← Chapters

အခန်း (၇၃၉)

Vol. 50 Ch. 739

အခန်း (၇၃၉)

Vol. 50 Ch. 739

သံမဏိအရိုးမြို့ကြီး ပြီးပြည့်စုံအောင် တည်ဆောက်ပြီးသည့်နောက်မှာတော့ လီချင်းယန်၏ ကုသိုလ်မှတ်သည် တစ်ရာမှတ်ဆီသို့ ရောက်ရှိသွား၏။ ဟုတ်ပေသည်။ မြို့တည်ဆောက်မှုတွင် ပါဝင်ပတ်သက်ခဲ့သော တပည့်များ အားလုံးသည်လည်း ကုသိုလ်မှတ်များ ရရှိကြ၏။ သို့ပေမဲ့ လူအရမ်းများလွန်းသောကြောင့် တစ်ယောက်ချင်းစီ ပြောပြရန်တော့ မဖြစ်နိုင်ချေ။

ဝှစ်

ကျွင်းချောင်ရှောင်းသည် လင်းယွမ်ခန်းမဆောင်ကို ဖွင့်လှစ်လိုက်၏။ ဒုတိယမြောက် တည်နေရာတွင်ရှိသော ပုံရိပ်တစ်ခုတွင် အတည်ပြုမည်ဟူသော စာတမ်းတစ်ခုပေါ်လျက်ရှိ၏။ အောက်တွင်လည်း သေးငယ်လှသော စာလေး များ ရေးသားထားသည်။

“ခင်မင်ရင်းနှီးစွာ သတိပေးခြင်း - အလုံးစုံပြည့်စုံသွားပြီဆိုပါက ပြန်လည်၍ လူရွေ့ပြောင်းခြင်း ပြုလုပ်၍ မရနိုင် ချေ၊ ထို့ကြောင့် မပြုလုပ်ခင် နှစ်ကြိမ်ထပ်ပြီး စဉ်းစားပါ”

“ဒုတိယတပည့်က လေးနက်ပြီး ဇွဲရှိရှိနဲ့ ဂိုဏ်းအလုပ်တွေ လုပ်ခဲ့တဲ့လူလေ၊ ဘာလို့ နှစ်ကြိမ် ပြန်စဉ်းစားရမှာလဲ” ကျွင်းချောင်ရှောင်းသည် တိုက်ရိုက်ဆိုသလိုပဲ အတည်ပြုမည်ဆိုသည့် စာတမ်းအား နှိပ်လိုက်၏။

ဝှစ် …။

လင်းယွမ်ခန်းမဆောင်ကြီး တစ်ခုလုံးသည် ရုတ်တရက် တုန်ခါသွား၏။ မူလအားဖြင့် လီချင်းယန်ဟူ၍ ရေးသား ထားခဲ့သော စာရွက်မျက်နှာဗြောင်ပေါ်တွင် လီချင်းယန်ဟူသော စာတမ်းသည် တဖြည်းဖြည်းဖြင့် မှေးမှိန် ပျောက်ကွယ်သွားခဲ့၏။ ပြီးသည့်နောက်မှာတော့ စားပွဲတစ်ခုပေါ်တွင် တိုင်းတာသည့် ပေတံများ၊ စာရွက်များ၊ ခဲဖျက်များနှင့် အလုပ်လုပ်လျက်ရှိသော လီချင်းယန်၏ ပုံတူတစ်ခုသည် ထိုစာရွက်ပေါ်တွင် ပေါ်လျက် ရှိနေသည်။

လီချင်းယန်မှာ စုတ်တံတစ်ခုကို ကိုင်ဆောင်ရင်း မျက်မှောင်ကုတ်ကာ တစ်စုံတစ်ခုကို စဉ်းစားတွေးတောနေပုံ ပေါ်သည်။ တစ်ချက်ကြည့်လိုက်သည်၏ သူ၏ဒုတိယတပည့်သည် ဂိုဏ်း၏ အသွင်ပြောင်းလုပ်ဆောင်မှုများတွင် အလွန်တရာ ကြိုးကြိုးစားစားနှင့် လုပ်ကိုင်ခဲ့ကြောင်း နားလည်လိုက်မိ၏။

“သူ့ရဲ့ပုံတူက အလုပ်ကြိုးစားနေတဲ့ ပုံတူပဲ၊ သူ့ကို တကယ်ခက်ခဲစေခဲ့တာကိုး”

အင်း

ပုံတူပြီးစီးသွားပြီးသည့်နောက် ထိုပုံတူ၏အောက်တွင် စာတမ်းအနည်းငယ် ပေါ်လာခဲ့၏။

“တပည့် လီချင်းယန်သည် လင်းယွမ်ခန်းမဆောင်ထဲသို့ ဝင်ရောက်ခဲ့ပြီး နှစ်ဆယ့်လေးယောက်လူထဲမှ တစ်ယောက် အဖြစ် ဖြစ်တည်ခဲ့တော့သည်၊ သူသည် လက်ခံသူအတွက် စနစ်၏ ဂိုဏ်းလုပ်ဆောင်ချက်များတွင် မျှဝေလုပ်ဆောင် ပေးနိုင်ခဲ့သည်။

ကျေးဇူးပြု၍ အောက်ပါအရာများကို ရွေးချယ်ပါ၊

ဆေးခန်းမဆောင်အား ထိန်းချုပ်နိုင်ခွင့် …..

ပန်းပဲခန်းမ ဆောင်အား ထိန်းချုပ်နိုင်ခွင့် ……

အဆောင်ခန်းမဆောင်အား ထိန်းချုပ်နိုင်ခွင့် ........

မှတ်ချက် - တပည့်သည် ထိုလုပ်ဆောင်မှုပုံစံများအား အသက်သွင်းလုပ်ဆောင်ရန်ပင် တတ်နိုင်၏။ သို့ပေမဲ့ နောက်ဆုံးအကျိုးအမြတ်ကို ရရှိသူမှာ လက်ခံသူသာဖြစ်သည်”

သေသေချာချာ ဖတ်ရှုပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် တွေတွေဝေဝေနှင့် ရပ်နေမိ၏။

“ဟား ဟား ဟား ဟား

ဟား ဟား ဟား ဟား”

သူသည် ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ့အနေနှင့် ဆေးလုံးများ ကိုယ်တိုင်သန့်စင်ရသည်မှာ အလွန်တရာခက်ခဲပြီး ပင်ပန်းလွန်းလှသည်ဟု ထင်မှတ်မိနေသည်။ လက်ရှိအချိန်မှာတော့ သူသည် တပည့်များ အား ဆေးလုံးများဖော်စပ်ခွင့် လက်လွှဲပေးနိုင်တော့မည်ဖြစ်သည်။

စနစ် “...”

နည်းနည်းလေး အလုပ်လုပ်ရသည်ကို သေမလောက်ဖြစ်နေသည်ဟု သူကိုယ်တိုင် ပြောခဲ့ဖူးသည် မဟုတ်ပါလား။ အဆုံးသတ်မှာတော့ လင်းယွမ်ခန်းမဆောင်ထဲသို့ ဝင်ခွင့်ရသော တပည့်သည် လက်ခံသူအတွက် ဆေးများကို ဖော်စပ်နိုင်ခွင့်ပင် ရရှိနေပြီ ဖြစ်သည်။ ဤအရာသည် သူ့ကဲ့သို့သော ပြိုင်ဘက်ကင်းစနစ်အား ပါးပိတ်ရိုက်ခြင်းပင် ဖြစ်တော့၏။

“ပြီးသွားပြီ၊ ထပ်ပြီးတော့ မောက်မာတော့မှာပဲ”

ဟုတ်ပေသည်။ ဂိုဏ်းချုပ်ကျွင်းသည် လက်ရှိအခြေအနေ၌ ကောင်းကင်ကြီးတစ်ခုလုံးအပေါ်သို့ ထိုးတက်သွား သည်ကို ခံစားမိလိုက်၏။ သူ၏တပည့်များသည် သူပြုလုပ်နေရသည့်အလုပ်များကို ဝင်ရောက်ကာ လုပ်ဆောင်ခွင့် ရှိသည်ဆိုသည်ကို သိလိုက်ရသည့်အချိန်မှာတော့ သူသည် အရာအားလုံးကို လက်လွှဲပေးနိုင်ရန် စဉ်းစားနေတော့သည်။

လင်းယွမ်ခန်းမဆောင်သည် တပည့်နှစ်ဆယ့်လေးယောက်ကို စုစည်းနိုင်သည် ဖြစ်သောကြောင့် ရှိသမျှ အလုပ်အားလုံးကို သူသည် ကျိန်းသေပေါက် လွှဲပေးနိုင်တော့မှာဖြစ်သည်။ အနာဂတ်တွင် ကျွင်းချောင်ရှောင်းသည် လုပ်ချင်တာများကို မည်သည့်အရာကိုမှ စိုးရိမ်ပူပန်စရာမလိုဘဲ အေးအေးဆေးဆေး လုပ်ဆောင်နိုင်ခွင့် ရှိနေတော့ မည်ဖြစ်သည်။ သူသည် ထိုင်ခုံကို အသာမှီထိုင်လိုက်ပြီးသည့်နောက် မျက်နှာကို လက်တစ်ဖက်ဖြင့် အုပ်ကာကာ ထိန်းချုပ်မရနိုင်သလို တခစ်ခစ်ဖြင့် ရယ်လျက်ရှိ၏။

“ဂိုဏ်းက ဆေးတွေ တော်တော်လိုနေတယ်၊ ချင်းယန်ကလည်း တကယ့်ကို တည်ငြိမ်တဲ့လူတစ်ယောက်လေ၊ ဒီအရာကို သူကျိန်းသေပေါက် တာဝန်ယူပေးနိုင်လိမ့်မယ်”

ပြီးသည့်နောက်မှာတော့ သူသည် ဆေးလုံးများကို ဖော်စပ်ခွင့်အား အတည်ပြုပေးလိုက်တော့သည်။

“ဒင်... တပည့် လီချင်းယန်သည် ဆေးခန်းမဆောင်ကို ထိန်းချုပ်ခွင့် အခွင့်အာဏာကို ရရှိသွားခဲ့သည်၊ ဆေးပင် စာရင်းများနှင့် အလိုအလျောက် လိုက်ဖက်ညီပြီးသွားပြီ ဖြစ်သောကြောင့် လိုအပ်သည့်အရေအတွက်ကို ရရှိသွားပြီး ဆိုပါက သူ့အနေနှင့် သန့်စင်ခွင့်ကို ရရှိမည်ဖြစ်သည်”

အခန်းဆီသို့ ပြန်လာခဲ့သော လီချင်းယန်သည် ညဘက်ကောင်းကောင်းအနားယူရန် ပြင်ဆင်နေချိန်မှာပဲ တွေခနဲ ဖြစ်သွားခဲ့၏။ သူ၏ဝိညာဉ်တစ်ခုလုံးသည် လေဟာနယ်တစ်ခုနှင့် ပေါင်းစပ်သွားပုံပေါ်၏။

“ဒီနေရာက”

သူသည်ဆွံ့အသွားပုံပေါ်၏။

ဟူး ဟူး

ရုတ်တရက်ဆိုသလိုပဲ ကြီးမားလှသည့် ဆေးအိုးကြီးတစ်ခုသည် သူ၏ရှေ့၌ ပေါ်လာသည်။ ထိုဆေးအိုးကြီးဆီမှ ရှေးကျပြီး ခန့်ညားလွန်းသော အော်ရာများ၊ အရှိန်အဝါများ ထွက်ပေါ်လျက်ရှိသည်။

ဝမ်

တည်နေရာကြီးသည် ထပ်မံတုန်ခါသွားပြီးသည့်နောက် စာလုံးအနည်းငယ် ပေါ်လာတော့သည်။ ထိုနေရာတွင် ရေးသားထားသည်မှာ စဦးအဆင့်ချီဆေးလုံး၊ အလယ်အလတ်အဆင့် ချီဆေးလုံး၊ စဦးအဆင့် ခန္ဓာကိုယ် ဖြစ်တည်ခြင်းဆေးလုံး၊ အဆိပ်ဖြေဆေးလုံး၊ သိုင်းဆရာဆေးလုံး၊ သိုင်းဘုရင်ဆေးလုံး စသည်ဖြင့် ဖြစ်သည်။

“ဒါတွေအားလုံးက ဂိုဏ်းချုပ်ဖော်စပ်တဲ့ ဆေးလုံးတွေပဲ” လီချင်းယန်သည် ကြောင်သွားမိသည်။

လက်ရှိအချိန်မှာတော့ ကျွင်းချောင်ရှောင်း၏ အသံသည် သူ၏နားထဲတွင် ပေါ်လာ၏။ “ချင်းယန်... မင်းက ဂိုဏ်းအတွက် ကိစ္စအားလုံးကို အကောင်းဆုံး လုပ်ဆောင်ပေးခဲ့တဲ့အတွက် ငါမင်းကို အရမ်း ကျေးဇူးတင်တယ်၊ ဒီနေ့မှာတော့ ဆေးဖော်စပ်ခွင့်စွမ်းရည်ကို မင်းကိုငါ လွှဲပြောင်းပေးလိုက်ပြီ”

“ဂိုဏ်ချုပ်” လီချင်းယန် သည် ထိတ်လန့်တုန်လှုပ်သွားမိ၏။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မင်းက တာဝန်တွေအများကြီးကို လုပ်ပေးခဲ့တယ်၊ ဒီတော့ ဒီအရာကို ဘယ်လိုသုံးရမလဲဆိုတာကို မင်း ကောင်းကောင်းသိမှာပါ၊ အနာဂတ်မှာ မင်းက ဂိုဏ်းရဲ့ ဆေးလုံးတွေ ဖော်စပ်ဖို့တာဝန်ကို ယူရလိမ့်မယ်၊ ငါ့ကို စိတ်မပျက်စေနဲ့”

သူသည် အနည်းငယ်တွေဝေလျက် ရှိနေသည်ဆိုသော်လည်း လီချင်းယန်က အလျင်အမြန် ပြောလိုက်မိ၏။ “ကောင်းပါပြီ”

“ဒီတည်နေရာက မင်းရဲ့ သိစိတ်ပင်လယ်ထဲမှာ ဖွင့်လှစ်ပေးထားတာပဲ၊ မင်းအနေနဲ့ မင်းရဲ့သိစိတ်နဲ့ ဝင်လိုက်ရုံပဲ”

“ကောင်းပါပြီ”

လီချင်းယန်က ပြောလိုက်သည်။ သို့ပေမဲ့ သူ၏ နှလုံးသားထဲတွင်ရှိသော ထိတ်လန့်တုန်လှုပ်မှုမှာတော့ အလွန်ပင် အားကောင်းစွာ ဖြစ်တည်လျက်ရှိသည်။ သူ၏သိစိတ်ပင်လယ်ထဲသို့ဝင်၍ လွတ်လပ်သည့်တည်နေရာတစ်ခုကို ဖန်တီးဖွင့်လှစ်နိုင်သည် ဆိုသည်မှာ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။ ဂိုဏ်းချုပ်သည် ဤကဲ့သို့သော စွမ်းရည်မျိုးကို အဘယ်ကရသနည်း။ ရှေးဂိုဏ်းတစ်ခုဆီမှ အမွေအနှစ်များ ဖြစ်နေသည်လား။

“အံ့အားသင့်စရာပဲ၊ အရမ်းကို အံ့အားသင့်ဖို့ ကောင်းတယ်”

လီချင်းယန်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ပြောလိုက်သည်။ “ဂိုဏ်းချုပ်က ဒီလိုအရေးကြီးတဲ့ တာဝန်ကို ပေးပြီးဆိုမှတော့ ကျွန်တော်က သေသေချာချာ ပြုလုပ်ပါမယ်၊ စိတ်မပျက်စေရပါဘူး”

“အင်း”

သူသည် အမှန်တကယ်ပင် ဂိုဏ်းအတွက် အကောင်းဆုံး ပြုလုပ်ပေးတတ်သူဟု ဆိုရတော့မည် ဖြစ်၏။

.............

“ပြီးပြီ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ လက်ရှိအခြေအနေမှာတော့ လီချင်းယန်သည် စနစ်၏ ဆေးခန်းမဆောင် ထဲတွင် ရှိနေတော့သည်။ ထို့အပြင် သူသည် ဝိညာဉ်အဖြစ်နှင့် ဤနေရာအား လွတ်လွတ်လပ်လပ် ဝင်ထွက် သွားလာနိုင်စွမ်း ရှိနေပြီဖြစ်တော့သည်။

စနစ်က ပြောလိုက်သည်။ “ငါသုံးသပ်ပြီးသွားပြီ၊ လီချင်းယန်က ဆေးခန်းမဆောင်က ဆေးလုံးတွေကို သန့်စင်ဖို့အတွက် အခွင့်အာဏာကို ရရှိ ခဲ့သလို ဆေးပင်တွေကို ထည့်သွင်းဖို့ အခွင့်အာဏာလည်း ရှိတယ်၊ ဒါပေမဲ့ သူ့သန့်စင်လိုက်တဲ့ ဆေးလုံးတွေ အကုန်လုံးက လက်ခံသူရဲ့ သိုလှောင်လက်စွပ်ထဲကိုပဲ ရောက်လာလိမ့်မယ်”

“ဆေးပင်တွေကို ထည့်သွင်းမယ်ဆိုတာ ဘာကိုပြောတာလဲ”

“ဆေးခန်းမဆောင်ထဲမှရှိနေတဲ့ ဆေးအိုးတွေကို ထည့်ဖို့အတွက် လိုအပ်တဲ့ဆေးပင်တွေက သူ့ရဲ့ သိုလှောင်လက်စွပ် နဲ့ ချိတ်ဆက်သွားတယ်၊ ဒါဆိုရင် သူ့ရဲ့ သိုလှောင်လက်စွပ်ထဲမှာ ဆေးပင်တွေ ရှိနေမယ်ဆိုရင် အလိုလို လိုက်ဖက် ညီပြီးတော့ ဆေးခန်းမဆောင်က ဆေးလုံးတွေ သန့်စင်ပေးလိမ့်မယ်”

“ငါသိပြီ”

ကျွင်းချောင်ရှောင်းသည် နားလည်သွားမိ၏။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုလျှင် သူသည် ဆေးခန်းမဆောင်အား ထိန်းချုပ်နိုင်ခွင့် အခွင့်အရေး ရရှိသွားခြင်းမှာ လီချင်းယန်အား ဆေးသမားတော်တစ်ယောက်ကဲ့သို့ ပြောင်းလဲ ပေးလိုက်သလိုပင်ဖြစ်သည်။ သူသည် ဆေးလုံးများသန့်စင်ရန်အတွက် တာဝန်ယူနေရသည်။

“အဆင်ပြေတယ်၊ ဒါပေမဲ့”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သန့်စင်ပြီးသားဆေးလုံးတွေကို သူ့ရဲ့ သိုလှောင်လက်စွပ်ဆီကိုပဲ ပို့ပေးနိုင်ရင် ပိုပြီး မကောင်းဘူးလား၊ ဒါဆိုရင် သူ့ဘာသူ ဖြန့်ဝေလိုက်ရင် ငါဘာမှ လုပ်စရာ မလိုတော့ဘူး”

စနစ်က ပြောလိုက်သည်။ “အရာအားလုံး တပည့်တွေ လုပ်ရမယ်ဆိုရင် ဂိုဏ်းချုပ်က ဘာလုပ်မှာလဲ”

..........

ဆေးခန်းမဆောင်ထဲမှာတော့ ဝိညာဉ်ပုံစံ ဖြစ်တည်နေသော လီချင်းယန်သည် တဖြည်းဖြည်းနှင့် စိတ်တည်ငြိမ် သွား၏။ သူသည် ခေါင်းကိုငုံ့ကာဖြင့် များပြားလှသော ဆေးလုံးများကို ကြည့်ရှုလိုက်တော့သည်။ သူသည် ချီစုစည်း ဆေးလုံးဆိုသည့်အရာအား နှိပ်လိုက်၏။

“မဆိုးဘူးပဲ”

ကျွင်းချောင်ရှောင်း၏ သိုလှောင်လက်စွပ်ထဲတွင် အဆင်သင့်ပြင်ဆင်ထားသော ဆေးပင်နှင့် ကုန်ကြမ်းပစ္စည်းများ အားလုံးသည် ထိုအထဲသို့ ဝင်ရောက်သွား၏။ လီချင်းယန်သည် ခဏလောက် စဉ်းစားလိုက်ပြီးသည့်နောက်မှာ ဆိုလိုရင်းကို နားလည်သွားမိ၏။ သူသည် မေးစေ့ကို ပွတ်ကာ ပြောလိုက်၏။ “အရင်အသုတ်က ဂျူနီယာညီလေးတွေက အရမ်းများတယ်လေ၊ ဒီတော့ စဦးအဆင့် ချီစုစည်းခြင်းဆေးလုံးကို သန့်စင်တာ ဒီအချိန်မှာ အသင့်တော်ဆုံးပဲ”

သူသည် ယနေ့မှာတော့ အကောင်းမွန်ဆုံးသော ဆေးလုံးဖြည့်စွမ်းမည့်သူတစ်ယောက်အဖြစ် ဖြစ်တည်လာခဲ့ပြီ ဖြစ်တော့၏။ သန့်စင်နိုင်သော ဆေးလုံးများကို သန့်စင်ပြီးသည့်နောက်မှာတော့ လီချင်းယန်၏ စိတ်သည် သက်တောင့်သက်သာနှင့်ဖြစ်သွား၏။ သူ၏ဝိညာဉ်တစ်ခုလုံးသည် ခန္ဓာကိုယ်ဆီသို့ ပြန်လည်ရောက်ရှိလာသည်။ သူသည် အလန့်တကြားဖြင့် ထအော်လိုက်၏။ “ဂိုဏ်းချုပ်ရဲ့ အားအင်တွေက တကယ့်ကို ကြောက်ဖို့ ကောင်းတာပဲ”

ဟူး ဟူး

သူပြောပြီးပြီးချင်းမှာပဲ အလွန်တရာ ဆန်းကြယ်လှသော အော်ရာများသည် သူ၏ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာ သည်။ သူ၏ ဒန်ထျန်ထဲရှိ စိတ်ဝိညာဉ်စွမ်းအင်များသည် ပွက်ပွက် ဆူဝေလာခဲ့၏။

“ငါအဆင့်တက်တော့မှာလား”

လီချင်းယန်သည် လျင်လျင်မြန်မြန်ပဲ ခြေချိတ်ကာ ထိုင်လိုက်၏။ ပြီးနောက် စိတ်နှလုံးအေးချမ်းခြင်း နည်းစနစ်ကို အသက်သွင်းလိုက်၏။ အဆင့်တက်နိုင်သည့် စွမ်းအင်များသည် ရေကာတာကို ချိုးဖောက်လိုက်သလို အလွန် ပြင်းပြင်းထန်ထန် ဖြစ်တည်လာပြီးသည့်နောက် သူသည် အဆင့်လေး သိုင်းဘုရင်အဆင့်မှသည့် အဆင့်ငါး သိုင်းဘုရင် အဆင့်ဆီသို့ ရောက်ရှိသွား၏။ ပြီးနောက် အဆင့်ခြောက်၊ အဆင့်ခုနှစ်၊ နောက်ဆုံး အဆင့်ရှစ်အထိသို့ ရောက်ရှိသွားသည်။ လီချင်းယန်သည် ဤကဲ့သို့ အဆင့်ကြီးလေးခု ချိုးဖြတ်ခဲ့သည်ကို ကြုံရချိန်မှာတော့ ဆွံ့အလျက်ရှိနေသည်။

“နေစမ်းပါအုံး … အဆင့်ချိုးဖြတ်ဖို့ဆိုတာ လောကကြီးရဲ့ ဓာတ်သဘာဝတွေကို သေသေချာချာ နားလည်ဖို့ လိုအပ်တယ် မဟုတ်ဘူးလား၊ ဒါပေမဲ့”

လီချင်းယန်သည် မျက်လုံးပြူးသွားမိ၏။ သူသည် မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။ “ငါ့ရဲ့ စိတ်ဝိညာဉ်အမြစ်ကလည်း ထပ်ပြီး တိုးတက်သွားတာကိုး”

ဝမ်

ထိုအချိန်မှာတော့ သူ၏ ညာဘက်လက်ခုံပေါ်တွင် ခပ်ဖျော့ဖျော့ နာကျင်မှုတစ်ခုကို ရရှိလိုက်သည်။ သူခေါင်းငုံ၍ ကြည့်လိုက်သည့်အချိန်မှာတော့ သူ၏အသားအရေပေါ်တွင် တည်ငြိမ်မှုဆိုသည့် စာတမ်း ပေါ်လာပြီးသည့်နောက် တဖြည်းဖြည်းချင်း ပြန်လည်ပျောက်ကွယ်သွားသည်။

“တည်ငြိမ်မှု ဟုတ်လား”

လီချင်းယန်သည် နဝေတိမ်တောင် ဖြစ်မိနေ၏။ “ဒါ ဘာကို ဆိုလိုတာလဲ”

စာကြည့်ခန်းထဲမှာတော့ ကျွင်းချောင်ရှောင်းသည် လင်းယွမ်ခန်းမဆောင်ရှိ လီချင်းယန်၏ ပုံတူအောက်တွင် ရှိသော တည်ငြိမ်မှုဆိုသည့် စကားလုံးကို မြင်လိုက်ရတော့သည်။ “တည်ငြိမ်မှု ဟုတ်လား၊ ဒါက ချင်းယန်ရဲ့ တည်ငြိမ်တတ်တဲ့ စိတ်နေသဘောထားကို ရည်ညွှန်းတာ ဖြစ်လိမ့်မယ်”

“လင်းယွမ်ခန်းမဆောင်ထဲကို ဝင်နိုင်တဲ့ တပည့်တွေ အားလုံးက လင်းယွမ်ခန်းမထဲကို ဝင်ပြီးတဲ့နောက်မှာ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က အဆင့်ကြီးလေးခုတောင် တိုးသွားလိမ့်မည်။ လီချင်းယန်ဆိုရင် အဆင့်တင် တက်တာ မဟုတ်ဘူး။ သူ့ရဲ့စိတ်ဝိညာဉ်အမြစ်ကလည်း သူတော်စင် အဆင့်ကနေ နတ်ဘုရားအဆင့်အထိ ရောက်သွားပြီ”

“နတ်ဘုရားအဆင့် ဟုတ်လား”

ကျွင်းချောင်ရှောင်းသည် ပထမကြောင်သွားသည်။ ပြီးနောက် ပြုံးကာ ပြောလိုက်၏။ “သူက ဒါနဲ့ ထိုက်တန်ပါတယ်”

All Chapters