အခန်း (၇၅၂)
Vol. 51 Ch. 752
တောက်ပအလင်းတန်းဂိုဏ်း၏ ကျွမ်းကျင်သူများ၏ မျက်လုံးဆီမှာ ဒေါသအရိပ်အယောင်များကို မြင်ရသည့် အချိန်မှာတော့ သူသည် သေသေချာချာ ရှင်းပြလျှင်လည်း နားထောင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ဘုကလန့် ပြန်ကာ ပြောဆိုလိုက်ခြင်းပင် ဖြစ်သည်။
"ကျွင်းချောင်ရှောင်း"
အကြီးအကဲတစ်ယောက်သည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ "နဂါးကျား တိုက်ပွဲမှာ ပထမအဆင့် ဂိုဏ်းနှစ်ခုကို အနိုင်ရရှိတယ်ဆိုရုံနဲ့ ကိုယ့်ကိုကိုယ် ကြယ်ကြွေကုန်းမြေ တိုက်ကြီးမှာ လုပ်ချင်တာ လုပ်လို့ ရပြီလို့ ထင်နေတာလား"
"လိုရင်းကို ပြောမယ်"
ကျွင်းချောင်ရှောင်းသည် စိတ်မရှည်သလို ပြောလိုက်၏။ "သံမဏိအရိုးဂိုဏ်းက စိတ်ဝိညာဉ် ကျောက်တုံးမိုင်း ရှိတဲ့ နေရာတစ်ခုလုံးကို လက်ဝါးကြီး အုပ်ထားတယ်။ ခင်ဗျားတို့ လိုချင်တယ်ဆိုရင် ရှေ့ကို တိုးပြီး လာယူလှည့်"
ရိုးရှင်းပြီး တိုက်ရိုက်ကျလွန်းလှသည်။ သေခြင်းနှင့် ရှင်ခြင်း၏ ခြားနားမှုမှာ ပါးလွှာလွန်းလှသည်။ မကျေနပ်ပါက မိမိကြိုက်သလို ပြုမူ ဆောင်ရွက်နိုင်စွမ်း ရှိသည်။
သို့ပေမဲ့ တောက်ပအလင်းတန်းဂိုဏ်းတွင် ရှိသော သိုင်းအုပ်စိုးသူ အများအပြားသည်ရှေ့သို့ လှမ်းမလာရဲကြချေ။ ၎င်းတို့ရှေ့တွင် များပြားလှသော မိုးကြိုး အစီအရင်များ တည်ရှိနေသည် မဟုတ်လား။
အစီအရင်ဆရာ၏ အားအင်အဆင့်သည် ဤနေရာတွင် အရေးကြီးလှ၏။ တိုက်ရိုက်တစ်ယောက်ချင်း တိုက်ခိုက်ခြင်းကို မပြုလုပ်နိုင်သည်ဆိုသည်ကို သိသော်လည်း အစီအရင်ကို သေသေချာချာ လုံလောက်အောင် စီရင်ထားနိုင်သည်ဆိုပါက တစ်ဖက်လူများအားလုံး ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ရှိနေပြီဖြစ်သည်။ ဆယ်ယောက်တစ်ယောက် ဆိုလျှင်ပင် ကြောက်ရွံ့စရာ မရှိပေ။
ထို့အပြင် ပိုမိုကြောက်မက်ဖွယ်ရာ ကောင်းသည့် အရာကလည်း ရှိနေသေးသည်။ ထိုအရာမှာ ကုန်းမြေမြင့် တည်နေရာတွင် နေရာယူထားသော ရှောင်ကျီ၏ အမြှောက်ကြီးပင် ဖြစ်၏။
ရှောင်ကျီသည် ပုခုံးပေါ်သို့ လောင်ချာကို အစောကြီးကတည်းက တင်ထားပြီးဖြစ်သည်။ သူသည် အမြောက်ကြီးပေါ်သို့ ခြေတစ်ဖက်တင်ကာဖြင့် မိုးကြိုးအစီအရင်သို့ လှမ်းလာမည့် မည်သူကို မဆို လှမ်းပစ်ရန် အဆင့်သင့် ဖြစ်လိုနေသည်။
ရွှီ … ရွှီ ….။
အကွာအဝေးတစ်ခုမှာတော့ များပြားလှသော အလင်းတန်းများ ရောက်ရှိလာပြီးနောက် အစီအရင်သည် ပျံဝဲလျက်ရှိသည်။
ထိုသူတို့မှာ လူလေးယောက် ဖြစ်သည်။
၎င်းတို့သည် ရွှေရောင် ဖျော့ဖျော့ ဝတ်စုံများကို ဝတ်ဆင်ထားပြီးသည့်နောက် ၎င်းတို့၏ ရင်ဘတ်ပေါ်တွင် လောကပုန်ကန်ဂိုဏ်း ဟူသော စာသားကို ရေးထွင်းထား၏။
"လောကပုန်ကန်ဂိုဏ်း ဟုတ်လား"
ကျွင်းချောင်ရှောင်းသည် သွားဖြီးကာ ပြောလိုက်သည်။ "ဒါက တကယ့်ကို ရေစက်ပဲ"
"ကျွင်းချောင်ရှောင်း"
လောကပုန်ကန်ဂိုဏ်း၏ အကြီးအကဲတစ်ယောက်သည် မိုးကြိုးအစီအရင်အား လှမ်းကြည့်ပြီးသည့်နောက်မှာတော့ တည်ငြိမ်စွာ ပြောလိုက်သည်။ "ဒါ ဘာကို ဆိုလိုချင်တာလဲ"
နဂါးကျား တိုက်ပွဲတွင် ၎င်းတို့သည် ဒုတိယနေရာသာ ရရှိခဲ့၏။ ထို့အပြင် အောင်းဝူရှန်းသည်လည်း ရီရှင်းချန်၏ လက်ချက်ဖြင့် အိပ်ယာထဲတွင် လဲလှောင်းနေရသည်။ လက်ရှိ ပြိုင်စံရှား ဂိုဏ်းနှင့် ၎င်း၏ တပည့်များနှင့်တွေ့ကြပြီဆိုသောကြောင့် ၎င်းတို့သည် ကျိန်းသေပေါက် ပြန်လည် ပေးဆပ်ခိုင်းရလိမ့်မည်။
ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်၏။ "ဒီ နေရာကြီးတစ်ခုလုံးကို ကျုပ်တို့ ပြိုင်စံရှား ဂိုဏ်းတစ်ခုလုံးက သိမ်းဆည်းလိုက်ပြီ။ခင်ဗျားတို့ လာရာလမ်းကို လှည့်ပြန်ကြတော့"
"မောက်မာလိုက်တာ"
လောကပုန်ကန်ဂိုဏ်း၏ အကြီးအကဲတစ်ယောက်သည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။
"အကြီးအကဲရီ"
တောက်ပ အလင်းတန်းဂိုဏ်း၏ ခေါင်းဆောင်တစ်ယောက် ဖြစ်သော သိုင်းအုပ်စိုးသူသည် ထူးမခြားနားသလို ပြောလိုက်သည်။ "ကောင်းကင်နဲ့ မြေကြီးမှာ ရှိတဲ့ လောကရဲ့ ရတနာတွေက ပိုင်ရှင်မရှိဘူး။ဒီနေရာကို ရောက်လာတဲ့ လူမှန်သမျှက ပိုင်ဆိုင်ခွင့် ရှိတယ်လေ။ပြိုင်စံရှား ဂိုဏ်းက ဒါတွေ အကုန်လုံးကို လက်ဝါးကြီး အုပ်ယူလိုက်ရအောင် သူတို့ဆီမှာ ဘာအရည်အချင်းရှိလို့လဲ"
"သူက နဂါးကျား ပြိုင်ပွဲရဲ့ ဗိုလ်ဆွဲခဲ့တယ်ဆိုပြီး ကိုယ့်ကို ကိုယ် တကယ့် ဆရာကြီးလို့ ထင်နေတာ နေမယ်" သိုင်းအုပ်စိုးသူသည် အထင်အမြင် သေးစွာဖြင့် ပြောလိုက်၏။
ပြိုင်စံရှား ဂိုဏ်းသည် ပြိုင်ပွဲတွင် ဗိုလ်ဆွဲခဲ့ပြီးသည့်နောက် စံချိန်မှတ်တမ်းများကို ရရှိခဲ့သည်ဆိုသည်ကို သူ ကောင်းကောင်း သိ၏။ သို့ပေမဲ့ ပထအဆင့်၊ ဒုတိယအဆင့် ဂိုဏ်းများနှင့် ယှဉ်လျှင်တော့ အလုံးစုံသော အားအင်အဆင့်သည် ကွာခြားလျက်ရှိနေသေးသည်။
ကျွင်းချောင်ရှောင်းသည်လည်း ထိုအရာကို နားလည်မိသည်။
ထို့ကြောင့်ပင် သူ၏ အားအင်များကို တိုးပွားစေရန်အတွက် အလျှင်လိုနေခြင်းပင် ဖြစ်သည်။ စိတ်ဝိညာဉ် ကျောက်တုံးမိုင်းတွင်းသည် ထိုကဲ့သို့သော အဆင့်တိုးတက်ရန်အတွက် အရေးကြီးသည့် အခြေခံပင် ဖြစ်တော့သည်။ ထို့ကြောင့် ဘာကိုပဲ ဖြစ်ဖြစ် သူ့အနေနှင့် ရအောင် ယူရပေလိမ့်မည်။
သူ့ဆီမှာ လာရောက် လုယက်ဖို စဉ်းစားနေသူများ၊ ကြိုးစားနေသူများအားလုံးကို သူတိုက်ခိုက်ပစ်မည်။
လောကပုန်ကန်ဂိုဏ်း၏ အကြီးအကဲကြီးသည် အေးစက်စက် ပြောလိုက်၏။
"ဂိုဏ်းချုပ်ကျွင်း … ဒီစိတ်ဝိညာဉ်စွမ်းအင်တွေ ပြန်လည်ကောင်းမွန်လာတဲ့ လက္ခဏာက ဂိုဏ်းတွေ အကုန်လုံးဆီကို ပျံ့နှံ့သွားပြီ။ ခင်ဗျားတို့ ပြုင်စံရှားဂိုဏ်းက ဒါကို လက်ဝါးကြီး အုပ်ချင်တယ်ဆိုရင် ကျုပ်တို့ လောကပုန်ကန်ဂိုဏ်းက သဘောတူတယ်ဆိုရင်တောင်မှ တစ်ခြားသူတွေက သဘောတူမှာ မဟုတ်ဘူး"
သူသည် အရူးတစ်ယောက်တော့ မဟုတ်ပေ။
တောက်ပအလင်းနတ်ဂိုဏ်းသည်လည်း ဤနေရာတွင် ရောက်ရှိနေ၏။ ထို့ကြောင့် တစ်ဖက်လူများနှင့် ပြသနာ ဖြစ်စေရန် သွေးခွဲပေးခြင်းကသာ သူ့အတွက် ပိုမို၍ ကောင်းမွန်ပေလိမ့်မည်။
"သဘောမတူတဲ့ လူတွေ အကုန်လုံး ရှေ့တက်ခဲ့ကြလေ။"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
မိုးကြိုးအစီအရင်နှင့် အမြှောက်ကြီးသည် နေရာတကျရှိနှင့်ပြီးဖြစ်၏။ ထို့အပြင် မိစ္ဆာသူတော်စင် ဝူကျူး နှင့် အအေးနန်းတော်မှ ဘိုးဘေး အကြီးအကဲများအားလုံးသည် တစ်ဖက်တစ်ချက်တွင် ရှိလို့နေ၏။
ထို့အပြင် ယခု ရောက်ရှိလာသူများမှာ သိုင်းအုပ်စိုးသူ အဆင့်များသာ ဖြစ်ကြသည်။ သိုင်းနယ်မြေအဆင့် ကျင့်ကြံသူတစ်ယောက် ရောက်ရှိလာမည်ဆိုလျှင်တောင်မှ သူ၏ တပည့်များလက်ချက်ဖြင့် နာကျင်သွားရမှာ သေချာသည်။
အကြီးအကဲကျန်း၏ မျက်နှာသည် မဲမှောင်သွားတာ သေချာသည်။ သူသည် ဒေါသတရားကို ဖိနှိပ်ထားလိုက်၏။ သူသည် အလျင်မလိုချေ။
တောက်ပအလင်းနတ်ဂိုဏ်းသည်လည်း စိတ်တိုသွား၏။ နောက်မှ ရောက်လာသူ သိုင်းအုပ်စိုးသူက ပြောလိုက်သည်။ "အကြီးအကဲကျန်း ခင်ဗျားတို့ သခင်လေးရော အဆင်ပြေရဲ့လား"
ချီးတဲ့မှ …. ဒီအချိန် ဘာလို့ ဒီကိစ္စကို မေးမြန်းရတာလဲ။
ရွှီ … ရွှီ
ကုန်းမြေတိုက်ကြီးတွင် ရှိနေကြသော သိုင်းကျင့်ကြံသူများ တော်တော်များများ ရောက်ရှိလာကြတော့သည်။
တောက်ပအလင်းနတ်ဂိုဏ်းမှ အကြီးအကဲများနှင့် လောကပုန်ကန်ဂိုဏ်းမှ အကြီးအကဲများကို မြင်ချိန်မှာတော့ အလျင်အမြန်ပဲ ရပ်တန့်လိုက်ကြ၏။
"ဒီနေရာမှာရှိတဲ့ စိတ်ဝိညာဉ် စွမ်းအင် ပြန်လည်ကောင်းမွန်ခြင်းအခြေအနေက ပထမအဆင့်နဲ့ ဒုတိယအဆင့်ဂိုဏ်းတွေကိုတောင်မှ ဆွဲဆောင်နိုင်နေတာလား"
ပြိုင်စံရှားဂိုဏ်းသည် ဤတောင်ကြီးတစ်ခုလုံးကို လက်ဝါးကြီးအုပ် သိမ်းဆည်းထားသည်ကို သိလိုက်ရသည့် အချိန်မှာတော့ သူတို့၏ နှလုံးသားထံတွင် ဒေါသတရားများ ဖြစ်တည်လာခဲ့သည်။
ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် စိတ်ဝိညာဉ် ကျောက်တုံးမိုင်း မရှိသည် မဟုတ်ပေ။ သို့ပေမဲ့ သိုင်းပညာရှင်များ၏ စည်းမျဉ်းများအရ ရောက်ရှိလာသူများ အားလုံးသည် သေသေချာချာ ညှိနှိုင်း၍ ဆွေးနွေးရမည် ဖြစ်သည်။ ဤကဲ့သို့ တည်နေရာတစ်ခုလုံးကို စည်းခတ်၍ မူပိုင် သိမ်းဆည်းထားခြင်းမှာ မဖြစ်သင့်သော ကိစ္စပင် ဖြစ်၏။
သူတို့ကိုယ်သူတို့ ပထမအဆင့် ဂိုဏ်းတစ်ခုဟု ထင်မှတ်နေသည်လား မသိချေ။ လောကကြီးတစ်ခုလုံးကိုပင် ပုန်ကန်ရန် စဉ်းစားထားနေကြသည်လား။
များပြားလှသော ဂိုဏ်းများမှ အကြီးအကဲများအားလုံးသည် တောင်ကြားဆီသို့ ရောက်ရှိလာပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းနှင့် ပတ်သက်၍ အမျိုးမျိုး ပြောဆိုနေကြသည်။
သို့ပေမဲ့ ရှေ့တွင်ရှိသော မိုးကြိုးအစီအရင်များကို ဖြတ်၍ မသွားရဲကြချေ။ ၎င်းတို့သည် မျက်စိဖြင့် ကြည့်ရှုရင်းသာ ဆူပူကြိမ်းမောင်းလျက် ရှိနေကြ၏။
…....
နှစ်နာရီလောက်ကြာမြင့်ပြီးသည့်နောက်မှာတော့ ဂိုဏ်းပေါင်းများစွာတို့သည် မိုးကြိုးအစီအရင်၏ ရှေ့တွင် စုဝေးလာကြပြီဖြစ်သည်။
သိုင်းကျင့်ကြံသူများသည်လည်း ထောင်ကျော် ရှိနေပြီဖြစ်သည်။
မာယုံနင်၊ ဝမ်တုန်လင်နှင့် တစ်ခြားသူများသည်လည်း ရောက်ရှိလာကြ၏။
ပြိုင်စံရှားဂိုဏ်းသည် တောင်ကြားကြီးတစ်ခုလုံးကို မောင်ပိုင်စီးထားသည်ကို သိလိုက်ရချိန်မှာတော့ သူတို့အားလုံး၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားကြသည်။ ဂိုဏ်းချုပ်ကျွင်း … ခင်ဗျားက ကြမ်းတမ်းလွန်းအားကြီးတယ်လေ။
အပြင်တည်နေရာမှာ ရပ်လျက်ရှိသော ကျန်းစွန်းဖန်းဟွာ သည် ဆွံ့အလျက်ရှိနေသည်။
"ဒီကောင်လေး ရူးသွားပြီလား။ဒီလို စိတ်ဝိညာဉ်စွမ်းအင်တွေ ပြန်လည်ကောင်းမွန်လာတဲ့ လက္ခဏာကို ပထမအဆင့်နဲ့ ဒုတိယအဆင့်ဂိုဏ်းတွေကိုတောင်မှ သတိပြုမိစေတယ်လေ။ သူက တောင်ကြားကြီးတစ်ခုလုံးကို သိမ်းဆည်းထားတယ်ဆိုတော့ တစ်လောကလုံးရဲ့ ရန်သူ အဖြစ် ပြုလုပ်ချင်နေတာလား" လန့်ရှင်းရွဲ့ က ပြောလိုက်သည်။
သူမသည် ထိုသို့ ပြောလိုက်သည်ဆိုသော်လည်း တောင်ကြားတစ်ခုလုံးကို စိတ်ဝိညာဉ် စွမ်းအင် အာရုံများကို ဖြန့်ကျက်ကာ လူတစ်ယောက်၏ ပုံပန်းသွင်းပြင်ကို ရှာဖွေလျက်ရှိသည်။ သို့ပေမဲ့ ရှာ၍ မတွေ့ခဲ့သည့် အချိန်မှာတော့ သူမ၏ မျက်လုံးထဲတွင် စိတ်ပျက်မှုများ အထင်းသား ဖြစ်တည်လာ၏။
သူမ မည်သူ့ကို ရှာဖွေနေသနည်း။ ဝေရှင်းဖန်ပင် ဖြစ်တော့သည်။
ကံဆိုးစွာဖြင့် လက်ရှိ အခြေအနေမှာတော့ ဆေးပင် စိုက်ပျိုးခြင်းများကိုသာ တာဝန်ယူထားရသော အကြီးအကဲဝေသည် ဤနေရာဆီသို့ ရောက်ရှိမလာခဲ့ပေ။
သူ့အနေနှင့် ထွက်ခွာလာရန်လည်း မလိုအပ်ချေ။ ကျွင်းချောင်ရှောင်းနှင့် တပည့်များသည် ဤသို့သော ကိစ္စရပ်များကို ကိုင်တွယ်နိုင်ကြသည်။ ပြိုင်စံရှား ဂိုဏ်းသည် လက်ရှိ အခြေအနေတွင် လောကကြီးတစ်ခုလုံးနှင့် ယှဉ်ပြိုင်နိုင်ရန် စွမ်းရည်များ တည်ရှိနေပြီဖြစ်၏။
....
ကျွင်းချောင်ရှောင်းသည် မာယုံနင် နှင့် တစ်ခြားသော သူများကို မြင်၏။ သို့ပေမဲ့ ဂိုဏ်းပေါင်းများစွာတို၏ ရှေ့တွင် နှုတ်ဆက်ခြင်းကို မပြုပေ။ ထိုသို့ သွားနှုတ်ဆက်သည်ဆိုပါက ၎င်းတို့အားလုံးကို ပြသနာထဲသို့ ဆွဲထည့်သလို ဖြစ်ပေလိမ့်မည်။
ကျန်းတယ်ကျွင်းမှာတော့ အနောက်တွင် မတ်မတ်ရပ်လျက်ရှိသည်။
နှလုံးသားထဲတွင် ယားကျိကျိဖြင့် ဖြစ်နေသည်။ မိုးကြိုး အစီအရင်အား သူ ဖောက်ခွဲပစ်ချင်နေသည်။ ထိုသို့ဆိုလျှင် များပြားလှသော ဂိုဏ်းများမှ ကျွမ်းကျင်သူများသည် ရှေ့ဆီသို့ လှမ်းတက်ရန် မဝံ့မရဲ ဖြစ်နေကြမည်။
ယခု ပတ်ဝန်းကျင် ပြောင်းလဲမှုများ ဖြစ်တည်နေရာ အခြေအနေငြိမ်သက်သွားပြီဆိုပါက အားလုံးသည် ထ၍ လှုပ်ရှားကြတော့မှာ ဖြစ်ကြောင်း ကျန်းတယ်ကျွင်း ကောင်းကောင်း သိ၏။ ထို့ကြောင့် သူ့ အနေနှင့် စိတ်လိုလက်ရ ဖောက်ခွဲပစ်ရန် အခွင့်အရေးကို စောင့်မျှော်နေမိသည်။ စိတ်ရှည်ရှည် စောင့်စားရန်သာ လိုအပ်သည်။
အချိန်များ မြန်မြန်ဆန်ဆန်နှင့် ကုန်ဆုံး လာပြီးသည့်နောက်မှာတော့ များပြားလှသော ဂိုဏ်းများသည် တစ်လှိုင်းပြီးတစ်လှိုင်း ရောက်ရှိလာခဲ့ကြသည်။ နောက်တစ်ရက်မှာတော့ လူပေါင်း အရေအတွက်သည် တစ်သိန်းကျော်သို့ပင် ရောက်ရှိသွားခဲ့ကြသည်။
အတားအဆီးအစီအရင်နှင့် အနီးကပ်ဆုံး ရှိနေသော ပထမအဆင့် ဂိုဏ်းမှ အကြီးအကဲများနှင့် ဒုတိယအဆင့် ဂိုဏ်းများမှ အကြီးအကဲများ အားလုံးသည် အခြေအနေတစ်ခုလုံးကို စောင့်၍ ကြည့်လျက်ရှိနေကြတော့၏။
အဆင့်သုံး ၊ အဆင့်လေးနှင့် အဆင့်ငါးဂိုဏ်းများအားလုံးသည် ခပ်လှမ်းလှမ်းမှ ကြည့်ရှုနေကြသည်။
အဆင့်နိမ့်ဂိုဏ်းများမှ ကျင့်ကြံသူများမှာတော့ ပြိုင်စံရှားဂိုဏ်းအား ချီးကျူးသလို ကြည့်နေမိကြ၏။ မည်ကဲ့သို့သော သတ္တိကို ပိုင်ဆိုင်သောကြောင့် စိတ်ဝိညာဉ်မိုင်းတွင်းတစ်ခုလုံးအား လက်ဝါးကြီး အုပ်ရန် စဉ်းစားခဲ့သနည်း။
"အလင်းတန်းတွေက အားနည်းသွားပြီ"
ရုတ်တရက် တစ်စုံတစ်ယောက်သည် အော်ဟစ်လိုက်၏။
တောင်ကြားထဲတွင် ရှိနေသော ကျင့်ကြံသူများအားလုံးသည် ခေါင်းမော့၍ ကြည့်ရှုလိုက်ချိန်မှာတော့ ကောင်းကင်ပေါ်တွင် လင်းလက်လျက်ရှိသော အလင်းတန်းများသည် တစ်ဖြည်းဖြည်း ပျောက်ကွယ် လာသည်ကို မြင်လိုက်ရသည်။
တစ်ချိန်တည်းမှာပဲ ၎င်းတို့၏ စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပေါ်လာ၏။
ပြီးသည့်နောက်မှာတော့ တောင်ကြား၏ မြေနေရာတစ်ခုလုံးသည် ကွဲအက်သွားပြီး ကောင်းကင်နှင့် မြေကြီး အတွင်းရှိ အလွန်တရာ အားကောင်းလှသော စိတ်ဝိညာဉ် စွမ်းအင်များသည် ဖြစ်တည်လာသည်ကို ခံစားလိုက်မိသည်။
ဆိုလိုသည်မှာ စိတ်ဝိညာဉ် စွမ်းအင် မိုင်းတွင်းသည် တရားဝင် ဖွင့်လှစ်သွားခဲ့ခြင်း ဖြစ်၏။
ကြုံတွေ့ဖူးသော အတွေ့အကြုံ အရ ဤကဲ့သို့သော စိတ်ဝိညာဉ် စွမ်းအင်များ ထုတ်ဖော်လာသည်ဆိုသည်နှင့် စိတ်ဝိညာဉ် စွမ်းအင် မိုင်းတွင်းအား တူးဆနိုင်ခဲ့ပြီဖြစ်သည်။ ကောင်းကင်နှင့် မြေကြီး အတွင်းတွင် ရှိသော ပြောင်းလဲမှုများ ဖြစ်ပေါ်သွားသည့် အချိန်မှာတော့ လောက၏ ဓာတ်သဘာဝသည် ပိုမို၍ အားကောင်းလာခဲ့သည်။
စွမ်းအားမြင့် ကျင့်ကြံသူများ အားလုံးသည်လည်း နေမထိ ထိုင်မသာ ဖြစ်လာကြတော့၏။
"အားလုံးပဲ"
တောက်ပအလင်းနတ်ဂိုဏ်း ဦးဆောင်သူကအော်ဟစ်လိုက်၏။ "တောင်ကြားထဲမှာ စိတ်ဝိညာဉ် ကျောက်တုံးမိုင်းတွင်းရှိတယ်။ဒီအဘိုးကြီးက မိုးကြိုးအစီအရင်ကို စပြီးတော့ ဖျက်စီးမယ်။စတင်ကြ"
လောကပုန်ကန် နတ်ဂိုဏ်းကို မြှောက်ပင့် သွေးဆွ၍ မရသည့်နောက်မှာတော့ သူသည် မည်သို့မှ မရတော့ဘဲ မိမိကိုယ်ကို အားကိုးရန်သာ ရှိတော့သည်။
လက်ရှိအခြေအနေ၌ ၎င်းတို့၏ ဂိုဏ်းသည် စိတ်ဝိညာဉ် ကျောက်တုံးမိုင်းတွင်းကို အလျင်စလို လိုအပ်နေ၏။ ထို့ကြောင့် ဤအရာကို ရရှိမှ ဖြစ်ပေလိမ့်မည်။
ဤလူသည် အလွန်တရာ ဉာဏ်ကောင်းလွန်းလှ၏။ သူ သွားမည်ဆိုလျှင် တစ်ခြားသော ဂိုဏ်းများကို တခါတည်း ဆွဲခေါ်သွားရန် ကြံစည်နေုခြင်း ဖြစ်သည်။
လောကပုန်ကန်ဂိုဏ်းမှ အကြီးအကဲကြီးမှာတော့ တည်ငြိမ်လျက် ရှိသည်။ သူသည် တွေးလိုက်မိ၏။ ဘယ်သူပဲ သွားသွား ကျူပ်တို့ လောကဘုံမာန်ဂိုဏ်းကတော့ မသွားသေးဘူး။
တစ်ခြားသူများ ထိုသို့တွေးနေကြသည် ဆိုသော်လည်း အားလုံးသည် မိုးကြိုးအစီအရင်အား ကြောက်လန့် နေကြ၏။
ဟုတ်ပေသည်။ ၎င်းတို့သည် မစည်းလုံးကြချေ။ အကယ်၍ အသက်ကို စတေး၍ ရှေ့သို့ တိုးမည်ဆိုလျှင်လည်း ကျွင်းချောင်ရှောင်း၏ တိုက်ခိုက်ခြင်းကို ခံရမှာ သေချာသည်။
တောက်ပအလင်းနတ်ဂိုဏ်း၏ အကြီးအကဲသည် အော်လိုက်ပြီးသည့်နောက်မှာတော့ မည်သူကမှ မတုန့်ပြန်ကြပေ။ လေအေးများ တိုက်ခိုက်လာပြီးသည့်နောက် သူ့တစ်ယောက်တည်းကြောင်တောင်တောင်နှင့် ဖြစ်နေ၏။
ငကြောက်တွေ ….
စိတ်ထဲမှာ ကြိတ်ကာ ရေရွတ်ပြီးသည့်နောက်မှာတော့ သူသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်ပေါ်သို့ ပျံတက်လိုက်၏။
သူသည် မိုးကြိုးအစီအရင်အား ချိုးဖြတ်ရန် ပြင်ဆင်လိုက်သည်။ လုံခြုံစေရန်အတွက် သူသည် လက်ဝါးတစ်ခုကို ရှေ့သို့ ကာထားသည်။
ရွှီ ရွှီ
အလွန်တရာ တောက်ပလွန်းသော ဓာတ်ငါးပါး အလင်းများနှင့် ပေါင်းစပ်ထားသော ရှစ်ထောင့်ပုံ အစီအရင် စည်းတစ်ခုသည် လေထုထဲတွင် ဖြစ်တည်လာ၏။
ဓာတ်ငါးပါး အကာအကွယ်။
"ဒါက သူတော်စင် အဆင့်နီးပါးရှိတဲ့ အစီအရင် ရတနာတစ်ခုပဲ"
ဖောင်း
အားလုံးစဉ်းစားနေတုန်းမှာပဲ နားကွဲလောက်အောင် ကျယ်လောင်လှသည့် အသံကြီးတစ်ခုသည် တောင်ကြားထဲဆီမှ ထွက်ပေါ်လာ၏။
၎င်းကို ကြည့်ရှုလိုက်ပြီးသည့်နောက်မှာတော့ အလင်းတန်းများသည် ပြေးထွက်လာပြီးသည့်နောက်မှာတော့ တောက်ပအလင်းတန်းဂိုဏ်း၏ အကြီးအကဲအား တည့်တည့်ပင် ထိမှန်သွားတော့သည်။
ကောင်းကင်တစ်ခုလုံးတွင် အဖြူရောင် အခိုးအငွေ့များနှင့် ဖုံးလွှမ်းသွား၏။
ဟမ်။
ကြည့်ရှုနေသူများအားလုံးသည် တိတ်ဆိတ်ငြိမ်သက်သွား၏။
လက်ရှိ အခြေအနေမှာတော့ တောက်ပ အလင်းနတ်ဂိုဏ်းမှ အကြီးအကဲ သည် အခိုးအငွေ့များနှင့် အတူ အောက်သို့ ပြုတ်ကျလျက် ဆန့်ဆန့်ကြီး ရှိနေတော့သည်။
ဖောင်း
အမြင့်တည်နေရာတွင် မတ်တပ်ရပ်လျက်ရှိသော ရှောင်ကျီသည် လောင်ချာအား ပြန်လည် သိမ်းဆည်းလိုက်ပြီးသည့်နောက်မှာတော့ သလင်းအမြုတေများကို ပြန်လည် ထည့်သွင်းလိုက်၏။ သူသည် အသံပို့လွှတ်လိုက်၏။ "ဂိုဏ်းချုပ် … ပစ်မှတ်ကို ပစ်ချပြီးသွားပြီ"