အခန်း (၇၂၉)
Vol. 49 Ch. 729
တောင်၏ခြေရင်းတွင် မြို့ရွာလေးတစ်ခု တည်ရှိနေသည်ဆိုမှတော့ နေထိုင်သူမှာလည်း ရှိရမည်မှာ သဘာဝပင် ဖြစ်တော့သည်။ ကျွင်းချောင်ရှောင်းသည် ချင်းယန်ရွာရှိ ရွာသားများအားလုံးကို ဤနေရာသို့ ရွေ့ပြောင်းထားရန် ဆုံးဖြတ်ထားမိ၏။ ၎င်းတို့အား အမြဲတမ်းနေထိုင်ခွင့် အိမ်ရာများကို ပေးစွမ်းရန်ပင် စဉ်းစားထားမိသည်။
သူ့အနေနှင့် ကြယ်ကြွေကုန်းမြေတိုက်ကြီးသို့ ဝိညာဉ်ကူးပြောင်းရောက်ရှိစဉ်က ဂိုဏ်းသည် အလွန်တရာ ဆင်းရဲ လွန်းလှပြီး စားစရာတစ်ခုကိုပင် ရှာဖွေရန် ခက်ခဲလှ၏။ ထိုစဉ် က ချင်းယန်ရွာမှ လူများအားလုံးသည် သူ့အား အစားအသောက်များ နေ့စဉ်ကျွေးမွေးခဲ့၏။
ထို့ပြင် ဤကဲ့သို့သော မြို့ရွာတစ်ခုကို တည်ဆောက်နိုင်သည် ဆိုပါက ဂိုဏ်းတပည့်များ၏ မိသားစုဝင်များသည်လည်း ဤနေရာသို့ ရွေ့ပြောင်း၍ နေထိုင်နိုင်လိမ့်မည်။
လာရောက်လည်ပတ်ရန်လည်း အဆင်ပြေသွားမည်ဖြစ်သလို ပျော်ပွဲရွှင်ပွဲနေ့များတွင်လည်း မိသားစုများ ပြန်လည် ဆုံစည်းနိုင်ပေလိမ့်မည်။ ဤအရာသည် အဘက်ဘက်မှ သင့်တော်လှသော အရာတစ်ခုပင်ဖြစ်တော့သည်။
မြို့ရွာ တစ်ခု တည်ဆောက်ရသည့် လုပ်ငန်းစဉ်သည် အလွန်တရာ ကြီးမားသည့် လုပ်ငန်းစဉ်ကြီးဖြစ်သည်။ တောဝက်ရိုင်း လေးနှင့် တပည့်များ၏ ကူညီမှု ရှိသည်ဆိုလျှင်တောင်မှ အချိန်အနည်းငယ် ကြာမြင့်ပေလိမ့်မည်။
ကျွင်းချောင်ရှောင်းအနေဖြင့် အလျင်မလိုချေ။ အရာအားလုံးအား လီချင်းယန်နှင့် နင်တုရှင်းတို့ဆီ လွှဲအပ်ထားခဲ့ပြီး ရံဖန်ရံခါဆိုသလို လာကြည့်ရုံမှလွဲ၍ သူ၏အချိန်တော်တော်များများသည် အားမွေးခြင်း၌ပင် ကုန်ဆုံးလျက်ရှိသည်။
ရက်အနည်းငယ်ကြာမြင့်ပြီးသည့်နောက်မှာတော့ ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းဝင်ခွင့်စစ်ဆေးခြင်း စာမေးပွဲ သည် စတင်တော့မည်ဖြစ်သည်။ ဤတစ်ကြိမ်မှာတော့ ကျွင်းချောင်ရှောင်းသည့် တပည့်အရေအတွက်အား နှစ်သောင်းအတိသာထားရန် သေသေချာချာ မှာကြားထား၏။ ပိုစရာလည်းမလိုသလို ၊ လိုစရာလည်း မလိုချေ။
နဂါးကျားတိုက်ပွဲတွင် ဗိုလ်ဆွဲပြီးသည့်နောက် ပြိုင်စံရှားဂိုဏ်းသည် အလွန်တရာ ကျော်ကြားလာခဲ့သည်။ ထို့အပြင် သူ၏ကြော်ငြာမှုကြောင့် အမြို့မြို့၊ အနယ်နယ်တွင်ရှိသော ပါရမီရှင်များသည် သူတို့ဆီသို့ ရောက်ရှိလာကြသည်။
“အင်း”
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “လူတွေကို ခေါ်ယူဖို့ အကန့်အသတ်သာ မရှိဘူးဆိုရင် ရှိသမျှလူအားလုံးကို လက်ခံလိုက်ပါတယ်၊ ဒီနေရာမှာ မြို့ရွာ တစ်ခုရှိနေပြီဆိုတော့ အရည်အချင်းရှိတဲ့ လူငယ်တွေက ဒီကို ခဏလာပြီး စောင့်ဆိုင်းလို့ရတယ်လေ”
ပထမတစ်ကြိမ်တွင် ရွေးချယ်ခြင်းမခံရသော လူငယ်များအနေနှင့် သူတို့၏နေရပ်ဆီသို့ ပြန်သွားရန်မလိုဘဲ သံမဏိ အရိုးမြို့တွင် နေထိုင်ရင်း စောင့်စား၍လည်း ရနေနိုင်၏။
“ဒင်... ဒင်”
တပည့်များ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် များပြား လှသည့် သတိပေးသံများကို ခေါင်းထဲတွင် ကြားလျက်ရှိသည်။
“ဂိုဏ်းအဖွဲ့ဝင် - ၂၀၀၀၀ / ၂၀၀၀၀”
“ဂိုဏ်းစုဆောင်းမှတ် - ၂၀၀၀၀ / ၂၀၀၀၀”
နောက်ဆုံးလူငယ်တစ်ယောက် ပြိုင်စံရှားဂိုဏ်း၏ တပည့်ဖြစ်လာပြီးသည့်နောက် အရာအားလုံးသည် ပြည့်စုံသွား ခဲ့ပြီဖြစ်သည်။ ကျွင်းချောင်ရှောင်းသည် အသေးစိတ်ကအစ ဇီဇာကြောင်ပြီး ချေးများတက်သည့်လူများ ဖြစ်သောကြောင့် ဂိုဏ်းစုဆောင်းမှတ် နှစ်သောင်း ပြည့်သွားချိန်တွင် ကွက်တိကျရန်အတွက် အစောကြီး ကတည်းက လိုအပ်သည့် ဂိုဏ်းစုဆောင်းမှတ်များကို ကြိုတင်ကာ သုံးဖြုန်းထားပြီးသားဖြစ်သည်။ ထို့ကြောင့် ဂိုဏ်းသားနှစ်သောင်း ပြည့်ချိန်တွင် ဂိုဏ်းစုဆောင်းမှတ်သည်လည်း နှစ်သောင်းပြည့်လို့နေတော့၏။
“ဒင်...ဂိုဏ်းတာဝန် အသက်ဝင်”
သတိပေးသံ အဆုံးသတ်ပြီးသည့်နောက်မှာတော့ ဂိုဏ်းတာဝန်တစ်ခု ထွက်ပေါ်လာတော့သည်။ ခက်ခဲမှုအရ ဆိုလျှင် ယခင်ကထက်ပို၍ ခက်ခဲနေသည်။ သို့ပေမဲ့ ပြည့်စုံအောင် ပြုလုပ်ရန်အတွက်တော့ ဂိုဏ်း၏တပည့်များ အနေဖြင့် ခက်ခဲလိမ့်မည် မဟုတ်ချေ။ များသောအားဖြင့် တချို့သောတာဝန်များသည် မြို့ရွာတည်ဆောက်ခြင်းနှင့် ပတ်သက်သော တာဝန်များဖြစ်သည်။ အထူးသဖြင့် တစ်နေ့အတွင်း အုတ်အလွှာဘယ်လောက် တည်ဆောက်ရမည်၊ အုတ်ဘယ်လောက် သယ်ဆောင်ရမည်ဆိုသော တာဝန်များဖြစ်တော့သည်။
“ငါ့အနေနဲ့ ဂိုဏ်းစုဆောင်းမှတ်တွေကို ကြိုပြီး ရှင်းလင်းထားမှပဲ”
ဂိုဏ်း၏တာဝန်များ ပြည့်စုံသွားသည်ဆိုသည်နှင့် သူသည် ဂိုဏ်းစုဆောင်းမှတ်များကို ထပ်၍ ရရှိမှာဖြစ်သည်။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် စနစ်၏ စတိုးအား ဖွင့်လှစ်ကာ ဂိုဏ်းစုဆောင်းမှတ် တစ်သောင်းအား အသုံးပြုရန် ပြင်ဆင်လိုက်တော့သည်။
“ငါဘာဝယ်ရင်ကောင်းမလဲ”
အချိန်အတော်ကြာ စဉ်းစားပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ဆုံးဖြတ်ချက်တစ်ခုကို မချနိုင်ခဲ့ချေ။ အဓိကအကြောင်းအရာအားဖြင့် အဆင့်မြင့်စတိုးထဲတွင် များပြားလှသည့်ပစ္စည်းများ တည်ရှိနေသောကြောင့်ပင် ဖြစ်၏။ သူ့အနေဖြင့် ရွေးချယ်ဝယ်ယူရန် ခက်ခဲလွန်းနေသည်။
“RPG လောင်ချာတစ်ခုကို ဝယ်လိုက်ရင် ကောင်းမလားမသိဘူး”
ကျွင်းချောင်ရှောင်းက တီးတိုးရေရွတ်လိုက်သည်။ သူသည် ထိုအရာကို မျက်စိကျနေသည်မှာ အချိန်အတော် ကြာမြင့်နေပြီဖြစ်သည်။ နတ်ဘုရားအဆင့် အဆင့်မြှင့်တင်သည် ဆိုသည့် စားလုံးအား မြင်ပြီးကတည်းက ထိုလက်နက်အား အသုံးပြုချင်ခဲ့၏။
“အနာဂတ်ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ ဒီလိုမျိုး စစ်လက်နက်ပစ္စည်းတွေ ထုတ်သုံးဖို့အတွက် ခက်ခဲလာလိမ့် မယ်လို့ ပြောခဲ့တယ် မဟုတ်ဘူးလား၊ ဒါပေမဲ့ ဘာလို့ ဒီလောင်ချာက အဆင့်မြင့်စတိုးထဲမှာ ရှိနေရတာလဲ” ကျွင်းချောင်ရှောင်းသည် ပြုံးကာ မေးလိုက်၏။
“......” စနစ်သည် ဆွံ့အသွား၏။
“ငါပြောတဲ့လက်နက်ဆိုတာ ရိုးရိုးသေနတ်တွေကို ပြောတာလေ၊ ဒီလို ကြီးမားတဲ့ အမြှောက်ကြီးတွေကို ပြောတာမှ မဟုတ်တာ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါဆိုရင် ငါဝယ်ရမှာပေါ့”
“ဒင်... လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် တစ်သောင်းအား အသုံးပြု၍ နတ်ဘုရားအဆင့် အဆင့်မြှင့်တင် ထားသော RPG ရော့ကတ်လောင်ချာအား ဝယ်ယူခဲ့သည်၊ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပြီးပါပြီ”
“ဒင်... ဂိုဏ်းစုဆောင်းမှတ် - ၁၀၀၀၀ / ၂၀၀၀၀”
တွီ
ကျွင်းချောင်ရှောင်းသည် နတ်ဘုရားအဆင့် အဆင့်မြှင့်တင်ထားသော RPG လောင်ချာကြီးအား သူ၏ပုခုံး ပေါ်သို့ ထမ်းတင်လိုက်သည်။ ပြီးနောက် မျက်လုံးကို အသာမှေးကာဖြင့် တည်နေရာတစ်ခုကို ချိန်ရွယ် လိုက်သည်။ ထို့နောက် တီးတိုးပြောဆိုလိုက်သည်။ “ယောက်ျားတွေက အမြှောက်ပစ်တတ်ရမယ်”
သူသည် သလင်းအမြူတေများအား ထုတ်ယူ၍ အမြှောက်ကျည်ဆံအဖြစ် ထည့်သွင်းလိုက်တော့သည်။ အဆုံးသတ် မှာတော့ အမြှောက်ဆံ တစ်ခု ဖြစ်ပေါ်လာရန်အတွက် သလင်းအမြူတေပေါင်း နှစ်ဆယ်ကို အသုံးပြုလိုက်ရသည်။
“ဒီလောင်ချာနဲ့သာ ပစ်လိုက်မယ်ဆိုရင် အရမ်းအားကောင်းမှာပဲ”
ကျွင်းချောင်ရှောင်းသည် တလက်လက်တောက်ပနေသော အကြည့်ဖြင့် ပြောလိုက်တော့သည်။ သူ့အနေဖြင့် လောင်ချာ၏ ပြောင်းခလုတ်ကို မနှိပ်လိုက်ချေ။ ထိုအစား ရှောင်ကျီကို လှမ်းခေါ်လိုက်၏။ “ဒါက နောက်ဆုံးဖန်တီးထားတဲ့ လက်နက်ပဲ၊ မင်းလာပြီးစမ်းကြည့်”
နတ်ဘုရားအဆင့်မြှင့်တင်ထားသော RPG လောင်ချာသည် သူကိုယ်တိုင်အသုံးပြု၍ ရနိုင်သလို သူ၏တပည့်များလည်း အသုံးပြု၍ ရနိုင်ေ“ဂိုဏ်းချုပ်”
ရှောင်ကျီသည် ထိုအရာကို ယူပြီးသည့်နောက်မှာ အားပျော့သလို ပြောလိုက်၏။ “ဒီဟာရဲ့ ပြန်ကန်အားကကော ကြီးလား”
“မကြီးပါဘူး” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
“ကောင်းပြီ”
ရှောင်ကျီသည် ထိုအရာကိုယူပြီးသည့်နောက်မှာတော့ ဂိုဏ်းချုပ်၏ပုံစံအတိုင်း ပခုံးပေါ်သို့ တင်လိုက်သည်။ “ဂိုဏ်းချုပ်... ဘယ်နေရာကို ပစ်ရမှာလဲ”
ကျွင်းချောင်ရှောင်းသည် အဝေးတစ်နေရာတွင်ရှိသော တောင်တစ်ခု၏ ထိပ်ဆီသို့ လက်ညှိုးထိုးက ပြောလိုက်၏။ “ငါတို့က မြို့ကို တည်ဆောက်မှာဆိုတော့ ကျောက်တွေပိုပြီး လိုအပ်တယ်လေ၊ ဒီတော့ အဲနေရာကိုပစ်ချပြီး ကျောက်တွေယူရအောင်”
ပြောပြီးသည့်နောက်မှာတော့သူသည် အနောက်ဘက်သို့ ခြေလှမ်းတစ်ရာလောက် ဆုတ်ခွာလိုက်သည်။ တောင်၏ ထိပ်ပိုင်းဆီသို့ အာရုံစိုက်လျက်ရှိသော ရှောင်ကျီမှာတော့ ဂိုဏ်းချုပ်တစ်ယောက် သူ၏အနားမှ ထွက်ခွာသွားသည်ကို သတိမပြုမိချေ။
ဝုန်း
ဘန်း
ကျယ်လောင်လှသည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးသည့်နောက် တည်နေရာတစ်ခုလုံးသည် တုန်ခါသွားခဲ့ သည်။ ဂိုဏ်းထဲတွင် ကျင့်ကြံနေကြသော ဂိုဏ်းတပည့်များအားလုံး၏ မျက်နှာများသည် ပြောင်းလဲသွားကြသည်။ ၎င်းတို့သည် အသံထွက်ပေါ်လာရာနေရာဆီသို့ ကြည့်ရှုလိုက်သည့်နောက်မှာတော့ အလင်းတန်းကြီးတစ်ခု ဖြတ်ပြေးသွားသည်ကို မြင်လိုက်ရပြီး တောင်၏ထိပ်တစ်ခုလုံးသည် ပြိုလဲသွားသည်ကို အတိုင်းသားမြင်နေရ၏။
ကောင်းကင်တစ်ခုလုံးတွင် ဖုန်များဖြင့် ပြည့်နှက်သွားခဲ့သည်။ ထိုအရာသည် ဖုန်များမဟုတ်ချေ။ ကျောက်များ အမှုန့်ဖြစ်သွားသည့်အရာပင် ဖြစ်တော့သည်။
လောင်ချာ၏ ကြမ်းတမ်းလှသည့်စွမ်းအင်အောက်တွင် တောင်ကြီးတစ်ခုလုံးသည် ပြိုလဲသွား၏။ ကြီးမားသည့် ကျောက်တုံးကြီးများသည် အပိုင်းပိုင်း ဖြစ်ကုန်ကြပြီး သေးငယ်လှသည့် ကျောက်တုံးများမှာတော့ အမှုန့်အဖြစ်သို့ပင် ပြောင်းလဲသွားခဲ့၏။
ဖျောက် ဖျောက် ဖျောက် ဖျောက်
တည်နေရာတွင် ကျယ်လောင်လှသည့်အသံများ ဖြစ်ပေါ်လာတော့သည်။ ထိုအချင်းအရာကိုမြင်တော့ ပြိုင်စံရှား ဂိုဏ်းမှာ တပည့်များသည် ပါးစပ်အဟောင်းသား ဖြစ်မိနေကြ၏။
“ထင်ထားတဲ့အတိုင်းပဲကိုး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “တည်နေရာကိုတောင် ဆွဲခွဲနိုင်တယ်”
နတ်ဘုရားအဆင့် အဆင့်မြှင့်တင့်ထားသည်ဆိုသည့် စကားလုံးနှင့်ပင် တကယ်ပင် အားကောင်းလွန်းလှ၏။ ထို့အပြင် နတ်ဘုရားအဆင့် အဆင့်မြှင့်တင်ထားသော လက်နက်များထဲတွင် အထူးစွမ်းရည်များလည်း တည်ရှိလို့ နေ၏။ ဤအထူးစွမ်းရည်မှာမူ ပစ်မှတ်အား ချိန်ရွယ်၍ ပစ်ခတ်လိုက်မည်ဆိုပါက မည်မျှပျံသန်းကာပြေးပြေး ကမ္ဘာကြီးအဆုံးအထိ အမြှောက်ဆံ သည် လိုက်နေမှာဖြစ်၏။
“နေအုံး”
ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “ရှောင်ကျီရော”
ထိုအချိန်မှာတော့ သူ၏တပည့်သည် သူ၏မြင်ကွင်းထဲတွင် မရှိတော့ကြောင်းကို နားလည်မိလိုက်၏။ အတွင်းခြံဝန်း၏ သိုင်းလေ့ကျင့်ရေးကွင်းထဲမှာတော့ ရှောင်ကျီသည် နတ်ဘုရားအဆင့် အဆင့်မြှင့်တင်ထားသော RPG လောင်ချာကြီးကိုပိုက်၍ ဇောက်ထိုးကြီး မြေပေါ်တွင် စိုက်လျက်ရှိသည်။ ကံကောင်းစွာဖြင့်သူသည် ကြီးမား သည့်ဒဏ်ရာတော့ မရရှိခဲ့ချေ။ အားပျော့စွာဖြင့် ပြောလိုက်၏။ “ဒီ …. ဒီလိုဖြစ်မယ်ဆိုတာ သိသားပဲ”
“…....”
ဟမ်
သေမင်းတောင်ကြားထဲတွင်ရှိသော မိစ္ဆာလူသားသည် လေထဲတွင်ဖြစ်တည်လာသည့် တုန်ခါမှုကို သိရှိလိုက်ပြီး သည့်နောက် တီးတိုးရေရွတ်လိုက်သည်။ “လူသားကျွမ်းကျင်သူတွေ တိုက်ခိုက်နေကြတာလား”
“ဘုရင်”
လက်တစ်ဖက်နှင့် စိတ်ဝိညာဉ်သားရဲတစ်ကောင်သည် သူ့ဆီသို့ လျှောက်လာပြီး သတင်းပို့လိုက်၏။ “ကျုပ်စုံစမ်းပြီးသွားပြီ၊ မီးနဂါးကို သတ်ခဲ့တဲ့ဂိုဏ်းက ပြိုင်စံရှားဂိုဏ်းတဲ့”
မိစ္ဆာလူသည် သူ၏ခြေထောက်များကို ကားကာရပ်လိုက်၏။ ပြီးနောက် သူ၏မေးစေ့ကို လက်တစ်ဖက်ဖြင့် ပွတ်သပ်ကာ အေးစက်စက်ဖြင့် ပြောလိုက်၏။ “သူတို့ရဲ့အဆင့်က ဘယ်လောက်လဲ”
“အဆင့်ငါးဂိုဏ်းပါ”
“အဆင့်ငါး ဟုတ်လား”
သူသည် အေးစက်စက်ပြုံးကာ ပြောလိုက်သည်။ “ငါ့ရဲ့ လက်ရှိအားအင်အရဆိုရင် သူတို့ကို ရှင်းလင်းပစ်ဖို့ဆိုတာ ပြဿနာတစ်ခုတော့မဟုတ်ဘူး”
“ဘုရင်”
စိတ်ဝိညာဉ်သားရဲသည် တီးတိုးပြောလိုက်၏။ “ပြိုင်စံရှားဂိုဏ်းက မရိုးရှင်းဘူး၊ ကျုပ်ကြားသလောက်ဆိုရင် ….”
မိစ္ဆာလူသည် ဖြတ်ကာ ပြောလိုက်၏။ “မြန်မြန် တခြားသတ္တဝါတွေ အားလုံးကို ဆက်သွယ်လိုက်၊ ငါ ဒီအမှိုက်ဂိုဏ်းကို ဖြေရှင်းပြီးပြီဆိုတာနဲ့ လူသားတွေ အားလုံးကို စစ်ကြေညာပစ်မယ်”
“ကောင်းပါပြီ” စိတ်ဝိညာဉ်သားရဲက ပြောလိုက်သည်။
ဝှစ်
မိစ္ဆာသူသည် သေမင်းတောင်ကြားထဲမှ ကိုယ်လုံးတီးဖြင့် ထွက်ခွာ လာခဲ့သည်။ “မင်းက ငါ့ရဲ့ဥကို ခိုးရဲတယ် ဟုတ်လား၊ ငါက မင်းရဲ့ဥကို ချေပစ်မယ်”
………....
ပြိုင်စံရှားဂိုဏ်းထဲမှာတော့ ရှောင်ကျီသည် သတိပြန်ရပြီးသည့်နောက်မှာတော့ နတ်ဘုရားအဆင့် အဆင့်မြှင့်တင် ထားသော RPG လောင်ချာကြီးကို ပျော်ရွှင်စွာပွတ်ကာ ပြောလိုက်သည်။ “ဂိုဏ်းချုပ်... ဒီလက်နက်က အရမ်းကို အားကောင်းတယ်”
၎င်းသည် အီတလီအမြှောက်ကြီးလောက် အားမကောင်းလှဘူး ဆိုသော်လည်း အားအင်အဆင့်မှာတော့ သေးကွေး လှသည် မဟုတ်ပေ။ ပို၍ အရေးကြီးသည်မှာ ပေါ့ပါးလွန်းပြီး အလွယ်တကူ ထုတ်ယူပစ်ခတ်နိုင်၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မင်း ဒါကို အရင်ယူထားလိုက်၊ အနာဂတ်မှာ ရန်သူတွေနဲ့ တွေ့ပြီဆိုရင် ထုတ်ပြီး ပစ်လိုက်တော့”
“ကောင်းပါပြီ”
ရှောင်ကျီသည် ခေါင်းညိတ်လိုက်တော့၏။ သူသည် သက်ရှိသတ္တဝါတစ်ခုခုကို စမ်းသပ်၍ ပစ်ခတ်ရန် စိတ်အား ထက်သန်လျက်ရှိနေသည်။ ပစ်မှတ်သည် အားမနည်းလျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။