← Chapters

အခန်း (၇၂၃)

Vol. 49 Ch. 723

အခန်း (၇၂၃)

Vol. 49 Ch. 723

ကောင်းကင်ယံ မှ ကျဆင်းလာခဲ့သော လက်ဝါးရိုက်ချက်ကြီးတစ်ခုလုံးသည် စကြဝဠာတစ်ခုလုံးဆီမှ အားအင်များ ပါဝင်နေသလိုပင်။ ထိုလက်ဝါးရိုက်ချက်ကြီး ဆင်းသက်လာချိန်မှာတော့ တည်နေရာတစ်ခုလုံးသည် အရောင်အဆင်းကင်းမဲ့သွားသလို ဖြစ်သွား၏။ ရှိရှိနေသမျှသော လူအားလုံးသည်လည်း အေးခဲ ရပ်တန့်လျက်ရှိနေကြ၏။

“အထက်နယ်မြေက တစ်စုံတစ်ယောက်လား”

ဟယ်ဝူတီ သည် တုန်လှုပ်သွားမိ၏။ သူ၏ ခန္ဓာကိုယ်သည် လှုပ်ရှားခြင်းကို မပြုလုပ်နိုင်ဘူးဆိုသော်လည်း စိတ်ကတော့ တွေးတော၍ ရနေသေးသည်။ ဤဆင်းသက်လာသော လက်ဝါးရိုက်ချက်ကြီးသည် ကြောက်မက်ဖွယ်ရာကောင်းလှ သော အားအင်အဆင့်တို့ ပါဝင်နေပြီး ထိုမျှ အားကောင်းလှသည့် အားအင်အဆင့်သည့် အထက်နယ်မြေမှ ဖြစ်ကြောင်း သူခံစားသိရှိနေသည်။

ဟယ်ဝူတီ သည် ဇဝေဇဝါဖြစ်မိနေသည်။ “ဒီကောင်ဘယ်လိုဖြစ်ပြီးတော့ အထက်နယ်မြေမှာ ရှိတဲ့လူတွေနဲ့ ပြဿနာတက်ဖူးတာလဲ။ တစ်ဖက်လူက တည်နေရာတစ်ခုလုံးကိုဆွဲဖြဲပြီး တိုက်ခိုက်ရတယ်လို့။ တစ်စုံတစ်ခုပြုလုပ်ခဲ့ပြီးတော့ ဒီနေရာမှာ လာပြီးတော့ ပုန်းအောင်း နေတာလား။”

ဟယ်ဝူတီ သည် အကူအညီမဲ့သူလို ခံစားနေမိ၏။ သူ၏ အရင်ကျင့်ကြံခြင်းများကိုသာ ပြန်လည်ရရှိမည်ဆိုပါက သို့မဟုတ် ၁၀ ရာခိုင်နှုန်းလောက်သာ ပြန်လည်ရရှိမည်ဆိုပါက ဤကဲ့သို့သော စွမ်းအားအဆင့်ဟာ လွယ်လွယ်ကူကူ နှင့် ချိုးဖျက်ဖျက်ဆီးနိုင်၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ သူသည် လှုပ်ရှားခြင်းကိုပင် မပြုလုပ်နိုင်တော့ပေ။ ထို့ကြောင့် သူ၏ ဂိုဏ်းသူ ဂိုဏ်းသားများကဲ့သို့ပင် တူညီစွာဖြင့် ကြည့်ရှုနေခြင်းကိုသာ ပြုလုပ်နေရ၏။

ပြောရမည်ဆိုလျှင် လက်ရှိကျဆင်းနေခဲ့သော လက်ဝါးရိုက်ချက်ကြီးသည် ပြိုင်ပွဲတစ်နေရာ၏ တစ်ဝက် လောက်ကိုပင် ဖုံးလွှမ်းထားခဲ့၏။ သူအဘယ့်သို့ စိတ်မပူပန်ဘဲနေမည်နည်း။

အထက်နယ်မြေဆီမှ အားအင်အဆင့်သည် အလွန်တရာကြီးမားလွန်းလှသည်။ သို့ပေမဲ့ ထိုကဲ့သို့သော အားအင်မျိုး သည် ရီရှင်းချန်ကိုသာ ပစ်မှတ်ထားနေခြင်းဖြစ်ပြီး တခြားသောသူများကိုတော့ မသက်ရောက်ခဲ့ချေ။

“အောင်းဝူရှန်က တကယ့်ကို သနားစရာပဲ”

ဟယ်ဝူတီသည် တွေးလိုက်မိသည်။ “ရီရှင်းချန်ကိုသာ ဒီတိုက်ခိုက်ချက်ထိမိသွားရင် သူလည်း ရောပြီးအသတ်ခံရမှာပဲ။”

“မဟုတ်သေးဘူး။”

ထိုအချိန်မှာဘဲ ပွဲကြည့်စင် စင်မြင့်ဆီမှ အားအင်တစ်ခုသည် ဖြစ်တည်လာခဲ့၏။ ပြီးသည့်နောက်မှာတော့ အလျင်မြန် ဆုံးသောနှုန်းဖြင့် ရီရှင်းချန်၏ ရှေ့သို့ ရောက်ရှိလာတော့သည်။

ဟယ်ဝူတီသည် သူ၏အနည်းငယ်မျှသော စိတ်ဝိညာဉ်စွမ်းအင်များကို အသုံးပြု၍ ခေါင်းကို အတင်းလှည့်ကာ ကြည့်ရှုလိုက်တော့ ထိုကဲ့သို့ အမြန်ဆန်ဆုံးသောနှုန်းဖြင့် ရီရှင်းချန်၏ ရှေ့သို့ ရောက်ရှိသွားသူမှာ ဂိုဏ်းချုပ်ကျွင်းဖြစ်နေကြောင်း မြင်လိုက်ရ၏။

ဂိုဏ်းချုပ်ကျွင်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အလွန်တရာအားကောင်းလှသော အော်ရာများနှင့် ထုတ်ဖော်လျက်ရှိပြီး ခန္ဓာကိုယ်အပေါ်တွင်တော့ သံမဏိကဲ့သို့သော ချပ်ဝတ်တစ်ခု တည်ရှိနေသည်။

ထို့အပြင် ဂိုဏ်းချုပ်ဆီမှ ထွက်ပေါ်နေသော အော်ရာများသည် နောက်ဆုံးအကြိမ် အအေးနန်းတော်မှ ဘိုးဘေး အကြီးအကဲနှင့်တိုက်ခိုက်ခဲ့စဉ်ကထက် ပိုမို၍ အားကောင်းနေ၏။

ထင်မှတ်ထားသည့်အတိုင်းပင်။ ဂိုဏ်းချုပ်ကျွင်းသည် ၎င်း၏အားအင်အဆင့်ကို ဖုံးကွယ်ထားချင်တာဖြစ်ရမည်။

လောကဆောင်ကို ချိုးဖျက်လိုက်ခြင်းဖြစ်သော ကျွင်းချောင်ရှောင်းသည် စက်အတောင်ပံ၏ အကာအကွယ်ပုံစံကို လည်း အသက်သွင်းခဲ့သေး၏။ သူ့အနေနှင့် သူ့တပည့် အတွေးကိုသာ ကြားရှိရမည်ဆိုပါက ကျိန်းသေပေါက်သွား၍ ဖင်ကို ပိတ်ကန်နေမိလိမ့်မည်။ သူ့အနေနှင့် ဤမျှလောက်သော အားအင်ကို ပိုင်ဆိုင်နိုင်ရန် အတွက် ရှိရှိသမျှသော ဝှက်ဖဲအားလုံးကို ထုတ်ဖော်အသုံးပြုထားရခြင်း ဖြစ်သည်။

မိမိကိုယ်ကို သေဆုံးပြီဟု တွေးထင်ထားသော ရီရှင်းချန်သည် သူ၏ရှေ့တွင် ဂိုဏ်းချုပ်တစ်ယောက်ပေါ်လာသည်ကို မြင်ရချိန်မှာတော့ မျက်နှာတစ်ခုလုံးအေးခဲသွား၏။

“ရှင်းချန်”

ကျွင်းချောင်ရှောင်းသည် သူ၏ရှေ့တွင် မတ်မတ်ရပ်လျက်ရှိပြီး ဝင်ရောက်လာသည့် လက်ဝါးရိုက်ချက်ကြီးကို ရင်ဆိုင်လိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “ငါရှိနေတယ်ဆိုရင် ဘယ်သူမှ မင်းကို ထိခိုက်အောင် လုပ်လို့မရဘူး။”

ဤအရာသည် ဂိုဏ်းချုပ်တစ်ယောက်ဆီမှ ချစ်ခြင်းမေတ္တာပင်ဖြစ်တော့သည်။ ထိုသို့သော ချစ်ခြင်းမေတ္တာသည် ရီရှင်းချန်ကို စိတ်လှုပ်ရှားမိစေ၏။

ဘုန်း …။

ကြီးမားလှသော လက်ဝါးရိုက်ချက်ကြီးသည် တိုက်ခိုက်ရေးစင်မြင့်အောက်ဆီသို့ ဆင်းသက်လာသည့်အချိန်မှာတော့ ကောင်းကင်ယံရှိ တိမ်များအားလုံးပင်လျှင် ပျောက်ကွယ်သွားသည်။

အရာအားလုံးပျောက်ကွယ်သွားသည့်အချိန်မှာတော့ ကြီးမားလှသည့် လက်ဝါးရိုက်ချက်ကြီးသည် စင်မြင့်ကြီးကို ဖုံးလွှမ်းလျက်ရှိသည်။

ရီရှင်းချန်နှင့် တခြားသူများအားလုံးသည်မှာတော့ ထိုလက်ဝါးရိုက်ချက်ကြီးနှင့် မသက်ရောက်ခဲ့ပေ။ သို့ပေမဲ့ ၎င်းတို့ သည် တုတ်တုတ်မလှုပ် ငြိမ်သက်လျက်ရှိနေကြ၏။

လက်ရှိအခြေအနေတွင် အထက်နယ်မြေဆီမှ ရောက်ရှိလာသော ဟယ်ဝူတီတစ်ယောက်သည်သာလျှင် ဖြစ်ပျက်နေ သည့် အခြေအနေတစ်ခုလုံးကို သေသေချာချာကြည့်ရှု၍ ရနိုင်၏။ သေချာကြည့်ရှုမည်ဆိုလျှင် လက်ဝါးရိုက်ချက်ကြီး သည် တိုက်ခိုက်ရေးစင်မြင့်ကြီးကို မဖျက်ဆီးနိုင်တော့ကြောင်း သိသာထင်ရှားလှတော့သည်။

ရီရှင်းချန်သည် တွေဝေစွာဖြင့် ရပ်လျက်ရှိနေ၏။

ဂိုဏ်းချုပ်ကျွင်းသည် လက်နက်အပြည့်အစုံဖြင့် သူ၏ရှေ့၌ ပေါ်လာပြီး တစ်ဖက်မှ ကျဆင်းလာသည့် လက်ဝါးရိုက်ချက်ကြီးကို အံကြိတ်ကာ တားဆီးထားနိုင်ခဲ့သည်။

“တကယ့်ကို အားကောင်းလွန်းတာဘဲ”

“မင်းကဘယ်သူလဲ”

ကြည်လင်လှသော အသံတစ်ခုသည် သူ၏ နားထဲသို့ တိုးဝင်လာသည်။ ကျွင်းချောင်ရှောင်းသည် ထိုမေးခွန်းကို မဖြေပေ။ အဲအစား အက်ကွဲကြောင်းများဖြစ်တည်နေသော ကောင်းကင်ယံဆီသို့ မော့ကြည့်ကာ အေးစက်စက် ပြောလိုက်၏။ “ကျုပ်က ကျုပ်တပည့်ကိုယ်စား ဒီလက်ဝါးချက်ကို ရယူထားတယ်၊ အနာဂတ်မှာ အဆတစ်ရာ ပိုပြီး ပြင်းတဲ့ လက်ဝါးရိုက်ချက်တစ်ခုကို ကျုပ်ပြန်ပြီးတော့ အကြွေးဆပ်မယ်။”

“အဆတစ်ရာဟုတ်လား။”

ကြည်လင်ရှင်းသန့်လှသည့်အသံသည် ထပ်မံ၍ ထွက်ပေါ်လာတော့သည်။ “မင်းကိုယ်မင်းအရည်အချင်းရှိတယ်လို့ ထင်နေတာလား။”

“ဂိုဏ်းချုပ်”

ထိုအချိန်မှာဘဲ ဟယ်ဝူတီသည် အသံပို့လွှတ်လိုက်တော့သည်။ “ခုနက တိုက်ခိုက်လိုက်တဲ့လူက အထက်နယ်မြေက ဖြစ်လိမ့်မယ်၊ အထက်နယ်မြေမှာ စည်းမျဉ်းစည်းကမ်းတွေ ရှိတယ်။ အောက်နယ်မြေတွေကို လာပြီးတော့ တိုက်ခိုက်ခြင်းကို တားမြစ်ထားတယ်။”

သူသည် ဤသာယာလှသောအသံကို မကြားရဘူးဆိုသော်လည်း တစ်ဖက်မှ တိုက်ခိုက်လိုက်သောသူသည် အထက်နယ်မြေမှဖြစ်ကြောင်း ၁၀၀ ရာခိုင်နှုန်း သေချာနေ၏။

ထို့ကြောင့် သူသည် အထက်နယ်မြေတွင်ရှိသော စည်းမျဉ်းစည်းကမ်းများကို လှမ်းပြောကာ သတိပေးနေခြင်းပင် ဖြစ်သည်။ အထက်နယ်မြေမှ ကျွမ်းကျင်သူတစ်ယောက်ဖြစ်ခဲ့ပြီးမို့ သူသည် ဤအရာနှင့်ပတ်သက်၍ သိရှိနေသည်။

ကျွင်းချောင်ရှောင်းသည် သူ၏ ဦးနှောက်ကို အမြန်ဆန်ဆုံး အလုပ်လုပ်ကာ ပေါ့ပေါ့ပါးပါးပြောလိုက်၏။ “ဒါက အဆင့်နိမ့်နယ်မြေလေ။ ခွင့်ပြုချက်မရှိဘဲ တိုက်ခိုက်မယ်ဆိုရင် ကောင်းကင်ကြီးရဲ့ နိယာမတွေကို ဖျက်ဆီးသလို ဖြစ်ပြီး အပြစ်ပေးခံရမှာမဟုတ်ဘူးလား။”

“……”

သာယာလှသော အသံရှင်သည် ငြိမ်သက် တိတ်ဆိတ်သွား၏။

ကြည့်ရသည်မှာ သူမသည် အတွေးနက်သွားပုံပေါ်သည်။ ခနလောက်ကြာတော့ အသံတစ်ခုသည် ရီရှင်းချန်၏ နားထဲသို့ တိုးဝင်လာခဲ့သည်။ “ရှင်နဲ့ကျွန်မက တစ်ချိန်က ချစ်ခဲ့ဖူးတာကို ထောက်ထားပြီးတော့ ကိုယ့်ဘာသာကိုယ်နေဖို့ မျှော်လင့်မိတယ်။ အဆင့်နိမ့်နယ်မြေတစ်ခုမှာ သာမန်လူအဖြစ်ပဲ ကောင်းကောင်းမွန်မွန် ရှင်သန်နေထိုင်ပါ။”

ဟူး ဟူး……

ကောင်းကင်ယံတွင် ရှိသော တိမ်ယံအက်ကွဲကြောင်းကြီးသည် ပြန်လည်ကောင်းမွန်သွား၏။ မျက်စိတစ်မှိတ်အတွင်း မူလပုံစံ အတိုင်း ပြန်လည်ဖြစ်တည်သွားခဲ့သည်။ အချိန်ကို နောက်ပြန်လှည့်လိုက် သလိုပင်။ မည်သည့်ထူးခြားချက်မှ မဖြစ်ခဲ့သည့်အတိုင်း ဖြစ်တော့သည်။

တိုက်ခိုက်ရေးတည်နေရာကြီးတစ်ခုလုံးကို ဖုံးလွှမ်းထားသော အားကောင်းလှသည့် ဖိအားကြီးသည်လည်း အလျင် အမြန်ဘဲ ပျောက်ကွယ်သွားခဲ့၏။

“ဟူး”

ကျွင်းချောင်ရှောင်းသည် သူ၏ ချပ်ဝတ်စက်အတောင်ပံအား ပြန်လည်ကာ သိမ်းဆည်းထားလိုက်၏။ သူ၏ လက်များသည် ကြမ်းကြမ်းတမ်းတမ်းတုန်ခါလျက်ရှိသည်။ အသက်ကိုပင် မနည်းရှုနေရ၏။

လောကအဆောင်နှင့် စက်အတောင်ပံတို့၏ အကာအကွယ်ကို အသက်သွင်းလိုက်ပြီဆိုတော့လည်း သူအနေနှင့် လက်ဝါးရိုက်ချက်ကြီးကို ခုခံကာကွယ်ရုံလေးသာ ခုခံကာကွယ်နိုင်ခဲ့၏။ နောက်တစ်ချက်သာ ထပ်မံရိုက်ချလာပါက သူသည် ကျိန်းသေပေါက် သေဆုံးမှာဖြစ်သည်။

သို့ပေမဲ့ စောနတုန်းက သာယာလှတဲ့ အသံပိုင်ရှင်သည် မည်သူဖြစ်နိုင်သနည်း။ ဤလက်ဝါးရိုက်ချက်ကြီးသည် ရီရှင်းချန်အား တိုက်ခိုက်ရန် ရောက်ရှိလာခြင်း ဖြစ်၏။

စနစ်ကပြောလိုက်သည်။ “တွေးနေစရာလိုသေးလား၊ သူ့ရဲ့အရင်ဘဝတုန်းက ရန်သူပဲဖြစ်ရမှာပေါ့။”

“ဒီလိုဆိုရင်…”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ငါရဲ့တပည့်က ပြန်လည်မွေးဖွားလာတဲ့ စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်သာမကဘဲ အထက်နယ်မြေက ကျင့်ကြံသူတစ်ယောက်လည်း ဖြစ်နေသေး တာပေါ့။”

“ဒါကအမှန်ဘဲ” စနစ်သည် တည်ငြိမ်စွာဖြင့် ပြောလိုက်၏။

ထူးဆန်းသည့်အရာမှာ တည်နေရာအက်ကွဲကြောင်းကြီးတစ်ခုလုံး ပျောက်ကွယ်သွားပြီးသည့်နောက်မှာတော့ လက်ဝါး ရိုက်ချက်ကြီးသည်လည်း ပျောက်ကွယ်သွားခဲ့၏။

ဤလက်ဝါးရိုက်ချက်ကြီး၏ အရှိန်အဟုန်ကြောင့် ပျက်စီးသွားခဲ့သော တိုက်ခိုက်ရေးစင်မြင့် အချို့တဝက် သည်လည်း ပြန်လည်ကောင်းမွန်သွားပြီးသည့်နောက် အချိန်ကာလသည်လည်း လီချင်းယန်အနေဖြင့် အောင်းဝူရှန်း အား ရိုက်နှက်ခဲ့သည်အချိန်ဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့၏။

သို့ပေမဲ့ ကျွင်းချောင်ရှောင်း၏ လောကအဆောင်မှာ တော့ ပြန်လည်မရရှိနိုင်တော့ပေ။

“ဂိုဏ်းချုပ်ကျွင်း”

ထိုအချိန်မှာတော့ မြို့တော်ဝန်ရှဲ့သည် ပြိုလဲသွားတော့မလို ဖြစ်သွားတော့၏။ “ဘယ်အချိန်တုန်းက အဲအောက်ကို ရောက်သွားတာလဲ။”

ကျွင်းချောင်ရှောင်းတစ်ယောက် အောက်ဆီသို့ ရောက်နေကြောင်း အားလုံးက သတိပြုလိုက်မိကြတယ်။ မည်သည့် အချိန်က မည်သို့ ရောက်ရှိသွားမည်ဖြစ်ကြောင်း သူတို့ကောင်းကောင်းမမြင်လိုက်ရချေ။

မူလအားဖြင့် မဲမှောင်လျက်ရှိသော ပုံရိပ်ယောင်မြင်ကွင်းလေးတစ်ခုသည်လည်း သာမန်အခြေအနေသို့ ပြန်လည် ရောက်ရှိသွားသည်။ ထိုမြင်ကွင်းပေါ်မှာတော့ သာမန်ထက်ပို၍ ချောမောလှသည့် လူတစ်ယောက်၏ ပုံရိပ်သည် ပေါ်လာတော့သည်။

ချက်ချင်းဆိုသလိုဘဲ ကျွင်းချောင်ရှောင်းသည် သူ၏အလံအား ဆွဲထုတ်ကာ အော်လိုက်တော့သည်။ “အခွင့်အရေးက တံခါးလာခေါက်နေပြီ။ နောက်တစ်ကြိမ်ထပ်ရမှာမဟုတ်တော့ဘူး။ သင်တို့ အားလုံးအတွက် ပြိုင်စံရှားဂိုဏ်း …. ”

“တော်တော့”

မြို့တော်ဝန်ဟန်က ဆူငေါက်လိုက်တော့သည် “ပြိုင်ပွဲကိုသွားပြီး မရှုပ်နဲ့တော့။ ဒီကိုမြန်မြန်တက်လာတော့”

“ကောင်းပါပြီ”

ကျွင်းချောင်ရှောင်းသည် သူ၏ အလံအား သိမ်းဆည်းလိုက်၏။ သို့ပေမဲ့ သူသည် ပြန်လည်မထွက်ခွာခင်မှာဘဲ သေမလိုဖြစ်နေသော အောင်းဝူရှန်းဆီသို့ လှမ်းကြည့်ကာ ပြောလိုက်၏။ “ဒီလောက်ဆိုလုံလောက်ပြီ။ သူ့ကိုမသတ်နဲ့တော့။”

ဘန်း

ရီရှင်းချန်သည် အောင်းဝူရှန်းအား တိုက်ခိုက်ရေးစင်မြင့်ပေါ်မှ ကန်ချလိုက်ပြီး ထူးမခြားနားသလို ပြောလိုက်တော့ သည်။ “အမှိုက်”

သူသည် သူ၏ခံစားချက်များကို မနည်းထိန်းချုပ်နိုင်ရန် ကြိုးစားနေရ၏။ သူ၏ နှလုံးသားထဲတွင် ဖော်ပြ၍ မရနိုင်သော နာကျင်မှုများ ဖြစ်တည်လျက်ရှိ၏။

ရှင်နဲ့ကျွန်မက တစ်ချိန်က ချစ်ခဲ့ဖူးတာကို ထောက်ထားညှာတာခြင်းအားဖြင့် အောက်နယ်မြေမှာဆိုရင် သာမန်လူ တစ်ယောက်အနေနဲ့ နေထိုင်သွားပါ။

ဤအသံသည် ရီချင်းရှန်၏ နားထဲတွင် ပဲ့တင်ထပ်လျက်ရှိသည်။ သူ၏ နှလုံးသားကို အပ်နဲ့ဆွသလိုပင်။ မောက်မာလှသာ ရီရှင်းချန်လို လူတစ်ယောက်အဖို့ ထိုအရာကို မည်သို့မျှ လက်မခံနိုင်သလိုဖြစ်နေသည်။

“စီနီယာအစ်ကိုရီ”

ဟယ်ဝူတီသည် အသံပို့လွှတ်လိုက်တော့သည်။ “ယောကျ်ားတစ်ယောက်အတွက် လက်စားချေဖို့ဆိုတာ ဘယ်တုန်းကမှ နောက်မကျဘူး။”

ရီရှင်းချန်သည်လည်း အထက်နယ်မြေဆီမှ ရောက်ရှိလာသူဖြစ်ကြောင်း ထင်မှတ်ပြီးသည့်နောက်မှာတော့ သူတို့သည် တစ်လှေတည်းစီးတစ်ခရီးတည်းများဖြစ်ကြောင်း ရုတ်တရက်နားလည်သွားတော့သည်။

ဤအရာမှာ အမှန်ပင်ဖြစ်တော့သည်။ ယောကျ်ားတစ်ယောက်အတွက် လက်စားချေဖို့ဆိုသည်မှာ ဘယ်တုန်းကမှ နောက်မကျချေ။

“ဟူး….”

ရီရှင်းချန်သည် အသက်ကို ပြင်းပြင်းရှုလိုက်ပြီးသည့်နောက် တွေးလိုက်မိသည်။

ငါ့ကို တစ်ကြိမ်သတ်ခဲ့တယ်။ ပြီးတော့ လက်ဝါးရိုက်ချက်တစ်ခုနဲ့ရိုက်ခဲ့တယ်။ အခုလက်ဝါး နဲ့ ရိုက်ချခဲ့ပြန်တယ်။ ဂိုဏ်းချုပ်ပြောသလိုပဲ အဆတစ်ရာပြန်ပြီးတော့ ပေးရမယ်။

ထိုသို့တွေးပြီးသည့်နောက်မှာတော့ သူသည် မြို့တော်ဝန်ဟန်နှင့် ရယ်ရယ်မောမော စကားတွေပြောလျက်ရှိသော ဂိုဏ်းချုပ်ကျွင်းဆီသို့ လှမ်းကြည့်လိုက်တော့သည်။ သူ၏ မျက်လုံးထဲတွင်မှာ ဇဝေဇဝါဖြစ်မိနေ၏။

ကြောက်မက်ဖွယ်ကောင်းလွန်းလှသော လက်ဝါးရိုက်ချက်ကြီး ကျဆင်းလာချိန်မှာတော့ ဂိုဏ်းချုပ်သည် သူ၏ ရှေ့၌ ကာကွယ်တားဆီးပေးခဲ့သည်။

အကယ်၍ သေဆုံးသွားမည်ဆိုလျှင် ပြိုင်စံရှားဂိုဏ်း၏ကိစ္စများ၊ ပြိုင်စံရှားဂိုဏ်းမှ တခြားသူများ အပေါ် စိတ်လက်မပူပန်ဘူးလား။ သို့မဟုတ် တပည့်တစ်ယောက်ချင်းစီတိုင်း၏ အသက်များသည် သူ့အတွက် အလွန်ပင် အရေးကြီးနေသည်လား။

ဂိုဏ်းချုပ်ကျွင်းသည် များပြားလှသည့် တပည့်များကို ဦးဆောင်၍ အအေးနန်းတော်သို့ သွားရောက်တိုက်ခိုက်ခဲ့သည့် မြင်ကွင်းကို ရီရှင်းချန်ပြန်လည်တွေးတောနေမိ၏။

ဤကဲ့သို့သော မေတ္တာတရားနှင့်ပတ်သက်၍ သူသည် သေဆုံးခါနီးအခြေအနေဆီသို့ ထပ်မံရောက်ရှိခဲ့သည့် အခိုက် အတန့်မှာတော့ အနည်းငယ်သော နားလည်မှုကို ရရှိသွားခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

“ဂျူနီယာညီလေးရီ”

စုရှောင်မိုသည် ပြုံးကာပြောလိုက်၏။ “ဆက်ပြီးတော့တိုက်ခိုက်ချင်သေးလား။”

ရီရှင်းချန်သည် လီချင်းယန်နှင့် အခြားသောသူများဆီသို့ လှမ်းကြည့်ကာ ပြောလိုက်မိ၏။ “ဒီဂိုဏ်းချုပ်နဲ့ ဒီတပည့်တွေနဲ့ကတော့ ဟုတ်နေတာပဲ။ တကယ့်ကို စိတ်တိုစရာကောင်းတယ်။”

ပြီးသည့်နောက် သူသည် အသာခေါင်းကို လှည့်လိုက်ပြီးသည့်နောက် လောကပုန်ကန်နတ်ဂိုဏ်း၏ တပည့်များအား လက်ညှိုးထိုးကာ ပြောလိုက်တော့သည်။ “အမှိုက်တွေ ၊ လာပြီ၊ တိုက်ခိုက်ကြစမ်း။”

……

ကောင်းကင်ကို ဖြတ်သန်းပြီးနောက် တစ်ခြားသော စကြဝဠာတည်နေရာတစ်ခုဆီမှာတော့ …..

ပုံရိပ်ယောင်နန်းတော်ကြီး တစ်ခုထဲတွင် ကျက်သရေရှိလှသော ပုံရိပ်တစ်ခုသည် ပုလ္လင်နန်းအား အသာမှီကာ တီးတိုးပြောလိုက်တော့၏။ “သူရဲ့အမူအကျင့်အရဆိုလျှင် ဂိုဏ်းတစ်ခုခုထဲကို ဝင်နေတယ်ဆိုတာက တကယ့်ကို ထူးဆန်းတဲ့အရာပဲ။”

“သခင်”

အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသော သူတစ်ယောက်သည် ပေါ်လာကာ ပြောလိုက်၏။ “ခွင့်ပြုချက်မရှိဘဲ အဆင့်နိမ့်နယ်မြေတစ်ခုကို သွားရောက်တိုက်ခိုက်ခဲ့တဲ့အကြောင်းကို ရှင်းပြပေးဖို့ အုပ်ချုပ်သူ ဟောခန်းက လူတွေလာပြီး မေးနေတယ်။”

“သူတို့ဒီလောက်မြန်မြန်ဆန်ဆန်နဲ့ သိသွားရလား။”

ကျက်သရေရှိလှသော ပုံရိပ်သည် တီးတိုးရေရွတ်လိုက်၏။ “ကံကောင်းတာ ငါ သေသေချာချာ မတိုက်ခိုက်ခဲ့တာပဲ။ မဟုတ်ရင် ဒီ စည်းမျဉ်းစည်းကမ်းအဟောင်းတွေကို လက်ကိုင် ထားတဲ့ အဘိုးကြီးတွေနဲ့ ပြောဆိုရတာ တကယ့်ကိုပဲ ခက်ခဲတော့မှာ။”

All Chapters