အခန်း (၇၄၉)
Vol. 50 Ch. 749
ကျွီ
ဘုတ် ဘုတ်
တုနန်နှင့် စိတ်ဝိညာဉ်ကြောင်တို့သည့် အကျဉ်းထောင်ထဲသို့ ပို့လွှတ်ခြင်းကို ခံခဲ့ရ၏။ တုနန်၏ ဦးခေါင်းတစ်ခြမ်းသည် ကျောက်ပြားချပ်နှင့် ပွတ်တိုက်ခံလိုက်ရသောကြောင့် ဆံပင်များကျွတ်၍ ကတုံးကဲ့သို့ ဖြစ်လျက်ရှိသည်။
စိတ်ဝိညာဉ်ကြောင်လေး၏ မျက်နှာမှာလည်း ရောင်ကိုင်းလျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ရှောင်မိုရှန်းသည် ပါးများ ဘယ်ပြန်၊ ညာပြန်ရိုက်နှက်ခဲ့သောကြောင့်ဖြစ်၏။
အကျဉ်းထောင်ထဲတွင် အိပ်ပျော်လျက်ရှိသော ကျိုးဒူဒူ သည် ရုတ်တရက် ဘုန်းဆိုသော အသံကို ကြားလိုက်ရသောကြောင့် အလျင်အမြန်ထ၍ မတ်မတ်ရပ်လိုက်မိသည်။ အမှတ်မထင်ဘဲ ထောင့်တစ်နေရာဆီသို့ သွား၍ အသာတီးတိုးပြောလိုက်သည်။ “နောက်ထပ် စိတ်ဝိညာဉ်သားရဲတော့ မဟုတ်ဘူးမဟုတ်လား”
ဟူး
တူနန်သည် ရုတ်တရက် ထထိုင်လိုက်၏။ ပြီးနောက် ခက်ခက်ခဲခဲ ပြောလိုက်သည်။ “ငါမှ ငရဲကို မသွားရင် ဘယ်သူသွားမလဲ”
ခင်ဗျားပဲ သွားလေ။ ဘာလို့ ကျုပ်ကို ခေါ်ရတာလဲ။ တစ်ယောက်တည်း သွားပါလား။
မြေပေါ်တွင်လဲလျက်ရှိသော စိတ်ဝိညာဉ်ကြောင်သည် ငိုချင်သွား၏။ သို့ပေမဲ့ မျက်ရည်များတော့ ထွက်မလာခဲ့ချေ။ သူ့အနေနှင့် ဆက်လက်ကာ အသက်ရှင်ချင်စိတ်ပင် မရှိတော့ပုံပေါ်၏။ အချိန်ရောက်လာသည့်အချိန်မှာတော့ သူသည် ထပ်မံ၍ ထွက်ပြေးရလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။ သို့ပေမဲ့ ထွက်ပြေးရန်အချိန်ပင် မရလိုက်ချေ။ အဘယ်ကြောင့်ဆိုသော် ဖမ်းဆီးခံလိုက်ရ၍ပင် ဖြစ်၏။ ကလေးမလေးသည် သူ့အား ပယ်ပယ်နယ်နယ် ရိုက်နှက်ခဲ့ သေးသည်။
လက်ရှိဖြစ်ပေါ်နေသော နာကျင်မှုများသည် ခံယူ၍ ကောင်းလွန်းလှ၏။ သူ၏ခန္ဓာကိုယ်သည် သေးကွေးလွန်းသည် ဆိုသော်လည်း ဤကဲ့သို့ နာကျင်မှုမျိုးကို ကောင်းကောင်း တောင့်ခံနိုင်နေ၏။
ဤနေရာတွင် ချီးကျူးစရာ ရှိသည်မှာ တုနန်ပင် ဖြစ်သည်။ ကျွင်းချောင်ရှောင်းသည် ဂိုဏ်း၏အစီအရင်ကို ဝယ်ယူပြီးချိန်ကတည်းက ပြိုင်စံရှားဂိုဏ်းထဲသို့ ချိုးဖြတ်ဝင်ရောက်လာနိုင်သူသည် သူ ပထမဆုံး ြနောက်တစ်ရက်မှာတော့ အကျဉ်းထောင်တံခါးသည် ပွင့်သွားပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အထဲသို့ လျှောက်ဝင်လာသည်။ သူသည် တရားထိုင်လျက်ရှိသော တုနန်အား လှမ်းကြည့်ကာ ပြောလိုက်၏။ “ခင်ဗျားက အရှေ့ထန်ခေတ်ကလား”
သူသည် တစ်ဖက်လူအား မနေ့ကတည်းက သေချာကြည့်ရှုခဲ့ပြီးသားဖြစ်သည်။ ၎င်း၏ ကျင့်ကြံခြင်းအဆင့်သည် သိုင်းစစ်သူကြီးအဆင့်သာဖြစ်၏။ သို့ပေမဲ့ အဘယ်ကြောင့် ဤကဲ့သို့ လုပ်ရဲကိုင်ရဲနေရသနည်း။
“အော်မီတော်ဖော”
တုနန်သည် လက်အုပ်ချီကာ ပြောလိုက်၏။ “ဒီနိမ့်ကျတဲ့ဘုန်းကြီးဆီမှာ မကောင်းတဲ့ ရည်မှန်းချက် မရှိဘူး”
“မကောင်းတဲ့ ရည်မှန်းချက် ဟုတ်လား”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါဆိုရင် ဘာလို့ ပြိုင်စံရှားဂိုဏ်းထဲကို ရောက်လာတာလဲ”
“ဒီနိမ့်ကျတဲ့ ဘုန်းကြီးရောက်လာတာက … ”
တုနန်သည် ကြောင်သွား၏။ ပြီးနောက် ရုတ်တရက်ထကာ မေးလိုက်သည်။ “ပြိုင်စံရှားဂိုဏ်း ဟုတ်လား”
ဤအတောအတွင်း သူသည် မိစ္ဆာကျင့်ကြံသူများကို လိုက်လံကာ လမ်းမှန်ရောက်အောင် ပြသနေရသည် ဖြစ်သောကြောင့် နဂါးကျားတိုက်ပွဲကို ကြည့်ရှုရန် အချိန်မရခဲ့ချေ။ သို့ပေမဲ့ ပြိုင်ပွဲပြီးဆုံးသည့်နောက်မှာတော့ ဗိုလ်ဆွဲသည့်ဂိုဏ်းတစ်ခုအကြောင်းကို ကောင်းကောင်းသိရှိသည်။
“သွားပြီ၊ သွားပြီ”
မြေပေါ်တွင်လဲလျောင်းလျက်ရှိသော စိတ်ဝိညာဉ်ကြောင်လေးသည် သေချင်ဟန်ဆောင်လျက်ရှိသည်။ သူသည် စိတ်ထဲမှာ ကြိတ်ကာ တွေးလိုက်မိသည်။
ဒီတစ်ကြိမ်မှာတော့ တကယ့်ကို ဒုက္ခရောက်ပြီပဲ၊ ဒီနေရာကနေ အသက်ရှင်ရက် ထွက်သွားဖို့ဆိုတာက လွယ်မှာ မဟုတ်ဘူး။
“ခင်ဗျား မသိဘူးလား” ကျွင်းချောင်ရှောင်း မေးလိုက်၏။
တုနန်သည် နာနာကျင်ကျင် ပြုံးကာ ပြောလိုက်သည်။ “ဒကာကြီး ဒီနိမ့်ကျတဲ့ ဘုန်းကြီးက တောင်ပေါ်မှာ မိစ္ဆာကျင့်ကြံသူတွေကို တွေ့ရှိလို့ပါ၊ ဒါကြောင့် လမ်းမှန်ရောက် အောင်ပြသဖို့ လာခဲ့တာပဲ၊ ပြိုင်စံရှားဂိုဏ်းအကြောင်း ကောင်းကောင်းမသိဘူး”
၎င်းသည် ဘုန်းကြီးဖြစ်နေသည်ဆိုမှာတော့ နတ်ဆိုးနှင့် မိစ္ဆာများကို နှိမ်နင်း၍ လမ်းမှန်ပြသရပေလိမ့်မည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီဂိုဏ်းထဲမှာ မိစ္ဆာကျင့်ကြံသူရှိတယ်ဆိုတာ အမှန်ပဲ၊ ဒါပေမဲ့ သူတို့ဘာ သူတို့ တောင်ပေါ်မှာ ကျင့်ကြံနေတာလေ၊ တခြားလူတွေကိုလည်း နာကျင်အောင် လုပ်ခဲ့တာမဟုတ်ဘူး၊ ဘာလို့ သူတို့ကို တရားပြသမှာလဲ”
တုနန်သည် လေးလေးနက်နက် ပြောလိုက်သည်။ “မိစ္ဆာကျင့်ကြံသူတွေဆိုတာ နတ်ဆိုးကျင့်ကြံသူတွေလိုပဲ ဆိုးရွားတဲ့ ကျင့်ကြံခြင်းနည်းစနစ်တွေကို အသုံးပြုကြ တာလေ၊ သူတို့က ကျင့်ကြံလာတာနဲ့အမျှ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေ မာကျောပြီး ခက်ထန်လာကြတယ်၊ နောက်ဆုံးအနေနဲ့ သူတို့ရဲ့ခံစားချက်တွေကို မထိန်းချုပ်နိုင်ဘဲ မကောင်းတဲ့အရာတွေကို ပြုလုပ်နိုင်ကြတယ်၊ နိမ့်ကျတဲ့ ဘုန်းကြီးက မြင့်မားလှတဲ့ ကျင့်ကြံခြင်းအဆင့်ကို မပိုင်ဆိုင်ဘူးဆိုပေမဲ့ သူတို့ကို လမ်းညွှန်ပြသပေးဖို့ တာဝန်ကတော့ ရှိနေတယ်လေ၊ ဒီတော့ …”
“တော်လိုက်တော့”
ကျွင်းချောင်ရှောင်းက အလောတကြီးဖြင့် ရပ်တန့်ကာ ပြောလိုက်သည်။ “ပြိုင်စံရှားဂိုဏ်းထဲကို ခွင့်ပြုချက်မယူဘဲနဲ့ ခိုးဝင်လာတယ်၊ တရားဥပဒေအရဆိုရင် ခင်ဗျားက ခေါင်းဖြတ် အသတ်ခံနေရလောက်ပြီ”
ဟမ်
သေချင်ယောင်ဆောင်နေသော စိတ်ဝိညာဉ်ကြောင်လေးသည် ရုတ်တရက် ထခုန်လိုက်၏။ ပြီးနောက် မျက်ရည် အဝိုင်းသားနှင့် ပြောလိုက်သည်။ “ကျုပ် ဝအောင်တောင် အသက်ရှင် မနေထိုင်ရသေးဘူး”
“ဒါပေမဲ့”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သက်ရှိတွေကို အလင်းပြပေးတဲ့ လုပ်ရပ်တွေကို ပြန်လည်စဉ်းစားမယ်ဆိုရင် ဒီဘုန်းကြီးက အသက်ကို ချမ်းသာ ပေးဖို့ ထိုက်တန်တယ်”
“ကျေးဇူးပါ၊ ကျေးဇူးပါ” စိတ်ဝိညာဉ်ကြောင်လေးသည် အလောတကြီးဖြင့် ပြောလိုက်၏။
“သေဒဏ်က ကင်းလွတ်ခွင့် ရသွားပြီဆိုပေမဲ့ အပြစ်ပေးမှုကို ရှောင်ရှားလို့ရမှာတော့ မဟုတ်ဘူး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဂိုဏ်းထဲမှာ နေပြီးတော့ ခြံတစ်ခုလုံးကို သန့်ရှင်းရေး အရင်လုပ်၊ ကျုပ်ဆီမှာ တကယ့်ကို တံမြက်စည်းလှဲတဲ့ ဘုန်းတော်ကြီးတစ်ပါး လိုအပ်နေတာနဲ့ ကွက်တိပဲ”
တုနန်သည် ထည်ဝါလှသည့် ဂုဏ်သိက္ခာအပြည့်နှင့် ပြောလိုက်သည်။ “တကယ်လို့ ဒကာကြီးကသာ မိစ္ဆာကျင့်ကြံသူတွေကို လမ်းမှန်ရောက်အောင် ဒီဘုန်းကြီးကို ပြသခွင့် ပေးမယ်ဆိုရင် တံမြက်စည်းလှည်းဖို့ မပြောနဲ့ အိမ်သာရှင်းဆိုရင်တောင် ရှင်းနိုင်တယ်”
ဤလူသည် အမှန်ပင် ဗုဒ္ဓကျင့်ကြံသူတစ်ယောက်ဖြစ်၏။ သူ၏ အခြေအနေကိုပင် ကောင်းကောင်းမသိဘဲ တခြားသော မိစ္ဆာကျင့်ကြံသူများကို အလင်းပြရန် ကြိုးစားချင်နေ၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျင့်ကြံခြင်းမှာ လိုအပ်တာက ကိုယ့်ရဲ့စိတ်နှလုံးကို ကျင့်ကြံတာပဲ၊ တခြားသူတွေကို အလင်းပြနိုင်ဖို့ဆိုရင် ကိုယ်ကိုယ်တိုင်က အလင်းထဲမှာ ရောက်နေဖို့လိုတယ်၊ တခြားလူတွေကို အလင်းပြမယ်လို့ ပြောဆိုပြီး ကိုယ်ကိုယ်တိုင်က အလင်းထဲမှာ ရောက်မနေရင် ဘာထူးမှာလဲ”
“ဒါက ….”
“ခင်ဗျားရဲ့မျက်လုံးတွေကို ကြည့်ရတာ ဗုဒ္ဓရဲ့အကြောင်း သေသေချာချာ နားလည်ပုံ မပေါ်သေးဘူး၊ ဒီတော့ တခြားသူတွေကို ဉာဏ်အလင်း မပြသခင်မှာ ကိုယ့်ကိုယ်ကိုယ် ဉာဏ်အလင်းရအောင် အရင်လုပ်အုံး”
ကျွင်းချောင်ရှောင်းသည် မတ်တပ်ရပ်ကာ ထွက်ခွာသွားသည်။ သူသည် ထောင်၏ဂိတ်တံခါးဆီသို့ ရောက်သည့် အချိန်မှာတော့ အသာလှည့်ကာ ပြောလိုက်သည်။ “တစ်စုံတစ်ယောက်က စိတ်နှလုံးကို ကျင့်ကြံတယ်ဆိုရင် နေရာတိုင်းမှာ အမှိုက်တွေ၊ အန္တရာယ်တွေ အခက်အခဲ တွေကို တွေ့ကြုံရလိမ့်မယ်၊ တခြားလူတွေကို လိုက်လံပြီး သုံးသပ်ဆုံးဖြတ်နေစရာလည်း မလိုဘူး၊ တကယ်တော့ ဗုဒ္ဓကျင့်ကြံသူတွေ လုပ်ရမယ့်အရာတစ်ခုက တခြားသူတွေကို မှားတယ်၊ မှန်တယ်ဆိုတာ လိုက်လံသုံးသပ်နေဖို့ မဟုတ်ဘူးလို့ ဆိုလိုတာပဲ၊ ကိုယ့်ကိုယ်ကိုယ် မှန်လား၊ မှားလား အရင်ဆုံး သုံးသပ်ကြည့်ရမယ်”
စနစ်က ပြောလိုက်သည်။ “ပေါက်ကရတွေ ပြောတဲ့နေရာမှာ တကယ်တော်တာပဲ”
တုနန်သည် အကျဉ်းထောင်ထဲတွင် ခြေချိတ်ထိုင်လျက်ရှိသည်။ သူ၏ မျက်နှာပေါ်ရှိ အမူအရာများမှာတော့ အေးခဲလျက်ရှိသည်။
ကျွင်းချောင်ရှောင်း ပြောဆိုလိုက်သော စကားလုံး တစ်ခုချင်းဆီတိုင်းသည် သူ၏ သိစိတ် ပင်လယ်ထဲတွင် ပဲ့တင်ထပ်လျက်ရှိသည်။ အထူးသဖြင့် ကျင့်ကြံခြင်းသည် စိတ်နှလုံးကို ကျင့်ကြံရမည်။ တခြားသူကို ဉာဏ်အလင်းပြသနိုင်ဖို့ဆိုလျှင် မိမိကိုယ်တိုင် ဉာဏ်အလင်းထဲတွင် ရောက်ရှိရန် လိုအပ်နေသည် ဆိုသောစကားပင်ဖြစ်၏။
အတိတ်က အခြေအနေများကို ပြန်လည်တွေးတောကြည့်မည်ဆိုလျှင် သူသည် တခြားသူများကို ဉာဏ်အလင်း ပြသရန်သာ ကမူးရှူးထိုးနှင့် ဆောင်ရွက်ခဲ့သည်။ ကိုယ့်ကိုယ်ကိုယ်ကော ဘယ်အချိန်တုန်းက သုံးသပ်မိခဲ့သနည်း။
“အော်မီတော်ဖော”
တုနန်သည် လက်သီးကို ဆုပ်ကာဖြင့် ငြိမ်ငြိမ်သက်သက် ကျမ်းစာများကို ရွတ်ဖတ်လျက်ရှိနေတော့သည်။ သူ၏ မျက်နှာပေါ်မှာတော့ ရှက်ရွံ့ခြင်းများဖြင့် ပြည့်နှက်နေ၏။
.........
နောက်တစ်ရက် အတွင်းခြံဝန်းထဲမှာတော့ သင်္ကန်းဝတ်ဆင်ထားသော ဘုန်းတော်ကြီးတစ်ပါးသည် ခေါင်း၏ ဘက်ဘက်တစ်ခြမ်းတွင် ဆံပင်များ မရှိတော့အေပြင်ခြံဝန်းမှာတော့ အအေးနန်းတော်၏ ဘိုးဘေးအကြီးအကဲသည် တံမြက်စည်း လှဲလျက်ရှိသည်။ ထို့အပြင် ပြိုင်စံရှားဂိုဏ်းတွင် တံခါးဖွင့်၊ တံခါးပိတ်သည့် တပည့်များ ရှိသလို၊ အတွင်းခြံဝန်းနှင့် အပြင်ခြံဝန်းတွင် သန့်ရှင်းရေးများလည်း ရှိနေ၏။ တဖြည်းဖြည်းနှင့် ဝန်ဆောင်မှုများမှာ ပိုမို၍ ကောင်းမွန်လာခဲ့၏။
“ဂိုဏ်းချုပ် သူ့ကို ဘာလို့ဖမ်းထားရတာလဲ၊ သူက ခိုးဝင်လာတာလေ၊ ဒီတော့ တစ်ခါတည်း ရိုက်နှက်လိုက်ရင် ပြီးတာပဲ မဟုတ်ဘူးလား” ဖြတ်သွားနေကြသော တပည့်များသည် တီးတိုးပြောဆိုနေကြသည်။
တုနန်သည် ဂရုမစိုက်ပေ။ တံမြက်စည်း လှဲနေစဉ်မှာပဲ မနေ့က ကျွင်းချောင်ရှောင်း ပြောခဲ့သော စကားများကို ပြန်လည်စဉ်းစားနေမိ၏။ သူ့အနေနှင့် ဗုဒ္ဓလမ်းစဉ် အပေါ်တွင်ရှိသော မိမိကိုယ်ကိုယ် နားလည်မှုအား တဖြည်းဖြည်း သံသယဝင်လာမိ၏။
“အင်း... ငါလမ်းချော်နေခဲ့တာပဲ ဖြစ်မယ်”
“သောက်ကတုံး... လမ်းပိတ်မထားနဲ့” ထိုအချိန်မှာပဲ ရောင်မုန့်ယဉ်သည် ဘေးအခန်းဆီမှ ထွက်ပေါ်လာသည်။ သူမသည် ဟန်ပါပါဖြင့် မာန်မဲလိုက်၏။
တုနန်သည် အသာလှမ်းကြည့်ပြီးနောက် အံ့အားသင့်သွားသည်။ “မင်းကိုး”
“လမ်းပိတ်မထားနဲ့လို့ ပြောနေတယ်လေ၊ နားကန်းနေလား၊ ကျွန်မပြောတာ မကြားဘူးလား” ရောင်မုန့်ယဉ်သည် ဒေါသတကြီးဖြင့် ပြောလိုက်၏။
“အော်မီတော်ဖော”
တုနန်သည် အမျိုးသမီးတစ်ယောက်နှင့် ရန်မဖြစ်တတ်သော ယောက်ျားကောင်းတစ်ယောက်၏ နည်းဥပဒေကို လိုက်နာ၍ ဘေးတစ်ဖက်သို့ အသာရှောင်ပေးလိုက်သည်။
ရောင်မုန့်ယဉ်သည် ဒေါသတကြီးဖြင့် လှမ်းလျှောက်သွား၏။ ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းဆီသို့ သွားကာ ပြောလိုက်သည်။ “ဂိုဏ်းချုပ်...အဲဒီကတုံးက စိတ်တိုချင်စရာပဲ၊ ဘာလို့ သူ့ကို မောင်းမထုတ်သေးတာလဲ”
“အလျင်မလိုနဲ့၊ အလျင်မလိုနဲ့”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သူ့ကို ရက်နဲနဲလောက်ထပ်ပြီး တံမြက်စည်းလှဲပါစေအုံး”
အချက်အလက်အားဖြင့် သူသည် ဤဗုဒ္ဓကျင့်ကြံသူအား ပြိုင်စံရှားဂိုဏ်း၏ တပည့်တစ်ယောက်အဖြစ် ခေါ်ဆောင် ထားသင့်သည်လား၊ မခေါ်ဆောင်ထားသင့်ဘူးလား တွေးတောနေခြင်းဖြစ်၏။ ထို့အပြင် ကုန်းမြေတိုက်ကြီး တစ်ခုလုံးတွင် အားအကောင်းဆုံး ဂိုဏ်းတစ်ခု တည်ထောင်ရန်အတွက် သူ့တွင် ဘက်စုံကျင့်ကြံသူများကို လိုအပ်လျက်ရှိသည်။
ရောင်မုန့်ယဉ်သည် နတ်ဆိုးကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ ဗုဒ္ဓကျင့်ကြံသူတစ်ယောက်နှင့် ကောင်းမွန်သည့် ဆက်ခံရေးကို ထူထောင်ထားနိုင်မည်ဆိုပါက လောကကြီးတစ်ခုလုံးသည် ပြည့်စုံသွားပြီဟု ဆိုလို ရမည်ဖြစ်သည်။ လမ်းမှန်ကျင့်ကြံသူနှင့် နတ်ဆိုးကျင့်ကြံသူများသည် ငြိမ်းငြိမ်းချမ်းချမ်း ကျင့်ကြံနေထိုင်သွားနိုင်မည်ဆိုပါက အရာအားလုံးသည် စစ်မှန်သည့် ငြိမ်းချမ်းရေးကို ရရှိမှာဖြစ်၏။
“ဂိုဏ်းချုပ်”
ထိုအချိန်မှာပဲ လီလိုရှုသည် အသာလှမ်းလျှောက်လာပြီး ပြောလိုက်၏။ “တပည့်ရမ်ရှန်က အပြင်ကိုထွက်ပြီး တာဝန်ကို လုပ်တဲ့အချိန်မှာ တောင်ကြားတစ်ခုထဲမှာ စိတ်ဝိညာဉ်အော်ရာ တွေ ထွက်နေတာကို ရှာဖွေတွေ့ရှိခဲ့တယ်၊ အဲနေရာက စိတ်ဝိညာဉ်ကျောက်တုံးသွေးကြော ဖြစ်နိုင်တယ်”
“ဘာ”
ကျွင်းချောင်ရှောင်းသည် ချက်ချင်းမတ်တပ်ရပ်လိုက်၏။ ပြီးနောက် ပျော်ရွှင်စွာ ပြောလိုက်သည်။ “ဒီကောင်က တကယ့်ကို ကံကောင်းခြင်းပဲ”
………...
သံမဏိအရိုးတောင်၏ အရှေ့ဘက် မိုင်တစ်ထောင်အကွာမှာတော့ သစ်တောအုပ်ကြီးတစ်ခု တည်ရှိလျက်ရှိသည်။
ပြိုင်စံရှားဂိုဏ်းတပည့် ရမ်ရှန်သည် သူ၏တာဝန်အရ ဆေးပင်များကိုရှာရန် ထွက်ခွာလာခဲ့သည်။ ပတ်ဝန်းကျင် အနေအထား တစ်ခုလုံးသည် ရှုပ်ထွေးလျက်ရှိနေသောကြောင့် သူသည်အထဲသို့ ဝင်ရောက်ပြီးသည့်နောက်မှာတော့ လမ်းပျောက်သွားခဲ့သည်။ ကြောင်တောင်တောင်နှင့် တောင်ကြားထဲသို့ လျှောက်ဝင်လာပြီးသည့်နောက်မှာတော့ တစ်လက်လက် တောက်ပနေသော အလင်းများကို မြင်လိုက်ရ၏။
ဤအရာသည် စိတ်ဝိညာဉ်အော်ရာများ ပြန်လည်ကောင်းမွန်လာသည့် လက္ခဏာပဲဖြစ်၏။ ထို့ကြောင့် မြန်မြန်ဆန်ဆန်ပဲ အသံပို့လွှတ်ကာ ဂိုဏ်းကို ဆက်သွယ်လိုက်ခြင်းပင်ဖြစ်၏။ သူသည် အရင်တစ်ချိန်ကလည်း စိတ်ဝိညာဉ်ကျောက်တုံးသွေးကြောကို ရှာဖွေတွေ့ရှိခဲ့ဖူးသူဖြစ်သည်။ လက်ရှိ အပြင်သို့ထွက်သည့် အချိန်မှာလည်း ထပ်မံကာ ရှာဖွေ တွေ့ရှိခဲ့ပြန်သည်။
သူ၏ကံတရားသည် အလွန်ပင် ကောင်းမွန်လွန်းလှ၏။ သို့ပေမဲ့ ရမ်ရှန်သည် လုံးဝမပျော်ရွှင်ပေ။ အဘယ်ကြောင့် ဆိုသော် တောင်ကြား၏ အဝင်ဝတွင် သိုင်းကျင့်ကြံသူ ဆယ်ယောက်ကျော်တို့သည် အလိုလို ပေါ်လာကြသည်။ ၎င်းတို့အားလုံးသည် ဤနေရာကို ပထမဦးဆုံး ရှာဖွေတွေ့ရှိခဲ့သည့်ပုံစံမျိုးနှင့် ပြောဆိုကာ သူ့အား မြန်မြန်ဆန်ဆန် ထွက်ခွာသွားရန် ပြောဆိုနေကြ၏။
“ချီးတဲ့မှ”
ရမ်ရှန်က ပြောလိုက်သည်။ “ကျုပ်က ဒီနေရာကို အရင်ဆုံးရှာဖွေတွေ့ရှိတာလေ၊ ထွက်ခွာသွားရမယ်ဆိုရင် ခင်ဗျားတို့ပဲ အရင်ထွက်သွား၊ ကျုပ်က ဘာလို့ထွက်သွားရမှာလဲ”
ဤတောင်ကြားကြီးသည် သာမန်လူများ မသိရှိနိုင်သော နေရာတွင် တည်ရှိ၏။ သူဝင်ရောက်သွားချိန်တွင် တခြား မည်သူမှ မရှိသည်မှာ သေချာသည်။ သူသည်သာလျှင် ပထမဦးဆုံး ရှာဖွေတွေ့ရှိသူဖြစ်သည်။ သို့ပေမဲ့ စိတ်ဝိညာဉ် အော်ရာများ ပြန်လည်ကောင်းမွန်လာသည့်အခြေအနေသည် ပတ်ဝန်းကျင်တည်နေရာတစ်ခုလုံးကို ပြောင်းလဲသွားစေခဲ့၏။
တောအုပ်ထဲတွင် လေ့ကျင့်လျက်ရှိသော တခြားသူများအားလုံးသည်လည်း ထိုအလင်းတန်းကို မြင်ရချိန်မှာတော့ အလျင်အမြန် ပြေးလာခဲ့ကြသည်။
“လိုရင်းကို ပြောမယ်”
ရှေ့မှဦးဆောင်နေသောသူသည် အေးစက်စက်ကြည့်ကာ ပြောလိုက်၏။ “မြန်မြန်ထွက်သွားတော့၊ မဟုတ်ရင် မင်းအသက်ကို ချမ်းသာပေးမှာ မဟုတ်ဘူး”
ရမ်ရှန်သည် အဝင်ဝတွင် မတ်မတ်ရပ်ကာ ပြောလိုက်၏။ “ကျုပ်တို့ ပြိုင်စံရှားဂိုဏ်းက အရင်ဆုံး ဒါကို ရှာဖွေတွေ့ရှိတာလေ၊ ထွက်သွားရမယ့်လူက ခင်ဗျားတို့ပဲ”
“ပြိုင်စံရှားဂိုဏ်း ဟုတ်လား”
ဦးဆောင်လာသူ၏ အမူအရာသည် ပြောင်းလဲသွား၏။ သူသည် ချက်ချင်းပဲ နားလည်သွား၏။ “မင်းဘာလို့ အကြောက်အလန့်ကင်းနေတာလဲဆိုတာ ငါစဉ်းစားနေတာ၊ နဂါးကျားတိုက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပြိုင်စံရှားဂိုဏ်းရဲ့ တပည့် ဖြစ်နေတာကိုး”
“စီနီယာအစ်ကို”
ဘေးတွင်ရှိသော တစ်စုံတစ်ယောက်က တီးတိုးပြောလိုက်၏။ “ဒီဂိုဏ်းက သွားရှုပ်လို့ မကောင်းဘူး”
စီနီယာအစ်ကိုဟုခေါ်သော လူသည် ပြောလိုက်သည် “ဒီနေ့ တောင်ကြားထဲမှာ စိတ်ဝိညာဉ်အော်ရာတွေ ပြန်ပြီးတော့ ကောင်းမွန်လာတယ်၊ ဒီတော့ ပုန်းကွယ်နေတဲ့ စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းက ရှိကို ရှိလိမ့်မယ်၊ အချိန်ရောက်လာလို့ရှိရင် ဒီနေရာမှာရှိတဲ့ များပြားလှတဲ့ ကျင့်ကြံသူတွေ ရောက်လာလိမ့်မယ်၊ ဒီတော့ ပြိုင်စံရှားဂိုဏ်းက ဘယ်လောက်ပဲ အားကောင်းတယ်ဆိုဆို ဒီမိုင်းတွင်း တစ်ခုလုံးကို လက်ဝါးကြီးအုပ်ဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
“ဒီလိုကိုး”
သူက ပြောလိုက်သည်။ “ဒီနေရာကို ကျုပ်တို့ အတူတူ တွေ့ရှိတယ်ဆိုရင်ကော”
ရမ်ရှန်သည် သူ၏ဂိုဏ်းနှင့်ပတ်သက်၍ တစ်ဖက်လူများ ကြောက်ရွံ့နေသည်ကို သေသေချာချာ သိရှိသွား၏။ ထိုသူများသည် သူ့အား အဆုံးမဲ့ တိုက်ခိုက် သတ်ဖြတ်ခြင်းကို ပြုလုပ်ရဲမည် မဟုတ်ချေ။ ထို့ကြောင့် ပြောလိုက်သည်။
“ခင်ဗျားတို့ဆီမှာ အရှက်ကော ရှိသေးရဲ့လား”
ဟူး ဟူး
ထိုအချိန်မှာတော့ အဝေးတစ်နေရာရှိ အလင်းတန်းတစ်ခုသည် ပျံသန်းလာပြီး လေပေါ်တွင် မတ်မတ်ရပ်လိုက်သည်။ ထိုသူသည် သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်ပြီး ပတ်ဝန်းကျင် အခြေအနေ တစ်ခုလုံးကို ကြည့်ရှုပြီးနောက် အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ “ဒီနေရာမှာ စိတ်ဝိညာဉ်အားအင်တွေ ပြန်လည်ကောင်းမွန်လာတဲ့ အရိပ်လက္ခဏာ ရှိနေတာကိုး”
ဟမ်
သူသည် ငုံကြည့်လိုက်ချိန်မှာတော့ ဤနေရာအား အစောကြီးကတည်းက ရှာဖွေတွေ့ရှိထားသော လူများကို မြင်လိုက်ရ၏။ သူသည် မျက်မှောင်ကုတ်ကာ ပြောလိုက်သည်။ “ကောင်လေးတွေ... ဒီနေရာက မြန်မြန်ထွက်သွားစမ်း”
ရှိနေကြသော သိုင်းကျင့်ကြံသူများ၏ မျက်နှာသည် ပြောင်းလဲသွားသည်။ လေထဲမှာ ရပ်ပြီး တခြားသူများအား အမိန့်ပေးနိုင်သည်ဆိုလျှင် သိုင်းအုပ်စိုးသူတစ်ယောက်သာ ဖြစ်ရပေလိမ့်မည်။ ထို့ကြောင့် ၎င်းတို့သည် ထိတ်လန့် ကြောက်ရွံ့သွားကြသည်။ ပြီးနောက် အသီးသီး ထွက်ခွာသွားသည်။
“မင်းက ဘာလို့ ဒီမှာရှိနေတာလဲ” သက်လတ်ပိုင်းလူသည် သဘောမတွေ့သည့်ဟန်ဖြင့် ရမ်ရှန်အား ကြည့်လိုက်၏။
တစ်ဖက်လူသည် အလွန်တရာ အားကောင်းလှသည်ကို ရမ်ရှန်သည်လည်း ကောင်းကောင်းသိ၏။ သို့ပေမဲ့ သူသည် အဝင်ဝတွင် မတ်မတ်ရပ်လျက် ရှိနေသေး၏။ သူက ပြောလိုက်သည်။ “ဒီစိတ်ဝိညာဉ်အော်ရာတွေ ပြန်လည် အားကောင်းလာတဲ့ နေရာကို ကျုပ်က ရှာဖွေတွေ့ရှိခဲ့တာလေ၊ ဘာလို့ ဒီကနေ ထွက်သွားရမှလဲ”
“မင်းအရင် ရှာတွေ့ခဲ့တယ် ဟုတ်လား”
သက်လတ်ပိုင်းလူက ပြုံးလိုက်၏။ “ကောင်လေး... ဒီလောကကြီးထဲမှာ အရင်ရှာဖွေတွေ့ရှိခဲ့တယ်ဆိုရင်တောင် မပိုင်ဆိုင်သင့်တဲ့လူဆိုတာ ရှိသေးတယ်၊ ဒီဟာကို ပိုင်ဆိုင်ဖို့အတွက် လိုအပ်တဲ့စွမ်းရည် ရှိလားဆိုတာ အရေးအကြီးဆုံး မဟုတ်လား၊ ဒီတော့ ….”
သူသည် လက်ချောင်းများကို မြှောက်ကာ အဝေးတစ်နေရာသို့ လမ်းညွှန်လိုက်၏။ ပြီးနောက် အေးစက်စက် ပြောလိုက်သည်။
“ငါ သုံးအထိ ရေမယ်၊ ဒီကနေ မြန်မြန် ထွက်သွားတော့၊ တစ်... နှစ်....”
ရမ်ရှန်သည် တောင်ကြား၏ အရှေ့နေရာတွင် မတ်မတ်ရပ်လျက် ရှိနေသေး၏။ သူ၏နှလုံးသားများသည် စိုးရွံ့နေသည် ဆိုသော်လည်း ဂိုဏ်း၏ ပထမဦးဆုံး ဆောင်ပုဒ်အကြောင်းကို သူ၏နားထဲတွင် ထပ်တလဲလဲ တိုးဝင်လျက်ရှိသည်။ သူ့အနေနှင့် သံမဏိကဲ့သို့သော စိတ်ဓာတ်မျိုးကို လက်ကိုင်ပြုကာ နေထိုင်သွားရမည် ဖြစ်သည်။ ထွက်သွား၍ မရနိုင်ချေ။ ဂိုဏ်းချုပ်နှင့် သူ၏ဂိုဏ်းတူ ညီအစ်ကိုများသည် ရောက်ရှိမလာကြသေးချေ။
“သုံး...”
သက်လတ်ပိုင်းလူသည် အသာအော်လိုက်၏။ ပြီးနောက် မြေပေါ်သို့ ဆင်းသက်လာသည်။ ညာဘက်လက်ကို လှုပ်ရှားပြီးသည့်နောက်မှာတော့ စိတ်ဝိညာဉ်စွမ်းအင်များနှင့် ရမ်ရှန်အား ချုပ်နှောင်လိုက်တော့သည်။ ပြီးနောက် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “ခေါင်းမာလိုက်တဲ့ကောင်”
ရမ်ရှန်သည် လေထဲသို့ မြှောက်တက်သွားသည်။ ပြီးနောက် သူသည် ကြမ်းတမ်းသော အမူအရာဖြင့် ပြောလိုက်သည်။ “ကျုပ်ရဲ့ ဆံခြည်တစ်မျှင်ကို ထိရဲတယ်ဆိုရင်တောင် ဂိုဏ်းချုပ်က ခင်ဗျားကို ခွင့်လွှတ်ပေးမှာ မဟုတ်ဘူး”
သက်လတ်ပိုင်းလူသည် ပြုံးကာ ပြောလိုက်၏။ “မင်းရဲ့ ဂိုဏ်းချုပ်က အရမ်းကို အားကောင်းတယ်လို့ ဆိုလိုတာလား၊ ငါသိချင်စမ်းတယ်”
“သေချာနားထောင်”
ရမ်ရှန်က ခက်ခက်ခဲခဲနှင့် ပြောလိုက်သည်။ “ကျုပ်တို့ဂိုဏ်းချုပ်က ကျွင်းချောင်ရှောင်းပဲ”
“ကျွင်းချောင်ရှောင်း ဟုတ်လား”
သက်လတ်ပိုင်းလူသည် အလွန်တရာ အံ့အားသင့်သွား၏။ “ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်လား”
“အမှန်ပါပဲ”
ရမ်ရှန်သည် စကားပြောရန် ခက်ခဲနေသည်ဆိုသော်လည်း ခက်ခက်ခဲခဲဖြင့် ကြိုးစားကာ စကားပြောလိုက်၏။
“ဒီအသစ်ဖြစ်တည်လာတဲ့ဂိုဏ်းက နဂါးကျားတိုက်ပွဲမှာ အနိုင်ရခဲ့တယ်ဆိုတာ မဆိုးဘူး၊ ဒါပေမဲ့ …”
သက်လတ်ပိုင်းလူသည် အေးစက်စက်နှင့် ပြောလိုက်၏။ “ငါ့ကို ခြောက်လှန့်စေဖို့တော့ မရသေးဘူး”
လက်တစ်ချက်ကို ဝှေ့ယမ်းပြီးသည့်နောက် ရမ်ရှန်သည် အဝေးတစ်နေရာသို့ လွှင့်စင်သွားသည်။ ခပ်လှမ်းလှမ်းမှ ကြည့်ရှုနေကြသော သိုင်းကျင့်ကြံသူများ၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်သွား၏။
“ဒီကောင်ရဲ့ ဦးနှောက်က တစ်စုံတစ်ခုများ မှားယွင်းနေတာလား”
ဝှစ်
အဝေးတစ်နေရာမှ အလင်းတန်းတစ်ခု ပျံသန်းရောက်ရှိလာပြီးသည့်နောက် ရမ်ရှန် လွှင့်စင်သွားသော တည်နေရာဆီသို့ ရောက်ရှိကာ ရမ်ရှန်အား ဖမ်းလိုက်၏။ အလင်းတန်းများ ပျောက်ကွယ်သွားပြီးသည့်နောက် ကျွင်းချောင်ရှောင်း၏ ချောမောလှပသော မျက်နှာသည် ပေါ်ပေါက်လာသည်။ သူသည် ခက်ထန်လှသော အမူအရာဖြင့် မေးလိုက်၏။
“မင်းကို ဘယ်သူပစ်လိုက်တာလဲ”