← Chapters

အခန်း (၇၃၂)

Vol. 49 Ch. 732

အခန်း (၇၃၂)

Vol. 49 Ch. 732

ကျွင်းချောင်ရှောင်း၏ အပြစ်ကင်းစင်လှသော အပြုံးကို မြင်ရချိန်မှာတော့ မိစ္ဆာလူသည် ရုတ်တရက် ကြက်သီးတွေပင် ထမိသွား၏။ ၎င်း၏နှလုံးသားထဲတွင်တော့ အလွန်တရာ အားကောင်းသော မကောင်းသည့်အငွေ့အသက်များ ကို ခံစားနေရတော့သည်။ ယခင်တုန်းက သိုင်းနယ်မြေအဆင့် ကျင့်ကြံသူလေးယောက်နှင့် ရင်ဆိုင်တွေ့ပြီး စည်းခတ်ခံရသည်ဆိုလျှင်တောင်မှ ဤကဲ့သို့ခံစားမှုမျိုးကို သူမရရှိခဲ့ပေ။ ဖြစ်နိုင်သည်မှာ ဤလူသားသည် မရိုးရှင်းလှချေ။

သို့ပေမဲ့ ဂုဏ်သိက္ခာကြီးမြင့်လှသော မိစ္ဆာလူသည် အကြောက်အလန့်ကင်းမဲ့လှ၏။ သူက ပြောလိုက်သည်။ “ဘယ်လိုလုပ် ငါက အဆင့်နိမ့်လူသားတစ်ယောက် ဖြစ်ရမှာလဲ”

ပြန်လည်ဖြေဆိုပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် ရုတ်တရက် လင်းလက်သွား၏။ လူသားစကားကို ပြောဆိုနိုင်ပြီး လူသားလို အသွင်သဏ္ဍာန်မျိုးရှိ၏။ ဤအရာသည် ကျိန်းသေပေါက် အဆင့်မြင့် စိတ်ဝိညာဉ်သားရဲပင်ဖြစ်ရမည်။ ထိုအရာကိုသာ အညံ့ခံရန် ဖိနှိပ်ထားနိုင်သည်ဆိုပါက ၎င်း၏ဂိုဏ်းကို စောင့်ရှောက်ရန် အကြီးမားဆုံး အစောင့်အရှောက်တစ်ယောက် ရရှိမှာသေချာ၏။

သူ့တွင် များပြားလှသည့် ပဋိညာဉ်သားရဲများရှိသည်။ သို့ပေမဲ့ သူ၏တံခါးဆီသို့ ရောက်လာသော အဆင့်မြင့် သိုင်းအုပ်စိုးသူနယ်မြေများနှင့် နှိုင်းယှဉ်၍ ရနိုင်သူ သတ္တဝါကို သူအဘယ့်ကြောင့် မလိုချင်ဘဲနေမည်နည်း။

“ကျုပ် စဉ်းစားနေတာ”

စုရှောင်မိုသည် ရုတ်တရက် နားလည်သွားမိ၏။ “ဒီဟာကြီးက ကောင်းကောင်းအရိုက်အနှက်ခံနိုင်တာ အံ့အားသင့်စရာတော့ မဟုတ်တော့ဘူးပဲ”

သားရဲများသည် အကာအကွယ်၊ ခုခံခြင်းနေရာတွင် အလွန်အားသာချက်များရှိ၏။ ထို့ကြောင့် လောင်ချာကြီးနှင့် ပစ်ခတ်ခံရသည်ဆိုလျှင်တောင်မှ မသေခြင်းသည် သာမန်ပင် ဖြစ်ပေလိမ့်မည်။

“ဟေး”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခုနတုန်းက ပျံသန်းသွားတဲ့ အလင်းတန်းက အချက်ပြတာ မဟုတ်လား”

“...” မိစ္ဆာလူသည် မည်သည့်စကားမှ မဆိုချေ။ သူသည် အစောနတုန်းက အလွန်ပင် မောက်မာခဲ့၏။ သို့ပေမဲ့ အချက်ပြမှု မရောက်သည့်အချိန်မှာတော့ ချက်ချင်းပဲ ဦးတည်ရာမဲ့သလို ခံစားနေမိ၏။

“သားရဲပေါင်း တစ်သိန်း စစ်သည်တွေ ဟုတ်လား”

ကျွင်းချောင်ရှောင်းသည် သူ၏မေးစေ့ကို ပွတ်သပ်ကာ ခန့်မှန်းလိုက်၏။ “ဖြစ်နိုင်တာက ခင်ဗျားက သားရဲတွေရဲ့ ခေါင်းဆောင်ပဲ ဖြစ်ရမယ်၊ သူတို့ကို စေခိုင်းနိုင်တဲ့ သူတစ်ယောက်ပေါ့”

ဟမ့်

မိစ္ဆာလူသည် အေးစက်စက် ပြောလိုက်၏။ “အချက်ပြမှုကိုသာ ထုတ်လွှင့်လိုက်မယ်ဆိုရင် ဒီပြိုင်စံရှားဂိုဏ်းတစ်ခုလုံးက နေ့ဝက်အတွင်းမှာပဲ သားရဲပေါင်း တစ်သိန်းကျော်ရဲ့ တိုက်ခိုက်ခြင်းကို ခံပြီး ပျက်စီးသွားရလိမ့်မယ်”

ဤစကားလုံးများကို ကြည့်ရှုမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် သူ၏ခန့်မှန်းချက်မှာ မှန်ကန်ကြောင်း သိရှိလိုက်မိ၏။

၎င်း၏မျက်လုံးထဲတွင်ရှိသော အလင်းတန်းများမှာ ပို၍ တောက်ပလာခဲ့တော့သည်။ အဖော်များ များပြားစွာ ရှိသော စိတ်ဝိညာဉ်သားရဲ - ကြည့်ရသည်မှာ သူ၏နောက်တွင် အများကြီး ရှိပုံပေါ်သည်။ ၎င်းကဲ့သို့ သတ္တဝါကိုသာ အညံ့ခံအောင် ပြုလုပ်နိုင်မည်ဆိုလျှင် ပိုမိုများပြားသော သားရဲများကို သူထိန်းချုပ်နိုင်မှာ ဖြစ်သည်။

လက်ရှိအချိန်တွင် သံချပ်ကာ ဝံပုလွေတပ်သားများအားလုံးသည် စီးတော်ယာဉ်များ ရှိနေကြ၏။ သို့ပေမဲ့ ပိုမို ကောင်းမွန်သည့် သားရဲများရှိလျှင် မည်မျှ ကောင်းလိုက်မည်နည်း။ ထိုအရာကို စဉ်းစားကြည့်မိပြီးသည့်နောက်မှာ ကျွင်းချောင်ရှောင်းသည် ထိုင်ခုံပေါ်တွင် ထိုင်ချလိုက်၏။ ခြေချိတ်ကာ ပြောလိုက်တော့သည်။ “ငါ့ရဲ့ ပဋိညာဉ်သားရဲဖြစ်အောင်လုပ်၊ ဒါဆိုရင် မင်းကို ချမ်းသာပေးမယ်”

“ပဋိညာဉ်သားရဲ ဟုတ်လား”

မိစ္ဆာလူသည် ရယ်မောလိုက်၏။ ချက်ချင်းပဲ သူသည် လေးလေးနက်နက် ပြန်ပြောလိုက်၏။ “သားရဲတွေက ဘယ်တော့မှ ကျေးကျွန်မဖြစ်ဘူး”

“အဲလိုလား”

ခနော်ခနဲ့နှင့် မထီမဲ့မြင်အပြုံးမျိုး ဖြစ်လို့နေသော မိစ္ဆာလိုလူအား သူသည် ဆက်လက်ကာ မညှင်းဆဲတော့ချေ။ အဲအစား သူ၏ စာကြည့်ခန်းဆီသို့ ပြန်လာပြီး ဤရောင်းရင်းအား မည်သို့ အညံ့ခံလာအောင် ပြုလုပ်ရမည်ကို သူစတင်ကာ စဉ်းစားလိုက်တော့၏။

“အဆင့်မြင့်သားကောင်ဖမ်းဘောလုံးရှိရင် ဘယ်လောက်ကောင်းလိုက်မလဲ”

ကျွင်းချောင်ရှောင်းသည် တွေးလိုက်မိ၏။ လူဆိုလျှင် အညံ့ခံအောင်ပြုလုပ်ရန် နည်းနည်း ခက်ခဲပေလိမ့်မည်။ သို့ပေမဲ့ သားရဲတစ်ကောင်ဖြစ်သည်ဆိုမှတော့ သားကောင်ဖမ်းဘောလုံးနှင့်ပစ်ကာ လွယ်လွယ်ကူကူ ဖမ်းဆီး နိုင်စွမ်းရှိ၏။

ကျွင်းချောင်ရှောင်းသည် အဆင့်မြင့်စတိုးကို ဖွင့်၍ သေသေချာချာ ကြည့်ရှုလိုက်သည်။ သို့ပေမဲ့ သားကောင်းဖမ်းဘောလုံးနှင့်ပတ်သက်၍ မည့်သည့်အရာကိုမှ မတွေ့ချေ။ ထို့ကြောင့် အကူအညီမဲ့စွာဖြင့် ပြောလိုက်မိသည်။ “ဘာဆက်လုပ်ရမလဲ”

စနစ်က ပြောလိုက်သည်။ “လက်ခံသူက ဒီဟာကို Refresh လုပ်နိုင်တယ်လေ၊ ကံကောင်းလို့ရှိရင် တစ်ခုလောက်တော့ ရနိုင်လိမ့်မယ်”

“ဒါဆိုရင် ငါစမ်းကြည့်ရမယ်”

ကျွင်းချောင်ရှောင်းသည် အလယ်အလတ်အဆင့် စတိုးဆီသို့ ပြန်သွား၍ Refresh လုပ်လိုက်တော့သည်။ ဆယ်မိနစ် လောက် ကြာပြီးသည့်နောက်မှာတော့ သူသည် ခုံပေါ်တွင် ခြေပစ်လက်ပစ် ထိုင်ချလျက်ရှိသည်။

“ချီးတဲ့မှ … ဒါက တကယ့်ကို ထောင်ချောက်ပဲ”

သူသည် ဂိုဏ်းစုဆောင်းမှတ် ငါးထောင်ကို အသုံးပြုပြီးဖြစ်သော်လည်း နေ့စဉ်သုံး လိုအပ်သည့်ပစ္စည်းများကို ဝယ်ယူခဲ့ရသည်။ သားကောင်ဖမ်းဘောလုံးကို တစ်ခုလေးတောင်မှ မတွေ့ခဲ့ရချေ။

“စိတ်ဓာတ်မကျနဲ့”

စနစ်ကပြောလိုက်သည်။ “ဘာပဲပြောပြော လက်ခံသူဆီမှာ ဂိုဏ်းစုဆောင်းမှတ်တွေ အများကြီး ရှိသေးတာပဲ၊ ဆက်ပြီးတော့ Refresh လုပ်ရအောင်၊ ကျိန်းသေပေါက် တွေ့ရမှာပဲ”

“တော်စမ်း” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

……....

မိစ္ဆာလိုလူသည် လူသားတစ်ယောက်မဟုတ်မှန်း သိရှိပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ကျန်းတယ်ကျွင်းအား ဂိုဏ်း၏အပြင်ဘက်နှင့် အကျဉ်းထောင်၏ ပတ်ပတ်လည်တွင် များပြားလှသော အစီအရင်များကို စီရင်ထားရန် ခိုင်းစေထားလိုက်၏။

ကျိုးဒူဒူ သည်လည်း အထဲမှာ ပုန်းအောင်းလျက်ရှိသည်။ သူသည် ငိုယိုချင်သော်လည်း မျက်ရည်ပင်မထွက် ဖြစ်မိနေသည်။ တစ်ဖက်လူသည် လူသားမဟုတ်ချေ။ အလွန်တရာ အားကောင်းလှသော စိတ်ဝိညာဉ်သားရဲဖြစ်နေ၏။ ဒဏ်ရာများသည် အနည်းငယ် ပြန်လည် ကောင်းမွန်ကလာလျှင် သားရဲများ၏ သဘာဝအတိုင်း စိတ်လွတ်ကာ ၎င်းကို သတ်ဖြတ်လာပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူသည် ဆိုးဝါးစွာ သေဆုံးရပေတော့မည်။

“သေစမ်း”

မိစ္ဆာလိုလူသည် မြေပေါ်တွင် ပက်လက်ကြီးလဲလျက်ရှိသည်။ သူသည် ခက်ခက်ခဲခဲဖြင့် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ “ငါ ဒီဂိုဏ်းကို မဖျက်ဆီးနိုင်ဘူးဆိုရင် ဒီဘုရင်က သားရဲတစ်ကောင် မဟုတ်တော့ဘူး”

သူ၏ အချက်ပြမှုကို အပြင်ဘက်သို့ မရောက်ရှိဘူးဆိုသော်လည်း သူသည် စိတ်မပူပန်မိချေ။ သူ၏ နောက်လိုက် များအားလုံးသည် သူပြန်မလာသည်ကို သိရှိပါက လာရောက်ကယ်တင်မှာ သေချာ၏။ လာမကယ်လျှင်ကော ကိစ္စမရှိပေ။ သူအသက်ရှူနေသေးသ၍ အရာအားလုံးသည် ပြောင်းလဲသွားနိုင်၏။ သူ့တွင် မည်မျှကြီးမားသော ဒဏ်ရာ ရှိသည်ဖြစ်စေ ပြန်လည်ကောင်းမွန်နိုင်စွမ်း ရှိနေ၏။

ဝမ်

ညရောက်သည့်အချိန်မှာတော့ မိစ္ဆာလိုလူ၏ ခန္ဓာကိုယ်တွင် အားပျော့သည့်အလင်းတန်းများ ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်၏ အရေပြားတစ်ခုချင်းစီတိုင်းတွင်ရှိသော ဒဏ်ရာများသည် တဖြည်းဖြည်းချင်း ပြန်လည် ကောင်းမွန်လာ၏။ ထောင့်တစ်နေရာတွင် ပုန်းလျက်ရှိသော ကျိုးဒူဒူ သည် လက်ဆယ်ချောင်းကို ပါးစပ်ထဲတွင် ထည့်ကိုက်ကာ မျက်လုံးအပြူးသား ရှိနေတော့သည်။

...........

နောက်တစ်ရက်မှာတော့ မိစ္ဆာလိုလူ၏ ဒဏ်ရာများသည် အတန်ငယ် ပြန်လည်ကောင်းမွန်သွားသည်။ သူသည် ထထိုင်နိုင်စွမ်း ရှိနေပြီဖြစ်၏။ ပြီးသည့်နောက်မှာတော့ ကျိုးဒူဒူ အား အေးတိအေးစက်ဖြင့် ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် ကြမ်းတမ်းလှသည့်အော်ရာများ ထွက်ပေါ်လျက်ရှိသည်။ ထိုသို့သော မျက်လုံးများသည် ရိုင်းစိုင်းတတ်သော သားရဲများတွင်သာရှိသည့် မျက်လုံးများဖြစ်၏။

“ဂလု”

ကျိုးဒူဒူ သည် တံတွေးများကို မျိုချလိုက်မိ၏။ ပြီးနောက် အော်လိုက်တော့သည်။ “ဂိုဏ်းချုပ်ကျွင်း... ဂိုဏ်းချုပ်ကျွင်း... အခန်းပြောင်းပေးလို့ရလား၊ ကျုပ်မသေချင်ဘူး”

ကျွီ

ထိုအချိန်မှာပဲ တံခါးတစ်ချပ်သည် ပွင့်လာသည်။ စုရှောင်မိုနှင့် လီဖေးတို့သည် လျှောက်ဝင်လာ၏။ ပြီးနောက် မိစ္ဆာလိုလူအား ချိန်းကြိုးများဖြင့် အသာချည်နှောင်ပြီးနောက် ခေါ်ယူသွားခဲ့တော့သည်။

ဟူး

ကျိုးဒူဒူသည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိ၏။

“...”

တောင်၏အနောက်ဘက်ပိုင်းမှာတော့ မိစ္ဆာလိုလူသည် သစ်သားတန်းနှင့်တွဲ၍ အချည်ခံထားရသည်။ ၎င်း၏ အရှေ့ မီတာတစ်ရာတွင်တော့ ရှောင်ကျီသည် နတ်ဘုရားအဆင့် အဆင့်မြင့်တင်ထားသော လောင်ချာကြီးကို ကိုင်ထားလျက်ရှိသည်။

ဖောင်း

သေနတ်ပြောင်းဝကို ဆွဲပြီးသည့်နောက် တည်နေရာတစ်ခုလုံးတွင် အက်ကွဲကြောင်းများ ပေါ်လာပြီး အမြန်ဆုံး သောနှုန်းဖြင့် အလင်းတန်းသည် ရောက်ရှိသွားသည်။ မိစ္ဆာလိုလူ၏ မျက်စိသူငယ်အိမ်များသည် ကျုံ့ဝင်သွားတော့ သည်။

ဘုန်း

များပြားလှသော အဖြူရောင်မီးခိုးငွေ့များ ထွက်ပေါ်လာသည်။

ခရက်

မကြာခင်မှာပဲ အကျဉ်းထောင်တံခါးသည် ထပ်မံ၍ ပွင့်လာသည်။ ခန္ဓာကိုယ်တစ်ခုလုံး မဲတူးလျက်ရှိသော မိစ္ဆာလိုလူသည် အထဲသို့ ပစ်လွှတ်ခြင်းကို ခံရပြီး ခွေးသေတစ်ကောင်ကဲ့သို့ မြေပေါ်တွင်လဲလျက်ရှိနေ ကျေိုးဒူဒူမှာတော့ ထိုအချင်းအရာကို မြင်သည့်အချိန်တွင် စိတ်ထဲတွင် အလန့်တကြား ထအော်လိုက်မိ၏။

“ဘာလို့သူကို ဒီထဲကို ပြန်ပို့တာလဲ”

ညရောက်ချိန်မှာတော့ မိစ္ဆာလိုလူ၏ ပြန်လည်ကောင်းမွန်ခြင်းစွမ်းရည်သည် ထပ်မံကာ အသက်ဝင်သွားခဲ့ပြန်သည်။

နောက်တစ်ရက်မှာတော့ သူသည် အကျဉ်းထောင်၏ အပြင်ဘက်သို့ ဆွဲထုတ်ခံရပြီး လောင်ချာနှင့် ထပ်မံပစ်ခတ် ခံရသည်။ ထိုကဲ့သို့သော ကိစ္စသည် သံသရာလည်လျက်ရှိသည်။ သူ့အနေနှင့် ပြန်လည်ကောင်းမွန်နိုင်စွမ်း အပြည့်အဝ မရရှိတော့ချေ။

…….....

“ဂိုဏ်းချုပ်”

အဓိကဟောခန်းထဲမှာတော့ လီချင်းယန်သည် စိတ်ပူပန်စွာဖြင့် ပြောလိုက်သည်။ “ဒီလူက စိတ်ဝိညာဉ်သားရဲဖြစ်ပြီး သားရဲစစ်သည်တွေလည်း ရှိတယ်၊ သူ့ကို သေချာစောင့်ကြည့်ထားမှ ဖြစ်မယ်”

“ဒါက အမှန်ပဲ”

ကျွင်းချောင်ရှောင်းသည် ကျန်းတယ်ကျွင်းကို ခေါ်၍ တောင်၏ခြေရင်းတွင် များပြားလှသည့် မိုးကြိုးအစီအမံ များကို စီရင်ထားခဲ့၏။ ပြီးသည့်နောက် ရွှဲ့ရမ်ကွေ့ကို ခေါ်ကာ သံချပ်ကာ ဝံပုလွေတပ်သားများကို အဆင်သင့် ပြင်ဆင်ထားရန် စေခိုင်းထား၏။

“ဂိုဏ်းချုပ်”

တစ်နေ့မှာတော့ လီလိုရှုသည် အလျင်အမြန်ဖြင့် ရောက်ရှိလာကာ ပြောလိုက်သည်။ “ဒီရက်ပိုင်းအတွင်း သေမင်းတောင်ကြားထဲကို ဝင်သွားတဲ့ သားရဲအရေအတွက်က တော်တော်များတယ်တဲ့၊ အထဲကိုဝင်ပြီး လေ့ကျင့်နေကြတဲ့ သိုင်းကျင့်ကြံသူတွေရဲ့ သတင်းကို လုံးဝမရတော့ဘူး”

“ဪ”

ကျွင်းချောင်ရှောင်းသည် အနည်းငယ် အံ့အားသင့်မိသွား၏။

“ဒင်... သီးခြားတာဝန်အသက်ဝင်”

နောက်ထပ်တာဝန်တစ်ခုလား။

ကျွင်းချောင်ရှောင်းသည် စနစ်ကိုဖွင့်ကာ ကြည့်လိုက်သည့်နောက်မှာတော့ ‘ပြိုင်စံရှားဂိုဏ်းဆီသို့ ရောက်လာပြီး ခရမ်းရောင်ဘုရင်အား ကယ်တင်မည့် သားရဲစစ်တပ်ကြီးတစ်ခုလုံးကို လက်ခံသူသည် တပည့်များကို ဦးဆောင်ကာ ကာကွယ်ရမည်’

“အထူးတာဝန်၊ သားရဲစစ်တပ်ကြီးက လာပြီးတိုက်မှာ ဟုတ်လား”

ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်မိသွားသည်။

ဒါဆိုရင် သေမင်းတောင်ကြားထဲကို ဝင်သွားတဲ့ သားရဲရိုင်းတွေဆိုတာ ဒီလူရဲ့ နောက်လိုက်တွေလား၊ နေအုံး ခရမ်းရောင်ဘုရင် ဟုတ်လား၊ ဒီနာမည်ကို ငါရင်းနှီးနေတယ်၊ ချီးတဲ့မှ။

ကျွင်းချောင်ရှောင်းသည် ဖန်းဖေးရှ သူ့အား ပြောဆိုခဲ့သည့် အချက်အလက်များကို ပြန်လည်သတိရသွားတော့ သည်။ သူ၏ အမူအရာများအားလုံးသည် စိတ်ဝင်စားသလို တောက်ပသွားတော့သည်။ “ဒီလူက စည်းခတ်ထားခံရတဲ့ ဆိုးရွားတဲ့ နတ်ဆိုးသားရဲ တစ်ကောင်ပဲ”

ထိုပြင် သိုင်းနယ်မြေများကပင် စည်းခတ်ခြင်းကို ခံထားရသည့် တည်ရှိသူတစ်ယောက်ဖြစ်သည်။ အဘယ်ကြောင့် ဤမျှအားနည်းနေရသနည်း။ ဘာကြောင့် သူ၏ဖမ်းဆီးခြင်းကို လွယ်လွယ်ကူကူ ခံနေရသနည်း။ ထို့အပြင် ၎င်းသည် ရည်မှန်းချက် ကြီးမားလှသော နတ်ဆိုးသားရဲတစ်ကောင်ဖြစ်သည်။ လူသားများ အကုန်လုံးကို သိမ်းပိုက်ရန် သားရဲတပ်မတော်ကြီးကို တည်ထောင်ချင်နေသူဖြစ်၏။ လက်ရှိအချိန်တွင် စည်းထဲမှာ လွတ်မြောက် ပြီးနောက် ကျိန်းသေပေါက် ပြန်လည် ကောင်းမွန်လာလိမ့်မည်။

သူ့အနေဖြင့် ခရမ်းရောင်ဘုရင်ကို ဖမ်းဆီးထားသည် ဆိုခြင်းမှာ လူသားမျိုးနွယ်အကုန်လုံးကို ကယ်တင်ထားခြင်းပင် မဟုတ်ပါလား။ သီးခြားတာဝန်သာ ပေါ်မလာပါက တစ်ဖက်လူသည် မည်သူဖြစ်သည်ကို သူသေချာ သိရှိလိမ့်မည် မဟုတ်ချေ။

...........

သေမင်းတောင်ကြားထဲမှာတော့ များပြားလှသည့် သားရဲရိုင်းများသည် စုဝေးရောက်ရှိလာခဲ့ကြသည်။ ၎င်းတို့သည် စုစုပေါင်းအကောင်ရေ တစ်သိန်းလောက်ပင် ရှိနေတော့၏။ သို့ပေမဲ့ သူတို့၏ ဘုရင်သည် ပြန်မခဲ့ချေ။

“အစ်ကိုကြီး... ပြိုင်စံရှားဂိုဏ်းက နဂါးကျား တိုက်ပွဲကို နိုင်ခဲ့တာလေ၊ သူတို့က အရမ်းအားကောင်းတယ်၊ ဘုရင် ကတော့ ဒုက္ခရောက်နေမှာ စိုးရတယ်” စိတ်ဝိညာဉ်သားရဲတစ်ကောင်က ပြောလိုက်၏။

ဝှစ် ဝှစ်

ထိုအချိန်မှာပဲ ကောင်းကင်မှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီးသည့်နောက် သေမင်းတောင်ကြားထဲသို့ ဝင်ရောက်လာကာ စိတ်ဝိညာဉ်သားရဲ တော်တော်များများ၏ နဖူးစပ်ကြားဆီသို့ တိုးဝင်သွား၏။ စိတ်ဝိညာဉ်သားရဲများသည် သံပြိုင်ဆိုသလို ထအော်လိုက်ကြ၏။ “ငါတို့ဘုရင်ကို ပြိုင်စံရှားဂိုဏ်းက ဖမ်းထားတာပဲ၊ သွားရအောင်”

ညာဘက်လက်တစ်ဖက်တည်းသာ ရှိသော စိတ်ဝိညာဉ်သားရဲသည် သတ်ဖြတ်လိုခြင်းဆန္ဒများဖြင့် ပြောလိုက်သည်။ “ဘုရင့်ကိုသွားပြီးတော့ ကယ်ရမယ်”

ဝေါင်း ဝေါင်း

ယနေ့မှာတော့ များပြားလှသော သားရဲရိုင်းများသည် သေမင်းတောင်ကြားထဲမှ ထွက်လာပြီးသည့် နောက်မှာတော့ ပြိုင်စံရှားဂိုဏ်းဆီသို့ အလုံးအရင်းနှင့် ဦးတည်နေကြတော့သည်။ ၎င်းတို့၏ အော်ဟစ် ကြွေးကြော်သံများသည် ကောင်းကင်ကြီးတစ်ခုသို့ပင် ပျံ့နှံ့ကာ တုန်ခါလျက်ရှိနေတော့သည်။

All Chapters