← Chapters

အခန်း (၇၅၆-က)

Vol. 51 Ch. 756-က

အခန်း (၇၅၆-က)

Vol. 51 Ch. 756-က

(ဤနေရာတွင် ပြောချင်သည်မှာ အပိုင်းမှာ (က) (ခ) ဟူ၍ ခွဲထားခြင်းသည် ဘာသာပြန်သူ လျှာရှည်ပြီး လျောက်ခွဲထားခြင်း မဟုတ်ဘဲ မူရင်းစာရေးသူ (၂+၁) ပေါင်း၍ ရေးထားသော အပိုင်းများဖြစ်သည်။ နောက်ပိုင်းတွင် (၃+၁) အပိုင်းများပါ ပါဝင်သေးသည်။)

…….

ဆရာဖန်းသည် လူအများကြားတွင် ပေါ်လာတတ်သည့် လူတစ်ယောက်မဟုတ်ဘူးဆိုသော်လည်း ၎င်းဖန်တီးသွန်းလုပ်ခဲ့သော လက်နက်များမှာတော့ အလွန်တရာ ကျော်ကြားလှ၏။

သိုင်းနယ်မြေ တစ်ပိုင်း ကျင့်ကြံသူတစ်ယောက်၏ လက်ထဲတွင်ကိုင်ထားသည်မှာ ဆရာဖန်းကိုယ်ပိုင် သွန်းလုပ်ပေးထားသော ဓားဖြစ်သည်။ အရည်အသွေးအရဆိုလျှင် သူတော်စင် အဆင့်ဆီသို့ပင် ရောက်ရှိနေပြီဖြစ်၏။ သို့ပေမဲ့ အစွမ်းပြရန် ထုတ်လိုက်သည့် အချိန်မှာပဲ တစ်ခါတည်း ကျိုးပြတ်သည့် အခြေအနေသို့ ရောက်ရှိသွားခဲ့ရသည်။

"ငါ့ဓား"

သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်ယောက် ၎င်း၏ ရှိရှိသမျှသော အချိတ်အဆက်များကို အသုံးပြုခဲ့ရသည့် အပြင် သိမ်းဆည်းထားခဲ့သော ပိုက်ဆံများအားလုံးကို အသုံးပြု၍ ဝယ်ယူထားရသော ဓားသည် ပြိုင်စံရှား ဂိုဏ်းချုပ်၏ လက်ထဲတွင် ကျိုးပြတ်သွားခဲ့ရသည်ကို မြင်တော့ လက်များပင် တုန်ခါသည်အထိ ဒေါသထွက်လျက်ရှိသည်။ သူ၏ မျက်လုံးထဲတွင် ရှိနေသော ဝမ်းနည်းမှုများ အားလုံးသည် အတိုင်းသား မြင်နေရတော့၏။

ဆရာဖန်း သွန်းလုပ်ခဲ့သော ဓားသည် အလွန်တရာ ကောင်းမွန်လှသည်သာမက ကိုင်ဆောင်ထားလျှင် အားလုံးသော လူများ၏ လေးစား အားကျမှုကို ခံရသည့် အရာမျိုးပင် ဖြစ်တော့သည်။

တော်ရုံတန်ရုံ အဆင့်လောက်ဆိုလျှင်ပင် ဆရာဖန်း ဖန်တီးထားသော လက်နက်များသည် တစ်ခြားသူများ၏ရှေ့တွင် ထုတ်ဖော်ကြွားဝါ၍ ကောင်းသည့် အရာမျိုး ဖြစ်နေသည်။ သူတော်စင် အဆင့် ဓားမျိုးဆိုလျှင် ပို၍ ပင်ဂုဏ်သိက္ခာ ကြီးမားလာသေး၏။

လက်ရှိ အခြေအနေတွင် ဤကဲ့သို့ ကျိုးပြတ်သွားရသည်ကို သူ မည်သို့ လက်ခံနိုင်မည်နည်း။

ဆရာဖန်းသည် အသက်ရှင် သေးလား ၊ အသက်မရှင်သေးလားဆိုသည်ကို သေချာ မသိပေ။ သို့ပေမဲ့ ၎င်းဖန်တီးခဲ့သော လက်နက်များကိုတော့ ကျွင်းချောင်ရှောင်းသည် ထပ်ဖန်တစ်လဲလဲ ဖျက်စီးလျက်ရှိနေတော့သည်။ သူတစ်ယောက်တည်းနှင့်ပင် ဆရာဖန်းဖန်တီးထားသော လက်နက်များကို ချိုးဖြတ်ခဲ့ခြင်းသည်မှာည အရေအတွက် မည်မျှပင်ရှိနေပြီနည်း။

"မင်း ငါ့ဓားကို ဖျက်စီးခဲ့တာပဲ"

သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူသည် ဦးခေါင်းကို မော့လိုက်၏။ သူ၏ မျက်လုံးထဲတွင်တော့ ကြီးမားလှသော ဒေါသတရားများ ဖြစ်တည်လျက်ရှိသည်။ "ခွင့်မလွှတ်နိုင်ဘူး"

ဝှစ် ….. ဝှစ်

ချက်ချင်းပဲ အလွန်တရာ အားကောင်းလှသော အော်ရာများသည် သူ၏ ခန္ဓာကိုယ်ပေါ်မှ ဖြစ်တည်လာပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်ကို လွှမ်းခြုံစေသည်။ သူသည် ကြီးမားလှသည့် အားအင် ကွာခြားချက်ကို အသုံးပြု၍ တစ်ဖက်လူအား ချုပ်နှောင်ကာ တစ်ခါတည်း အပြီးပြတ်တိုက်ခိုက်ရန် ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။

အဆင့်မြင့် ကျွမ်းကျင်သူနှင့် အဆင့်နိမ့် ကျွမ်းကျင်သူ၏ တိုက်ပွဲကြားတွင် ရိုးရိုးရှင်းရှင်းနှင့် တိုက်ရိုက် တိုက်ခိုက်ရခြင်းသည် ပိုမို၍ ထိရောက်မှု ရှိလှ၏။

သို့ပေမဲ့ အထက်နယ်မြေမှ ရိုက်ချလိုက်သော လက်ဝါးရိုက်ချက်ကြီးသည်ပင် ဤကုန်းရှန့် အား ရိုက်သတ်၍ မရနိုင်သည်ကို ဤသိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူသည် မည်သို့ရိုက်သတ်နိုင်မည်နည်း။

ကျွင်းချောင်ရှောင်းသည် နဂါးစိမ်းလခြမ်း ဓားမော့ကြီးကို ကိုင်ကာ လွှဲရမ်းလိုက်တော့၏။ သူ၏ ဘယ်ဘက်လက်သည် လင်းလက် တောက်ပသွားပြီး အဆုံးမဲ့သော စွမ်းအင်များ စီးဝင်သွားခဲ့သည်။

ဓားမော့၏ ကိုယ်ထည်တွင် ထွင်းထုထားခဲ့သော နဂါးစိမ်းရောင်ကြီးသည် အရှိန်အဟုန်နှင့်အတူ တည်နေရာတစ်ခုလုံးကို ချိုးဖြတ်တော့မလိုပင် အသက်ဝင်လှုပ်ရှားလာခဲ့၏။

ဖျောက် ဖျောက် ဖျောက်

သူသည် ရှေ့သို့ တိုးသွားပြီးနောက်မှာတော့ လမ်းတစ်လျှောက်တွင် အလင်းတန်းများမှာ တစ်ဖြောင်းဖြောင်းနှင့် ထွက်ပေါ်လာသည်။

ကျွင်းချောင်ရှောင်းသည် အားကုန်အပြည့်ကို ထုတ်ဖော် အသုံးပြုနေပြီဖြစ်သည်။

ထိုအချိန်မှာတော့ ဓားမော့ကြီးဆီမှ အစိမ်းရောင် အလင်းတန်းများ ဖြစ်တည်လာပြီးနောက် ကျွင်းချောင်ရှောင်း၏ အနောက်တွင် မှုတ်ဆိတ်ရှည်ကြီးနှင့် အစိမ်းရောင် ပုံရိပ်ယောင်ကြီး တစ်ခု ဖြစ်တည်လာသည်။ ၎င်းသည် ကျယ် လောင်လှသည့် အသံဖြင့် ပြောလိုက်၏။ "ကွမ်ယု"

၎င်းအသံသည် လေးနက် ခန့်ညားလွန်းလှပြီး အဝေးမှ ကြည့်ရှုနေကြသည့် လူများ၏ နှလုံးသားများကိုပင် တုန်ခါသွားစေသည်။

တစ်ချို့သော အားနည်းလှသည့် ကျင့်ကြံသူများ ဆိုလျှင် ချက်ချင်းပင် ဒူးထောက်ချင်စိတ်များဖြင့် ဖြစ်တည်လာခဲ့၏။

"လက်နက်စိတ်ဝိညာဉ်"

သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူ နှစ်ယောက်တို့သည် အံ့အားသင့်မိသွားသည်။

ဝှစ်။

ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် ကွမ်ယု၏ ဝိညာဉ် ထောက်ပံ့မှုနှင့်အတူ ရှေ့ဆီသို့ လှမ်းလိုက်သည်။ သူသည် တစ်ဖက် ကျွမ်းကျင်သူ၏ ရှေ့တွင် မတ်မတ်ရပ်လျက်ရှိပြီး သူ၏ ဓားမော့ကို လှုပ်ရှားကာ ပိုင်းဖြတ်လိုက်တော့၏။

ဟူး

ကြီးမားလှသော စိမ်းပြာရောင် ဓားမော့ချီများသည် အထက်ဆီမှ ကျဆင်းလာပြီးနောက် တည်နေရာကြီးတစ်ခုလုံးကိုပင် ဆွဲခွဲသွားတော့သည်။

လောကကြီးတစ်ခုလုံးသည် ချက်ချင်းပဲ အရောင်အစင်းမဲ့သလို ဖြစ်ပေါ်လာသည်။ အရာအားလုံးသည် တိတ်ဆိတ်ငြိမ်သက်သွားပြီးသည့်နောက်မှာတော့ ဂိုဏ်းချုပ်ကျွင်း၏ ဓားမော့ကြီးသာလျှင် လောကကြီးတွင် အသက်ဝင်လှုပ်ရှားလျက်ရှိ၏။

ဖျောက် ဖျောက် ဖျောက်

တည်နေရာတစ်ခုလုံး အက်ကွဲသွားပြီးသည့်နောက်မှာတော့ ဓားမော့ရာကြီး ဖြစ်တည်လာသည်။

သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူ၏ မျက်လုံးများထဲတွင်တော့ ကြောက်မက်ဖွယ်ရာ ကောင်းသည့် ထိတ်လန့် ခြောက်ခြားမှုများဖြင့် ပြည့်နက်နေ၏။

တစ်ဖက်လူသည် သူ၏ ချီဖိနှိပ်မှုကို ခံယူနေရသည် ဆိုသော်လည်း ကြောက်မက်ဖွယ်ရာကောင်းလှသော အားအင်အဆင့်ကို ထုတ်ဖော်တိုက်ခိုက်နိုင်နေသည်။

သို့ပေမဲ့ သူ့အနေနှင့် စဉ်းစားရန် အချိန်မရှိပေ။ ရုတ်တရက် သူ၏ လက်ဝါးကို ကောင်းကင်ပေါ်သို့ ပင့်တင်လိုက်ပြီးနောက် စိတ်ဝိညာဉ်စွမ်းအင်များသည် ကြီးမားစွာဖြင့် ဖြစ်တည်လာပြီး ခိုင်ခံ့လွန်းသော အကာအကွယ် အတားအဆီးတစ်ခုအဖြစ် စိတ်ဝိညာဉ်နံရံကြီး တစ်ခု ပေါ်ပေါက်လာ၏။

ဘုန်း

ကျယ်လောင်လှသည့် အသံကြီးနှင့် အတူ အစိမ်းရောင် ဓားမော့ကြီးသည် အတားအဆီးကို ခုတ်ပိုင်းလိုက်၏။ ပြင်းထန်လှသော ခုတ်ပိုင်းချက်များသည် အတားအဆီးကို ဖောက်ထွင်းသွားပြီး အောက်ဖက်ဆီသို့ ဆင်းသက်လာသည်။

သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူသည် လျင်လျင်မြန်မြန်ပဲ နောက်သို့ ဆုတ်ခွာလိုက်၏။

ဘုန်း

ဓားမော့ချီ၏ လက်ကျန်အားအင်များသည် မြေတည်နေရာ တစ်ခုလုံးကို ပိုင်းပြတ်သွား၏။

သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူသည် ချွေးစေးများပင် ပျံလာခဲ့သည်။ ဤကဲ့သို့သော အားအင်သည် သူ့အနေနှင့် အချိန်မီသာ မရှောင်ရှားနိုင်ပါက ကိုယ်တစ်ပိုင်းလုံး ပိုင်းပြတ်သွားစေနိုင်လောက်သည့် အစွမ်းရှိနေသည်။

သိုင်းအုပ်စိုးသူ အဆင့် လူငယ်လေးသည် တကယ်ပဲ ဤကဲ့သို့သော အခြေအနေမျိုးထိ ရောက်အောင် တိုက်ခိုက်နိုင်စွမ်းရှိနေ၏။

သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူ ဖြစ်သော သူပင်လျှင် ဇောချွေးများ ပျံလာခဲ့၏။ တစ်ဖက်၏ တိုက်ခိုက်မှုနှင့် အသုံးအဆောင် ပစ္စည်းများအားလုံးသည် ကြောက်ခမန်းလိလိ ကောင်းမွန်လွန်းနေ၏။

ဆွစ်။

ကျွင်းချောင်ရှောင်းသည် နဂါးစိမ်းလခြမ်းဓားမော့ကြီးကို ထပ်မံကိုင်ဆောင်၍ သိုင်းနယ်မြေ တစ်ပိုင်းကျင့်ကြံသူအား ထပ်မံ တိုက်ခိုက်ခဲ့သည်။

လက်ရှိ အခြေအနေမှာတော့ သူသည် ပြိုင်ဘက်အား အရှိန်အဟုန်အားဖြင့် တရစပ် ဖိနှိပ်ကာ တိုက်ခိုက်နေ၏။ တစ်ဖက်လူအား အသက်ရှုရန် အခွင့် အရေး နည်းနည်းလေးတောင် မပေးချေ။

ဘုန်း ဘုန်း

ကောင်းကင်ယံပေါ်မှာတော့ ကြောက်မက်ဖွယ်ရာကောင်းလှသည့် တိုက်ခိုက်ချက်ကြီး နှစ်ခု ဖြစ်တည်လာခဲ့တော့သည်။

……...

ဆယ်မိနစ်ခန့် ကြာမြင့်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏ ဓားမော့ကို ထပ်မံ မြှောက်ကိုင်လိုက်၏။

သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူသည် ခက်ခက်ခဲခဲ ရှောင်ရှားနေရသည် ဆိုသော်လည်း သူ၏ လက်မောင်းတွင် ဓားရာ တစ်ခု ရှိနေသည်။ သွေးများသည် ထိုနေရာမှ ပန်းထွက်နေသည်။

သေသေချာချာ ကြည့်ရှုမည်ဆိုလျှင် ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် ဓားမော့ရာများ ဆယ်ခုထက်မနည်း တည်ရှိနေသည်ကို မြင်ရနိုင်သည်။ ကြမ်းတမ်းလှသော တိုက်ပွဲအတွင်း သူသည် အချက်ပေါင်းများစွာ ခုတ်ပိုင်းခြင်းကို ခံခဲ့ရ၏။

ဟူး ဟူး

သိုင်းနယ်မြေ တစ်ပိုင်း ကျင့်ကြံသူ၏ အသက်ရှူနှုန်းသည်လည်း မြန်ဆန်လာသည်။ သူသည် နှလုံးသားထဲတွင် ရေရွတ်လျက်ရှိသည်။ "သူဘာလို့ ဒီလောက် အားကောင်းရတာလဲ"

ဤလူငယ်လေးသည် ကောင်းမွန်လှပါသည် ဆိုသော လက်နက်ပစ္စည်းများကို ကိုင်ဆောင်ထားခဲ့၏။

အချိန်အတော်ကြာ တိုက်ခိုက်ပြီးသည့်နောက်မှာ သူ၏အားအင်သည် တစ်ဖြည်းဖြည်းအားနည်းလာခဲ့သည် ဆိုသော်လည်း ဤကောင်လေး၏ တိုက်ခိုက်မှု အားအင်မှာတော့ တစ်ဖြည်းဖြည်းနှင့် ပိုမိုကာ အားကောင်းလာခဲ့သည်။

စိတ်ဝိညာဉ် အမြုတေ နှစ်ခု ရှိခြင်းသည် ကျွင်းချောင်ရှောင်းအား ပိုမိုကာ အားကောင်းစေခဲ့တော့၏။

ဝှစ်။

ကျွင်းချောင်ရှောင်းသည် အရှေ့သို့ ထက်မံကာ လှမ်းတက်လိုက်၏။ ဤတစ်ကြိမ်မှာတော့ သူသည် ရှိရှိသမျှသော အားအင်များကို စုစည်းပြီးသည့်နောက် နဂါးစိမ်း လခြမ်းဓားမော့ကြီးကို ထည့်သွင်းကာ ဓားမော့ချီများကို ထုတ်ဖော်ကာ ခုတ်ပိုင်းလိုက်သည်။

အားအင်အဆင့်သည် အရင်ကထက် ပို၍ အားကောင်းနေသည်။

သိုင်း‌နယ်မြေတစ်ပိုင်း ကျင့်ကြံသူသည် တိုက်ခိုက်ချက်ကို ထိပ်တိုက် မရင်ဆိုင်ရဲချေ။ ထို့ကြောင့် ဘေးတစ်ဖက်ဆီသို့ အသာ ဆုတ်ခွာလိုက်၏။

သူသည် သူ၏ အဖော်နှစ်ယောက်ဆီသို့ ခုန်ရှောင်လိုက်သည်။။ ပြီးနောက်မှာတော့ မောပန်းတကြီး ပြောလိုက်သည်။ "ခင်ဗျားတို့ ဝင်မတိုက်ဘူးဆိုရင် မိုင်းတွင်းထဲမှာ ရှိတဲ့ စိတ်ဝိညာဉ် ကျောက်တုံးတွေ အားလုံးကို တူးထုတ်သွားလိမ့်မယ်။"

သူသည် အမှန်ပင် ကြောက်လန့်နေ၏။ ထို့ကြောင့် ဆက်လက်ကာ မတိုက်ခိုက်ရဲတော့ချေ။

“ဒင် … သီးခြားတာဝန် ပြည့်စုံသည်။ လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀၀ အား ရရှိသည်။”

“ဂိုဏ်းစုဆောင်းမှတ် ၃၀၀၀၁/၅၀၀၀၀”

“ဒင် … လက်ခံသူသည် သီးခြားတာဝန် ပြည့်စုံအောင် လုပ်နိုင်သည့် အတွက် ဂုဏ်ယူပါသည်။ တာဝန်၏ ဆုလာဒ်အဖြစ် စည်းအဆောင် ၁တစ်ခု။ ကောင်းကင် ရတနာမျိုးစေ့ကန်အား ဝယ်ယူခွင့် - တစ်။”

ကျွင်းချောင်ရှောင်းသည် ဆက်လက်တိုက်ခိုက်ရန် ပြင်လိုက်ချိန်မှာပဲ သတိပေးသံကို ကြားလိုက်ရသည့်နောက်မှာတော့ ချက်ချင်းပဲ ရပ်တန့်လိုက်သည်။ ပြီးနောက် ကြောင်အအ မျက်နှာဖြင့် ပြောလိုက်လေသည်။ "ပြီးသွားပြီလား"

စနစ်က ပြောလိုက်သည်။ "တစ်ဖက်လူက အရိုက်နှက်ခံရပြီး ထွက်ပြေးသွားတယ်လေ။ သူ့အဖော်တွေဆီ သွားပြီး တိုက်ခိုက်ဖို့ မြှောက်ပင့် သွေးဆောင်နေသည် မဟုတ်လား။ဒါ့ကြောင့် စနစ်က အနိုင်ရရှိခဲ့တယ်လို့ သတ်မှတ်ခဲ့ပုံပေါ်တယ်”

"ငါသိပြီ" ကျွင်းချောင်ရှောင်းသည် ရုတ်တရက် နားလည်သွားမိ၏။

သူ၏ မျက်နှာပေါ်တွင်တော့ တောက်ပလွန်းသည့် အပြုံးပန်းများဖြင့် ဝေလျက်ရှိနေသည်။ သီးခြားတာဝန်သည် စည်းဓားမော့အသစ်၏ စည်းအဆောင်တစ်ခုကို ဆုလာဘ် အဖြစ် ပေးစွမ်းခဲ့၏။ ထိုအရာသည် အသစ်ဖန်တီးထားသော စည်းဓားမော့အား အသက်ဝင်အောင် ပြုလုပ်နိုင်စွမ်းရှိသည်။

ကျွင်းချောင်ရှောင်းသည် တောင်ကြားထဲရှိ ကျောက်တုံးကြီးပေါ်သို့ ပြန်လည်ကာ ရောက်ရှိလာသည်။ လက်ထဲတွင်တော့ နဂါးစိမ်းလခြမ်းဓားမော့ကြီးကို ကိုင်ကာ အေးစက်စက် ပြောလိုက်၏။ "မနိုင်ဘူးဆိုရင်လည်း အဖော်တွေကို လွှတ်လိုက်လေ။"

သူ့လက်ထဲတွင် စည်းအဆောင်အသစ်တစ်ခု ရရှိခဲ့ပြီ ဖြစ်သောကြောင့် သူသည် ပိုမိုကာ ယုံကြည်ချက် ပြင်းထန်လျက်ရှိနေတော့သည်။

ဆွစ်။

တောင်ပ အလင်းနတ်ဂိုဏ်းမှ ကျင့်ကြံသူနှင့် လောကပုန်ကန်နတ်ဂိုဏ်းမှ ကျင့်ကြံသူနှစ်ယောက်တို့သည် လျစ်လျူရှုကာဖြင့် တောင်ကြားထဲသို့ ပျံသန်းလိုက်သည်။ လက်ရှိ အခြေအနေမှာတော့ ၎င်းတို့ နှစ်ယောက်လုံးသည် စိတ်ဝိညာဉ် မိုင်းတွင်းအား အရင်ဆုံး ဦးစားပေး ရယူရန် ဆုံးဖြတ်လိုက်၏။

"တိုက်ခိုက်တော့"

ကျွင်းချောင်ရှောင်းက အော်ဟစ်လိုက်သည်။

ပခုံးပေါ်တွင် လောင်ချာကို ထမ်းတင်ထားသော ရှောင်ကျီသည် အထူးလုပ်ဆောင်ချက်ကို အသုံးပြုကာဖြင့် ချက်ချင်း ပစ်ခတ်လိုက်တော့၏။

ဘန်း။

အဖြူရောင် အငွေ့များသည် ပြောင်းဝဆီမှ ထွက်ပေါ်လာသည်။

လောင်ချာဆီမှ အမြှောက်ဆံကြီးသည် လေထုထဲတွင် ဖြတ်သန်းလာပြီးသည့်နောက်မှာတော့ ချာချာလည်လျက်ရှိပြီး ပစ်မှတ်ဆီသို့ ပြေးဝင်သွား၏။

တစ်ခြားနေရာတွင် ကြည့်ရှုနေကြသော ကျင့်ကြံသူများသည် ထိုအချင်းအရာကို မြင်ရချိန်မှာတော့ တောက်ပအလင်းနတ်ဂိုဏ်းမှ အကြီးအကဲတစ်ယောက် သတိလစ် မေ့မျောသွားသည့် အဖြစ်သနှစ် ကို ပြန်လည် မြင်ယောင်လာကြသည်။

ဟမ်

သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူသည် ၎င်းဆီသို့ ပစ်မှတ်ထား ရောက်ရှိလာခဲ့သည့် လက်နက်၏ တည်နေရာလှုပ်ရှားမှုကို မြင်ရသည့် အချိန်မှာတော့ နှုတ်ခမ်းထောင့်များ ကော့တက်သွားသည်။ ပြီးနောက် သူသည် သက်တောင့်သက်သာဖြင့် တည်နေရာရွေ့ပြောင်းလိုက်သည်။ ပြီးနောက် လျှပ်ပျက်သကဲ့သို့ တောင်ကြား၏ တည်နေရာထဲသို့ ရောက်ရှိသွား၏။

ဟူး။

များပြားလှသော စိတ်ဝိညာဉ်စွမ်းအင်လှိုင်းများ ဖြစ်တည်လာပြီးသည့်နောက် တည်နေရာတစ်ခုလုံး လှုပ်ရှားသွား၏။ သူသည် တောင်ကြားကြီးတစ်ခုလုံးကို ထပ်မံစည်းခတ်ရန် ပြင်ဆင်လိုက်၏။ ထိုမှသာလျှင် ပြိုင်စံရှား ဂိုဏ်းမှ တပည့်များသည် ဝင်ချင်ဝင် ထွက်ချင်ထွက် ပြုလုပ်၍ မရတော့မှာ ဖြစ်သည်။

"သတိထား"

ထိုအချိန်မှာပဲ သူ၏ အနောက်ဘက်တွင် ရှိနေသော တောက်ပအလင်းနတ်ဂိုဏ်းမှ ကျွမ်းကျင်သူသည် အော်ဟစ် သတိပေးလိုက်၏။

သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူသည် စိတ်ဝိညာဉ်စွမ်းအင်များ လှုပ်ခတ်သွားသည်ကို သိရှိလိုက်ရ၏။ သူ၏ တည်နေရာဆီသို့ အလင်းတန်းတစ်ခုသည် မြန်ဆန်စွာ ရောက်ရှိလာသည်ကို မြင်ရချိန်မှာတော့ သူ၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွား၏။

ရွှီ။

လောကပုန်ကန်နတ်ဂိုဏ်းမှ ကျွမ်းကျင်သူသည် တည်နေရာအက်ကွဲကြောင်းထဲသို့ တိုးဝင်ကာ ပျောက်ကွယ်သွား၏။ သူ၏ နှုတ်ခမ်းထောင့်များတွင် အပြုံးတစ်ခု ဖြစ်တည်လာသည်။ သူ့အတွက် ဤကဲ့သို့သော လက်နက်၏ တိုက်ခိုက်မှုမှာ ကလေးကစားစရာ တစ်ခုလိုပင်။

ဝုန်း

ရုတ်တရက် ဆိုသလိုပဲ ပေါက်ကွဲမှုကြီး ဖြစ်တည်လာပြီးသည့်နောက်မှာတော့ မီးပန်းကဲ့သို့ တစ်လက်လက်နှင့် မီးအလင်းတန်းများ ဖြစ်တည်လာ၏။

လေတစ်ချက် တိုက်ခတ်သွားပြီးသည့်နောက်မှာတော့ အဖြူရောင် အခိုးငွေ့များသည် ပျောက်ကွယ်သွားခဲ့ တော့သည်။

လောကပုန်ကန် နတ်ဂိုဏ်း၏ ကျင့်ကြံသူသည် လေထဲတွင် မတ်မတ်ရပ်လျက်ရှိနေသည် ဆိုသော်လည်း သူ၏ ခန္ဓာကိုယ်မှာတော့ လောင်ချာ၏ ပစ်ခတ်မှုကို ခံလိုက်ရပြီး တစ်ကိုယ်လုံး မဲတူးလျက်ရှိနေတော့၏။ ဆံပင်များသည် ရှုပ်ပွလျက်ရှိပြီး မျက်နှာကြီးတစ်ခုလုံးသည်လည်း မဲပြာနေ၏။

နတ်ဘုရား အဆင့် အဆင့်မြှင့်တင်ထားသော လောင်ချာ၏ စွမ်းအင်သည် သိုင်းအုပ်စိုးသူ ထိပ်ဆုံး အဆင့် အကြီးအကဲအား သတိလစ်မေ့မျောအောင် တိုက်ခိုက်နိုင်စွမ်းရှိသည်။ ထို့အတူပဲ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူကိုလည်း တိုက်ခိုက်နိုင်ခဲ့တော့သည်။

ကြီးမားလှသည့် ဒဏ်ရာမျိုး မဖြစ်ခဲ့ဖူးဆိုလျှင်တောင်မှ ထိရောက်သည့် တိုက်ခိုက်မှုမျိုး ဖြစ်စေခဲ့သည်။ ဤအချက်ကပင် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူအတွက် အရှက်ရစရာ ဖြစ်နေတော့သည်။

ထို့အပြင် လူပေါင်းများစွာ ဖြစ်ပေါ်မှုအောက်တွင် ဤကဲ့သို့ ဖြစ်ပျက်ခဲ့ခြင်းပင် ဖြစ်သည်။ အလွန်ပင် ရှက်ရွံ့စရာ ကောင်းလွန်းလှ၏။

All Chapters