← Chapters

အခန်း (၇၃၁)

Vol. 49 Ch. 731

အခန်း (၇၃၁)

Vol. 49 Ch. 731

မိစ္ဆာလိုလူနှင့် ပြိုင်စံရှားဂိုဏ်း တပည့်များသည် တိုက်ခိုက်ပြီးသည့်နောက်မှာတော့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုလုံး ပျက်စီးသွားခဲ့သည်။

အပျက်အစီးပုံများရှေ့တွင် မတ်တပ်ရပ်လျက်ရှိသော တောဝံရိုင်းလေးသည် ဝမ်းနည်းတကြီးဖြင့် အော်ဟစ်လျက်ရှိသည်။ ၎င်းသည် ရက်အနည်းငယ် အတွင်း ချွေးတစ်ပေါက်ပေါက်ကျသည်အထိ အလုပ်ကြိုးစားခဲ့သည်။ လက်ရှိ အချိန်တွင် ထိုအရာများအားလုံး ပျက်ဆီးသွားခဲ့ပြီဖြစ်သည်။ မည်မျှဝမ်းနည်းစရာ ကောင်းလိုက်သနည်း။

ကိုယ်လုံးတီးလူ ၏ မျက်နှာအား သွား၍ ဆောင့်နင်းရန်ပင် သူ စဉ်းစားလိုက်မိသည်။

"ဂိုဏ်းချုပ်"

အဓိက ဟောခန်းထဲမှာတော့ လီချင်းယန်သည် ထပ်ကာ ပြောလိုက်၏။ "ဒီလူလုပ်လို့ ဖြစ်သွားတဲ့ ပျက်စီးမှုတွေက အနည်းဆုံး ငွေတေလ်း တစ်သိန်းလောက်တန်တယ်။"

"ငွေတေလ်း တစ်သိန်းလောက်ဟုတ်လား"

ကျွင်းချောင်ရှောင်းသည် လက်ပိုက်ကာဖြင့် မေးမြန်းလိုက်မိသည်။ သူ၏ မျက်လုံးထဲတွင်တော့ အေးစက်သည့် အမူအရာများဖြင့် ပြည့်နက်သွားခဲ့သည်။

သူ့တွင် ပိုက်ဆံရှိသည်။ သို့ပေမဲ့ ဤပိုက်ဆံများသည် လေထဲမှ ရောက်ရှိလာခြင်း မဟုတ်ပေ။ တစ်ဖက်လူသည် ပြသနာလာရှာခဲ့ပြီး ပိုက်ဆံတော်တော်များများကိုလည်း ဆုံးရှုံး စေခဲ့သေးသည်။

"ချီးထုတ်ကောင်"

ကျွင်းချောင်ရှောင်းသည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ "သေတဲ့ အထိ မနှိပ်စက်ရဘူးဆိုရင် ငါ ဆုံးရှုံးခဲ့တဲ့ ငွေတေလ်း တစ်သောင်းက ဘယ်လိုလုပ် ထိုက်တန်တော့မှာလဲ...."

အလွန်တရာခိုင်ခံ့လှသော အကျဉ်းထောင်ထဲမှာတော့ ကျိုးဒူဒူ သည် ထောင့်တစ်နေရာတွင် ကျုံ့ကျုံ့လေး ရှိနေသည်။

သူ၏ရှေ့တွင်တော့ ခန္ဓာကိုယ်တစ်ခုလုံး မဲတူးနေသည့် လူတစ်ယောက် ရှိလို့နေ၏။

သူ၏နှုတ်ခမ်းထောင့်များသည် တဆတ်ဆတ်နှင့် တုန်ယင်လျက်ရှိသည်။

ဤဂိုဏ်းထဲတွင် အနှိပ်စက်ခံရဆုံးမှာ သူ ဖြစ်သည် မဟုတ်လား။ အခု ပြိုင်စံရှားဂိုဏ်းသည် ပိုမို၍ ကြောက်စရာကောင်းလှသော နှိပ်စက်နည်းမျိုးကို အသုံးပြု၍ နှိပ်စက်နေပြီဖြစ်သည်။ တစ်ဖက်လူကို ကြည့်ရှုရသည်မှာ အချိန်အတော်ကြာ မီးနှင့် ကင်ခံထားရပုံပေါ်၏။

ကျိုးဒူဒူ သည် သက်ပြင်းကို ချလိုက်၏။ သူ၏ မျက်လုံးထဲတွင်တော့ ကိုယ်ချင်းစာနာသည့် အရိပ်အယောင်များ ဖြစ်တည်လာခဲ့သည်။

ကျွီ

အကျဉ်းထောင်တံခါး ပွင့်လာပြီးသည့်နောက် နေအလင်းရောင် သည် အထဲသို့ တိုးဝင်လာသည်။ ကျိုးဒူဒူသည် သူ၏ မျက်လုံးကို မှိတ်ကာ ဝမ်းနည်းတကြီး ပြောလိုက်၏။ "မင်းတို့ ငါ့ကို နှိပ်စက်အုံးမှာလား"

သူသည် ဂိုဏ်းချုပ်ကျွင်း အဖြစ် အယောင်ဆောင်ခဲ့၏။ ထို့ကြောင့် ပြိုင်စံရှားဂိုဏ်းထဲတွင် အချိန်အတော်ကြာသည်အထိ ဖမ်းဆီးချုပ်နှောင်ထားခြင်းကို ခံရသည်။ အကြောင်းအရာမှ မရှိဘဲနှင့် ထိုဂိုဏ်းမှ တပည့်များ၏ အနိုင်ကျင့် ရိုက်နှက်ခြင်းကိုလည်း ခံခဲ့ရသည်။

လက်ရှိ အခြေအနေတွင် ဂိုဏ်းထဲ၌ သူ့အား ရိုက်နှက်သည့် အလေ့အထ တစ်ခုပင် ကောင်းကောင်း ဖြစ်တည်နေပြီဖြစ်၏။

ကျွင်းချောင်ရှောင်းသည် အထဲသို့ လျှောက်ဝင်လာပြီးသည့်နောက် ပြင်ဆင်ထားသော ထိုင်ခုံပေါ်တွင် ထိုင်လိုက်သည်။ လက်ကိုယမ်းခါကာ ပြောလိုက်သည်။

"သူ့ကို ကြိုးနဲ့ ချည်ထားလိုက်"

"ကောင်းပါပြီ"

စုရှောင်မိုနှင့် လီဖေးတို့သည် ရှေ့သို့ လှမ်းတက်လာပြီးသည့်နောက် မိစ္ဆာလိုလူအား ကြိုးနှင့် တုတ်နှောင်လိုက်သည်။ ပြီးသည့်နောက်မှာတော့ လေထဲတွင် တွဲလောင်းဆွဲထားလိုက်၏။

သေမင်းတောင်ကြားထဲတွင် စုဝေးနေသော သားရဲများသည် ၎င်းတို့၏ ဘုရင်သည်သာ ထောင်ထဲတွင် တွဲလောင်းချိတ်ဆွဲထားခံရမှန်း သိမည်ဆိုလျှင် မည်သို့ခံစားရမည်နည်း။

ဗြန်း

ရေအေးအေးများဖြင့် လောင်းပက်ခြင်းကို ခံလိုက်ရ၏။ မိစ္ဆာလို လူသည် မျက်လုံးကို ခက်ခက်ခဲခဲ ဖွင့်လိုက်၏။

သူ၏ မျက်လုံးထဲတွင်တော့ ကြမ်းတမ်းလှသည့် အရိပ်အယောင်များ တည်ရှိလို့နေသည်။ သို့ပေမဲ့ အနည်းငယ်တော့ အားနည်းသွားခဲ့သည်။

အမြှောက်ဆံကို ခုခံကာကွယ်ရန် ခန္ဓာကိုယ်အားအင်ကိုအသုံးပြုခဲ့သောကြောင့် သူသည် မသေဆုံးခဲ့ချေ။ သို့ပေမဲ့ ပြင်းပြင်းထန်ထန်တော့ ဒဏ်ရာ ရရှိသွားခဲ့သည်။

မိစ္ဆာလိုလူသည် သတိပြန်ဝင်သွားချိန်မှာတော့ တွဲလောင်းချိတ်ဆွဲထားခံရမှန်း နားလည်လိုက်၏။ သူ၏ ရှေ့တွင် ဂိုဏ်းသား အနည်းငယ်တို့သည် မတ်တပ် ရပ်လျက်ရှိသည်။ ထို့ကြောင့် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ "ခွေးကောင်တွေ"

ဝုန်း

စုရှောင်မို၏ လက်သီးသည် သူ၏ မျက်နှာပေါ်သို့ ကျဆင်းလာ၏။

သူက ပြောလိုက်သည်။ "ခင်ဗျားက အကျဉ်းသားဖြစ်ပြီး တစ်ခြားလူတွေကို အော်ငေါက် ကျိန်ဆဲရဲသေးတယ်ပေါ့။"

မိစ္ဆာလို လူ၏ မျက်လုံးထဲတွင်တော့ သတ်ဖြတ်လိုခြင်း ဆန္ဒများ ဖြစ်ပေါ်လာခဲ့တော့သည်။

ဆိုးရွားလွန်းလှသည်။ သူသည် ပြင်းထန်လွန်းလှသော ဒဏ်ရာများကို ရရှိခဲ့သောကြောင့် ချုပ်နှောင်ထားသော ကြိုးများဆီမှ မလွှတ်မြောက်နိုင်ပေ။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ခင်ဗျားက ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုလုံးကို ဖျက်စီးခဲ့တယ်။ဒါကြောင့် ပိုက်ဆံတွေ အများကြီး ဆုံးရှုံးသွားတယ်။ဒီနေ့ကစပြီး လက်သီးတစ်ချက်ကို ငွေတစ်တေလ်း အဖြစ် သတ်မှတ်ရအောင်"

ဘုန်း

စုရှောင်မိုနှင့် လီဖေးတို့သည် မိစ္ဆာလို လူအား လက်သီးဖြင်က အားရပါးရ ထိုးနှက်တော့၏။

သို့ပေမဲ့ မိစ္ဆာလိုလူသည် ရိုက်နှက်ခံရသော်လည်း ခန္ဓာကိုယ်အားအင်မှာ အားကောင်းလွန်းသည်မို့ ထူးခြားသည့် အရာမျိုးတော့ ဖြစ်ပေါ်မလာခဲ့ချေ။

ထောင့်တစ်နေရာမှာတော့ ကုတ်ကုတ်လေး ဖြစ်နေသော ကျိုးဒူဒူသည် ထိပ်လန့် ကြောက်ရွံ့မှုများဖြင့် တုန်ယင်လျက်ရှိသည်။ သူသည်သာ ဆိုပါက ဤကဲ့သို့သော လက်သီးချက်များကို ခံယူပြီးချိန်တွင် သေဆုံးမှာ သေချာ၏။

ဘုန်း ဘုန်း

နာရီဝက်လောက် ရိုက်နှက် နှိပ်စက်ပြီးသည့်နောက်မှာတော့ စုရှောင်မိုနှင့် လီဖေးတို့သည် ရုတ်တရက် ရပ်တန့်လိုက်ကြ၏။ ၎င်းတို့သည် ချွေးတွေ တစ်ပေါက်ပေါက်နှင့်ပင် ကျလျက်ရှိသည်။

အခြားတစ်‌ဖက်မှာတော့ မိစ္ဆာလိုလူ၏ မျက်နှာသည်ကြမ်းတမ်း၊ ခက်ထန်လျက်ရှိနေသေးသည်။ သို့ပေမဲ့ ပြင်းထန်သည့် တိုက်ခိုက်ချက်များကို ခံယူပြီးသည့်နောက်မှာတော့ သတိလစ် မေ့မျောသွားခဲ့၏။

"ဂိုဏ်းချုပ်"

စုရှောင်မိုသည် အသက်ကို ပြင်းပြင်းရှူကာ ပြောလိုက်သည်။ "ဒီလူက အရိုက်နှက်ခံတဲ့ နေရာမှာ အရမ်း အားကောင်းတယ်။"

နတ်ဘုရား အဆင့် မြှင့်တင်ထားသော လောင်ချာနှင့် တိုက်ခိုက်တာတောင်မှ မသေဆုံးခဲ့ဘဲ ခန္ဓာကိုယ်တစ်ခုလုံး မဲနက်ရုံသာ ဖြစ်သွားခဲ့သော တစ်ဖက်လူ၏ ခန္ဓာကိုယ်အားအင်နှင့် ပတ်သက်၍ ကျွင်းချောင်ရှောင်းသည် အမှန်တကယ်ပဲ ယုံကြည်နေမိ၏။

တစ်ဖက်လူသည် ခန္ဓာကိုယ်အားအင်ကို အကောင်းဆုံးသော အခြေအနေထိရောက်အောင် ကျင့်ကြံထားခဲ့သော သိုင်းကျင့်ကြံသူ တစ်ယောက်ဖြစ်မည်ဟု ကျွင်းချောင်ရှောင်း ယုံကြည်နေမိသည်။

ဟမ့်။

မိစ္ဆာလို လူသည် နာကျင်မှုများကို အောင့်ခံ၍ ခက်ခက်ခဲခဲ ပြောလိုက်သည်။ "အမှိုက်တွေက ဒီဘုရင်ကို ဘယ်လိုလုပ် နာကျင်အောင် လုပ်လို့ ရမှာလဲ"

၎င်းသည် အကျဉ်းသားအဖြစ် ဖမ်းဆီးခံထားရသည် ဆိုသော်လည်း ၎င်းတွင် ရှိသော မောက်မာမှုများကတော့ ဆုံးရှုံး မသွားခဲ့ပေ။

"ဒီဘုရင် ဟုတ်လား"

ကျွင်းချောင်ရှောင်း အံ့အား သင့်မိသွား၏။

ကျန့်ရာ၏ ခန့်မှန်းချက်အရဆိုလျှင် ဒီလူသည် သိုင်းအုပ်စိုးသူ တစ်ယောက် ဖြစ်သည်။ အဘယ့်ကြောင့် သူ့ကိုယ်သူ ဘုရင်ဟု ခေါ်ဝေါ် သုံးစွဲနေရသနည်း။

ကျွင်းချောင်ရှောင်းသည် နေကာ မျက်မှန်ကို ကောက်တတ်ကာ သေသေချာချာ ကြည့်ရှုလိုက်၏။ သို့ပေမဲ့ တစ်ဖက်လူတွင်ရှိ‌နေသော အချက်အလက် များမှာ ? (ကော်ရှင်မက်) ဟုသာ မြင်နေရသည်။

"ဒီလူက သိုင်းကျင့်ကြံသူတစ်ယောက် မဟုတ်ဘူးလား။"

သိုင်းကျင့်ကြံသူတစ်ယောက် မဟုတ်လျှင် အဘယ်ကြောင့် ဤမျှလောက် အားအင်ကို ပိုင်ဆိုင်နေရသနည်း။

"ခန္ဓာကိုယ်အားအင်ကို အဆုံးစွန်ထိ ကျင့်ကြံထားတဲ့ ဓားသမားတစ်ယောက်လား။"

"ကောင်လေး"

မိစ္ဆာလို လူသည် ခေါင်းကို ခက်ခက်ခဲခဲနှင့် မော့ကာ ပြောလိုက်သည်။ "မင်းက ပြိုင်စံရှား ဂိုဏ်းရဲ့ ဂိုဏ်းချုပ်နဲ့ တူတယ်။"

စုရှောင်မိုသည် သူ့အား ဂိုဏ်းချုပ်ဟု ခေါ်ဝေါ်ခြင်းကို ကြားလိုက်ရချိန်မှာတော့ မိစ္ဆာလို လူသည် ကျွင်းချောင်ရှောင်းတစ်ယောက် ဂိုဏ်းချုပ်တစ်ယောက် ဖြစ်မှန်း နားလည်သိရှိသွားခဲ့ရ၏။

"အမှန်ပဲ"

ကျွင်းချောင်ရှောင်းသည် တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

မိစ္ဆာလိုလူ၏ မျက်လုံးများသည် ရုတ်တရက် အေးစက်ပြီး ကြမ်းတမ်းသွားသည်။ သူ ပြောလိုက်သည်။ "ဒီဘုရင်ရဲ့ ဥက ဘယ်မှာလဲ"

"ဥ ဟုတ်လား"

ကျွင်းချောင်ရှောင်းသည် အမှတ်မထင်ဘဲ ထိုသူ၏ ပေါက်ကွက်ကြားဆီသို့ လှမ်းကြည့်လိုက်သည်။ ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်။ "ခင်ဗျားရဲ့ ဥက ပေါင်ကြားထဲမှာလေ"

မိစ္ဆာလို လူက လှမ်းပြောလိုက်သည်။ "ဒီဘုရင် ပြောနေတာက အခွံနဲ့ဥကို ပြောနေတာ"

"အခွံနဲ့ဥ ဟုတ်လား"

ကျွင်းချောင်ရှောင်းသည် ဤစကားနှင့် ပတ်သက်၍ ဇဝေဇဝါ ဖြစ်မိသွားသည်။

"ကောင်လေး"

မိစ္တာလို လူသည် အေးစက်စက် ဖြင့် ပြောလိုက်သည်။ "ဥကို ပြန်ပေး။ဒီဘုရင်က မင်းရဲ့ အသက်ကို ချမ်းသာပေးမယ်"

စုရှောင်မိုနှင့် လီဖေးတိုသည် အံ့အား တသင့် ဖြစ်သွားကြသည်။ ဤကိုယ်လုံးတီးနှင့်လူသည် သူ့ကိုယ်သူ အကျဉ်းသား တစ်ယောက် ဖြစ်နေမှန်း မေ့မျောနေပုံပေါ်၏။

"ပေါက်ကရတွေ မပြောနဲ့"

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် အေးစက်သွား၏။ ပြီးနောက် ပြောလိုက်သည်။ "ပြောစမ်း ဒီကို ဘယ်သူ လွှတ်လိုက်တာလဲ"

သူတို့ ဂိုဏ်းသည် နဂါးကျား တိုက်ပွဲတွင် အနိုင်ရရှိခဲ့သည်။ ထို့ကြောင့် သဘောမတွေ့သည့် လူများသည် ကျိန်းသေပေါက်လာ၍ ပြသနာရှာပေလိမ့်မည်။

ဒီလူက အမှောင်ဂိုဏ်းကများလား။ ၎င်းတို့၏ အလေ့အထ ပုံစံပြောင်းလဲသွားခဲ့ပြီး ကျွမ်းကျင်သူတစ်‌ယောက်ကို တိုက်ရိုက်စေလွှတ်ခဲ့သည်လား။

"ဒီဘုရင် ထပ်ပြောမယ်"

မိစ္ဆာလို လူသည် သေသေချာချာ ထပ်ပြောလိုက်သည်။ "ဥကို မြန်မြန်ပြန်ပေး။မဟုတ်ရင် ပြိုင်စံရှား ဂိုဏ်းတစ်ခုလုံး အပျက်စီးပုံကြီး ဖြစ်သွားလိမ့်မယ်။"

အဝေးတစ်နေရာတွင် ရှိ‌နေသော ကျိုးဒူဒူမှာတော့ အလွန်တရာ စိတ်လှုပ်ရှားနေမိ၏။

ထိုသူသည် အကျဉ်းသား တစ်ယောက်ဖြစ်သည်။ အကျဉ်းထောင်ထဲတွင် တွဲလောင်း ချိတ်၍ ရိုက်နှက်ခံနေရသေးသည်။ သို့ပေမဲ့ အရှက်မဲ့စွာဖြင့် အားရပါးရ အော်ဟစ်ခြိမ်းခြောက်လျက်ရှိနေသည်။ ဤကဲ့သို့သော သတ္တိမျိုး မည်သည့်နေရာက ရရှိလာသနည်း။

ကျွင်းချောင်ရှောင်းသည် အေးစက်စက် ပြောလိုက်သည်။ "သူ့ကို ဆက်ရိုက်ကြ"

"ကောင်းပါပြီ"

စုရှောင်မိုနှင့် လီဖေးတို့သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ရှေ့သို့ လှမ်းတက်လိုက်သည်။

သို့ပေမဲ သူတို တိုက်ခိုက်ရန် ပြင်ဆင်နေတုန်းမှာပဲ မိစ္ဆာလိုလူ၏ မျက်လုံးများသည် ရုတ်တရက် နီမြန်းသွားသည်။ များပြားလှသော အော်ရာများသည် အကျဉ်းထောင်ထဲတွင် ပြည့်နက်သွား၏။

ဟမ်

ကျွင်းချောင်ရှောင်း မျက်မှောင်ကုတ်လိုက်သည်။

တစ်ဖက်လူဆီမှ ထွက်ပေါ်လာာသော အော်ရာများသည် လူသားကျင့်ကြံသူတစ်ယောက်၏ အော်ရာမျိုး မဟုတ်ပေ။ ကြမ်းတမ်းလှသော သားရဲရိုင်းတစ်ကောင်နှင့် ဆင်တူ၏။

စနစ်က ပြောလိုက်သည်။ "သူက လူသား မဟုတ်ဘူး"

"လူသား မဟုတ်ဘူး ဟုတ်လား"

ကျွင်းချောင်ရှောင်း၏ မျက်လုံးထဲတွင် အံ့အား သင့်မှုများနှင့် ပြည့်နက်သွား၏။

ဤ ကြောက်မက်ဖွယ်ရာ အော်ရာများ လွှမ်းခြုံနေသော မိစ္ဆာလိုလူသည် ကြမ်းတမ်းလွန်းသော အရှိန်အဝါ ကို ထုတ်ဖော်ပြသနေသည်။ သူက ပြောလိုက်သည်။ "ဒီဘုရင်ကို ဘယ်လိုလုပ် အနိုင်ကျင့်ရဲတာလဲ။ မင်းတို့ တိုက်ခိုက်ချက်တွေကို လက်ခံလိုက်မယ်။ လာခဲ့ကြစမ်း”

ဟူး …. ဟူး

အလင်းတန်းများ ရုတ်တရက် ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ အကျဉ်းထောင်၏ အပေါက်ကြားမှတစ်ဆင့် ပျံသန်း ထွက်သွားသည်။

ဤအရာသည် အကူအညီတောင်းသည့် သင်္ကေတပင် ဖြစ်တော့သည်။

သူ၏ ညာလက်ရုံးဆီသို့ ထိုအလင်းတန်းများ ရောက်ရှိသွားပြီးလျှင် သားရဲ စစ်တပ်ကြီးတစ်ခုလုံးသည် သူ့ကို လာရောက် ကယ်တင်ပေလိမ့်မည်။

ဟား ဟား ဟားဟား

မိစ္တာလို လူသည် ထူးဆန်းစွာ ရယ်လိုက်၏။ "ဒီလိုမျိုး သေးငယ်လှတဲ့ ဂိုဏ်းလေးက ငါ့ရဲ့ သားရဲပေါင်းတစ်သိန်း လက်ချက်ကို ခုခံနိုင်ပါ့မလား"

ဟမ်

ရုတ်တရက် ဆိုသလိုပဲ သူ၏ အပြုံးသည် အေးခဲသွားသည်။ အဘယ့်ကြောင့်ဆိုသော် သူ ထုတ်လွှတ်‌လိုက်သော အချက်ပြ အလင်းများသည် ထောင်ထဲမှ ထွက်ခွာသွားပြီးသည့်နောက်မှာတော့ သေမင်းတောင်ကြားဆီသို့ ဦးတည်သွားခဲ့သည်။ သို့ပေမဲ့ ဂိုဏ်း၏ အပြင်ဘက်တွင်ရှိသော အတားအဆီးနှင့် ထိမှန်သည့် အချိန်မှာတော့ အလုံးစုံတားဆီးခံထားရသည်။ ဘာတွေ ဖြစ်ကုန်သနည်း။

သူ၏ နားထဲဆီသို့ အသံတစ်ခု ဝင်လာသည်။ မိစ္တာလိုသူသည် အသာလှည့်ကြည့်လိုက်သည့် အချိန်မှာဝောာ့ သူ၏ ရှေ့တွင် ရပ်တန့်လျက်ရှိသော ပြိုင်စံရှားဂိုဏ်းချုပ်အား မြင်လိုက်ရသည်။

"ခင်ဗျားက လူသား မဟုတ်ဘူး … ဟုတ်တယ်မလား"

All Chapters