အခန်း (၇၂၄)
Vol. 49 Ch. 724
ထူးဆန်းလွန်းသော စွမ်းအားများကြောင့် ကြည့်ရှုနေသူများအားလုံးသည် တည်နေရာကြီးတစ်ခုလုံး အက်ကွဲသွားသည့် အကြောင်းအား မေ့လျော့သွားခဲ့ကြသည်။
သို့ပေမဲ့ ဟယ်ဝူတီသည် မှတ်မိနေသည်။ ရီရှင်းချန်သည် မှတ်မိနေသလို ကျွင်းချောင်ရှောင်းသည်လည်း မှတ်မိလျက်ရှိ၏။
ကျွင်းချောင်ရှောင်း အနေနှင့် တစ်ခြားလူများထက် ထူးခြားသောကြောင့် မှတ်မိနေခြင်းလား။
သို့ပေမဲ့ သူသည် ရှိရှိသမျှသော အားအင်အကုန်ကို အသုံးပြု၍ စက်အတောင်ပံကို အသက်သွင်းကာ အပြေး အလွှား သွားရောက် ခုခံခဲ့ကြခြင်း ဖြစ်သည်။
လောကအဆောင်ကို ချိုးဖြတ်ခဲ့ရပြီး ၎င်း၏ ကျင့်ကြံခြင်း အဆင့်သည် အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိခဲ့ရသောကြောင့် သိုင်းနယ်မြေ ကျင့်ကြံသူဖြစ်သည့် မြို့တော်ဝန်ဟန်ပင်လျှင် သူ မည်သည့်အချိန်က အောက်သို့ ရောက်ရှိသွားမှန်း သတိမပြုမိခဲ့ချေ။
"ကျုပ်က အရမ်းချောလို့နေမှာပေါ့"
ကျွင်းချောင်ရှောင်းသည် အကျိုးအကြောင်း မဆီလျှော်လှသော ရှင်းပြချက်တစ်ခုကို ထုတ်ဖော်ပြောဆိုလိုက်၏။
……....
စနစ်က ပြောလိုက်သည်။ "မင်းပင်ပန်းမနေဘူးလား"
ကျွင်းချောင်ရှောင်းက ဆွံ့အသွားသည်။ "ပင်ပန်းတာပေါ့ နဂါးကျား တိုက်ပွဲက မပြီးသေးဘူးလေ။ တောင့်ခံထားရမယ်"
အထက်နယ်မြေဆီမှ ကျဆင်းလာသော လက်ဝါးရိုက်ချက်ကြီးကို ခုခံသည့်အချိန်တွင် သူ၏ စိတ်ဝိညာဉ် စွမ်းအင်များသည် ကိုးဆယ်ရာခိုင်နှုန်းနီးပါး ကုန်ခမ်းသွားခဲ့၏။
လောကအဆောင် ၏ ထောက်ပံ့မှုသာ မရှိလျှင် သူသည် ခြေလှမ်းတစ်လှမ်းလှမ်းဖို့ တောင်မှ ခက်ခဲပေလိမ့်မည်။
သို့ပေမဲ့ တစ်ဖက်လူသည် အားအကုန် အပြည့်ကို ထုတ်ဖော် အသုံးပြုခဲ့ခြင်း ဟုတ်ပုံမရပေ။ ရီရှင်းချန် သေဆုံးသွားအောင် ဖြစ်သလို တိုက်ခိုက်ခဲ့ခြင်းသာ ဖြစ်၏။ မဟုတ်ပါက ကျွင်းချောင်ရှောင်းသည် အလွန်တရာ မာကျောလှသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်သည်ဆိုလျှင်တောင်မှ အမှုန့်တစ်ခု အဖြစ်သို့ ကြေမွသွားပေလိမ့်မည်။
"လက်ခံသူက အရမ်းကို ရဲရင့်တာပဲ"
စနစ်သည် ချီးကျုးပြောဆိုလိုက်၏။ "ဒီလို အခြေအနေမျိုးမှာ အရှေ့ကို ပြေးထွက်လာရဲတယ်လေ"
တွေးကြည့်လိုက်မည်ဆိုလျှင် နှလုံးခုန်စရာပင် ကောင်းလှသည်။ သို့ပေမဲ့ စနစ်သည် နှလုံး မရှိချေ။
"မင်း နားမလည်ဘူး"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ဒါက လူသားတွေ ကြားမှာ ရှိတဲ့ ချစ်ခြင်း မေတ္တာပဲ။"
သူ့အနေနှင့် သူ၏ ဂိုဏ်းအား အိမ်တစ်ခုသို့ သဘောထားပြီး သူကိုယ်သူလည်း အိမ်ရှိ မိဘတစ်ပါးလို့ သတ်မှတ်ထားခဲ့သည်။ ကလေးများကို အန္တရာယ်ကျရောက်သည့် အချိန်တွင် မိဘများ အနေနှင့် ထိုင်ကြည့်နေပြီး ဘာမှ မလုပ်သည်ဟူ၍ ရှိနေသည်လား။
"လူသားတွေရဲ့ သဘာဝကို နားမလည်နိုင်ဘူး"
စနစ်က ပြောလိုက်သည်။ "ဒါပေမဲ့ လက်ခံသူက ဒီလိုပုံစံမျိုးသာ ဆက်ပြီး လုပ်နေမယ်ဆိုရင် မကြာခင်မှာ သေဆုံးသွားလိမ့်မယ်"
"ကိစ္စမရှိဘူး"
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ယမ်းခါလိုက်၏။
"ဘာပဲဖြစ်ဖြစ် သေသွားမယ်ဆိုရင် မင်းလည်း သေမှာပဲလေ။ အဆုံးသတ်နေ့မှာ တစ်စုံတစ်ယောက်က ငါနဲ့ လိုက်ပါပြီး သေဆုံးရမယ့် အကြောင်းကို စဉ်းစားကြည့်လိုက်တော့ ငရဲပြည်ကို သွားမယ်ဆိုရင်တောင် အထီး မကျန်တော့ဘူးပေါ့"
သူသည် ဟာသလုပ်ပြောဆိုခဲ့ခြင်း ဖြစ်သည်ဆိုသော်လည်း သူ၏ အမူအရာများမှာတော့ ပိုပို၍ လေးနက်လာခဲ့သည်။
အထက်နယ်မြေဆီမှ စွမ်းအားများသည် အရမ်း အားကောင်းလွန်းလှ၏။
သူ၏ အားအင် အဆင့်အရဆိုလျှင် အနာဂတ်၌ တူညီသည့် အခြေအနေမျိုး ထပ်မံဖြစ်ပေါ်လာပါက ခုခံနိုင်လိမ့်မည် မဟုတ်ချေ။
သူ၏ တပည့်များ တိုက်ခိုက်ခံရသည့် အခြေအနေအား ဒီ အတိုင်းရပ်၍ စောင့်ကြည့်နေရတော့မည်လား။
"မဟုတ်သေးဘူး"
ကျွင်းချောင်ရှောင်းသည် တွေးလိုက်မိ၏။ "နဂါးကျား တိုက်ပွဲပြီးရင် ငါ ပြင်းပြင်းထန်ထန် ကြိုးစားရလိမ့်မယ်"
အထက်နယ်မြေဆီမှ စွမ်းအင်များ ပေါ်ပေါက်လာခြင်းသည် ကြီးမားသည့် ကပ်ဘေးကြီးတစ်ခု ကျရောက်တော့မည်ဟု သူ့ကို သတိပေးလိုက်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် သူသည် မိဘကောင်းတစ်ယောက် ဖြစ်ရန်အတွက် အလွန်တရာအားကောင်းသည့် အခြေအနေသို့ ရောက်အောင် ကြိုးစားထားမှ ဖြစ်ပေလိမ့်မည်။
…......
ရီရှင်းချန်သည်လည်း အတွေးနက်လျက်ရှိသည်။
ဤအမျိုးသမီးသည် အဘယ့်ကြောင့် ပေါ်ပေါက်လာရသနည်း။
ငါ့ရဲ့ သိုင်းအင်ပါယာ အော်ရာတွေကို အမှတ်တမဲ့ ထုတ်ဖော်မိလိုက်လို့ သိရှိသွားဝာာလား။
ထို့အပြင် သူမ ပထမဆုံးညွှန်းဆိုခဲ့သည့် အရာသည် ရှင်အသက်ရှင်လျက် ရှိနေသေးသည်ဟူ၍ ဖြစ်သည်။ ထင်မှတ်ထားခဲ့သည့် အတိုင်းဆိုသည့် စကားလုံး အဓိပ္ပါယ်များ ပါဝင်နေသောကြောင့် သူ မသေဆုံးဘဲ ပြန်လည် ရှင်သန်လာနိုင်သည်ဆိုသည်ကို ကြိုတင် သိရှိပြီး ဖြစ်ပေလိမ့်မည်။
လေဟာနယ်ကို ချိုးဖြတ်ပြီးသည့်နောက်မှာတော့ အထက်ကမ္ဘာဆီသို့ ရောက်ရှိသွားခဲ့သည့် သူမသည် သူ၏ ဝိညာဉ်တစ်ခုလုံးကို အလုံးစုံ သတိထား လိုက်လံ ကြည့်ရှုနေပုံလည်း ပေါ်၏။
ထိုအချိန်မှာပဲ လောကပုန်ကန် နတ်ဂိုဏ်းမှ တပည့်တစ်ယောက်သည် အခွင့် အရေးယူ၍ လက်သီးချက်များနှင့် ထုတ်ဖော်တိုက်ခိုက်လိုက်တော့သည်။
ဖောင်း။
ရီရှင်းချန်သည် လက်ကို မြှောက်ကာ ထိုးနှက်လာသော လက်သီးချက်ကြီးအား ဖမ်းဆီးလိုက်၏။ ချက်ချင်းပဲ လက်ကို ချိုးလိမ်ကာ မျက်နှာအား ထိုးနှက်လိုက်တော့သည်။ ပြီးနောက် ဒေါသတကြီးဖြင့် ပြောလိုက်သည်။
"ငါ အဖြေရှာလို့ မရဘူး"
ဘုန်း။
"ငါ နားမလည်နိုင်ဘူး"
ဘုန်း
"ဘယ်လိုလုပ် သိသွားရတာလဲ"
ဘုန်း
ခဏလောက်ကြာပြီးသည့်နောက်မှာတော့ လောကပုန်ကန် နတ်ဂိုဏ်းမှ တပည့်များသည် ပြာနှမ်းနေအောင် ရိုက်နှက်ခြင်းကို ခံထားရတော့သည်။
တစ်ယောက်ပြီးတစ်ယောက်သည် တိုက်ပွဲစင်မြင့်ပေါ်မှ အောက်သို့ ပြုတ်ကျသွားခဲ့သည်။ အောင်းဝူရှန် မရှိသည့် အချိန်မှာတော့ လောကပုန်ကန် နတ်ဂိုဏ်းသည် မျှော်လင့်ချက်ဟူ၍ မရှိပေ။
ထပ်မံတက်ရောက်လာခဲ့ကြသော တပည့်များအားလုံးသည် ရီရှင်းချန်၏ ပြင်းပြင်းထန်ထန် တိုက်ခိုက် ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။
များပြားလှသော ဂိုဏ်းများမှ အကြီးအကဲများသည် ၎င်းတို့၏ ဦးခေါင်းကိုသာ ခါယမ်းနေမိ၏။
အဆင့်ငါး ဂိုဏ်းတစ်ခုသည် နဂါးကျား တိုက်ပွဲတွင် ဗိုလ်ဆွဲခဲ့၏။ ဤအရာသည် သူတို့ တွေးထင်ထားခဲ့သည့် အရာမျိုး မဟုတ်ချေ။
….....
ဟူး …. ဟူး
ကောင်းကင်ဘုံမြို့၏ ဂိုဏ်းအသိအမှတ်ပြုဗဟို တွင် ရှိနေသော ရီထျန်းချန် သည် အိပ်ယာထဲတွင် လဲလှောင်းလျက်ရှိသည်။ ရီရှင်းချန် သူ၏ ပြိုင်ဘက်ကို ထိုးနှက်နေသည့် အချိန်တိုင်း သူ၏ မျက်နှာတစ်ခုလုံးသည် နီမြန်းလာ၏။ အသက်ရှူသံများသည်လည်း မြန်ဆန်လာသည်။
"မြန်မြန် … ဆေး … ဆေးပေး"
အကြီးအကဲကျန်းသည် ဆော်ဩလိုက်၏။
အကြီးအကဲကျိုးသည် ဆေးပုလင်း နှစ်လုံးကို ထုတ်ယူကာ အကူအညီမဲ့စွာဖြင့် ခါယမ်းလိုက်၏။ "ဒါတွေ အကုန်လုံး တိုက်ပြီးပြီလေ။"
"ဘာလို့ စောစောစီးစီး များများစားစား မပြင်ဆင်ထားတာလဲ"
"ခန်းမသခင်ရဲ့ အခြေအနေအရဆိုရင် ဆေးဘယ်လောက်တိုက်တိုက် အသုံးဝင်မှာ မဟုတ်ဘူး။"
ဝူး …..
ပုံရိပ်ယောင် အစီအရင်ဆီမှ အလင်းတန်းများ ဖြတ်ပြေးလာပြီးနောက် တစ်ခြားသော လောကပုန်ကန် နတ်ဂိုဏ်း၏ တပည့်တစ်ယောက်သည် စင်မြင့်အောက်သို့ လွင့်စင်သွားခဲ့၏။
ဟူး … ဟူး
ရီထျန်းချန် သည် သူ၏ ရင်ဘတ်ကို အသာဖိအား အသက်ရှူသံများပင် ရပ်တန့်သွားသလို ဖြစ်နေ၏။ သူသည် အသက်ရှူရပ်တန့်ပြီး နှလုံးခုန်နှုန်းကို ထိခိုက်ကာ သေဆုံးသွားတော့မည့် ပုံမျိုးပင် ဖြစ်နေသည်။
"လုပ်လိုက်ကြစို့"
အကြီးအကဲကျိုးနှင့် အကြီးအကဲကျန်းတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်ရှုလိုက်ကြသည်။
ပြီးနောက် လက်ဝါးထဲတွင် စိတ်ဝိညာဉ် စွမ်းအင်များကို စုစည်းကာဖြင့် ရီထျန်းချန် ၏ လည်ကုပ် ကို ခပ်ပြင်းပြင်း ရိုက်နှက်လိုက်တော့သည်။
“ခွင့်လွှတ်ပါ ခန်းမသခင် .. မဟုတ်ရင် ခန်းမသခင် သေတော့မယ်”
တစ်ဖက်လူသည် ပြင်ဆင်ထားခြင်း မရှိသောကြောင့် ချက်ချင်းဆိုသလိုပဲ ခြေတွေလက်တွေ တုန့်ကွေးကာဖြင့် သတိလစ် မေ့မျောသွားခဲ့တော့၏။
…...
ဆယ့်တစ်ယောက်မြောက် ……..
ဆယ့်နှစ်ယောက်မြောက်။
အရှေ့တောင်ရန်ကျူး၏ မြိုများတွင်တော့ ရီရှင်းချန်သည် ပြိုင်ဘက်ကို ရိုက်နှက်ကာ အနိုင်ယူလိုက်သည့် အချိန်တိုင်း နံပါတ်စဉ်ကို အော်ဟစ်လျက်ရှိသည်။
ဘုန်း
နောက်ဆုံးမှာတော့ ရီရှင်းချန်၏ တိုက်ခိုက်မှုအောက်တွင် လောကပုန်ကန် နတ်ဂိုဏ်း၏ နောက်ဆုံးသော တပည့်သည် နှာခေါင်းတွင် သွေးမျိုးယိုလျက် စင်မြင့်ပေါ်မှ ပြုတ်ကျသွား၏။
"နိုင်ပြီ နိုင်ပြီ"
"အရှေ့တောင်ရန်ကျုးက ဂိုဏ်းတစ်ခုက ဗိုလ်ဆွဲပြီဟေ့"
အရှေ့တောင်ရန်ကျူးတစ်ခုလုံးတွင် ကြောက်မက်ဖွယ်ရာ ကောင်းလှသော အော်ဟစ်သံကြီးများဖြင့် ဆူညံလျက်ရှိနေတော့သည်။ လူပေါင်းများစွာတို့သည် တစ်ယောက်ကို တစ်ယောက် ဖက်ရင်း အော်ဟစ်နေကြသလို တစ်ယောက်ကို တစ်ယောက် ဖက်ရင်း အော်ငို နေကြသူများလည်း ရှိသည်။
တစ်ချို့မှာတော့ ပြိုင်စံရှား ဂိုဏ်း၏ နာမည်များအား အာရပါးရ ဟစ်ကျွေးနေ၏။
"ပြိုင်စံရှားဂိုဏ်းက တကယ့်ကို ကြမ်းတယ်။စီနီယာအစ်ကိုတွေက တကယ့်ကို မိုက်တယ်" ပြိုင်စံရှားဂိုဏ်းအတွင်းမှာတော့ တပည့်ပေါင်းတစ်သောင်းတို့သည် အော်ဟစ် ကခုန်လျက်ရှိနေကြသည်။
၎င်းတို့၏ မျက်နှာပေါ်တွင် ရှိသော ဂုဏ်ယူမှုများသည် ထင်မှတ်ထားသည့် အတိုင်း တည်ရှိနေကြပြီး အရှေ့တောင်ရန်ကျူးမှ သိုင်းကျင့်ကြံသူများ သာမန်လူများနှင့် ထပ်တူညီစွာဖြင့် ခံစားနေမိကြ၏။
ယနေ့မှာဝော့ အရှေ့တောင် ရန်ကျုးတစ်ခုလုံးသည် ကြီးမြတ်လှသော အော်ပွဲခံမှုကို ပြုလုပ်ကြပေတော့မည်။
….....
"လောကပုန်ကန် နတ်ဂိုဏ်း ရှုံးနိမ့်တယ်။ ဗိုလ်ဆွဲသူ..."
မြို့တော်ဝန်ဟန်သည် ကျယ်လောင်စွာဖြင့် အော်ဟစ်လိုက်၏။ "ပြိုင်စံရှား ဂိုဏ်း..."
………
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ယင်နေ၏။ ပြိုင်ပွဲသည် အစောကြီးကတည်းက ပြီးသွားခဲ့ပြီဖြစ်သည်။ သို့ပေမဲ့ မြို့တော်ဝန်ဟန်သည် သူ၏ ပုခုံးပေါ်တွင် လက်တင်ကာ ဖိနှိပ်ထားတုန်းပင် ဖြစ်သည်။
ချီးထဲမှ ငါ့ရဲ့ စိတ်ဝိညာဉ် စွမ်းအင်တွေသာ ကုန်မနေဘူးဆိုရင် ဒီလို အခြေအနေမျိုးမှာ ချက်ချင်း ထွက်ပြီး ကြော်ငြာလိုက်ပါတယ်။
"ကောင်လေးတို့"
အောက်တွင်ရှိသော ချစ်စရာကောင်းသည့် သူ၏ တပည့်များကို ကြည့်ရင်း ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "မင်းတို့ ဒီလို ကြိုးစားပေးတဲ့ အတွက် ကျေးဇူးပါပဲ"
စုရှောင်မိုသည် လီဖေးကို ဖက်ထားပြီး မျက်နှာပေါ်မှာတော့ အပြုံးပန်းတွေ ဝေလျက်ရှိသည်။ တစ်ခြားသော တပည့်များသည်လည်း ၎င်းတို့၏ ဂုဏ်းချုပ်ကို လှည့်ကြည့်လျက်ရှိနေ၏။
အားလုံးသော လူများဆီမှ လေးစားသည့် အားကျအကြည့်များသည် ဂိုဏ်းချုပ်ကျွင်းဆီသို့ ရောက်ရှိလာသည်။
လက်ရှိ အခြေအနေမှာတော့ ၎င်းတို့အားလုံးသည် လောကကြီး၌ နေထိုင်ရန် ထိုက်တန်သည့် လူများဖြစ်နေကြပြီ ဖြစ်၏။
ပုံရိပ်ယောင် အစီအရင်ကြီးတစ်ခုလုံးသည် လူပေါင်းများစွာတို့၏ မျက်နှာပေါ်တွင် ဖြစ်နေသော အမူအရာများစွာတို့ကို လိုက်လံ၍ ရိုက်ပြနေသည်...။
……
ပြိုင်ပွဲကြီး ပြီးသွားပြီးသည့်နောက်မှာတော့ ဆုပေးပွဲ ကျင်းပတော့သည်။
အရင်စည်းမျဉ်းများအရဆိုလျှင် နဂါးကျား တိုက်ပွဲတွင် ဗိုလ်ဆွဲခဲ့သူသည် စိတ်ဝိညာဉ် ကျောက်တုံး တစ်သိန်းကို လက်ခံရရှိခဲ့သည်။ နဂါးကျားဗိုလ်ဆိုသည့် ရွှေရောင်စာလုံးနှင့် ရေးသားထားသော ဆိုင်းဘုတ်ကြီးတစ်ခုကိုလည်း လက်ဆောင်ရ၏။
စိတ်ဝိညာဉ် ကျောက်တုံးများမှာ အသေးအမွားသာ ဖြစ်၏။ တကယ်တမ်း ဤဆိုင်းဘုတ် သည်ကသာ တန်ဖိုးအရှိဆုံးဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင် ဤကဲ့သို့သော ဆိုင်းဘုတ် ကို ရရှိခဲ့သည့် ဂိုဏ်းဆိုသည်မှာ လက်ချိုးရေ ၍ပင် ရနိုင်သည်။
"မြို့တော်ဝန်ဟန်"
ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက်နှင့် ပြောလိုက်သည်။ "ကျုပ် ဒီ ဆိုင်းဘုတ် ကို စိတ်ဝိညာဉ် ကျောက်တုံး တစ်သောင်းနဲ့ လဲလို့ မရဘူးလား"
"မရဘူး"
မြို့တော်ဝန်ဟန်၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။
ဤဆိုင်းဘုတ် ပြုလုပ်သည့် အတွက် ကုန်ကျစရိတ်သည် ဈေးကြီးလှသည်တော့ မဟုတ်ပေ။ သို့ပေမဲ့ တော်ရုံတန်ရုံ ဂိုဏ်းများ အနေနှင့် ဤဆိုင်းဘုတ် ကို ဂိုဏ်း၏ အဓိက ဟောခန်းတွင် ချိတ်ဆွဲထား၍ ရနိုင်သည် မဟုတ်ပေ။
သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းသည် ဤမြင့်မြတ်လှသော ဆိုင်းဘုတ် အား စိတ်ဝိညာဉ် ကျောက်တုံးနှင့် လဲလှယ်ချင်နေမိ၏။
"သွားကြစို့ သွားကြစို့"
ဆုပေးပွဲ အခမ်းအနား ပြီးသွားသည့် နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် မှေးမိန်သွားခဲ့ပြီဖြစ်သော ပုံရိပ်ယောင် အစီအရင်ကြီးအား နှမျောတသနှင့် အသာလှမ်းကြည့်ပြီးနောက် သူ၏ တပည့်များကို ခေါ်ကာ ထွက်ခွာသွားခဲ့တော့သည်။
သို့ပေမဲ့ သူသည် မထွက်ခွာခင်မှာပဲ အသံ ပို့လွှတ်လိုက်၏။
"မြို့တော်ဝန်ဟန် နဂါးကျားတိုက်ပွဲအတွက် နောင်တစ်ချိန် ကြော်ငြာဖို အတွက် လိုအပ်လာရင် လှမ်းပြောလို့ရတယ်နော်။ နောက်မှ တွေ့ကြတာပေါ့”
ကျွင်းချောင်ရှောင်းသည် လက်ကို ယမ်းခါကာ ပြောလိုက်သည်။ "နောက်မှ ထပ်တွေ့ကြမယ်"
အားလုံး၏ အကြည့်အောက်မှာပဲ သူသည် တပည့်များကို ခေါ်ဆောင်ကာ ထွက်ခွာသွားခဲ့တော့သည်။
မြို့တော်ဝန်ဟန်သည် နောက်ဆုံးမှာတော့ စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိသည်။
အလကားနေ ပုံရိပ်ယောင် အစီအရင် ဆီသို့ တက်၍ ကြော်ငြာချင်နေသော ဤရူးကြောင်ကြောင်ကောင်သည် နောက်ဆုံးတွင် ထွက်ခွာသွားခဲ့ပြီဖြစ်သည်။ သူ့အနေနှင့် ဂရုစိုက်စရာ မလိုတော့ချေ။
…….....
နဂါးကြားတိုက်ပွဲကြီးသည် အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။
မြောက်ပိုင်း သဲကန္တာရ နယ်မြေ၏ အတွင်းဘက်မှာတော့ မည်သူမှ ခြေနင်းချ၍ မရသော တည်နေရာတစ်ခုထဲရှိ မြေနေရာသည် အက်ကွဲကြောင်းများ ပေါ်ပေါက်လာပြီး ကြီးမားလှသည့် အော်ရာများ စိမ့်ထွက်လာခဲ့သည်။ "အရူးလို လူသားတွေ ….. ငါ့ကို ထာဝရ စည်းခတ်ထားနိုင်မယ်လို့ ထင်နေတာလား။မင်းတို့ရဲ့ အိမ်မက်ထဲမှာပဲ ရမယ် … ချီးပဲ"