှိပြီး သူ၏သန္ဓေမောက်မာမှုသည်လည်း အနည်းငယ် ကျဆင်းသွားခဲ့တော့သည်။ အမှိုက်တစ်စကြောင့် သူသည် ဤမျှဆိုးရွားသည့် အခြေအနေတစ်ခုသို့ ရောက်ရှိသွားမည်ဟု ထင်ပင် မထင်မှတ်ခဲ့ချေ။
“လုံးဝခွင့်မလွှတ်နိုင်ဘူး”
အောင်းဝူရှန်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ သူ၏လက်ထဲတွင်တော့ မိုးကြိုးနှင့် လျှပ်စီး လှိုင်းများဖြစ်တည်လာခဲ့ပြီး သူသည် ပိုမို၍ အားကောင်းလာခဲ့၏။ ထိုမိုးကြိုးစွမ်းအင်များအားလုံးသည် သူနှင့်အတူ ပေါင်းစပ်ပြီးသည့်နောက်မှာတော့ သူ၏နောက်ဘက်တွင် ကြီးမားလှသည့် မိုးကြိုးနတ်ဘုရားကြီးတစ်ပါး စုဝေး ဖြစ်တည်လာခဲ့သည်။
ဟူး ဟူး
မိုးကြိုးနှင့် လျှပ်စီးလှိုင်းများသည် တည်နေရာတစ်ခုလုံးတွင် ဖြတ်ပြေးသွားပြီးသည့်နောက်မှာတော့ နားတစ်ခုလုံး စူးရှသွားစေမည့်အသံမျိုး ဖြစ်တည်လာသည်။ ထိုအသံထဲတွင်တော့ စစ်စည်သံ၊ စစ်ဟွန်းသံရှည်များ ထွက်ပေါ် နေသည်။ စစ်သည်ပေါင်းတစ်ထောင်ကျော်တို့ တိုက်ပွဲတည်နေရာထဲသို့ ဆင်းသက်လာသည့်အသံမျိုး ဖြစ်ပေ တော့၏။
“ဒါ … ဒါက”
မြို့တော်ဝန်ဟန်သည် ထအော်လိုက်မိ၏။
“ဒါက မိုးကြိုးအသံခန္ဓာကိုယ်ပဲ”
ဟမ်
ကျွင်းချောင်ရှောင်းက မေးလိုက်၏။ “ဒါက အရမ်းကို အားကောင်းလား”
“အရမ်းအားကောင်းတာပေါ့”
မြို့တော်ဝန်ဟန်သည် လေးလေးနက်နက် ပြောလိုက်သည်။ “ဒါကကြယ်ကြွေကုန်းမြေတိုက်ကြီးမှာရှိတဲ့ ခန္ဓာကိုယ်ပေါင်းတစ်ထောင်ထဲမှာဆိုရင် ထိပ်ဆုံးဆယ်ခုစာရင်းထဲကို ဝင်တဲ့ မိုးကြိုးအသံခန္ဓာကိုယ်ပဲ”
ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “ဒါဆိုရင် နတ်မီးခန္ဓာကိုယ်နဲ့ ယှဉ်မယ်ဆိုရင်ကော”
“ဒါက”
မြို့တော်ဝန်ဟန်သည် ခဏလောက် စဉ်းစားကာ ပြောလိုက်၏။ “နတ်မီးခန္ဓာကိုယ်က မီးဓာတ်သဘာဝတွေထဲမှာ အားအကောင်းဆုံး ခန္ဓာကိုယ်ပဲလေ၊ အဆင့်ခြင်းအရ ယှဉ်မယ် ဆိုရင် မိုးကြိုးအသံခန္ဓာကိုယ်က နည်းနည်းလေးတော့ အားကောင်းတယ်”
“ဒါဆိုရင် သာမန်ပါပဲ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
မြို့တော်ဝန်ဟန်သည် ဆွံ့အလျက်ရှိသည်။ ထိပ်တန်း ခန္ဓာကိုယ် ဆယ်ခု စာရင်းထဲတွင် ပါဝင်သည့်အရာအား သာမန်ပါပဲဟု တစ်ဖက်လူသည် ပြောဆိုလျက်ရှိ၏။
“မိုးကြိုးအသံ ခန္ဓာကိုယ်၊ ဒါက မိုးကြိုးအသံခန္ဓာကိုယ်ပဲ”
ဤခန္ဓာကိုယ်အကြောင်း ကောင်းကောင်းသိသော ကျွမ်းကျင်သူများသည် အံ့အားတသင့်ဖြစ်မိနေကြသည်။ လက်ရှိ အခြေအနေမှာတော့ ပြိုင်ပွဲကွင်းထဲရှိ ကြည့်ရှုနေကြသော ကျင့်ကြံသူများ၏ နှလုံးသားများသည် တုန်ခါလျက် ရှိနေသည်။
ထို့ပြင် ဤအရာသည် ကုန်းမြေတိုက်ကြီး၏ ထိပ်တန်းခန္ဓာကိုယ်ထဲမှ တစ်ခုဖြစ်နေသည် မဟုတ်လား။ အစောတုန်းက ရှုံးနိမ့်ကာ ထွက်ခွာခဲ့ရသော ကျောင်းတာ့ကျွမ့် သည် အောင်းဝူရှန်တစ်ယောက် မိုးကြိုးအသံ ခန္ဓာကိုယ်အား အသက်သွင်းလိုက်သည်ကို မြင်ရချိန်မှာတော့ ၎င်း၏မျက်လုံးများသည် တောက်ပလာသည်။
“ငါ သူနဲ့ တိုက်ခိုက်ချင်လိုက်တာ”
ဝှစ် ဝှစ်
စင်မြင့်ပေါ်မှာတော့ မိုးကြိုးစွမ်းအင်များဖြစ်တည်လာပြီးသည့်နောက် ကြီးမားလှသည့် မိုးကြိုးနတ်ဘုရားကြီး တစ်ပါးသည် ပုံရိပ်ယောင်အဖြစ် ဖြစ်တည်လာခဲ့တော့သည်။
“အမှိုက်”
အောင်းဝူရှန်၏ အမဲရောင်ဆံနွယ်များသည် လေထဲတွင် လွှင့်လျက်ရှိသည်။ သူ၏ မျက်လုံးများသည် မိုးကြိုးသွား ကဲ့သို့ပင် လင်းလက်လျက်ရှိသည်။ “ဒီမိုးကြိုးနတ်ဘုရားရဲ့ အားအင်ကို ခုခံတော့”
ဝှီး
သူပြောလို့မပြီးခင်မှာပဲ ရီရှင်းချန်သည် သူ၏ရှေ့၌ ပေါ်လာတော့သည်။ ၎င်း၏လက်များသည် စိတ်ဝိညာဉ်စွမ်းအင် များနှင့် ဖုံးလွှမ်းလျက်ရှိပြီး တိုက်ရိုက်ဆိုသလိုပဲ အောင်းဝူရှန်၏ မျက်နှာအား ဆွဲဖြဲကာ ပြောလိုက်တော့သည်။
“နတ်ဘုရားဆိုတဲ့စကားကို သုံးပြီးတော့ သိက္ခာကျအောင် မလုပ်စမ်းနဲ့”
ဘုန်း
တိုက်ခိုက်ရေးတည်နေရာတစ်ခုလုံးသည် ပြင်းပြင်းထန်ထန်ပဲ တုန်ခါသွားခဲ့တော့သည်။ ထိုအလင်းများအောက်မှာ သေသေချာချာ ကြည့်ရှုမည်ဆိုလျှင် ရီရှင်းချန်သည် ရှေ့သို့ တက်ပြီးသည့်နောက် အောင်းဝူရှန်၏ မျက်နှာအား ကိုင်ကာ မြေပေါ်သို့ ရိုက်ချလိုက်သည်ကို သေသေချာချာ မြင်နေရမည် ဖြစ်တော့၏။
ရွှီး …
ဘုန်း ….
ရွှီး ….
ဘုန်း ……
လောကပုန်ကန်နတ်ဂိုဏ်းမှ သခင်လေး၏မျက်နှာသည် ဤကဲ့သို့ပင် ရိုက်နှက်ခံနေရတော့သည်။ အနောက်ဘက်တွင် ပုံရိပ်ယောင်အဖြစ် ဖြစ်တည်နေသော ကြီးမားလှသည့် မိုးကြိုးနတ်ဘုရားကြီးသည် သူ၏လက်သီးကြီးကို ဆုပ်ကာဖြင့် ကြမ်းတမ်းလှသော အားအင်များနှင့်အတူ ရိုက်နှက်ရန် ပြင်ဆင်လိုက်၏။
ရီရှင်းချန်သည် ရုတ်တရက် သူ၏ဦးခေါင်းကိုလှည့်ကာ အေးစက်သည့်အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ “ထွက်သွားစမ်း”
ဝမ်
တည်နေရာတစ်ခုလုံးသည် ရုတ်တရက် လှိုင်းတွန့်သွားပြီးသည့်နောက် စင်မြင့်ကို အလယ်ဗဟိုပြု၍ ရှိရှိသမျှသော ပုံရိပ်ယောင်စွမ်းအင်များသည် ပျောက်ကွယ်သွားတော့သည်။
စွမ်းအင်များနှင့် ဖြစ်တည်ထားခဲ့သော ကြီးမားလှ သည့် ပုံရိပ်ယောင် မိုးကြိုးနတ်ဘုရားကြီးသည် ရုတ်တရက် ရပ်တန့်သွားရုံမက မည်သို့သော အချိန်ကမှ မရှိခဲ့သလို အားလုံး၏မြင်ကွင်းထဲမှ ပျောက်ကွယ်သွားတော့သည်။ တည်နေရာတစ်ခုလုံးသည် တိတ်ဆိတ် ငြိမ်သက်သွား၏။
ဘုန်း ဘုန်း ဘုန်း ဘုန်း
အောင်းဝူရှန်၏ ခေါင်းကို ကိုင်၍ မြေပြင်နှင့် အားရပါးရ ရိုက်နှက်နေသည့်အသံသည်သာ ကျယ်လောင်စွာ ထွက်ပေါ်လျက်ရှိနေတော့သည်။
အဝေးတစ်နေရာတွင် ရပ်နေသော စုရှောင်မိုနှင့် လီချင်းယန်တို့အားလုံးသည် ထိုအချင်းအရာကို ကြည့်ရှုပြီး ၎င်းတို့၏ ဦးခေါင်းများပင် နာကျင်နေသလို ခံစားနေမိကြသည်။
“ဘာတွေဖြစ်နေတာလဲ”
“ခုနတုန်းက ဖြစ်တည်ထားတဲ့ ပုံရိပ်ယောင်မိုးကြိုးနတ်ဘုရားကြီးက ဘယ်ရောက်သွားတာလဲ” အားလုံးသည် သတိပြန်ဝင်လာချိန်မှာတော့ မျက်နှာပေါ်တွင် အံ့အားသင့်မှုများနှင့် ပြည့်လျက်ရှိနေတော့သည်။
မြို့တော်ဝန်ဟန်သည် လည်း မျက်မှောင်ကုတ်မိလိုက်၏။ ရီရှင်းချန် ပြောဆိုလိုက်သည့် ထွက်သွားစမ်းဆိုသည့်စကားလုံးတွင် ကြောက်မက်ဖွယ်ကောင်းသော အော်ရာများ ပါဝင်နေသည်။ သူ၏စိတ်နှလုံးထဲတွင်ပင်လျှင် ထိတ်လန့်ကြောက်ရွံ့ စိတ်များ တိုးဝင်လာခဲ့တော့သည်။ ဤအရာသည် မည်ကဲ့သို့သော အော်ရာမျိုးဖြစ်ကြောင်း မြို့တော်ဝန်ဟန် တစ်ယောက် သေသေချာချာ နားမလည်နိုင်ခဲ့ချေ။
အစစ်အမှန်တရားမှာတော့ ဤအော်ရာများသည် သိုင်းအင်ပါယာ တစ်ယောက်၏ အော်ရာများဖြစ်သည်။ သိုင်းဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက် ခုခံနိုင်သည့် အရာမျိုး မဟုတ်ချေ။
ရီရှင်းချန်သည် မောက်မာလှပါသည် ဆိုသော အောင်းဝူရှန်၏ မျက်နှာကိုကိုင်ကာ ကျောက်ပြားနှင့်ပက်ပက်စက်စက် ရိုက်နှက်လျက်ရှိနေ၏။
“ဒီရလဒ်က ထင်ရှားလွန်းသွားပြီ” မြို့တော်ဝန်ဟန်က ပြောလိုက်သည်။ လောကပုန်ကန်နတ်ဂိုဏ်း သခင်လေး၏ ခန္ဓာကိုယ်သည် ဆိုးရွားသည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ ဤကဲ့သို့ ပက်ပက်စက်စက် ရိုက်နှက်ခံရပြီးသည့်နောက်မှာတော့ ပြန်လည် တိုက်ခိုက်နိုင်သည့် စွမ်းရည်များလည်း ဆုံးရှုံးသွားပေလိမ့်မည်။
ထိုသို့ဆိုလျှင်တောင်မှ ရီရှင်းချန်သည် သူ၏ ဒေါသကို မပြေလျော့နိုင်သေးပေ။ အကြိမ်အနည်းငယ် ရိုက်နှက်ပြီးသည့်နောက်မှာတော့ သူသည် အခြားသော လက်တစ်ဖက်နှင့် ဆံပင်ကို ဆွဲယူကာ ကျောက်ပြားနှင့်တစ်ခါ ထပ်မံရိုက်နှက်ပြန်သည်။
များပြားလှသော အစီအရင်ဆရာများ ဖန်တီးထားသည့် ကျောက်ပြားများသည် မည်မျှ မာကျောလှသည်ဆိုသည်ကိုကား အောင်းဝူရှန် တစ်ယောက်သည် မျက်နှာဖြင့် တိုင်းထွာ စမ်းသပ်လျက်ရှိနေတော့သည်။ အလွန်တရာ မာကျောလှပေ၏။
ခဏလောက်ကြာပြီးသည့်နောက် မှာတော့ ရီရှင်းချန်သည် အောင်းဝူရှန်အား ခွေးသေကောင်တစ်ကောင်လို ပစ်လွှတ်လိုက်၏။ ပြီးသည့်နောက် ၎င်း၏မျက်နှာပေါ်သို့ ညာဘက်ခြေထောက်ကို ပစ်တင်ကာ ပြောလိုက်တော့သည်။
“ပြောစမ်း၊ ဘယ်သူက အမှိုက်တုန်း”
“...” အားလုံးသောသူများ၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။
ဒုတိယအဆင့်နတ်ဂိုဏ်းတစ်ခု၏ သခင်လေးသည် အားလုံး၏ မျက်စိရှေ့မှာပဲ ဆိုးရွားစွာ အနိုင်ကျင့် ရိုက်နှက်ခြင်းကို ခံနေရ၏။ ထို့အပြင် မျက်နှာပေါ်သို့ပင် ခြေတင်ကာ မောက်မာစွာ ပြောဆိုခံနေရသေး၏။ ထိုအရာသည် သတ်ဖြတ်ခံလိုက်ရသည်ထက်ပို၍ ရက်စက်လွန်း လှ၏။ သို့ပေမဲ့ ဤနေရာသည် ပြိုင်ပွဲတစ်ခုဖြစ်ပြီး သတ်ဖြတ်၍ မရဆိုသော စည်းမျဉ်းရှိနေခြင်းက ကံကောင်းလွန်းနေသည်။ မဟုတ်ပါက အောင်းဝူရှန် တစ်ယောက်သည် သေဆုံးနှင့်နေသည်မှာ ကြာပြီဖြစ်သည်။
ဟူး
ရုတ်တရက်ဆိုသလိုပဲ တိုက်ခိုက်ရေးတည်နေရာ၏ အထက်ဆီ၌ ကြောက်မက်ဖွယ်ရာကောင်းသော လေလှိုင်းကြီး တစ်ခု ဖြစ်တည်လာသည်။ ပြီးနောက် တည်နေရာကြီးတစ်ခုလုံးသည် ကွဲအက် သွားပြီးနောက် ကြီးမားလှသည် လက်ကြီးတစ်ဖက် ဖြစ်တည်လာ၏။
“ညအင်ပါယာ... ရှင်က အသက်ရှင်လျက်ရှိနေသေးတာပဲ”
အလွန်တရာ သာယာလှသော အသံတစ်ခုသည် သူ၏နားထဲသို့ တိုးဝင်လာ၏။
ဘုန်း
ရီရှင်းချန်သည် မိုးကြိုးပစ်ချခံလိုက်ရသလို တည်နေရာတစ်ခုလုံးတွင် ငူငူကြီး ရပ်လျက်ရှိနေတော့သည်။ ပြီးသည့် နောက်မှာတော့ သူသည် ဦးခေါင်းကိုမော့ကာ ကွဲအက်လာသည့် တည်နေရာကြီးအား သွေးကဲ့သို့ နီရဲလှသည့် မျက်လုံးများနှင့်အတူ မော့ကြည့်လိုက်၏။
“လင်းရောင်”
သူသည် ဤနာမည်အား နှလုံးသားထဲမှ နာကျင်မှုများနှင့်အတူ အော်ဟစ်လိုက်မိသည်။ သူ၏ ဒေါသများသည် အဆုံးစွန်အထိ ဖြစ်တည်လာပြီးသည့်နောက် မျက်နှာတစ်ခုလုံးတွင်ရှိသော သွေးကြောများပင်လျှင် ဖောင်းတက် လာခဲ့သည်။ အဆုံးစွန်အထိ ရူးသွပ်သွားသည့် လူတစ်ယောက်ကဲ့သို့ပင် ခံစားလာမိတော့သည်။
“ရှင်က ပြန်လည်မွေးဖွားလာပြီးတဲ့နောက်မှာ ဘာလို့ သာမန်ဘဝနဲ့ မနေနိုင်ရတာလဲ”
သာယာငြိမ့်ညောင်းလှသော အသံသည် ထပ်မံ၍ ထွက်ပေါ်လာသည်။ သို့ပေမဲ့ အဆုံးသတ်မှာတော့ ကြောက်မက်ဖွယ်ရာကောင်းသည့် သတ်ဖြတ်လိုခြင်းဆန္ဒများသည် တည်နေရာတစ်ခုလုံးတွင် ပြည့်နှက်လာတော့သည်။
ဟူး … ဟူး
ရုတ်တရက်တည်နေရာတစ်ခုလုံး ဆုတ်ပြတ်သွားပြီးသည့်နောက်မှာတော့ ကြီးမားလှသည့်လက်ကြီးတစ်ခုသည် ကောင်းကင်ပေါ်မှ ဆင်းသက်လာခဲ့တော့သည်။ အားအင်အဆင့်အရ ကြည့်မည်ဆိုလျှင် ဤနေရာတွင်ရှိသော သက်ရှိများအားလုံး ပျောက်ကွယ်သွားရတော့မည် ဖြစ်၏။
ရီရှင်းချန်၏ မျက်လုံးသူငယ်အိမ်များသည် ကြုံ့ဝင် သွားတော့သည်။ သူ၏နှလုံးသားထဲတွင် အလွန်အားကောင်းလှသည့် သေဆုံးခြင်း အရိပ်အယောင်များ ဖြစ်တည်လာ၏။ သူသည် စိတ်ထဲမှာတော့ ဒေါသတကြီး အော်ဟစ်လျက်ရှိသည်။ “လင်းရောင်... မင်းစောင့်နေ”
ဘုန်း
ကောင်းကင်ဆီမှ ဖြစ်တည်လာသော စွမ်းအင်များသည် အလွန်တရာကြမ်းတမ်းလှသော အားအင်များနှင့်အတူ တိုက်ခိုက်ရေးတည်နေရာကြီးဆီသို့ ဆင်းသက်လာသည်။ ရုတ်တရက်ဆိုသလိုပဲ ကောင်းကင်ပေါ်ရှိ တိမ်များ အားလုံးပင်လျှင် လွှင့်ပါးသွားခဲ့ရလေ၏။