အခန်း (၇၆၃)
Vol. 51 Ch. 763
ကျွီ
အကျဉ်းထောင်တံခါးကြီး ထပ်မံပွင့်သွားခဲ့၏။
လောကပုန်ကန်နAတ်ဂိုဏ်းမှ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူနှစ်ယောက်တို့သည် ၎င်းတို့၏ အားနည်းလှသော ခန္ဓာကိုယ်ကို အသာ ထန်းကျောင်းရင်း အပြင်ဘက်သို့ ထွက်လာ၏။ နေအလင်းရောင်ကို ပြန်လည် ရပြီးသည့်နောက်မှာတော့ ၎င်းတို့၏ နှလုံးသားထဲတွင် ရောထွေးလှသော ခံစားချက်များနှင့် ပြည့်နက်လျက်ရှိသည်။
၎င်းတို့သည် တောင်ပိုင်း သဲကန္တာရထဲသို့ ဝင်၍ ကြောက်မက်ဖွယ်ရာ ကောင်းလှသော အစီအရင်များကိုလည်း ကျော်ဖြတ်ဖူး၏။ မြောက်ပိုင်း သဲကန္တာရသို့သွား၍ ပြိုင်ဘက်ကင်းစွမ်းအားကြီးလှသော မွန်းစတားများနှင့် တိုက်ခိုက်ခဲ့ဖူး၏။
၎င်းတို့နှစ်ယောက်လုံးအား ကျင့်ကြံခြင်း လောကတွင် တကယ့်ကို အရည်အချင်းရှိသည့် လူများဟု သတ်မှတ်နိုင်သည်။ သို့ပေမဲ့ ဤကဲ့သို့သော နေ့မျိုးတွင် အကျဉ်းသားတစ်ယောက် အဖြစ် ဖမ်းဆီးခံလိုက်ရပြီး ပိုက်ဆံဖြင့် လာရောက် ရွေးယူခြင်းကို ခံရလိမ့်မည်ဟု မည်သူက ထင်မှတ်ကြမည်နည်း။ "ဆန်းကြယ်လှသော လောကကြီးပါ့တကား"
"ခင်ဗျားတို့နှစ်ယောက်"
ကျွင်းချောင်ရှောင်းက ပြောသည်။ "အနာဂတ်မှာဆိုလည်း ရံဖန်ရံကာ ဆိုသလို လာခဲ့ကြအုံးပေါ့..."
သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူ နှစ်ယောက်တို့သည် ပြိုင်စံရှား ဂိုဏ်းဆီမှ ထွက်ခွာသွားခဲ့ပြီးသည့်နောက်မှာတော့ သူတို့၏ အဖော်များဆီသို့ ရောက်ရှိသွားခဲ့ကြတော့သည်။ ရံဖန်ရံကာ လာပြီး ကစားဖို့ဆိုသည်မှာတော့ ရူးနေသေးသူများသာလျှင် လာ၍ ကစားပေလိမ့်မည်။
ကျွီ
အကျဉ်းထောင်တံခါးသည် ပြန်လည်၍ ပိတ်သွား၏။
ပြီးသည့်နောက် နေအလင်းရောင် သည်လည်း တားဆီးခြင်း ခံလိုက်ရ၏။ စီနီယာကျသော အကျဉ်းသားကြီး ကျိုးဒူဒူ မှာတော့ အခန်း၏ ထောင့်တည်နေရာတွင် တစ်ယောက်တည်း တည်ရှိလို့နေ၏။ သူသည် မျက်လုံး ထောင့်တွင် ဝေ့တက်လာခဲ့သော မျက်ရည်စ များကို အသာသုတ်လိုက်မိသည်။
သူ၏ အကျဉ်းထောင်သားများသည် တစ်သုတ်ပြီးတစ်သုတ် ပြောင်းလဲသွားခဲ့သည်။ ဤနေရာတွင် မပြောင်းလဲဘဲ ကျန်ရှိနေသည့်သူမှာတော့ သူတစ်ယောက်တည်းသာ ဖြစ်၏။
အချိန်တွေကိုသာ ပြန်လည် နောက်ပြန် ဆုတ်ရမည် ဆိုလျှင် ကျိုးဒူဒူ သည် ကျွင်းချောင်ရှောင်း အဖြစ် ဟန်ဆောင်မည့်အစား တခြားသော သိုင်းအင်ပါယာ သို့မဟုတ် သိုင်းနယ်မြေတစ်ယောက် အဖြစ် ဟန်ဆောင်ရန်သာ စဉ်းစားပေလိမ့်မည်။
"ဂိုဏ်းချုပ် ဒီကောင်လေးက သနားဖို့ ကောင်းတာပဲ။ဘာ့ကြောင့် သူ့ကို မလွှတ်သေးတာလဲ" လီချင်းယန်သည် မနေနိုင်တော့ဘဲ မေးလိုက်၏။
ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ "အေး လွှတ်လိုက်ကြတာပေါ့ကွာ"
"ကျုပ်မသွားဘူး ကျုပ်မသွားဘူး"
အကျဉ်းထောင်ထဲတွင် ရှိသော ကျိုးဒူဒူ မှာ ထိုအသံကို ကြားသည့် အချိန်မှာတော့ အားရပါးရ ထအော်လိုက်၏။ "ကျုပ် ဒီမှာပဲ နေချင်တယ်။ကျုပ် ထမင်း စားချင်သေးတယ်။"
အကျဉ်းထောင်သားများကို ကျွေးသည့် အစားအစာများမှာ ကောင်းမွန်လွန်းလှသည်မဟုတ်သော်လည်း လျိုဝမ်ရှစ်၏ ထမင်းကြော်သည် သူ၏ ဝမ်းဗိုက်ကို သာယာမှု ရရှိစေခဲ့၏။
ထို့ကြောင့် သူ့အနေနှင့် စားသောက်ခြင်းကိုသာ အစဉ်အမြဲ ပြုလုပ်ရမည်ဆိုလျှင် အကျဉ်းထောင်ထဲတွင် လိုလို ချင်ချင်နှင့် နေထိုင်ရပေလိမ့်မည်။
သူ့ကို ကယ်လို့ မရတော့ဘူးပဲ။
လီချင်းယန်သည် လျှောက်ထွက်လိုက်၏။ ထိုအချိန်မှာတော့ သူသည် ရှောင်မိုရှန်း၏ နောက်သို့ အမြှီးထောင်ကာ လိုက်လျက်ရှိသော စိတ်ဝိညာဉ် ကြောင်အား မြင်လိုက်ရသည်။
၎င်းကြောင်လေး၏ မျက်လုံးထဲတွင်တော့ ၎င်းအား ချီစေချင်သည့် အရိပ်အယောင်များ ရှိလို့နေ၏။
ဟင်း။
လီချင်းယန်သည် အကူအညီမဲ့စွာဖြင့် ခေါင်းခါယမ်းလိုက်သည်။
ပြိုင်စံရှားဂိုဏ်းထဲတွင် ရှိသော မည်သူမဆိုသည် ထူးဆန်းသော အကျင့်စရိုက်နှင့် စိတ်နေစိတ်ထားများ ရှိကြသည်။ ထို့ကြောင့် ဤကြောင်ကလေး ကြောင်တောင်တောင် ဖြစ်နေသည်မှာ သာမာန်ပင် ဖြစ်ပေလိမ့်မည်။
လောကပုန်ကန် နတ်ဂိုဏ်းသည် သူတို့၏ အကျဉ်းသားနှစ်ယောက်ကို ပြန်လည်ရွေးရန် အတွက် စိတ်ဝိညာဉ် ကျောက်တုံး ၂သန်းကို အသုံးပြုခဲ့ရသည်။
အဓိက အားဖြင့် တစ်ဖက်လူသည် သေသေချာချာ ညှိနှိုင်းသော နေရာတွင် ကျွမ်းကျင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ကျွင်းချောင်ရှောင်း အနေနှင့် နိုင်အောင် မပြောနိုင်ဘဲ ဈေးကို ခြောက်သန်းမှသည် နှစ်သန်းဆီသို့ လျှော့ပေးခဲ့ရ၏။
လူတစ်ယောက်အတွက် စိတ်ဝိညာဉ် ကျောက်တုံး ၁သန်း။
ဤကိစ္စကိုသာ သိမည်ဆိုပါက တောက်ပအလင်းနတ်ဂိုဏ်းမှ ဒုတိယဂိုဏ်းချုပ်သည် ထမင်းပင် မြိုကျလိမ့်မည် မဟုတ်ချေ။
ကျွင်းချောင်ရှောင်း သည် အမိကမ္ဘာမြေဆီမှာ နေထိုင်စဉ်တုန်းက ဈေးကို ထက်ဝက်စစ်ကာ ဝယ်ယူဖူးသည့် အတွေ့အကြုံများအား စဉ်းစားမိ၏။ အတိတ်ကို ပြန်လည်စဉ်းစားကြည့်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် သက်မချလိုက်မိသည်။ "ငါ ဘယ်အချိန် ပြန်သွားနိုင်မှာလဲ"
သူ့အနေနှင့် အမိကမ္ဘာမြေတွင် ဆွေးမျိုးအရင်းအချာ တစ်ယောက်မှ မရှိဘူးဆိုသော်လည်း အင်တာနက်ဆိုင်သို့ သွားဖူးသည် ၊ ရုပ်ရှင်များ ကြည့်ဖူးသည် ၊ လူများရှုပ်ထွေးလျက်ရှိသော လမ်းမကြီးများတွင် လှမ်းလျှောက်လျက်ရှိသော လှပသည့် မိန်းကလေးငယ်များကို ကြည့်ရှုဖူးသည်။
ထို့အပြင် သူ၏ လက်ရှိ စွမ်းအင်အရဆိုလျှင် အင်တာနက်ပေါ်မှ စာဖတ်၍ bad review များ ပေးတတ်သော ၊ bad comment များ ပေးတတ်သော လူများဆီသို့ တစ်ခါတည်း သွားရောက်ကာ ဓားဖြင့် ခုတ်ပိုင်းနိုင်သည့် အစွမ်းသတ္တိရှိနေပြီဖြစ်၏
စနစ်က ပြောလိုက်သည်။ “လက်ခံသူ အနေနဲ့ ဒီထက် ပိုပြီးတော့ တိုးတက်အောင် လုပ်နိုင်မယ်ဆိုရင် အနာဂတ်မှာ စကြဝဠာတွေဆီ ခရီးနှင်နိုင်ဖို့ အာကာသယာဉ် တစ်စီးလောက် လက်ဝယ်ပိုင်ဆိုင်နိုင်ဖို့ အခွင့်အရေး ရှိပါတယ်။”
ဟူး
စနစ်သည် သူ့အား ရည်ရွယ်ချက်ရှိရှိ ဂိုဏ်းစုဆောင်းမှတ်များကို အသုံးပြုရန် သွေးဆောင်နေခြင်း ဖြစ်ကြောင်း သူ ကောင်းကောင်းသိ၏။
သို့ပေမဲ့ သူ မနေနိုင်တော့ဘဲ ကောင်းကင်ကြီးကို မော့ကြည့်ကာ ပြောလိုက်သည်။ "အဲလိုနေ့မျိုး ရောက်လာဖို့ မျှော်လင့်မိတယ်..."
သဘာဝ စိတ်ဝိညာဉ် ကျောက်တုံး ၁သန်းကျော် ကို ရရှိပြီးသည့်နောက်မှာတော့ အကြီးအကဲဝေနှင့် အဘိုးကြီးတင်းတို့၏ ကျင့်ကြံခြင်း အဆင့်များသည် ပြန်လည်းရရှိသွားရ၏။
ထို့အပြင် အကျဉ်းသားများကို ဖမ်းဆီးခြင်းအတွက် လူလုပ် စိတ်ဝိညာဉ် ကျောက်တုံး ခြောက်သန်းကျော်ကို ရရှိခဲ့သေးသည်။ ထိုအရာမှာ အရမ်းကို အကျိုးအမြတ်များသည့် ကိစ္စများပင် ဖြစ်တော့သည်။
ဆွစ်။
ကျွင်းချောင်ရှောင်းသည် ကောင်းကင်နှင့် မြေကြီး၏ မျိုးစေ့ကန် အား သိုလှောင် လက်စွပ်ဆီသို့ ထည့်သွင်းလိုက်၏။
အထဲတွင် ရှိနေသော သူတော်စင် နှလုံးသား ကြာပန်းသည် ပင်စည်တစ်ခု သာ ကျန်ရှိတော့သည်။ အရှိန်ကို ၁.၅ ဆထိ မြှင့်တင်မည် ဆိုလျှင်တောင်မှ ပန်းပွင့်များ ပြန်လည် ကြီးထွားရန် အတွက် နှစ်ပေါင်းထောင်ချီ ကြာမြင့်ပေတော့မည်။
တကယ်တော့ အချိန် နှင့် တည်နေရာ လျို့ဝှက်နယ်မြေက အချိန်အကန့်အသတ်မရှိ နေထိုင်နိုင်သည်ဆိုလျှင်တောင်မှ ဤအရာကို အထဲသို့ ပစ်ထားနိုင်ပေသည်။ သို့သော်ငြား လက်ရှိအခြေအနေ အရ မဖြစ်နိုင်ချေ။
"ရိုးရှင်းတယ်။"
စနစ်က ပြောလိုက်သည်။ “ပြသနာကို ဖြေရှင်းဖို့ အတွက် အဆင့်မြင့် လျိုဝှက်နယ်မြေ ရယူပိုင်ဆိုင်ဖို့ လိုအပ်တယ်။”
ကျွင်းချောင်ရှောင်းသည် အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ "မင်းကတစ်ချိန်လုံး ဂိုဏ်းစုဆောင်းမှတ်တွေကို အသုံးပြုဖို့ မြူဆွယ်နေတယ်ဆိုတော့ ဂိုဏ်းစုဆောင်းမှတ်တွေကို အသုံးပြုဖို့အတွက် ကော်မရှင်ရော ရသေးလား။"
"ဒီ ကိစ္စကို ဖုံးကွယ်ထားနိုင်မယ်လို့ ထင်တာ ဒါပေမဲ့ လက်ခံသူက ရှာဖွေတွေ့ရှိသွားပြီကိုး" စနစ်သည် ဝမ်းနည်းစွာဖြင့် ပြောလိုက်သည်။
ကျွင်းချောင်ရှောင်းသည် အေးခဲသွားမိ၏။
"ဒီလိုဆိုမှတော့ ငါ့ အနေနဲ့ ရိုးသားမှ ဖြစ်တော့မယ်။"
စနစ်သည် ခဏလောက် ငြိမ်သက်ပြီးနောက် ပြောလိုက်သည်။ "တကယ်တော့ မင်း အသုံးပြုလိုက်တဲ့ ဂိုဏ်းစုဆောင်းမှတ်တွေ အကုန်လုံးက ကော်မရှင်အနေနဲ့ ငါက ရတယ်လေ။ဒီတော့ ဒါ့ကြောင့်လည်း ငါက ဒီမှာ တည်ရှိနေတာပေါ့"
"ဒါပေမဲ့ ငါ ဂိုဏ်းစုဆောင်းမှတ်တွေကို မသုံးဘူးဆိုရင် ……”
“ဘထ္ထရီကို အားမဖြည့်ရင် ဘာဖြစ်နိုင်လဲ"
"အားမရှိဘူး"
"ဒါပဲလေ လက်ခံသူက ဂိုဏ်းစုဆောင်းမှတ်တွေကို မသုံးဘူးဆိုရင် စနစ်ကလည်း စွမ်းအင်တွေ ပေးမှာ မဟုတ်ဘူး။ဒါဆိုရင် ငါက ပျောက်ကွယ်သွားလိမ့်မယ်။ အလုံးစုံ ပျောက်ကွယ်သွားတာမျိုးတောင် ဖြစ်နိုင်တယ်"
"ငါသိပြီ" ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
စနစ်က ပြောလိုက်သည်။ "လက်ခံသူ သေဆုံးသွားမယ်ဆိုရင် စနစ်ကလည်း သေဆုံးသွားမယ်။ဒီလိုပဲ လက်ခံသူသာ ဂိုဏ်းစုဆောင်းမှတ်တွေကို အသုံးမပြုဘူးဆိုရင် စနစ် သေဆုံးသွားမယ်။ တူညီကြတယ်လေ။ ငါတို့ဆီမှာ ကိုယ်ပိုင် ခက်ခဲမှုတွေ ရှိနေတယ်။လူတိုင်းလူတိုင်း၊ မိသားစုတိုင်း မိသားစုတိုင်းမှာ ကိုယ်တိုင်ခက်ခဲမှုဆိုတာ ရှိနေတာပဲ။"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "စနစ်ကို နားလည်ပါပြီ"
လက်ရှိ အခြေအနေမှာတော့ အလင်း၏ အောက်သို့ သွားကြည့်၍ သူ၏ အရိပ် နှစ်ခု ဖြစ်နေသည်ဆိုသော် တစ်ခုမှာ သူ ဖြစ်ပြီး တစ်ခုမှာ စနစ်ဖြစ်သည်။ ၎င်းတို့နှစ်ယောက်လုံးသည် တူညီသည့် သင်္ဘောပေါ်တွင် စီးနင်းနေကြသူများဖြစ်သည်။
"လက်ခံသူက ငါ့ကို လိုအပ်နေသေးတယ်။ပြီးတော့ တစ်ခြားသော လူတွေထက် ပိုပြီး ဂိမ်းဆာဗာကို ခိုးချင်တယ်ဆိုရင် မြန်မြန်ဆန်ဆန်နဲ့ တစ်စုံတစ်ခုကို ဝယ်လိုက်တော့။ဘထ္ထရီက အားနည်းနေပြိ"
"ကောင်းပြီ"
ကျွင်းချောင်ရှောင်းသည် စတိုးကို ဖွင့်လိုက်၏။
ပြီးသည့်နောက် ပစ္စည်းတစ်ခုကို ကြည့်လိုက်သည်။ ဝယ်ယူရန် ခလုတ်ကိုနှိပ်ဖို့ ပြင်လိုက်ချိန်မှာတော့ ရုတ်တရက် ခေါင်းကို ခါယမ်းမိသည်။ "ငါ့ကို လှည့်စားချင်နေတာလား။အိမ်မက်မက်နေလိုက်...."
စနစ် “...."
ငါ ခုနက သရုပ်ဆောင်ခဲ့တဲ့အရာ အားလုံးက သွားပြီပေါ့။
"ဝယ် … ဝယ်ကို ဝယ်ရမယ်။ငါ ပြောခဲ့တဲ့ စကားလုံးတိုင်းက တကယ့်ကို အမှန်ပဲ။တစ်ဝက်က လိမ်တယ်ဆိုရင်တောင်မှ တစ်ဝက်က တကယ့်ကို အမှန်ပဲ။"
"မင်းကြီးတော်ကြီး အမှန်ပါ့လား..."
လူလုပ်ဖန်တီးထားသော စိတ်ဝိညာဉ် ကျောက်တုံးဆိုသည်မှာ သဘာဝစိတ်ဝိညာဉ် ကျောက်တုံး ၂သန်းကို မမီနိုင်ပေ။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် ထိုအရာများကို သူကိုယ်တိုင် အသုံးပြုမည့် အစား တပည့်များ တာဝန်ထမ်းဆောင်ပြီး ရယူနိုင်ရန် စိတ်ဝိညာဉ် ကျောက်တုံး ဖြန့်ဝေစက်ထဲသို့ ထည့်လိုက်သည်။
တပည့်များ အနေနှင့် လစဉ်လတိုင်း သတ်မှတ် ပမာဏကို လက်ခံရရှိနိုင်သည်။ သို့မဟုတ် ၎င်းတို့ ရရှိခဲ့သော ဂိုဏ်းစုဆောင်းမှတ်များကို လဲလှယ်ကာ အသုံးပြုနိုင်စွမ်း ရှိပေလိမ့်မည်။
ထို့ကြောင့် တာဝန်ခန်းမဆောင်တွင် တပည့်များသည် ကိုယ်စီ အလုပ်များလျက်ရှိနေကြသည်။
၎င်းတို့သည် စိတ်ဝိညာဉ် ကျောက်တုံးရိုင်းများကို လဲလှယ်နိုင်ရန် ၊ အဆင့်မြန်မြန်ဆန်ဆန်တက်နိုင်ရန် အတွက် တာဝန်များကို မြန်မြန်ဆန်ဆန် ရွေးယူကြတော့သည်။ အားလုံးသော လူတို့သည် တာဝန်ပြုလုပ်ရန်အတွက် အလွန်တရာ စိတ်အား ထက်သန်နေ၏။
ထို့အပြင် လစဉ်လတိုင်းအတွက် ရရှိနိုင်သည့် စိတ်ဝိညာဉ် ကျောက်တုံး အရေအတွက်သည် ကန့်သတ်ထားခဲ့သည်။ ၎င်းတို့ အနေဖြင့် ပိုမိုကာ ရယူချင်သည် သာမာန်ထက် ပိုကြိုးစား၍ တာဝန်များကို ပြည့်စုံအောင် ပြုလုပ်မှ ဖြစ်ပေလိမ့်မည်။
"ဘုန်းကြီး"
တစ်ရက်မှာတော့ ကျွင်းချောင်ရှောင်းသည် တုနန်၏ ရှေ့တွင် မတ်တပ်ရပ်ကာ ပြောလိုက်သည်။ "ကျုပ် ပြောတာကို အဖြေရှာပြီးပြီလား။"
အော်မိတောဖော် …
သူ့တွင် လက်အုပ်ချီကာ ပြောလိုက်သည်။ "ဒီ နိမ့်ကျတဲ့ ဘုန်းကြီးက ဒီအတောအတွင်း အနည်းငယ်ပဲ နားလည်သေးတယ်လေ။ ဒကာကြီး ပြောခဲ့တဲ့ ကိုယ့်နှလုံးသားကို အရင်ဆုံး ကျင့်ကြံရမယ် ဆိုတဲ့ အကြောင်းနဲ့ ပတ်သက်ပြီးတော့ သေချာနားမလည်သေးဘူး။"
“နားမလည်သေးဘူးဆိုရင်လည်း တစ်ခြားသူတွေကို တရားပြဖို့ မစဉ်းစားနဲ့" ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
"ကျုပ် ရှက်ရွံ့မိတယ်" တုနန် က ပြောလိုက်သည်။
“ကောင်းပြီ”
ကျွင်းချောင်ရှောင်း ပြန်ပြောလိုက်၏။ "ကျုပ်တို့ ပြိုင်စံရှားဂိုဏ်း မှာ ခင်ဗျားလို ဗုဒ္ဓကျင့်ကြံသူတွေ လိုအပ်နေတယ်။ဂိုဏ်းထဲမှာ ဝင်ဖို့ စိတ်ဝင်စားလား။အစားအစာနဲ့ နေထိုင်ဖို့ကို ထောက်ပံ့ပေးမယ်"
"အားနာပါတယ်"
တုနန် က ပြောလိုက်သည်။ “ဒီနိမ့်ကျတဲ့ ဘုန်းကြီးက ဗုဒ္ဒလမ်းစဉ်ကို လျောက်လှမ်းပြီးပြီလေ။”
"ကောင်းပြီ ဒါဆိုရင်လည်း"
ကျွင်းချောင်ရှောင်းသည် ပုခုံးကို တွန့်လိုက်၏။ "ကျုပ်ရဲ့ စိန်ကျမ်းစာကို သိမ်းထားဖို့ပဲ တတ်နိုင်တာပေါ့။ ရေစက်ပါတဲ့လူတွေသာ ဒီအရာကိုရမယ်လေ။"
"နေ … နေ …. နေပါအုံး”
တုနန်၏ မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုများနှင့် ပြည့်နက်သွား၏။ "ဒကာကျွင်းပြောတာက"
ကျွင်းချောင်ရှောင်းသည် စိန်ကျမ်းစာ ဟု ရေးသားထားသော လျို့ဝှက်စာအုပ်အားထုတ်ယူလိုက်သည်။ ပြီးနောက် လက်ညိုးထိုးပြကာ ပြောလိုက်သည် "ဒီ စိန်ကျမ်းက ဗုဒ္ဓကျင့်ကြံခြင်း လမ်းစဉ်ထဲက အကောင်းဆုံး နည်းလမ်းပဲလေ။ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ တစ်ခုပဲ ကျန်တော့တယ်"
"ဆရာကျွင်း စောနတုန်းက စကားကို ပြန်ပြောပေးပါအုံး"
"ကောင်းပြီ”
“မဟုတ်ဘူး။အဲ ကောင်းပြီ ဆိုတဲ့ စကားရဲ့ နောက်က စကား”
"ပြိုင်စံရှား ဂိုဏ်းက ခင်ဗျားလို ဗုဒ္ဓကျင့်ကြံသူ လိုအပ်နေတယ်။ဂိုဏ်းထဲကို ဝင်ဖို့ စိတ် …."
“ဂိုဏ်းထဲကို ဝင်မယ်"
ကျွင်းချောင်ရှောင်းသည် စိန်ကျမ်းစာ အား လှမ်းပစ်ပေးလိုက်သည်။
တုနန်သည် ကျမ်းစာကို ဖွင့်ဖတ်ကြည့်လိုက်တော့ ပြိုင်စံရှားဂိုဏ်းသားအဖြစ် အကျိုးသက်ရောက်မှုရှိအောင် အစွမ်းပြနိုင်လျှင် စိန်ကျမ်းစာကို ရရှိမည်ဟု ရေးသားထားကြောင်း မြင်လိုက်ရတော့၏။