← Chapters

အခန်း (၇၄၅)

Vol. 50 Ch. 745

အခန်း (၇၄၅)

Vol. 50 Ch. 745

ထန်မိသားစု၏ ဆေးလုံး ဆိင်သည် သံမဏိ အရိုးမြို့တွင် အသစ်တည်ဆောက်ဖွင့်လှစ်လိုက်သည် ဆိုသည့် သတင်းသည် ကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင် ကြီးမားလှသည့် ဂယက်ကြီးပင် ဖြစ်တည်လာခဲ့သည်။

အကွာအဝေးအရ ပြောဆိုရမည်ဆိုလျှင် သံမဏိအရိုးမြို့သည် အလယ်ပိုင်း ကုန်း‌မြေဒေသကြီးနှင့် ဝေးကွာသော နေရာတွင် တည်ရှိသည်။ ထိုသို့ အရာကိုတောင်မှ ထန်မိသားစုသည် အဘယ့်ကြောင့် ဆိုင်ခွဲလာ၍ ဖွင့်လှစ်ရသနည်း။

သံမဏိအရိုးမြို့တွင် ကြီးမားလှသည့် စီးပွားရေး လုပ်ငန်းများ တည်ရှိနေသည် ဆိုသောကြောင့် တစ်လောကလုံးတွင် ရှိနေသော သိုင်းကျင့်ကြံသူများ၏ အာရုံကို ဆွဲဆောင်လျက်ရှိ‌နေတော့၏။

၎င်းတို့သည် ရောက်ရှိလာသည် ဆိုသည်နှင့် ပိုက်ဆံများကို သုံးဖြုန်းရန် အဆင်သင့် ဖြစ်နေကြသည်။ ထို့ကြောင့် အဒေါ်ဝမ် ဖွင့်ထားခဲ့သည့် ဆိုင်သည်လည်း နေ့စဉ်နေ့တိုင်း လူအပြည့်နှင့် ဖြစ်လို့ နေသည်။

စီးပွားရေးမှာ အလွန်တရာ ကောင်းမွန်လှ၏။ မြို့သည် ဖွံ့ဖြိုးဆဲအခြေအနေတွင် ရှိနေဆဲဖြစ်၏။ ပထမဦးဆုံး အနေနှင့် လူများ ပိုမိုများပြားစွာ လာနေထိုင်စေရန် ဆွဲဆောင်ရပေလိမ့်မည်။ အနာဂတ်တွင် သင့်တင့်သည့် အခြေအနေတစ်ခုကို ရောက်ရှိလာသည် ဆိုပါက ကျွင်းချောင်ရှောင်းသည် ထိုနေရာမှ တစ်ဆင့် အမြတ်အစွန်းရရှိရန် နည်းလမ်းကို စဉ်းစားပေလိမ့်မည်။

"ဂိုဏ်းချုပ်ကျွင်း"

ထန်ရမ် သည် အိမ်တော်၏ ဟောခန်းတွင် ထိုင်၍ ရယ်လိုက်မိသည်။ "ဆေးလုံး ဆိုင်က ဒီမှာ တည်လိုက်တာက ကျုပ်တို့ မိသားစုက အမည်ပဲ ခံလိုက်တာ။ရှိတဲ့ အကျိုး အမြတ်တွေ အကုန်လုံးကို ခင်ဗျားတို့ ဂိုဏ်းကပဲ ယူလိုက်ပါ"

ကျွင်းချောင်ရှောင်းနှင့် ပတ်သက်ဆက်နွယ်မှု ပိုမို လေးနက်စေရန် သူသည် အမြတ်အစွန်းများကို ဂရုမစိုက်ပေ။ တစ်ခြားသော ပြည်နယ်များတွင် သူသည် ဆေးဆိုင်ခွဲများ ဆက်လက်ဖွင့်လှစ်ရန် ရှိနေသေးသည်။ ထို့အပြင် ဆေးလုံး စီးပွားရေး လုပ်ငန်းသည် ပိုမို၍ ကျယ်ပြန့်လာ၏။

လက်ရှိအချိန်မှာတော့ ထန်မိသားစု၏ အဘိုးကြီးသည် သူ့အား ခေါ်ယူ၍ စီးပွားရေး ကိစ္စများကို တိုင်ပင်သည့် အပြင် လုပ်ငန်းများ၊ မိသားစု၏ ရှေ့ရေး အစီအရင်များကို ဆွေးနွေးသည့် ကိစ္စရပ်များကိုပင် ရံဖန်ရံကာ ပြုလုပ်လာခဲ့၏။ သူ့အား အသိအမှတ်ပြုလိုက်ပြီဖြစ်ကြောင်း ထန်ရမ် သည် ကောင်းကောင်း နားလည်လိုက်မိသည်။

အတိတ်တုန်းက ဆိုလျှင် သူသည် ဤကဲ့သို့ အခေါ်ခံရသည် ဆိုသော်လည်း ရှားရှား ပါးပါးပင် ဖြစ်သည်။ အရှေ့တောင်ရန်ကျူးသို့ လာပြီး ပြိုင်စံရှားဂိုဏ်းနှင့် မိတ်ဖွဲ့ခဲ့ခြင်းသည် သူ၏ ဘဝတွင် အကောင်းမွန်ဆုံးသော ဆုံးဖြတ်ချက်ပင် ဖြစ်၏။

ဝမ်းကွဲ ဦးလေးတို့ သနားညှာတာ ထောက်ထားခြင်း အားဖြင့် ကျုပ်ကို ဒီလို တည်နေရာမှာ ရှိတဲ့ ဂိုဏ်းတစ်ခုနဲ့ ခင်မင်ခွင့် ရဖို့ အခွင့်အရေး ပေးခဲ့တယ်။ ဒါကို ကျေးဇူးအရမ်းတင်တယ်။မဟုတ်ရင် အဘိုးကြီးရဲ့ အသိအမှတ်ပြုမှုကို ဘယ်လိုလုပ်ရမှာလဲ။

ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်ကာ ပြောလိုက်သည်။ "ဒီကျွင်းက လိုလိုချင်ချင်နဲ့ လက်ခံလိုက်ပါမယ်"

ဟမ့် …….။

သူသည် အနည်းငယ်လေးမှ အားမနာတတ်ခဲ့ချေ။

ထန်ရမ် က ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း ဒီထန်က တစ်ခြားစီးပွားရေး လုပ်ငန်းတွေကိုလည်း လည်ပတ်နေတယ်လေ။ဖြစ်နိုင်မယ်ဆိုရင် သံမဏိအရိုးမြို့မှာ လာပြီးတော့ ဆိုင်ခွဲ အသစ်တွေ ဖွင့်လို့ ရနိုင်သေးလား။”

ကျွင်းချောင်ရှောင်း အနေနှင့် သံမဏိအရိုးမြို့ကို ပိုမိုဖွံဖြိုးတိုးတက်ချင်သည် ဆိုသည်ကို သူ နားလည်မိ၏။

အိုက်မိသားစု၏ လေလံအိမ်နှင့် ဆေးလုံး ဆိုင်များလည်း ရှိနေသည်။ ထို့ကြောင့် ဖွံ့ဖြိုးတိုးတက်လာမည့် အလားအလာမှာလည်း ပိုမို ကောင်းမွန်လွန်းလှ၏။ ဤနေရာတွင် ရင်းနှီးမြုပ်နှံခြင်းသည် ကောင်းမွန်သည့် အကျိုး အမြတ်များကို ပိုမို လာပေလိမ့်မည်။

"ပြသနာမရှိဘူး" ကျွင်းချောင် ရှောင်းက ပြောလိုက်သည်။

သူ့အနေနှင့် လောကကြီးတစ်ခုလုံးက ရောက်ရှိလာနိုင်သည့် သိုင်းကျင့်ကြံသူများ အတွက် နတ်ဘုံ နတ်နန်းတစ်ခု ဖန်တီးနိုင်ရန် စဉ်းစားနေသည် ဆိုကတည်းက သံမဏိအရိုးတောင်သည် အခြေခံတစ်ခု ဖြစ်၍ လာပေလိမ့်မည်။

ထန်မိသားစု၏ များပြားလှသော စီးပွားရေး လုပ်ငန်းများသည် ဤနေရာတွင် တည်ရှိနေမည်ဆိုပါက တစ်ခြားသော သူများ၏ အာရုံကို ဆွဲဆောင်နိုင်မှာ မုချပင် ဖြစ်၏။

………

ရက်အနည်းငယ် ကြာပြီးသည့်နောက်မှာတော့ ထန်ရမ်၏ စီးပွားရေး လုပ်ငန်းများအားလုံးသည် သံမဏိ အရိုးမြို့တွင် ဆိုင်ခွဲများ ဖွင့်လှစ်လာခဲ့သည်။

ချပ်ဝတ်ရောင်းချသည့် ဆိုင်များအပြင် အဓိက စိတ်ဝိညာဉ် ကျောက်တုံး အရောင်းဆိုင်များ လည်း တည်ရှိနေ၏။

အသစ်ဖန်တီးတည်ဆောက်ထားသော မြို့တစ်ခုတွင် လုံလောက်သည့် နေထိုင်သူများပင် မရှိသေးချေ။ သို့ပေမဲ့ ခမ်းနားလှသည့် ဆိုင်များကတော့ အစီအရီ တည်ရှိလို့ နေသည်။

အံ့အားသင့်စရာ ကောင်းလွန်းလှ၏။

များပြားလှသော ကျင့်ကြံသူများသည် လမ်းမကြီးမှတစ်ဆင့် မြို့ထဲသို့ လျှောက်ဝင်လိုက်သည်နှင့်တစ်ပြိုင်တည်း ခမ်းနားလှသော ဆိုင်များကို မြင်တွေ့ရမည် ဖြစ်သည်။

အားလုံးသည် ထိတ်လန့်တကြားဖြင့် ပြောလိုက်မိသည်။ "ဒီမြို့က စီရင်စုတွေ ၊ နိုင်ငံ တော်တော်များများ တွေထက် ပိုပြီးတော့ ခမ်းနာ ကြီးကျယ်လာမှာ သေချာတယ်"

"ဂိုဏ်းချုပ်"

လီချင်းယန်က ပြောလိုက်သည်။ "မြို့က အနည်းငယ် သေးနေသေးတယ်။ဒီတော့ ထပ်ပြီးတော့ ချဲ့ထွင်ဖို့ လိုနေသေးတယ်"

"အလျှင်မလိုနဲ့"

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "တစ်လှမ်းချင်းစီ သွားတာ ကောင်းတယ်"

လက်ရှိ အခြေအနေမှာတော့ သူသည် ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုကို အာရုံစိုက်ထားရ၏။ မြို့ နှင့်ပတ်သက်၍ သူ၏ သဘာဝအတိုင်းသာ လွှတ်ထားရန် စဉ်းစားထား၏။

"ကျိရှူကို ခေါ်လိုက်" ကျွင်းချောင်ရှောင်း ခိုင်းစေလိုက်သည်။

"ကောင်းပါပြီ"

လီချင်းယန်သည် နောက်သို့ ဆုတ်ခွာသွား၏။

သူ ထွက်ခွာသွားသည် မကြာခင်မှာပဲ ခရမ်းရောင် ဘုရင်သည် လက်ထဲတွင် သွားကြားထိုးထံကို ကိုင်၍ လျှောက်ဝင်လာသည်။

သူ့ကို ကြည့်ရသည်မှာ စားကောင်းသောက်ကောင်းများနှင့် ဇိမ်ကျနေပုံပေါ်၏။

ကျွင်းချောင်ရှောင်းသည် အနီရောင် အတွင်းခံကို ဝတ်ဆင်ထားသည့် ထိုလူအား မြင်လိုက်သည့် အချိန်မှာတော့ မေးလိုက်သည်။ "ခင်ဗျားရဲ့ ဂိုဏ်းဝတ်စုံက ဘယ်ရောက်သွားလဲ"

"ဝတ်ရတာ အဆင်မပြေလို့လေ"

ခရမ်းရောင် ဘုရင်က ပြောလိုက်သည်။ "ချွတ်ထားလိုက်တာ"

ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်သည်။ "ခင်ဗျား ဒီလို လုပ်လို့ မရဘူး"

“ပြောစရာရှိတာကို ပြောလေ။ မပြောဘူးဆိုရင် ဂိုဏ်းအပေါက်ဝမှာပဲ သွားပြီး မတ်တပ် ရပ်နေတော့မယ်" ခရမ်းရောင် ဘုရင် က ပြောလိုက်သည်။

ဤလူသည် စိတ်ဝိညာဉ် သားရဲတစ်ကောင် ဖြစ်ပြီး စည်းမျဉ်းစည်းကမ်းများနှင့် လိုက်လျောညီထွေ မနေတတ်သည်ကို ကောင်းကောင်းသိ၏။

ကျွင်းချောင်ရှောင်းသည် ထိုအရာကို ဂရုမစိုက်ပေ။ ထိုအစား လေးလေးနက်နက် မေးလိုက်တော့သည်။ "ခင်ဗျားပြောတဲ့ ဥဆိုတာက ဘာလဲ"

ခရမ်းရောင် ဘုရင်သည် မူလအားဖြင့် မောက်မာတတ်သည်။ သို့ပေမဲ့ ဥဆိုသည့် စကားကို ကြားလိုက်ရချိန်မှာတော့ အခန်းထောင့် တစ်နေရာသို့ သွား၍ ထိုင်ငိုချင်စိတ်များပင် ပေါက်နေ၏။ "ချီးတဲ့မှ ….. ဒီဥကြောင့်သာ မဟုတ်ရင် ဒီလို ဘဝမျိုးကို ရောက်မနေဘူး"

သို့ပေမဲ့ လက်ရှိ အခြေအနေမှာတော့ ဤကိစ္စသည် အရေးမကြီးပေ။

ကလေးမ၏ နေ့စဉ် ချက်ပြုတ်သည့် အစားအစာများကို စားသောက်နေရခြင်းကြောင့် သူ့အတွက် ဆုံးရှုံးမှု မရှိပေ။

ဤဘုရင်သည် အရင်အတိတ်တုန်းက ဘုရင်မျိုး မဟုတ်တော့ပေ။ ယခု အချိန်မှာတော့ သူ၏ ရည်မှန်းချက်အားလုံးကို မေ့လျောသွားခဲ့သည်။ စားသောက်နေရရင်ကို ပျော်နေပြီဖြစ်သည်။

"ကျုပ်ပြောတဲ့ဥက မီးနဂါးတွေ စောင့်ရှောက်တဲ့ ဥကို ပြောတာပါ" ခရမ်းရောင် ဘုရင်က ပြောလိုက်သည်။

တကယ်ပင် နဂါးလေးနှင့် ပတ်သက်နေပုံပေါ်သည်။ ကျွင်းချောင်ရှောင်းသည် စိတ်ဝင်တစားဖြင့် မေးလိုက်၏။ "အဲဥကို ခင်ဗျား အုပ်ထားတားလား"

ခရမ်းရောင် ဘုရင်၏ အမူအရာသည် ရုတ်တရက် အေးခဲသွားသည်။ ပြီးနောက် သူသည် ခံစားချက်များကို ထိန်းချုပ်မရတော့ဟန်ဖြင့် ထအော်လိုက်သည်။ "ကျုပ်က အထီးကြီးလေ ဘယ်လိုလုပ် ဥကို အုပ်ရမှာလဲ"

"ဒါဆိုရင် ဘယ်သူ အုပ်ခဲ့တာလဲ" ကျွင်းချောင်ရှောင်း မေးလိုက်၏။

ခရမ်းရောင် ဘုရင်သည် တည်ငြိမ်သွား၏။ ပြီးနောက် ဒေါသ ထွက်လာပြန်သည်။ "ဥကို ကျုပ်ခိုးလာခဲ့တာ"

"ဘယ်ကနေခိုးလာခဲ့တာလဲ"

"အထက်နယ်မြေကနေ"

"အထက်နယ်မြေ ဟုတ်လား"

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် အံ့အားသင့်မှုများနှင့် ပြည့်နက်သွားသည်။ သူက ပြောလိုက်သည်။ "လာ သေသေချာချာ ပြောပြ။ ဘာကိုမှ ဖုံးကွယ်မထားနဲ့တော့။မဟုတ်ရင် အနာဂတ်မှာ စားသောက်ခန်းထဲကို သွားရဖို့ လမ်း မရှိဘူး"

ခရမ်းရောင် ဘုရင်သည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။

"မင်း ကျုပ်ကို ခြိမ်းခြောက်နေတာလား"

"ဟုတ်တယ်"

ခရမ်းရောင် ဘုရင်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ ပြီးနောက် သူသည် အနာဂတ်တွင် လျိုဝမ်ရှစ်၏ အစားအစားများကို မစားရတော့မည်ကို စဉ်းစားမိလိုက်ပြီးနောက် သက်ပြင်းကိုသာ ချလိုက်၏။

"အဲလိုပဲ လုပ်ကြတာပေါ့..."

ခရမ်းရောင် ဘုရင်သည် ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ လူတစ်ယောက် မဟုတ်ပေ။ အထက်နယ်မြေမှ ရောက်ရှိလာခြင်း ဖြစ်သည်။

ဟယ်ဝူတီကဲ့သို့ တစ်ခြားသော လျို့ဝှက်ကျမ်းစာကြောင့် ဤနေရာသို့ ထွက်ပြေးခဲ့ရခြင်း မဟုတ်ဘဲ သူသည် ပြစ်မှု တစ်ခုကို ပြုလုပ်ခဲ့ခြင်း ကြောင့် ဤနေရာသို့ ထွက်ပြေးလာရခြင်း ဖြစ်၏။

အရင်တုန်းက နဂါးဥများကို စားသုံးလိုက်မည်ဆိုလျှင် နှစ်ပေါင်းတစ်ထောင်ကျော် စွမ်းအားများကို ရနိုင်သည် ဆိုသော စကားလုံးများကို သူ ကြားခဲ့ရသည်။ ထို့ကြောင့် နဂါးကလန်၏ တည်နေရာထဲသို့ ဝင်ကာ ဥကိုခိုးယူခဲ့ခြင်းပင် ဖြစ်သည်။

ဥကို ခိုးပြီးသည့်နောက်မှာတော့ သူသည် အသက်ရှင်အောင် မနည်းထွက်ပြေးခဲ့ရတော့၏

ခရမ်းရောင် ဘုရင်၏ အားအင်အဆင့်သည် အဆင့်နိမ့်နယ်မြေတွင် ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်သည်။ သို့ပေမဲ့ သူသည် အထက်နယ်မြေမှာတော့ ဘာမှမဟုတ်ချေ။

နဂါးကလန် တစ်ခုလုံးကို အနိုင်ရအောင် ပြန်လည်တိုက်ခိုက်ဖို့ မဆိုနှင့် နဂါးအကြီးအကဲ တစ်ယောက်လောက်ကိုပင် အနိုင်ရရန် ခက်ခဲပေလိမ့်မည်။ ထို့ကြောင့် ထွက်ပြေးမှုကိုသာ ပြုမူခဲ့ရသည်။

လမ်းတစ်လျှောက်မှာတော့ သူသည် ဥအား မည်သိုပင် ပြုတ်ပြုတ်၊ ကင်ကင် ၊ ကြော်ကြော် ဘာမှ ထူးခြား မလာခဲ့ချေ။ ထို့အပြင် ဥကို ရိုက်ခွဲ၍လည်း မရနိုင်ခဲ့ချေ။ ထို့ကြောင့် ဥကို ခိုးယူခဲ့သော်လည်း သူ၏ အားအင်အဆင့်သည် တိုးတက်မလာရုံသာမက နဂါးကလန်တစ်ခုလုံး၏ အမဲဖြတ် လိုက်လံ တိုက်ခိုက်ခြင်းကို ခံနေရ၏။

အလွန်တရာ ဆိုးဝါးလှသည့် ခံစားချက်ပင် ဖြစ်ပေတော့သည်။

သူ့အနေနှင့် တည်နေရာအက်ကွဲကြောင်းကို ဖွင့်လှစ်ကာ ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီသို့ ထွက်ပြေးလာခဲ့သည်။ သို့ပေမဲ့ ကောင်းကင်နှင့် မြေကြီး၏ အကန့်အသတ်တရားများကို ကျော်လွန်ကာ ရောက်ရှိလာခဲ့သောကြောင့် သူ၏ အဆင့်သည်လည်း ဆိုးဆိုးဝါးဝါးနှင့် ကျဆင်းခဲ့ရ၏။

"ဒါဆိုရင်"

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွားခဲ့ရ၏။ သူက ပြောလိုက်သည်။ "ခင်ဗျား နဂါးဥကို ခိုးခဲ့တာပဲ။”

“ဒါက နဂါးဥသက်သက် မဟုတ်ဘူး"

ခရမ်းရောင် ဘုရင်သည် လေးလေးနက်နက် ပြောလိုက်သည်။ "နောက်ပိုင်း ကျုပ် ပြေးလာပြီးမှ သိရတာက နှစ်တစ်ထောင် အတွင်းမှာ တစ်ကောင် ပေါ်လာတဲ့ လက်ငါးချောင်း နဂါးဥလိုတောင် ပြောကြတယ်။ဒီအရာက သားပေါက်ပြီးတာနဲ့ နှစ်ပေါင်း တစ်သောင်းလောက် လေ့ကျင့်လိုက်ရင် အင်ပါယာဖြစ်လာလိမ့်မယ်"

ကျွင်းချောင်ရှောင်းသည် ထိုအရာကို ကြားတော့ ချက်ချင်းပဲ မျက်လုံး ပြူးလာမိ၏။

နဂါးလေးသည် အမှန်တကယ် ကြောက်မက်ဖွယ်ရာ ကောင်းသည့် မျိုးဆက်မှ ဆင်းသက်လာသူတစ်ယောက်ဖြစ်မှန်း သိရှိသွားသည်။

ဒီကောင်လေးက လက်ငါးချောင်း နဂါးပုံစံ ဖြစ်တည်နိုင်ခဲ့တာ အံ့အား သင့်စရာ မဟုတ်တော့ဘူး။ဒါက ပုံရိပ်ယောင် မဟုတ်ဘူး။အစစ်အမှန်ပဲ။ ကျွင်းချောင်ရှောင်း စဉ်းစားလိုက်မိသည်။

နဂါးကဲ့သို့သော သတ္တဝါသည် အားလုံး၏ ထိပ်ဆုံး၌ ရှိနေသော သတ္တဝါဖြစ်၏။ လက်ငါးချောင်းနဂါးသည် အင်ပါယာစွမ်းအင်များကို ပိုင်ဆိုင်သည့် သင်္ကေတပင် ဖြစ်တော့၏။

လက်ရှိ အခြေအနေမှာတော့ သူ၏ ပဋိညာဉ် သားရဲဖြစ်လာသည်မို အလွန်တရာ ကောင်းမွန်သည်ဟု ဆိုရမည်။

"ခင်ဗျားက နဂါးကလန်ရဲ့ အနာဂတ် အင်ပါယာကို ခိုးယူခဲ့တာဆိုတော့ ကမ္ဘာအနှံ့ကို လိုက်လံပြီး သတ်ဖြတ်ခံရဖို့ တန်တယ်လို့ ပြောရမယ်။" ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

ထိုအရာကို ပြောဆိုလိုက်သည့် အချိန်မှာတော့ ခရမ်းရောင် ဘုရင်သည် ငိုချင်စိတ်ပင် ပေါက်သွားမိ၏။

ကျုပ်က အားအင်အဆင့် တိုးတက်ချင်ရုံလေး သက်သက်နဲ့ လုပ်မိတာပဲ။ နောက်ဆုံး‌မှာတော့ ဥလေးတစ်လုံး ခိုးမိတာနဲ့ ဘဝပျက်ခဲ့ရတယ်။

ဤကဲ့သို့သော အရှုပ်အထွေးကြီးကို ပြုလုပ်ပြီးနောက်မှာတော့ သူသည် အထက်နယ်မြေ၌ ထပ်မံ၍ မနေနိုင်တော့ပေ။ ထို့ကြောင့် အောက်နယ်မြေဆီသို့ လာရောက်၍ ပုန်းခိုနေရခြင်းပင် ဖြစ်တော့သည်။

သို့ပေမဲ့ အောက်နယ်မြေဆီသို့ ရောက်ရှိပြီး ကြီးမားသည့် အရာကြီးကို ပြုလုပ်ရန် စဉ်းစားလိုက်ချိန်မှာပဲ သိုင်းနယ်မြေကျင့်ကြံသူများ၏ ဖိနှပ်စည်းခတ်ခြင်းကို ခံခဲ့ရပြန်၏။

"ပြီးတော့ရော" ကျွင်းချောင်ရှောင်းက မေးလိုက်သည်။

ခရမ်းရောင် ဘုရင်သည် ဆက်ပြောလိုက်၏။ “ပြီးတော့ ဘာမှမရှိတော့ဘူး။ ဥကို ဘယ်လိုမှ ခွဲလို့မရဘူးလေ”

ထို့ကြောင့် မီးနဂါးများ နေထိုင်ရာနေရာတွင် သွား၍ ထားကာ ဥပေါက်လာ စေရန် ကြိုးပမ်းခိုင်းဖြစ်တော့သည်။

ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်ကျသွားမိ၏။ "သေချာစဉ်းစားကြည့်စမ်းပါအုံး .. နဂါး မျိုးနွယ် နဲ့ မီးနဂါးနဲ့ ဘာဆိုင်လို့လဲ။ မျိုးနွယ်ချင်း တခြားစီကို”

"ဒါကတော့ မသိဘူး စိတ်ထင်တာကို လုပ်ခဲ့ရတာပဲ"

ခရမ်းရောင် ဘုရင်သည် ခပ်ကြမ်းကြမ်းပင် ပြန်ပြောလိုက်၏။

ဤနှစ်ပိုင်း အတွင်းသည် များပြားလှသော နဂါးတို၏ လိုက်လံ သတ်ဖြတ်ခြင်းကို ခံရသည့်အတွက် သူသည် အလွန်ပင် ရှက်ရွံံ့မိသည်။ ထို့အပြင် ဥတစ်လုံး ခိုးယူမိသည့်အတွက် ဤကဲ့သို့ လိုက်လံ သတ်ဖြတ်ခံရခြင်းဖြစ်သည်။ အလွန်နာကျည်းဖွယ်ရာ ကောင်းလွန်းလှသည်။

သူ၏ ငယ်ရွယ်မှုများအားလုံးသည် ဥတစ်လုံးကြောင့် ထွက်ပြေးရင်း ကုန်ဆုံးခဲ့ရတော့၏။

ကျွင်းချောင်ရှောင်းသည် ရေနွေးကြမ်းကို တစ်ငုံသောက်ရင်း ပြုံးကာ ပြောလိုက်သည်။ "ခင်ဗျား ဒီလိုမျိုး ခိုးလာတဲ့ အတွက် ကျေးဇူးတင်ရမယ်။ဒါကြောင့်လည်း ကျုပ်က အရမ်းအားကောင်းတဲ့ သားရဲ ကို ရခဲ့တာပဲ။"

ခရမ်းရောင် ဘုရင်သည် ထိတ်လန့် တုန်လှုပ်သွားမိ၏။ "ဥကို သားဖောက်လိုက်တာလား။ အဲလို လုပ်လို့ရတယ်ပေါ့"

All Chapters