← Chapters

အခန်း (၇၂၅)

Vol. 49 Ch. 725

အခန်း (၇၂၅)

Vol. 49 Ch. 725

ရှေးတုန်းကတည်းက တည်ရှိခဲ့သော အလယ်ပိုင်း ကုန်းပြေမြင့်ကြီးတွင် ရှေးဟောင်း စောင့်ကြည့်ရေး မျှော်စင်ကြီး တည်ရှိလို့နေ၏။ မည်သည့် အချိန်က တည်ဆောက်ထားမှန်း သေချာမသိနိုင်သော အရာတစ်ခုဖြစ်ပြီး များပြားလှသော လူများအားလုံးသည် ထိုအရာအား ကြီးကျယ် မြင့်မြတ်သည်ကို ခံယူထားကြသည်။

ယစ်ပုလ္လင် ခန်းမဆောင်ကြီးတစ်ခုလုံး၏ အလယ်ဗဟို မှာတော့ ဘောလုံးကဲ့သို့သော အရာတစ်ခုသည် နေ့စဉ် နေ့တိုင်း အလင်းတန်းများ ထုတ်လွှတ်လျက်ရှိနေ၏။

တစ်နေ့မှာတော့ ထို အလင်းဘောလုံးထဲတွင် အက်ကွဲရာတစ်ခု ထင်ပေါ်လာခဲ့သည်။

ဝှစ် …..။

ရွှစ် ….. ရွှစ်

အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားကြသော အဘိုးကြီး ငါးဦးသည် အပြင်ဘက်ဆီမှ လျှောက်ဝင်လာကြ၏။ ၎င်းတို့၏ မျက်လုံးများတွင်တော့ လေးနက်တည်ကြည်မှုများနှင့် ပြည့်နှက်နေ၏ "ဘာလို့ တည်နေရာအတားအဆီးက ကွဲအက်သွားရတာလဲ။အင်ပါယာမြို့ရဲ့ တည်နေရာတုန်ခါမှု နဲ့ ဒီအရာက ဆက်စပ် နေမယ်ထင်တယ်။"

"ဖြစ်နိုင်တယ်။ ဒီအက်ကွဲကြောင်း တည်ရှိတဲ့နေရာက မကောင်းတော့ဘူး။ဒါက မြောက်ပိုင်း သဲကန္တာရ မှာရှိတဲ့ နတ်ဆိုးလို မွန်းစတား သတ္တဝါကို စည်းခတ်ထားတဲ့ တည်နေရာမဟုတ်လား။"

"သွားကြစို့ သွားကြစို့"

ဦးဆောင်သော အကြီးအကဲသည် စိတ်အလောကြီးစွာဖြင့် ပြောလိုက်သည်။ "မြန်မြန် သွားကြစို့"

"ဒီစည်းထဲကနေပြီး နတ်ဆိုးလို မွန်းစတားသတ္တဝါ ထွက်ခွာသွားမယ်ဆိုရင် ကြယ်ကြွေကုန်းမြေတိုက်ကြီး တစ်ခုလုံး ဗြောင်းဆန်သွားလိမ့်မယ်။"

ဝှစ် ဝှစ်။

အလင်းတန်း ငါးခုသည် အလယ်ပိုင်း ကုန်းမြေဒေသဆီမှ ပျံသန်းသွားပြီးသည့်နောက် မြောက်ပိုင်း သဲကန္တာရ နေရာဆီသို့ ရောက်ရှိလာသည်။ သို့ပေမဲ့ သူတို့ ရောက်ရှိလာချိန်မှာတော့ တည်နေရာအက်ကွဲကြောင်း တည်ရှိခဲ့သောနေရာသည် ဖြေးဖြေးချင်း ပြန်လည်ကောင်းမွန်သွားခဲ့ပြီဖြစ်ပြီး မည်သည့် အရာကိုမှ ပြန်ရှာမတွေ့တော့ချေ။

"သွားပြီ"

သူတို့ ငါးယောက်တို့သည် တုန်လှုပ်သွားမိ၏။

"ဒီနတ်ဆိုးသတ္တဝါက လွတ်မြောက်သွားပြီပဲ။သူ့ကို နှစ်ပေါင်း ထောင်ကျော် စည်းခတ်ထားတာလေ။ဒါကြောင့် အရမ်းအားနည်းနေလိမ့်မယ်။ဖြစ်နိုင်သမျှ အမြန်ဆုံးရှာရမယ်။" ဦးဆောင် အကြီးအကဲက တီးတိုး ပြောလိုက်၏။

....

နန်းတော်ကြီးတစ်ခုထဲမှာတော့ အလွန်တရာ ခံညားလှသော အော်ရာများကို ထွက်ပေါ်နေသော အကြီးအကဲတစ်ယောက်သည် အဓိက ထိုင်ခုံကြီးပေါ်တွင် ထိုင်ရင်း အော်လိုက်သည်။ “လင်းရောင် …. အဆင့်နိမ့် နယ်မြေမှာ မင်း လုပ်ခဲ့တဲ့ လုပ်ရပ်ရဲ့ အကျိုးဆက်ကို သိရှိရဲ့လား"

ဘေးနှစ်ဖက်တွင် ရှိနေသော ဂုဏ်သိက္ခာကြီးမားလှသည့် အကြီးအကဲများစွာတို့သည် တိမ်တွင်ပေါ်တွင် ဖြည်းဖြည်းချင်း လှမ်းလာခဲ့သည့် ကျက်သရေရှိလှသော မိန်းမလှလေးကို လှမ်း၍ ကြည့်လိုက်ကြသည်။

"စည်းက အရင်ကတည်းက ခတ်ထားခဲ့တာကြာပြီလေ။ဒီတော့ အချိန်တစ်ခု မရောက်ခင်မှာ သူ့ဟာနဲ့ သူ ပျက်စီးသွားမှာ မဟုတ်လား"

သာယာလှသော အသံတစ်ခုသည် တိမ်များကြားထဲမှ ထွက်ပေါ်လာသည်။

“ဟောခန်းသခင်တို့ အကုန်လုံးက အဆင့်နိမ့် နယ်မြေက လူတွေ အကုန်လုံးကို အထင်သေးကြတာပဲ မဟုတ်လား။ အခု ဘာများထူးခြားသွားလို့လဲ”

“နယ်မြေရဲ့ ဥပဒေရှိနေသ၍ သူတို့ကို ဘယ်သူမှ သွားပြီး နိုင့်ထက်စီးနင်း လုပ်လို့ မရဘူးလေ။” အကြီးအကဲက အေးစက်စက်ဖြင့် အော်ဟစ်လိုက်၏။

ထိုကြည့်ကောင်းလှသော မိန်းမ‌လှလေးသည် ထူးမခြားနားသလို ပြောလိုက်သည်။ "ဒါကို အစောကြီးကတည်းက ရှင်းပြပြီးပြီလေ။ လက်ကို ယမ်းခါလိုက်တာ။ သက်ရှိ သတ္တဝါကို ထိခိုက်အောင် မလုပ်ခဲ့ဘူး။ တစ်ခြား ကိစ္စမရှိဘူးဆိုရင်လည်း ကျွန်မ ပြန်တော့မယ်"

ပြောပြီးသည့်နောက်မှာတော့ သူမသည် လေထုထဲတွင် ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။

"အရှင်"

ဘယ်ဘက်ခြမ်းတွင် ထိုင်နေသော အကြီးအကဲက ပြောလိုက်သည်။ "ဒီ ဧကရီ လင်းရောင်က ပိုပိုပြီးတော့ ရဲတင်းလာတယ်။သူမက နယ်မြေရဲ့စည်းမျဉ်းတွေကို ချိုးဖြတ်ခဲ့တာ ရှင်းလင်းတာပဲ။ဒါပေမဲ့ တစ်ချက်ကလေးမှ မရှင်းပြဘဲနဲ့ ဒီအတိုင်း ထွက်ခွာသွားတယ်။နယ်မြေသခင်ကို ဘာများထင်နေသလဲ မသိဘူး"

ဤအမျိုးသမီးသည် ခွင့်ပြုချက်မရှိဘဲ ထွက်ခွာသွားသည်နှင့် ပတ်သက်၍ အကြီးအကဲများသည် ဒေါသထွက်လျက်ရှိ၏။

ဟမ့်

ဂုဏ်သိက္ခာထည်ဝါပြီး ကြီးမြတ်လှသော အဘိုးအိုသည် အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်၏။ "ဧကရီလင်းရောင် … တစ်စုံတစ်ခု ထပ်ပြီး မမှားစေနဲ့။"

"အရှင်"

ဘေးတွင် ရှိသော အဘိုးအိုက ပြောလိုက်သည်။ "ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ ရှိတဲ့ တည်နေရာအတားအစီးက ကျိုးပြတ်သွားပြီ။ ဒီ လင်းရောင် ကြောင့်ပဲ။ ဘယ်လိုလုပ်ကြမလဲ"

"သူမ ပြောတာလဲ မှန်တယ်။ စည်းက အစွမ်းသက်ရောက်မှု ကင်းမဲ့နေပြီ။ဒီဟာက ပြန်ပြီး ပွင့်လာဖို့ အတွက် အချိန် နည်းနည်းပဲ လိုတော့တယ်။ဒီကိစ္စကို ပြန်ပြီးတော့ ပြုလုပ်လို့ မရဘူးဆိုမှတော့ သေမျိုးတွေ သူဘာသူ ရင်ဆိုင်ဖို့ပဲ ထားရတော့မှာပဲ။"

အဘိုးအိုသည် ခပ်တည်တည်ဖြင့် ပြောလိုက်၏။ "စည်းခတ်ထားတဲ့ သတ္တဝါက အထက်နယ်မြေကလေ။ ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ အားအင်တွေက လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ကျော်ကတည်းက တစ်ဖြည်းဖြည်းနဲ့ ကျဆင်းလာခဲ့တာ။ ဒီတော့ ရင်ဆိုင်ယှဉ်ပြိုင်တိုက်ခိုက်ဖို့ အတွက် ခက်ခဲလိမ့်မယ်လို့ စိုးရိမ်မိတယ်။"

တစ်စုံတစ်ယောက်သည် လေးနက်စွာဖြင့် ဝင်ပြောလိုက်၏။ "ဘာပဲဖြစ်ဖြစ် ကောင်းကင်ကနေ ဖန်တီးထားတဲ့ အရာပဲလေ။သူတို့ ဖြေရှင်းနိုင်တာပဲ ဖြစ်ဖြစ် မဖြေရှင်းနိုင်တာပဲ ဖြစ်ဖြစ် သူတို့ အပေါ်မှာပဲ မူတည်တယ်။”

“အချိန်ရမယ်ဆိုရင် ငါတို့ အနေနှင့် သေသေချာချာ ဂရုစိုက်ပြီးတော့ ကြည့်ရှုသင့်တယ် မဟုတ်လား"

"ငါတို့က ဒီလို ကိစ္စအသေးလေးတွေ အတွက် လိုက်ပြီးတော့ တွေးပေးဖို့ အချိန်ရှိမှာလဲ။"

ကြီးမြတ်လှသော အကြီးအကဲကြီးသည် လက်ကို ယမ်းခါကာ ပြောလိုက်သည်။ "လူစုခွဲမယ်..."

………..

"ချင်းယန် ငါ ဆာနေပြီ။အသီးအရွက် အစားအစာ နည်းနည်းလောက် ပေးပါအုံး"

ကျွင်းချောင်ရှောင်းသည် အားပျော့စွာဖြင့် ထိုင်ခုံပေါ်တွင် မှီကာလှဲလျက်ရှိသည်။

သူသည် ရှေ့တွင် ရှိသော လှပသည့်တော၏ မြင်ကွင်းများ ရှိလို့နေ၏။ သာမန်အားဖြင့် သူသည် အသက် နှစ်ဆယ် နီးပါးသာ ရှိသည် ဆိုသော်လည်း လက်ရှိ အခြေအနေမှာတော့ ဆယ်နှစ်လောက် ပို၍ အိုးမင်းရင့်ရော် သွားသလို ခံစားနေရ၏။

လောကအဆောင်၏ ဘေးထွက်ဆိုးကျိုးသည် လက်ရှိ သူ၏ အခြေအနေအား ကြီးမားစွာ ပြောင်းလဲစေခဲ့သည်။

ဂိုဏ်းချုပ်ကျွင်း၏ ဆိုးဝါးလှသည့် အခြေအနေကို မြင်ရချိန်မှာတော့ စနစ် သည် လှောင်ပြောင်ကဲ့ရဲ့ရန်ပင် သနားနေမိသည်။ သို့ပေမဲ့ အားရပါးရတော့ ရယ်မောလျက်ရှ်သေး၏။ “ဟားဟား ဟား”

ကျွင်းချောင်ရှောင်း “.......”

"ဂိုဏ်းချုပ်"

လီချင်းယန်သည် သိုလှောင်လက်စွပ်ထဲမှ ထမင်းတစ်ပန်းကန်ကို ထုတ်ယူကာ ပြောလိုက်၏။ "ဂျူနီယာညီမလေးလျို ပြင်ဆင်ထားတဲ့ အစားအစာ နည်းနည်း ရှိသေးတယ်။စားချင်သလား"

"အင်း"

ကျွင်းချောင်ရှောင်းသည် ပါးစပ်ကို ဖြည်းညှင်းစွာ ဟလိုက်၏။

ထမင်းတစ်ပန်းကန်ကို စားပြီးသည့်နောက်မှာတော့ သူ၏ ခန္ဓာကိုယ်သည် အားအင်အနည်းငယ် ပြန်လည် ရရှိသွားခဲ့သည်။ သူ ပြောလိုက်သည်။ "သွား သွားကြစို့"

အင်း

သနားစရာကောင်းလွန်းလှသည်....

ကျွင်းချောင်ရှောင်းသည် နဂါးကျားတိုက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရသည်နှင့် ပတ်သက်၍ အလုံးစုံ စိတ်ဓာတ်ကျလျက်ရှိသည်။ သူသည် များပြားလှသည့် သိုင်းပညာအရင်းအမြစ်နှင့် သက်ဆိုင်သော အရာများကို မရရှိခဲ့ဘဲ ဆိုင်းဘုတ်လေးတစ်ခုကိုသာ ရရှိထား၏။

ထို့အပြင် ဆိုင်းဘုတ် သည် ရွှေနှင့် ပြုလုပ်ထားခြင်းပင် မဟုတ်ပေ။ ပွဲ၏ စီစဉ်သူများသည် အဘယ့်ကြောင့် ကြီးမားလှသည့် ပြိုင်ပွဲကြီးများကို ပြုလုပ်၍ ဤမျှ ကပ်စေးနည်းနေရသနည်း။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းအား စိတ်ကျေနပ်မှု ရရှိစေသည်မှာ နဂါးကြားတိုက်ပွဲပြီးဆုံးသည့်နောက်မှာတော့ သူသည် အတွေအကြုံအဆောင် စုစုပေါင်း ၄ ခုအထိကို ရရှိခဲ့၏။

ပြိုင်စံရှားဂိုဏ်းနှင့် လောကပုန်ကန် နတ်ဂိုဏ်းတို့ မစတင်ခင်မှာပဲ သီးခြားတာဝန်သည် ဖြစ်တည်လာခဲ့ခြင်းဖြစ်ပြီး ဂိုဏ်းသည် အနိုင်ရရှိပါက အတွေ့အကြုံ အဆောင် နှစ်ခုကို ရရှိမည်ဟု ကမ်းလှမ်းခဲ့၏။ ပြီးနောက် ညအင်ပါယာသည် အောင်းဝူရှန် ကို ပြင်းပြင်းထန်ထန် ရိုက်နှက် နှိပ်စက်နေခဲ့သည်။

"ဒီလို အခြေအနေကြီးမှာ အတွေ့အကြုံ အဆောင် ၄ခုကိုပဲ ရတယ်။တစ်ခြား ဂိုဏ်းစုဆောင်းမှတ်များကိုလည်း တစ်ခုမှ မရဘူး။စနစ်က ပိုပိုပြီးတော့ ကပ်စေးနည်းလာပြီ" ကျွင်းချောင်ရှောင်းသည် စောတကတက်လိုက်၏။

အဆင့်မြင့် စတိုးဆီမှ ပစ္စည်းများသည် အလွန်အံ့အားသင့်ဖွယ်ရာ ကောင်းလှ၏။

ထို့ကြောင့် သူ့အနေနှင့် ဂိုဏ်းစုဆောင်းမှတ်များ များများစားစား ရရှိမည်ဆိုပါက ပစ္စည်းအမျိုးအစား အများကြီးကို ဝယ်ယူနိုင်မှာဖြစ်သည်.။

...

အလွန်တရာ အားနည်းနေသော ကျွင်းချောင်ရှောင်းသည် နတ်ဆိုးလင်းယုန်နက်ကြီးကိုလည်း ခေါ်ဆောင်မလာခဲ့မိချေ။ ထို့ကြောင့် ပြိုင်စံရှားဂိုဏ်းဆီသို့ ပြန်ရာလမ်းတွင် လဝက်လောက်ဆီသို့ အချိန်ယူခဲ့ရသည်။

တပည့်များသည် လမ်းတစ်လျှောက်လုံး သူ့အား သယ်ဆောင်လာခဲ့ရ၏။

သို့ပေမဲ့ တောင်၏ ခြေရင်းဆီသို့ ရောက်ရှိချိန်မှတော့ များပြားလှသည့် လူများနှင့် ဖွေးကနဲ ရှိနေကြောင်းကို မြင်လိုက်ရ၏။

တွက်ချက်ကြည့်မည် ဆိုလျှင် သိုင်းကျင့်ကြံသူများသည် တစ်သိန်းနီးပါးခန့်ပင် ရှိမည်ဖြစ်သည်။

"ကောင်းကင်ဘုံ"

စုရှောင်မိုသည် တုန်လှုပ်သွားမိ၏။ "ဒီလောက်လူတွေ အများကြီးလား။"

"ငါတို့ရဲ့ သူရဲကောင်းတွေ ပြန်လာပြီဟေ့"

ထိုအချိန်မှာပဲ တစ်စုံတစ်ယောက်သည် အဆုတ်ကွဲမတတ် အော်ဟစ်လိုက်၏။

ရွှီ …. ရွှီ

စောင့်ဆိုင်းနေကြသော ကျင့်ကြံသူများသည် ကျွင်းချောင်ရှောင်းနှင့် ၎င်း၏ တပည့်များ ရောက်ရှိနေသည်ကို မြင်လိုက်ရချိန်မှာတော့ အလံများကို မြှောက်ကိုင်ကာ အားရပါးရ အော်ဟစ်တော့သည်။

"ဂိုဏ်းချုပ်ကျွင်း"

မြို့တော်ဝန်ရှဲ့သည် ရှေ့သို့ လမ်းလျှောက်လာပြီး လက်သီးကို ဆုပ်ကာ ပြောလိုက်၏။ "ကြိုးစားပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်"

ချင်းယန်မြို့၏ မြို့တော်ဝန်တစ်ယောက်ဖြစ်သည်မို သူသည် ဤလူများကို စုစည်း၍ နဂါးကျား တိုက်ပွဲတွင် အနိုင်ရခဲ့သော ပြိုင်စံရှားဂိုဏ်းကို လာရောက်၍ ဂုဏ်ပြုခဲ့ခြင်းပင် ဖြစ်၏။

ပြောနေစရာပင် မလိုပေ။သူသည် ရက်ပေါင်းများစွာ စောင့်မျှော်နေခဲ့ခြင်း ဖြစ်သည်။

ကျွင်းချောင်ရှောင်းသည် ကြိမ်ခုံ ပေါ်မှာ ထိုင်ရင်း လက်သီးကို ဆုပ်ကာ ပြန်ပြောလိုက်သည်။ "ကြင်နာမှု အတွက် ကျေးဇူးတင်ပါတယ် မြို့တော်ဝန်ရှဲ့"

ချင်းယန်မြို့မှာရှိသော လူများအာလုံးသည် တောင်ပေါ်သို့ တက်ရန်အတွက် လမ်း ဖယ်ပေးလိုက်ကြသည်။

ပြိုင်စံရှား ဂိုဏ်းတပည့်များသည် အားလုံး၏ အကြည့်အောက်မှာပဲ ရှေ့တည့်တည့်သို့ လှမ်းတက်လိုက်ကြသည်။ ၎င်းတို့သည် ရင်ကိုကော့ ခေါင်းကိုမော့ကာဖြင့် ပြိုင်စံရှားဂိုဏ်းဆီသို့ ဝင်ရောက်သွားခဲ့ခြင်း ဖြစ်၏။

ကျွင်းချောင်ရှောင်းအနေဖြင့် ရောထွေးလှသည့် ခံစားချက်မျိုးကို ခံစားနေရ၏။

နဂါးကျား တိုက်ပွဲအတွက် အဓိက ဝင်ရောက်ယှဉ်ပြိုင်ရသည့် အကြောင်းအရာမှာ စိတ်ဝိညာဉ် ကျောက်တုံးများကြောင့် ဖြစ်သည်။

ဤမျှ များပြားလှသော လူများ လာရောက် အားပေး ဂုဏ်ပြုလိမ့်မည်ဟု သူ မထင်မှတ်မိချေ။ လက်ရှိ အခြေအနေမှာတော့ အလွန်တရာ ဝမ်းမြောက်ဖွယ်ရာကောင်းသည့် ခံစားချက်မျိုးကို ရရှိစေ၏။

ဟုတ်ပေသည်။ စိတ်ဝိညာဉ်ကျောက်တုံးများလည်း ရှိနေသေး၏။

ဟောခန်းသခင်ရီသည် စိတ်ဝိညာဉ်ကျောက်တုံးများအား မည်သည့် အချိန်တွင် လာပေးမည်ကို သူသေချာမသိသေးပေ။

သို့ပေမဲ့ တကယ့် အစစ်အမှန်တရားမှာတော့ စိတ်ဝိညာဉ် ကျောက်တုံးများသည် ရောက်ရှိလာစရာလမ်းမရှိသေးချေ။

အဘယ့်ကြောင့်ဆိုသော် ဟောခန်းသခင်ရီသည် သတိမေ့သွားလိုက် ၊ ပြန်နိုးလာလိုက်၊ သတိမေ့သွားလိုက်၊ ပြန်နိုးလာလိုက်နှင့် သံသယာ လည်နေလျက်ရှိနေသောကြောင့်ပင်။

….....

ဟူး ဟူး

အလွန်တရာ နက်ရှိင်းလှသော တောနက်ထဲမှာတော့ လူတစ်ယောက်သည် ခြုံပုတ်ထဲမှ ပေါ်လာသည်။

ကြီးမားလှသော မျက်လုံးကြီးသည် အပေါ်အောက်ဘယ်ညာကို ကြည့်လျက် ရှေ့တည့်တည့်သို့ လှမ်းလျှောက်လာ၏။

ထိုလူသည် ဦးခေါင်းတွင် ခရမ်းရောင် ဆံပင်များ ရှိနေသည့် ပျင်းတွဲတွဲ လူတစ်ယောက်ဖြစ်ပြီး ခန္ဓာကိုယ်သည် ကိုယ်လုံးတီးနှင့် ဖြစ်သည်။

အနားတွင် ဘယ်သူမှ မရှိဘူးဆိုသော်လည်း နေ့ခင်းကြောင်တောင်ကြီးတွင် ကိုယ်လုံးတီးနှင့် ရှိနေ‌ခြင်းမှာ တစ်ခြားလူများအတွက် ရှက်ရွံ့ဖွယ်ရာ ဖြစ်ပေလိမ့်မည်။

ဝေါင်း

ထိုအချိန်မှာပဲ တောနက်ထဲမှ ကြောက်မက်ဖွယ်ရာ ကောင်းလှသော သားရဲဟိန်းသံများ ထွက်ပေါ်လာ၏။

တစ်ကောင်ပြီးတစ်ကောင် ရောက်ရှိလာပြီးသည့်နောက် ကြီးမားလှသည့် စိတ်ဝိညာဉ်သားရဲ များသည် ခရမ်းရောင် ဆံပင်နှင့် လူ၏ ရှေ့တွင် ဒူးထောက်လိုက်ကြ၏။ ၎င်းတို့သည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။

"နှုတ်ဆက်ပါတယ် ဘုရင်"

အင်း

ခရမ်းရောင် ဆံပင်နှင့် လူသည် ကျောက်တုံးပေါ်တွင် ထိုင်ပြီးနောက် သူ၏ ခြေထောက်များကို ကားကာ မတ်မတ်ရပ်လျက် ရှိနေတော့၏။

ထိုလူ၏ မျက်နှာတစ်ခုလုံးသည် နတ်ဆိုးကဲ့သို့ အော်ရာများကို ထုတ်ဖော်လျက်ရှိပြီး ကြီးမြတ်လှသည့် အရှိန်အဝါများလည်း ထုတ်ဖော်နေသည်။

သူ ပြောလိုက်၏။ "ဒီလောက်နှစ်တွေ အများကြီးကြာပြီးတဲ့နောက်မှာ မင်းတို့ ငါ့ကို မှတ်မိနေတယ်ဆိုတော့ စိတ်ကျေနပ်စရာပဲ"

"ဘုရင်"

စိတ်ဝိညာဉ် သားရဲသည် ရယ်ကာ ပြောလိုက်၏။ "အရင်ဆုံး လူသား အဝတ်တစ်ခုကို ဝတ်အုံးမလား"

ဘုန်း

ရုတ်တရက်ဆိုသလိုပဲ ထိုသတ္တဝါ၏ ရှေ့တွင် ခရမ်းရောင် ဆံပင်နှင့်လူ ပေါ်ပေါက်လာသည်။ ပြီးနောက် သူသည် လက်သီးနှင့် ထိုးလိုက်သည်။ "ငါရဲ့ မြင့်မြတ်လှတဲ့ ခန္ဓာကိုယ်က ဘာလို့ ယုတ်ညံ့ပြီး ကျက်သရေမဲ့တဲ့ လူသား အဝတ်အစားကို ဝတ်ရမှာလဲ။"

သူ့အနေနှင့် ထို့ကြောင့် လူသားအဝတ်အစားများကို မဝတ်ဆင်ခြင်းပင် ဖြစ်တော့သည်။

စိတ်ဝိညာဉ်သားရဲများသည် မနေနိုင်တော့ဘဲ တုန်ယင်သွားမိ၏။ ၎င်းတို့၏ မျက်လုံးများတွင် ထိတ်လန့် ကြောက်ရွံ့မှုများ ပေါ်ပေါက်လာကြ၏။

ဘုရင်သည် နှစ်ပေါင်းများစွာ စည်းခတ်ခံခဲ့ရသူ ဖြစ်သည်။ သို့ပေမဲ့ အလွန်တရာ အားကောင်းနေသေးသည်။ သူတို့၏ သားရဲမျိုးနွယ်သည် အမြင့်ဆုံး အဆင့်သို့ ပြန်လည်ရောက်ရှိလာရန် ဆိုသည်မှာ မဝေးတော့သည့် အနာဂတ် ဖြစ်လာနိုင်ပေတော့မည်။

"ဘုရင်"

စိတ်ဝိညာဉ် သားရဲတစ်ကောင်သည် အားပျော့စွာဖြင့် ပြောလိုက်၏။ "ကျုပ်တို့ သားရဲတွေက သေမင်းတောင်ကြားထဲမှာ ဘုရင် ပြန်လာတာကို စောင့်မျှော်နေကြတာ။"

"သေမင်းတောင်ကြား ဟုတ်လား"

ခရမ်းရောင် ဆံပင်နှင့် လူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ဒေါသတကြီး ပြောလိုက်သည်။ "ဒီနှစ် အတွင်းမှာ ငါ့ရဲ့သားရဲတွေကို လူသားတွေက တောက်လျှောက် အနိုင်ကျင့်နေတာလား။ မဟုတ်ရင် သေမင်းတောင်ကြားဆိုတဲ့ နေရာကြီးက ဘာလို့ ဒီလောက် ခြောက်ကပ်သွားရမှာလဲ"

All Chapters