← Chapters

အခန်း (၇၄၈)

Vol. 50 Ch. 748

အခန်း (၇၄၈)

Vol. 50 Ch. 748

သံမဏိအရိုးမြို့တွင် တုနန် ပေါ်ပေါက်လာခြင်းသည် ဖြတ်သွားဖြတ်လာ၊ လမ်းသွားလမ်းလာ လူများအားလုံး၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့တော့သည်။ အဓိကအားဖြင့် ဗုဒ္ဓကျင့်ကြံသူဆိုသည်မှာ လမ်းမှန်ဂိုဏ်းများနှင့် နတ်ဆိုးဂိုဏ်း များကြား တိုက်ခိုက်မှု နောက်ပိုင်းတွင် ရှားရှားပါးပါး တွေ့မြင်ရသည့် အမျိုးအစားမျိုးလည်းဖြစ်သည်။

မြို့ထဲတွင် နေထိုင်ကြသော သာမန်ကျင့်ကြံသူများသည် တုနန်အား လေးလေးစားစားဖြင့် ကြည့်ရှုလျက်ရှိနေကြ၏။ သို့ပေမဲ့ ဗုဒ္ဓကျင့်ကြံသူများသည် ရှားပါးလွန်းလှသည့်ဖြစ်သောကြောင့် ၎င်းတို့အား အသုဘအခမ်းအနားများနှင့် မင်္ဂလာဆောင် အခမ်းအနားများတွင်သာ သုံးကြတော့သည်။ ထို့ကြောင့် သာမန်လူများသာ ၎င်းတို့အား လေးစားကြခြင်းဖြစ်၏။

တုနန်သည် လမ်းတလျှောက်တွင် ဆာလောင်မှုကင်းစွာဖြင့် လှမ်းလျှောက်လာခဲ့၏။ သူ့အနေဖြင့် ဘာမှလုပ်စရာ မရှိသည့်အချိန်မျိုးတွင် တခြားသူများအတွက် ဗုဒ္ဓကျမ်းစာများကို ရွတ်ဖတ်၏။ ရံဖန်ရံခါဆိုသလို ၎င်းသည် ဆွမ်းခံခြင်းကို ပြုလုပ်ကာ စားသောက်ခဲ့၏။ ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင်ရှိသော ဗုဒ္ဓကျင့်ကြံသူများ၏ အကြီးမားဆုံး အားသာချက်မှာ ထိုအရာပင်ဖြစ်သည်။ သိုင်းကျင့်ကြံခြင်းများကို မပြုလုပ်ဘူးဆိုလျှင်တောင်မှ ၎င်းတို့သည် ဆာလောင်မှုကို မခံစားရချေ။ အဘယ်ကြောင့်ဆိုသော် လှူဒါန်းသူများသည် အချိန်နှင့်အမျှ ရှိနေ သောကြောင့်ပင်။

“ခံစားမိလား”

တုနန်သည် လူများအားလုံး၏ အာရုံစူးစိုက်မှုကို လျစ်လျှူရှုထားသည်။ ပြီးနောက် မျက်လုံးကို စုံမှိတ်ကာ မြို့ထဲတွင် ရှိသော တစ်စုံတစ်ခုကို အာရုံခံစားလျက်ရှိသည်။ ပြီးနောက် ပြောလိုက်သည်။ “ဒီနေရာမှာ မိစ္ဆာစိတ်ဝိညာဉ်တွေ ပြည့်နှက်နေတယ်၊ လောကကြီးကို ဒုက္ခပေးမယ့် မိစ္ဆာစိတ်ဝိညာဉ်ကျင့်ကြံသူ တွေ ကျိန်းသေပေါက် ရှိရမယ်”

စိတ်ဝိညာဉ်ကြောင်လေးသည် သမ်းဝေလိုက်၏။ မြို့တစ်မြို့ဆီသို့ ရောက်သည်နှင့် တုနန်သည် ဤအရာကို အချိန်တိုင်း ပြောဆိုလျက်ရှိနေတတ်၏။ အဆုံးသတ်မှာတော့ တခြားသူများ၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံရ သောကြောင့် ဖနှောင့်နှင့် တင်ပါး တစ်သားတည်းကျအောင် ထွက်ပြေးခဲ့ရတော့၏။

“ဟိုဘုန်းတော်ကြီးအိုကြီးက နာမည်မှားပေးခဲ့တာပဲနေမယ်”

စိတ်ဝိညာဉ်ကြောင်က စောဒကတက်လိုက်၏။ “ခင်ဗျားနာမည်ကို တုနန်လို့ မခေါ်ရဘူး၊ တုပြေးလို့ ခေါ်ရမယ်”

ဂွီ

သူ၏ဝမ်းဗိုက်ဆီမှ အသံများ ထွက်ပေါ်လာသည်။ သူက ပြောလိုက်၏။ “ကျုပ် ဆာနေပြီ၊ တစ်ခုခုစားဖို့ ရှာရအောင်”

တုနန်သည် သူ၏ရှေ့တွင်ရှိသော ယွမ်လဲ့စားသောက်ဆိုင်ကို လှမ်းကြည့်လိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “စားသောက်ဆိုင်ထဲကို သွားပြီးတော့ ဆွမ်းသွားခံရအောင်”

“အဒေါ်ဝမ်”

စားသောက်ဆိုင်ထဲမှ ရှင်းလင်းလှသော အသံတစ်ခု ထွက်ပေါ်လာသည်။ “ကျွန်မ မနက်ဖြန်မှ လာပြီး ကူညီတော့မယ်နော်”

“ရောင်မိန်းကလေး... ကြိုးကြိုးစားစားနဲ့ ကူညီပေးတာ ကျေးဇူးတင်ပါတယ်”

ရောင်မုန့်ယဉ်သည် ပြုံးကာဖြင့် တံခါးပေါက်ဝဆီမှ လျှောက်ထွက်သွားလိုက်တော့သည်။ သို့ပေမဲ့ သူမ လျှောက်ထွက်လိုက်သည့်အချိန်တွင် တစ်စုံတစ်ယောက်သည် အပြင်ဘက်မှ ဝင်ရောက်လာခဲ့၏။ နှစ်ယောက် သားသည် ဘယ်ကိုရှောင်ရမလို၊ ညာကိုရှောင်ရမလိုနှင့် အလယ်၌ တန့်လျက်ရှိ၏။

“အော်မီတော်ဖော”

တုနန်သည် နောက်ဘက်သို့ ခြေတစ်လှမ်းဆုတ်ပြီး လမ်းဖယ်ပေးလိုက်သည်။ ပြီးနောက် သူသည် လက်အုပ်ချီကာ ပြောလိုက်၏။ “ဒကာမကြီး အရင်သွားပါ”

ရောင်မုန့်ယဉ်သည် သင်္ကန်းဝတ်ဆင်ထားသောသူနှင့် မွှေးပျံ့လှသည့် စန္ဒကူးနံ့ကို ရရှိလိုက်သည့်အချိန်မှာတော့ သူမ၏ မျက်ခုံးကြားတွင် ရွံ့ရွာမှု အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။ သူမသည် အသာဖြတ်လျှောက်သွားပြီး သည့်နောက် တီးတိုး ပြောဆိုလိုက်သည်။ “သောက်ကတုံး”

“နေအုံး”

တုနန်သည် အသာလှမ်းခေါ်လိုက်၏။ ပြီးနောက် လက်အုပ်ချီကာ ပြောလိုက်၏။ “ဒကာမကြီး... စကားကို ကြည့်ပြောပါ၊ ကျုပ်က သောက်ကတုံး မဟုတ်ဘူး၊ ဆံပင်ရှိတယ်”

“အဲတော့ ဘာဖြစ်လဲ”

ရောင်မုန့်ယဉ်သည် နောက်သို့ပြန်လှည့်လိုက်၏။ “ကျွန်မအထင်အရဆိုရင် သင်္ကန်းဝတ်ထားတဲ့လူ အကုန်လုံးက ဆံပင်တွေ ခါးလောက်ရှိနေတယ်ဆိုရင်တောင်မှ သောက်ကတုံးက သောက်ကတုံးပဲ”

“ဒကာမကြီး... ဗုဒ္ဓကျင့်ကြံသူတွေနဲ့ ပြဿနာတက်ဖူးလို့လား”

တုနန်သည် တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ “အထဲကိုဝင်လာပြီး ထိုင်ပါအုံးလား၊ ကျုပ်က အရာအားလုံးကို သေသေချာချာ ရှင်းပြပေးမယ်”

“သောက်ကတုံးတွေနဲ့ စကားပြောဖို့အတွက် စိတ်မဝင်စားဘူး” ရောင်မုန့်ယဉ်သည် ခေါင်းကိုခါယမ်းကာ ထွက်ခွာသွား၏။ လမ်းတလျှောက်မှာတော့ ရောင်မုန့်ယဉ်သည် တစ်စုံတစ်ခုကို အဆက်မပြတ် ရေရွတ်သွားတော့၏။

“သောက်ကတုံး၊ သောက်ကတုံး”

“သောက်ကတုံး၊ သောက်ကတုံး”

“...”

တုနန်၏ နှုတ်ခမ်းများသည် တုန်ယင်သွားခဲ့၏။

“ဆရာတော်”

အဒေါ်ဝမ်သည် ပြုံးကာဖြင့် လှမ်းလျှောက်လာခဲ့သည်။ “ဒီမိန်းကလေးက ငယ်ရွယ်သေးတယ်လေ၊ ဒါကြောင့် ဘာကကောင်းတယ်၊ ဘာကဆိုးတယ်ဆိုတာကို သေသေချာချာ နားမလည်သေးဘူး၊ ဒီတော့ ခွင့်လွှတ်ပေးပါ”

“အော်မီတော်ဖော”

တုနန်သည် လက်သီးကိုဆုပ်ကာဖြင့် ပြောလိုက်သည်။ “ကလေးတွေဆိုတာ ထိခိုက်မှုတော့ မရှိပါဘူး၊ ကျုပ်က ဘယ်လိုမှ စိတ်ထဲမှာ သဘောမထားပါဘူး”

ပြောပြီးသည့်နောက်မှာတော့ သူသည် သူ၏မြင်ကွင်းဆီမှ ထွက်ခွာသွားသော မိန်းကလေးအား ရည်ရွယ်ချက် မရှိ လှမ်း၍ ကြည့်လိုက်သည်။ ပြီးနောက် တီးတိုးရေရွတ်လိုက်၏။ “တစ်စုံတစ်ခု မှားယွင်းနေတယ်လို့ ခံစားမိနေတယ်”

တကယ်ပင် မှားယွင်းနေခြင်းပင်ဖြစ်သည်။ သို့ပေမဲ့ ဘာမှားနေသည်ကို သူမပြောပြနိုင်ချေ။ စိတ်ဝိညာဉ်ကြောင်က ပြောလိုက်သည်။ “ဒီမိန်းကလေးက ချစ်စရာလေး၊ ငါ့ကို ပွေ့ချီလိုက်ရင် ဘယ်လောက်ကောင်းမလဲ”

..............

ပြိုင်စံရှားဂိုဏ်းထဲမှာတော့ ရောင်မုန့်ယဉ်သည် စားသောက်ခန်းထဲသို့ လျှောက်ဝင်လာပြီးသည့်နောက် ထိုင်စရာ တစ်ခုကိုရှာဖွေလိုက်၏။ ပြီးသည့်နောက်မှာတော့ သူမသည် စားပွဲပေါ်သို့ မေးထောက်လိုက်ကာ စိတ်ပျက်လက်ပျက် အမူအရာဖြင့် ရှိနေတော့၏။

မီးဖိုချောင်ထဲတွင် ချက်ပြုတ်ရင်း အလုပ်များလျက်ရှိသော လျှိုဝမ်ရှစ်သည် သူမအား နှစ်ကြိမ်တိုင်တိုင် လှမ်းခေါ်ခဲ့သည်။ မည်သည့်တုန့်ပြန်မှုကိုမှ မရသည့်နောက် လျှိုဝမ်ရှစ် သည် လျှောက်ထွက်လာကာ ပြောလိုက်၏။ “ဂျူနီယာညီမလေး... ဘာလို့ စူပုတ်နေတာလဲ”

“စီနီယာအစ်မ”

ရောင်မုန့်ယဉ်သည် အလိုမကျသလို ပြောလိုက်၏။ “မြို့ထဲမှာ ဘုန်းကြီးတစ်ပါးနဲ့ ဆုံခဲ့တယ်လေ”

လျှိုဝမ်ရှစ်က ပြောလိုက်၏။ “သူက အနိုင်ကျင့်လို့လား”

“မဟုတ်ပါဘူး”

ရောင်မုန့်ယဉ်က ပြောလိုက်သည်။ “ဘာလို့လဲမသိဘူး၊ သူ့ကိုမြင်လိုက်တဲ့အချိန်မှာ စိတ်ထဲမှာ မခံစားနိုင်ဘူး၊ ထပြီး ရိုက်ချင်စိတ်တွေ ပေါ်နေတယ်လေ”

လျှိုဝမ်ရှစ်က ပြုံးကာ ပြောလိုက်၏။ “မင်း... စားသောက်ဆိုင်မှာ သွားပြီး ကူညီခဲ့ရလို့ ပင်ပန်းလွန်းနေတာ ဖြစ်လိမ့်မယ်၊ ဒါကြောင့် စိတ်ကောင်းမဝင်ဘူး ဖြစ်နေတာ”

“အင်း... ဖြစ်နိုင်ပါတယ်”

ရောင်မုန့်ယဉ်သည် စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် ပြောလိုက်သည်။ “စီနီယာအစ်မ... ဟင်းသီးဟင်းရွက်တွေ ကူပြီးတော့ ဆေးပေးမယ်လေ”

..........

ညသို့ ရောက်ချိန်မှာတော့ တုနန်သည် ယွမ်လဲ့ စားသောက်ဆိုင်၏ အမိုးပေါ်တွင် ခြေချိတ်ကာ ထိုင်လျက်ရှိသည်။ သူ၏လက်ထဲတွင်ရှိသော ပုတီးစေ့မှာတော့ အသာလှုပ်ရှားလျက်ရှိသည်။ ရွှေရောင်အလင်းတန်းများသည် ပျံ့နှံ့ကာ ထွက်ပေါ်သွားလျက်ရှိပြီး မြို့ကြီးတစ်မြို့လုံးဆီသို့ လွှမ်းခြုံလျက်ရှိ၏။

“ရှာတွေ့ပြီ”

သူသည် ရုတ်တရက် မျက်လုံးကိုဖွင့်ပြီးသည့်နောက်မှာတော့ သံမဏိအရိုးတောင်ပေါ်သို့ လှမ်း၍ ကြည့်လိုက်၏။ ပြီးသည့်နောက် လေးနက်တည်ကြည်သော အမူအရာဖြင့် ပြောလိုက်၏။ “အဲဒီမှာ မိစ္ဆာကျင့်ကြံသူ ရှိနေတယ်”

စိတ်ဝိညာဉ်ကြောင်က ပြောလိုက်သည်။ “ကြည့်ရတာ ဒါဂိုဏ်းတစ်ခုဖြစ်ပုံပေါ်တယ်၊ မနက်ဖြန်ကြမှ သွားမေးကြည့်ပါလား”

“မလိုဘူး”

တုနန်သည် ကောက်ထလိုက်၏။ ပြီးသည့်နောက်မှာတော့ လေထဲသို့ခုန်ကာ တောင်ဆီသို့ အသာလှမ်းလျှောက် သွားတော့သည်။ ပြီးနောက် သူက ပြောလိုက်သည်။ “နတ်ဆိုးတွေ၊ မိစ္ဆာတွေကို နှိမ်နင်းတယ်ဆိုတာက ငါ့ရဲ့ အချိန်ပြည့်အလုပ်ပဲ”

“...”

သင်္ကန်းကြီးနှင့် အားရပါးရ ပြေးလ့ွှားနေသော တုနန်ကို ကြည့်ပြီး စိတ်ဝိညာဉ်ကြောင်၏ နှလုံးသားထဲတွင် ထ၍အော်လျက်ရှိသည်။ “အခုလေးတင်မှ ထွက်ပြေးပြီး ဒီရောက်လာတာ၊ ထပ်ပြေးရဦးမယ့်ပုံပဲ”

ဝှစ် ဝှစ်

တုနန်၏ လှုပ်ရှားမှုနည်းစနစ်သည် မဆိုးလှချေ။ ခဏအတွင်းမှာပဲ သူသည် တောင်ပေါ်သို့ ရောက်ရှိသွားခဲ့၏။ ၎င်းတို့သည် အပြင်ဘက်ခြံဝန်းရှိ သိုင်းလေ့ကျင့်ရေးကွင်းပြင်ဆီသို့ အသာခုန်ဆင်းလိုက်၏။ သူသည် တောင်၏ အဓိက ဂိတ်တံခါးဆီမှ မလာခဲ့ချေ။ တခြားသူများ တွေ့ရှိသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

“ဒါက သူခိုးတစ်ယောက်ရဲ့ ပုံစံမျိုးနဲ့တောင် တူနေပြီ”

စိတ်ဝိညာဉ်ကြောင်သည် တီးတိုးပြောလိုက်မိသည်။

ရှူး …။

တုနန်သည် တိုးတိုးနေရန် အချက်ပြလိုက်၏။ ထိုအချိန်မှာတော့ သူသည် တခြားသူများ ထိခိုက်နစ်နာစေရန် ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်း မဟုတ်ပေ။ ရှာဖွေတွေ့ရှိထားသော မိစ္ဆာကျင့်ကြံသူကို လမ်းမှန်ဆီသို့ ပို့ဆောင်နိုင်ရန် လာခဲ့ခြင်းသာဖြစ်၏။

တုနန်သည် မည်သူ့ဆီမှ မိစ္ဆာအော်ရာကို ရှာဖွေတွေ့ရှိခဲ့သနည်း။ သူသည် မိစ္ဆာတစ်ပိုင်း၊ နတ်ဆိုးကျင့်ကြံသူတစ်ယောက်ဖြစ်နေသည့် ရှောင်မိုရှန်းမှလွဲရင် တခြားမရှိချေ။

ပြိုင်စံရှားဂိုဏ်းတွင် အားအကောင်းဆုံးသော မိစ္ဆာကျင့်ကြံသူမှာ မိစ္ဆာသူတော်စင် ဝူကျူးဖြစ်၏။ သို့ပေမဲ့ ၎င်းသည့် အော်ရာများကို ကောင်းကောင်းထိန်းချုပ်ထားနိုင်သောကြောင့် ဗုဒ္ဓကျင့်ကြံသူများအနေဖြင့် ၎င်းရှိသည်ကို ရှာဖွေ တွေ့ရှိရန် ခက်ခဲလှ၏။ တုနန်အနေဖြင့် မိစ္ဆာကျင့်ကြံသူများ၏ စွမ်းအင်ကို ရှာဖွေတွေ့ရှိခဲ့ခြင်းမှာ ရှောင်မိုရှန်းဆီမှပင် ဖြစ်တော့သည်။

ဝှစ်

တုနန်သည် သူ၏လှုပ်ရှားမှုနည်းစနစ်ကို အသုံးပြု၍ ပြိုင်စံရှားဂိုဏ်း၏ အတွင်းခြံဝန်းထဲသို့ လျှောက်ဝင်လာသည်။ သူသည် လမ်းတစ်လျှောက်တွင် အလွန်တရာ ဂရုစိုက်ကာဖြင့် တစ်လှမ်းချင်း လှမ်းလျက်ရှိသည်။ မြေပေါ်သို့ ခြေချလိုက်သည့်အချိန်များတွင် စွမ်းအင်လှိုင်းများ လှုပ်ခါသွားခြင်းမရှိအောင်ပင် သေသေချာချာ ထိန်းသိမ်းထား၏။ သို့ပေမဲ့ သူသည် ရှောင်မိုရှန်းရှိရာ အခန်းဆီသို့ ချဉ်းကပ်လိုက်သည့်အချိန်မှာတော့ အေးစက်စက်အရာတစ်ခုသည် သူ၏နဖူးပေါ်သို့ ရောက်ရှိလာသည်။

ရှောင်ကျီသည် လက်တစ်ဖက်တွင် စနိုက်ပါသေနတ်ကို ကိုင်၍ အသာလှမ်း လျှောက်လာသည်။ ပြီးနောက် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ညကြီးအချိန်မတော် တခြားသူတစ်ယောက်ရဲ့ ဂိုဏ်းထဲကို ခိုးဝင်လာတယ်ဆိုတာ ကောင်းတဲ့အပြုအမူတော့ မဟုတ်ဘူး”

“ဒကာကြီး”

တုနန်သည် စနိုက်ပါဆိုသည့်အရာမှာ မည်သည့်အရာဖြစ်သည်မှန်း မသိသော်လည်း ၎င်းဆီမှ အန္တရာယ်အငွေ့ အသက်များကို ခံစားမိနေ၏။ ထို့ကြောင့် အနောက်သို့ဆုတ်ကာ လက်ကိုမြှောက်ကာ ပြောလိုက်သည်။ “ဒီနိမ့်ကျတဲ့ ဘုန်းကြီးက မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး”

“မကောင်းတဲ့ ရည်ရွယ်ချက် မရှိဘူး ဟုတ်လား”

အသံတစ်ခုသည် သူ၏နောက်မှ ပေါ်လာသည်။ “ဘယ်သူ့ကိုလာပြီး အရူးလုပ်ချင်နေတာလဲ”

တုနန်သည် မျက်လုံးကို အသာစောင်း၍ ကြည့်လိုက်ချိန်မှာတော့ အတွင်းခြံဝန်းတွင် များပြားလှသည်လူများ တည်ရှိနေသည်ကို မြင်လိုက်ရ၏။ ၎င်းတို့အားလုံးသည် ကိုယ်စီကိုယ်စီ၏ အခန်းတံခါးထိပ်တွင် မတ်မတ်ရပ်လျက် ရှိသည်။ လက်ပိုက်ကာ ပြုံး၍ ကြည့်နေကြသည်။

“မဟုတ်သေးဘူး၊ ငါက ရေပေါ်လမ်းလျှောက် နည်းစနစ်ကို တော်တော်ကျွမ်းကျင်အောင် လေ့ကျင့်ခဲ့တာလေ၊ ငါရှိနေတာကို ဘယ်လိုလုပ် ဒီလောက်မြန်မြန်ဆန်ဆန် သိရှိသွားကြတာလဲ”

သံမဏိအရိုးတောင်ပေါ်သို့ ရောက်ရှိလာသည့်အချိန်ကတည်းက ပြိုင်စံရှားဂိုဏ်း တပည့်များအားလုံးသည် ၎င်းအား သတိပြုမိခဲ့ပြီး ဖြစ်သည်ကို တုနန် မသိရှိချေ။ ၎င်းအနေနှင့်တော့ မိမိကိုယ်ကို လုံခြုံသည်၊ ဘေးအန္တရာယ်ကင်းသည်ဟု ခံစားကာ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ သို့ပေမဲ့ အားလုံးတို့သည် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာ ၎င်း၏လှုပ်ရှားမှုများကို ငြိမ်ငြိမ်သက်သက်ဖြင့် ကြည့်နေခြင်းပင် ဖြစ်တော့၏။

“တောင်းပန်ပါတယ်”

တုနန်က ပြောလိုက်သည်။ “နှောက်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်”

ဝှစ်

ပြီးသည့်နောက်မှာတော့ သူသည် ချက်ခြင်းဆိုသလိုပဲ လှုပ်ရှားမှု နည်းစနစ်ကို အသုံးပြု၍ အသာလှည့်ထွက်သွားခဲ့၏။

သို့ပေမဲ့ လီဖေး၏ ညာခြေထောက်သည် သူ့၏ဆီသို့ ရောက်ရှိလာသည်။

“ဘန်း”

တုနန်သည် ဤမျှအားကောင်းလှသော အားအင်ကို မခုခံနိုင်ခဲ့ချေ။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အမြှောက်ဆံ ကဲ့သို့ပင် အနောက်ဘက်သို့ လွှင့်စင်သွား၏။ အဆုံးသတ်မှာတော့ ၎င်းသည် ကြီးမားလှသည့် ကျောက်တုံးကြီး တစ်ခုကို ဦးခေါင်းနှင့် သွားတိုက်ကာ သတိလစ်သွားခဲ့တော့သည်။

ဝိညာဉ်ကြောင်သည်လည်း အောက်သို့ ပြုတ်ကျ လာခဲ့သည်။ သူသည် မျက်လုံးသည် ချာချာလည်လျက်ရှိသည်။ သူ၏ နှုတ်ခမ်းထောင့်များသည်လည်း တုန်ယင်လျက် ရှိသည်။ “ငါပြောသားပဲ၊ ဒီလိုဆိုးရွားတဲ့ အခြေအနေ ဖြစ်မယ်လို့၊ သိတယ်၊ သိတယ်”

ရုတ်တရက်ဆိုသလိုပဲ သူသည် လေထဲတွင် လွင့်သွားသလို ခံစားလိုက်ရသည်။ ခေါင်းလှည့်သည့်အချိန်မှာတော့ မိန်းကလေးငယ်လေးသည် သူ့အားအပေါ်သို့ မြှောက်တင်လိုက်သည့်ကို မြင်လိုက်ရ၏။

“ဟမ် ချစ်စရာကြောင်လေးပါလား”

ဟား ဟား ဟား

ဤမိန်းကလေးသည် အလွန်တရာ ချစ်စရာကောင်းလှ၏။ သို့ပေမဲ့ …..

ဘုန်း

စိတ်ဝိညာဉ်ကြောင်သည် မြေပေါ်သို့ ကိုင်ပေါက်ခြင်းကို ခံလိုက်ရ၏။ ရှောင်မိုရှန်းသည် သူမ၏လက်များနှင့် ကြောင်ကိုတစ်ခါ လှမ်းဆွဲလိုက်၏။ ပြီးသည့်နောက်မှာတော့ မြေပေါ်သို့ ထပ်မံကာ ရိုက်ချပြန်သည်။ ပြီးနောက် အေးစက်စက်နှင့် ပြောလိုက်သည်။ “သခင်ရဲ့ဂိုဏ်းထဲကို ခွင့်ပြုချက်မရှိဘဲ ခိုးဝင်လာတယ်ဆိုတော့ မင်းဘယ်လောက်ပဲ ချစ်စရာကောင်းတာပဲဖြစ်ဖြစ် အပြစ်ပေးခံရမယ်”

သူ၏ အိမ်မက်များသည် အမှန်ပင် ဖြစ်လာခဲ့ပြီဖြစ်သည်။ ချစ်စရာမိန်းကလေး၏ ပွေ့ချီခြင်းကို ခံရသည်။ သို့ပေမဲ့ ဆိုးရွားသည်မှာတော့ ပွေ့ချီပြီးနောက်မှာတော့ ကိုင်ပေါက်ခံရခြင်းပင်။

“...” ရှောင်ကျီနှင့် တခြားသူများ၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။ သူမသည် စောနကလေးတင် ကြောင်လေးအား ချစ်စဖွယ် ကြည့်ရှုနေခြင်းပင်ဖြစ်သည်။ သို့ပေမဲ့ ချက်ချင်းဆိုသလိုပဲ စိတ်ရိုင်းဝင်သွားသကဲ့သို့ ကြောင်အား ကိုင်ပေါက်လျက် ရှိနေသည်။

ဂိုဏ်းချုပ်၏ စိတ်ဝိညာဉ်သားရဲများ အမူအကျင့်သည် တစ်ကောင်နှင့်တစ်ကောင် အမူအကျင့်များ ကွာခြားကြပြီး ခန့်မှန်း၍လည်း မရနိုင်ချေ။ ရက်စက်လှသော မိန်းကလေးကို ကြည့်ရင်း သူတို့အားလုံးသည် ကြက်သီးများပင် ထမိနေကြ၏။

All Chapters