အခန်း (၇၆၁)
Vol. 51 Ch. 761
သံမဏိအရိုးတောင်၏ တည်နေရာထဲမှာတော့ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူသုံးယောက်တို့သည် တွင်းနက် ထဲတွင် သတိလစ်မေ့မျောလျက်ရှိနေကြသည်။
၎င်းတို့သည် တူညီသည့်မိသားစုမှ လာကြသည်မဟုတ်သော်လည်း တွင်းကြီးထဲမှာတော့ ညီညီညာညာနှင့် လဲလျောင်းလျက်ရှိနေသည်။ ၎င်းတို့၏ သွင်ပြင်အမူအရာများသည်လည်း တူညီလျက်ရှိ၏။
“အံ့အားသင့်စရာပဲ”
ပြိုင်စံရှားဂိုဏ်း၏ တပည့်များအားလုံးသည်လည်း မျက်လုံးပြူးသွားမိကြ၏။ ၎င်းတို့သည် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူနှင့် တိုက်ခိုက်ဖူးကြသည်မဟုတ်သော်လည်း ထိုသူများဆီမှ ထွက်ပေါ်လာသော အော်ရာများသည် ၎င်းတို့ မော့ကြည့်ရမည့် တည်ရှိသူများ ဖြစ်သည်။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ မိစ္ဆာသူတော်စင် ဝူကျူး၏ လက်ချက်ဖြင့် လွယ်လွယ်ကူကူ သတိလစ်မေ့မျောသွားခဲ့ကြရတော့သည်။
“ဂျူနီယာညီလေးရီ”
လီဖေးသည် အားကျစွာဖြင့် ပြောလိုက်၏။ “ငါတို့ ဘယ်တော့ စီနီယာဝူကျူးလိုမျိုး အားကောင်းလာနိုင်မှာလဲ”
ရီရှင်းချန်၏ အမူအရာများသည် အေးစက်လျက်ရှိ၏။ သူသည် တွေးတောနေမိသည်။ ဒီလူတွေ သိုင်းနယ်မြေတစ်ယောက်ကိုတောင် တုန်လှုပ်နေတာ သိုင်းအင်ပါယာတစ်ယောက်ရဲ့ တိုက်ခိုက်ချက်ကိုသာ မြင်ရမယ်ဆိုရင် မျက်လုံးတွေ ပြူးထွက်သွားမတတ် ထိတ်လန့်သွားမိလိမ့်မယ်။
ကျွန်ုပ်တို့ ညအင်ပါယာ၏ စိတ်နှလုံးသားများသည် တည်ငြိမ်လျက်ရှိသည်။ သို့ပေမဲ့ သူ၏ထိပ်ဆုံးအဆင့်သို့ မြန်မြန်ပြန်ရောက်ချင်သည့် အလိုဆန္ဒများသည် အလွန်တရာ အားကောင်းလာခဲ့၏။ အရင်တုန်းကသာဆိုလျှင် ရီရှင်းချန်သည် သူ၏ သိုင်းအင်ပါယာ ကျင့်ကြံခြင်းအဆင့်ကို တစ်လှမ်းချင်းဆီ လျှောက်သွားပြီး လက်စားချေရန် စဉ်းစားမိပေလိမ့်မည်။
လက်ရှိအခြေအနေတွင် တွေးတောမိနေသည်မှာတော့ သူအနေနှင့် အရေးအကြောင်း ကိစ္စရပ်များတွင် ဘေးမှ ပွဲကြည့်ပရိသတ်လို ရပ်၍ ကြည့်မနေချင်ပေ။ သူ၏ ညီနောင်ရောင်းရင်းများ၏ ရှေ့တွင်ထွက်၍ တိုက်ခိုက်ချင် နေမိ၏။ သူသည် ဤကဲ့သို့ တိုက်ခိုက်ချင်စိတ်များလည်း ပို၍ တိုးပွားလာပြီးနောက် စိတ်ဆန္ဒများလည်း အလုံးစုံပြောင်းလဲ သွားခဲ့တော့သည်။ ဂိုဏ်းနှင့် တစ်သားတည်းဖြစ်တည်နေသည့် ခံစားချက်များကို ရရှိနေသည်။
သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူသုံးယောက်တို့ ချက်ချင်းမေ့မျောသွားသည်ကို မြင်ရချိန်မှာတော့ အပျော်ဆုံးလူမှာ ကျွင်းချောင်ရှောင်းပင် ဖြစ်တော့သည်။ သူ၏ရင်ထဲတွင်ရှိသော စိတ်ဝိညာဉ်ကျောက်တုံးများ သန်းနှင့်ချီ ကုန်ဆုံးသွားသည့် အချင်းအရာမှာ လက်ရှိအခြေအနေတွင် လုံးဝ စိတ်ကျေနပ်မှု ရရှိသွားခဲ့ပြီဖြစ်၏။
“ထိုက်တန်တယ်၊ အရမ်းကို ထိုက်တန်တယ်”
တင်းရှင်းဝမ်သည် အဝေးတစ်နေရာတွင် ရှိသော သိုင်းနယ်မြေ ကျင့်ကြံသူကို ကြည့်ပြီး ပြုံး၍ ပြောလိုက်၏။ “ကောင်လေး... ဒီအဘိုးကြီးက မင်းရဲ့အားအင်အဆင့်ကို သိချင်တယ်”
“…...” တောက်ပအလင်းနတ်ဂိုဏ်းဆီမှ ကျွမ်းကျင်သူ၏ နဖူးပေါ်တွင်တော့ ချွေးသီးချွေးပေါက်များ ကျလျက်ရှိသည်။ ခဏလောက် စဉ်းစားပြီးသည့်နောက်မှာတော့ သူသည် လက်သီးကိုဆုပ်ကာ ပြောလိုက်သည်။ “ရက်တွေအများကြီး ရှိပါသေးတယ်၊ နောက်ရက်မှ တိုက်ခိုက်ကြတာပေါ့”
ဒွီ
ပြောပြီးသည့်နောက်မှာတော့ တည်နေရာတစ်ခုလုံးတုန်ခါသွားပြီး ထိုသူသည် ပျောက်ကွယ်သွားတော့၏။
ဤကဲ့သို့ ထွက်ပြေးသွားခဲ့သည်လား။ ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်သွားသည် “ဒါ အရမ်းကို ကြောက်လွန်းအားကြီးတယ်”
သူ့အနေနှင့် ကြောက်ရွံ့ခဲ့ခြင်း မဟုတ်ပေ။ မိစ္ဆာသူတော်စင်ဝူကျူး၏ တိုက်ခိုက်ချက်များသည် အလွန်အားကောင်းလွန်းလှ၏။ ထို့အပြင် လွန်ခဲ့သည် နှစ်ပေါင်းသုံးထောင်ကတည်းက သိုင်းနယ်မြေအဆင့်ကို ချိုးဖြတ်ရောက်ရှိခဲ့သူ လည်းဖြစ်၏။ တောက်ပအလင်းနတ်ဂိုဏ်းမှ ကျွမ်းကျင်သူသည် သဘာဝအားဖြင့် ကြောက်ရွံ့ရပေမည်။ သူ့အနေနှင့် အားလုံးက လေးစားရသော သိုင်းနယ်မြေကျင့်ကြံသူတစ်ယောက်ဖြစ်သည်မို့ တစ်ဖက်လူအား ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်းရှိ၏။ သို့ပေမဲ့ မိစ္ဆာသူတော်စင် ဝူကျူးသည် မိစ္ဆာကျင့်ကြံသူတစ်ယောက် ဖြစ်သည်မို့ မည်ကဲ့သို့သော လှည့်ကွက်များ၊ ညစ်ပတ်မှုများ ထုတ်ဖော်၍ တိုက်ခိုက်မည်ကို သူသေချာ မသိချေ။ ထို့ကြောင့် တိုက်ခိုက်မည်ဆိုပါက ကျိန်းသေပေါက် ရှုံးနိမ့်နိုင်၏။
“ဘယ်လိုလုပ်ထွက်သွားတာလဲ”
တင်းရှင်းဝမ်သည် မျက်မှောင်ကုတ်လိုက်မိ၏။ ပြီးသည့်နောက် ချက်ချင်းဆိုသလိုပဲ တည်နေရာရွေ့ပြောင်းခြင်း အားအင်ကို အသုံးပြုကာ ထိုသူ့နောက်သို့ လိုက်တော့သည်။ သူသည် တစ်ဖက်လူအား ထိုကဲ့သို့ မလွတ်ပေးလိုက်ချင်ပေ။ ထို့ပြင် သူ၏ အားအင်အဆင့်များသည် ယခုမှ ပြန်လည်ကောင်းမွန်လာခြင်းဖြစ်သည်။ ထို့ကြောင့် အဆင်တူစွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်နှင့် ယှဉ်ပြိုင် တိုက်ခိုက်ချင်စိတ်များသည် အသွေးအသားထဲက တောင့်တနေခြင်းပင်ဖြစ်သည်။
သိုင်းနယ်မြေကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားပြီးသည့် နောက်မှာ တည်နေရာတစ်ခုလုံးသည် တုန်ခါလျက်ရှိ၏။
"ကိုယ့်လူတို့"
ကျွင်းချောင်ရှောင်းသည် လက်ကိုယမ်းခါကာ ပြောလိုက်၏။ “ဒီသုံးယောက်ကို ကြိုးနဲ့ချည်ထားလိုက်တော့"
"ကောင်းပါပြီ"
လီဖေး၊ ရှောင်ကျီနှင့် တခြားသူများသည် စတင်ကာ လှုပ်ရှားလိုက်တော့သည်။ ၎င်းတို့ အားလုံးသည် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူ သုံးယောက်ကို ကြိုးချည်ရသည် ခံစားချက်မှာ အလွန်တရာ ကောင်းမွန်သည်ဟု ခံစားမိနေ၏။
……..
လောကပုန်ကန်နတ်ဂိုဏ်း၏ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူသည် အကျဉ်းထောင်၏ မြေပေါ်တွင် အားပျော့စွာဖြင့် လဲလျောင်းလျက်ရှိတော့သည်။ သူ၏စိတ်ထဲမှာတော့ ကြိမ်းဝါးလျက်ရှိနေသည်။ "အကြီးအကဲတွေ လာကယ်လို့ရှိရင် မင်းတို့တွေ နာပြီပေါ့ကွာ"
သူသည် ဤအခြေအနေကို ကျိန်းသေပေါက် အံကြိတ်ကာ ခုခံလျက်ရှိ၏။ ပြိုင်စံရှားဂိုဏ်းသားများအား ပထမအဆင့် သို့မဟုတ် ဒုတိယအဆင့်ဂိုဏ်းများကို ရန်ပြုခြင်း၏ အကျိုးဆက်ကို ကောင်းကောင်း နားလည်စေရန် သူ၏ ဂိုဏ်းသည် မကြာမီ သူ့အား လာရောက်ကယ်တင်၍ ဂိုဏ်းတစ်ခုလုံးကို တိုက်ခိုက်တော့မည်ဟု ထင်မှတ်နေ၏။
ကျွီ …။
ရုတ်တရက်ဆိုသလိုပဲ အကျဉ်းထောင်တံခါးသည် ပွင့်သွား၏။ သူသည် ဘေးတစ်ဖက်ဆီသို့ အသာခေါင်းလှည့်ကာ ကြည့်ရှုလိုက်သည့်နောက်မှာတော့ သူ၏ရှေ့ဆီသို့ လူသုံးယောက်သည် တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာ၏။ ထိုသူများ အားလုံးသည် ခွေးသေကောင်များကဲ့သို့ပင် မလှုပ်မယှက်နှင့် လဲလျက်ရှိနေသည်။
"အကြီးအကဲချင်၊ အကြီးအကဲဝူ"
ထိုသုံးယောက်၏ အသွင်သဏ္ဍာန်များကို မြင်ရချိန်မှာတော့ သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူ၏ မျက်လုံးများသည် ပြူးကျယ်သွားသည်။ အဘယ်ကြောင့် ထိုသူများသည် ၎င်းကဲ့သို့ ဖမ်းဆီးခံရသနည်း။ ထိုသူများ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ပြာနှမ်းလျက်ရှိနေပြီး အဆိပ်မိထားသလို ဖြစ်နေသည်။
"အင်း"
ကျိုးဒူဒူသည် ခေါင်းကိုယမ်းခါကာ ပြောလိုက်၏။ "နောက်ထပ် သနားစရာကောင်းတဲ့လူသုံးယောက် ရောက်လာပြန်ပြီ"
သူသည် ပြိုင်စံရှားဂိုဏ်း၏ ထာဝရ တစ်သက်တစ်ကျွန်း အကျဉ်းသား ဖြစ်နေသည်မို့ ဤအကျဉ်းထောင်ထဲသို့ လူများ ဝင်လိုက်၊ ထွက်လိုက် ဖြစ်နေသည်ကို မြင်ခဲ့ဖူးပြီဖြစ်၏။ ထိုသူတို့ အားလုံးသည် ဆိုးဆိုးရွားရွား အခြေအနေနှင့် ပြန်ထွက်သွားမှာ သေချာသည်။
ဟုတ်ပေသည်။ ယခုရောက်လာသူများသည် သိုင်းနယ်မြေ တစ်ပိုင်း ကျင့်ကြံသူများဖြစ်သည်ကို သူမသိရှိပေ။ ထိုအရာကိုသာ သိရှိမည်ဆိုပါက ထိတ်လန့်ကြောက်ရွံ့စွာဖြင့် ထောင့်တစ်ခုတွင် တုန်နေမိမှာ သေချာ၏။ သူသည် လက်ချောင်းများကို ကိုက်ကာဖြင့် ထိတ်လန့်စွာ ထအော်မိပေလိမ့်မည်။ “ငါ့ရဲ့ အခန်းဖော်တွေက တကယ့်ဆရာကြီးတွေပါလား”
………..
“ဟောခန်းသခင်လီ”
ကျွင်းချောင်ရှောင်းသည် မိုးဆွေဟောခန်းထဲမှာ ထိုင်ပြီးသည့်နောက် စားပွဲကို တတောက်တောက်နှင့်ခေါက်ကာ ပြောလိုက်တော့သည်။ “တောက်ပအလင်းနတ်ဂိုဏ်းနှင့် လောကပုန်ကန်နတ်ဂိုဏ်းတွေကို စာပို့လိုက်၊ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူ တွေအတွက် တစ်ယောက်ကို စိတ်ဝိညာဉ်ကျောက်တုံး သုံးသန်း”
ပထမအဆင့်နှင့် ဒုတိယအဆင့်ဂိုဏ်းများသည် ၎င်းတို့၏ လူများကို တစ်ယောက်ပြီး တစ်ယောက် စေလွှတ်ခဲ့၏။ ထို့ကြောင့် ပိုက်ဆံပို၍ တောင်းရပေလိမ့်မည်။
“ကောင်းပါပြီ”
လီလိုရှုသည် ချက်ချင်းဆိုသလိုပဲ လှုပ်ရှားတော့သည်။ တစ်ချိန်တည်းမှာပဲ မိုးဆွေဟောခန်းမှ တပည့်များသည် မြန်မြန်ဆန်ဆန်ဖြင့် ဂိုဏ်းနှစ်ဂိုဏ်းဆီသို့ စာများ ပို့လွှတ်တော့သည်။
“ချီးတဲ့မှ”
တောက်ပအလင်းနတ်ဂိုဏ်း၏ အဓိက ဟောခန်းထဲမှာတော့ ဒုတိယဂိုဏ်းချုပ်သည် ဒေါသတကြီးဖြင့် စားပွဲအား ထုနှက်ကာ ပြောလိုက်၏။ “ဟယ်ချင်းရွှမ် ဘာသွားလုပ်တာလဲ”
ဟယ်ချင်းရွှမ်ဆိုသည်မှာ အဘိုးကြီးတင်း နောက်မှလိုက်၍ တိုက်ခိုက်သောကြောင့် ထွက်ပြေးနေရသော သိုင်းနယ်မြေကျင့်ကြံသူ ဖြစ်တော့သည်။
ထို့ပြင် ၎င်းတို့ဂိုဏ်းမှ သိုင်းနယ်မြေကျင့်ကြံသူ ဟယ်ချင်းရွှမ် သည် ဘယ်ရောက်နေမှန်း မသိသလို၊ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူနှစ်ယောက်ကလည်း အဘယ်ကြောင့် ပြိုင်စံရှားဂိုဏ်း၏ ဖမ်းဆီးခြင်းကို ခံရသနည်း။ ထို့ပြင် ပြန်ပေးဆွဲသကဲ့သို့ လာရောက်ရွေးယူရန်ပင် စာပို့နေသေးသည်။
ဝှစ်
ထိုအချိန်မှာတော့ ဟယ်ချင်းရွှမ်သည် အပြင်ဘက်မှ ပြန်လည်ရောက်ရှိလာ၏။ ပြီးနောက် စားပွဲခုံမှာ ထိုင်ပြီးသည့် နောက် ချွေးသီးချွေးပေါက်များသည် သူ၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်နေသည်။ အသက်ကိုပင် မနည်းရှူနေ၏။
ထိုအချင်းအရာကို မြင်တော့ ဒုဂိုဏ်းချုပ်နှင့် တခြားသူများသည် ဆွံ့အသွားတော့သည်။ “ဘာဖြစ်လာတာလဲ”
“မပြောပါနဲ့တော့”
ဟယ်ချင်းရွှမ်က ပြောလိုက်သည်။ “လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင်ကျော်ကတည်းက ပျောက်ဆုံးနေတဲ့ မိစ္ဆာသူတော်စင်ဝူကျူးက ပြိုင်စံရှားဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ဖြစ်နေတယ်။ သူ ကျုပ်ကိုလိုက်လို့ မိုင်ပေါင်းထောင်ကျော် ထွက်ပြေးနေရတာ၊ အခုမှ ပြန်ရောက်တယ်”
“ဘာ”
ဒုတိယဂိုဏ်းချုပ်သည် ထိတ်လန့်တုန်လှုပ်သွား၏။ “မိစ္ဆာသူတော်စင် ဝူကျူး ဟုတ်လား”
“မဟုတ်သေးဘူး၊ ဒီအဘိုးကြီးက မျက်နှာတစ်ရာ ဆေးသူတော်စင်ရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရတာ မဟုတ်လား၊ ဘယ်လိုဖြစ်ပြီး အသက်ရှင်နေသေးတာလဲ” အကြီးအကဲတစ်ယောက်သည် မယုံကြည်နိုင်သလို ပြောလိုက်၏။
ဒုဂိုဏ်းချုပ်သည် လေးလေးနက်နက် ပြောလိုက်တော့သည်။ “အဲတာ မိစ္ဆာသူတော်စင် ဝူကျူးဆိုတာ သေချာလား”
ဤမေးခွန်းကို ကြားသည့်အချိန်မှာတော့ ဟယ်ချင်းရွှမ် သည် ပြိုလဲတော့မလို ဖြစ်သွားသည်။
“ကျုပ်က သိုင်းနယ်မြေကျင့်ကြံသူပါ၊ ဒီလောက်အရှိန်အဝါကြီးတဲ့ ကျင့်ကြံသူတစ်ယောက် လိုက်လံတိုက်ခိုက်တာ မဟုတ်ရင် ဘာလို့ ဒီလောက် ဆိုးဆိုးရွားရွား အခြေအနေမျိုးနှင့် ထွက်ပြေးလာရမှာလဲ၊ သူက ရတနာငါးပါး လက်ဝါးရိုက်ချက်ကို အသုံးပြုပြီး အကြီးအကဲချင်နဲ့ အကြီးအကဲစွန်းတို့ကို ဒဏ်ရာရရှိအောင် လုပ်ခဲ့တယ်၊ ကျိန်းသေပေါက် မိစ္ဆာသူတော်စင် ဝူကျူးပဲ” သူသည် တိကျခိုင်မာစွာ ပြောလိုက်၏။
“ဘာ…. အကြီးအကဲချင်နဲ့ အကြီးအကဲစွန်းတို့က ရတနာငါးပါး လက်ဝါးချက်ကြောင့် ဒဏ်ရာ ရရှိခဲ့တယ် ဟုတ်လား”
ဒုဂိုဏ်းချုပ်သည် ရုတ်တရက်ဆိုသလိုပဲ ပူပန်သွားမိ၏။ ထို့ပြင် ဤသိုင်းကျင့်ကြံခြင်းနည်းစနစ်သည် အလွန်တရာ ကြမ်းတမ်းသည်ဆိုကြောင်းကို သူကောင်းကောင်း သိ၏။ သေမတတ် ဆိုးရွားသည့် နာကျင်မှုမျိုးကို ခံရ၏။
သူခန့်မှန်းခဲ့သည်မှာလည်း အမှန်ပင်ဖြစ်သည်။ အကျဉ်းထောင်ထဲတွင် ဖမ်းဆီးခံထားရသော သိုင်းနယ်မြေ တစ်ပိုင်း ကျင့်ကြံသူ သုံးယောက်တို့သည် သတိလစ်မေ့မျောနေရာမှ နိုးထလာပြီးသည့်နောက်မှာတော့ ၎င်းတို့၏ အသားအရေများသည် ပြာနှမ်းလျက် ရှိနေသည်။ သူတို့သည် ခန္ဓာကိုယ်ကို ကွေးကွေးလေး ပြုလုပ်ကာဖြင့် တဆတ်ဆတ်နှင့် တုန်ရင်နေတော့သည်။ ၎င်းတို့၏ ခန္ဓာကိုယ်ထဲရှိ မိစ္ဆာချီများသည် မရီဒန်များကို ချိုးဖြတ် တိုက်စားနေသည်။ ၎င်းတို့၏ အသိစိတ်ထဲ သို့ပင် နာကျင်မှုသည် ရောက်ရှိလျက်ရှိသည်။
အား အား အား
အားနည်းပြီး နာကျင်လှသော အော်ဟစ်သံများသည် အကျဉ်းထောင်ထဲတွင် ထွက်ပေါ်လျက်ရှိသည်။ ထိုအသံသည် ညနက်ထဲမှာတော့ သရဲတစ္ဆေများ အော်ဟစ်နေသည့် အသံနှင့် ဆင်တူ၏။
“ကောင်းကင်ဘုံ…”
ကျိုးဒူဒူသည် အခန်းထောင့်တစ်နေရာတွင် ကွေးကွေးလေးရှိနေပြီး အသစ်ဝင်လာသော အကျဉ်းသား သုံးယောက်အား ကြည့်ရှုလျက်ရှိသည်။ ထိုသူတို့၏ ခန္ဓာကိုယ်သည် မိစ္ဆာချီများဖြင့် ဖုံးလွှမ်းလျက်ရှိနေ၏။ သူသည် ထိတ်လန့်ကြောက်ရွံ့ရလွန်းသောကြောင့် သွားချင်းရိုက်ပြီး တဂတ်ဂတ်နှင့် အသံထွက်လို့ပင်နေသည်။
“ဂိုဏ်းချုပ်”
အကျဉ်းထောင်၏ အပြင်ဘက်မှာတော့ တင်းရှင်းဝမ်သည် ဂုဏ်ယူစွာဖြင့် ပြောလိုက်တော့သည်။ “ကျုပ်ရဲ့ ရတနာငါးပါးလက်ဝါးချက်ကို ရိုက်နှက်ခံရပြီးတဲ့နောက် သူတို့အားလုံးက သုံးရက်ထက်မနည်း မိစ္ဆာချီတွေ တိုက်စားမှုကို ခံနေရမယ်၊ အဲဒီဖြစ်စဉ်တစ်ခုလုံးက သေချင်စိတ်ပေါက်တဲ့အထိ နာကျင်လိမ့်မယ်"
"ကျုပ်ဒါကိုမြင်တယ်" ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
"အဘိုးတင်း"
ရောင်မုန့်ယဉ်သည် မျက်လုံးကလေး ပေကလပ် ပေကလပ် လုပ်ကာဖြင့် မျှော်လင့်တကြီး ပြောလိုက်၏။ "အဲဒီရတနာငါးပါး လက်ဝါးရိုက်ချက်ကို သင်ပေးနိုင်မလား"
"ဒါက"
တင်းရှင်းဝမ်သည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ "ဒီတိုက်ကွက်က အရမ်းကို အားကောင်းတယ်ဆိုပေမယ့် လေ့ကျင့်ရတဲ့ ဖြစ်စဉ်တစ်ခုလုံးကလည်း နာကျင်တယ်လေ၊ မင်းအနေနဲ့ ကျင့်ကြံဖို့ မသင့်တော်ဘူး"
"ကျွန်မ မကြောက်ဘူး" ေ"အဘိုးကြီးတင်း... ဒီမိန်းကလေးက သင်ချင်တယ်ဆိုမှတော့ သင်ပေးလိုက်ပါ"
“.....”
တင်းရှင်းဝမ်က ပြောလိုက်သည်။ "ကောင်းပြီ၊ ဒါဆိုရင် မနက်ဖြန်ကစပြီး သင်ပေးမယ်"
"ကျေးဇူးပါ အဘိုးတင်း"
"ကျေးဇူးပါ ဂိုဏ်းချုပ်" ရောင်မုန့်ယဉ်သည် ပျော်ရွှင်စွာဖြင့် ခုန်ပေါက်ကာ ထွက်ခွာသွားတော့သည်။
တင်းရှင်းဝမ်သည် လေးလေးနက်နက် ပြောလိုက်၏။ "ဂိုဏ်းချုပ်... ဒီမိန်းကလေးက သန္ဓေနတ်ဆိုးခန္ဓာကိုယ်ကို ပိုင်ဆိုင်တယ်လေ၊ မိစ္ဆာနည်းစနစ်၊ သိုင်းနည်းစနစ်တွေနဲ့ ထိတွေ့လာရင် အနာဂတ်မှာ ပိုဆိုးလာမှာ မစိုးရိမ်ဘူးလား"
"သူမက သာမန်လူတွေနဲ့ အပြစ်ကင်းစင်တဲ့လူတွေကို ထိခိုက်နာကျင်အောင်လုပ်ပြီး မသတ်ဖြတ်ဘူးဆိုရင် ဘာပြဿနာပဲရှိရှိ ကျုပ်က သူမကို စောင့်ရှောက်ရမှာပဲလေ" ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
သူ၏ ဂိုဏ်းထဲတွင် အတွေးအခေါ်တစ်ခု ရှိနေသည်။ ထိုအရာမှာ တခြားသောသူများ ထိခိုက်နာကျင်အောင် မပြုလုပ်သည်ဆိုပါက မည်သည့်လမ်းစဉ်ကိုပင် ရွေးချယ်ရွေးချယ် မှန်ကန်စွာ လျှောက်လှမ်းသွားရန်သာ ရှိတော့၏။ သိုင်းပညာလမ်းစဉ်၊ ဓားလမ်းစဉ်၊ မိစ္ဆာလမ်းစဉ်၊ နတ်ဆိုးလမ်းစဉ် မည်သည်ဖြစ်ဖြစ် အရေးမကြီးပေ။ အသုံးပြုသူနှင့် ကျင့်ကြံသူ၏ စိတ်ကသာ အရေးကြီးပေ၏။
........
နောက်တစ်ရက်မှာတော့ တင်းရှင်းဝမ်သည် ရောင်မုန့်ယဉ်အား ခေါ်ယူ၍ ရတနာငါးပါး လက်ဝါးရိုက်ချက်အား သေသေချာချာ၊ စိတ်ရှည်ရှည်ဖြင့် သင်ပေးတော့သည်။
ဤမိန်းကလေးသည် သန္ဓေနတ်ဆိုးခန္ဓာကိုယ်ကို ပိုင်ဆိုင်၏။ ထို့ကြောင့် မိစ္ဆာနည်းစနစ်များကို ကျင့်ကြံရာတွင် သူမ၏ အမြန်နှုန်းသည် အလွန်တရာ မြန်ဆန်၏။ နေ့ဝက်အတွင်းမှာပဲ သူမသည် သိုင်းကျင့်ကြံခြင်း နည်းစနစ် တစ်ခုလုံးကို နားလည်သွား၏။ အံ့အားသင့်စရာ ကောင်းလှချေသည်။
ဟမ်
နေ့လယ်သို့ရောက်ရှိချိန်မှာတော့ အဘိုးကြီးတင်းသည် အပြင်ဘက်ဆီမှ အလွန်တရာ အားကောင်းလှသော စိတ်ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်နေသည်ကို ခံစားမိ၏။ ထို့ကြောင့် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။
"ထပ်ပြီး လာပြန်ပြီလား"
ဝှစ် ဝှစ်
မကြာခင်မှာပဲ တောက်ပအလင်းနတ်ဂိုဏ်းဆီမှ ဒုဂိုဏ်းချုပ်သည် ဟယ်ချင်းရွှမ်ကို ခေါ်ဆောင်ကာဖြင့် သံမဏိအရိုးဂိုဏ်း၏ အပြင်ဘက်ဆီသို့ ရောက်ရှိလာသည်။
"ဂိုဏ်းချုပ်ကျွင်း .... ကျုပ်တို့အေးအေးဆေးဆေး စကားပြောလို့ ရနိုင်မလား"
ကျွင်းချောင်ရှောင်းသည် ကြည်လင်ရှင်းသော အသံဖြင့်ပြောလိုက်၏။ "ခင်ဗျားတို့ရဲ့ မြင့်မြတ်လှတဲ့ဂိုဏ်းက လာပြီးညှိနှိုင်းတာ ဆိုမှတော့ ကျုပ်ကလည်း ဝမ်းမြောက်ဝမ်းသာနဲ့ ကြိုဆိုရတော့မှာပေါ့"