နတ်ဆိုးဂိုဏ်းချုပ်လေးကို လေ့ကျင့်ရေးဆင်းပေးကြမယ်
Vol. 1 Ch. 14
"ဪ အဲ့ဒါဆိုလည်းပြီးတာပါပဲ" ယဲ့ကျွင်းလင်က စိတ်သက်သာရာရသွားဟန်ဖြင့်ဆိုလာသည်။
ချီးကျူးအားပေးသံများကြားတွင် ထိုနှစ်ဦးသည် ကောင်းကင်ထက်ပျံတက်လျက် ပျောက်ကွယ်သွားကြလေသည်။
ဟုန်ချန်ယဲ့၏မျက်နှာမှာမူ မကျေနပ်ချက်များသိပ်သည်းလျက်ရှိသည်။ စိတ်ထဲတွင်တော့ ယဲ့ကျွင်းလင်၏ ဆယ့်ရှစ်ဆက်သောဘိုးဘေးတို့ကို ကျိန်ဆဲလို့နေလေပြီ။
တော်ဝင်တရားရုံးထက်တွင်....
နဂါးဝတ်ရုံတော်ကို ဆင်မြန်းထားသော ဝေ့ဧကရာဇ်သည် နဂါးပလ္လင်ထက်တွင်ထိုင်လျက် မှူးမတ်များတင်ပြသောမှတ်တမ်းများကို ဖတ်ရှုလျက်ရှိ၏။ ဇရာရိပ်ယောင်ထင်ကျန်နေပြီဖြစ်သောမျက်နှာတော်သည် တည်ကြည်လျက်ရှိပြီး မှတ်တမ်းများကိုစစ်ဆေးရင်း မျက်မှောင်တင်းတင်းကြုတ်လို့သွားသည်။
အစိုးရအရာရှိများနှင့် စစ်တပ်အကြီးအကဲများမှာတော့ တင်းမာလာသောလေထုပတ်ဝန်းကျင်ကြောင့် ခေါင်းများကိုသာတွင်တွင်ငုံ့ထားရလေတော့၏။
"ဟူးးး"
အချိန်အကြာကြီးတိတ်ဆိတ်နေပြီးနောက်တွင် ဧကရာဇ်ကြီးထံမှ သက်ပြင်းရှည်ကြီးတစ်ချက် ပျံ့လွင့်လာသည်။
ဝေ့ဧကရာဇ်သည် ဖတ်နေသောမှတ်တမ်းကိုချထားလိုက်ကာ မျက်ခုံးများကိုပွတ်သပ်လျက် ခါးသီးစွာဆိုလာသည်။ "ဒီအတိုင်းဆိုရင်တော့ ငါတို့အင်ပါယာကြီး မကြာခင်ပျက်သုဥ်းရတော့မယ်ထင်ပါရဲ့"
ထိုမှတ်တမ်းထဲမှ သေဆုံးသူစာရင်းမှာ အမှန်ပင်ထိတ်လန့်စရာကောင်းလှပါသည်။
မူလပထမတုန်းက ဝေ့မင်းဆက်ပြည်ထောင်တွင် လူဦးရေသန်း၈၀နီးပါးအထိရှိခဲ့သော်ငြား လွန်ခဲ့သောနှစ်အနည်းငယ်မှစ၍ သန်း၃၀ခန့် ဆက်တိုက်ဆိုသလို လျော့ကျသွားခဲ့ပြီး လူဦးရေကျဆင်းမှုမှာ ပိုလို့သာဆိုးရွားလာခဲ့လေသည်။
တိုင်းပြည်တစ်ခုလုံးမှာ ဆောက်တည်ရာမရဖြစ်ကာ ကောင်းကောင်းအနားယူချိန်လည်း မရှိခဲ့ပေ။
တရားရုံးတော်မှာလည်း အကူအညီမဲ့ကာ ဦးတည်ရာမဲ့ဖြစ်လျက်။
"အရှင်မင်းကြီးဘုရား ကျွန်တော်မျိုးတို့တိုင်းပြည်ရဲ့အနောက်မှာ ရွယ်ထျန်းဂိုဏ်းတစ်ခုလုံးရှိနေပါသေးတယ် ရွှယ်ထျန်းဂိုဏ်းရဲ့ မသေမျိုးဆရာသခင်တွေက ကျွန်တော်တို့ကို ဒီအတိုင်းတော့ လျစ်လျူရှုမထားလောက်ဘူးလို့ ထင်မိကြောင်းပါဘုရား" ဟု မှူးမတ်တစ်ဦးက နှစ်သိမ့်လာသည်။
"ရွှယ်ထျန်းဂိုဏ်းလား"
ဝေ့ဧကရာဇ်က ခေါင်းကိုအသာခါယမ်းကာ ခါးသီးစွာပြုံးလေသည်။ သူ့မျက်နှာထက်တွင် စိတ်ပျက်လက်ပျက်ဟန်များအပြည့်ဖြင့်။
လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ဝေ့ပြည်ထောင်၏အဖြစ်ဆိုးကို စုံစမ်းစစ်ဆေးရန် ရွှယ်ထျန်းဂိုဏ်းမှ အဖွဲ့တစ်ဖွဲ့ပို့လွှတ်လိုက်သော်ငြား ထိုအဖွဲ့မှာ ဝေ့ပြည်ထောင်သို့ရောက်ရှိပြီးမကြာမီတွင် ပျောက်ဆုံးသွားခဲ့ရှာလေ၏။
နောက်တွင်တော့ အရှင်မင်းကြီးမှာ ထိုဖြစ်ရပ်ဆိုးမှာ ပိုလို့ပိုလို့တိုးပွားလာသည်ကိုသာ အကူအညီမဲ့စွာ ထိုင်ကြည့်နေရပေတော့သည်။
ရွှယ်ထျန်းဂိုဏ်းကလည်း ထိုအချိန်မှစပြီး ဘာမှဆက်မလုပ်ခဲ့တော့ပေ။
ဒီလိုညံ့ဖျင်းသည့်ဂိုဏ်းတစ်ခုအပေါ် ဝေ့ပြည်ထောင်က အဘယ့်ကြောင့် ဆက်လက်မှီခိုနေရမည်နည်း?
"ခမည်းတော် ခမည်းတော်"
ငွေဆည်းလည်းသံလေးကဲ့သို့ အော်သံတစ်ခုက အပြင်ဘက်မှ ပျံ့လွင့်လာလေသည်။
တရားရုံးအပြင်ဘက်တွင် ၁၃ခန့်အရွယ်ရှိ မင်းသမီးလေးတစ်ဦးဟာ နူးညံ့ဝင်းဝါသောအသားအရည်လေးဖြင့် ချစ်စဖွယ်မျက်နှာလေးတစ်ခုကိုပိုင်ဆိုင်ထားသောကြောင့် သေချာပေါက် အလှလေးတစ်ဦးအဖြစ် ကြီးပြင်းလာလိမ့်မည်ဟု ရဲရဲပြောနိုင်လောက်ပေသည်။
"လင်အာ ဘာဖြစ်လို့လဲ" ဝေ့ဧကရာဇ်က စိတ်ရှုပ်နေဟန်ဖြင့်မေးလိုက်သည်။
ထိုမင်းသမီးလေးမှာ ဧကရာဇ်၏အချစ်ဆုံးသမီးတော်လေးပင်။ အခြားတစ်ယောက်သာ ဤသို့မဆင်မခြင်ပြေးဝင်လာရဲလျှင်တော့ ဧကရာဇ်က နေရာတွင်ပင်ဆွဲထုတ်ကာ ခေါင်းဖြတ်ခိုင်းလိုက်လောက်လေပြီ။
မင်းသမီးလေးက စာတစ်စောင်ကိုကိုင်လျက် ပြုံးရွှင်စွာဆိုလာသည်။ "ဒုတိယအစ်ကိုတော်ကလေ ဒုတိယအစ်ကိုတော်က သတင်းတွေပို့လိုက်တယ်"
"ဒုတိယမင်းသားတဲ့လား" မှူးမတ်များမှာလည်း အံ့သြထိတ်လန့်ဟန်မျက်နှာအမူအရာများ ဖြစ်သွားခဲ့ကြသည်။
ဒုတိယမင်းသားမှာ ငယ်ရွယ်စဥ်ကတည်းက ရွှယ်ထျန်းဂိုဏ်း၏ မသေမျိုးဆရာသခင်များထံမှ ရွေးချယ်ခံခဲ့ရပြီး ဒီနှစ်များတွင် ရွှယ်ထျန်းဂိုဏ်း၌သာ နေထိုင်ခဲ့သည်ကို တရားရုံးတော်တစ်ခုလုံး အသိပင်။
မသေမျိုးဂိုဏ်းများမှာ တပည့်ရွေးချယ်ရာတွင် အရည်အချင်းကို လွန်စွာအလေးထားကြသည်ဖြစ်၏။
သင်ဟာ ဘုရင်တစ်ပါး၏သားတော်သမီးတော်ဖြစ်နေပါစေ၊ မှူးကြီးမတ်ရာ သို့မဟုတ် စစ်သူကြီးတစ်ဦး၏ သားသမီးဖြစ်နေပါစေ၊ တော်ဝင်မိသားစုနှင့် ဘယ်လိုပဲဆက်နွယ်နေပါစေ သူတို့ဂိုဏ်း၏စံနှုန်းနှင့်မကိုက်ညီလျှင် ဝင်ရောက်ခွင့်မရှိပါချေ။
ရွှယ်ထျန်းဂိုဏ်းဟာလည်း ထိုနည်းတူပင် တပည့်ရွေးချယ်ရာ၌ လွန်စွာစည်းကမ်းတင်းကျပ်ပြီး အဆက်အသွယ် သို့မဟုတ် ဆွေမျိုးသားချင်းအဆက်အနွယ် ကင်းဝေးအောင် အထူးကြပ်မတ်ထားတတ်သည်။
ထိုသို့တင်းကြပ်သော ကျင့်ကြံသူလောကတွင် ထိုနှစ်က ဒုတိယမင်းသားအရွေးချယ်ခံလိုက်ရသော် ဝေ့ဧကရာဇ်မှာ လွန်စွာပျော်ရွှင်ကျေနပ်ခဲ့ပြီး တစ်လောကလုံးကို အထူးခွင့်လွှတ်ငြိမ်းချမ်းစေကာ ပျော်ပွဲရွှင်ပွဲများအား ကျယ်ပြောစွာကျင်းပခဲ့လေသည်။
သို့ပေမယ့် မကြာသေးသောနှစ်များအတွင်းတွင် ဒုတိယမင်းသားမှာ ကျင့်ကြံရေးကိုအာရုံစိုက်နှစ်မြှုပ်ထားခဲ့ရင်း ဝေ့ပြည်ထောင်နှင့် တဖြည်းဖြည်း အဆက်အသွယ်ပြတ်တောက်သွားခဲ့ရ၏။
ယခုမှ ဆိုင်းမဆင့်ဗုံမဆင့် စာလွှာထပို့လာသည့်အတွက် မှူးမတ်များ အံ့သြသွားခဲ့ရခြင်းဖြစ်ပေသည်။
"မြန်မြန် စာထဲမှာဘာပါလဲကြည့်ရအောင်"
ဝေ့ဧကရာဇ်လည်း သူ့သမီးလက်ထဲမှစာကိုမြန်မြန်ယူကာ ဖွင့်ဖတ်လိုက်သည်။
စာထဲမှအကြောင်းအရာများကိုဖတ်ရှုရင်း ဝေ့ဧကရာဇ်မှာ မျက်လုံးများပြူးကျယ်သည်အထိစိတ်လှုပ်ရှားနေခဲ့ကာ စားပွဲကိုအားရပါးရရိုက်ချလျက် ရယ်မောလာတော့၏။
"ဟားဟားဟား ကောင်းတယ်ဟေ့"
ထိုတုံ့ပြန်မှုကြောင့် မှူးမတ်များပင် အူလည်လည်နှင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိရသည်။
"အရှင်မင်းကြီး ဘာများပါလဲ"
ဝေ့ဧကရာဇ်က စိတ်လှုပ်ရှားစွာဖြင့် ပြောပြလာသည်။ "ရွှယ်ထျန်းဂိုဏ်းက ဝေ့ပြည်ထောင်ရဲ့ထူးဆန်းတဲ့ဖြစ်ရပ်ဆိုးတွေကို အလွန်အရေးထားပြီး ဒီကိစ္စကိုဖြေရှင်းဖို့အတွက် မြူခိုးတောင်ထိပ်သခင်ကိုစေလွှတ်လိုက်သတဲ့ ကိုယ်တော်တို့ကို သတင်းကောင်းစောင့်နေပါလို့တောင် ပြောထားသေးတယ်"
ထိုအကြောင်းကိုကြားသော် အစိုးရအရာရှိများနှင့် စစ်တပ်အရာရှိများလည်း စိတ်လှုပ်ရှားသွားရတော့သည်။
သူတို့က သေမျိုးအဆင့်မြင့်အရာရှိကြီးများဖြစ်သော်ငြား ဟွမ်ကျိုးပြည်နယ်တွင်းရှိ ဂိုဏ်းကြီးများကြားက ကိစ္စရပ်များကို စုံစမ်းထောက်လှမ်းဖို့ အဆက်အသွယ်များတော့ အမြဲရှိတတ်ကြသည်သာ။
ကြားရသလောက် သတင်းများအရတော့ ရွှယ်ထျန်းဂိုဏ်းမှာ မြူခိုးတောင်ထိပ်သခင် ယဲ့ကျွင်းလင်၏ဦးဆောင်မှုဖြင့် ဖုန့်လဲ့ဂိုဏ်းကိုတောင် ချေမှုန်းသုတ်သင်နိုင်ခဲ့သည်ဟု။
အမှန်တကယ်ကို ကြီးမြတ်သည့် ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူတစ်ဦးပါပေ။
တောင်တွေကိုရွေ့လျားစေပြီး ပင်လယ်ရေကိုအပြည့်ဖြည့်နိုင်စွမ်းရှိတဲ့ စွမ်းအားရှင်တစ်ဦးမှာ သေမျိုးလောက၏အမြင်တွင်တော့ မသေမျိုးနတ်ဘုရားတစ်ပါးနှင့် မခြားပါချေ။
အခုတော့ ထိုမသေမျိုးတောင်ထိပ်သခင်ယဲ့က ဝေ့ပြည်ထောင်သို့လူကိုယ်တိုင်လာ၍ အခက်အခဲများကြားမှ ကယ်တင်ပေးတော့မည်ဖြစ်၏။ သူတို့ဘယ်လိုများ စိတ်မလှုပ်ရှားဘဲ နေနိုင်ပါမည်နည်း?
ဝေ့ဧကရာဇ်မှာလည်း ပျော်လို့မဆုံးနိုင်တော့ပေ။ ဒီနှစ်များအတွင်း ကြားခဲ့ရသောသတင်းများထဲတွင် သာယာနာပျော်ဖွယ်အကောင်းဆုံးသော သတင်းပါပေ။
"လင်အာရေ ခမည်းတော်တို့ဝေ့ပြည်ထောင်တော့ ကယ်တင်ခံရတော့မယ်"
ဝေ့ဧကရာဇ်မှာ သမီးတော်လေးကိုကောက်ပွေ့လျက် ပျော်ရွှင်စွာ အထပ်ထပ်အခါခါနမ်းမွှေးလေတော့၏။
"ဟိဟိ"
မင်းသမီးလေးမှာ မျက်လုံးလေးများမှိတ်သည်အထိ ချစ်စဖွယ်ကောင်းစွာ ပြုံးရယ်ပြလာလေသည်။
ရုတ်ချည်းပင် အစောင့်တပ်သားတစ်ဦးကပြေးဝင်လာလျက် အလောတကြီးဆိုသည်။ "အရှင်မင်းကြီး မသေမျိုးနှစ်ပါး ဆင်းသက်ဆိုက်ရောက်လာပါတယ်ဘုရား"
"ရွှယ်ထျန်းဂိုဏ်းက မသေမျိုးဆရာသခင်တွေပဲဖြစ်ရမယ်"
"မှူးမတ်တို့ရေ ကိုယ်တော့်နဲ့အတူ သွားနှုတ်ဆက်ကြရအောင်"
ဝေ့ဧကရာဇ်က အံ့သြပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။
နန်းတော်တစ်နေရာတွင်....
အရောင်စုံ၍ မျက်စိပသာဒရှိလှသော တိမ်တိုက်များမှာ ကောင်းကင်ယံတစ်ခုလုံးကို လွှမ်းမိုးထားလျက်ရှိ၏။ ထိုတိမ်တိုက်များအလယ်မှ ပုံရိပ်နှစ်ခုသည် ကျက်သရေအပေါင်းခညောင်းသော အလင်းရောင်များကြားမှ မြေကွက်လပ်ထက်သို့ ဆင်းသက်လာကြတော့သည်။
"ရှောင်ဟုန် ဒီဆရာသခင်ရဲ့ဆင်းသက်လာပုံက အရမ်းခမ်းနားကြီးကျယ်တယ်လို့ မင်းမထင်မိဘူးလား"
ယဲ့ကျွင်းလင်က လက်နှစ်ဖက်ကိုအနောက်ပစ်လျက် မာန်တက်နေဟန်အပြုံးဖြင့်မေးသည်။
တွင်းအောင်းနေသောမြွေကိုဆွဲထုတ်ရန် ကိုယ်က ကြီးကြီးကျယ်ကျယ်လေးတစ်ခုခု လုပ်ပေးမှဖြစ်မည်လေ။
ဟုန်ချန်ယဲ့က ယဲ့ကျွင်းလင်ကို တစ်ချက်စောင်းကြည့်လျက် စိတ်ထဲမှရေရွတ်လိုက်သည်။ "စောက်တုံး"
သို့သော် အပြင်ပန်းတွင်တော့ လက်သီးနှစ်ဖက်ကိုဆုပ်၍ ယဥ်ကျေးစွာအရိုအသေပြုလျက်ဆိုသည်။ "ဆရာသခင်က အမြော်အမြင်ကြီးလှပါပေတယ် ဒီတပည့်လည်း ဆရာနဲ့အတွေးတူမိပါတယ်"
"ကြိုဆိုပါတယ် မသေမျိုးဆရာသခင်တို့ခင်ဗျာ"
ဝေ့ဧကရာဇ်နှင့် အရာရှိမင်းများမှာ နန်းတော်တွင်းမှ ပျာပျာသလဲထွက်လာကြပြီး သူတို့နှစ်ဦးကို ဒူးထောက်အရိုအသေပြုလာကြလေသည်။
သူတို့အတွက်မူ ထိုကျင့်ကြံသူကြီးများမှာ ကောင်းကင်နှင့်မြေကြီးကို စိတ်ရှိသလိုပြောင်းပြန်လှန်နိုင်ပါသော လောကီကမ္ဘာနှင့် လားလားမှမသက်ဆိုင်သည့် မသေမျိုးနတ်ဘုရားများဖြစ်ကြသည်လေ။
ဝေ့ဧကရာဇ်သည် ငွေရောင်ဆံပင်နှင့်လူငယ်ကို ဂရုတစိုက်အကဲခတ်ကြည့်လိုက်ပြီး ပိုလို့ပင်ပျော်ရွှင်လာတော့၏။
စာထဲမှာဖော်ပြထားသည့်အတိုင်းဆိုလျှင် မြူခိုးတောင်ထိပ်သခင်တွင် ထင်ရှားသည့်အမှတ်အသားအဖြစ် ငွေရောင်ဆံပင်များရှိသည်ဟုဆိုသဖြင့် သူ့ရှေ့ကထိုလူငယ်နှင့် ကိုက်ညီလျက်ရှိသည်ပင်။
ထိုသူမှာ လွဲမှားစရာမရှိ တောင်ထိပ်သခင်ယဲ့ပင်။
ထို့နောက် သူ့အကြည့်ကို ဟုန်ချန်ယဲ့ဘက်သို့ရွှေ့လိုက်သော် ဝေ့ဧကရာဇ်၏နှလုံးသားမှာ အရှိန်ပြင်းပြင်းတုန်ခါသွားရတော့၏။
သူ့တွင် အလှပဂေးသုံးထောင်အပြည့်ရှိသော မိဖုရားဆောင်ကြီးတစ်ခုလုံးရှိသော်ငြား သူ့ရှေ့မှဒီမိန်းကလေးနှင့်ယှဥ်လျှင် ဖွဲနှင့်ဆန်ကွဲသာပင်။
(ပြိုင်ဘက်ကင်း အလှလေးတစ်ယောက်ပါလား)
ဝေ့ဧကရာဇ် တိတ်တိတ်လေးသက်ပြင်းချမိရသည်။
သူမသည် ယဲ့ကျွင်းလင်နှင့် အတူပါလာသောသူဖြစ်သောကြောင့် သူသည် မလျော်ကန်သော အတွေးများ မရှိရဲပါပေ။ ဤနတ်သမီးကို တစ်ကြိမ်ထက်ပို၍ ကြည့်ခြင်းသည်ပင် မသင့်တော်သည့်အပြုအမူဟု သူခံစားမိရသည်။
"အဟမ်း အဟမ်း"
ယဲ့ကျွင်းလင်သည် အရှိန်အဝါကြီးသောအသံတွင် မှော်တန်ခိုးအနည်းငယ်ပေါင်းထည့်လျက် အရပ်မျက်နှာပေါင်းစုံသို့ ပျံ့နှံ့သွားစေလိုက်သည်။ "ဒီကျင့်ကြံသူက ဝေ့ပြည်ထောင်မှာဖြစ်ပွားနေတဲ့ပြဿနာတွေကိုဖြေရှင်းပေးဖို့လာခဲ့တာပဲ မင်းတို့ထပ်စိုးရိမ်နေစရာမလိုတော့ဘူး"
"ဝေ့ပြည်သူပြည်သားများကို ကိုယ်စားပြုသော ကျွန်တော်ဝေ့ဧကရာဇ်က နတ်ဘုရားအရှင်ကို ဒီနေရာမှာ ဦးချအရိုအသေပြုပါတယ်ခင်ဗျား"
ဝေ့ဧကရာဇ်က စိတ်လှုပ်ရှားစွာအော်ဟစ်လေသည်။
နန်းတော်ထဲရှိလူအပေါင်းမှာလည်း မြေပြင်ထက်ဒူးထောက်ကျလျက် ယဲ့ကျွင်းလင်အား မျှော်လင့်ချက်အပြည့်မျက်ဝန်းများဖြင့် ငေးမျှော်ကြည့်နေကြလေသည်။
"အားလုံးပဲ ထကြပါ"
ယဲ့ကျွင်းလင် လက်တစ်ဖက်ကိုမြှောက်လိုက်သော် မမြင်နိုင်သောအင်အားတစ်ခု ဝေ့ဧကရာဇ်နှင့် ဒူးထောက်နေသောသူအပေါင်းကို ဆွဲထူမတင်ပေးလိုက်လေသည်။
"နတ်ဘုရားအရှင် ကျွန်တော်မျိုးကို ကြိုက်သလိုညွှန်ကြားချက်ပေးနိုင်ပါတယ်" ဝေ့ဧကရာဇ်ကို ရိုသေလေးစားစွာဆိုသည်။
"ငါတို့ဆရာတပည့်နေဖို့ နေရာလေးစီစဥ်ပေးပါဦး"
"ဒီလမ်းကလိုက်ခဲ့ပါခင်ဗျာ"
ဧကရာဇ်ဝေ့က လက်တစ်ဖက်ကိုဆန့်ထုတ်ညွှန်ပြရင်း ဖြတ်လျှောက်သွားသော ဟုန်ချန်ယဲ့ကို တစ်ချက်ခိုးကြည့်လိုက်သည်။ ဆိုတော့ ဒီနတ်သမီးလေးက နတ်ဘုရားအရှင်ရဲ့ တပည့်မလေးပေါ့လေ?
မင်းသမီးလေးကတော့ ဝေ့ဧကရာဇ်၏အနောက်တွင်ပုန်းကာ ဟုန်ချန်ယဲ့ကိုတိတ်တိတ်လေးခိုးကြည့်မိသည်။ (ဒီမမကလှလိုက်တာနော် ငါလည်းကြီးလာရင် သူ့လိုလှဖို့မျှော်လင့်မိတယ်)
သို့သော် ဟုန်ချန်ယဲ့ကမူ အစမှအဆုံးထိ အေးစက်နေသောမျက်နှာပေးနှင့်သာဖြစ်ကာ ဤနေရာရှိလူများကို အကြည့်လေးတစ်ချက်ပင်မစွန့်ကြဲပေ။
သူ့အမြင်တွင်မူ ဝေ့ဧကရာဇ်နှင့် အရာရှိမင်းများအပါအဝင် ဤဝေ့ပြည်ထောင်တစ်ခုလုံးမှာ ပုရွက်ဆိတ်များအလားသာဖြစ်၏။ တစ်ယောက်နှင့်တစ်ယောက် ဘာမှကွာခြားနေတာမရှိပေ။
သူလိုက်လာခဲ့သည့် တစ်ခုတည်းသောရည်ရွယ်ချက်မှာလည်း ဤဖြစ်ရပ်နောက်ကွယ်က ကြိုးကိုင်သူကို ဖော်ထုတ်လို၍သာဖြစ်သည်။
ကျင့်ထိုက်နန်းတော်ထဲတွင်....
ခန်းမကြီးမှာ ခမ်းနားတင့်တယ်လှပြီး နွေတွင်အေးမြကာ ဆောင်းတွင်နွေးထွေးသောဂုဏ်သတ္တိရှိသည်။
ဝေ့ဧကရာဇ်သည် ထိုခန်းမကိုတည်ဆောက်ရန် အလွန်ငွေကုန်ကြေးကျခံခဲ့ပြီး နှစ်ပေါင်းများစွာ ကြိုးစားတည်ဆောက်ခဲ့ရပါ၏။ ပုံမှန်တော့ ထိုခန်းမတွင် စံစားဇိမ်ခံနေရခြင်းကိုနှစ်သက်သော်ငြား ယခုတော့ ယဲ့ကျွင်းလင်နှင့် ဟုန်ချန်ယဲ့ကို တည်းခိုဖို့နေရာပေးထားလေသည်။
"သွားလို့ရပါပြီ ကိစ္စတစ်ခုခုရှိရင် ညွှန်ကြားချက်ပေးလိုက်ပါ့မယ်"
"နတ်ဘုရားအရှင်ဆီမှာ အမှုတော်ထမ်းရတာ ကျွန်တော့်အတွက်တော့ ဂုဏ်ယူစရာပါခင်ဗျာ"
ဝေ့ဧကရာဇ်လည်း ထပ်ကြာကြာမနေရဲတော့ဘဲ ရိုသေကျိုးနွံစွာအနောက်ကိုဆုတ်လျက် တံခါးကိုချပ်ခနဲပိတ်ကာ ထွက်ခွာသွားတော့၏။
ယဲ့ကျွင်းလင်သည် နှစ်ထောင်ချီသက်တမ်းရှိ ကျွန်းသစ်နောက်မှီကုလားထိုင်ကြီးတွင် ဟန်ကျပန်ကျဝင်ထိုင်လိုက်ပြီး လက်ကို ဆန့်ထုတ်ကာ သစ်သီးပန်းကန်ထဲမှ စပျစ်သီးများကို ကောက်ယူ၍ ပါးစပ်ထဲသို့ပစ်ထည့်လိုက်ပြီး အရသာခံနေသည်။
ထိုသူ၏ ပေါ့ပါးလွတ်လပ်သောသွင်ပြင်သည် အခုလေးတင် လူအများရှေ့ပြသခဲ့သော မာန်မာနကြီးသောပုံရိပ်နှင့် လုံးဝကိုဆန့်ကျင်ဘက်ပင်။
ဟုန်ချန်ယဲ့မှာ ထိုသူကို သည်းမခံနိုင်စွာကြည့်လို့နေသည်။ တစ်ဖက်လူမှာ သူမြင်ဖူးသမျှ ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူများထဲတွင် ယုံကြည်လို့မရနိုင်ဆုံးသောသူပင်။
သူ့ကိုအအံ့သြစေဆုံးကတော့ ယဲ့ကျွင်းလင်၏ ထိုင်ပုံထိုင်နည်းပင်။ များသောအားဖြင့် ကျင့်ကြံသူများမှာ ကျင့်ကြံခြင်းကိုအာရုံပြုသောအားဖြင့် တင်ပျဥ်ခွေလျက်သာ ထိုင်တတ်ကြလေသည်။ သူကတော့ အမြဲဒူးထောင်၊ပေါင်ကား၊ ခွေခေါက်ကာ ထိုင်ပါ၏။
ထိုသူမှာတော့ တစ်နေကုန် စားခြင်းသောက်ခြင်း ဇိမ်ခံခြင်းဖြင့်သာပြည့်နေကာ ကျင့်ကြံရေးကိုအားထုတ်ဖို့အတွက် စိတ်ကူးနည်းနည်းမှရှိပုံမရပေ။
ဒီလိုပျင်းရိပုံမျိုးနဲ့ ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံဆင့်ကို ဘယ်လိုများတက်လာနိုင်ခဲ့တာပါလိမ့်?
(ဟမ့် ကောင်းတယ် ဒီအတိုင်းသာဆက်သွားနေရင် ဒီနတ်ဆိုးအရှင်က သူ့ကိုမကြာခင် ကျင့်ကြံရေးပိုင်းမှာအနိုင်ယူပြီး ဖျက်ဆီးချေမှုန်းနိုင်လိမ့်မယ် အဲ့ဒီအချိန်ကျ သေချာပေါက်အနိုင်ရမှာပါ)
ဟုန်ချန်ယဲ့ တိတ်တိတ်လေးတွေးမိလိုက်သည်။
ယဲ့ကျွင်းလင်သာ သူ့စိတ်ထဲမှအတွေးများကိုကြားရလျှင်တော့ အားနာပါနာတောင်ဟန်မဆောင်နိုင်တော့ဘဲ ရုပ်ပျက်ဆင်းပျက် ရယ်မောပေလိမ့်မည်။
ကျင့်ကြံရေးအတွက် အားထုတ်ဖို့တဲ့လား?
ဒီလောင်ဇီက လှဲနေလိုက်ရုံပဲလေ။ ကျင့်ကြံဆင့်ဆိုတာက ကြွေထည်လေးကိုဖွဖွထိတာထက်တောင်လွယ်သေးတယ်။ ထိစရာတောင်မလိုဘူး သူ့ဘာသာအဆင့်တက်လာလိမ့်မယ်။ ကျင့်စဥ်တွေနဲ့စွမ်းအားတွေက အလိုအလျောက် ရောက်ရှိလာလိမ့်မယ်။
ပြောလေ၊ လောင်ဇီအားထုတ်စရာ လိုနေသေးလို့လား?
နောက်ပြီးတော့ ဒီလိုကြိုးကြိုးစားစားနဲ့ တစ်နေကုန်လှဲလျောင်းနေနိုင်ဖို့က လွယ်တဲ့ကိစ္စထင်လို့လား?
ယဲ့ကျွင်းလင်က တိမ်ပုံစံရေးခြယ်ထားသော ဘွတ်ဖိနပ်များကိုချွတ်လိုက်သော် သစ်သားရေနွေးဇလုံတစ်ခုက သူ့ခြေထောက်အောက်တွင် ရုတ်တရတ်ပေါ်လာသည်။
ခြေထောက်များကို ရေနွေးစိမ်ထားလိုက်ရင်း သူကျေနပ်စွာ ညည်းညူလိုက်သည်၊
ဟုန်ချန်ယဲ့ ပိုလို့အမြင်ကပ်သွားရစဥ် အသံတစ်သံက သူ့နားထဲဝင်ရောက်လာ၏။
"ရှောင်ဟုန် ဆရာ့ခြေထောက်တွေလာဆေးပေးပါဦး"
ဟုန်ချန်ယဲ့မှာ နားကြားမှားလိုက်သလားဟုပင် ထင်မှတ်မိသွားရသည်။ သို့သော် ထိုသူက ထိုစကားကို တကယ်ပြောထွက်လိုက်ခြင်းပင်။ ဟုန်ချန်ယဲ့၏နဖူးထက်တွင် သွေးကြောပြာများထောင်ထလာပြီး ဒေါသများလည်းအုံကြွလာသည်။
(ခင်ဗျား ဘာပြောလိုက်တာလဲ?)
ဒီဂုဏ်သရေရှိ မီးလျှံနတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်သခင်ကြီးက မင်းလိုကောင်ကို ခြေထောက်ဆေးပေးရမယ်တဲ့လား?
အဲ့လောက်ထိ လွန်မလာနဲ့ကွ!
ဟုန်ချန်ယဲ့၏မျက်လုံးများမှာ အေးစက်စက်အရိပ်အငွေ့များ ခြုံလွှမ်းလျက်ရှိပြီး မလှုပ်မယှက်ဖြင့် ထိုသူ့ကိုလျစ်လျူရှုလျက် ရပ်နေလိုက်သည်။
ယဲ့ကျွင်းလင်က မျက်ခုံးတစ်ဖက်ပင့်လျက် ဆက်ပြောသည်။ "မင်းဘယ်ရောက်နေတာလဲ ဒီလာလေ"
"ဘာလို့ဆေးပေးရမှာလဲ"
ဆရာသခင် မေးခွန်းပြန်ထုတ်ခံရလေပြီ။
ယဲ့ကျွင်းလင်က သက်ပြင်းချလျက်ဆိုသည်။ "ဆရာသခင်ကို အဖအရာထားပြီးဆက်ဆံရတယ်တဲ့ကွ မင်းဒါတောင်မသိဘူးလား"
"သားလိမ္မာလေး မြန်မြန်လာပြီး ဖေ့ဖေ့ခြေထောက်ကို ဆေးပေးတော့လေ"
စာစဉ်ပြီး၏
ပြသနာရှာနည်း 101
ဘာသာပြန် - Zun Zun
၁ - အင်အားကြီးရန်သူများနှင့်ယှဥ်ပြိုင်ကာ ပိုလို့အင်အားကြီးလာခြင်း
အရှေ့ပိုင်းစီရင်စု ရွှယ်ထျန်းဂိုဏ်းတွင်...
ခါးအထိရှည်လျားကျနေသော ဆံပင်ဖြူများနှင့် အဘိုးကြီးတစ်ဦးသည် တုတ်ကောက်ကိုမှီရပ်ကာ ရေကန်မျက်နှာပြင်တွင်ထင်ဟပ်နေသော ၎င်း၏အိုမင်းရွတ်တွသည့်မျက်နှာကို မယုံကြည်နိုင်စွာငုံ့ကြည့်လို့နေလေသည်။
""ဟာကွာ!!!"
ယဲ့ကျွင်းလင်သည် အတန်းထဲတွင် အိပ်ပျော်သွားရုံမျှဖြင့် တစ်ခြားကမ္ဘာသို့ ခန္ဓာကူးပြောင်းသွားရလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါ။
ရေမျက်နှာပြင်ပေါ်မှ အိုမင်းရွတ်တွနေသော မျက်နှာကိုကြည့်ရင်း ယဲ့ကျွင်းလင်သည် တဆတ်ဆတ်တုန်သည်အထိ ဒေါသများထွက်လာပြီး မျက်လုံးများနီရဲလျက် ဝမ်းနည်းစွာအော်ဟစ်လိုက်သည်။
"ဒီလောကမှာ တရားမျှတမှုဆိုတာရော ရှိသေးရဲ့လား?"
အခြားသူများ ခန္ဓာကူးပြောင်းသောအခါ ဂုဏ်သရေရှိမိသားစုများမှ လူငယ်ပါရမီရှင်လေးများ သို့မဟုတ် သန့်ရှင်းစင်ကြယ်သောဂိုဏ်းတစ်ခုခုမှ လေးစားထိုက်စရာ ကျင့်ကြံသူများ စသည်ဖြင့် ဖြစ်သွားတတ်ကြသည်မဟုတ်လော။ ထိုသူများမှာ အံ့သြစရာကောင်းလောက်အောင် ရုပ်ရည်ချောမောမနေရင်တောင်မှ အနည်းဆုံးတော့ ပုံမှန်ရုပ်ရည်လေးတော့ ရှိကြလောက်သည်ပင်။
သို့သော် သူကျတော့ အိုမင်းဆွေးမြေ့နေသော အဘိုးကြီးတစ်ဦး ဖြစ်သွားရသည်တဲ့လား?
သူ့မှတ်ဉာဏ်များမှတဆင့် ဤကမ္ဘာကို ခွင်းလွင်နယ်မြေဟုခေါ်ကြောင်း၊ ဓားဖြင့်ပျံသန်းနိုင်ပြီး တောင်များကိုရွှေ့ကာ ပင်လယ်များကိုလှုပ်ခတ်နိုင်သည့် စွမ်းအားရှိကျင့်ကြံသူများကို အထူးရိုသေလေးစားကြသည့် လောကမျိုးဖြစ်ကြောင်း သိရှိလိုက်ရ၏။
ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်သည် အရှေ့ပိုင်းဒေသရှိ ကန္တာရပြည်နယ်မှ အဓိက ဂိုဏ်းကြီးခြောက်ခုတွင် တစ်ခုအပါအဝင်ဖြစ်သော ရွှယ်ထျန်းဂိုဏ်း၏ မြူခိုးတောင်ထိပ်သခင်ဖြစ်သည်။
တစ်ချိန်က သူသည် ဂိုဏ်း၏တောင်ထိပ်သခင်တစ်ဦးအဖြစ် လူရိုသေရှင်ရိုသေအနေအထားတစ်ခုရှိခဲ့လေသည်။ အလွန်ထူးချွန်သော ပါရမီရှင်တစ်ဦးဖြစ်ကာ ငယ်ရွယ်စဉ်မှာပင် ရွှေအမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိနိုင်ခဲ့သည်ပင်။ နောက်ပိုင်းတွင် နတ်ဆိုးကျင့်ကြံသူများကို နှိမ်နင်းသည့် စစ်ဆင်ရေးတစ်ခုအတွင်း ချုံခိုတိုက်ခိုက်ခံရပြီး သူ၏ဒန်ထျန် ပျက်စီးသွားက ကျင့်ကြံဆင့်အားလုံး ပျက်စီးဆုံးရှုံးသွားခဲ့ရ၏။ ယခုအချိန်တွင် သူသည် ဒုက္ခိတတစ်ဦးနှင့်မခြားပေ။
နောက်ပိုင်းဆယ်စုနှစ်များတွင် သူသည် လောကရေးရာများကို အရေးမစိုက်တော့ဘဲ အရာအားလုံးကိုအဆိုးမြင်ဝါဒီဖြင့်သာကြည့်ကာ ပျက်စီးယိုယွင်းနေသော စိတ်နှင့်ခန္ဓာဖြင့် တောင်ပေါ်တွင် သီးသန့်နေထိုင်ခဲ့ပါသည်။
တစ်ချိန်က အလားအလာအကောင်းဆုံးသော တောင်ထိပ်သခင်ကြီး ဤသို့ဆုတ်ယုတ်ပျက်စီးသွားသည်ကို မြင်သောအခါ ရွှယ်ထျန်းဂိုဏ်းမှ အဆင့်မြင့်ဂိုဏ်းသားများလည်း အလွန်ယူကျုံးမရဖြစ်ကြရသော်ငြား ဘာမှမတတ်နိုင်ခဲ့ကြပါ။
"ပြောရရင် လက်ရှိငါက သာမန်လူတစ်ယောက်ပဲ။ ငါ့ရဲ့အရင်အသက်အရွယ်အရ..." ရုတ်တရက် ယဲ့ကျွင်းလင်သည် တစ်စုံတစ်ခုကိုတွေးမိလိုက်ပြီး အကြီးအကျယ်ထိတ်လန့်သွားရတော့၏။
မင်းတို့သိကြရဲ့လား? ဒီခန္ဓာကိုယ်က အသက်တစ်ရာ့တစ်ဆယ်တောင်ရှိနေပြီ။ ယနေ့အထိ သူအသက်ရှင်နေနိုင်ရသော အကြောင်းရင်းမှာ ကျင့်ကြံသူဘဝမှာ အသက်ရှည်ဆေးအမျိုးမျိုးကို စားသုံးခဲ့ခြင်းကြောင့်သာပင်။
သို့သော်လည်း သာမန်လူသားများ၏ သက်တမ်းအရ သူသည် သေခါနီးဖြစ်နေပြီး ကန်တော့ခံသင့်သည့်သက်ကြီးရွယ်အိုများထဲမှ တစ်ဦးဖြစ်လို့နေလေပြီ။
"မဟုတ်သေးဘူးလေ ငါအခုမှ ကူးပြောင်းလာတာ မကြာခင်မှာပဲ ဒီကမ္ဘာကို ထာဝရ နှုတ်ဆက်ရတော့မှာလား"
"ခဏလေး ငါ့မှာ အခွင့်အရေးရှိလောက်ပါသေးတယ် ပုံမှန်အတိုင်းဆို ဒီအချိန်မှာ လှည့်ကွက်တွေ ပေါ်လာတတ်တယ်လေ"
အွန်လိုင်းပေါ်မှ ကျင့်ကြံရေးဝတ္ထုများအား နှစ်ပေါင်းများစွာဖတ်ရှုခဲ့သောအတွေ့အကြုံအားကိုးဖြင့် ယဲ့ကျွင်းလင်၏ နှလုံးသားသည် တဖြည်းဖြည်း တည်ငြိမ်သွားသည်။ သူသည် တုတ်ကောက်ဖြင့် မြေကြီးကို အားပါပါထောက်ကာ မာန်အပြည့်ဖြင့် အော်ဟစ်လိုက်၏။
"စနစ်ရေ မင်းအဖေငါ ဒီမှာရောက်နေပြီ မြန်မြန်ထွက်လာပြီး ဦးညွှတ်လိုက်စမ်း!"
ပတ်ဝန်းကျင်မှ ဘာတုံ့ပြန်သံမှ မကြားရ။
"ဟမ်?"
"ငါနဲ့ တူတူပုန်းတမ်းကစားနေတာလား? မြန်မြန်လာစမ်း နောက်မနေနဲ့တော့"
တိတ်ဆိတ်မြဲသာပင်။
"စနစ်အစ်ကိုကြီးရေ ငါမှားသွားပါပြီ ဒီတိုင်းနောက်လိုက်တာပါ တစ်ချက်လောက် အသံလေးပဲဖြစ်ဖြစ်ပေးပါလား"
"စနစ်ဖေဖေရေ"
"စနစ်ဘိုးဘိုးရေ"
သေလောက်အောင် တိတ်ဆိတ်နေမြဲပင်။
"နားလည်ပြီ ဒါက စနစ်နဲ့သွားတဲ့ပုံစံ မဟုတ်လောက်ဘူး"
ယဲ့ကျွင်းလင် အတွေးပြောင်းကာ မျက်မှောင်ကြုတ်လျက် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို စမ်းသပ်ကြည့်သော် အိုဟောင်းနေသော လက်စွပ်တစ်ကွင်းကိုသာ တွေ့လိုက်ရ၏။ သူရင်တလှပ်လှပ်ဖြင့်ပင် လက်စွပ်အနား မျက်နှာကိုနီးကပ်စွာကပ်ကာ တိုးတိုးလေး မေးလိုက်သည်။
"ဆရာသခင် အထဲမှာရှိနေလားခင်ဗျာ"
လက်စွပ်ကလည်း ဘာမှမတုံ့ပြန်ပါ။
"ဟေ့ လူအိုကြီး ဟန်လုပ်မနေနဲ့တော့ မင်းအထဲမှာ ပုန်းနေမှန်း ငါသိတယ်"
လက်စွပ်: "......"
"သွေးစွတ်လိုက်မှ အသက်ဝင်လာမှာများလား"
ယဲ့ကျွင်းလင်သည် သူ့လက်ချောင်းကို ကိုက်ကာ လက်စွပ်ပေါ်သို့ သွေးစွတ်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ဆယ်စက္ကန့်ကြာသည်အထိ စောင့်ဆိုင်းခဲ့သော်လည်း ဘာမှမပြောင်းလဲကြောင်း တွေ့လိုက်ရသည်။
ဒုက္ခပဲဟေ့!
ရွှေလက်ချောင်းမရှိရင် တစ်ခြားကမ္ဘာကို ရောက်လာရတာ ဘာအဓိပ္ပာယ်ရှိတော့မှာလဲ?
ဒီအိုစာနေတဲ့ ခန္ဓာကိုယ်နဲ့ဆိုရင် တစ်ခါလောက်ချော်လဲရုံနဲ့ သေသွားလိမ့်မယ်။
ယဲ့ကျွင်းလင်တစ်ယောက် တွေးလေ ဒေါသထွက်လေ ဖြစ်လာကာ တုတ်ကောက်ကို ကိုင်မြှောက်လျက် ကောင်းကင်ကိုထိုးကာ စတင်ကျိန်ဆဲတော့သည်။
"ဒီမယ် ငါမင်းတို့ကို... #%& * #$%......"
နှစ်မိနစ်ခန့်ကြာသော်...
[တင်! ပိုင်ရှင်ဟာ ရိုင်းစိုင်းသော စကားလုံးများဖြင့် မရပ်မနားကျိန်ဆဲနေကြောင်း တွေ့ရှိရသောကြောင့် ဤစနစ်မှာ မတတ်သာဘဲ အလိုအလျောက် အသက်ဝင်လာခဲ့ရပါပြီ။ ပိုင်ရှင်ရေ ကျိန်ဆဲတာတွေ ရပ်လိုက်ပါ ကျေးဇူးပြုပြီး စည်းကမ်းရှိတဲ့လူယဥ်ကျေးတစ်ယောက် ဖြစ်ပေးပါ]
သူ့နားထဲတွင် စက်ရုပ်ဆန်ဆန် စကားသံတစ်ခု ထွက်ပေါ်လာလေသည်။
ယဲ့ကျွင်းလင်လည်း အံ့အားသင့်သွားပြီး ရင်ဘတ်ကို စိတ်လှုပ်ရှားစွာ ဖိထားလိုက်ရသည်။ အလန့်လွန်ကာ နှလုံးရပ်ပြီး သေသွားရတော့မတတ်ပင်။
"ဟေ့ကောင်စနစ် မင်း မရိုးသားဘူးနော် ခုမှထွက်လာတာလား ဒီစာအုပ်က သာမန်လူသားဇာတ်လမ်းလားလို့တောင် ထင်မိတော့မလို့ကွ"
[တင်! တောင်းပန်ပါတယ် စနစ်က အိပ်မောကျသွားပြီး အခုမှနိုးလာတာမလို့ပါ]
"ဘာလဲဟ ကူးပြောင်းလာတဲ့သူတိုင်းကို မင်းက ဒီလိုအချိုးနဲ့ပဲဆက်ဆံတာလား"
[တင်! ပိုင်ရှင်ခင်ဗျာ စကားကိုကြည့်ပြောပါ ဒီစနစ်က အလွန်ကျွမ်းကျင်တဲ့စနစ်ဖြစ်ပါတယ်]
"ကောင်းပြီ အရင်ဆုံး မင်းရဲ့အသံကိုပြောင်းလိုက်ဦး မင်းတို့စနစ်တွေက ခံစားချက်မရှိတဲ့စက်ရုပ်သံကြီးတွေပဲ ထုတ်တတ်ကြတာလား ခုနကပြောတော့ မင်းအရမ်းကျွမ်းကျင်လှပါချည်ရဲ့ဆို ဒါဆို ဂျပန်အာနိမဲဇာတ်လမ်းထဲက ကောင်မလေးငယ်ငယ်ချောချောလေးတွေရဲ့အသံဖြစ်အောင် ပြောင်းလိုက်"
[စနစ်သည် အသံအသစ်ပြောင်းလဲထည့်သွင်းနေပါသည်]
[တင်! လိုချင်တဲ့အသံလေးဖြစ်အောင်ပြောင်းလဲလိုက်ပါပြီ ပိုင်ရှင်ကျေနပ်ပါသလားရှင်]
ဤတစ်ကြိမ်တွင် စက်ရုပ်သံအေးစက်စက်မှ နူးညံ့၍ချစ်စရာကောင်းသော မိန်းကလေးသံချိုချိုလေးအဖြစ် ပြောင်းလဲသွားလေသည်။
"မင်း လုပ်တတ်သားပဲကွ မဆိုးဘူး မဆိုးဘူး အသံကို ငါ့ခွင့်ပြုချက်မရှိဘဲ ပြောင်းလို့မရဘူးနော်"
[တင်! ဟုတ်ပါပြီ ပိုင်ရှင့်ကို စိတ်ကသိကအောက်ဖြစ်သွားစေတဲ့အတွက် လက်ဆောင်ထုပ်အသစ်တစ်ခု အလျော်ပေးပါမယ် ဖွင့်ကြည့်ချင်ပါသလား]
"အင်း ဖွင့်လိုက်စမ်း"
[တင်! စွမ်းရည်အသစ်တစ်ခုရရှိသွားတဲ့အတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ် : ပြိုင်ဘက်ကအင်အားပိုကြီးလေ ပိုင်ရှင်လည်းအင်အားပိုကြီးလေဆိုတဲ့ စွမ်းရည်ဖြစ်ပါတယ်ရှင့်]
"အသေးစိတ်ရှင်းပြစမ်း စနစ်ရေ"
ယဲ့ကျွင်းလင်လည်း စိတ်ဝင်တစားဖြင့်မေးလိုက်၏။
[တင်! ပိုင်ရှင်က ကိုယ့်ထက်ကျင့်ကြံဆင့်မြင့်တဲ့ရန်သူကို ရင်ဆိုင်မယ်ဆိုရင် အဲ့ဒီရန်သူထက်တစ်ဆင့်ပိုမြင့်တဲ့ကျင့်ကြံဆင့်ကို အမြဲတမ်း ချက်ချင်းရရှိမှာဖြစ်ပါတယ် ဘေးထွက်ဆိုးကျိုးလုံးဝမရှိပါ]
"ဘာလဲဟ"
ယဲ့ကျွင်းလင်လန့်ဖျပ်သွားပြီး စမ်းသပ်သည့်သဘောဖြင့်မေးကြည့်လိုက်သည်။ "တကယ်ကြီးလား ဥပမာ ငါအခုသာမန်လူအခြေအနေနဲ့ ကောင်းကင်တာအိုတစ်ယောက်နဲ့သွားချလိုက်ရင်...."
[တင်! စနစ်ရယုံကြည်စိတ်ချရပြီး ရိုးသားပါတယ် ကြိုက်သလိုစမ်းသပ်ကြည့်နိုင်ပါတယ် ဘာပြဿနာမှဖြစ်မလာစေရဘူးလို့ စနစ်အာမခံပါတယ်ရှင့်]
စနစ်၏အသံချိုချိုလေးက သူ့နားထဲဝဲပျံလို့လာသည်။
"ငါစမ်းကြည့်ရင် သေသွားနိုင်မလား"
ယဲ့ကျွင်းလင် ခပ်တိုးတိုးရေရွတ်နေမိသည်။
စနစ်မှာ ဒီလိုစွမ်းရည်ကြီးရှိနေရင် သူဘာမှလုပ်စရာတောင် မလိုတော့ဘူးမလား?
ကျင့်ကြံသူအမိုက်စားတွေကို သွားရှုပ်ပြီး သူတို့နဲ့တိုက်ခိုက်၊ ပြီးရင် သူတို့ထက်မြင့်တဲ့ကျင့်ကြံဆင့်ကို အရယူလိုက်ရုံပဲပေါ့။
ကျင့်ကြံဆင့်တဲ့လား?
ဒါဆို ကျင့်ကြံစရာတောင်လိုမနေတော့ဘူးပေါ့?
[တင်! စနစ်က နွေးထွေးစွာသတိပေးလိုက်ပါတယ် ပိုင်ရှင်ရဲ့ လက်ရှိရုပ်ပိုင်းဆိုင်ရာအခြေအနေအရ ဘဝသက်တမ်းကုန်ဆုံးဖို့ အချိန်၁နာရီသာကျန်ပါတော့တယ်]
"မဖြစ်နိုင်တာ နောက်ခန္ဓာတစ်ခုကိုထပ်ကူးပြောင်းဖို့ အဲ့လောက်အလျင်စလိုနိုင်နေတာလား"
"ငါဘာလုပ်ရမလဲ? ငါဘာလုပ်ရမလဲ? နေပါဦး ကျင့်ကြံသူတစ်ယောက်လောက်ရှာပြီး သွားတိုက်လို့ရတာပဲ အဲ့လိုဆို သူတို့ထက်တစ်ဆင့်မြင့်တဲ့ကျင့်ကြံဆင့်ကိုရပြီး ငါ့သက်တမ်းလည်းအလိုလိုတိုးသွားမှာလေ"
ယဲ့ကျွင်းလင် စိတ်ပိုင်းဖြတ်ပြီး တုတ်ကောက်ကိုမှီကာ ခက်ခက်ခဲခဲ ခြေတစ်လှမ်းလှမ်းလိုက်သည်။ တောင်အောက်ကိုဆင်းပြီး လိမ်စားဖို့ လူတစ်ယောက်ရှာရမှာပေါ့။
သို့သော်လည်း သက်တမ်းကုန်ခါနီးဖြစ်နေသော သူ့ခန္ဓာကိုယ်က လမ်းလျှောက်လေလျှောက်လေ ပိုလို့အားအင်ကင်းမဲ့လာလေဖြစ်နေကာ ဟောဟဲလိုက်အောင် မောပန်းလာတော့၏။
တောင်အောက်ကိုရောက်ဖို့လည်း ခရီးအဝေးကြီးကျန်နေသေးသောကြောင့် ယဲ့ကျွင်းလင်မျက်စိမျက်နှာပျက်ကာ ညည်းညူလိုက်မိတော့သည်။
"သူငယ်ချင်းရေ ဘာလို့တောင်ပေါ်မှာပဲနေခဲ့တာလဲ အခုတော့မင်းကြောင့်ငါပါဒုက္ခရောက်နေပြီ"
ကလင် ကလင် ကလင်
ထိုအချိန်တွင် ဂိုဏ်းမှ အရေးပေါ်ခေါင်းလောင်းသံ မြည်လာလေသည်။
ရွှယ်ထျန်းဂိုဏ်းတစ်ခုလုံး တုန်လှုပ်သွားရတော့၏။ အဘယ့်ကြောင့်ဆိုသော် ထိုအချက်ပေးသံ၏အဓိပ္ပာယ်မှာ ရန်သူများလာရောက်တိုက်ခိုက်နေပြီဟု ဆိုလိုသောကြောင့်ပင်။
မိုးခြိမ်းသကဲ့သို့ တအုန်းအုန်းအသံများ ဆက်တိုက်ထွက်ပေါ်လာသည်။
ကောင်းကင်တစ်ခုလုံး တိမ်မည်းကြီးများဖြင့် ဖုံးအုပ်သွားပြီး ဧရာမငှက်ကြီများလည်း အုပ်လိုက်ပျံသန်းလာကြသည်။
ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးအငွေ့အသက်တစ်ခုက မုန်တိုင်းပမာ ဖြန့်ကျက်လွှမ်းခြုံလာတော့၏။
"ဘာတွေဖြစ်နေတာလဲ"
ယဲ့ကျွင်းလင်လည်း ရင်တုန်ပန်းတုန်ဖြင့် ခေါင်းကြောများပင်တင်းလာတော့သည်။
ရွှယ်ထျန်းဂိုဏ်းနယ်မြေအတွင်းတွင် အလင်းတန်းများ ဒါဇင်နှင့်ချီအောင်ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ပြင်းထန်သော စွမ်းအင်အတက်အကျလှိုင်းလုံးများရိုက်ခတ်နေသည့် အစီအရင်တစ်ခုကို ဖွဲ့စည်းလိုက်ကြသည်။
ဂိုဏ်းတပည့်သားများနှင့် အကြီးအကဲတို့သည် မှော်လက်နက်များကိုကိုယ်စီကိုင်ဆောင်ကာ အစီအရင်အတွင်းမှ စောင့်ဆိုင်းလို့နေကြ၏။
"အတင့်ရဲလို့"
"ဘယ်လိုမကောင်းဆိုးဝါးကောင်က ငါတို့ဂိုဏ်းကို လာပြီးဒုက္ခပေးရဲတာလဲကွ"
နှစ်လိုဖွယ်ကောင်းသော အသံတစ်ခုက ဒေါသတကြီးဖြင့် အရပ်လေးမျက်နှာသို့ပဲ့တင်ထပ်အောင် အော်ဟစ်လိုက်လေသည်။
ဂိုဏ်းချုပ်ရှယိုနျန်သည် လေထဲသို့လျှပ်တပြက်ခုန်ပျံလိုက်ပြီး အနောက်မှ အားကောင်းသောအရှိန်အဝါများဖြင့် တောင်ထိပ်သခင်အုပ်စုတစ်ခုက ကပ်လျက်လိုက်ပါလာလေသည်။
"ရွှယ်ထျန်းဂိုဏ်းက ခွေးမသားတွေရေ ဒီနတ်ဆိုးဘုရင်အသက်ရှင်နေဦးမယ်လို့ မင်းတို့ထင်မထားကြဘူးမလား ဒီနေ့တော့ မင်းတို့အားလုံးကို အသေသတ်ပေးမယ်"
မိုးပြာဂဠုန်နတ်ဆိုးဘုရင်သည် နာကျည်းမုန်းတီးမှုတို့ပြည့်နှက်နေသော မျက်နှာဖြင့် အော်ဟစ်ကြိမ်းဝါးလာသည်။
"ဪ မင်းပဲကိုး တိရိစ္ဆာန်ကောင်"
ဂိုဏ်းချုပ်ရှယိုနျန်က မျက်လုံးများကိုကျဥ်းမြောင်းလျက် ဆိုသည်။
လွန်ခဲ့သောဆယ်နှစ်က မိုးပြာဂဠုန်နတ်ဆိုးဘုရင်သည် လီတိုင်းပြည်ကို မျိုးတုံးသည်အထိ သတ်ဖြတ်သုတ်သင်ခဲ့သော်ကြောင့် လီတိုင်းပြည်မှာ မတတ်သာတော့ဘဲ ရွှယ်ထျန်းဂိုဏ်းကို အကူအညီတောင်းခံခဲ့ရ၏။ ဂိုဏ်းသားများ ပိတ်ဆို့တိုက်ခိုက်ခံရခြင်းမဖြစ်စေရန် ဂိုဏ်းချုပ်ရှကိုယ်တိုင် အဖွဲ့ကိုဦးဆောင်ကာ ကူညီပေးခဲ့ခြင်းပင်။
သို့သော် နှစ်ပေါင်းများစွာကြာလွန်ပြီးနောက် မျှော်လင့်မထားစွာပင် ထိုနတ်ဆိုးဘုရင်သည် ပြန်လာနိုင်ခဲ့လေပြီ။
"အဲ့ဒီအချိန်တုန်းက ငါ့အရှက်သိက္ခာတွေအားလုံး ဖျက်ဆီးနင်းချေခံခဲ့ရတာကို ငါအခုအချိန်ထိမြင်ယောင်နိုင်နေတုန်းပဲ ဒါကြောင့် ဒီနေ့မှာ ပြန်လက်စားချေတဲ့အနေနဲ့ မင်းတို့ရွှယ်ထျန်းဂိုဏ်းကို သွေးချောင်းစီးအောင်ချေမှုန်းဖို့လာခဲ့တာ"
မိုးပြာဂဠုန်နတ်ဆိုးဘုရင်သည် ကြောက်စရာအပြုံးကြီးတစ်ခုကို ဖော်ပြလာသည်။
"ဟမ့် သားရဲတစ်သိုက်လောက်အပါခေါ်လာနိုင်ရုံနဲ့ ဘယ်လိုတောင်အရှက်မဲ့တဲ့အထိ မော်ကြွားနေနိုင်ရတာလဲ"
ရှယိုနျန်၏ဆံပင်များမှာ ကြမ်းကြမ်းရမ်းရမ်းလွင့်ခါလျက်ရှိပြီး တစ်ဖက်လူကိုအထင်သေးသည့်ဟန်က အပြည့်အဝပင်။
"ဟဲဟဲ ဒီတစ်ခုတည်းတော့ ဘယ်ဟုတ်လိမ့်မလဲကွာ"
ထို့နောက် နတ်ဆိုးဘုရင်၏အရှိန်အဝါများမှာ ဝုန်းခနဲမြင့်တက်လာပြီး ဝိဉာဥ်သန္ဓေကျင့်ကြံဆင့်၏ ဖိနှိပ်အားက ဂိုဏ်းတစ်ခုလုံးကို ရေလွှမ်းသည့်နှယ် ဖိနှိပ်ထားနိုင်လိုက်၏။
"ဘာ မင်းချိုးဖျက်နိုင်သွားတာလား"
ဂိုဏ်းချုပ်ရှယိုနျန်၏မျက်နှာထားမှာ ကွက်ခနဲပျက်သွားတော့သည်။
ဂိုဏ်းချုပ်ရှမှာ ရွေအမြုတေဖွဲ့စည်းခြင်းအဆင့်တွင်သာ နှစ်ပေါင်းများစွာကြာအောင်ပိတ်မိနေပြီး အဆင့်ချိုးဖျက်မည့်လက္ခဏာလည်း တစ်ခုမှပြမလာပေသေးပေ။ ထိုဂဠုန်သားရဲက ဝိဉာဥ်သန္ဓေကျင့်ကြံဆင့်အထိ တက်ရောက်နိုင်သွားလိမ့်မည်ဟု သူလုံးဝထင်မထားခဲ့ပါ။
အရှေ့ပိုင်းစီရင်စု၏ ကန္တာရပြည်နယ်လေးတွင် ဝိဉာဥ်သန္ဓေကျင့်ကြံသူဆိုသည်မှာ လူအများအထင်တကြီးမော်ဖူးရသော အဆင့်အတန်းတစ်ခုဖြစ်လေ၏။
"ဂိုဏ်းချုပ် ကျွန်တော်တို့ဘာဆက်လုပ်သင့်လဲ"
တောင်ထိပ်သခင်၇ဦးက စိုးရိမ်တကြီးမေးလာသည်။
"ကိစ္စတွေက ဒီအထိရောက်ပြီးပြီဆိုမှတော့ ငါတို့လည်းတိုက်ခိုက်ကြရုံပဲရှိတာပေါ့"
ရှယိုနျန်အံတင်းတင်းကြိတ်လျက် ဆိုလိုက်သည်။
"ကလေးတို့ရေ ဒီယုတ်ညံ့တဲ့တာအိုကောင်တွေကို အသေသတ်လိုက်ကြစမ်း"
မိုးပြာဂဠုန်နတ်ဆိုးဘုရင် တောင်ပံတစ်ချက်ခတ်လျက် အမိန့်ပေးလိုက်သောအခါ အပြာရောင်ကြယ်တံခွန်လိုအသွင်ဆောင်သော ငှက်အုပ်တစ်စုက ဆိုးယုတ်ပြင်းထန်သောအရှိန်အဝါတစ်ခုဖြင့် ဆင်းသက်ပေါ်ထွက်လာသည်။
"မှန်လှပါ အရှင်မင်းကြီး"
ထိုအပြာရောင်နတ်ဆိုးငှက်အုပ်စုသည် တိုက်ခိုက်ရန်ထိုးဆင်းချလာပြီး အချို့ကပါးစပ်များကိုဟလျက် အလင်းတန်းတို့ထုတ်လွှတ်တိုက်ခိုက်ကာ အချို့ကတော့ တိုက်ရိုက်တိုက်ခိုက်လာကြသည်။
"ရွှယ်ထျန်းဂိုဏ်းကို အသက်ပေးကာကွယ်ဖို့ ကျိန်ဆိုပါတယ်"
ရှယိုနျန်က ဦးဆောင်လျက် ဟိန်းဟောက်ကြုံးဝါးလိုက်ကာ ကျင့်ကြံသူများကို သတ္တိသွေးလောင်းပေးလိုက်သည်။
မြူခိုးတောင်ထိပ်မှ ယဲ့ကျွင်းလင်သည် အဖြစ်အပျက်အားလုံးကို အူကြောင်ကြောင်ငေးကြည့်နေပြီးမှ တုတ်ကောက်ကိုဝှေ့ယမ်းကာ ပျော်ပျော်ကြီးထအော်လေတော့သည်။
"ဟေ့ တစ်ယောက်လောက် ငါ့ကိုလာတိုက်ကြစမ်းပါ ငါ့ကိုလာချကြ"
ကံဆိုးစွာပင် လူတိုင်းကတိုက်ပွဲတွင်သာအာရုံစိုက်ထားကြသဖြင့် သူ့အသံမှာ သတ်ကြဖြတ်ကြလျက်ရှိသော မာန်ဖီသံများကြား တိုးဝင်ကွယ်ပျောက်သွားရတော့၏။
[တင်! စနစ်က နွေးထွေးစွာသတိပေးလိုက်ရပါတယ် ပိုင်ရှင်အနေနဲ့ သက်တမ်းကမိနစ်နှစ်ဆယ်စာမျှသာ ကျန်ရှိတော့တာဖြစ်သောကြောင့် သက်တမ်းအမြန်တိုးဖို့ လောဆော်လိုက်ရပါတယ်]
"နေပါဦးဟ နောက်တစ်ခါပြန်ဝင်စားဖို့ကို အဲ့လောက်အလောတကြီးဖြစ်နေရသလား"
ယဲ့ကျွင်းလင် စိတ်တိုတိုဖြင့် တုတ်ကောက်ကိုပစ်ချလိုက်သည်။ အချိန်ကုန်တာ ဒီလောက်မြန်လိမ့်မည်ဟု သူထင်မထားမိပေ။
ငါ့ရဲ့ နတ်ဘုရားကျင့်ကြံသူဘဝလေးက မစခင်မှာပဲ အဆုံးသတ်ရတော့မှာလား?
၂ - ဂိုဏ်းတစ်ခုလုံး လန့်ဖျပ်ကုန်ပြီ
ကောင်းကင်ယံတွင် ပေါက်ကွဲသံများအဆက်မပြတ်ထွက်ပေါ်နေပြီး စွမ်းအားကြီးမှော်စွမ်းအင်များက ဖြတ်သန်းကူးလူးနေရာ ရောင်စုံအလင်းတန်းများလည်း နေရာအနှံ့တွင်ဖြန့်ကျက်နေတော့၏။
နတ်ဆိုးငှက်များ၏ အလောင်းများမှာ တစ်ခုပြီးတစ်ခု မြေပြင်ထက်သို့ ပြုတ်ကျနေလျက် ၎င်းတို့၏ စူးရှသော အော်သံများသည် ချိုင့်ဝှမ်းတစ်လျှောက် ပဲ့တင်ထပ်လို့နေသည်။
"သတ်ကြ!"
များစွာသော ဂိုဏ်းတပည့်သားများနှင့် အကြီးအကဲတို့မှာ အချို့က မှော်ဂါထာများရွတ်ဆိုလျက် အချို့ကဓားပျံများကိုဝှေ့ယမ်းကာ ပြင်းထန်ကြမ်းတမ်းစွာ တိုက်ခိုက်နေကြတော့သည်။ ခိုင်မာသောစိတ်ပိုင်းဖြတ်ချက်ကို စွဲကိုင်လျက် ဂိုဏ်းနှင့်အတူ သေသေရှင်ရှင် နောက်မဆုတ်တမ်းတိုက်ခိုက်ကြမည့် သစ္စာခံများပါပေ။
ဂိုဏ်းခေါင်းဆောင်ရှယိုနျန်နှင့် ရွှေအမြုတေဖွဲ့စည်းခြင်းအဆင့် တောင်ထိပ်သခင်ခေါင်းဆောင် ခုနစ်ဦးတို့သည် လေထဲတွင်ပျံသန်းလျက် မိုးပြာဂဠုန်နတ်ဆိုးဘုရင်ကို တိုက်ခိုက်ချေမှုန်းရန် အစွမ်းကုန် ကြိုးပမ်းနေကြသည်။
အုန်း!
၎င်းတို့၏ တိုက်ပွဲမှ ထွက်ပေါ်လာသော အတက်အကျမတည်ငြိမ်လှသည့် စွမ်းအင်လှိုင်းများသည် လေဆင်နှာမောင်းတစ်ခုကို ဖြစ်ပေါ်စေကာ မြေပြင်မှ သစ်ပင်တန်းများကို အမြစ်မှ လှန်ထုတ်၍ ဝှေ့ယမ်းလှည့်ပတ်ပြီး အပိုင်းပိုင်းအစစပျံ့ကျဲပေါက်ကွဲစေတော့၏။
တိုက်ပွဲမြင်ကွင်းတစ်ခုလုံးမှာ သဘာဝကပ်ဘေးတစ်ခုဖြစ်ပေါ်နေသကဲ့သို့ ဝုန်းဒိုင်းကြဲလျက်သာရှိတော့သည်။
နတ်ဆိုးဘုရင်က လှောင်ရယ်လျက်ဆိုလိုက်သည်။ "အားနည်းလှချည်လား ဒါမင်းတို့အစွမ်းအကုန်ပဲဆိုရင် ဒီဘုရင်အတွက်တော့ အယားတောင်မပြေလောက်ဘူးပဲ"
"မိစ္ဆာကောင် မင်းမာနကိုရိုက်ချိုးပေးမယ်"
ရှယိုနျန်က အော်ဟစ်ကြုံးဝါးလိုက်ပြီး လက်သင်္ကေတတစ်ခုကိုပုံဖော်လိုက်ရာ အပြာရောင်လျှပ်စီးကြောင်းများက လေဟာနယ်ကိုဆုတ်ဖြဲထွက်ပေါ်လာပြီး ဒေါသူပုန်ထနေသော နဂါးများကဲ့သို့ တဟုန်ထိုးထွက်ပေါ်လာကြတော့သည်။
"သတ်ကြ!"
အခြားတောင်ထိပ်သခင်များကလည်း ဟိန်းဟောက်ကြုံးဝါးလျက် သူတို့တွင်ရှိသမျှ စွမ်းအားအကြီးဆုံးမှော်အစွမ်းများကို ထုတ်သုံးလာကြ၏။
ထိုအခိုက်အတန့်တွင် ကောင်းကင်ပြို၍ မြေပြင်ကွဲအက်တော့မတတ် ကြောက်မက်ဖွယ်စစ်မြေပြင်တစ်ခုကို မြင်တွေ့နိုင်ပေသည်။
"စိတ်ဝင်စားစရာပဲ ဒီလိုဆိုတော့လည်း ဝိဉာဥ်သန္ဓေကျင့်ကြံသူတစ်ဦးက ဘယ်လောက်တောင်စွမ်းအားကြီးသလဲဆိုတာ မင်းတို့မျက်မြင်တွေ့ရအောင် ပြပေးရသေးတာပေါ့"
ဂဠုန်နတ်ဆိုးဘုရင်သည် ကောင်းကင်နှင့်နေမင်းကိုပင် အုပ်မိုးထားနိုင်လောက်သည်အထိ ကြီးမားသောတောင်ပံကြီးများကိုတဖျတ်ဖျတ်ခတ်လိုက်ပြီး မျက်လုံးများက ရက်စက်စွာတောက်ပလာတော့သည်။ ၎င်း၏အရှိန်အဝါမှာ အံ့အားသင့်ဖွယ်အဟုန်ဖြင့် လျင်မြန်စွာထိုးတက်လာပြီး ပါးစပ်များကိုဖွင့်ကာ ဖျက်ဆီးချေမှုန်းခြင်းအလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်တော့၏။
ဒုန်း! ! !
ပါးစပ်တွင်းမှထွက်လာသော အလင်းလုံးကြီးသည် မျက်စိကျိန်းလောက်အောင် တောက်ပနေပြီး မြေပြင်မှ နေတစ်စင်းထွက်လာသကဲ့သို့ပင်။
ထိုတိုက်ခိုက်မှု၏ ကြောက်မက်ဖွယ် နောက်ဆက်တွဲရိုက်ခတ်မှုများ တဖြည်းဖြည်း ပျောက်ကွယ်သွားသောအခါ ကျယ်လောင်သောကျိုးပဲ့သံတစ်ခုဖြင့် ဖရိုဖရဲ ပုံရိပ်များစွာပြုတ်ကျသွားသည်ကို မြင်တွေ့လိုက်ရပြီး ထိုနေရာတဝိုက်တွင် ဖုန်များသဲများလည်း တလုံးလုံးထလျက်ရှိတော့သည်။
"အဟွတ် အဟွတ်"
ဂိုဏ်းချုပ်ရှယိုနျန်နှင့် တောင်ထိပ်သခင်တို့မှာ ချောင်းဆိုးသံနှင့်အတူ သွေးများအန်ထွက်လာကြပြီး မတ်တပ်ရပ်ဖို့ပင် အနိုင်နိုင်ဖြစ်ကုန်ကြတော့သည်။ သူတို့မျက်လုံးများထဲတွင် ဒေါသနှင့်မခံချင်စိတ်များ ပြည့်လျှမ်းလျက်။
ရွှေအမြုတေဖွဲ့စည်းခြင်းအဆင့်နှင့် ဝိညာဉ်အဆင့်ကြားက ကွာဟချက်သည် လျစ်လျူရှုလို့မရနိုင်လောက်အောင်ပင် အလွန်ကြီးမားလှ၏။
"ဟားဟားဟား အခုရော ဘယ်သူတွေဆက်ခုခံချင်သေးလဲ ငြိမ်ငြိမ်လေးအသေခံလိုက်ကြစမ်းပါ"
နတ်ဆိုးဘုရင်က အောင်နိုင်သူတစ်ဦးပမာ မော်ကြွားစွာရယ်မောနေသည်။
"သွားပြီ..."
ရွှယ်ထျန်းဂိုဏ်း၏ အင်အားအကြီးဆုံးသောအုပ်စုပင် ဂဠုန်နတ်ဆိုးဘုရင်၏လက်အောက်တွင် မရှုမလှရှုံးနိမ့်သွားရလေရာ မရေမတွက်နိုင်သော တပည့်သားများနှင့် အကြီးအကဲတို့မှာ မျှော်လင့်ချက်ကင်းမဲ့လို့သွားရလေပြီ။
လေထုသည် ဖိအားများဖြင့်လေးလံနေပြီး ရွှယ်ထျန်းဂိုဏ်းတစ်ခုလုံးမှာ သေဒဏ်ချမှတ်ခံရပြီးသကဲ့သို့ ဆိတ်ဆိတ်ငြိမ်ကျသွားရတော့၏။
ထိုစဥ် အိုမင်းရင့်ရော်နေသော အသံတစ်သံသည် အချိန်အခါမသင့်စွာ ရုတ်ချည်းထွက်ပေါ်လာပြီး လူအိုသံနှင့်မလိုက်စွာ ငယ်ရွယ်နုပျိုသော မာန်မာနအပြည့်ဖြင့် အထက်စီးဆန်ဆန် မော်ကြွားလျက်ရှိလေသည်။
"ဟေ့ စောက်သုံးမကျတဲ့ ငှက်လအကြီးရေ ဒီကိုကြည့်စမ်း ဟိုကြည့်ဒီကြည့်လုပ်မနေနဲ့ ငါဒီမှာ မင်းကိုစကားပြောနေတယ်"
"ဟမ်"
မိုးပြာဂဠုန်နတ်ဆိုးဘုရင်လည်း ရုတ်တရတ် ဆွံ့အသွားရပြီး အသံရင်းမြစ်ကို လိုက်ရှာဖွေရာ အဝေးမှ တိမ်များဖုံးလွှမ်းနေသော တောင်ထိပ်တွင် တုတ်တစ်ချောင်းကို မှီကာ အော်လံတစ်ခုကို ကိုင်ဆောင်၍ ရိုင်းစိုင်းစွာ အော်ဟစ်ဆဲဆိုနေသော အနက်ရောင်ဝတ်ရုံဝတ် အဘိုးအိုတစ်ဦးကို တွေ့လိုက်ရသည်။
"မင်းလိုလူသားအယုတ်တမာကောင်ကများ ငါ့ကိုစော်ကားရဲတယ်"
နတ်ဆိုးဘုရင်မှာ သူ့မျက်လုံးသူမယုံနိုင်စွာ နဝေတိမ်တောင်ဖြစ်သွားရ၏။
တစ်ဖက်လူမှာ ကျင့်ကြံရေးအရင်းအမြစ်လည်းမရှိဘဲ မကြာခင်သက်တမ်းကုန်တော့မည်ခန္ဓာတစ်ခုသာပိုင်ဆိုင်ထားသော အဘိုးကြီးအိုတစ်ဦးဖြစ်နေသည်လေ။
"ယဲ့...ဆရာတူညီလေးယဲ့လား?"
ရှယိုနျန်နှင့် ခေါင်းဆောင်ခုနစ်ဦးတို့သည်လည်း အံ့သြမင်သက်မိသွားရတော့သည်။ တစ်နှစ်ပတ်လုံး တစ်ကိုယ်တည်းသီးသန့်နေထိုင်ပြီး လောကရေးရာများကို စိတ်မဝင်စားတော့ပါသော မြူခိုးတောင်ထိပ်သခင်သည် ဤသို့အရေးကြီးသောအချိန်တွင်မှ ရုတ်ချည်းပေါ်လာလိမ့်မည်ဟု သူတို့တစ်ခါမှ မမျှော်လင့်ခဲ့မိကြပါ။
သူတို့အံ့အားသင့်နေချိန်တွင် ယဲ့ကျွင်းလင်မှာတော့ အော်လံကိုတင်းတင်းဆုပ်ကိုင်တာ တုတ်ကောက်ကိုဝှေ့ယမ်းလျက် ရူးသွပ်စွာ အထက်စီးဆန်ဆန်အော်ဟစ်နေဆဲပင်။ "ဟေ့ ငှက်ငတုံးကောင် မင်းစိတ်မပျော်ရင် ငါ့ကိုလာရိုက်ပါ့လား အဘိုးကြီးကဒီမှာစောင့်နေတယ်လေ"
ယဲ့ကျွင်းလင်မှာ တောင်အောက်ဆင်းဖို့လည်းအချိန်မရ၊ စစ်မြေပြင်မှ မည်သူမှလည်း သူ့ကိုအာရုံမစိုက်ကြသဖြင့် အကျပ်ရိုက်နေရင်းမှ အကြံတစ်ခုရကာ သူယခင်နေထိုင်ခဲ့သောဂူအတွင်းသို့ ပြန်လည်သွားရောက်ရှာဖွေသော် ဤစပါယ်ရှယ်အော်လံကြီးကို ကံကောင်းစွာဖြင့် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်လေသည်။
ဤအော်လံကို အသက်သွင်းဖို့ မည်သည့်ကျင့်ကြံစွမ်းအားမှမလိုအပ်ပေ။ ဝိဉာဥ်ကျောက်တုံးများရှိရုံဖြင့် အသံကို အဆတစ်သောင်းအထိချဲ့ပေးနိုင်သော ပစ္စည်းဖြစ်၏။
သူ့ရည်ရွယ်ချက်ကတော့ ရိုးရှင်းပါပေသည်။ အရိုက်ခံရဖို့ပင်။
ရှုပ်ထွေးပွေလီနေသော စစ်မြေပြင်တွင် အရေးကြီးသည့်အချိန်တွင်မှ တစ်စုံတစ်ဦးက အသံကျယ်ကျယ်ဖြင့် ဂဠုန်နတ်ဆိုးဘုရင်ကို ပျစ်ပျစ်နှစ်နှစ် ဆဲရေးတိုင်းထွာလာသောကြောင့် နှစ်ဖက်ရန်သူတို့မှာလည်း ကြောင်တောင်တောင်ဖြစ်သွားရတော့သည်။
မရေမတွက်နိုင်သော အကြည့်များစွာသည် အံ့အားသင့်စွာ ကြောင်အနေကြပြီး တောင်ထိပ်ပေါ်မှာ ပါးစပ်အပြည့်အဆဲစကားလုံးများပစ်လွှတ်နေသော ခေါင်းဖြူအဘိုးအိုထံသို့သာ ဆိုက်ရောက်နေကြတော့၏။
"ဘုရားရေ အဲ့ဒါမြူခိုးတောင်တိပ်သခင်ဟောင်းမလား"
"ငါသူ့ကိုသိတယ် ရွှယ်ထျန်းဂိုဏ်းသမိုင်းတစ်လျှောက်မှာ အသက်အငယ်ဆုံး ရွှေအမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူပဲ နောက်တော့ တိုက်ပွဲကြီးတစ်ခုမှာ သူ့ကျင့်ကြံဆင့်တွေဖျက်ဆီးခံခဲ့ရပြီး အဲ့ကတည်းက ပျောက်သွားတော့တာပဲ"
"သူ့အကြောင်းတွေကြားခဲ့ဖူးပေမယ့် အပြင်မှာတွေ့လိုက်ရတော့ သိပ်...ပုံမှန်မဟုတ်သလိုပဲနော်"
နေရာတိုင်းတွင် အံ့အားတသင့်ဆွေးနွေးပြောဆိုသံများ ပျံ့လွင့်လာသည်။
မိုးပြာဂဠုန်နတ်ဆိုးဘုရင်မှာ ဒေါသထွက်လွန်းလှသဖြင့် ဒွာရခုနှစ်ပေါက်မှ အငွေ့ချောင်းချောင်းထွက်နေရလေပြီ။ ဝိဉာဥ်သန္ဓေကျင့်ကြံဆင့်၏ ဖိအားကို အစွမ်းကုန်ထုတ်လွှတ်ကာ ပတ်ဝန်းကျင်တစ်ခုလုံးကို ဖြန့်ကျက်ဖိနှိပ်ထားပြီး မျက်လုံးများမှာလည်း မီးဝင်းဝင်းတောက်လို့နေတော့၏။
"ငါနေလာခဲ့တဲ့ သက်တမ်းအရှည်ကြီးတစ်လျှောက်လုံးမှာ ဒီလောက်မောက်မာရိုင်းစိုင်းတဲ့သူ တစ်ခါမှမတွေ့ဖူးဘူး"
"အာ ဟုတ်လား မင်းအခုတစ်ယောက်တွေ့ဖူးသွားပြီပေါ့"
မေးကိုမော့ကာ ပြောဆိုနေသောအမူအရာမှာ အမှန်ကိုပြေးရိုက်ချင်စရာရုပ်ပင်။
သို့သော် ပဲစေ့အရွယ် ချွေးသီးချွေးပေါက်များသည် သူ့နဖူးမှစီးကျလာပြီး အိုမင်းနေသော ခန္ဓာကိုယ်သည်လည်း တဖြည်းဖြည်း အားနည်းလာကာ မျက်လုံးထဲတွင် ပုံရိပ်နှစ်ထပ်များ ရေးတေးတေးပေါ်လာလေပြီ။
[တင်! ပိုင်ရှင်ဟာ နေရာမှာတင်လဲသေသွားဖို့ အချိန်၁၀စက္ကန့်သာကျန်ပါတော့ကြောင့် စနစ်မှ နွေးထွေးစွာသတိပေးလိုက်ရပါတယ်]
[စတင်ရေတွက်ပါပြီ]
[တစ်ဆယ်၊ ကိုး၊ ရှစ်၊ ခုနှစ်၊ .....]
"ချီးပဲ အဲ့ငှက်ငတုံးက ဘာကိစ္စ ငါ့ကိုလာမရိုက်သေးတာလဲ ကယ်ကြပါဦး"
ယဲ့ကျွင်းလည် တမလွန်မှ သူ့အဘိုးအဘွားများနှင့် မကြာခင်မျက်နှာချင်းဆိုင်ရတော့မည့်အကြောင်း ကြိုတွေးရင်း စိတ်ထဲမှာတိတ်တိတ်လေးကြိတ်ငိုနေရလေပြီ။
"အရိုင်းအစိုင်းကောင် ဒီဘုရင်က မင်းကိုအခုပဲချေမှုန်းပစ်မယ်ကွ"
ဒေါသငယ်ထိပ်ရောက်သွားသော နတ်ဆိုးဘုရင်မှာ ထိုသာမညောင်ညလူသားတစ်ယောက်ကိုချေမှုန်းရန် အားကုန်သုံး၍ ပြေးဝင်သွားလေတော့သည်။
ဘုန်း!!
နတ်ဆိုးဘုရင်သည် ပါးစပ်ကိုဟလျက် တစ်ဖက်လူကိုစိစိညက်ညက်ကျေစေမည့် စွမ်းအင်အလင်းတန်းတစ်ခု ထွေးထုတ်လိုက်ရာ အရှိန်အဝါမှာ ကောင်းကင်ကိုပင်ဖြတ်တောက်တော့မတတ် ပြင်းထန်လှပေ၏။
ထိုတိုက်ကွက်မှာ ဝိဉာဥ်သန္ဓေအဆင့်နတ်ဆိုးတစ်ကောင်၏ အင်အားကုန်ကိုထုတ်သုံးလိုက်ခြင်းဖြစ်ရာ လက်ရှိစစ်မြေပြင်မှ မည်သည့်ကျင့်ကြံသူမဆို တားဆီးနိုင်စွမ်းမရှိပါပေ။
"ဆရာတူညီလေးယဲ့!"
ရှယိုနျန်နှင့် အခြားသူများမှာ ဝမ်းနည်းထိတ်လန့်စွာ အော်ဟစ်မိကြလျက်။
ရွှယ်ထျန်းဂိုဏ်းအတွက် အသက်ပေးရန် အရဲဝံ့ဆုံးသောဂိုဏ်းသားမှာ တစ်ချိန်က ရွေအမြုတေမှတ်တမ်းကို ချိုးဖျက်ခဲ့ပါသည့် ပါရမီရှင်လေးဖြစ်နေလိမ့်မည်ဟု သူတို့ဘယ်တုန်းကမှ ထင်မထားခဲ့ကြပါ။
"တော်သေးတာပေါ့ နောက်ဆုံးတော့အရိုက်ခံရပြီ"
ဝိဉာဥ်သန္ဓေအဆင့်နတ်ဆိုးဘုရင်၏ ကြောက်မက်ဖွယ်တိုက်ကွက်ကို လည်စင်းရင်ဆိုင်နေရပါသော ယဲ့ကျွင်းလင်မှာမူ ကြောက်ရွံ့စိတ်စိုးစဥ်းမျှမရှိရုံမက စိတ်သက်သာရာရသွားဟန်ဖြင့် ပြုံးဖြဲဖြဲလုပ်နေလိုက်သေး၏။
[တင်! ပိုင်ရှင်သည် ဝိဉာဥ်သန္ဓေအစောပိုင်းအဆင့်ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်မှုကို ရင်ဆိုင်နေရကြောင်း ခြေရာခံမိသည့်အတွက် 'အင်အားကြီးသူနှင့်ရင်ဆိုင်ကာ ပို၍အင်အားကြီးလာခြင်း' စွမ်းရည်၏ သက်ရောက်မှုအရ ပိုင်ရှင်ကို ဝိဉာဥ်သန္ဓေအလယ်အလတ်အဆင့်ကျင့်ကြံသူအဖြစ် အဆင့်တိုးမြှင့်ပေးလိုက်ပါပြီ]
စက္ကန့်ပိုင်းမျှအကြာတွင်...
စွမ်းအားကြီးကျင့်ကြံဆင့်တစ်ခုသည် သူ့ခန္ဓာကိုယ်ထဲတွင် ပေါက်ကွဲထွက်လာပြီး မူလကအားအင်ကုန်ခမ်းကာ အိုမင်းရွတ်တွနေသောခန္ဓာကိုယ်မှာ ကျန်းမာသန်စွမ်းမှုအပေါင်းဖြင့် ပွင့်လန်းလာတော့လေသည်။ အစက်အပြောက်များထနေသောအသားအရေမှာ ရုတ်ချည်းတောက်ပြောင်ချောမွေ့သွားကာ အရည်တွန့်နေသောမျက်နှာမှာလည် နုနုထွတ်ထွတ် လူငယ်လေးတစ်ဦးအဖြစ် ပြောင်းလဲသွားလေတော့သည်။
မျက်ခုံးများမှာ ဓားတစ်စင်းကဲ့သို့ စူးရှပြတ်သားပြီး နားထင်ဘက်သို့ ခပ်ကွေးကွေးတက်နေသောသဏ္ဍာန်ရှိ၏။ မျက်လုံးအစုံမှာလည်း ကြယ်ပွင့်များကဲ့သို့ နက်ရှိုင်းစွာတောက်ပနေသည်။ ခန့်ညား၍ ရဲရင့်ကာ ယုံကြည်မှုအပြည့်ဖြင့် ဆွဲဆောင်မှုရှိသော မျက်နှာလေးပါပေ။
ထူးဆန်းစွာပင် ခါးလယ်ထိအရှည်ရှိသော ဆံပင်ဖြူများမှာ အနက်ရောင်ပြောင်းမသွားဘဲ ငွေဖြူရောင်ဖြင့်တောက်ပလာပြီး ကြယ်စုကြယ်ဝေးတန်းတစ်ခုလုံးကို ချိတ်ဆွဲထားသည်နှင့်ပင် တူသေးတော့သည်။
"ဒါက ဝိဉာဥ်သန္ဓေကျင့်ကြံဆင့်ပေါ့လေ"
ယဲ့ကျွင်းလင်သည် သူ့ခန္ဓာကိုယ်တွင်းမှာ ကြောက်စရာကောင်းလှသော စွမ်းအင်ပမာဏကို ခံစားကြည့်နေရင်း မျက်နှာမှာလည်း အံ့သြပျော်ရွှင်ရိပ်များထင်ဟပ်နေတော့သည်။
[တင်! ဒါပေါ့ ဒီစနစ်က အထူးကျွမ်းကျင်စနစ်ပဲလေ]
နူးညံ့ချွဲပစ်သော ဂျပန်ကောင်မလေးတစ်ဦး၏အသံက သူ့နားထဲသို့စီးဝင်လာသည်။ မရေမတွက်နိုင်သော အိုတာကူအပေါင်းတို့ကို အသည်းယားစေနိုင်မည့်စွမ်းအားက အပြည့်ပင်။ (အိုတာကူ - ဂျပန်ကာတွန်း ခေါ် အာနိမဲရူးများ)
အုန်း!!
သူ့ကိုဖျက်ဆီးရန်ဦးတည်လာနေသော စွမ်းအင်အလင်းတန်းသည် ပိုမိုစွမ်းအားကြီးသောတစ်စုံတစ်ခုနှင့် ထိပ်တိုက်တွေ့လိုက်ရသကဲ့သို့ အခုံးလိုက်ကွေးတက်သွားကာ ကောင်းကင်သို့ရိုက်ခတ်ပေါက်ကွဲသွားတော့၏။
ကြောက်မက်ဖွယ်ဖိအားတစ်ခုမှာ ဒီရေကဲ့သို့မြင့်တက်ပျံ့နှံ့သွားပြီး ကျင့်ကြံသူအပေါင်းတို့ကို နှလုံးတုန်ရင်ခုန်စေကာ ခေါင်းကြောများထောင်သည်အထိ ကြက်သီးမွေးညင်းထစေတော့သည်။
နတ်ဆိုးဘုရင်၏ဒေါသမီးတောင်သည်လည်း ရေခဲရေဖြင့်လောင်းချခံလိုက်ရသကဲ့သို့ ငြိမ်ကျသွားရကာ မျက်လုံးပြူးမျက်ဆံပြူးဖြင့် အံ့သြတကြီးကြောင်ကြည့်နေမိလျက်သာပင်။
"မင်းလည်း ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူပေါ့လေ"
ဤစစ်မြေပြင်တွင် နောက်ထပ်ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူတစ်ဦး ရှိနေလိမ့်မည်ဟု မည်သူမျှ လုံးဝထင်မှတ်မထားခဲ့ပါပေ။
ထို့အပြင် ထိုသူ၏ကျင့်ကြံဆင့်မှာ သူ့ထက်ကိုပိုမြင့်နေဟန်ရှိလေသည်။
မရေမတွက်နိုင်သော အံ့သြတကြီးအကြည့်များ၏အလယ်တွင် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ယဲ့ကျွင်းလင်သည် လက်တစ်ဖက်ကို ကျောနောက်သို့ဟန်ပါပါပစ်ကာ ရပ်လိုက်သည်။ ငွေဖြူရောင်ဆံနွယ်များက အရိုင်းဆန်စွာ လွင့်ခါနေလျက်ရှိပြီး မျက်လုံးများမှာ နတ်ဘုရားတစ်ပါး၏ ကြောက်မက်ဖွယ်အလင်းတန်းတို့ကို ထုတ်လွှတ်နေ၏။ ခန္ဓာကိုယ်တစ်ခုလုံးမှ လွှင့်ထုတ်နေသောဖိအားမှာ အရာအားလုံးကို ဒူးတုပ်ဝပ်ဆင်းစေနိုင်သည်အထိ ပြင်းထန်လှ၏။
"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဆရာတူညီလေးယဲ့က ဝိဉာဥ်သန္ဓေကျင့်ကြံသူတဲ့လား"
ရှယိုနျန်နှင့် အခြားဂိုဏ်းသားအပေါင်းတို့မှာ လျှပ်စီးမိပြီးတောင့်ခဲသွားကြသကဲ့သို့ အံ့သြဘနန်းအကြည့်များဖြင့် ပုံမှန်အခြေအနေ ပြန်မရောက်နိုင်ကြသေးပေ။
ဒါ ဘာဟာသကြီးလဲ?
အပြင်ပန်းတွင်တော့ ကျင့်ကြံဆင့်အားလုံးဖျက်ဆီးခံလိုက်ရပြီး သေမျိုးတစ်ဦးအဖြစ်သာ ဘဝကိုရှေ့ဆက်နေသောအရှုံးသမားသည် လျှို့ဝှက်စွာဖြင့် ဝိဉာဥ်သန္ဓေကျင့်ကြံဆင့်ကို ချိုးဖျက်ထားနိုင်သည်တဲ့လား?
ဒါဆို ဒီနှစ်တွေအတွင်း တစ်ကိုယ်တည်းသီးသန့်ခွဲပြီး နေထိုင်ခဲ့တာက အားလုံးကိုလှည့်စားဖို့ပေါ့လေ?
ဆရာတူညီလေးယဲ့က လှည့်စားတတ်တဲ့ မြေခွေးအိုကြီးပါလား။
"ငါထင်ယောင်ထင်မှားတွေများ မြင်နေမိတာလားဟင် မြူခိုးတောင်ထိပ်သခင်က ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူတဲ့လား"
"မှန်တယ် ဝိဉာဥ်သန္ဓေကျင့်ကြံဆင့်ပဲ ကန္တာရပြည်နယ်တစ်ခုလုံးမှာတောင် လက်ချိုးရေလို့ရလောက်တဲ့ပမာဏပဲရှိတာ အခုတော့ ရွှယ်ထျန်းဂိုဏ်းမှာ တစ်ယောက်ပေါ်လာပြီတဲ့လား"
"ငါတို့ရွှယ်ထျန်းဂိုဏ်းအတွက် ဂုဏ်ယူစရာပဲကွ မင်းတို့နတ်ဆိုးတွေတော့ အကုန်သေပြီမှတ်"
...........
ယဲ့ကျွင်းလင်တစ်ယောက် ဝိဉာဥ်သန္ဓေကျင့်ကြံဆင့်ကို ထုတ်ပြလိုက်သည်နှင့် ဂိုဏ်းတစ်ခုလုံးမှာ ပျော်ရွှင်တက်ကြွစွာ အားပေးကြကုန်လေတော့သည်။
ကျင့်ကြံသူများတွင် ခွဲခြားသတ်မှတ်ထားသော ကျင့်ကြံဆင့်များရှိသည်။ အမည်အားဖြင့် ချီသန့်စင်ခြင်း၊ အခြေတည်ထောင်ခြင်း၊ ရွှေအမြုတေဖွဲ့စည်းခြင်း၊ ဝိဉာဥ်သန္ဓေ၊ ဝိဉာဥ်အဆင့်တက်ခြင်း၊ ခန္ဓာပေါင်းစည်းခြင်း၊ အထွဋ်အထိပ်သို့တက်ရောက်ခြင်း၊ ဘေးဒုက္ခကျော်လွှားခြင်း၊ စစ်မှန်သောမသေမျိုး စသည်ဖြင့်...
အရှေ့ပိုင်းစီရင်စုရှိ ပြည်နယ်၁၄ခုနှစ် ကန္တာရပြည်နယ်မှာ အနိမ့်ဆုံးအဆင့်တွင်ရှိပြီး ဝိဉာဥ်သန္ဓေကျင့်ကြံသူတစ်ဦးဖြစ်လျှင်ပင် ပြည်နယ်တစ်ခုလုံးကို လွှမ်းမိုးဖို့လုံလောက်နေလေပြီ။
တင် ပထမဆုံးအကြိမ် ကျင့်ကြံဆင့်ရရှိသွားတဲ့အတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ် ဂုဏ်ပြုလက်ဆောင်အနေနဲ့ စနစ်က ဆုလာဘ်တစ်ခုကို ကျပန်းချီးမြှင့်ပေးပါမယ် - ကောင်းကင်ရိုင်းအကျဥ်းချ လက်ချောင်း
ယဲ့ကျွင်းလင် အံ့အားသင့်သွားရသည်။ ဒီစနစ်ကတော့ အတော်လေးတော့ရက်ရောသားပဲ။
အုန်း
ရုတ်ချည်းပင် ကမ္ဘာမြေကြီးတစ်ခုလုံးကို ပြိုကွဲသွားစေနိုင်သည်အထိ များပြားလှသောအချက်အလက်များသည် သူ့ခေါင်းထဲတွင် အုန်းခနဲပေါက်ကွဲထွက်လာကြပြီး ယဲ့ကျွင်းလင်မှာ သူ့ကိုယ်သူတောင်မသိလိုက်ပါပဲ ထိုကျင့်စဥ်အား အလုံးစုံတတ်မြောက်ကျွမ်းကျင်သွားလေတော့၏။
"တာအိုရောင်းရင်းရေ အခုလေးတင်ဖြစ်သွားတဲ့အရာတွေအကုန်လုံးက နားလည်မှုလွဲသွားတာပါကွာ မင်းတို့ဂိုဏ်းနဲ့ပက်သက်တဲ့ရန်ငြှိုးတွေအားလုံးကိုလည်း ငါကျေအေးပေးလိုက်ပါပြီ အချိန်ရမှလာလည်ဦးမယ် သိလား"
"ကိုယ့်လူတို့ တပ်ဆုတ်"
စေ့စေ့စပ်စပ် တွေးခေါ်ဆင်ခြင်ပြီးသည့်နောက်တွင် မိုးပြာဂဠုန်နတ်ဆိုးဘုရင်မှာ အရှုံးပေးလက်နက်ချကာ ဦးဆောင်ဆုတ်ခွာဖို့ပြင်နေလေပြီ။
"ဟေး ဒီထိရောက်နေပြီဆိုမှတော့ ထွက်သွားဖို့စိတ်မကူးနဲ့တော့လေ"
ယဲ့ကျွင်းလင်က ပေါ့ပေါ့ပါးပါး လှမ်းပြောလိုက်သည်။
ထိုစကားကိုကြားသော် ဂဠုန်နတ်ဆိုးဘုရင်၏မျက်လုံးထဲတွင် ကြမ်းတမ်းရက်စက်သောအလင်းတန်းတစ်ခု ဖျတ်ခနဲပေါ်လာပြီး ပြောလိုက်သည်။ "မင်းကျင့်ကြံဆင့်က ငါ့ထက်နည်းနည်းပိုအဆင့်မြင့်တယ်ဆိုပေမယ့် အဲ့လောက်ကြီးကွာနေတာတော့မဟုတ်ဘူးနော် မင်းတကယ် အသက်လဲချင်နေတာလား"
သူက ဝိဉာဥ်သန္ဓေအစောပိုင်းအဆင့်တွင်သာရှိပြီး ယဲ့ကျွင်းလင်က ဝိဉာဥ်သန္ဓေအလယ်အလတ်ဆင့်တွင်ရှိနေသော်ငြား ထိုမျှသောကွာခြားချက်လောက်ကိုတော့ အခြားစွမ်းရည်များ ကျင့်စဥ်များဖြင့် ထေလို့ဖြည့်လို့ရနိုင်လောက်မည်ဟု နတ်ဆိုးဘုရင်ကတွက်လေသည်။
သူတို့တကယ်တမ်းတိုက်ခိုက်လျှင် မည်သူကအနိုင်ရမည်မှန်း မသေချာပါလေ။
သူ့ဘက်မှ အရှုံးကိုစတင်ဝန်ခံပြီးပြီဖြစ်သောကြောင့် ဒီ့ထက်ပိုပြီးမျက်နှာအောက်ချစရာအကြောင်း မရှိတော့ပေ။
"ဖြောင့်မတ်သူကြီးပါပေါ့လေ ငှက်ငတုံးကောင်ကတော့ ထင်ထားတဲ့အတိုင်းပဲ လေကျယ်နေလိုက်တာ"
ယဲ့ကျွင်းလင်က ခေါင်းကိုဖြည်းဖြည်းခါယမ်းရင်း လှောင်ရယ်လေသည်။
"လူသားကောင်ရေ မင်းတွန်းအားပေးလို့ဖြစ်ရတဲ့တိုက်ပွဲပဲနော်"
အကြိမ်ကြိမ်အခါခါ အရှက်ခွဲခံရပြီးနောက်တွင် မိုးပြာဂဠုန်နတ်ဆိုးဘုရင်၏ဒေါသမှာ အလုံးစုံလောင်ကျွမ်းသွားတော့၏။ သူအတောင်များကို ဖြန့်ကာခတ်လိုက်ပြီး စွမ်းအားအပြည့်အသုံးပြု၍ ပြင်းထန်ကြမ်းတမ်းသော အရှိန်အဝါကို ထုတ်လွှတ်လာလေသည်။ ခန္ဓာတွင်းရှိ နတ်ဆိုးအမြုတေကို လောင်ကျွမ်းစေကာ သေသည်အထိမဆုတ်မနစ်တိုက်ခိုက်ရန် အသင့်ပြင်လိုက်တော့သည်။
"မကောင်းတော့ဘူးဟေ့"
ရှယိုနျန်နှင့် အခြားဂိုဏ်းသားများမှာ သတိအနေအထားဖြင့် တောင့်တင်းသွားရတော့သည်။
ယဲ့ကျွင်းလင်သာ တစ်ခုခုဖြစ်သွားခဲ့လျှင် ရွှယ်ထျန်းဂိုဏ်းအတွက်တော့ အကြီးမားဆုံးဆုံးရှုံးမှုကြီးသာ ဖြစ်ပေတော့မည်။
အသည်းအသန်ဖြစ်သောအခြေအနေတွင် ယဲ့ကျွင်းလင်သည်ကား တဖျပ်ဖျပ်လွင့်ခါနေသောဆံနွယ်များနှင့် မတုန်မလှုပ်ရပ်နေလျက်သာပင်။ ထို့နောက် သူ့လက်ကို ဦးခေါင်းအထက်သို့ ဖြည်းဖြည်းချင်းမြှောက်လိုက်တော့၏။
အုန်း
ထိုတစ်ခဏအတွင်းတွင် ကောင်းကင်နှင့်မြေကြီး၏အရောင်များ ပြောင်းလဲသွားပြီး လေထုနှင့်တိမ်တိုက်များလည်း ဝှေ့ယမ်းလည်ပတ်ကုန်ကြတော့၏။
ကောင်းကင်၏ နက်ရှိုင်းသောတစ်နေရာမှ ကြောက်မက်ဖွယ်ဖိအားတစ်ခု ထွက်ပေါ်လာပြီး ဧရာမလက်ချောင်းကြီးတစ်ခုက ကောင်းကင်ကိုထောက်ကန်လို့ထားသည်။ ဆိုးရွားစွာဖောက်ပြန်နေသော ရာသီဥတုအခြေအနေများအလယ်တွင်း ထိုလက်ချောင်းကြီး၏ဖိနှိပ်နိုင်စွမ်းမှာ အံတုရန်မဖြစ်နိုင်သည်အထိ။
ထိုအချိန်တွင် ခမ်းနား၍အေးစက်သော အသံတစ်သံက လူတိုင်း၏နှလုံးသားအောက်ခြေမှတစ်ဆင့် ပဲ့တင်ထပ်လွင့်ပျံလာတော့၏။
"ကောင်းကင်ရိုင်းအကျဥ်းချ လက်ချောင်း"
၃ - တိုက်ပွဲစတင်ခြင်းဆုလာဘ်
ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပြင်းထန်ရက်စက်သော သတ်ဖြတ်လိုစိတ်ကို ခံစားမိလိုက်ပြီး မိုးပြာဂဠုန်နတ်ဆိုးဘုရင်မှာ ထောင်ချောက်တစ်ခုထဲပိတ်မိသွားသလို ခံစားလိုက်ရကာ မကြုံစဖူးကြောက်စိတ်ကြောင့် ဦးရေပြားက ပေါက်ကွဲတော့မတတ် တင်းမာလာရသည်။
"ဒါ...ဒါက"
နတ်ဆိုးဘုရင်၏ဦးနှောက်မှာ ဗလာဖြစ်သွားပြီး ဆက်လက်ကြီးထွားနေဆဲလက်ချောင်းကြီးကို စိုးထိတ်ကြောက်လန့်စွာ ဆက်လက်စိုက်ကြည့်မိနေသည်။ ဘေးပတ်လည်တွင် သူ့ကိုဖိညှစ်နေသော ပြင်းထန်သည့်စွမ်းအင်ပမာဏကြောင့် လှုပ်ရှားဖို့ပင်ခက်ခဲနေရတော့၏။
အုန်း ! !
မြေပြင်တစ်ခုလုံး တုန်ခါသွားပြီး ကောင်းကင်ယံမှာ ဖုန်မှုန့်တလုံးလုံးဖြင့် ဖုံးကွယ်ခံလိုက်ရ၏။
မြေပြင်ထိ ချို့င်ဝှမ်းထဲတွင်မူ သွေးများအပြည့်ဖုံးလွှမ်းလျက် ဝင်သက်ထွက်သက်ကင်းမဲ့နေပြီဖြစ်သော ဧရာမငှက်ကြီးတစ်ကောင် လှဲလျောင်းလျက်ရှိလေသည်။
"ဘုရင်ကြီးကျသွားပြီ အားလုံးပဲပြေးကြဟေ့"
သူတို့ခေါင်းဆောင်ကြီးကျဆုံးသွားသည်ကိုမြင်သောအခါ ဂဠုန်ငှက်အားလုံးသည်လည်း ကြောက်လန့်တကြားဖြင့် စစ်မြေပြင်မှထွက်ပြေးရန် အစွမ်းကုန်ကြိုးစားကြတော့၏။
"သတ်ကြ တစ်ယောက်မှမချန်နဲ့"
ရှယိုနျန်သည် ထိတ်လန့်တုန်လှုပ်နေရာမှ သတိပြန်ဝင်လာပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
"ဟုတ်ကဲ့ ဂိုဏ်းချုပ်!"
တပည့်များနှင့် အကြီးအကဲများ၏ စိတ်ဓာတ်ခွန်အားသည်လည်း ပြန်လည်မြင့်တက်လာပြီး အစွမ်းကုန် တန်ပြန်တိုက်ခိုက်ဖို့ စတင်ကြတော့၏။
မကြာမီပင် ရွှယ်ထျန်းဂိုဏ်းထဲသို့ ကျူးကျော်ဝင်ရောက်လာသော နတ်ဆိုးငှက်အားလုံးကို ကွပ်မျက်လိုက်ပြီးပြီဖြစ်သည်။
ဂိုဏ်းကိုကယ်တင်ခဲ့သူ ယဲ့ကျွင်းလင်သည်လည်း အလိုအလျောက်ပင် ဂိုဏ်းတစ်ဂိုဏ်းလုံး၏ အာရုံစိုက်ရာဖြစ်သွားရတော့သည်။
တိုက်ပွဲတွင်းမှာ သူသုံးခဲ့သော ကျင့်စဥ်များ၏အစွမ်းသက်သက်ဖြင့်ပင် မရေမတွက်နိုင်သောလူအပေါင်းက သူ့အားလွန်စွာလေးစားကိုးကွယ်လျက်ရှိလေပြီ။
"ဆရာတူညီလေးယဲ့ရေ ဒီတစ်ခေါက်အတွက် အရမ်းကျေးဇူးတင်ရပါပြီကွာ"
ဂိုဏ်းချုပ်ရှယိုနျန်က အရိုအသေပြုဟန် လက်သီးနှစ်ဖက်ကိုဆုပ်လျက် ခံစားချက်အပြည့်ဖြင့်ဆိုလာသည်။
"အရင်က မင်းရဲ့ကျင့်ကြံဆင့်အခြေပျက်စီးသွားတာကြောင့် ပြန်ကောင်းလာနိုင်မှာမဟုတ်တော့ဘူးလို့ထင်ထားခဲ့တာ အခုတော့မင်းက တိတ်တိတ်လေးကျင့်ကြံပြီး ဝိဉာဥ်သန္ဓေအဆင့်ကိုတောင် ချိုးဖျက်ထားလိုက်သေးတယ် ဒါကတကယ်ကို......"
မုတ်ဆိတ်ထူဗရပွဖြင့် သတ်လတ်ပိုင်းအရွယ်လူကြီးတစ်ဦးဖြစ်သော စန်းကျန့်တောင်ထိပ်သခင်က ရှုပ်ထွေးနေသောအမူအရာဖြင့် ခါးသက်သက်ပြုံးလာသည်။
"ဦးနှောက်မရှိတဲ့အကောင် မင်းဘာသိမှာလဲ ဆရာတူညီလေးယဲ့က နှိမ့်ချတတ်တဲ့သူမျိုးပဲ သူကလူသိရှင်ကြားမမော်ကြွားဘဲ ဂိုဏ်းကိုတိတ်တဆိတ်ကာကွယ်ပေးခဲ့တာ"
ထျန်းရှန့်တောင်ထိပ်သခင်က ပါးစပ်ကိုလက်ဖြင့်အသာအုပ်လျက် ခပ်သာသာရယ်မောလေသည်။ သူမ၏ နူးညံ့ပြည့်ဖြိုးသော ခန္ဓာကိုယ်ကောက်ကြောင်းတို့မှာ ရင့်ကျက်သောဆွဲဆောင်မှုတစ်မျိုးရှိ၏။ သူမက ငွေရောင်ဆံပင်နှင့် ခပ်ချောချောလူငယ်လေးကို ချီးမွမ်းနှစ်သက်ဟန်အကြည့်များ ပစ်လွှတ်လျက်ရှိသည်။
ဆရာတူမောင်လေးယဲ့က အရင်လိုပဲ ခန့်ညားတုန်းပါပဲလား...
"ကြည့်ရတာ ကျွန်မတို့အရမ်းအမြင်ကျဥ်းခဲ့သလိုပဲ"
ကျန်တောင်ထိပ်သခင်များကလည်း သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။
(ရောင်းရင်းတို့က ဇာတ်လမ်းဆင်တဲ့နေရာမှာတော့ အတော်ကျွမ်းကျင်သားပဲ)
ယဲ့ကျွင်းလင် စိတ်ထဲမှရေရွတ်လိုက်သည်။
လူတိုင်းက ထိုအတွေးကိုလက်ခံလိုက်ကြသည်ဆိုတော့လည်း ပြဿနာတစ်ခုရှင်းပြီးသွားတာပေါ့လေ။
"ဂိုဏ်းချုပ်ကိုတင်ပြပါတယ် မကောင်းတာတစ်ခုခုဖြစ်နေပါပြီ"
ထိုအချိန်တွင် အကြီးအကဲတစ်ယောက် အလောတကြီးအော်ဟစ်လျက် အပြေးရောက်လာလေသည်။
ရှယိုနျန်လည်း မျက်နှာထားပြောင်းသွားရသည်။ "ဘာဖြစ်တာလဲ ပြောစမ်း"
"အခုလေးတင်ပဲ ဖုန့်လဲ့ဂိုဏ်းကကျူးကျော်လာပြီး ကျွန်တော်တို့ဂိုဏ်းပိုင်ဝိဉာဥ်သတ္တုတွင်းတွေနဲ့ ဝိဉာဥ်သွေးကြောတွေကို ဇွတ်အတင်းဝင်ရောက်သိမ်းပိုက်နေပါတယ် သတ္တုတွင်းစောင့်ဂိုဏ်းသားတွေလည်း အသေအလဲခုခံနေရပြီး အခုဆိုအကုန်ရှင်းပစ်ခံရလုနီးဖြစ်နေပါပြီခင်ဗျာ"
စကားအဆုံးတွင် ဂိုဏ်းတစ်ခုလုံး ဒေါသူပုန်ထလျက်ရှိလေပြီ။
ယဲ့ကျွင်းလင် မျက်မှောင်ကြုတ်လျက်စဥ်းစားလိုက်သည်။ သူ့မှတ်ဉာဏ်များအရ ဖုန့်လဲ့ဂိုဏ်းဆိုသည်မှာ ဟွမ်ကျိုးပြည်နယ်(ကန္တာရပြည်နယ်)တွင်းရှိ ဂိုဏ်းခြောက်ခုအတွင်းမှ တစ်ခုအပါအဝင်ဖြင်ပြီး ရွှယ်ထျန်းဂိုဏ်းနှင့် အနီးဆုံးတစ်ခုဖြစ်၏။
အရင်က ဂိုဏ်းနှစ်ဂိုဏ်းကြား ပဋိပက္ခအချို့ရှိခဲ့သော်ငြား လွန်လွန်ကြူးကြူးမဟုတ်ခဲ့ပေ။
ယခုတော့ ဖုန့်လဲ့ဂိုဏ်းက အသေအချာထိုးစစ်ဆင်လာပြီး ဒီအချိန်ကိုမှကွက်တိရွေးထားပုံအရ နတ်ဆိုးဘုရင်၏တိုက်ခိုက်မှုကိုအမှီပြုလျက် အခွင့်ကောင်းဝင်ယူ၍ဖြစ်ရမည်။
ဒီလိုစိတ်ဓာတ်ယုတ်ညံ့တဲ့ကောင်တွေကို ကောင်းကောင်းအပြစ်ပေးသင့်တယ်!
[တင်! ပိုင်ရှင်အတွက် ကြိုဆိုခြင်းဆုလာဘ်တွေလာပါပြီ ဖုန့်လဲ့ဂိုဏ်းနဲ့ တိုက်ခိုက်မယ်ဆိုရင် စိတ်ကူးလို့ကိုမရလောက်တဲ့ ဆုလာဘ်များစွာ လက်ခံရရှိပါလိမ့်မယ်]
မိန်းကလေးသံ ချိုချိုနွဲ့နွဲ့လေးက တင်ခနဲပေါ်လာလေသည်။
"ဟမ်?"
ယဲ့ကျွင်းလင်လည်း စိတ်ဝင်စားသွားရသည်ပင်။
ထိုတိုက်ပွဲကို သူကိုယ်တိုင်ဝင်တိုက်ချင်နေသည့်အချိန်တွင် ဝင်ပါဖို့ရာလည်း အကျိုးအကြောင်းသင့်လျက်ရှိလေပြီ။
"ချီးပဲ"
"ဖုန့်လဲ့ဂိုဏ်းက တော်တော်ယုတ်မာတဲ့ကောင်တွေ အားလုံးပဲ သတ္တုကြောနယ်မြေကိုပြန်လည်သိမ်းပိုက်ဖို့ ငါ့နောက်ကလိုက်ခဲ့ကြ"
ရှယိုနျန်က စိတ်ဆိုးမာန်ဆိုးဖြင့် လောဆော်သည်။
ထို့နောက် သူကယဲ့ကျွင်းလင်ကို မသေမချာဖြင့်ကြည့်ကာ ဆိုလာသည်။ "ဆရာတူညီလေးကရော ဘယ်လိုအတွေးရှိလဲမသိ.."
ကျင့်ကြံသူတို့၏ကမ္ဘာတွင် အင်အားကြီးသူသည်သာ အရာရာဖြစ်၏။
သူက ရွှယ်ထျန်းဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်နေလင့်ကစား တစ်ဖက်လူမှာ ဂိုဏ်း၏ ကျင့်ကြံဆင့်အမြင့်ဆုံး တောင်ထပ်သခင်ဖြစ်နေသဖြင့် သူအမိန့်ပေးလို့ရသည့်အနေအထားမဟုတ်ပေ။ ယဲ့ကျွင်းလင်၏သဘောထားကို မေးမြန်းရန်လိုပေသည်။
"ဂိုဏ်းချုပ်လုပ်စရာရှိတာလုပ်ပါ ကျွန်တော်တော့ ဖုန့်လဲ့ဂိုဏ်းဆီအရင်သွားပြီး အမြစ်ဖြတ်ပေးလိုက်ဦးမယ်"
ယဲ့ကျွင်းလင်က ဘာမှမဟုတ်သလိုပင် လက်ကိုယမ်းခါလျက်ဆိုသည်။
အင်အားကြီးသူကိုရင်ဆိုင်ပြီး ပိုမိုအင်အားကြီးလာသောအခြေအနေတွင် ထိပ်တန်းကျင့်စဥ်များကိုပါ ပိုင်ဆိုင်ရရှိထားသဖြင့် ယဲ့ကျွင်းလင်ကတော့ လေကျယ်လို့ရသည့်အနေအထားတွင် ရှိနေလေပြီ။
ဖုန့်လဲ့ဂိုဏ်းသည်လည်း သေနတ်ပြောင်းဝထိပ်တည့်တည့်တွင် လာရပ်နေပြီးသားဖြစ်သောကြောင့် သူ့ဘက်မှ အသုံးချရဖို့လည်း ရှိသေးသည်ပင်။
"ဟုတ်ပါပြီ ဆရာတူညီလေးယဲ့ကတော့ အပြောကအစ အာဏာအပြည့်ပါပဲ"
ရှယိုနျန်မှာ ခေတ္တမျှကြောင်အသွားရပြီးမှ စိတ်လှုပ်ရှားစွာ လက်မထောင်လျက် ဆိုလာသည်။
သူတင်မက ရွှယ်ထျန်းဂိုဏ်းတစ်ခုလုံး လွန်စွာမှစိတ်လှုပ်ရှားနေကြသည်ပင်။ ရွှယ်ထျန်းဂိုဏ်း ဤသို့သန်မာအားကောင်းခဲ့သည့်အချိန်များမှာ နှစ်ပေါင်းများစွာကြာလွန်ခဲ့လေပြီ။
ဤတစ်ကြိမ်တွင်တော့ သူတို့ဂိုဏ်းနာမည်ကို ပြန်လည်အဖတ်ဆယ်နိုင်ပေတော့မည်။
ထို့နောက်တွင် ကောင်းကင်ယံတစ်ခုလုံးသည် စီတန်းထားသော စစ်သင်္ဘောပျံများဖြင့် ပြည့်နှက်သွားပြီး တိုက်ပွဲဝင်ရမည့်အရပ်သို့ ဦးတည်ထွက်ခွာသွားကြတော့သည်။
စစ်တပ်အင်အားက တုယှဥ်နိုင်စွမ်းမရှိလောက်အောင် ကြီးမားကာ ဂိုဏ်းသားတို့၏စိတ်ဓာတ်ခွန်အားမှာလည်း ခိုင်မာအားကောင်းလျက်ရှိလေသည်။
လမ်းဘေးခွေးများပင် ပါးဖြတ်ရိုက်ခံရမည်စိုးသဖြင့် ဖြတ်သွားဖြတ်လာမလုပ်ရဲဟု ဆို၏။
ထိုအချိန်တွင် တိုက်ခိုက်သိမ်းပိုက်ခံထားရသော အဓိကသတ္တုကြောနယ်မြေများတွင် ကျန်ရှိသောရွှယ်ထျန်းဂိုဏ်းသားတို့မှာ သွေးများအပြည့်ဖုံးလွှမ်းကာ စုတ်ပြတ်သတ်နေသောအဝတ်များဖြင့် သူတောင်းစားများကဲ့သို့ အကျဥ်းချချုပ်နှောင်ခံထားရလေသည်။
သူတို့မျက်နှာများမှာ ဖုန်မှုန့်များဖြင့် ပေကျံညစ်ပတ်နေပြီး မျက်လုံးများမှာ သွေးရောင်လွှမ်းလို့ရဲရဲတောက်နေကာ မခံချင်စိတ်ပြင်းပြနာကျည်းနေဟန်ရှိသည်။
သူတို့၏ဘေးပတ်လည်တွင် စိမ်းပြာရောင်ဝတ်ရုံများ ဝတ်ဆင်ထားသော ကျင့်ကြံသူများသည် တစ်ခါတစ်ခါ ဖြတ်သွားတတ်ကြပြီး မထီမဲ့မြင်ပြုကာ လှောင်ပြောင်သော အကြည့်များဖြင့် စောင်းမြောင်းကြည့်ရှုသွားကြလေသည်။
"ဆရာတူအစ်ကိုကြီးရေ ဒီဝိဉာဥ်သတ္တုကြောကို အခုအချိန်ကစပြီး ကျွန်တော်တို့ဖုန့်လဲ့ဂိုဏ်းကပိုင်ဆိုင်ရတော့မယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူးဗျာ"
သူတို့အထဲမှ နှုတ်ခမ်းထော်ထော် ပါးဖောင်းဖောင်းဖြင့် လူငယ်တစ်ဦးက မော်ကြွားစွာပြုံးလျက်ပြောနေသည်။
"ဟမ့် ဝိဉာဥ်သတ္တုကြောတစ်ခုတင်မဟုတ်ဘူး ရွှယ်ထျန်းဂိုဏ်းအပိုင် ဒီအရင်းအမြစ်နယ်မြေတစ်ခုလုံးက အနာဂတ်မှာ ငါတို့အပိုင်ပဲဖြစ်သွားတော့မှာ"
အရပ်ရှည်ရှည်လူငယ်ကလည်း ဝင့်ကြွားစွာထပ်ဖြည့်ပြောလာ၏။
"ဖွီ မင်းတို့အားလုံး နေ့ခင်းကြောင်တောင်အိပ်မက်မက်နေကြတာလား ခဏလောက်နေရင် ရွှယ်ထျန်းဂိုဏ်းက ဒီနယ်မြေတွေကိုပြန်သိမ်းဖို့ တပ်တစ်တပ်လွှတ်လိုက်လိမ့်မယ် စောင့်ကြည့်ထား"
အကျဥ်းထောင်တွင်းမှ ဒဏ်ရာရကျင့်ကြံသူတစ်ဦးက စိတ်ဆိုးမာန်ဆိုးဖြင့် ပြန်လည်ချေပသည်။
"ဟားဟားဟားဟား"
အရပ်ရှည်ရှည်လူက ခေါင်းကိုမော့လျက်အားရပါးရရယ်မောကာ ကဲ့ရဲ့လှောင်ပြောင်လာသည်။
"ဟေ့ မင်းဘာရယ်တာလဲ"
"မင်းတို့ငတုံးကောင်တွေ ဦးနှောက်မရှိလွန်းလို့ ရယ်မိတာပေါ့ကွာ ဟားဟား"
လိုသူက သူတို့ကိုပြန်လည်ချေပသော ရွှယ်ထျန်းဂိုဏ်းသား၏ရှေ့တွင်ရပ်လိုက်ပြီး ခပ်လှောင်လှောင်ပြုံး၍ဆိုလာသည်။
"မင်းတို့အခုထိမသိသေးဘူးလား မင်းတို့ဂိုဏ်းက ဒုက္ခအကြီးအကျယ်ရောက်နေပြီလေ"
"ခုလေးတင်ပဲ မိုးပြာဂဠုန်နတ်ဆိုးဘုရင်က သူ့စစ်တပ်ကိုဦးဆောင်ပြီး ရွှယ်ထျန်းဂိုဏ်းကို သွားတိုက်နေပြီ ပြီးတော့ အဲ့နတ်ဆိုးဘုရင်က ဝိဉာဥ်သန္ဓေကျင့်ကြံဆင့်ကို ချိုးဖျက်ထားနိုင်ပြီးသား"
"ဘာရယ်?"
ရွှယ်ထျန်းဂိုဏ်းသားများမှာ အံ့သြထိတ်လန့်သွားကာ စိုးရိမ်မှုများဖြင့် ပြည့်နှက်သွားတော့လေ၏။
ဖုန့်လဲ့ဂိုဏ်းက ထိုအခွင့်ကောင်းကိုအရနင်းကာ သူတို့အပိုင်နယ်မြေကို တဇွတ်ထိုးကျူးကျော်သိမ်းပိုက်ခဲ့ကြခြင်းပင်။
"ဟမ့် မင်းပြောတဲ့အတိုင်း အဲ့နတ်ဆိုးဘုရင်က ငါတို့ဂိုဏ်းကိုဖျက်ဆီးလိုက်ပြီးထားပါတော့ မင်းတို့ဂိုဏ်းကိုလည်း လွှတ်ပေးလိမ့်မယ်ထင်နေလား ဖုန့်လဲ့ဂိုဏ်းက ရွှယ်ထျန်းဂိုဏ်းနဲ့အနီးဆုံးဆိုတာ မမေ့နဲ့ဦး"
ရွှယ်ထျန်းဂိုဏ်းသားတစ်ဦးက မုန်းတီးစွာဆိုသည်။ "မင်းတစ်ယောက်တည်း ဆက်စိတ်ကူးယဥ်နေလိုက်ပါဦး"
ထူးဆန်းစွာပင် ထိုအရပ်ရှည်ရှည်လူက ရွှယ်ထျန်းဂိုဏ်းသား၏ခြိမ်းခြောက်စကားတွင် စိတ်အနှောင့်အယှက်ဖြစ်မသွားဘဲ အပြုံးမပျက်ပင်ပြောလာသည်။
"ဘုရားကျေးဇူးတော်ပေါ့ကွာ ဖုန့်လဲ့ဂိုဏ်းရဲ့ ဂိုဏ်းချုပ်အငယ်လေးဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာအကြာတုန်းက ချင်းကျိုးပြည်နယ်ရဲ့ ယွီဟွားဂိုဏ်းကိုဝင်ခဲ့တယ်လေ သာမန်ထက်ထူးကဲသာလွန်တဲ့ပါရမီနဲ့ ကျင့်ကြံဆင့်တိုးတက်မှုကြောင့် ယွီဟွားဂိုဏ်းရဲ့အာရုံစိုက်မှုကို အတော်လေးရရှိခဲ့တာပေါ့"
"ဒီနေ့တင်ပဲ ယွီဟွားဂိုဏ်းကအကြီးအကဲတစ်ယောက် ငါတို့ဖုန့်လဲ့ဂိုဏ်းကိုအလည်အပတ်ရောက်လာတယ်လေ သူ့အင်အားနဲ့ဆိုရင် မိုးပြာဂဠုန်နတ်ဆိုးဘုရင်လောက်ကို အပြတ်ရှင်းဖို့ကတော့ အသာလေးပဲ"
ချင်းကျိုးပြည်နယ်က ယွီဟွားဂိုဏ်းတဲ့လား?
အရှေ့ပိုင်းစီရင်စုတွင် ပြည်နယ်၁၄ခုရှိပြီး ပြည်နယ်တစ်ခုချင်းစီတိုင်းက လွန်စွာမှကျယ်ပြောလှလေရာ တိုင်းပြည်ကြီးများ၊ တိုင်းပြည်ငယ်များနှင့် အဆင့်အတန်းမြင့်မိသားစုများ ရောယှက်နေထိုင်ကြ၏။
ဟွမ်ကျိုးပြည်နယ်က ခြောက်သွေ့ခေါက်ခိုက်သောနေရာတစ်ခုဟု ဆိုရလျှင် ချင်းကျိုးပြည်နယ်ဆိုသည်မှာ အရှေ့ပိုင်းစီရင်စု၏ ရတနာသိုက်ဟုဆိုနိုင်သော အထွဋ်အမြတ်နေရာတစ်ခုပင်။
ယွီဟွားဂိုဏ်းဆိုသည်မှာ ထိုချင်းကျိုးပြည်၏ နာမည်အကြီးဆုံးဂိုဏ်းဖြစ်သည်။ ဝိဉာဥ်သန္ဓေကျင့်ကြံသူတစ်ဦးသည် ဟွမ်ကျိုးတွင် ကိုယ်ပိုင်ဂိုဏ်းတစ်ခုထောင်လို့ရနိုင်သော်ငြား ယွီဟွားဂိုဏ်းတွင်မူ တပည့်ဂိုဏ်းသားအဆင့်သာရှိလောက်ပေမည်။
ဖုန့်လဲ့ဂိုဏ်းက ကျောထောက်နောက်ခံကြီးကြီးရထားသည်ဟု ဆိုရပေမည်။
မိုးပြာဂဠုန်နတ်ဆိုးဘုရင်လောက်ကတော့ ထည့်တွက်စရာမဟုတ်တော့ဘူးပေါ့။
"သွားပြီ အားလုံးပြီးသွားပြီပဲ"
ရရှိလိုက်သော သတင်းအချက်အလက်များကြောင့် ရွှယ်ထျန်းဂိုဏ်းသားတို့၏ နောက်ဆုံးလက်ကျန်မျှော်လင့်ချက်လေးများမှာလည်း ရေစုန်မျောသွားရပြီး စိတ်ပျက်လက်ပျက်ရေရွတ်ရုံသာ တတ်နိုင်တော့သည်။
"ဟဲဟဲ အခုမင်းတို့ကစွန့်ပစ်ခံလမ်းဘေးခွေးဘဝရောက်သွားကြပြီ ဆက်ပြီးခေါင်းမာနေလို့မရတော့ဘူး ဒီမိုင်းတွင်းမှာပဲ ငါတို့အတွက် တစ်သက်လုံးကျွန်ခံပေးကြပေတော့"
အရပ်ရှည်ရှည်လူက လှောင်ပြောင်သည်။
"အစ်ကိုကြီး ဆရာတူအစ်ကိုကြီး ဟိုမှာကြည့်ပါဦး!"
ဂိုဏ်းသားတစ်ဦးက လက်ညှိုးထိုးလျက် ကြောက်လန့်တကြား အော်ဟစ်လာသည်။
အဝေးတစ်နေရာတွင် စစ်သင်္ဘောပျံအမြောက်အများသည် တဖြည်းဖြည်းနီးကပ်တိုးဝင်လာကြပြီး မနီးမဝေးမှ သတ်ပုတ်တိုက်ခိုက်သံများမှာလည်း အားမာန်အပြည့်ဖြင့် လွင့်ပျံလာကြတော့၏။
"ရွှယ်ထျန်းဂိုဏ်းသားများ အမိန့်ကိုနာခံပြီး ကျူးကျော်သူအားလုံးကို အမြတ်ဖြတ်ရှင်းလင်းကြစမ်း"
အင်အားကြီးမားသောပုဂ္ဂိုလ်များ အသီးသီးထွက်ပေါ်လာကြသည်နှင့်အမျှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုသည် အရပ်မျက်နှာ အားလုံးကို လွှမ်းခြုံသွားသည်။
"မဖြစ်နိုင်လိုက်တာ ဦးဆောင်လာတဲ့သူတွေက အင်အားကြီးကျင့်ကြံသူတွေပဲဟ"
"ရွှယ်ထျန်းဂိုဏ်းက အရှင်းခံလိုက်ရပြီမဟုတ်လား?"
ချက်ချင်းဆိုသလိုပင် သိမ်းပိုက်ခံထားရသော အရင်းအမြစ်နယ်မြေတွင် ငိုကြွေးသံများနှင့် နာကျင်စွာအော်ဟစ်သံများ ထွက်ပေါ်လာသည်။
*********
ဖုန့်လဲ့ဂိုဏ်း၏ ရှေးဟောင်းအိမ်တော်အတွင်း၌....
ဂိုဏ်းချုပ် ချန်ယွင်ဟိုင်နှင့် ဂိုဏ်းအကြီးအကဲတစ်ဖွဲ့သည် အရေးကြီးဧည့်သည်တော်တစ်ဦးကို ဧည့်ခံကြိုဆိုလျက်ရှိကြ၏။
"အကြီးအကဲမူ ကျွန်တော့်သားချန်ရှောင်းက ယွီဟွားဂိုဏ်းမှာ အတော်လေးစွမ်းဆောင်ရည်ကောင်းမွန်နေပြီး ထိပ်သီးကျင့်ကြံသူကြီးတစ်ဦးရဲ့တပည့်ရင်းအဖြစ် နေရာလက်ခံပြီးသွားပြီလို့ကြားမိတယ် မှန်ပါသလား"
ချန်ယွင်ဟိုင်က သတိတကြီးဖြင့် မေးလာသည်။
အကြီးအကဲမူက မုတ်ဆိတ်ကိုအသာသပ်လျက် နွေးထွေးသောအပြုံးဖြင့်ပြန်ဖြေသည်။ "မှန်ပါပေတယ် ဂိုဏ်းချုပ်ချန်ရဲ့သားကို ထိပ်သီးကျင့်ကြံသူကြီးကျွီယန်က သဘောကျနှစ်ခြိုက်တဲ့အတွက် တပည့်ရင်းအဖြစ်လက်ခံပြီး အထူးတာအိုကျင့်စဥ်တွေ သင်ကြားပြသပေးနေပါတယ် တစ်ရက်ရက်မှာ ဂိုဏ်းချုပ်ကိုတွေ့ဖို့ သူဖုန့်လဲ့ဂိုဏ်းကိုပြန်လာပါလိမ့်မယ်"
နားဆင်သူအပေါင်းလည်း အံ့သြတကြီးအာမေဋိတ်ပြုလိုက်ကြသည်။
ချန်ယွင်ဟိုင်သည်လည်း ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် မျက်နှာတစ်ခုလုံးဝင်းပသွားတော့၏။
ထိပ်သီးကျင့်ကြံသူကြီးဆိုသည်မှာ အထွဋ်အထိပ်သို့တက်ရောက်ခြင်းကျင့်ကြံဆင့်ရှိသောသူများကိုသာ ခေါ်ဆိုသောဂုဏ်ပုဒ်တစ်မျိုးပင်။
သူ့သာချန်ရှောင်းက အထွဋ်အထိပ်သို့တက်ရောက်ခြင်းကျင့်ကြံသူတစ်ဦးထံမှ တပည့်ရင်းအဖြစ်လက်ခံနေရာပေးခြင်း ခံလိုက်ရပြီတဲ့လေ။
"ဂုဏ်ပြုပါတယ် ဂိုဏ်းချုပ်ခင်ဗျာ"
ဂိုဏ်းအကြီးအကဲများက ဂုဏ်ပြုစကားဆိုလာကြလေသည်။
ချန်ယွင်ဟိုင်က မုတ်ဆိပ်ကိုအသာသပ်လိုက်ပြီး အောင်နိုင်သူတစ်ဦး၏အသံဖြင့်ဆိုလာသည်။ "ငါ့သားချန်ရှောင်းက အနာဂတ်မှာ နတ်ဘုရားတစ်ပါးဖြစ်လာဖို့ အလားအလာရှိတယ်"
စိတ်လှုပ်ရှားနေသော ဂိုဏ်းသားများကိုကြည့်ရင်း အကြီးအကဲမူက နွေဦးလေပြည်ကဲ့သို့ နွေးထွေးစွာပြုံးနေဟန်ရှိသော်လည်း သူ့အကြည့်ထဲတွင် ရွံရှာစက်ဆုပ်ဟန်ခပ်ပါးပါး ဖြတ်ပြေးသွားသည်။
ချန်ရှောင်းတစ်ယောက် ဂိုဏ်းတွင် အရေးပေးခံနေပြီး ထိပ်သီးကျင့်ကြံသူကျွီယန်း၏မျက်နှာကြောင့်သာ ဤသို့ဝိဉာဥ်စွမ်းအင် ခြောက်သွေ့ခေါင်းပါးနေသောနေရာမျိုးကို သူအရောက်လာခဲ့ရခြင်းပင်။
သူ့အတွေးများကိုပြန်လည်စုစည်းကာ လက်သီးဆုပ်အရိုအသေပြုလျက် ပြောလိုက်သည်။ "ဂိုဏ်းချုပ်ချန်ရဲ့ မကြာခင်ဖြစ်လာမယ့် ကျင့်ကြံဆင့်ချိုးဖျက်ခြင်းအတွက် ကြိုတင်ဂုဏ်ပြုလိုက်ပါတယ် ဒါဆို ဒီလောက်နဲ့ပဲ ပြန်ပါဦးမယ်ခင်ဗျာ"
"နေပါဦး.."
ဂိုဏ်းချုပ်ချန်က မျက်နှာပြောင်ပြောင်ပင် လှမ်းတားလျက်ဆိုလာသည်။ "ဟိုနတ်ဆိုးကောင်ကိစ္စက.."
"ကျွန်တော်ကြည့်ရှင်းလိုက်ပါ့မယ်"
အကြီးအကဲမူက ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်သည်။
မိုးပြာဂဠုန်နတ်ဆိုးဘုရင်၏ ကျင့်ကြံဆင့်ကို ဖုန့်လဲ့ဂိုဏ်းထံ သတင်းပေးခဲ့သူက အကြီးအကဲမူဖြစ်သည်။ ထို့ကြောင့် နတ်ဆိုးဘုရင်၏အောင်နိုင်မှုကိုတွက်ဆကာ ဂိုဏ်းချုပ်ချန်က ရွှယ်ထျန်းဂိုဏ်း၏သတ္တုကြောကို စေလွှတ်သိမ်းပိုက်ခဲ့စေခြင်းပင်။
"ကောင်းပါလေ့ဗျာ"
ချန်ယွင်ဟိုင်၏မျက်နှာတွင် အပြုံးပန်းများဝေဆာလျက်။
အုန်း!
ရုတ်ချည်းပင် အနက်ရောင်ဝတ်ပုံရိပ်တစ်ခုက အိမ်တော်ကိုကာရံထားသော ခိုင်မာသည့်အစီအရင်စည်းများအား ဝုန်းခနဲချိုးဖျက်ကာ တစ်ကိုယ်တော်ဆင်းသက်ဝင်ရောက်လာလေသည်။ အရှိန်အဟုန်ကြောင့် အိမ်တော်တစ်ခုလုံးပင် သိမ့်သိမ့်တုန်သွားရတော့၏။
လွင့်ခါနေသော ငွေဖြူရောင်ဆံပင်များနှင့် ယဲ့ကျွင်းလင်သည် ဘေးနားရှိ ကြောက်ရွံ့ထိတ်လန့်နေကြသော ဂိုဏ်းသားများနှင့် အကြီးအကဲများကို လျစ်လျူရှုကာ ခပ်နောက်နောက်ပြုံးလာသည်။
"ဒါက ဖုန့်လဲ့ဂိုဏ်းတဲ့လား"
ထိုအချိန်တွင် အသံချိုချိုလေးကလည်း သူ့နားထဲသို့ဝဲပျံလာသည်။
[တင်! သတ်မှတ်ထားသောနေရာသို့ရောက်ရှိပါပြီ ဖုန့်လဲ့ဂိုဏ်းနဲ့ တိုက်ပွဲစတင်လိုပါသလား?]
"စမယ်"
ယဲ့ကျွင်းလင် ခပ်တိုးတိုးရေရွတ်လိုက်သည်။
ဘာဆုလာဘ်တွေများရလာနိုင်မလဲ? သူသိချင်လှ၏။
[တင်! စတင်လိုက်ပါပြီ ပစ္စည်းကောင်းတွေရရှိတဲ့အတွက် ပိုင်ရှင်ကိုဂုဏ်ပြုလိုက်ပါတယ်]
၄ - ကျင့်ကြံဆင့် နောက်တစ်ဆင့်ထပ်တက်သွားပြန်ပြီဟေ့
[တင်! စတင်ခြင်းအောင်မြင်ပါတယ် ပိုင်ရှင်ဟာ လောကဘုရင်အမှတ်တံဆိပ်နဲ့ လေဟာနယ်စွမ်းရည်ကို လက်ခံရရှိပါတယ်]
ယဲ့ကျွင်းလင်မျက်လုံးများ တောက်ပသွားပြီး လွန်စွာပျော်ရွှင်သွားရတော့၏။
ကျင့်ကြံသူတို့ကြားက တိုက်ပွဲများတွင် အင်အားကသာ အဆုံးအဖြတ်ပေးနိုင်ပေသည်။ ကျင့်ကြံဆင့်မည်မျှပင်ကွာခြားနေစေကာမူ ထိုကန့်သတ်ချက်များကို ကျော်လွန်တိုက်ခိုက်နိုင်သော ပါရမီရှင်များမှာ ရှားသည်ပင်ဆိုဆို ရှိတော့ရှိတတ်သည်သာ။
ကောင်းကင်တာအိုတစ်ဦး ဖြစ်မလာခင်အထိ သူရှုံးနိမ့်မသွားစေရန် ကိုယ်ပိုင်ခွန်အားကိုသာ အားကိုးရမည်ဖြစ်သည်။
သို့သော်လည်း ဤဆုလာဘ်များမှာ အချိန်ကိုက်ရောက်ရှိလာတတ်သောကြောင့် အလွန်အဆင်ပြေသည်ဆိုရပေမည်။ ထို့အပြင် ထိပ်တန်းနတ်ဘုရားကျင့်စဥ်များဖြစ်သောကြောင့် သူ့အတွက်တော့ ကျားကိုအတောင်ပံတပ်ပေးလိုက်သကဲ့သို့ပင်။
"ဟောဒီကညီနောင် ဘာကိစ္စကြောင့် ဖုန့်လဲ့ဂိုဏ်းအထိရောက်လာရသလဲ မေးလို့ရမလားခင်ဗျာ"
အပြင်ဘက်ခြံဝန်းမှ အရှိန်အဝါကိုအာရုံခံမိသောကြောင့် ဂိုဏ်းချုပ်ချန်ယွင်ဟိုင်နှင့် အကြီးအကဲများလည်း ခန်းမတွင်းမှထွက်လာကြတော့သည်။
ထို့နောက် ယဲ့ကျွင်းလင်ကိုမြင်သော် သူတို့အံ့သြဆွံ့အသွားရ၏။
ဤကျင့်ကြံသူက အဘယ့်ကြောင့် ဆယ်စုနှစ်များစွာအလွန်က ရွှယ်ထျန်းဂိုဏ်း၏နာမည်ကြီးမကောင်းဆိုးဝါးလေးနှင့် တူနေရပါသနည်း?
ထိုမကောင်းဆိုးဝါးလေးဆိုသည်မှာ ငယ်ငယ်ရွယ်ရွယ်နှင့် ရွေအမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ချိုးဖျက်သွားနိုင်ခဲ့သော ယဲ့ကျွင်းလင်ဖြစ်ပြီး အနာဂတ်တွင် ရွှယ်ထျန်းဂိုဏ်းကသာ ကြီးစိုးသွားတော့မည်ပေလားဟု သူတို့စိုးရိမ်ခဲ့ရသော အကြောင်းရင်းလည်းဖြစ်ပေသည်။
ကံကောင်းစွာပင် ထိုပါရမီရှင်မှာ ချုံခိုတိုက်ခိုက်ခံလိုက်ရပြီးနောက် ကျင့်ကြံဆင့်အားလုံးပျက်စီးသွားခဲ့ရပြီး လောကီရေးရာများနှင့်အဆက်အသွယ်ဖြတ်ကာ တောင်ပေါ်တွင်သီးသန့်နေထိုင်သွားသည်ဟု ကြားမိခဲ့သည်။ နှစ်ပေါင်းများစွာကုန်လွန်ပြီးချိန်တွင် ထိုသူကွယ်လွန်သွားလောက်လေပြီဟု သူတို့ထင်မှတ်ထားကြသည်မဟုတ်လော။
ထိုယဲ့ကျွင်းလင်ကို ယခုအရှင်လတ်လတ်မြင်တွေ့လိုက်ရသောကြောင့် ချန်ယွင်ဟိုင်အံ့သြတုန်လှုပ်သွားရ၏။
ယဲ့ကျွင်းလင်က ပေါ့ပြက်ပြက်ဟန်ဖြင့်ပြုံးလိုက်သည်။ "အူကြောင်ကြောင်လုပ်မနေနဲ့တော့ မင်းတို့တွေက ငါတို့ရွှယ်ထျန်းဂိုဏ်းနယ်မြေကို အကြမ်းဖက်ကျူးကျော်ရဲတဲ့အတွက် အပြစ်ဒဏ်အနေနဲ့ ဒီနေ့မှာပဲ အပြီးတိုင်သုတ်သင်ချေမှုန်းခံရလိမ့်မယ်"
စကားအဆုံးတွင် ဖုန့်လဲ့ဂိုဏ်းတစ်ခုလုံး ပျာယာခတ်ကုန်ကြတော့သည်။
"ကြည့်ရတာ မိုးပြာဂဠုန်နတ်ဆိုးဘုရင်တော့ အသတ်ခံလိုက်ရပြီထင်ပါ့ မင်းတို့ရွှယ်ထျန်းဂိုဏ်းက အတော်လေးလျှို့ဝှက်နိုင်သားပဲ"
ချန်ယွင်ဟိုင်က မျက်စိမျက်နှာပျက်စွာဖြင့်ဆိုလာသည်။
ရွှယ်ထျန်းဂိုဏ်း၏ တစ်ချိန်တုန်းကဂုဏ်ဆောင်ပါရမီရှင်သည် သာမန်လူအဖြစ်သို့ကျဆင်းမသွားဘဲ တိတ်တဆိတ်ပင် ဝိဉာဥ်သန္ဓေအဆင့်ကို ချိုးဖျက်ထားနိုင်လိမ့်မည်ဟု သူလုံးဝမမျှော်လင့်ခဲ့မိပါချေ။
ယခင်တုန်းကအတိုင်းဆိုလျှင်တော့ ဂိုဏ်းချုပ်ချန်တစ်ယောက် အားမတန်မာန်လျှော့ကာ မြေပြင်ထက်ဒူးထောက်ဝပ်တွားလျက် ချမ်းသာပေးဖို့အသနားခံတောင်းပန်သင့် တောင်းပန်ရလိမ့်မည်။ သို့သော် ယနေ့တွင်တော့ သူ့အတွက်မှီခိုစရာတစ်ခုရှိနေပါသည်။ ထိုသူမှာ ယွီဟွားဂိုဏ်း၏ သန်မာအားကောင်းလှသော အကြီးအကဲပင်။
တည်ငြိမ်လျက် ပေါ့ပေါ့ပါးပါးဟန်ဖြင့်ရပ်နေသော လူအိုကြီးထံသို့ အကြည့်ရောက်သွားသော် ဂိုဏ်းချုပ်ချန်၏နှလုံးသားမှာ တည်ငြိမ်သွားရတော့၏။ "အကြီးအကဲမူ လက်ရှိအခြေအနေကို ဘယ်လိုထင်မိပါသလဲ"
အကြီးအကဲမူသည် ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူတစ်ယောက် အံတုလို့ရမည့်အဆင့်အတန်းမဟုတ်ပေ။
အကြီးအကဲမူက ခေါင်းကိုဖြည်းဖြည်းခါယမ်းလိုက်သည်။
ဤသို့ ခြောက်သွေ့ခေါင်ခိုက်သော နယ်မြေတစ်ခုမှ ဂိုဏ်းငယ်လေးတစ်ခုက ဝိဉာဥ်သန္ဓေအဆင့်နတ်ဆိုးဘုရင်ကိုပင် သတ်ဖြတ်ချေမှုန်းနိုင်သည့် ကျင့်ကြံသူတစ်ဦး မွေးထုတ်ထားနိုင်သည်ကို သူပင်အနည်းငယ်အံ့အားသင့်သွားရပါသည်။
သို့သော် သူ့အမြင်တွင် ထိုအားကြီးလှပါသော ဂဠုန်နတ်ဆိုးဘုရင်ဆိုသည်မှာ စိတ်ရှိသလိုသတ်လိုက်လို့ရသော အမွှေးပါးငှက်ရုပ်ဆိုးတစ်ကောင်ထက်မပိုပေ။
"ကောင်လေး ဒီအဘိုးကြီးစိတ်မပြောင်းခင် မြန်မြန်ထွက်သွားတာကောင်းမယ်နော်"
အကြီးအကဲမူမှာ အလွန်မောက်မာသူတစ်ဦးပင်။ ဤအိမ်တော်ဝန်းကျဥ်းကျဥ်းလေးရှိ ကျင့်ကြံသူများအားလုံးတွင် သူ၏အထက်စီးဆန်ဆန်အရှိန်အဝါမှာ ထင်ရှားစွာပေါ်ထွက်လို့နေသည်။
ဤဂိုဏ်းငယ်လေးများကြားက ပြဿနာများကို ဝင်ရောက်စွက်ဖက်ရန် သူပျင်းရိလှပါသော်ငြား ထိုဖုန့်လဲ့ဂိုဏ်းမှသခင်ငယ်လေးမျက်နှာကြောင့် ယင်ကောင်များကို စိတ်မရှည်စွာဝင်ရောက်မောင်းထုတ်ပေးဖို့သာ ရှိတော့၏။
"အကြီးအကဲမူ"
ဂိုဏ်းချုပ်ချန်ကတော့ အားမလိုအားမရဟန်ဖြင့် ထပ်သတိပေးလာသည်။ ဤသို့စွမ်းအားကြီးကျင့်ကြံသူတစ်ဦးအနေဖြင့် စကားအပိုပြောမနေဘဲ ချက်ချင်းလှုပ်ရှားချေမှုန်းလိုက်သင့်သည်ဟု သူထင်မိ၏။
တစ်ဖက်လူ၏မောက်မာလှပုံကြောင့် ယဲ့ကျွင်းလင်လှောင်ရယ်လိုက်မိသည်။ "ခင်ဗျားကဘယ်သူမလို့ ကျုပ်မျက်နှာသာပေးတာခံချင်နေတာတုန်း"
ဖုန့်လဲ့ဂိုဏ်းတစ်ဂိုဏ်းလုံး အံ့သြတကြီးဖြင့် တိတ်ဆိတ်သွားရသည်။
"ခွေးမသားရေ ဒီပုဂ္ဂိုလ်က ယွီဟွားဂိုဏ်းရဲ့အကြီးအကဲပဲကွ မင်းလိုရွှယ်ထျန်းဂိုဏ်းစုတ်လေးကကောင် မရိုမသေပြန်ပြောလို့ရတဲ့အဆင့်အတန်းထင်နေလား"
ချန်ယွင်ဟိုင်က ဒေါသတကြီးဟန်ဖြင့် အော်ဟစ်နေသော်ငြား အမှန်တော့သူပျော်မြူးနေသည်ပင်။ ယဲ့ကျွင်းလင်တစ်ယောက် မကြာခင်အလောင်းကောင်အဖြစ်ရောက်ရှိရတော့မည်ဟု သူတွေးမိလိုက်သည်။
"အရိုင်းအစိုင်းကောင်"
အကြီးအကဲမူလည်း ဒေါသကိုအဆွခံလိုက်ရပြီး မျက်လုံးများကစူးရဲလာကာ အရှိန်အဝါသည် လေပြင်းမုန်တိုင်းတစ်ခုလို ကြမ်းကြမ်းတမ်းတမ်း လွင့်ဖြာလာတော့၏။
ချက်ချင်းဆိုသလိုပင် ကြောက်စရာဖိအားကြီးတစ်ခုက ဖုန့်လဲ့ဂိုဏ်းတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
"ဝိဉာဥ်အဆင့်တက်ခြင်း ကျင့်ကြံဆင့်ပဲ!!!"
လူတိုင်း၏မျက်နှာမှာ ကြောက်စိတ်ဖြင့် ဖြူဖျော့သွားရတော့သည်။
ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်ရလျှင် ရွှယ်ထျန်းဂိုဏ်း၏ကျင့်ကြံသူမှာတော့ မလွှဲသာစွာ သေဆုံးရတော့မည်ပင်။
လူအများမှာ ကြောက်လန့်နေကြရင်း ယွီဟွာဂိုဏ်း၏အင်အားကိုလည်း သြချရပေသည်။
"ဝိဉာဥ်အဆင့်တက်ခြင်းလား ကောင်းတယ် ကောင်းတယ် ခင်ဗျားထွက်မပြေးရဘူးနော် ထွက်ပြေးတဲ့သူက မြေးလေးပဲ" ယဲ့ကျွင်းလင်က တောက်ပလာသောမျက်လုံးအစုံဖြင့်ပြောသည်။
ဝိဉာဥ်သန္ဓေကျင့်ကြံဆင့်ကိုရရှိပြီး မကြာမီပင် ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံဆင့်ကို ချိုးဖျက်ရတော့မည်တဲ့လေ။ အကျိုးအမြတ်တွေကတော့ အိမ်တံခါးဝထိ အထုပ်အထည်လိုက်ရောက်လာတာပါပဲလား။
အကြီးအကဲမူ၏မျက်နှာမှာ ဒေါသဖြင့်မည်းမှောင်သွားတော့၏။
သူသည် ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူတစ်ဦးဖြစ်သည်။ အဘယ့်ကြောင့် တစ်ဖက်လူကမကြောက်ရွံ့ရပါသနည်း?
ဘာကြောင့် ဤမျှမြူးထူးပျော်ရွှင်နေရမှန်း သူနားမလည်နိုင်တော့ပါ။
"တော်တော်သေချင်နေတယ်ပေါ့လေ"
အကြီးအကဲမူကအော်လိုက်ရင်း လက်တစ်ဖက်ကိုရှေ့ထုတ်လာတော့သည်။
ရွှစ်
မြစိမ်းရောင်ဧရာမလက်ဝါးကြီးမှ သစ်သားအမျိုးအစား စွမ်းအင်အရင်းအမြစ်ကို ခံစားသိရှိနိုင်ပေသည်။ နတ်ဘုရားတစ်ပါး၏လက်ဝါးလိုမျိုး ကြီးမားကျယ်ပြန့်၍ စွမ်းအားအပြည့်ပါဝင်သော လက်ဝါးကြီးသည် ယဲ့ကျွင်းလင်ထံဦးတည်ရိုက်ချလာတော့၏။
ထိုတိုက်ကွက်သည် ဝိဉာဥ်သန္ဓေကျင့်ကြံသူတစ်ဦးက အကြိမ်ရာချီသေစေနိုင်လောက်ပေသည်။
"အားရချက်ပဲ ခွေးသားလေးတော့ ဒီနေ့အပြီးသေရတော့မယ်"
ချန်ယွင်ဟိုင်က ဝမ်းမြောက်စွာရေရွတ်လိုက်သည်။
ယဲ့ကျွင်းလင်သာမရှိလျှင် ရွှယ်ထျန်းဂိုဏ်းဆိုသည်မှာ အာရုံထဲထည့်စရာပင်မရှိချေ။
ဝိဉာဥ်သန္ဓေကျင့်ကြံဆင့်အားတိုးဆေးကိုသောက်သုံးပြီး သူအဆင့်ချိုးဖျက်ပြီးသွားသည်နှင့် သူ့ဂိုဏ်းသားများနှင့်အတူ ထိုရွှယ်ထျန်းဂိုဏ်းအား ဝင်ရောက်တိုက်ခိုက်ကာ ဤကမ္ဘာမြေမှ အပြီးတိုင်ရှင်းထုတ်လိုက်ရုံပင်။
တင် ပိုင်ရှင်သည် ဝိဉာဥ်အဆင့်တက်ခြင်း နှောင်းပိုင့်အဆင့်ကျင့်ကြံသူတစ်ဦးထံမှ တိုက်ခိုက်ခံနေရကြောင်း ခြေရာခံသိရှိရသဖြင့် အင်အားကြီးသူနှင့်ရင်ဆိုင်ကာ ပို၍အင်အားကြီးလာရသောစွမ်းရည်အရ ပိုင်ရှင်ကို ဝိဉာဥ်အဆင့်တက်ခြင်း အထွဋ်အထိပ်ကျင့်ကြံဆင့်သို့ တိုးမြှင့်ပေးလိုက်ပါသည်
ချက်ချင်းဆိုသလိုပင် ကျင့်ကြံဆင့်အသစ်တစ်ခု၏စွမ်းအားများ ယဲ့ကျွင်းလင်ကိုယ်တွင်းတွင် ဝုန်းခနဲပေါက်ကွဲပျံ့နှံ့သွားပြီး ထွက်ပေါ်လာသော ကြောက်မက်ဖွယ်အရှိန်အဝါကြီးကြောင့် နေရာတွင်ရှိနေသောလူတိုင်းမှာ ချက်ချင်းသက်ရောက်ခံလိုက်ရသည်။
ဘုန်း
တောင်တစ်လုံးကဲ့သို့ကြီးမားလှသော လက်ဝါးကြီးသည် ယဲ့ကျွင်းလင် လက်လေးတစ်ဖက်မြှောက်ရုံမျှဖြင့် အစိတ်စိတ်အမွှာမွှာကွဲကြေသွားရပြီး ကြယ်ရောင်စုံများဖြာသွန်းကျလာသကဲ့သို့မြင်ကွင်းဖြင့် လွင့်စင်ထွက်သွားရ၏။
"မင်း မင်းလည်းဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူပဲလား?!!!"
အကြီးအကဲမူသည် မယုံကြည်နိုင်စွာဖြင့် အံ့အားသင့်သွားရသည်။
ငွေရောင်ဆံနွယ်ရှည်များဖြင့် ဤဝိဉာဥ်သန္ဓေကျင့်ကြံသူလူငယ်လေးသည် သူ့မျက်စိရှေ့တွင်ပင် သူ့ထက်ပိုမြင့်သော ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံဆင့်ကို ဝုန်းခနဲပေါက်ကွဲထွက်လာစေလေသည်။
ဒါ ဘာဟာသကြီးလဲ?
ဒီဟွမ်ကျိုးပြည်နယ် ဒေသခံကျင့်ကြံသူတစ်ဦးက ဘယ်လိုလုပ်ပြီး ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံဆင့်ရှိနေနိုင်မှာလဲ?
အကြီးအကဲမူမှာ ကြောက်လန့်စိတ်ကြောင့် နှလုံးခုန်ရပ်တော့မတတ်ပင်။
ရွှယ်ထျန်းဂိုဏ်းလို အနုတ်စုတ်ဂုတ်စုတ်ဂိုဏ်းငယ်လေးမှာ ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူတစ်ယောက် အခန့်သားရှိနေသတဲ့လား?
ထိုအချိန်တွင် ဖုန့်လဲ့ဂိုဏ်းသားများမှာမူ အသက်ပင်မရှူရဲလောက်အောင် ကြောက်စိတ်မွှန်လျက်ရှိကြပြီး ယဲ့ကျွင်းလင်ကိုသာ မျက်နှာငယ်ဖြင့် ဝိုင်းကြည့်နေကြတော့၏။
ဟွမ်ကျိုးပြည်နယ်လေးတွင် ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူဆိုသည်မှာ ဂိုဏ်းကိုစတင်တည်ထောင်ခဲ့သော သို့မဟုတ် အစဥ်အဆက်လက်ဆင့်ကမ်းခဲ့သော ကျင့်ကြံသူကြီးများသာဖြစ်ကြပြီး ထိုသူတို့တည်ထောင်သောဂိုဏ်းများသည်လည်း နှစ်ထောင်ပေါင်းများစွာတည်တံ့နိုင်သည်အထိ။
ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူဆိုသည်မှာ ဝိဉာဥ်သန္ဓေကျင့်ကြံဆင့်၏အထက်တွင်ရှိပြီး နှစ်သောင်းချီသည်အထိ ရှင်သန်နေထိုင်နိုင်ကာ ကောင်းကင်နှင့်ကမ္ဘာမြေကို ဖျက်ဆီးနိုင်သောအစွမ်းရှိသူဟု တင်စားခေါ်ဝေါ်ကြတတ်ကြသည့် စွမ်းအားရှင်များပင်။
ယဲ့ကျွင်းလင်မှာ သူ့ကျင့်ကြံဆင့်ကိုဖော်ထုတ်လိုက်သောအခါ အိမ်တော်ဝန်းထဲရှိလူတိုင်းမှာ စိုးရိမ်တကြီးဖြစ်လာကြတော့သည်။
"အကြီးအကဲမူ အခုကျွန်တော်တို့ဘာလုပ်သင့်လဲ"
ချန်ယွင်ဟိုင်က သနားကမားဖြင့်မေးလာသည်။
ရွှယ်ထျန်းဂိုဏ်းတွင် ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူရှိသည်ဟု သူသိထားပါက သူ့ကိုသေအောင်ရိုက်လျှင်တောင် ထိုသူအားစော်ကားလှောင်ပြောင်ရဲမည်မဟုတ်ပေ။
အကြီးအကဲမူသည် တစ်ခုခုကိုစေ့စေ့စပ်စပ်တွေးတောနေဟန်ရှိပြီး တဖြည်းဖြည်းပြန်လည်တည်ငြိမ်လာကာ မထီမဲ့မြင်ပြုံးလိက်သည်။
"ဘာကိုစိုးရိမ်နေတာလဲ ဒီအဘိုးကြီးက ယွီဟွားဂိုဏ်းကလာတယ်ဆိုတာမမေ့လိုက်နဲ့ ငါကျွမ်းကျင်တဲ့ နတ်ဘုရားကျင့်စဥ်တွေကို ဒီကောင်လေးစိတ်ကူးတောင်ကြည့်ဖူးမှာမဟုတ်ဘူး သူနိုင်စရာအကြောင်းကိုမရှိဘူးကွ"
ချန်ယွင်ဟိုင်၏မျက်လုံးများလည်း တောက်ပသွားသည်။
ယွီဟွားဂိုဏ်းဆိုသည်မှာ အဆင့်မြင့်ကျင့်စဥ်နည်းလမ်းများစွာကို ပိုင်ဆိုင်ထားသော ရတနာသိုက်တစ်ခုဟုဆိုနိုင်ပေသည်။ ထို့ကြောင့်ပင် အရှေ့ပိုင်းစီရင်စုရှိ ကျင့်ကြံသူအများအပြားမှာ ယွီဟွားဂိုဏ်းသို့ အလုအယက်တိုးဝင်နေကြရခြင်းဖြစ်၏။
ယှဥ်ကြည့်လိုက်လျှင် ရွှယ်ထျန်းလိုဂိုဏ်းငယ်လေးတွင် ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူရှိသည်ဆိုပေဦးတော့၊ အရင်းအမြစ်ရှားပါးပြီး အဖိုးတန်ကျင့်စဥ်များမရှိနိုင်သောကြောင့် ကျင့်ကြံဆင့်တူနေလျှင်ပင် အင်အားကတော့ သေချာပေါက်အကြီးကြီးကွာခြားမည်သာ။
ထိုအကြောင်းကိုတွေးမိပြီး ချန်ယွင်ဟိုင်စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းတစ်ချက်ချလိုက်ကာ ယဲ့ကျွင်းလင်ကို စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။
ကံကောင်းထောက်မ၍ အကြီးအကဲမူရှိနေသောကြောင့်သာပင်၊ မဟုတ်လျှင် သူတို့ဖုန့်လဲ့ဂိုဏ်း ယနေ့အတွင်းကို အပြီးသတ်ရှင်းထုတ်ခံလိုက်ရနိုင်ပေသည်။
တော်သေးလို့ပေါ့ကွာ....
"အဘိုးကြီး သိပ်ပြီးယုံကြည်မှုတွေရှိနေတယ်ပေါ့" ယဲ့ကျွင်းလင်က မျက်ခုံးတစ်ဖက်ပင့်လျက်ဆိုသည်။
အကြီးအကဲမူက မောက်မာစွာတုံ့ပြန်သည်။ "မင်းရဲ့ကျင့်ကြံဆင့်စွမ်းရည်က ထူးကဲတာကို ဒီအဘိုးကြီးလက်ခံတယ် ဒါပေမယ့် တကယ်တမ်းတိုက်ခိုက်ရင်တော့ မင်းဒီလူအိုကြီးကိုမယှဥ်နိုင်ဘူး ဘာကြောင့်လဲဆိုတော့ ငါက ယွီဟွားဂိုဏ်းကမလို့လေ"
ယွီဟွားဂိုဏ်း၊ ထိုစကားလုံးသုံးလုံးသာပါလျှင် ထပ်ပြီးရှင်းပြစရာမလိုတော့ပါပေ။
ယွီဟွားဂိုဏ်းသားများမှာ သာမန်လူများကြားမှ နဂါးများကဲ့သို့ ထင်းထွက်နေလေ့ရှိပြီး သတ်ဖြတ်တိုက်ခိုက်ခြင်းအား ထမင်းစားရေသောက်သလိုကျွမ်းကျင်ကြသူများပင်။ သာမန်ကျင့်ကြံသူများ စိတ်ပင်မကူးနိုင်သော စွမ်းဆောင်ရည်ရှိသူများအဖြစ် ကျော်ကြားလေသည်။
"သေစမ်း"
အကြီးအကဲမူက ကြုံးဝါးလျက် လက်နှစ်ဖက်ဖြင့် လက်သင်္ကေတစ်ခုကိုပြုလုပ်လိုက်သည်။ ဝတ်ရုံအနားစများမှာ လေဖြင့်လွင့်ပျံသွားလျက်။
တဝုန်းဝုန်းအသံများ ထွက်ပေါ်လာပြီး ထောင်ပေါင်းများစွာသော ထူထဲသော အစိမ်းရောင် နွယ်ပင်များသည် ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းသွားကာ ကြီးမားသော လက်ကြီးအဖြစ် ပြောင်းလဲသွားပြီး ယဲ့ကျွင်းလင်ကိုဆွဲယူရန် ရောက်ရှိလာကြသည်။
မြေကမ္ဘာထိပ်တန်းအဆင့် နတ်ဘုရားကျင့်စဥ်ဖြစ်သော မိုးပြာသစ်သားလက်ဝါးကျင့်စဥ် ဖြစ်၏။
ကျင့်ကြံရေးလောကတွင် ကျင့်စဥ်များတွင်လည်း အဆင့်အမျိုးမျိုးရှိကြပေသည်။ အမည်အားဖြင့် သေမျိုးအဆင့်၊ ဝိဉာဉ်အဆင့်၊ ဉာဏ်အလင်းအဆင့်၊ မြေကမ္ဘာအဆင့်၊ ကောင်းကင်အဆင့်၊ ထိပ်သီးအဆင့်၊ မသေမျိုးအဆင့်နှင့် သူတော်စင်အဆင့်တို့ ဖြစ်သည်။
သာမန်ကျင့်ကြံသူများအတွက်မူ ဝိဉာဥ်အဆင့်ကျင့်စဥ်ဆိုသည်မှာပင် ရှားပါးအဖိုးတန်လှပြီဖြစ်ပြီး ဂိုဏ်းတစ်ခုလုံးကို စောင့်ရှောက်ကာကွယ်ဖို့လုံလောက်သည့်ကျင့်စဥ်အဆင့်ဟု ဆိုနိုင်ပေသည်။
ယခု အကြီးအကဲမူထုတ်သုံးလိုက်သောကျင့်စဥ်မှာ မြေကမ္ဘာထိပ်တန်းအဆင့် နတ်ဘုရားကျင့်စဥ်တစ်ခုဖြစ်ပြီး ယွီဟွားဂိုဏ်း၏တောင့်တင်းသောနောက်ခံကိုပေါ်လွင်စေရန် ထုတ်ပြလိုက်ခြင်းပင်။
"ကောင်လေးရေ အဆင့်နိမ့်ဂိုဏ်းလေးကကျင့်ကြံသူတစ်ယောက်အနေနဲ့ ငါ့လိုအဘိုးကြီးလက်ထဲမှာသေသွားရတာ ဂုဏ်ယူစရာလို့မှတ်လိုက်ပေါ့ကွာ"
အကြီးအကဲမူက အားမာန်အပြည့်ဖြင့် အော်ပြောလိုက်၏။
ဤကျင့်စဥ်မှာ အပြင်လောကအကြီးအကဲများကြားတွင်ပင် ဂုဏ်သတင်းမွှေးပျံ့ခဲ့ပါသော သူ၏အဆင့်မြင့်ဆုံး နတ်ဘုရားကျင့်စဥ်ဖြစ်သည်။
"ဟမ့် သနားစရာလှည့်ကွက်လေးတွေ"
ယဲ့ကျွင်းလင်လည်း လက်ကိုဆန့်ထုတ်၍ သင်္ကေတတစ်ခု ပြုလုပ်လိုက်သည်။
ထိုအခါ သူ့အနောက်တွင် ပုံရိပ်ကြီးတစ်ခုဝုန်းခနဲပေါ်ပေါက်လာပြီး ထိုပုံရိပ်ကြီးမှာ သန်းပေါင်းများစွာသောသက်ရှိတို့ကို နှိမ်နင်းဝပ်ဆင်းစေသည့် ဧကရာဇ်တစ်ပါးကဲ့သို့ တင့်တယ်မော်ကြွားလှပေ၏။
အကြီးအကဲမူ၏နဖူးမှ ပဲစေ့အရွယ်ချွေးစက်များ စီးကျလာပြီး သူ၏ မျက်လုံးအိမ်များသည် ရုတ်တရက် အပ်ချောင်းလေးများကဲ့သို့ ကျဉ်းမြောင်းသွားကာ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထောင်ထလာပြီး အလွန်ကြောက်လန့်တုန်လှုပ်သွားတော့သည်။
တုယှဥ်လို့မရနိုင်သည်အထိ ဤမျှအင်အားကြီးမားသော နတ်ဘုရားစွမ်းရည်မျိုးကို သူတစ်ခါမှမမြင်ဖူးမကြုံဖူးခဲ့ပါ။ အကြည့်တစ်ချက်ဖြင့်ပင် သူလုံးလုံးလျားလျား အရှုံးပေးလိုက်မိပါသည်။
"လောကဘုရင်အမှတ်တံဆိပ်"
ကျင့်စဥ်၏ ဂုဏ်အသရေကို ဖော်ညွှန်းသော ကြည်လင်ပြတ်သားသည့် အသံတစ်ခုသည် ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားသည်။
ရေတွက်မရနိုင်သော တုန်လှုပ်ချောက်ချားနေသည့် အကြည့်များစွာအောက်တွင် ယဲ့ကျွင်းလင်သည် လက်ကို မြှောက်ကာ လောကဘုရင်အမှတ်တံဆိပ် လက်သင်္ကေတကို ရိုက်ထုတ်လိုက်သည်။
၎င်း၏ အရှိန်အဟုန်သည် နေနှင့် လကို လွင့်စင်ပျောက်ကွယ်စေ၍ ကောင်းကင်ကို ပြောင်းပြန်လှန်ရန် အသင့်ဖြစ်လို့နေပေတော့၏။
၅ - ငါ့သားချန်ရှောင်းက မသေမျိုးဖြစ်လာမှာကွ!
ဘုန်း!
တိုက်ကွက်နှစ်ခု ဘုန်းခနဲ ထိပ်တိုက်ဆုံတွေ့သွားကြသည်။
မိုးပြာသစ်သားလက်ဝါးကြီးကတော့ စိစိညက်ညက်ကျေသွားခဲ့ပါ၏။
လောကဘုရင်အမှတ်တံဆိပ်ကြီးက အကြီးအကဲမူ၏ဦးခေါင်းထက်တွင် ဝဲပျံအုပ်မိုးကာ သူ့ကိုဖိနှိပ်လို့ထားလေသည်။
"မကောင်းတော့ဘူး!"
လူအိုကြီးမူမှာ သူ့ကိုအသေသတ်ဖို့နီးကပ်လာပြီဖြစ်သော ထိုကျင့်စဥ်ကြီးကိုတောင့်ခံနိုင်ရန် မှော်လက်နက်များတစ်ခုပြီးတစ်ခုထုတ်ရင်း မှော်စာရွက်များကိုလည်း ကြိုးစားပစ်လွှတ်နေသော်ငြား ထိုအရာအားလုံးမှာ လောကဘုရင်အမှတ်တံဆိပ်အောက်တွင် တစ်ခုပြီးတစ်ခု ပြိုကွဲစုတ်ပြဲကုန်ကြလေသည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံး ပြိုကွဲပျက်စီးတော့မည်အလား ခံစားလာရသောအခါ သူကြောက်ရွံ့အားငယ်စွာဖြင့် အော်ဟစ်အသနားခံလိုက်ရသည်။ "ယွီဟွားဂိုဏ်းရဲ့မျက်နှာကိုထောက်ထားပြီး ကျွန်တော့်ကိုအသက်ချမ်းသာပေးပါ အစ်ကိုကြီး!"
ယဲ့ကျွင်းလင်က ပြက်ရယ်ပြုလိုက်သည်။ "ယွီဟွားဂိုဏ်းဆိုတာဘာကြီးမလို့လဲ ငါ့ကိုများရန်လာစရဲကြသေးတယ် အကုန်ဖျက်ဆီးပစ်ရမယ်"
"မင်း!!" လူအိုကြီးမူမှာ အသနားခံဖို့ပြင်ဆင်နေရင်းမှ ဒေါသူပုန်ထသွားရတော့၏။ တစ်ဖက်လူက ဤမျှမာန်တက်နေလိမ့်မည်ဟု သူထင်မထားခဲ့ပေ။
ဝိဉာဥ်အဆင့်တက်ခြင်းနယ်ပယ်မှကျင့်ကြံသူတစ်ဦးသည် ဟွမ်ကျိုးပြည်နယ်တွင် စိုးမိုးခြယ်လှယ်နိုင်မည်ဖြစ်သော်ငြား ချင်းကျိုးပြည်နယ် ယွီဟွားဂိုဏ်းတွင်တော့ သာမန်ကာလျှံကာမျှသာသတ်မှတ်ရမည့်အဆင့်ဖြစ်သည်။
အရှေ့ပိုင်းစီရင်စု၏ ကျင့်ကြံရေးလောကကို ဦးဆောင်ဦးရွက်ပြုနေသော ဂိုဏ်းဂဏကြီးအား ငမျောက်ငခြောက်ဂိုဏ်းစုတ်လေးမှ ကျင့်ကြံသူတစ်ဦးက အဘယ့်ကြောင့်စော်ကားမော်ကားပြုရဲရသနည်း?
"ဒီနေရာမှာငါသေသွားရင် မင်းတို့ဂိုဏ်းတော့ ကပ်ဆိုးဆိုက်ပြီသာမှတ် အဓိကအစပြုသူကမင်းဆိုတော့ ပိုပြီးဆိုးတဲ့ကံကြမ္မာရောက်လာမှာကို စောင့်နေလိုက်ဦးပေါ့ကွာ"
ပြိုလဲတော့မည့်ခန္ဓာကိုယ်ကို အနိုင်နိုင်ထိန်းထားရင်း လူအိုကြီးမူက အသံကုန်ခြစ်အော်ကာ ခြိမ်းခြောက်နေခြင်းဖြစ်သည်။
"အဟက်အဟက် မင်းအခုအခြေအနေနဲ့ ငါ့ကိုပြန်ခြိမ်းခြောက်ရဲနေသေးတယ်ပေါ့လေ"
ထို့နောက် ယဲ့ကျွင်းလင်လက်ကိုတစ်ဖန်မြှောက်လက် ပြန်လည်ဖိချလိုက်ကာ အေးစက်စက်ဆိုလိုက်သည်။ "သေလိုက်တော့"
"အားးး....."
နာကျင်စူးရှသောအော်သံကြားတွင် လောကဘုရင်အမှတ်တံဆိပ်သည် နတ်ဘုရားအလင်းရောင်များဖြင့် တောက်ပလင်းလက်လာပြီး လူအိုကြီးမူမှာ နေရာတွင်ပင်ပြာကျကာ ပွဲချင်းပြီးသေဆုံးသွားတော့၏။
ထိုအခိုက်အတန့်တွင် ဖုန့်လဲ့ဂိုဏ်းတစ်ခုလုံးမှာ တုတ်တုတ်မှမလှုပ်ရဲအောင် တိတ်ဆိတ်ငြိမ်ကျသွားကြတော့သည်။
ချန်ယွင်ဟိုင်သည် မြေပြင်ထက်တွင်ဒူးထောက်ထိုင်လျက်ရှိပြီး သူ့တစ်ကိုယ်လုံးမှာ အေးစက်စေးကပ်သောဇောချွေးများဖြင့် ရွဲနစ်လျက်ရှိတော့သည်။ ကြောက်စိတ်ကြောင့် ခန္ဓာကိုယ်တစ်ခုလုံး ထိန်းမရနိုင်အောက် ဆက်တိုက်တုန်ယင်နေပြီး မသေမျိုးတစ်ပါးကဲ့သို့မတ်တပ်ရပ်လျက်ရှိသော ငွေဖြူရောင်ဆံပင်များဖြင့်လူငယ်အား အသံတုန်တုန်ဖြင့်ပင်ပြောလိုက်သည်။
"နတ်ဘုရားအရှင်ယဲ့ ဒါတွေအားလုံးက အထင်အမြင်လွဲမှားမှုတွေပါ ကျွန်တော်တို့ဖုန့်လဲ့ဂိုဏ်းက အရှင့်လက်အောက်မှာ သစ္စာခံအမှုထမ်းဖို့ ဆန္ဒရှိပါတယ်ခင်ဗျာ"
လက်ရှိအခြေအနေတွင် သူ့အသက်ကို ကယ်တင်ဖို့က ပထမဦးစားပေးဖြစ်သည်။
ဂိုဏ်းချုပ်ကိုယ်တိုင် ဒူးထောက်လျက်ရှိသောကြောင့် ဖုန့်လဲ့ဂိုဏ်းမှဂိုဏ်းသားများသည်လည်း လိုက်ပါဒူးထောက်ခစားလာကြတော့၏။ ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူတစ်ဦး၏ရှေ့တွင် မည်သည့်ခုခံမှုမဆို အချည်းနှီးဖြစ်မည်သာပင်။
"မင်းတို့က ငါ့နောက်လိုက်ခွေးလုပ်ဖို့တောင်မထိုက်တန်ဘူး" ယဲ့ကျွင်းလင်က မထီမဲ့မြင် မှတ်ချက်ပြုသည်။
ချန်ယွင်ဟိုင်၏ခန္ဓာကိုယ်မှာ တစ်ချက်တုန်ခနဲဖြစ်သွားသည်။ ထို့နောက် သူ့ခေါင်းကိုမော့ကာ သွေးကြောများပေါက်ထွက်မတတ်နီရဲနေသောမျက်လုံးအစုံဖြင့် အံကြိတ်ကာပြောလာသည်။
"နတ်ဘုရားအရှင်ယဲ့ ကျွန်တော့်သားချန်ရှောင်းက မသေမျိုးတစ်ပါးဖြစ်လာဖို့ အလားအလာရှိပါတယ် သူကအခု ယွီဟွားဂိုဏ်းက ထိပ်သီးကျင့်ကြံသူကြီးတစ်ဦးရဲ့ အတွင်းတပည့်အဖြစ် သင်ယူလေ့လာနေတာပါ အရှင်က သူ့ကိုစော်ကားပြုမူရဲပါသလား အမှားမလုပ်မိစေဖို့ သတိပေးလိုက်ပါမယ်"
ယဲ့ကျွင်းလင်ကြောက်စိတ်ဝင်ပြီး အနည်းဆုံးသူ့အသက်ကိုတော့ ချမ်းသာပေးရန် မျှော်လင့်ထားပုံပင်။
"အိုး"
ယဲ့ကျွင်းလင်က စိတ်ဝင်တစားဖြင့် ဆိုလာသည်။
"အနာဂတ်မှာ မသေမျိုးတစ်ပါးဖြစ်လာနိုင်တယ်တဲ့လား မင်းကတော်တော်လေးချဲ့ကားပြောဆိုတတ်သားပဲ ဖြစ်လာခဲ့ရင်တောင် အဲ့အနာဂတ်မှာ ငါသူ့ကိုသတ်နိုင်ပါသေးတယ် မင်းရှေ့မှာသတ်ပေးရမလား"
အင်အားကြီးသူနှင့်ရင်ဆိုင်ပြီး ပိုမိုအင်အားကြီးလာသောစွမ်းရည်အရ ဒဏ္ဍာရီလာမသေမျိုးဧကရာဇ်တစ်ပါးက လာရောက်တိုက်ခိုက်လျှင်တောင် သူ့ကျင့်ကြံဆင့်ကပဲ အမြဲပိုမြင့်မားနေမှာ ဧကန်ပင်။
သူကြောက်ပေးစရာအကြောင်း လုံးဝမရှိပေ။
"မင်း!" ချန်ယွင်ဟိုင်၏မျက်လုံးများမှာ ပေါက်ထွက်တော့မတတ်နီရဲလာပြီး ဒေါသထွက်လွန်းသောကြောင့် သွေးအန်မိတော့မတတ်ပင်။
ဒီလူကတော့စောက်ရူးပဲ၊ ဆေးမမီအောင်ရူးခါသွားပြီ။
ထိုအချိန်တွင် ကောင်းကင်ယံ၌ စစ်သင်္ဘောပျံအမြောက်အမြား ပေါ်လာကြပြီး ဖုန့်လဲ့ဂိုဏ်းဆီသို့ အင်အားကြီးမားစွာဖြင့် ဦးတည်ချီတက်လာကြလေသည်။
"ဆရာတူညီလေးယဲ့ရေ ငါတို့ရောက်ပြီ"
မိုးပြာရောင်အလင်းတန်းတစ်စင်းသည် ကြယ်တံခွန်တစ်စင်းဖြတ်တိုက်သွားသကဲ့သို့ ကောင်းကင်ယံတွင်လှစ်ခနဲထွက်ပေါ်လာသည်။ ဂိုဏ်းချုပ်ရှယိုနျန်ရောက်ရှိလာခြင်းပင်။
တောင်ထိပ်သခင်ခုနှစ်ဦးသည်လည်း တိုက်ပွဲအားမာန်အပြည့်ဖြင့် ဂိုဏ်းချုပ်၏အနောက်တွင် တပ်ကြပ်မကွာ လိုက်ပါလာကြသည်။
"အဲ့ဒါ ရွှယ်ထျန်းဂိုဏ်းကလူတွေပဲ"
"သွားပြီ ငါတို့ဘဝတော့ဆုံးပြီ"
"ပြေးကြဟေ့!"
ဖုန့်လဲ့ဂိုဏ်းတစ်ခုလုံး ဗရုတ်သုတ်ခဖြစ်သွားရပြီး အကြီးအကဲများနှင့် ဂိုဏ်းသားများမှာ နေရာအနှံ့ထွက်ပြေးကုန်ကြ၏။
"ဟမ့် ပြေးမယ်ဆိုစောစောကပြေးမှပေါ့ အကုန်သတ်ကြစမ်း!" ဂိုဏ်းချုပ်ရှယိုနျန်က နက်ရှိုင်းသောအသံဖြင့် အော်ဟစ်အမိန့်ပေးလိုက်သည်။
အုန်း အုန်း အုန်း
စစ်သင်္ဘောပျံများသည် တောက်ပသော လျှပ်စီးတန်းများကို ပစ်ခတ်ကာ ဖုန့်လဲ့ဂိုဏ်းဧရိယာတစ်ခုလုံးကို ဗုံးကြဲချလိုက်သော် မီးလျှံများမှာ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး မီးခိုးများတလူလူ လွင့်တက်လို့နေသည်။
မရေမတွက်နိုင်လောက်အောင်များပြားသော ရွှယ်ထျန်းဂိုဏ်းသားတို့သည် မှော်လက်နက်များကိုကိုင်ဆောင်ကာ သံပြိုင်ဟစ်ကြွေးလိုက်ကြပြီး တိုက်ပွဲကိုစတင်လိုက်သည်။ ကြုံးဝါးမာန်သွင်းသံများမှာ ကောင်းကင်နှင့်မြေကြီးကိုပင် တုန်ခါစေလျက်။
အလောင်းများနှင့် သွေးများ ပြည့်နေသော မြင်ကွင်းကို ကြည့်ရင်း ချန်ယွန်ဟိုင်၏ မျက်နှာပေါ်တွင် ဝမ်းနည်းပူဆွေးမှုများဖုံးလွှမ်းလာပြီး သူ့လုပ်ရပ်များကို နှလုံးသားထဲမှ နောင်တရမိနေသည်။
ထို့နောက် ပြင်းထန်သော နာကျည်းချက်များဖြင့် ယဲ့ကျွင်းလင်ကို စူးစိုက်ကြည့်လိုက်သည်။
ဒီလူသာ သူ့ကျင့်ကြံဆင့်ကို တမင်တကာလျှို့ဝှက်မထားခဲ့ဘူးဆိုလျှင် သူ့ဘက်ကလည်း ရွှယ်ထျန်းဂိုဏ်းကို ရန်သွားစရဲစရာ အကြောင်းမရှိပေ။
ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံဆင့်ကို ချိုးဖျက်နိုင်ပြီးသွားတာတောင် ချီးလို ဆက်ပြီးလျှို့ဝှက်ဖုံးကွယ်ထားရသလား?
ယုတ်မာကောက်ကျစ်လိုက်တဲ့ကောင်!
"မင်းစောင့်နေလိုက်စမ်းပါ ငါ့သားက အနာဂတ်မှာ မသေမျိုးတစ်ပါးဖြစ်လာမှာ ဒီနေ့ငါရခဲ့တဲ့အရှက်တရားတွေနဲ့ သွေးမိုးရွာခဲ့ရတဲ့ဖုန့်လဲ့ဂိုဏ်းအတွက် ငါ့သားကမင်းကို အဆတစ်ထောင်ပြန်ပေးဆပ်ခိုင်းလိမ့်မယ်"
ချန်ယွင်ဟိုင်စိတ်လွတ်သွားဟန်ဖြင့် ရူးသွပ်စွာအော်ဟစ်သောင်းကျန်းလာသည်။
"စောက်ရူး"
ယဲ့ကျွင်းလင်နှာခေါင်းရှုံ့လျက် တစ်ခွန်းတည်းတုံ့ပြန်လိုက်သည်။
ဘန်း!
ချန်ယွင်ဟိုင်၏ဦးခေါင်းမှာ ဖရဲသီးတစ်လုံးကဲ့သို့ အစိတ်စိတ်အမွှာမွှာပေါက်ကွဲထွက်သွားပြီး သူ၏ဦးခေါင်းမဲ့အလောင်းကိုယ်မှာ ဖုန့်လဲ့ဂိုဏ်း၏သွေးပင်လယ်ကြီးထဲသို့ လဲပြိုကျသွားတော့၏။
ထွက်ပြေးလွတ်မြောက်ဖို့ကြိုးစားနေကြသော အခြားရွှေအမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူများမှာလည်း ယဲ့ကျွင်းလင်ဆီမှပါးရိုက်ခံရပြီး အတုံးအရုန်းလဲသေကုန်ကြလေသည်။
အုံလိုက်ကျင်းလိုက်တိုက်စစ်ဆင်မှုအောက်တွင် ဖုန့်လဲ့ဂိုဏ်းမှာ ခဏချင်းအတွင်းအပြတ်ရှင်းခံလိုက်ရပြီး ရွှယ်ထျန်းဂိုဏ်းသားတို့မှာ ဖုန့်လဲ့ဂိုဏ်းပိုင် ဆေးဝါးများနှင့် မှော်လက်နက်တို့ကို တစ်သုတ်ပြီးတစ်သုတ်သယ်ဆောင်ကာ စစ်သင်္ဘောပျံများထက် တင်ဆောင်ကြလေတော့သည်။
"ရေးး ငါတို့နိုင်ပြီဟေ့"
ရွှယ်ထျန်းဂိုဏ်းသားတို့မှာ စိတ်လှုပ်ရှားစွာ အောင်ပွဲခံလျက်ရှိကြသည်။
ရှယိုနျန်၏မျက်နှာမှာ စိတ်လှုပ်ရှားသွားဟန်ရှိပြီး စိတ်ပါလက်ပါ တဟားဟားရယ်မောလျက် ဆိုလာသည်။ "ဆရာတူညီလေးယဲ့ ငါဘာရှာတွေ့ထားလဲ့ကြည့်ပါဦး"
သူက အလွန်လှပသည့်ပိုးထည်သေတ္တာလေးတစ်လုံးကို ကိုင်ဆောင်ထားပြီး အထဲတွင် နတ်ဆေးလုံးတစ်ခုကို တွေ့ရလေသည်။
ထိုဆေးလုံးမှာ ဝိဉာဥ်သန္ဓေကျင့်ကြံဆင့်ဆေးလုံးပင်။
"ဒီဆေးလုံးကို ဟိုခွေးအိုကြီးချန်ရဲ့ကိုယ်ပေါ်ကနေ ရှာတွေ့လာတာ ဒီအဘိုးကြီးဆီမှာ ဒီလိုပစ္စည်းကောင်းလေးဖွက်ထားတာမျိုးရှိလိမ့်မယ်လို့ထင်မထားဘူး ပွတာပဲ ဒီဆေးလုံးနဲ့ဆိုရင် နောက်ရက်နည်းနည်းကြာတဲ့အခါ ငါဝိဉာဥ်သန္ဓေကျင့်ကြံဆင့်ကို ချိုးဖျက်လို့ရလောက်ပြီ"
ရှယိုနျန်မှာ ရွေအမြုတေဖွဲ့စည်းခြင်းအဆင့်တွင် နှစ်ပေါင်းများစွာကြာအောင် ပိတ်မိနေခဲ့ရသောကြောင့် ယခုတော့ ပျော်လို့မဆုံးတပြုံးပြုံးပင်။
"ဂုဏ်ပြုပါတယ် ဂိုဏ်းချုပ် ကျွန်တော်တို့ဂိုဏ်းမှာ နောက်ထပ်ဝိဉာဥ်သန္ဓေကျင့်ကြံသူတစ်ဦး ထပ်တိုးလာပြီပေါ့" တောင်ထိပ်သခင်တစ်ဦးက ဝမ်းမြောက်စွာဂုဏ်ပြုလာသည်။
ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူဆိုသည်မှာ ဟွမ်ကျိုးပြည်နယ်၏ အရှင်သခင်ပေမဟုတ်လော။
ဝိဉာဥ်သန္ဓေကျင့်ကြံသူနှစ်ဦးကို ပိုင်ဆိုင်ထားသော ရွှယ်ထျန်းဂိုဏ်းသည် မလွဲမသွေ ထိပ်တန်းဂိုဏ်းများထဲမှတစ်ခု ဖြစ်လာပေမည်။
"တကယ်တော့ ကျွန်တော်က..." ယဲ့ကျွင်းလည် ခေတ္တမျှစဥ်းစားပြီးနောက် ပြောပြရန်ဆုံးဖြတ်လိုက်သည်။
ထိုအချိန်တွင် တစ်ယောက်ယောက် စိတ်လှုပ်ရှားစွာအော်ဟစ်လိုက်သည်။
"အားလုံးပဲ ကြည့်ကြစမ်း ငါဒါကိုမြေကြီးပေါ်ကကောက်ရလာတာ"
ဓားဝှက်တောင်ထိပ်သခင်က ရှေးကျကျအမှတ်တံဆိပ်တစ်ခုကိုကိုင်လျက် အမြန်လျှောက်လာသည်။ ထိုတံဆိပ်ပေါ်မှာ 'ယွီဟွား' ဟူသောစာလုံးမှာ ထင်းလင်းတောက်ပလျက်ရှိ၏။
ရှယိုနျန်မျက်လုံးပြူးသွားပြီး ထိတ်လန့်စွာဆိုလိုက်သည်။ "ဒါက ယွီဟွားဂိုဏ်းအမှတ်တံဆိပ်ကြီးပဲ"
"ဟမ်?" ဓားဝှက်တောင်ထိပ်သခင်သည်လည်း လက်ထဲတွင်ကိုင်ထားမိသောအမှတ်တံဆိပ်ကို အလန့်တကြားပြန်ကြည့်လိုက်သည်။ ဤပစ္စည်းတွင် ထိုမျှကြီးမားသောနောက်ခံရှိနေမည်ဟု သူထင်မထားခဲ့ပါ။
"အဲ့ဂိုဏ်းက ချင်းကျိုးပြည်နယ်ရဲ့ ကျင့်ကြံဆင့်အထွဋ်အမြတ်နေရာပဲ အရှေ့ပိုင်းစီရင်စုတစ်ခုလုံးရဲ့ ကျင့်ကြံရေးအင်အားစုကြီးဆိုလည်း ဟုတ်တယ်"
"နောက်ပြီး အမှတ်တံဆိပ်ပုံစံကိုကြည့်ရသလောက်ဆိုရင် သိပ်အဆင့်နိမ့်တဲ့ထဲမပါလောက်ဘူး အကြီးအကဲတစ်ယောက်ယောက်ဖြစ်နိုင်တယ်"
ရှယိုနျန်က တံဆိပ်ကိုဂရုတစိုက်ကိုင်တာ ကြည့်ရှုစစ်ဆေးရင်းပြောလိုက်သည်။
ကြားလိုက်ရသည့်သူအပေါင်းမှာတော့ တောင့်ခဲသွားရလျက်။
ယွီဟွားဂိုဏ်းမှအကြီးအကဲတစ်ဦးသည် အနည်းဆုံးတော့ ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံဆင့်တွင် ရှိလိမ့်မည်ပင်။
"ဒါပေမယ့် ဒီတံဆိပ်က ဘယ်လိုလုပ် ဖုန့်လဲ့ဂိုဏ်းမှာပေါ်လာရတာလဲ" နတ်ပန်းရနံ့တောင်ထိပ်သခင်က အံ့သြတကြီးဖြင့် ဆိုလာသည်။
ထိုမေးခွန်းတွင် အားလုံးလန့်ဖျပ်ကာ အတွေးများကုန်ကြတော့၏။
"မတော်တဆပြုတ်ကျခဲ့တာများလား"
ရှယိုနျန် မျက်မှောင်ကြုတ်လျက်စဥ်းစားလိုက်သည်။
ယွီဟွားဂိုဏ်းနှင့် ဖုန့်လဲ့ဂိုဏ်းကို သူဘယ်လိုမှဆက်စပ်တွေးတောကြည့်လို့ မရနိုင်ပေ။ ယွီဟွားဂိုဏ်းက ဝေဟင်ထက်ဝဲပျံနေသည့်နဂါးတစ်ကောင်ဆိုလျှင် ဖုန့်လဲ့ဂိုဏ်းမှာ မြေပြင်ထက်က နှမ်းစေ့အရွယ်ပုရွက်ဆိတ်လေးတစ်ကောင်သာ ဖြစ်ပေမည်။
ဒီနှစ်ဖွဲ့က ဘယ်လိုလုပ် အဆက်အစပ်ရှိနေမှာတဲ့လဲ?
"အဟမ်း အဟမ်း"
ရှယိုနျန် လည်ချောင်းရှင်းကာ ကောင်းကင်ယံထက်သို့မော့ကြည့်လျက် နက်ရှိုင်းကျယ်လောင်စွာ အော်ပြောလိုက်သည်။ "အစ်ကိုကြီးခင်ဗျာ ဒီညီနောင်ကစော်ကားဖို့ရည်ရွယ်ချက်မရှိတဲ့အတွက် ပုန်းကွယ်မနေဘဲ တံဆိပ်ကိုပြန်လာယူလှည့်ပါခင်ဗျာ"
လူတိုင်းလည်း မျှော်လင့်တကြီးဖြင့် ကောင်းကင်ယံသို့ အတူမော့ကြည့်လိုက်ကြ၏။
ထိုအကြီးအကဲသာပေါ်လာလျှင် သူတို့နှစ်ဂိုဏ်းလည်း ဆက်ဆံရေးကောင်းကောင်းတစ်ခု တည်ဆောက်လို့ရလောက်မည်။ ယွီဟွားဂိုဏ်းနှင့်သက် အဆက်အသွယ်ရှိထားလျှင် သူတို့ရွှယ်ထျန်းဂိုဏ်း၏အနာဂတ်အတွက် လွန်စွာမှအထောက်အကူပြုပေလိမ့်မည်။
"အာ့ အာ့ အာ့ အာ့"
မှန်၏။ ကောင်းကင်ထက်မှ ကျီးကန်းအော်သံများသာ။
ရှယိုနျန်ကတော့ အလျှော့မပေးချင်သေးဘဲ နောက်တစ်ကြိမ်အော်ဖို့ပြင်လိုက်သည့်အချိန်တွင် ပုခုံးကိုအပုတ်ခံလိုက်ရသည်။ သူအနောက်ကိုလှည့်ကြည့်လိုက်သော် ငွေရောင်ဆံပင်များဖြင့်လူငယ်လေးက သူ့ကိုထူးဆန်းသည့်အမူအရာဖြင့် စိုက်ကြည့်လျက်ရှိ၏။
"ဆရာတူညီလေးယဲ့ မင်း..."
ယဲ့ကျွင်းလင်မှာ အကူအညီမဲ့စွာဖြင့် ဝန်ခံလိုက်ရသည်။ "လျှောက်အော်မနေနဲ့တော့ ကျွန်တော်အကုန်သတ်ပစ်လိုက်ပြီ"
၆ - တပည့်သစ်လေးက နတ်ဆိုးဂိုဏ်းချုပ်ကြီးဖြစ်နေတယ်
"ဘာရယ်?"
လူတိုင်း အံ့သြဆွံ့အသွားကြတော့သည်။
ယွီဟွားဂိုဏ်းက ဂုဏ်သိက္ခာရှိအကြီးအကဲက မင်းသတ်တာခံလိုက်ရတယ်တဲ့လား?
ရှယိုနျန်လည်း ခေတ္တမျှဆွံ့အသွားပြီးမှ မေးလာသည်။ "ဆရာတူညီလေးယဲ့ လာနောက်နေတာလား မင်းကျင့်ကြံဆင့်နဲ့ဆိုရင်..."
ယဲ့ကျွင်းလင် ရှင်းရှင်းလင်းလင်းကြီးကို သံသယဝင်ခံနေရပါပြီ။
"တကယ်တော့ ကျွန်တော်က ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူမဟုတ်ပါဘူး"
ပြောရင်းဆိုရင်း ယဲ့ကျွင်းလင်သည် ကျင့်ကြံဆင့်အရှိန်အဝါကို တမင်တကာ ထုတ်လွှတ်ပြလိုက်တော့သည်။
ရှယိုနျန်နှင့် ထိုနေရာရှိဂိုဏ်းသားအပေါင်းတို့မှာ ရေခဲဂူတစ်ခုအတွင်းသို့ရောက်သွားသည်ဟုခံစားလိုက်ရပြီး သည်းခြေထဲသို့တိုင်စိမ့်ဝင်သွားသော အကြောက်တရားများကို ခံစားလိုက်မိကြ၏။ အဆမတန်များပြားသော ဖိအားပမာဏကြီးအောက်တွင် သူတို့ကိုယ်သူတို့ အရေးမပါလှသည့်ပိုးမွှားကောင်လေးများအလား အထင်ရောက်သွားရသည်။
"ဝိဉာဥ်..ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံဆင့်လား?"
သူတို့အားလုံး လွန်စွာလန့်ဖျပ်တုန်လှုပ်သွားရပြီး မယုံကြည်နိုင်သည့်အကြည့်များဖြင့် ယဲ့ကျွင်းလင်ကို ဝိုင်းကြည့်လာကြသည်။
အကယ်၍ ဝိဉာဥ်သန္ဓေကျင့်ကြံဆင့်က ဟွမ်ကျိုးပြည်နယ်ကို စိုးမိုးခြယ်လှယ်နိုင်သည့်စွမ်းအားရှင်ဆိုပါက ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံဆင့်မှာ ဤသို့ပြည်နယ်လေးကို အရေးပင်စိုက်စရာမလိုဘဲ ဖြတ်လျှောက်သွားမည့် ဆရာ့ဆရာကြီးပါပေ။
အရှေ့ပိုင်းစီရင်စုတစ်ခုလုံးက အရေးတယူဆက်ဆံရမည့် တည်ရှိမှုမျိုးဟုဆိုရင်လည်း မမှားပေ။
ရှယိုနျန်သည် ရုတ်တရတ်ဝမ်းသာသွားရသော်ငြား လက်ထဲတွင်ရှိနေသောအမှတ်တံဆိပ်ကို ကြည့်မိသည့်အခါတွင် စိုးရိမ်စိတ်များသာ အစားထိုးဝင်ရောက်လာလေသည်။
"ဆရာတူညီလေးယဲ့ တကယ်ပဲဘာတွေဖြစ်သွားတာလဲ တိတိကျကျပြန်ပြောပါဦး ဘာလို့ယွီဟွားဂိုဏ်းကအကြီးအကဲကိုမှ သတ်ပစ်လိုက်ရတာလဲ"
ထိုဧရာမဂိုဏ်းအဖွဲ့အစည်းကြီးသည် ခြေထောက်တစ်ချက်လှုပ်လိုက်ရုံဖြင့် အရှေ့ပိုင်းစီရင်စုတစ်ခုလုံးကို တုန်ခါသွားစေနိုင်သည်အထိ အာဏာစက်ပြင်းထန်လှပေ၏။
သူတို့နှင့်ယှဥ်ရလျှင် ရွှယ်ထျန်းဂိုဏ်းဆိုသည်မှာ ခြေထောက်အောက်ဖုန်မှုန့်ဟုသာ ဆိုရပေမည်။
"ဖြစ်ပုံကတော့ ဒီလိုပဲ..." ယဲ့ကျွင်းလင်လည်း ဘာကိုမှကွယ်ဝှက်မထားတော့ဘဲ အစအဆုံးရှင်းပြလိုက်တော့သည်။
"ဘာရယ်? ဂိုဏ်းချုပ်ချန်ရဲ့သားက ယွီဟွားဂိုဏ်းထိပ်သီးကျင့်ကြံသူရဲ့ အတွင်းတပည့်အဖြစ် နေရာပေးခံလိုက်ရတယ်တဲ့လား"
"အကြီးအကဲတစ်ယောက် ဒီလောက်ဝေးလံခေါင်သီတဲ့နေရာအထိ အရောက်လာပေးတာမဆန်းတော့ပါဘူး ဖုန့်လဲ့ဂိုဏ်းက ရွှေထုပ်ကြီးပိုက်မိထားတာပဲ"
"သွားပြီ အခုဖုန့်လဲ့ဂိုဏ်းက အမြစ်ဖြတ်ရှင်းလင်းခံလိုက်ရပြီး မင်းကလည်း ယွီဟွားဂိုဏ်းအကြီးအကဲကိုမှ သတ်ပစ်လိုက်သေးတယ် ဒီကိစ္စက အေးအေးချမ်းချမ်းနဲ့ပြီးသွားမှာတော့မဟုတ်ဘူး"
အသေးစိတ်ကြားသိပြီးသောအခါ တောင်ထိပ်သခင်များမှာလည်း စိုးရိမ်စိတ်များကိုရင်ဝယ်ပိုက်ကာ ဂနာမငြိမ်ဖြစ်ကုန်ကြတော့၏။
ရှယိုနျန်သက်ပြင်းတစ်ချက်ချပြီး ပြောလိုက်သည်။ "မေ့လိုက်ပါတော့ ဆရာတူညီလေးယဲ့က ဒီလိုမလုပ်ခဲ့ဘူးဆိုရင်တောင်မှ ဖုန့်လဲ့ဂိုဏ်းက ယွီဟွားဂိုဏ်းအားကိုးနဲ့ ငါတို့ဂိုဏ်းကိုတိုက်ခိုက်လာဦးမှာပဲ"
"ဒါပေမယ့် အခုကိစ္စကိုရော ဘယ်လိုရှင်းကြမယ်စိတ်ကူးလဲ ယွီဟွားဂိုဏ်းကို ထိပါးစော်ကားပြီးမှတော့ အရှေ့ပိုင်းစီရင်စုမှာ ရွှယ်ထျန်းဂိုဏ်းအတွက် နေရာတစ်နေရာတောင်ကျန်ပါဦးမလား" နတ်ပန်းရနံ့တောင်ထိပ်သခင်က စိုးရိမ်တကြီးပြောလာသည်။
လူတိုင်းမှာ အဖြေမရှိသကဲ့သို့ တိတ်ဆိတ်သွားကြတော့၏။
ရှယိုနျန်က မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်ပြီး ဆုံးဖြတ်ချက်တစ်ခုချပြီးသွားသည့်နှယ် ယဲ့ကျွင်းလင်အားလေးနက်စွာပြောလာသည်။
"ဆရာတူညီလေးယဲ့ မင်းပါရမီကသာမန်ထက်ထူးကဲတယ် ရှေ့လျှောက်မသေမျိုးလမ်းစဥ်ကလည်း ဖြောင့်တန်းနေပြီ မင်းအနာဂတ်ကို ဒီတိုင်းဖြုန်းတီးလိုက်ဖို့မတန်ဘူး ဒီတော့ အရှေ့ပိုင်းစီရင်စုကနေသာ ထွက်သွားလိုက်ပါတော့ ယွီဟွားဂိုဏ်းက ငါတို့ကိုမေးခွန်းထုတ်လာရင်လည်း အသေပဲခံလိုက်တော့မယ် မင်းရှိနေသရွေ့ ရွှယ်ထျန်းဂိုဏ်းလည်း ဆက်ရှိနေဦးမှာပါ"
"ဂိုဏ်းချုပ်ပြောတာမှန်တယ်"
ဓားဝှက်တောင်ထိပ်သခင်ကလည်း လေးနက်စွာထောက်ခံလာသည်။
"ငါတို့လည်း သဘောတူတယ်"
ကျန်တောင်ထိပ်သခင်များကလည်း ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် ခေါင်းညိတ်ထောက်ခံလာကြသည်။
ဆရာတူအစ်ကိုကြီးများ၏ စိတ်ပိုင်းဖြတ်မှုကြောင့် ယဲ့ကျွင်းလင်နှလုံးသားလေး လှုပ်ခါသွားရ၏။
ရွှယ်ထျန်းဂိုဏ်းရဲ့ စည်းလုံးညီညွှတ်မှုက အင်မတန်ခိုင်မာတာပါကလား။
"အားလုံးပဲ စိတ်အေးအေးထားကြပါ ကျွန်တော့်ပြဿနာကို ကျွန်တော့်ဘာသာကိုင်တွယ်လိုက်ပါ့မယ်"
ယဲ့ကျွင်းလင်အပြုံးဖြင့်ပြောလိုက်သည်။
ရန်သူထက် အမြဲတစေပိုလို့အင်အားကြီးနိုင်သော ထိုလှည့်ကွက်ကြီးကို ပိုင်ဆိုင်ထားသရွေ့ ထိုယွီဟွားဂိုဏ်းမှာ သူ့သေတွင်းသူလာတူးသကဲ့သို့သာ ဖြစ်ချေမည်။
ထို့အပြင် နေ့စဥ်နီးပါးရနေသော တိုက်ပွဲအောင်မြင်ခြင်းဆုလာဘ်များလည်း ရှိသေးသဖြင့် ယဲ့ကျွင်းလင်မှာ ယုံကြည်မှုအပြည့်အဝရှိလေသည်။
[တင်! မိုင်တစ်ရာအကွာမှာ သင့်တော်တဲ့တပည့်တစ်ဦးရှာတွေ့ထားပါတယ် စစ်မှန်တဲ့မသေမျိုးအဆင့် နတ်ဆိုးဂိုဏ်းချုပ်တစ်ဦးဖြစ်မယ်လို့ ယူဆရပါတယ် ပိုင်ရှင်သွားရောက်ပြီး တပည့်အဖြစ်လက်ခံလိုက်ပါသလား လက်ခံပါက စိတ်ကူးလို့တောင်မရနိုင်တဲ့ဆုလာဘ်တွေ သိမ်းပိုက်ရရှိပါမယ်]
ထိုအချိန်တွင် ချိုမြိန်သောမိန်းကလေးသံလေး ထွက်ပေါ်လာသည်။
ယဲ့ကျွင်းလင်မှာ နေရာတွင်ပင် ကြက်သေသေသွားရတော့၏။
ဘာတွေဖြစ်နေတာလဲဟ?
စနစ်က သူ့အား တပည့်တစ်ဦးလက်ခံစေလိုနေခြင်းဖြစ်ပြီး ထိုတပည့်ဆိုသူမှာလည်း စစ်မှန်သောမသေမျိုးအဆင့် နတ်ဆိုးဂိုဏ်းချုပ်တစ်ဦးတဲ့လား?
ဟွမ်ကျိုးပြည်နယ်မှာ ဘယ်ကနေဘယ်လို စွမ်းအားကြီးပုဂ္ဂိုလ်ကြီးရောက်လာရတာလဲ?
နေစမ်းပါဦး၊ အခုသွားလိုက်မယ်ဆိုရင် ငါ့ရဲ့ရွှေလက်ချောင်းစွမ်းရည်ကြီးအသက်ဝင်ပြီး ငါလည်းစစ်မှန်တဲ့မသေမျိုးအဆင့်ကို ရောက်သွားမှာမလား?
ဒါပဲလေ သွားလိုက်ကြစို့!
တပည့်လက်မခံချင်ဘူးဆိုရင်တောင်မှ သွားကိုသွားရမယ့်ကိစ္စပဲ။
"ဒါပေမယ့်..."
ရှယိုနျန်မှာ ယဲ့ကျွင်းလင်ကိုထပ်မံဖျောင်းဖျဖို့ စကားစနေတုန်းဖြစ်သည်။ သို့သော် တစ်ဖက်လူက လက်ကိုဝှေ့ယမ်းကာ စကားဖြတ်၍ အလောတကြီးထွက်သွားလေသည်။ "အားလုံးပဲ ကြိုက်တာသာလုပ်ကြတော့ ကျွန်တော်သွားစရာရှိသေးလို့"
ထို့နောက် လေဟာနယ်ကျင့်စဥ်ကိုသုံးကာ နေရာမှဖြုတ်ခနဲပျောက်သွားသဖြင့် အားလုံးတစ်ဖန် အံ့သြရန်ပြန်လေသည်။
*************
ခရမ်းရောင်ဝါးတောတွင်....
ဝါးတောသည် တရှဲရှဲမြည်ပြီး စိမ်းလန်းသော အရွက်များ တဖျတ်ဖျတ် လွင့်နေသည်။
ပါးလျသော ပုံရိပ်တစ်ခုသည် အတော်လေးမဟန်တော့သော ခန္ဓာကိုယ်အခြေအနေဖြင့် ထွက်ပြေးနေရပြီး ပါးစပ်ထောင့်မှ သွေးများစီးကျနေသည်။
ဟုန်ချန်ယဲ့၏ ဆံပင်များသည် ဖရိုဖရဲဖြစ်လို့နေပြီး နူးညံ့လှပသောမျက်နှာလေးမှာ အေးစက်တင်းမာနေကာ မျက်ခုံးကြားတွင် နီရဲသော မီးလျှံအမှတ်တစ်ခု ရှိသည်။ ထိုလှပသော ဖီးနစ်မျက်လုံးတစ်စုံတွင် ဝမ်းနည်းပူဆွေးမှုနှင့် မကျေနပ်မှုများ ပြည့်နှက်နေလျက်။
"ဟီးဟီးဟီး အလှလေးရေ မပြေးနဲ့လေ၊ ဒီတာအိုဆရာကြီးက နည်းနည်းလောက်ပျော်ချင်လို့ပါကွ" အနောက်မှ တပ်မက်မှုအပြည့်ဖြင့် ထူးဆန်း၍ရင်တုန်ဖွယ်ကောင်းသော စကားသံကြီးမှာ ဝေးရာမှ နီးရာသို့ ကပ်လိုက်လာလေ၏။
ထိုစကားကိုကြားသောအခါ ဟုန်ချန်ယဲ့၏နဖူးမှသွေးကြောများ တင်းမာထောင်ထွက်လာပြီး စိတ်ဆိုးမာန်ဆိုးဖြင့် လှည့်အော်ပြောလေသည်။ "ထွက်သွားစမ်း ငါဘယ်နှစ်ခါပြောပြီးပြီလဲ မင်းအဖေက ယောကျ်ားကြီးကွ ယောကျ်ားစစ်စစ်ကြီး"
ထိုစကားကို အနောက်မှလိုက်လာသောတဏှာရူးအဘိုးကြီးကြားသော် ကျယ်လောင်စွာရယ်မော၍ အကြည့်စူးစူးဖြင့်ဆိုသည်။
"မိန်းကလေးရယ် မင်းကဒီလောက်လှတာ ဘယ်လိုလုပ်ယောကျ်ားဖြစ်နိုင်ပါ့မလဲ ဒီအဘိုးကြီးကိုလှည့်စားဖို့မကြိုးစားစမ်းပါနဲ့"
ဟုန်ချန်ယဲ့ရှင်းပြလို့မရလေလေ ပိုလို့ဒေါသထွက်လာရလေလေပင်။ အနောက်မှလျင်မြန်စွာကပ်လိုက်လာသောလူကို ခံစားမိသောအခါ သူ့နှလုံးသားထဲတွင် စိမ်းသက်သက်ခံစားချက်တစ်ခုဝင်ရောက်လာသည်။
ဒဏ်ရာရနေတဲ့ကျားကို လမ်းဘေးခွေးအုပ်က အမဲဖျက်သလိုပါပဲလား?
သူသည် တစ်ချိန်က အလယ်ပိုင်းစီရင်စုကို ခြယ်လှယ်မွှေနှောက်ခဲ့သော နတ်ဆိုးဂိုဏ်းချုပ်တစ်ဦးဖြစ်ပြီး သူတည်ထောင်ထားသော မီးလျှံနတ်ဆိုးဂိုဏ်းမှာလည်း ကြီးမားသောအင်အားစုတစ်ရပ်ဖြစ်ခဲ့သည်။ သိန်းချီသောနိုင်ငံများကိုအုပ်စိုးကာ သန်းချီသောကိုးကွယ်သူများကိုလည်း ပိုင်ဆိုင်ဖူးခဲ့သည်သာ။
သူ့ကျင့်ကြံဆင့်ကလည်း စစ်မှန်သောမသေမျိုးအဆင့်ထိ ရောက်ရှိနိုင်ခဲ့သည်။
သို့သော မည်သူမှထင်မှတ်မထားသော ကိစ္စတစ်ရပ် ဖြစ်ပွားခဲ့သည်။ သူတော်ကောင်းဂိုဏ်းများကစုပေါင်းကာ သူတို့နတ်ဆိုးဂိုဏ်းကို အကြီးအကျယ် ပြန်လည်တွန်းလှန်တိုက်ခိုက်လာကြခြင်းပင်။ တစ်ချိန်က ကြီးမားသော အင်အားစုသည် ပြိုကွဲသွားပြီး ယခင်က သစ္စာရှိခဲ့သော မဟာမိတ်များသည်လည်း တစ်ခုပြီးတစ်ခု သစ္စာဖောက်သွားကြတော့၏။ နတ်ဆိုးဂိုဏ်းချုပ် ဟုန်ချန်ယဲ့မှာ သူတို့အားလုံးဒေါသများကိုပုံချရာ ပစ်မှတ်တစ်ခုဖြစ်လာခဲ့သည်။
ထိုနေ့တွင် မသေမျိုးနတ်ဘုရားများစွာသည် သူ့အသက်ကိုနှုတ်ယူဖို့ ဆင်းသက်လာခဲ့ကြသည်။
ဟုန်ချန်ယဲ့သည် ကျင့်ကြံဆင့်ပျက်ပြားမည့်ဘေးအန္တရာယ်ကိုသိသော်ငြား မျက်စိမှိတ်စွန့်စားကာ အထူးလျှို့ဝှက်ကျင့်စဥ်တစ်ခုကို အသုံးပြု၍ ဝိုင်းရံပိတ်ဆို့ခြင်းမှ အတင်းအကျပ် တိုက်ခိုက်ထွက်ပြေးနိုင်ခဲ့သည်။ သူသည် နည်းလမ်းမျိုးစုံကို အကုန်သုံးကာ အရှေ့ပိုင်းဒေသသို့ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ဝေးလံခေါင်သီကာ လူသူကင်းမဲ့သော ဟွမ်ကျိုးပြည်နယ်တွင် ပုန်းအောင်းနေထိုင်ခဲ့လေသည်။
ယခုတော့ ဟုန်ချန်ယဲ့မှာ စစ်မှန်သောမသေမျိုးအဆင့်တွင်မရှိတော့ဘဲ အခြေတည်ထောင်ခြင်းအဆင့်သို့ ပြန်လည်ကျဆင်းသွားခဲ့ရလေပြီ။ ဤနေရာတွင် ပြန်လည်ကျင့်ကြံအားထုတ်ကာ အနာဂတ်တစ်ချိန်တွင် အလယ်ပိုင်းစီရင်စုသို့ ပြန်လည်သွားရောက်လက်စားချေဖို့ သူစီစဥ်ထား၏။
သို့သော် ရက်အနည်းငယ်မျှသာ ပုန်းအောင်းနေရုံရှိသေး ထိုတဏှာရူးကောင်နှင့်တည့်တည့်တိုးကာ ထွက်ပြေးတိမ်းရှောင်နေရလေပြီ။ မသင့်တော်သောရည်ရွယ်ချက်များဖြင့် သူ့ကိုအားမလျှော့တမ်းလိုက်လံဖမ်းဆီးနေသော နှာဘူးကောင်တစ်ကောင်ပေ။
တစ်ချိန်က နတ်ဆိုးဂိုဏ်းချုပ်တစ်ဦးဖြစ်ခဲ့သော၊ စစ်မှန်သောမသေမျိုးအဆင့်ကို တက်ရောက်နိုင်ခဲ့သော ကျင့်ကြံသူတစ်ဦးအနေဖြင့် တဏှာရူးကောင်တစ်ကောင်ဆီက အမြတ်ထုတ်ခံရလို့တော့မဖြစ်ပါချေ။ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြိုလဲသွားခဲ့လျှင် လက်စားချေတုံ့ပြန်ဖို့ကို အဘယ်မှာစိတ်ထဲထည့်နိုင်တော့မည်နည်း?
"အလှလေးရေ မြန်မြန်ပြေးထားနော် တာအိုအဘိုးကြီးက မင်းကိုဖမ်းမိတော့မယ်"
"မိသာမိလို့ကတော့ ဟီးဟီး..."
ထိုတဏှာရူးအဘိုးကြီးမှာ နေကုန်နေခမ်း နှာကိစ္စနှင့်သာအချိန်ကုန်ထားသကဲ့သို့ မျက်လုံးအောက်တွင် အမည်းရောင်မျက်ကွင်းများပင်ထင်လို့နေလေပြီ။ ဝါးရုံတောတစ်လျှောက်တွင် အလင်းတန်းတစ်ခုလို လှစ်ခနဲ လှစ်ခနဲ အပြေးလိုက်ရင်း မီကာနီးနေပြီဖြစ်သော အရှေ့မှပုံရိပ်လေးကိုတပ်မက်စွာစိုက်ကြည့်ကာ တဟစ်ဟစ်ရယ်မောလို့နေသေး၏။
ရွှေအမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ဦးအနေနဲ့ အခြေတည်ထောင်ခြင်းကျင့်ကြံသူလေးကို အမိဖမ်းဖို့ဆိုတာ ခက်ခဲတဲ့ကိစ္စမဟုတ်ပါလေ။
မကြာမီတွင် အညိုရောင်လက်သည်းအချို့ ပျံသန်းလာကာ ဟုန်ချန်ယဲ့၏ခြေထောက်များကို ဒဏ်ရာရစေလိုသကဲ့သို့ ဦးတည်လာသည်။
လေတိုးသံသဲ့သဲ့ကို ကြားသောအခါ ဟုန်ချန်ယဲ့သည် သတိပေးချက်တစ်ခုကို နှလုံးအိမ်တွင်းမှတစ်ဆင့် ခံစားလိုက်ရသည်။ သူသည် လက်ကိုမြှောက်ကာ သင်္ကေတတစ်ခုကိုရေးဆွဲပြီး ထိုလက်သည်းများကို ကြားဖြတ်တားဆီးရန် နီရဲသော မီးလျှံအကာတစ်ခုကို ပြုလုပ်လိုက်သော်လည်း အကာသည် အပိုင်းပိုင်းကွဲထွက်သွားသဖြင့် ဟုန်ချန်ယဲ့လည်း လွင့်ထွက်သွားပြီး ဝါးပင်အချို့ကိုတိုက်မိခိုက်မိကာ မြေပြင်ပေါ်သို့ ကျရောက်သွားတော့၏။
ဟုန်ချန်ယဲ့သည် လည်ချောင်းတွင်းဆို့တက်လာသောသွေးများကို သည်းခံကာမျိုချလိုက်ပြီး အခြေအနေမဟန်သေးချိန်မှာပင် ထွက်ပြေးရန်ပြင်ဆင်လိုက်သော်လည်း အညိုရောင်လက်သည်းရှည်များက သူ့ကိုပတ်ပတ်လည်ဝိုင်းရံလို့ထားလေပြီ။
"ဟေ့ အခြေတည်ထောင်ခြင်းအဆင့်ကျင့်ကြံသူလေး မင်းကလှည့်ပတ်ပြေးတာတော့ အတော်ကျွမ်းသားပဲ" နှာဘူးအဘိုးကြီးပင် စိတ်ရင်းနှင့်အံ့အားသင့်သွားပုံရသည်။
သူသည် ရွှေအမြုတေဖွဲ့စည်းခြင်းနှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်ပြီး သူပစ်လွှတ်လိုက်သောလက်သည်းများမှာလည်း အဆင့်ငါးမှော်လက်နက်များဖြစ်သော်ငြား တစ်ဖက်လူကို ချက်ချင်းဖမ်းဆီးဖို့ မတတ်နိုင်ခဲ့ပေ။
တကယ်ကို အံ့အားသင့်စရာပါပဲ။
ဒီလိုအင်အားမျိုးနဲ့ဆိုရင် အပြင်လောကကိုခရီးထွက်လာတဲ့ ဂိုဏ်းတစ်ခုခုရဲ့ ပါရမီရှင်လေးများလား?
ထားလိုက်ပါ၊ ဘာကြီးနေနေ အရေးမကြီးဘူး။
ပျော်စရာရှိတာပျော်ပြီးတော့ လူကိုသတ်ပြီး လက်စဖျောက်လိုက်ရင် ပြီးပြီပေါ့။
"သေချင်းဆိုး ခွေးကောင်.." ဟုန်ချန်ယဲ့က အံကြိတ်၍ကျိန်ဆဲသည်။ ဆွဲဆောင်မှုရှိသော မျက်နှာလှလှလေးမှာ ဒေါသများဖြင့်ဖုံးလွှမ်းလျက်။
သူသာ တိုက်ပွဲတွင်းမှာ မှော်စာရွက်တွေအကုန်မသုံးခဲ့ဘဲ မှော်လက်နက်တွေကိုလည်း တစ်ခုဖြစ်ဖြစ်ချန်ထားမိခဲ့မယ်ဆိုလျှင် ဒီလိုရွှေအမြုတေဖွဲ့စည်းခြင်းအဆင့်လိုက်ဖမ်းတာလောက်ကိုတော့ လွယ်လွယ်နှင့်ထွက်ပြေးနိုင်လောက်မည်ပင်။
"အလှလေး ခုခံမနေနဲ့တော့ တာအိုအဘိုးကြီးက သိပ်စိတ်ရှည်တဲ့ထဲမပါဘူး"
"လိမ်လိမ်မာမာနဲ့ သည်းခံပေးနော်"
တဏှာရူးအဘိုးကြီးသည် သူ့ကိုတပ်မက်စွာငေးစိုက်ကြည့်ပြီး ဖြည်းဖြည်းချင်းချဥ်းကပ်လာလေသည်။
လက်သည်းများကလည်း ကြောက်မက်ဖွယ်အရှိန်အဝါဖြင့် ဟုန်ချန်ယဲ့အား ချိန်ရွှယ်ထားဆဲပင်။
ဤသို့အဆုံးသတ်ခါနီးအချိန်ကို ရောက်ရှိလာသော် ဟုန်ချန်ယဲ့ထပ်သည်းမခံနိုင်တော့ဘဲ ဝတ်ရုံကော်လာစကိုဆွဲဖွင့်ကာ ဒေါသများပေါက်ကွဲလျက် အော်ပြောလိုက်တော့သည်။
"မင်းမေရိုးပဲ ဒီမှာ အဲ့ဒီခွေးမျက်လုံးတွေကိုဖွင့်ပြီးသေချာကြည့် မင်းအဖေက ယောကျ်ားကြီးဟ ယောကျ်ားကြီးလို့!!!"
ဝါးတောလေးမှာ အခိုက်အတန့်မျှ ငြိမ်ကျသွားရတော့၏။
တဏှာရူးအဘိုးကြီးမှာ မျက်လုံးများခုန်ထွက်လာတော့မတတ်ပြူးကြည့်လျက်ရှိပြီး အတော်လေးမယုံကြည်နိုင်နေဟန်ပင်။
သေစမ်း! တကယ့်ယောကျ်ားကြီးလား?
ငါဒီလောက်ကြာအောင် ကြိုးစားပမ်းစားပြေးလိုက်ထားရတာတွေက အချည်းနှီးဖြစ်သွားပြီပေါ့?
"အခု သေချာမြင်လိုက်ရပြီလား မင်းလိုပဲ ငါလည်းယောကျ်ားသားကွ သိရင်ထပ်လိုက်မလာနဲ့တော့"
ဟုန်ချန်ယဲ့ဝတ်ရုံစကို ပြန်လည်ဆွဲစေ့လိုက်သည်။ ကျားမ ကွဲသွားပြီဆိုမှတော့ ဆက်လိုက်လာစရာအကြောင်းမရှိတော့ပေ။ ခုတလော တဏှာရူးကောင်တွေ နေရာတကာကိုတွေ့နေရတာပဲ။ နောက်ကျပိုသတိထားရမှာပေါ့လေ။
"ခဏလေး"
ရုတ်တရတ် အဘိုးကြီးကသူ့ကိုတားလိုက်ပြီး ခပ်တိုးတိုးအသံဖြင့်ဆက်ပြောလာရာ ဟုန်ချန်ယဲ့တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ဖြန်းဖြန်းထသွားရတော့လေသည်။
"တကယ်တော့ ယောကျ်ားလေးဆိုလည်း မရတာတော့မဟုတ်ပါဘူး..."
၇ - သနားစရာ နတ်ဆိုးဂိုဏ်းချုပ်ငယ်လေး
"ဘာရယ်?"
ဟုန်ချန်ယဲ့အံ့သြတုန်လှုပ်ကာ ကျောရိုးတစ်လျှောက် အေးစိမ့်သွားသည့်ခံစားချက်ကြီး ပေါ်လာရသည်။
"ဟဲဟဲ ဒီပုံစံလေးသာဆိုရင် ယောက်ျားဖြစ်နေလည်းရတာပဲ လိမ်လိမ်မာမာနဲ့ မြန်မြန်လေးလှဲပေးလိုက်စမ်းပါ ဒီတာအိုဆရာကြီးက မင်းကို မြည်းစမ်းကြည့်ချင်လွန်းလို့ မစောင့်နိုင်တော့ဘူး"
အဘိုးကြီးက တပ်မက်မှုအပြည့်နှင့် သူ့ကိုကြည့်နေရင်း မျက်လုံးတွေက တောက်ပနေပြီး သွားရည်တွေတောင်ကျလို့နေသည်။
"ထွက်သွားစမ်း မင်းလိုကောင်ကိုလှဲပေးရမယ့်အစား ငါအသေပဲခံလိုက်မယ်"
ဟုန်ချန်ယဲ့က ကြုံးဝါးလိုက်ကာ သူ့မှော်စွမ်းအင်အားလုံးကို တောက်လောင်စေလိုက်သည်။ လက်သင်္ကေတတစ်ခုကို ပုံဖော်လိုက်သော် လိမ္မော်နီရောင်မီးတောက်တစ်ခုက သူ့ဦးခေါင်းထက်ပုံပေါ်လာသည်မှာ ဒဏ္ဍာရီလာကြာပန်းတစ်ပွင့် ဖူးပွင့်လာသကဲ့သို့ ကြောက်မက်ဖွယ်စွမ်းအင်ပမာဏကို ခံစားမိစေသည်။
ပတ်ဝန်းကျင်ရှိ အပူချိန်မှာ ရုတ်ချည်းမြင့်တက်လာပြီး မြေပြင်ကိုဖုံးအုပ်သည်အထိကြွေကျထားသော သစ်ရွက်ခြောက်များမှာလည်း မီးစွဲလောင်ကုန်ကြ၏။
"ဟင်?"
တာအိုအဘိုးကြီး၏မျက်နှာထားလည်း ပြောင်းလဲသွားရပြီး ပူပြင်းခြောက်သွေ့မှုကို ခံစားလိုက်ရတော့သည်။
အခြေတည်ထောင်ခြင်းအဆင့်ကျင့်ကြံသူတစ်ဦးက ဤမျှခမ်းနားသောတိုက်ကွက်တစ်ခုကို ပုံဖော်နိုင်လိမ့်မည်ဟု သူတစ်ခါမှမတွေးစဖူး၊ ကြုံလည်း မကြုံစဖူးပေ။
ဒီမှော်ဂါထာက ဘယ်အဆင့်ပါလိမ့်?
ဉာဏ်အလင်းအဆင့်လား? ဒါမှမဟုတ် မြေကမ္ဘာအဆင့်များလား?
"ခွေးမသား မင်းငါ့ဒေါသကိုဆွလိုက်တာပဲ"
"ငရဲကိုဆင်းလိုက်တော့!!”
အရိုင်းဆန်ဆန်လွင့်ခါနေသော ဆံပင်ရှည်များဖြင့် ဟုန်ချန်ယဲ့မှာ မျက်လုံးများကအစ အေးစက်ကာ တစ်ဖက်လူကိုခြိမ်းခြောက်နိုင်စွမ်းအပြည့်ရှိ၏။ လေသံမှာလည်း စွမ်းအားကြီးနတ်ဆိုးတစ်ကောင်ဝင်ပူးနေသကဲ့သို့ ပြန်လှန်မေးခွန်းမထုတ်ရဲစေသည့် အရှိန်အဝါမျိုးပါပေ။
ဝှစ်!
အစွမ်းကုန်ပွင့်အာနေသော မီးကြာပန်းက အရှိန်အဟုန်ပြင်းပြင်းဖြင့် တာအိုဆရာကြီးထံသို့ ပြေးဝင်သွားလေသည်။
"မင်း!!”
ကြောက်မက်ဖွယ်ဖိအားကို ခံစားမိလိုက်သောအခါ တာအိုအဘိုးကြီး၏မျက်နှာအသွေးအရောင်မှာ ဖြူဖျော့သွားပြီး အန္တရာယ်ကိုကာကွယ်ရန် လက်တစ်ဖက်ကိုမြှောက်၍ သူ့မှော်လက်နက်ကိုဆင့်ခေါ်လိုက်သည်။
သို့သော် မျှော်လင့်မထားစွာဘဲ သူ့အဆင့်မြင့်မှော်လက်နက်များဖြစ်သော လက်သည်းရှည်များမှာ လျင်မြန်စွာအရည်ပျော်ကျကုန်လေ၏။
သူအံ့သြသွားပြီး နောက်တစ်စက္ကန့်အကြာမှာတော့ မီးတောက်ကြာပန်းက သူ့ထံသို့ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာပါတော့သည်။
"အား....အား အား"
ခန္ဓာကိုယ်တစ်ခုလုံးကို ရစ်ပတ်ကပ်တွယ်ထားသောမီးတောက်များကြားတွင် တာအိုအဘိုးကြီးမှာ ကူကယ်ရာမဲ့စွာအော်ဟစ်နေရလေပြီ။
ခဏအကြာတွင် ထိုရုပ်ခန္ဓာတစ်ခုလုံးမှာ ပြာမှုန့်များအဖြစ်သို့ပြောင်းလဲသွားပြီး လေနှင့်အတူလွင့်ပါကုန်ရာ အကြွင်းအကျန်မျှပင် မရှိတော့ချေ။
"တဏှာရူးကောင် အဲ့လိုဖြစ်ဖို့ မင်းကိုယ်တိုင်တောင်းဆိုခဲ့တာပဲ"
ဟုန်ချန်ယဲ့က လှောင်ပြုံးတစ်ခုဖြင့် ထေ့ငေါ့လိုက်ပြီးနောက် သူလည်း မြေပြင်ပေါ်သို့လဲကျသွားတော့၏။
သူ့ဒန်ထျန်မှာ ပြိုကွဲလုနီးနီးဖြစ်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း အားအင်ကုန်ဆုံးယုတ်လျော့လို့နေလေပြီ။
သူအခုလေးတင်သုံးလိုက်သော မှော်ကျင့်စဥ်က ကောင်းကင်အဆင့်ကျင့်စဥ်တစ်ခုဖြစ်သောကြောင့် လွန်စွာစွမ်းအားကြီးသည်မှန်သော်လည်း ရလဒ်နှင့်အညီ ပြန်လည်ပေးဆပ်ရသည့်တန်ဖိုးက နည်းနည်းနောနောဟုတ်မနေခဲ့ပါ။
အကယ်၍သာ တစ်ဖက်လူက ဤတိုက်ကွက်ဖြင့်အပြီးသတ်သေမသွားခဲ့လျှင် ဟုန်ချန်ယဲ့လည်း ပြန်လည်ခုခံနိုင်စွမ်းမရှိတော့ပေ။
သူ့အားထုတ်မှုသာမအောင်မြင်ခဲ့ပါက သူ့အတွက်ပြန်လမ်းမရှိတော့သည့်အခြေအနေပင်။ မည်မျှပင်စွမ်းအားကြီးသော ကျင့်စဥ်အမျိုးမျိုးကို သူတတ်မြောက်ထားလျှင်တောင်မှ ဆိုးရွားစွာကျဆင်းသွားခဲ့သော ကျင့်ကြံဆင့်ကြောင့် သူ့တွင် ထုတ်သုံးဖို့စွမ်းအင်လုံလုံလောက်လောက် ရှိမနေပါချေ။
အတိတ်တစ်ချိန်တုန်းကတော့ ရွှေအမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူဆိုသည်မှာ သူ့အတွက် ပုရွက်ဆိတ်တစ်ကောင်မျှပင်အရေးမပါသော တည်ရှိမှုတစ်ခုဖြစ်ပြီး အကြည့်တစ်ချက်ဖြင့်ပင် အသေသတ်နိုင်စွမ်းရှိခဲ့လေသည်။
ယခုတော့ မှော်စွမ်းအင်များလည်း လောင်ကျွမ်းပျက်သုဥ်းသွားခဲ့ပြီဖြစ်သလို ခန္ဓာကိုယ်အခြေအနေလည်း ပျက်စီးယိုယွင်းနေချိန်တွင် နတ်ဆိုးဂိုဏ်းချုပ်ဟုန်ချန်ယဲ့သည်ကား ယဇ်စင်ထက် လည်စင်းစောင့်ဆိုင်းနေရသော သိုးငယ်တစ်ကောင်နှင့် ဘာမှမခြားပေ။
"ဒီလိုကောင်မျိုးနဲ့မှ ထိပ်တိုက်ကြုံရတယ်လို့ ကံဆိုးချက်ကတော့ကွာ"
"အခု ဒီနေရာကနေ ချက်ချင်းထွက်သွားပြီး ခန္ဓာကိုယ်ပြန်လည်ကုသဖို့ လုံခြုံတဲ့နေရာတစ်ခုလောက်ရှာပြီးမှ အစီအစဥ်တွေပြန်ဆွဲရတော့မယ်"
ဟုန်ချန်ယဲ့ အနိုင်နိုင်ပင် ထရပ်လိုက်ရသည်။
"ဟီးဟီး နှာဘူးတစ္ဆေကောင် ဒီလိုသေသွားရတာမဆန်းပါဘူး မင်းကနောက်ခံတောင့်တဲ့ပုံပါလား"
ရုတ်တရတ်ကြီး ထွက်ပေါ်လာသောအသံတစ်သံကြောင့် အခုလေးတင်မှ စိတ်လက်ပေါ့ပါးသွားသော ဟုန်ချန်ယဲ့မှာ နှလုံးသားကလည်ချောင်းထက်သို့ ဆို့တက်လာတော့မတတ် လန့်ဖျပ်သွားရတော့၏။
ဖရိုဖရဲနှင့် နှာခေါင်းနီနီ သူတောင်းစားအဘိုးအိုတစ်ဦးသည် သေရည်ထည့်ထားသောဘူးသီးခြောက်ကိုကိုင်ထားရင်း ဝါးတောလေးထဲမှဖြတ်၍ သူ့ထံသို့ဖြည်းဖြည်းချင်းလျှောက်လှမ်းလာလေသည်။ မျက်လုံးများက ကောက်ကျစ်လှည့်စားတတ်သည့်အရိပ်အယောင်များ ပေါ်လွင်လျက်။
"ခင်ဗျားက ဘယ်သူလဲ"
ဟုန်ချန်ယဲ့တစ်ယောက် မျက်နှာပျက်ပျက်ဖြင့်မေးလိုက်ရသည်။ ဇာတ်လမ်းက အဆုံးမသတ်သေးဟန်ပင်။
'ကောင်လေးရာ အရမ်းကြီး စိတ်မပူပါနဲ့ ဒီအဘိုးကြီးက ဒီနားကနေ တိုက်တိုက်ဆိုင်ဆိုင် ဖြတ်သွားရင်း စိတ်ဝင်စားစရာကောင်းတဲ့ မြင်ကွင်းကို တိုက်တိုက်ဆိုင်ဆိုင် တွေ့သွားမိတာပါ တာအိုဆရာနဲ့ သိတော့သိပေမယ့် ရင်းနှီးတဲ့ ဆက်ဆံရေး မရှိပါဘူး သူ့ရဲ့သေဆုံးမှုကိုလည်း လိုက်စုံစမ်းဖို့စိတ်ကူးမရှိပါဘူး"
ထိုသူတောင်းစားအဘိုးအိုက ကြင်နာစွာပြုံးပြလျက် ဆက်ပြောလာသည်။ "နောက်ပြီး ငါကသူ့လိုတဏှာရူးမဟုတ်လို့ မင်းစိတ်ပူစရာမလိုပါဘူး"
ဟုန်ချန်ယဲ့က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး လက်သီးဆုပ်အရိုအသေပြုလျက် နှုတ်ဆက်လိုက်သည်။ "အဲဒီလိုဆိုရင် တာအိုရောင်းရင်းရေ ကံပါရင်ပြန်ဆုံကြတာပေါ့ နှုတ်ဆက်ပါတယ်!"
သူ့အာရုံခံစားမှုအရတော့ ဒီအဘိုးအိုသည်လည်း အန္တရာယ်များသည့်ပုံပင်။
ဟုန်ချန်ယဲ့နှုတ်ဆက်အပြီး လှည့်ထွက်သွားကာနီးတွင် လေပြင်းတစ်ချက် ဝှီးခနဲတိုက်ခတ်သွားပြီး သူတောင်းစားအဘိုးအိုက သူ့အရှေ့တွင်ဝုန်းခနဲပေါ်လာသည်။ အဘိုးအိုက အဝါရောင်သွားများဖြင့်ပြည့်နေသောပါးစပ်ကြီးကိုဖြဲကာ ထူးဆန်းစွာပြုံးရယ်လာပြီး ဆိုသည်။ "ငါကတော့ မင်းခန္ဓာကိုယ်ကိုမဟုတ်ဘဲ မင်းရဲ့လျှို့ဝှက်ချက်ကို ပိုစိတ်ဝင်စားတာပေါ့ကွာ"
အုန်း!
ထို့နောက် ချက်ချင်းဆိုသလိုပင် ရွှေအမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတစ်ဦး၏အရှိန်အဝါက အုန်းခနဲပေါ်ပေါက်လာကာ ဟုန်ချန်ယဲ့ကိုဖိနှိပ်လျက် ဒူးထောက်ကျစေသည်။ ဟုန်ချန်ယဲ့၏အရိုးအဆစ်များမှာ တကျွတ်ကျွတ်မြည်လျက် မျက်လုံးများသွေးရောင်ရဲစွေးလာသည်မှာ ကြောက်မက်ဖွယ်ပင်။
"မင်း!"
ဟုန်ချန်ယဲ့၏မျက်လုံးများမှ သွေးကြောများမှာ ပေါက်ထွက်တော့မတတ်ထင်ရှားလာပြီး ဒီဘေးကိုတော့ တွန်းလှန်လို့မရနိုင်တော့ကြောင်း သူသိလိုက်ရ၏။
သူသည် နတ်ဆိုးဂိုဏ်းချုပ်တစ်ဦးဖြစ်ပြီး ကိုယ့်အားကိုယ်ကိုးလျက် ကိုယ့်လမ်းကိုယ်ရှင်းကာ စစ်မှန်သောမသေမျိုးကျင့်ကြံဆင့်အထိ တစ်ဆင့်ချင်းတက်ရောက်လာခဲ့သူဖြစ်သည်။ ကျင့်ကြံသူများကြားက လှည့်စားကောက်ကျစ်မှုများ၊ သစ္စာဖောက်ခြင်းများ အန္တရာယ်အငွေ့အသက်များအကြောင်း သူ့ထက်ပိုသိသူမရှိပေ။
ဤအဘိုးကြီးသည် သူ၏ စစ်မှန်သောမသေမျိုး ကျင့်ကြံဆင့်ပါရမီကို လုယူရန်ကြိုးစားနေခြင်းပင်။
"ဟားဟား မင်းခေါင်းထဲမှာဘာတွေရှိနေလဲ ကြည့်လိုက်ရအောင် မင်းကဘာကြောင့် ဒီစွမ်းအားကြီးမှော်ကျင့်စဥ်တွေကို ကျွမ်းကျင်နေရတာလဲ ဒီအဘိုးကြီးသိအောင်ပြလိုက်စမ်းပါကွာ"
သူတောင်းစားအဘိုးအို၏မျက်လုံးများတွင် အေးစက်စက်အရိပ်အငွေ့များဖြတ်သန်းသွားပြီး ခြောက်သွေ့အက်ကွဲနေသည့်လက်ကြီးကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လာသည်။
"မင်းမေရိုးပဲ မင်းဘိုးအေပဲ မင်းတို့တစ်မျိုးလုံးကို ငါကျိန်စာတိုက်တယ်"
ဟုန်ချန်ယဲ့ အံကြိတ်ကာကျိန်ဆဲနေရင်း စိတ်နှလုံးထဲတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်လို့နေသည်။
ယခုသူ့အခြေအနေက စဥ့်တီတုံးထက်မှငါးတစ်ကောင်နှင့်မခြားတော့ပေ။ လည်စင်းပေးဖို့သာ တတ်နိုင်တော့၏။
ပြန်လည်ကျင့်ကြံအားထုတ်ပြီး လက်စားချေဖို့လမ်းသည်လည်း ဒီနေရာတွင်သာ အဆုံးသတ်သွားတော့မည်ပေလား?
ထိုအချိန်တွင် ယုတ်မာသောအပြုံးကြီးဖြင့် သူတောင်းစားအဘိုးအို၏လက်သည် သူ့ခေါင်းထက်ရောက်ရှိလို့နေပြီဖြစ်ပြီး ဘာအကျိုးဆက်ကိုမှထည့်မတွက်တော့ဘဲ ဝိဉာဥ်ရှာဖွေခြင်းနည်းလမ်းကိုအသုံးပြုကာ သူ့ကျင့်စဥ်များကို ရယူဖို့ပြင်ဆင်နေလေသည်။
(ငါလုံးဝမကျေနပ်ဘူး ငါဒီနေ့ကိုလုံးဝမမေ့ဘူး)
ရှက်ဒေါသနှင့် မခံချင်စိတ်က သူ့ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံလို့နေပြီး ဟုန်ချန်ယဲ့တစ်ယောက် စိတ်ထဲမှအော်ဟစ်ရုံသာ တတ်နိုင်တော့လေသည်။
အုန်း!
ထိုအချိန်တွင် ကမ္ဘာမြေကြီးပြိုကွဲမတတ် ပြင်းထန်သောဖိအားကြီးတစ်ခုက ကြောက်မက်ဖွယ် ဆင်းသက်ရောက်ရှိလာလေသည်။
"ဘယ်သူလဲဟ?"
သူတောင်းစားအဘိုးအို၏မျက်နှာထားမှာ သိသိသာသာပြောင်းလဲသွားခဲ့သည်။ နှလုံးသားအောက်ခြေမှ စိမ့်တက်လာသောအကြောက်တရားကိုခံစားမိလိုက်ပြီး ကြောက်စိတ်ကြောင့် အနောက်သို့ပင်ခေါင်းလှည့်မကြည့်နိုင်သည်အထိ ကြက်သေသေသွားရလေ၏။
တစ်ဖက်မှာတော့ လေဟာနယ်ထဲတွင် လှိုင်းတွန့်များထလာပြီး နတ်ဘုံမှဆင်းသက်လာသကဲ့သို့ ခမ်းနားသောအရှိန်အဝါဖြင့် အနက်ရောင်ဝတ်ရုံနဲ့ လူငယ်တစ်ယောက်သည် လက်နောက်ပစ်လျက် လေဟာနက်အက်ကွဲကြောင်းအတွင်းမှ လမ်းလျှောက်ထွက်လာသည်။
ငွေဖြူရောင်ဆံနွယ်ရှည်များဖြင့် ထိုယောကျ်ားသည် သာမန်လူမှဟုတ်ရဲ့လားဟု ထင်မှတ်မှားရလောက်အောင် ချောမောခန့်ညားပြီး အလင်းတန်းနှစ်ခုနှင့်တူသောမျက်လုံးတစ်စုံ၏ အကြည့်က အရှေ့တည့်တည့်ကို ထွင်းဖောက်ဆိုက်ရောက်လာသည်။
သူတောင်းစားအဘိုးအိုမှာ ကြောက်စိတ်ကြောင့်လှုပ်ပင်မလှုပ်နိုင်တော့ဘဲ ပုတီးစေ့ခန့်ကြီးမားသောချွေးသီးချွေးပေါက်များ အစီအရီထွက်ကျလာပြီး အသံတုန်တုန်ဖြင့်ခေါ်လိုက်သည်။ "ဆ-ဆရာကြီးခင်ဗျာ"
ယဲ့ကျွင်းလင်မျက်မှောင်ကြုတ်သွားပြီး သူတောင်းစားအဘိုးအိုကိုကြည့်နေရာမှ မြေပြင်တွင်ဒူးထောက်ကျနေသော ဟုန်ချန်ယဲ့လေးထံ အကြည့်ရောက်သွားရ၏။
"ဟမ်"
ရုတ်တရတ် ယဲ့ကျွင်းလင် နားမလည်နိုင်ဖြစ်သွားရသည်။
(စနစ်ရေ လာဦးဟ လာဦး ဒါမင်းပြောတဲ့ စစ်မှန်တဲ့မသေမျိုးအဆင့်ကျင့်ကြံသူ နတ်ဆိုးဂိုဏ်းချုပ်ကြီးဆိုတာလား မင်းကြည့်ဦး သူကအခြေတည်ထောင်ခြင်းအဆင့်ကျင့်ကြံသူပေါက်စလေးမဟုတ်ဘူးလား ငါ့ကိုလာနောက်နေတာလား)
[တင်! စနစ်ကဘာလို့နောက်ရမှာလဲရှင် သူကစစ်မှန်သောမသေမျိုးအဆင့် နတ်ဆိုးဂိုဏ်းချုပ်ကြီးဆိုတာ မှန်ပါတယ် သူကျင့်ကြံဆင့်ကျဆင်းသွားလို့ပါ]
[တင်! ပိုင်ရှင်အတွက် နတ်ဘုရားမျက်လုံးအသက်သွင်းစေ]
စက္ကန့်ပိုင်းမျှအကြာတွင် ဟုန်ချန်ယဲ့အကြောင်း အသေးစိတ်အချက်အလက်များသည် ယဲ့ကျွင်းလင်၏မျက်စိရှေ့တွင် ဘုတ်ပြားတစ်ချပ်ဖြင့်ပေါ်လာတော့သည်။
[အမည် - ဟုန်ချန်ယဲ့]
[လိင် - အမျိုးသား]
[ကျင့်ကြံဆင့် - အခြေတည်ထောင်ခြင်း အစောပိုင်းအဆင့်]
[ပါရမီဆင့် - မသေမျိုးအဆင့် မီးတောက်ဝိဉာဥ်အမြစ် (ထိခိုက်ထား)]
[သရုပ်မှန် - မီးလျှံနတ်ဆိုးဂိုဏ်းချုပ်ဟောင်း၊ ဘေးဒုက္ခကျော်လွှားခြင်းအဆင့်ကို ကျော်လွန်ကာ မသေမျိုးအဆင့်သို့ တက်ရောက်သွားခဲ့သော စစ်မှန်သောမသေမျိုးအဆင့်ကျင့်ကြံသူ]
.....
(သေစမ်း တကယ်ကြီးဟ)
ယဲ့ကျွင်းလင် လွန်စွာအံ့အားသင့်သွားရသည်။ ကိုယ်ရေးအချက်အလက်တွင် တစ်ချိန်က ဖီးနစ်ငှက်တစ်ကောင်လို ကောင်းကင်ယံတွင်သာဝဲပျံနေခဲ့ပြီး အာဏာကြီးလှပါသော ထိုစွမ်းအားရှင်သည် ယခုတော့ ကြက်ပေါက်လေးတစ်ကောင်မျှတောင်အင်အားမရှိတော့သည်အခြေအနေသို့ ကျရောက်သွားသည်တဲ့လား? သူလုံးဝထင်မှတ်မထားခဲ့ပေ။
(နေပါဦး)
(သူကတကယ် ယောကျ်ားလေးဟုတ်လို့လား?)
ယဲ့ကျွင်းလင်သည် ကိုယ်ရေးအချက်အလက်ဘုတ်ပြားမှ လိင်ဖော်ပြချက်ကိုသေချာစစ်ဆေးလိုက်ပြီး တစ်ဖက်ကဒူးထောက်နေသောဟုန်ချန်ယဲ့ကိုတစ်လှည့်ကြည့်ကာ အံ့အားသင့်လို့မဆုံးနိုင်ဖြစ်နေရ၏။
ချောမွေ့နူးညံ့လှတဲ့ နှင်းဖြူရောင်အသားအရည်၊ သေသပ်လှပပြီး အနုစိတ်ကျတဲ့ မျက်နှာသွင်ပြင်နဲ့ ပန်းချီစုတ်ချက်လို သပ်ရပ်နက်မှောင်တဲ့ မျက်ခုံးတွေ၊ ပုရိသအပေါင်း၏နှလုံးသားကို ဆွဲငင်ဖမ်းစားနိုင်တဲ့အထိ လှရက်နိုင်လွန်းတဲ့ အဲ့ဒီဖီးနစ်မျက်လုံးတွေ၊ မျက်ခုံးကြားက အနီရောင် မီးလျှံအမှတ်အသားကတစ်ဖန် ထူးခြားတဲ့ဆွဲဆောင်မှုတစ်မျိုးကို ပေါင်းထည့်ပေးနေပြန်တယ်။
အင်း... ဒီမျက်နှာလေးမြင်လိုက်ရရုံနဲ့ သူတို့ကိုယ်သူတို့ သိမ်ငယ်သွားလောက်မယ့်မိန်းကလေးတွေ မနည်းလောက်ဘူးပဲ။
အဟွတ်...အဟွတ် ပြီးတော့ ဒီမျက်နှာလေးက ယောကျ်ားတစ်ယောက်တဲ့လား?
ယဲ့ကျွင်းလင် သူ့ကိုမြင်မြင်ချင်းတုန်းကတော့ ဤရောင်းရင်းက မိန်းကလေးလိုဝတ်စားရတာကိုနှစ်သက်တာများလားဟု တွေးမိလိုက်သော်ငြား တစ်ဖက်လူ၏ဝတ်စားဆင်ယင်ပုံအရ တမင်တကာခြယ်သထားခြင်းမရှိလှချေ။ ထိုသူသည် သဘာဝအတိုင်း လှနေခြင်းသာပင်။ ဆံနွယ်ရှည်ကြီးများကိုပါ ထပ်ပေါင်းထည့်လိုက်လျှင်တော့ ငါယောကျ်ားပါဟု တည့်တိုးဆိုလျှင်တောင်မှ ယုံမှတ်ဖွယ်ရာမရှိ။
(လောလောဆယ်တော့ အခြေတည်ထောင်ခြင်းအဆင့်သာရှိနေသေးပေမယ့် ဒီပါရမီဆင့်နဲ့ဆိုရင် အရင်ကျင့်ကြံဆင့်ထိပြန်တက်လို့ရနိုင်လောက်မယ်)
(ဒီလိုလူကို တပည့်တော်ရင်တော့ ဆုံးရှုံးစရာမရှိနိုင်ပါဘူး)
နောက်ပြီး တစ်ချိန်က အဆင့်မြင့်မသေမျိုးတစ်ပါးဖြစ်ခဲ့တဲ့ နတ်ဆိုးဂိုဏ်းချုပ်ကို ဆရာနေရာကနေ အမိန့်ပေးနိုင်မယ်တာက တွေးကြည့်ရုံနဲ့ အရမ်းမိုက်တာပဲ!
(သွားပြီ အဲ့လူက ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူပဲ ငါတော့ဒီနေ့ အန္တရာယ်တွေပတ်လည်ဝိုင်းနေတာပဲ)
ဟုန်ချန်ယဲ့မှာတော့ ယဲ့ကျွင်းလင်ရောက်ရှိလာခြင်းကို သိပ်ပျော်ပိုက်ပုံမပေါ်ပေ။ ပိုလို့ပင်စိတ်ဓာတ်ကျသွားဟန်ရှိလေသည်။
သူပိုင်ဆိုင်ထားသော လျှို့ဝှက်ချက်ကြီးမှာ ကျင့်ကြံရေးလောကတစ်ခုလုံးကို ရုတ်ရုတ်သဲသဲအုံကြွစေဖို့ လုံလောက်လေသည်။ မသေမျိုးကျင့်ကြံဆင့်သို့ တက်ရောက်နိုင်သောပါရမီဆင့်အားအရယူရန် လူတိုင်းကအားကြိုးမာန်တက်ယှဥ်ပြိုင်လာကြပေမည်။
ဒီဆံဖြူကောင်လည်း ပါရမီဆင့်လုဖို့ရောက်လာတာပဲဖြစ်ရမယ်!
သူတောင်းစားအဘိုးအိုကို သူပြန်လည်တွန်းလှန်နိုင်ပြီး ရအောင်သတ်နိုင်လိုက်မယ်ဆိုရင်တောင်မှ အခြားတစ်ယောက်နှင့် ထပ်ပြီးရင်ဆိုင်ရဦးမှာဖြစ်သည်။ သူသေရမည့်အဆုံးသတ်ကတော့ ပြောင်းလဲသွားမှာမဟုတ်ပေ။
၈ - တပည့်တစ်ယောက်လက်ခံပြီး ကောင်းကင်သင်္ချိုင်းဂူကို ပိုင်ဆိုင်ရခြင်း
သူတောင်းစားအဘိုးကြီးမာ ဘောင်းဘီထဲသေးထွက်ကျတော့မတတ် ကြောက်ရွံ့နေလေပြီ။
သူ့မျက်လုံးသူမယုံနိုင်ပေ။ ဒီလိုလူသူခေါင်းပါးတဲ့ ငမွဲပြည်နယ်လေးမှာ ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူတစ်ယောက် ရှိနေတယ်တဲ့လား?
သူ့ရှေ့ကလူနဲ့များ ဆက်စပ်နေတာလား?
ဟုန်ချန်ယဲ့၏သာမန်မဟုတ်သောနောက်ခံအကြောင်း တွေးမိလိုက်သော် နောက်ထပ်ပေါ်လာသောစွမ်းအားရှင်မှာ ထိုကောင်လေး၏အကြီးအကဲဖြစ်နိုင်သည်ဟု သူတွေးမိလိုက်သည်။
သူတောင်းစားအဘိုးကြီးမှာ အကြီးအကျယ်နောင်တရသွားတော့၏။
ဘယ်လိုပြစ်မှုကြီးကိုလုပ်မိလိုက်တာလဲ! ငါအတော်လေးကံဆိုးနေပါရောလား!
"မြင့်မြတ်သော အရှင်သခင်ကြီးခင်ဗျာ ကျွန်တော်မျိုးက ဒီဘက်ကမိတ်ဆွေလေးနဲ့ သခင်ကြီးတို့ကြားကဆက်ဆံရေးကို မသိနားမလည်ခဲ့လို့ပါ အခုဖြစ်သွားတာတွေအားလုံးက နားလည်မှုလွဲသွားခဲ့တာပါ အရှင်သခင်ကနားလည်ခွင့်လွတ်ပေးပြီး ဒီငယ်သားကို သနားညှာတာပေးဖို့ တောင်းဆိုပါတယ်ခင်ဗျာ"
သူတောင်းစားအဘိုးအိုဟာ ချက်ချင်းဒူးထောက်ချလျက် အမိမဲ့သားရေနည်းငါးလေးကဲ့သို့ အသနားခံတောင်းပန်လာလေသည်။
ကျင့်ကြံသူတို့လောကတွင် ကျင့်ကြံဆင့်နယ်ပယ်များအလိုက် ဂုဏ်ပုဒ်အသီးသီး ရှိတတ်ကြလေသည်။
ရွှေအမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများက စစ်မှန်သော လူသားများဖြစ်လျှင် ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူတို့က စစ်မှန်သော အရှင်သခင်များဖြစ်လေသည်။ ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူများကတော့ မြင့်မြတ်သော အရှင်သခင်များဖြစ်ပေ၏။
ထိုစဥ် ယဲ့ကျွင်းလင်သည် အသနားခံတောင်းပန်နေသောတစ်ဖက်လူကို တစ်ချက်မှအကြည့်မပေးဘဲ လက်လေးတစ်ဖက်အားယင်မောင်းသလို ဆတ်ခနဲခါလိုက်သည်။
ဘန်း!
သူတောင်းစားအဘိုးကြီးမှာတော့ ယဲ့ကျွင်းလင်၏ ယင်မောင်းသလိုလှုပ်ရှားမှုလေးမှထွက်လာသော မမြင်နိုင်သည့် အင်အားတစ်ခုနှင့် တိုက်ခိုက်ခံလိုက်ရပြီး သွေးများထိုးအန်ကာ ကြိုးပြတ်သွားသော စွန်တစ်ကောင်လိုမျိုး အနောက်ကို လွင့်ထွက်သွားတော့သည်။ သူ့ဦးခေါင်းဟာလည်း မြေပြင်ထဲသို့ ပြင်းပြင်းထန်ထန် ထိုးစိုက်သွားပြီး ခန္ဓာကိုယ်တစ်ဝက်လောက်အထိ မြေကြီးထဲ နစ်မြုပ်သွားကာ သတိလစ်သွားရတော့၏။
ငွေဖြူရောင်ဆံပင်ပိုင်ရှင်လူငယ်လေးက တဖြည်းဖြည်းချဥ်းကပ်လာသော် ဟုန်ချန်ယဲ့၏မျက်နှာထက်တွင် လက်လျှော့အရှုံးပေးလိုက်သော အပြုံးလေးတစ်ခု ထွက်ပေါ်လာသည်။
နောက်ဆုံးတော့လည်း သူမလွတ်မြောက်နိုင်ခဲ့ပါပေ။
သူ့အဖြစ်သူတွေးရင်း ဝမ်းနည်းကာ ဒေါသထွက်နေချိန်တွင် ပေါ့ပေါ့ပါးပါးနှင့် ဘာကိုမှဂရုစိုက်ဟန်မတူသော အသံတစ်ခုက သူ့နားထဲသို့ဝင်ရောက်လာ၏။
"မင်းခန္ဓာကိုယ်ရဲ့အရိုးတည်ဆောက်ပုံက သာမန်ထက်ထူးခြားကြောင်း ငါလေ့လာသိရှိလိုက်ရတယ် ဒီတော့ ဒီသခင်ကမင်းကို ဒီနေ့ကစပြီး တပည့်အဖြစ်လက်ခံဖို့ဆုံးဖြတ်လိုက်တယ် မင်းဘာပြောစရာရှိသလဲ"
အသံက သိပ်မကျယ်သော်ငြား ဟုန်ချန်ယဲ့၏ဦးနှောက်တွင်းတွင်တော့ မိုးခြိမ်းသံတစ်ခုပမာ ကျယ်လောင်စွာမြည်ဟီးသွားတော့သည်။
"ဘာရယ်?"
ဟုန်ချန်ရယ်ဟာ ကြားလိုက်ရသည့်စကားကို မယုံနိုင်ဘဲ ခေါင်းကိုမော့ကာ လေးလေးနက်နက်မျက်နှာထားရှိနေသော ငွေရောင်ဆံပင်နှင့်လူငယ်လေးအား ကြည့်လိုက်မိသည်။ သူ့စိတ်ထဲမှာ အတွေးပေါင်းစုံပြေးလွှားလျက်။
(ဟမ့် ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူလောက်ကများ ငါ့ကိုတပည့်အဖြစ်လက်ခံပေးမယ်တဲ့လား?)
(ငါ့ခန္ဓာကိုယ်ပေါ်က လျှို့ဝှက်ကျင့်စဥ်တွေကို သဘောကျပြီး ဆက်စုံစမ်းကြည့်ချင်လို့များလား ဒါပေမဲ့ အဲဒီလိုဆိုရင် ဘာလို့ ဝိဉာဥ်ရှာဖွေနည်းကို တိုက်ရိုက်မသုံးလိုက်တာလဲ ဒါမှမဟုတ် သူကနည်းဗျူဟာပြောင်းပြီး ငါ့အပေါ်ကျေးဇူးရှိချင်လို့ တစ်ဖက်လှည့်နဲ့လာကယ်တာလား ငါအထွဋ်အထိပ်ကို ပြန်တက်သွားတဲ့အချိန်ကျ သူ့ကိုပြန်ကျေးဇူးဆပ်စေချင်တာလား)
ဟုန်ချန်ယဲ့ ဒီလိုတွေးတာလည်း လွန်တော့မလွန်ပါ။
နတ်ဆိုးမျိုးဆက်တစ်ဦးအနေဖြင့် သူ၏ကျင့်ကြံခြင်းပါရမီကိုသက်သေပြကာ စစ်မှန်သောမသေမျိုးကျင့်စဥ်အထိ တက်လာနိုင်ဖို့ သူဒုက္ခများစွာကို ဖြတ်သန်းခဲ့ရသည်။ အလယ်ပိုင်းစီရင်စုတွင် နာမည်တစ်ခုကိုစိုက်ထူကာ ဂုဏ်သိက္ခာရှိပြယုဂ်တစ်ခုကိုတည်ဆောက်ဖို့ သူအခက်အခဲများစွာကို ကျော်လွှားခဲ့ရသည်။
ဟန်ဆောင်ကောင်းသူတွေကို ဟုန်ချန်ယဲ့အများကြီးတွေ့ခဲ့ဖူးသည်။
နတ်ဆိုးကျင့်ကြံသူများ၏ ပြတ်ပြတ်သားသား ရန်ပြုသတ်ဖြတ်ခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်းတွေနှင့် နှိုင်းယှဉ်လိုက်ရင် ထိုသူတော်ကောင်းကျင့်ကြံသူတို့၏ ဟန်ဆောင်ကောင်းလှသည့် မျက်နှာနှစ်ဖက်များက သူ့ကိုပိုလို့ရွံရှာစက်ဆုပ်စေသည်။
လူတိုင်းကိုတော့ ပုံစံတစ်ခုတည်းနှင့် အကဲမဖြတ်သင့်ကြောင်း သူသိပါ၏။
သို့သော် ယဲ့ကျွင်းလင်၏သဘောကောင်းပြခြင်းက စိတ်ရင်းမဟုတ်ဘဲ တွက်ချက်အမြတ်ထုတ်ခြင်းနှင့် အခြေအနေကိုနားလည်သဘောပေါက်ခြင်းကြောင့်သာဖြစ်သည်ဟု ဟုန်ချန်ယဲ့ခံစားမိလေသည်။
"မင်း ငါ့တပည့်မလုပ်ချင်ဘူးလား"
ယဲ့ကျွင်းလင်က ခပ်ပေါ့ပေါ့ပြုံးလျက်မေးလာသည်။
တစ်ဖက်လူ၏လေသံအနေအထားပြောင်းသွားသည်ကို သတိပြုမိသဖြင့် ဟုန်ချန်ယဲ့ နှလုံးအခုန်တစ်ချက်ရပ်သွားရ၏။
ထားလိုက်ပါတော့လေ၊ သစ်တောတွေရှိနေသရွေ့ ထင်းကိုပူနေစရာလိုမတဲ့လား?
ကျင့်ကြံဆင့်ကိုသာ ပြန်လည်အဆင့်မြှင့်နိုင်ခဲ့လျှင် ကစားပွဲက သူ့လက်ထဲမှာပင်။
လောလောဆယ်တော့ သဘောကောင်းထားတာ အကောင်းဆုံးနည်းလမ်းပဲ။
ဘာပဲဖြစ်ဖြစ် ဟန်ဆောင်ရုံလေးပဲကို၊ ဘာများခက်ခဲနေလို့လဲ?
"တပည့်ဟုန်ချန်ယဲ့က ဆရာသခင့်ကို ဦးညွှတ်ပါတယ်။ ဆရာသခင့်ရဲ့ဂိုဏ်းထဲကို ဝင်ရောက်ခွင့်ရတာဟာ ဒီတပည့်ရဲ့ဘဝမှာ အကြီးမြတ်ဆုံး ဂုဏ်သရေပါပဲ"
ဟုန်ချန်ယဲ့သည် မြေပြင်ပေါ် ဒူးထောက်ချကာ တပည့်နေရာခံယူခြင်းအခမ်းအနားကို အချိန်မီပင် သင့်တော်စွာဆောင်ရွက်လိုက်ပြီး လေသံမှာလည်း တစ်ဖက်လူကို ကျေးဇူးတင်စိတ်အပြည့်ရှိနေသလိုပင်။
"အိုး လိမ္မာလိုက်တဲ့တပည့်လေးပဲ ထပါ ထပါ"
"ဟုန်ချန်ယဲ့တဲ့လား ကောင်းလိုက်တဲ့နာမည်လေး ဒီနေ့ကစပြီး ဒီဆရာကမင်းကို ရှောင်ဟုန်လို့ခေါ်မယ် ဟုတ်ပြီလား" (ရှောင်ဟုန်= ဟုန်လေး)
ယဲ့ကျွင်းလင် ရယ်ချင်စိတ်ကိုမျိုသိပ်လျက် ခပ်တည်တည်ပင် စကားနည်းနည်းပြောပေးလိုက်သည်။ ထိုနတ်ဆိုးဂိုဏ်းချုပ်က စိတ်ရင်းဖြင့်တပည့်ခံခြင်းမဟုတ်မှန်း သူသိပါ၏။ သူ့အတွက်လည်း အရေးကြီးသည့်ကိစ္စမဟုတ်ပါ။ မြူခိုးတောင်ထိပ်သခင်၏အဖွဲ့ထဲတွင် တပည့်သစ်လေးတွေထည့်စေချင်နေသည့် စနစ်၏တာဝန်ကို ဖြည့်ဆည်းပေးရုံသက်သက်သာပင်။
တစ်ဖက်လူက ပြန်လည်အင်အားကြီးလာချိန်မှာ သူ့ကိုတန်ပြန်တိုက်ခိုက်လိုလာသည်ဆိုလျှင်လည်း စိတ်ပူစရာမရှိပါ။
ဘာပဲဖြစ်ဖြစ် သူကရန်သူထက် အမြဲအင်အားပိုကြီးနေမှာပဲလေ။
"ရှောင်-ရှောင်ဟုန်တဲ့လား?"
မျက်နှာထားကို ဇွတ်အတင်းထိန်းချုပ်ထားရသောကြောင့် ဟုန်ချန်ယဲ့မျက်လုံးထောင့်မှအကြောများဖြင့် ဆတ်ခနဲ ဆတ်ခနဲ လှုပ်ခါသွားရ၏။ သူလွန်စွာမှ စိတ်အနှောင့်အယှက်ဖြစ်ရပါသည်။ နတ်ဆိုးဂိုဏ်းချုပ်တစ်ဦးအတွက် ပေါက်ကရဆန်လွန်းလှသည့် နာမည်မဟုတ်ပေလော။
[တင်! ပိုင်ရှင်ရဲ့ တပည့်လက်ခံခြင်းတာဝန်ပြီးဆုံးသွားတဲ့အတွက် ဂုဏ်ပြုပါတယ် ဆုလာဘ်အနေနဲ့ သဘာဝလွန်စွမ်းအားများနှင့် ကျင့်စဥ်များကို အလိုအလျောက်ကျင့်ကြံတတ်ကျွမ်းနိုင်တဲ့ အစွမ်းတစ်ခု ချီးမြှင့်ပါမယ်]
[တင်! ကောင်းကင်သင်္ချိုင်းဂူရရှိတဲ့အတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ် ပိုင်ရှင်ရဲ့ ကျင့်ကြံဆင့် တစ်ဆင့်ချင်း တိုးတက်လာတာနဲ့အမျှ တဖြည်းဖြည်း ဖွင့်လှစ်ပေးလာမယ့် အကန့်အသတ် ၁၀၈ ခု ပါဝင်ပါတယ် လက်ရှိမှာတော့ အဆင့်သုံး ဝိဉာဉ်လက်နက် ဖြစ်ပါတယ်]
[ကောင်းကင်သင်္ချိုင်းဂူ : ကောင်းကင်ကို မြှုပ်နှံနိုင်တယ်၊ ကမ္ဘာလောကကြီးကို မြှုပ်နှံနိုင်တယ်၊ အရာအားလုံးကို မြှုပ်နှံနိုင်ပါတယ်! သက်ရှိသတ္တဝါတိုင်းကို ပြန်သန့်စင်မွေးဖွားပေးဖို့ အသုံးပြုနိုင်ပြီး နောက်ပိုင်းအဆင့်တွေကိုရောက်ရင် ကောင်းကင်ဘုံနဲ့ ကမ္ဘာလောကကိုတောင် မြှုပ်နှံနိုင်ပါတယ်]
[တင်! တပည့်အသစ်ရဲ့ အရည်အချင်းကို တွေ့ရှိရတဲ့အတွက် ဒီစနစ်က အခမဲ့အဆင့်မြှင့်တင်ခြင်း ဝန်ဆောင်မှုပက်ကေ့ချ်ကို ချီးမြှင့်ပါတယ်]
[တင်! မီးအမျိုးအစားကျင့်စဥ် ယန်ယန်သုံးထောင်ဂါထာကို ချီးမြှင့်ပါတယ်]
[တင်! မီးအရင်းအမြစ်ဆေးလုံးကို ဆုချီးမြှင့်ပါတယ် (ဒီဆေးလုံးကို မီးအမျိုးအစား ဝိဉာဥ်အမြစ်တွေကိုပြုပြင်ဖို့နဲ့ အဆင့်မြင့်အခြေခံအုတ်မြစ်ကိုဖန်တီးရာမှာ အသုံးပြုပါတယ်)]
စနစ်၏ မိန်းမပျိုအသံချိုနွဲ့နွဲ့လေးမှာ သူ့ခေါင်းထဲတွင် တတင်တင်နှင့် မပြတ်အော်မြည်လာတော့သည်။
ယဲ့ကျွင်းလင် စိတ်လှုပ်ရှားတက်ကြွနေသော်ငြား အပြင်ပန်းမှာတော့ တည်တည်ငြိမ်ငြိမ်ဟန်ဆောင်ထားရလေသည်။
[တင်! အိုခေ? ဒါပဲလေ]
(ထူးချွန်ထက်မြက်တဲ့ တရုတ်နိုင်ငံသားစနစ်ပိုင်ရှင်တစ်ဦးကို အစောတည်းကဒီလိုလေးဆက်ဆံပေးသင့်တာပေါ့)
ဒီတစ်ခေါက်ဆုလာဘ်များနှင့် သူအရင်ကကျွမ်းကျင်တတ်မြောက်ခဲ့သော နတ်ဘုရားအဆင့်စွမ်းအားများနှင့် ကျင့်စဥ်များကိုပေါင်းထည့်လျှင် အနာဂတ်မှာတော့ ပိုသောအချိန်မှန်သမျှတွင် အတော်လေးသက်တောင့်သက်သာဖြင့် လှဲလျောင်းအပျင်းထူနေလို့ရလေပြီ။
သိထားရမှာတစ်ခုက ထိုနတ်ဘုရားအဆင့်စွမ်းအားများနှင့် ကျင့်စဥ်များတွင် ကျင့်ကြံရေးလမ်းစဥ်များ အမြဲပါရှိပြီး ခက်ခဲနိုင်ချေကတော့ ကျင့်ကြံသူပိုင်ဆိုင်သောစွမ်းအားပမာဏနှင့်လည်း သက်ဆိုင်သေး၏။
၎င်းတို့၏ ကျင့်ကြံရေးလမ်းစဥ်များတွင် စဦးပိုင်း၊ အောင်မြင်မှု၊ ကြီးမြတ်သောအောင်မြင်မှု၊ ပြည့်စုံခြင်းနှင့် အဆင့်တက်ခြင်းတို့ ပါဝင်ပေသည်။
တစ်ဆင့်ပြီး တစ်ဆင့် တက်သွားနိုင်လျှင် ကျင့်စဥ် သို့မဟုတ် စွမ်းအား၏ သက်ရောက်မှုက ဆယ်ဆမှ အဆတစ်ရာထိ တိုးတက်သွားမည်ဖြစ်သည်။
ကျင့်ကြံရေးကိုအားကိုးပြီးတက်ရတာဖြစ်တဲ့အတွက် ကျင့်ကြံရေးကတော့ အဓိကသော့ချက်ပဲပေါ့။
ကျင့်ကြံသူ၏အင်အားက ခိုင်မာတောင့်တင်းနေပါလျှင် တစ်ဖက်ရန်သူမှာ မိမိထက်ကျင့်ကြံဆင့်တစ်ဆင့်ပိုမြင့်နေလျှင်တောင်မှ မျှော်လင့်မထားစွာ အနိုင်ပိုင်းနိုင်လိုက်သည့်အခြေအနေများ ရှိတတ်သည်ပင်။
ထို့အပြင် စနစ်မှချီးမြှင့်ထားသော ထိုကောင်းကင်သင်္ချိုင်းဂူသည်ကား နာမည်ကြားရုံမျှဖြင့် ကြက်သီးထဖို့ကောင်းလှသည်မဟုတ်လော။ အမှန်ပင် တစ်ဖက်တာအိုရောင်းရင်းက ကောင်းကင်အဆင့်ပင်ဖြစ်နေပါစေ၊ တစ်ချက်ကလေး စိတ်အလိုမကျဖြစ်မိသည်နှင့် ချက်ချင်း မြေတန်းမြှုပ်ပစ်နိုင်သော လက်နက်တစ်မျိုးပါပေ။
ဝိဉာဥ်အဆင့်ထိ ရှိပြီးဖြစ်သော ထိုမှော်လက်နက်တစ်ခုတည်းဖြင့်ပင် အရှေ့ပိုင်းစီရင်စုတစ်ခုလုံးကို အထက်စီးမှမိုးကြည့်နိုင်သောအနေအထားတစ်ခုကို ရောက်နေပြီဖြစ်၏။
မှော်လက်နက်များကိုလည်း မှော်အဆင့်၊ ရတနာအဆင့်၊ ဝိဉာဥ်အဆင့်၊ ဉာဏ်အလင်းအဆင့်၊ မသေမျိုးအဆင့်၊ သူတော်စင်အဆင့် စသည်ဖြင့် အဆင့်ဆင့် ပိုင်းခြားထားသည်။
ထိုတစ်ဆင့်ချင်းစီတွင်လည်း အဆင့်ငယ်ကိုးဆင့်အထိတောင် ပါဝင်ပြန်သေးသည်။
ခွင်းလွင်နယ်မြေအတွင်းရှိ ကျင့်ကြံသူတို့အဖို့ ရတနာအဆင့်မှော်လက်နက်တစ်ခု၏ လက်ကိုင်ရိုးလေးကို တစ်ချက်မျှထိကိုင်ဖို့အတွက်လေးပင် အလွန်တရာမှခက်ခဲနေသော အခြေအနေဖြစ်ချေ၏။
ဝိဉာဥ်အဆင့် မှော်လက်နက်များကိုတော့ စကားထဲပင်ထည့်ပြောဖို့မလိုတော့ပါချေ။ ထိုသို့သောအဆင့်မြင့်လက်နက်များမှာ ဆရာ့ဆရာကြီးများအတွက် သီးသန့်ထူးရှယ်ဟု ဆိုနိုင်ပါ၏။
ထို ကောင်းကင်သင်္ချိုင်းဂူသည် ဝိဉာဥ်အဆင့်မှော်လက်နက်ဖြစ်နေရုံသာမက ယဲ့ကျွင်းလင်၏ကျင့်ကြံဆင့်နှင့်အညီ အဆင့်လိုက်တိုးလာမှာဖြစ်ပြီး ကန့်သတ်ချက်များကို တစ်ခုပြီးတစ်ခုဖွင့်လှစ်ကာ အဆင့်သစ်တစ်ခုကို တဖြည်းဖြည်းရောက်ရှိလာဦးမည်ဖြစ်သည်။
အဆုံးသတ်တွင်တော့ ဤထူးရှယ်မှော်လက်နက် မည်မျှအထိ စွမ်းအားကုန်ထုတ်ပြနိုင်မည်လဲဆိုတာကို ယဲ့ကျွင်းလင်စောင့်မျှော်ကြည့်ဖို့သာ ရှိပါတော့သည်။
"ဆရာသခင် ဆရာသခင်"
ဟုန်ချန်ယဲ့က သူ့အတွေးစဥ်ကို ဖြတ်တောက်လိုက်လေသည်။
ထူးဆန်းသောမျက်နှာပေးဖြင့်ပင် လက်ရာမြောက်စွာလှရက်နိုင်သေးသော ထိုမျက်နှာလေးအားကြည့်ရင် ယဲ့ကျွင်းလင် အာရုံပျက်သွားရတော့၏။
"အဟမ်း ရှောင်ဟုန် ဒီဆရာသခင်က တပည့်အဖြစ်လက်ခံခြင်းအထိမ်းအမှတ်အနေနဲ့ မင်းကို အနာဂတ်အတွက်အထောက်အကူဖြစ်နိုင်မယ့်ကျင့်စဥ်တစ်ခု လက်ဆောင်ပေးမယ်"
"ကျေးဇူးကြီးမားလှပါတယ် ဆရာသခင်"
ဟုန်ချန်ယဲ့ ဟန်ပါပါဖြင့် လက်သီးဆုပ်ဦးညွှတ်ကာ အရိုအသေပြုလိုက်သော်ငြား ခေါင်းငုံ့သွားသည်နှင့် မျက်လုံးထဲတွင်လှောင်ပြောင်ရိပ်လေး ထွက်ပေါ်လာသည်။
ဟဟ ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူလေးက ငါ့ကိုများ ကျင့်ကြံရေးသင်ပြပေးဦးမယ်တဲ့လား?
ကိုယ့်ဟာကိုယ် အတော်လေးအထင်ကြီးနေတဲ့ပုံပဲ! ဆရာကြီးအထာလုပ်ရတာကို အရမ်းစွဲလမ်းနေတယ်ပေါ့လေ?
ဘယ်လို အမှိုက်ကျင့်စဥ်တွေချပေးလာမလဲ ကြည့်ကြသေးတာပေါ့!
ဝှစ်
ယဲ့ကျွင်းလင် သူ့လက်ချောင်းကို ဆန့်ထုတ်ပြီး ဟုန်ချန်ယဲ့ခေါင်းလေးကို ညင်ညင်သာသာ တစ်ချက်ပုတ်လိုက်သောအခါ အမျိုးမျိုးသော အချက်အလက်များစွာ ပါဝင်သည့် အလင်းတန်းတစ်ခုသည် ဟုန်ချန်ယဲ့ဦးနှောက်ထဲသို့ စီးဝင်ရောက်ရှိသွားတော့၏။
"ယန်...ယန်သုံးထောင် ဂါထာလား?"
ဟုန်ချန်ယဲ့ မျက်မှောင်ကြုတ်သွားကာ မသိမသာဖြင့် ဂရုတစိုက်အာရုံခံကြည့်လိုက်သည်။
မထီမဲ့မြင်သဘောထားဖြင့် အာရုံခံကြည့်လိုက်သော်ငြား ယခုတော့ သူ့အသိစိတ်တစ်ခုလုံး ပေါက်ကွဲထွက်သွားသည့်နှယ် ခံစားလိုက်ရသည်။ ဟုန်ချန်ယဲ့၏အသက်ရှူသံများ တရှူးရှူးနှင့်အရှိန်မြန်လာကာ နှင်းဖြူရောင်ပါးလေးနှစ်ဖက်မှာလည်း ရဲစွေးတက်လာတော့၏။ ခန္ဓာကိုယ်မှာ သိသိသာသာပင် တုန်ခါလို့နေလေပြီ။
"အာ....အာ..."
ဟုန်ချန်ယဲ့မှာ အတော်လေးတုန်လှုပ်သွားဟန်ရှိလေသည်။ တအာအာအသံလေးသာထွက်နိုင်တော့ပြီး စိတ်နှင့်ခန္ဓာတစ်ခုလုံးက ထို ယန်ယန်သုံးထောင်ဂါထာထဲမှာပဲ အလုံးစုံနစ်မြုပ်ဝင်ကာ ပြန်ထွက်မလာနိုင်တော့သလိုပင်။
သူတစ်ချိန်ကကျင့်ကြံခဲ့ပြီး အင်မတန်ကျွမ်းကျင်ခဲ့ပါသော ရှုပ်ထွေးဒေါသ မီးတောက်ကျင့်စဥ်ဆိုသည်မှာ ထိပ်သီးအဆင့်များထဲမှ ထိပ်ဆုံးကကျင့်စဥ်တစ်ခု ဖြစ်လေသည်။
အလယ်ပိုင်းစီရင်စုတွင် မိုးကောင်းကင်တမျှမြင့်မားသည်ဟုသတ်မှတ်ထားကြသော ကျင့်စဥ်တစ်ခုဖြစ်ပြီး သူ၏ကျင့်ကြံရေးလမ်းစဥ်တွင်လည်း လွန်စွာအရေးပါခဲ့သည်ဟု ဆိုရပေမည်။
သို့သော် ယခုလေးတင် တစ်ဖက်လူမှပေးအပ်လာသော ယန်ယန်သုံးထောင်ဂါထာဆိုသည်မှာ ဟုန်ချန်ယဲ့၏ အတွေးအမြင်ခံယူချက်အားလုံးကို ပြောင်းပြန်လှန်လိုက်သကဲ့သို့ရှိပြီး သူ့စိတ်နေသဘောထားမှာလည်း ကြီးမားသောအပြောင်းအလဲကြီးတစ်ခု ဖြစ်ပေါ်လာရ၏။
အဘယ့်ကြောင့်ဆိုသော သူ့အတွက်အရေးပါခဲ့လှပါသည်ဆိုသော ထိုရှုပ်ထွေးဒေါသ မီးတောက်ကျင့်စဥ်သည်ပင် ဤယန်ယန်သုံးထောင်ဂါထာနှင့်ယှဥ်လိုက်လျှင် ဖွဲနှင့်ဆန်ကွဲဟု ဆိုရလောက်သည်အထိ။
ယှဥ်ရက်စရာကို မရှိပါဘူးလေ၊ လုံးဝ ကောင်းကင်နဲ့မြေကြီးလိုကွာခြားချက်ပဲ!
(ဘုရားရေ ဒါကသေချာပေါက်ကို နတ်ဘုရားအဆင့်ဖြစ်ရမယ် ဒါမှမစုတ် ဒဏ္ဍာရီလာ သူတော်စင်အဆင့်ကြီးများလား?)
ဟုန်ချန်ယဲ့မှာ ပျော်ရွှင်မှုပျားရည်အိုးကြီးထဲနစ်မြုပ်သွားသော ပျားကလေးကဲ့သို့ ချိုမြိန်မူးဝေသွားရပြီး စိတ်ကူးလို့မရနိုင်လောက်အောင်ပင် အံ့သြဘနန်းဖြစ်ရပါသည်။
ဒီကျင့်စဥ်ဟာ သူအရင်ကတစ်ခါမှမကျင့်ဖူးတဲ့ မီးအမျိုးအစားကျင့်ကြံရေးအတွက် ဦးဆောင်လမ်းသစ်ဖောက်ပေးလိုက်သလိုပဲ၊ နောက်ပြီး မီးနတ်ဘုရားစွမ်းအားတွေလည်း အမျိုးအစားသုံးထောင်တောင်ပါသေးတယ်! သုံးထောင်ကြီးတောင်! အဆင့်ပိုမြင့်လေလေ စွမ်းအားကပိုကြီးလေလေပဲ!
ဤကျင့်စဥ်၏အကူအညီဖြင့်သာဆိုလျှင် သူ့ကျင့်ကြံဆင့်လည်း လျင်လျင်မြန်မြန်တိုးတက်နိုင်သလို သူ့အင်အားပမာဏမှာလည်း စိတ်ကူးထားသည်ထက် ကျော်လွန်တိုးမြင့်သွားနိုင်ပေမည်။
စစ်မှန်သောမသေမျိုး အဆင့်သို့ ပြန်လမ်းပေလား?
မဟုတ်ဘူး!
အဲ့ဒီထက်ပိုမြင့်တဲ့အဆင့်ကိုတက်ဖို့ လှေကားပဲ!
ဟုန်ချန်ယဲ့တစ်ယောက် စိတ်ကူးယဥ်ကမ္ဘာလေးထဲ နစ်မြုပ်နေစဥ်မှာပင် ယဲ့ကျွင်းလင်က ကြက်သွေးရောင်ဆေးတစ်လုံးကို ပစ်ပေးလာသည်။ "ရော့ ဒါလည်းမင်းအတွက်"
"ဒါက..."
လက်ထဲသို့ရောက်လာသော ကြက်သွေးရောင်ဆေးလုံးကိုကြည့်ရင်း ဟုန်ချန်ယဲ့မှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ တုန်လှုပ်ခဲသက်သွားပြီးမှ အားရပါးရထအော်လေသည်။
"မီးအရင်းအမြစ်ဆေးလုံးကြီးဗျ!!"
၉ - လမ်းကကောက်လာတဲ့ တပည့်လေး
"အိုး ဒါဆိုမင်းသိထားပြီးသားပဲ" ယဲကျွင်းလင်ပြောလိုက်သည်။
ဟုန်ချန်ယဲ့၏နှလုံးသားမှာမူ မုန်တိုင်းထန်နေသောပင်လယ်ပြင်ကဲ့သို့ပါပင်။ သူ၏ အရင်ကအဆင့်အတန်းအရ ဗဟုသုတများစွာကို နှံ့နှံ့စပ်စပ်သိထားရသဖြင့် မီးအရင်းအမြစ်ဆေးလုံးနှင့် စိမ်းသက်မနေပါ။
မီးဓာတ်စွမ်းအင်ကို အခြေခံသော ကျင့်ကြံသူများအတွက် ဤဆေးလုံးမှာ ကောင်းကင်ဘုံ၏ဆုလာဘ်လို့ပင် သတ်မှတ်ရမည့်အနေအထားဖြစ်သည်။ ကျင့်ကြံသူ၏စွမ်းအားကို အဆပေါင်းများစွာ တိုးမြှင့်ဖြည့်ဆည်းပေးနိုင်စွမ်း ရှိ၏။
မသေမျိုးအဆင့်ကျင့်ကြံသူများပင် ထိုဆေးလုံးအတွက် တိုက်ခိုက်လုယူကြရလောက်သည်အထိ တန်ဖိုးကြီးမားပေသည်။
ထို့အပြင် ဟုန်ချန်ယဲ့မှာ လျှို့ဝှက်ကျင့်စဥ်များကိုအသုံးပြုပြီး အသက်ဘေးမှလွတ်မြောက်လာခဲ့ရသူဖြစ်သောကြောင့် သူ့ကျင့်ကြံဆင့်အခြေမှာ အတော်လေးထိခိုက်ထားရာ အနာဂတ်ကျင့်ကြံရေးတွင်လည်း အခက်ကြုံရနိုင်ချေရှိနေခဲ့သည်။ ထိုသို့သောအခြေအနေတွင် ဤဆေးလုံးမှာ နှင်းတောကြားက ထင်းမီးဖိုလေးကဲ့သို့ပါပင်။
"ဒါတွေအားလုံး ကျွန်တော့်ကိုပေးတာပေါ့...." ဟုန်ချန်ယဲ့ ခပ်တိုးတိုးလေးရေရွတ်မိလိုက်သည်။ သူကလေးဘဝကတည်းက ဤသို့သောကြင်နာမှုမျိုးကို တစ်ပါးသူထံမှ လက်ခံမရရှိဖူးပါ။
ရည်ရွယ်ချက်တစ်ခုခုရှိတဲ့ အပေါ်ယံချိုမြိုန်မှုတွေ၊ လှည့်စားယုတ်မာမှုတွေ၊ သစ္စာဖောက်ခြင်းတွေကိုသာ သူကြုံတွေ့ခဲ့ရလေတယ်။
ယခုတော့ ယဲ့ကျွင်းလင်က သူ့ကို ကျင့်စဥ်များနှင့်ဆေးလုံးများ လက်ဆောင်ပေးနေပြီး ထိုအရာအားလုံးမှာ စိတ်ကူးကြည့်လို့ပင်မရနိုင်လောက်အောင် စွမ်းအားမြင့်မားကာ သူ့ကိုကောင်းကောင်းအထောက်အကူပြုနိုင်ပေသည်။
(နေစမ်းပါဦး ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူတစ်ယောက်က ဒီပစ္စည်းနှစ်ခုကို ဘယ်ကနေရလာတာလဲ)
(ငါအုပ်စိုးခဲ့တဲ့အချိန်တွေတုန်းကတောင် ငါ့လိုအင်မော်တယ်တောင် ဒါတွေကို ရအောင်မယူနိုင်ခဲ့တာ)
ဟုန်ချန်ယဲ့မှာ တွေးလေတွေးလေ အဓိပ္ပာယ်မရှိလေဟုသာ ခံစားရသည်။
ဘာတွေဖြစ်နေကြတာလဲ လောကကြီးရယ်...
ထိုကျင့်စဥ်နှင့် ဆေးလုံးမှာ ထိပ်တန်းအရည်အသွေးမြင့် ရှားပါးပစ္စည်းများဖြင့်ပြီး အလယ်ပိုင်းစီရင်စုသို့သွားချပေးလိုက်လျှင်တောင် အရူးအမူးလိုက်လုခံရမည့်ရတနာများဖြစ်သော်ငြား ဤဟွမ်ကျိုးပြည်နယ်လို ခြောက်တိခြောက်ခမ်းနယ်မြေမှ ကျင့်ကြံသူတစ်ဦးက တပည့်ခံယူခြင်းအထိမ်းအမှတ်လက်ဆောင်အဖြစ် ပေါ့ပေါ့တန်တန်ပင် ထုတ်ပေးလို့နေသည်။
(မဟုတ်မှ သူရဲ့မသေမျိုးကျင့်ကြံဆင့်ပါရမီက ငါ့ထက်တောင်ပိုထူးကဲနေတာများလား)
ဟုန်ချန်ယဲ့ ရင်တဒုန်းဒုန်းခုန်လာရပြီး တောင်စဥ်ရေမရ လျှောက်တွေးနေမိလေသည်။
မည်သို့ပင်တွေးတွေး ယန်သုံးထောင်ဂါထာနှင့် မီးအရင်းအမြစ်ဆေးလုံးက ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူတစ်ယောက်လက်ထဲရောက်နေစရာအကြောင်းမရှိပေ။
သူတွေးလို့ရသမျှထဲက တစ်ခုတည်းသောရှင်းလင်းချက်ကတော့ တစ်ဖက်လူက ရှေးဟောင်းအမွေအနှစ်တစ်ခုခုကနေ ဒါတွေကိုရလာတာဖြစ်လိမ့်မည်။ သို့သော် သူ့လက်ရှိကျင့်ကြံဆင့်၏ အမြင်နှင့်ဆိုလျှင် ပစ္စည်းများ၏အရည်အသွေးကို ထွင်းဖောက်မမြင်နိုင်သေးပေ။
ထိုရှင်းလင်းချက်ကို ဖြစ်နိုင်သည်ဟုသာယူဆကာ ဟုန်ချန်ယဲ့စိတ်လှုပ်ရှားစွာဖြင့် အသက်ရှူမြန်လာရသည်။ ဒါကလုံးဝ ပွပေါက်ကြီးပဲလေ!
"ရှောင်ဟုန် မင်း ဆရာပေးတာတွေကို သဘောမကျလို့လား"
ဟုန်ချန်ယဲ့မျက်နှာအပြောင်းအလဲများကို အကဲခတ်ရင်း ယဲ့ကျွင်းလင်ရယ်ချင်စိတ်ကိုမျိုးသိပ်ထားရ၏။ နတ်ဆိုးဂိုဏ်းချုပ်လေးက ဘာတွေကိုထပ်စိတ်ကူးယဥ်နေပြန်ပြီလဲမသိ။
ဟုန်ချန်ယဲ့အသိပြန်ဝင်လာပြီးနောက် သူ့စိတ်နေသဘောထားက ပြောင်းပြန်လှန်လိုက်သကဲ့သို့ပြောင်းလဲသွားကာ လက်သီးနှစ်ဖက်ဆုပ်အရိုအသေပြုလျက် လေးနက်စွာဆိုလိုက်သည်။ "သဘောမကျဘဲရှိပါ့မလား ဆရာသခင် ဆရာနဲ့တွေ့ဆုံပြီး တပည့်အဖြစ်ခံယူရတာ ကျွန်တော့်အတွက်တော့ ဂုဏ်ယူစရာပါပဲ"
အခုအခြေအနေမှာတော့ တပည့်အဖြစ်ခံယူလိုက်တာပဲပိုကောင်းမည်။ သူကျင့်ကြံဆင့်မြင့်လာသည်နှင့်အမျှ တစ်ဖက်လူ၏လျှို့ဝှက်ချက်များကို ထပ်မံစုံစမ်းရှာဖွေကြည့်နိုင်သည်လေ။
"ကောင်းပြီး ဆေးလုံးကိုသောက်လိုက်တော့ ဆရာမင်းကိုကာကွယ်ပေးထားမယ်"
"ကျေးဇူးပါ ဆရာသခင်"
ဟုန်ချန်ယဲ့ ဆေးလုံးကိုမျိုချလိုက်ကာ တင်ပျဥ်ချိတ်ထိုင်လျက် ဆေးလုံး၏အစွမ်းသတ္တိများကို လည်ပတ်သန့်စင်စေလိုက်သည်။
ချက်ချင်းဆိုသလိုပင် သူ့ခေါင်းထက်မှ အစိမ်းရောင်မီးခိုးများထွက်လာပြီး နှင်းဖြူရောင်အသားအရည်မှာလည်း သံပြားကိုမီးအပူပေးထားသကဲ့သို့ နီရဲလာတော့၏။ မျက်နှာလှလှလေးမှာ သွေးများစီးကျတော့မည့်အလား ရဲတွတ်လို့နေပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ပေါင်းအိုးထဲထည့်ပေါင်းထားသကဲ့သို့ပင်။ သူ့ခန္ဓာကိုယ်အတွင်းတွင်တော့ ကမ္ဘာပြိုမတတ်အပြောင်းအလဲများ ဖြစ်ပေါ်နေလေပြီ။
အုန်း!
ဟုန်ချန်ယဲ့၏အရှိန်အဝါမှာ တမုဟုတ်ချင်း ထိုးတက်လာတော့၏။
အခြေတည်ထောင်ခြင်း အစောပိုင်းအဆင့်မှ အလယ်ပိုင်းအဆင့်၊ နှောင်းပိုင်းအဆင့်၊ အထွဋ်အထိပ်အဆင့်၊ ထို့နောက် ချိုးဖျက်ခြင်း။
ရွေအမြုတေဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖျက်ခြင်း.....
ခဏအကြာတွင် ဟုန်ချန်ယဲ့၏ကျင့်ကြံဆင့်တိုးမြင့်ချင်း တဖြည်းဖြည်းရပ်တန့်သွားသည်။ ထိုအချိန်တွင် ဝိဉာဥ်သန္ဓေအစောပိုင်းကျင့်ကြံဆင့်သို့ ရောက်ရှိနေလေပြီ။
သူ့ခန္ဓာကိုယ်ထဲက မသေမျိုးအဆင့် မီးဓာတ်ဝိညာဉ်အမြစ်ဟာ မူလအခြေအနေကို ပြန်လည်ရောက်ရှိသွားပြီး ကျင့်ကြံဆင့်အခြေခံဟာလည်း လွန်စွာခိုင်မာတောင့်တင်းလာခဲ့သည်။ သူ့အနာဂတ် ကျင့်ကြံဆင့်တိုးတက်ရေးမှာတော့ စိတ်ပူစရာမလိုလောက်အောင် အလွန်မြန်ဆန်ချောမွေ့နေပေလိမ့်မည်။
နာရီဝက်မျှသော အချိန်တိုအတွင်းမှာပင် သူသည် အခြေတည်ထောင်ခြင်းအဆင့်မှ ဝိဉာဥ်သန္ဓေအဆင့်ထိတိုင်အောင် မြင့်တက်သွားခဲ့လေသည်။ အလယ်ပိုင်းစီရင်စုမှာတောင် မကြားဖူးမကြုံဖူးသော ကျင့်ကြံဆင့် အလွန်အကြူးတိုးတက်ခြင်းပါပေ။
သို့သော် ယဲ့ကျွင်းလင်ကတော့ ထိုသူ၏နောက်ခံကိုသေချာသိရှိထားသဖြင့် စစ်မှန်သောမသေမျိုးကျင့်ကြံသူတစ်ဦးက သူ၏မူလအဆင့်အတန်းကို ပြန်လည်ရယူနေခြင်းဟုသာ ထင်မြင်မိသည်။ သင့်တော်သော ကျင့်စဥ်များ ဆေးလုံးများဖြင့် ကူညီပံ့ပိုးပေးလိုက်ပါက ဤတိုးတက်ခြင်းမှာ သာမန်အရှိန်ဟုသာဆိုရပေမည်။
ဟုန်ချန်ယဲ့သည် သူ့ခန္ဓာကိုယ်တွင်းမှအပြောင်းအလဲများကို သတိပြုလိုက်မိပြီး စိတ်လှုပ်ရှားကာ မြူးထူးသွားရတော့သည်။ နှလုံးသားထဲမှလှိုက်တက်လာသော ပျော်ရွှင်မှုကို ဖော်ကြူးသည့်အနေဖြင့် သူစိတ်ကျေနပ်စွာ တစ်ချက်ဟစ်ကြွေးလိုက်သည်။
ထိုဟစ်ကြွေးအော်မြည်သံတွင် လေးနက်သောစိတ်ခံစားချက်များ မြင့်မားသောရည်ရွယ်ချက်များ အလုံးအရင်းပါဝင်နေပြီး ဝါးတောကြီးတစ်ခုလုံးကို လှုပ်ခါလိုက်သကဲ့သို့ပင်ရှိရာ ငှက်များလည်း အရပ်လေးမျက်နှာအနှံ့သို့ လွင့်စင်ထွက်ပြေးကုန်ကြ၏။
စောင့်နေလိုက်ကြပါ!
သိပ်မကြာခင် အလယ်ပိုင်းစီရင်စုကိုပြန်လာပြီး ဒီနတ်ဘုရားခံစားခဲ့ရတဲ့အရှက်တရားတွေအားလုံးကို အပြီးတိုင်ရှင်းထုတ်ပစ်မယ်!
သူ့ကိုငုံ့ကြည့်နေသော ငွေဖြူရောင်ဆံနွယ်ပိုင်ရှင်အမျိုးသားငယ်၏ ထူးထူးဆန်းဆန်းမျက်နှာအမူအရာကို သတိပြုလိုက်မိပြီးမှ သူကိုယ်တိုင်လည်း စိတ်တည်ငြိမ်မှုကို မချုပ်ထိန်းနိုင်လိုက်ကြောင်း သိလိုက်ရသည်။ ရှက်ကိုးရှက်ကန်းဖြင့် ချောင်းအနည်းငယ်ဟန့်ကာ တစ်ဖက်လူကို လက်သီးဆုပ်အရိုအသေပြုလိုက်၏။ "ဆရာသခင် ဒီတပည့်ရိုင်းမိပါတယ်"
"ရပါတယ်ကွာ အခုငါနဲ့ဂိုဏ်းကိုပြန်လိုက်ခဲ့ပြီး မင်းဆရာတူအစ်ကိုတွေ ဆရာတူဦးလေးတွေနဲ့ လိုက်တွေ့လိုက်ဦး"
ယဲ့ကျွင်းလင်က လက်တစ်ဖက်ကိုအသာယမ်းလျက်ဆိုသည်။
"ဟုတ်ကဲ့!
************
ရွှယ်ထျန်းဂိုဏ်းတွင်...
လေထုမှာ လွန်စွာနွေးထွေးငြိမ်သက်လို့နေသည်။
လူတိုင်း၏မျက်နှာထက်တွင်လည်း အပြုံးများကိုချိတ်ဆွဲထားလျက်။
လောလောလတ်လတ် အောင်နိုင်မှုကိုဆွတ်ခူးခဲ့ပြီးချိန်တွင် သူတို့ရင်ထဲမှာ ဂုဏ်ယူဝင့်ကြွားမှုများသာ ပြည့်နှက်နေလေသည်။
"တောင်ထိပ်သခင်ယဲ့ရဲ့ ကျေးဇူးကြောင့်ပါပဲ မဟုတ်ရင် ငါတို့ရွှယ်ထျန်းဂိုဏ်းတော့ ဖျက်ဆီးခံလိုက်ရလောက်ပြီ"
"မှန်ပါ့ကွာ တောင်ထိပ်သခင်ယဲ့က ငါတို့အားလုံးရဲ့ အသက်သခင်ကျေးဇူးရှင်ပဲ"
"ချီးပဲ အရင်ကငါကန်းနေခဲ့တာလား အခွင့်အရေးရှိတုန်း နည်းနည်းလောက်အလင်းပွင့်ပြီး မြူခိုးတောင်ထိပ်သခင်ရဲ့တပည့်အဖြစ် ခံယူခဲ့လိုက်ရမှာ"
"မြူခိုးတောင်ထိပ်သခင်ရဲ့တပည့်အဖြစ် ခေါ်ယူခံရတဲ့သူတွေကတော့ တောင်ထိပ်သခင်ယဲ့ရဲ့မျက်နှာချောချောလေးကို နေ့တိုင်းမြင်တွေ့ခွင့်ရမှာပဲနော်"
"တောင်ထိပ်သခင်ယဲ့က အခု ရွှယ်ထျန်းဂိုဏ်းမှာ အင်အားအကြီးဆုံးဆိုတော့ သူ့ရဲ့တပည့်လက်ခံတဲ့စံနှုန်းတွေက အရမ်းမြင့်မားမှာပဲ ဘယ်သူတွေကံကောင်းပြီး သူ့ဆီကမျက်စိကျခံရမလဲမသိဘူး"
...........
ဂိုဏ်းအတွင်းဝယ် ဆွေးနွေးစကားဝိုင်းများစွာရှိနေခဲ့ကြပြီး မရေမတွက်နိုင်သော မျက်လုံးပေါင်းများစွာ မြူခိုးတောင်ထိပ်ထံသို့ တောင့်တရည်မှန်းစွာဖြင့် လှမ်းမျှော်ကြည့်လျက်ရှိကြသည်။
ယဲ့ကျွင်းလင်တစ်ယောက် ကျင့်ကြံဆင့်အားလုံး ဆုံးရှုံးသွားခဲ့ပြီဟုသာ သူတို့ထင်မှတ်ခဲ့ကြသဖြင့် သဘာဝကျစွာပင် မြူခိုးတောင်ထိပ်နှင့်မပက်သက်မိအောင် ရှောင်ကျဥ်ခဲ့ကြလေသည်။ သူတို့အနာဂတ်များကို နှောင့်နှေးခွင့်မပြုနိုင်ပါပေ။
သို့သော် ယဲ့ကျွင်းလင်က ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူတစ်ဦးကို လက်ချောင်းလေးတစ်ချောင်းဖြင့်သတ်ပစ်လိုက်ပြီး ဂိုဏ်းတစ်ခုလုံးကို အံ့အားသင့်စေခဲ့လေသည်။
ထိုအခါကျမှ မည်မျှကောင်းမွန်သည့်အခွင့်အရေးကြီးကို သူတို့တစ်ချိန်လုံးရှောင်ဖယ်ခဲ့မိကြကြောင်း အားလုံးသဘောပေါက်နားလည်သွားခဲ့ရ၏။
"အားလုံးပဲ ကြည့်ကြစမ်း တောင်ထိပ်သခင်ယဲ့ပြန်လာပြီ!"
တပည့်တစ်ဦးက အော်လိုက်သည်။
ရုတ်ချည်းပင် မရေမတွက်နိုင်သော မျက်လုံးများစွာသည် တစ်နေရာထဲသို့ စုပြုံရောက်ရှိသွားလျက်။
ငွေဖြူရောင်ဆံနွယ်များလွင့်ခါလျက်ရှိသော ယဲ့ကျွင်းလင်သည် ကောင်းကင်ထက်မှဆင်းသက်လာ၏။ ဝတ်ရုံစက လေနှင့်အတူ တဖျပ်ဖျပ်လွင့်ပါနေပြီး မျက်နှာထားက ချောမောပြေပြစ်လှသည်။ ယဲ့ကျွင်းလင်၏အရှိန်အဝါ အငွေ့အသက်မှာ နတ်သက်ကြွေနတ်သားတစ်ပါးကဲ့သို့ သန့်စင်ပြီးထူးခြားလှ၏။
"ဟမ် အနောက်ကအမျိုးသမီးက ဘယ်သူပါလိမ့်"
တစ်စုံတစ်ယောက် တအံ့တသြရေရွတ်လာသည်။
ဟုန်ချန်ယဲ့သည် မီးလျှံကဲ့သို့နီရဲသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခါးအထိရှည်လျားသည့် ရေတံခွန်လို အနက်ရောင်ဆံပင်များနှင့် နှာတံဖြောင့်စင်းစင်းရှိသောမျက်နှာမှာ အလွန်အသေးစိတ်ကျစွာ လှပလေသည်။ မျက်ခုံးကြားမှာ မီးလျှံအမှတ်အသားတစ်ခု ရှိပြီး ထူးကဲသောအရိပ်အငွေ့တစ်ခုကို လွှတ်ထုတ်နေသော်ငြား ကိုယ်ရောင်ကိုယ်ဝါမှာတော့ အလွန်အေးစက်ကာ လူများကို မိုင်ထောင်ချီအဝေးထိ တွန်းထုတ်နေသလိုခံစားရစေ၏။
"လှလိုက်တာကွာ...."
အမျိုးသားတပည့်များမှာ ရင်တဒိတ်ဒိတ်ခုန်လာလျက် တအံ့တသြ ရေရွတ်မိရတော့သည်။
ဟာ! သွားပြီ! ရွှယ်ထျန်းတစ်ဂိုဏ်းလုံး ရင်တွေအရမ်းခုန်နေကြပြီ!
"ချီးပဲ အဲ့မိစ္ဆာမကဘယ်ကပေါ်လာတာလဲ? ဘာကြောင့်သူက တောင်ထိပ်သခင်ယဲ့နဲ့ ဒီလောက်နီးနီးလေးကနေ ကပ်ပါလာရတာလဲ?" ထိုအသံမှာတော့ အမျိုးသမီးတပည့်များထံမှဖြစ်သည်။ သူတို့အားလုံးမှာ မြင်လိုက်ရသောမြင်ကွင်းကြောင့် မနာလိုဝန်တိုစိတ်ဖြင့် ဒေါသအမျက်ချောင်းချောင်းထွက်ကာ ရူးသွပ်ကြတော့မတတ်ပင်။
"ရှောင်ဟုန် ဒါမင်းဆရာရဲ့ဂိုဏ်းဖြစ်တဲ့ ရွှယ်ထျန်းဂိုဏ်းပဲ ဒီအချိန်ကစပြီး မင်းက မြူခိုးတောင်ထိပ်ရဲ့ ခေါင်းဆောင်တပည့်ဖြစ်လာလိမ့်မယ်"
ယဲ့ကျွင်းလင်က ခံစားချက်အပြည့်ဖြင့်ဆိုသည်။
နောက်ဆုံးတော့ သူ့ရဲ့ငှက်ချီးတောင်ထိပ်က ပေါင်းမြက်တွေကိုရှင်းပေးဖို့ လူရောက်လာပြီလေ!
"ဆရာသခင်ရဲ့ဂိုဏ်းကိုဝင်ခွင့်ရတာ ဒီတပည့်အတွက် ဂုဏ်ယူစရာပါ"
ဟုန်ချန်ယဲ့က ရိုသေစွာပြောသည်။
သို့သော် ထိုထူးကဲသောဖီးနစ်မျက်လုံးများထဲတွင် ရွံရှာစက်ဆုပ်ဟန်တစ်ချက် ဖြတ်ပြေးသွားသည်။
ဆိုတော့ မသေမျိုးကျင့်ကြံရေးဂိုဏ်းတစ်ခုလို့ ငါထင်ခဲ့တဲ့ဟာက ငမွဲဂိုဏ်းဖြစ်နေတာပါလား? သူတို့အားလုံးရဲ့ကျင့်ကြံဆင့်တွေကလည်း နိမ့်ကျနေချက်ပဲ!
အလယ်ပိုင်းစီရင်စုနဲ့တော့ အကွာကြီးပဲ!
အတိတ်တစ်ချိန်က အင်အားကြီးမားလှပါသော သူ၏မီးလျှံနတ်ဆိုးဂိုဏ်းမှ သာမန်တစ်ပည့်တစ်ဦးသည်ပင် ဤရွှယ်ထျန်းဂိုဏ်းကို တစ်ဦးတည်းလာရောက်ချေမှုန်းနိုင်ပေမည်။
(ထားလိုက်ပါ ဘာပဲဖြစ်ဖြစ် ငါလည်းအရေးတကြီးကျင့်ကြံဖို့လိုအပ်နေတာဆိုတော့ ဒီနေရာမှခဏတဖြုတ် သည်းခံနေလိုက်တာပေါ့)
သူတိတ်တိတ်လေး တွေးလိုက်သည်။
ယဲ့ကျွင်းလင်သာမရှိလျှင် သူတစ်ချက်ပင်လှည့်မကြည့်ဘဲ လှည့်ပြန်သွားလောက်ပေပြီ။
ဤလူထူးလူဆန်း၏လျှို့ဝှက်ချက်များကို တူးဖော်ဖို့အတွက် သူ့သရုပ်မှန်ကို အချိန်တစ်ခုထိဖုံးကွယ်ထားကာ ဒီမှာပဲနေထိုင်ရင်း သင်ယူကျင့်ကြံရပေဦးမည်။
"ဆရာတူညီလေးယဲ့ မင်းမဟုတ်မှလွဲရော...." ခန်းမတစ်လျှောက် လျှောက်လှမ်းလာသော ရှယိုနျန်သည် ယဲ့ကျွင်းလင်အနောက်မှဟုန်ချန်ယဲ့ကိုတစ်ချက်ကြည့်ရင်း စမ်းသပ်သည့်ဟန်ဖြင့် စကားစလာသည်။
"ကျွန်တော်လမ်းမှာ တပည့်တစ်ယောက်ကောက်ရလာတာလေ ရှောင်ဟုန် ဂိုဏ်းချုပ်ကိုထွက်နှုတ်ဆက်လိုက်ဦး"
ယဲ့ကျွင်းလင် လက်ဟန်ပြလျက် ဆိုလိုက်သည်။
အရှေ့မှ ကျင့်ကြံဆင့်သိပ်မမြင့်လှသော သတ်လတ်ပိုင်းလူကိုကြည့်ရင်း ဟုန်ချန်ယဲ့အနည်းငယ်စိတ်ဓာတ်ကျသွားသော်ငြား အခြေအနေအရ ဦးညွှတ်နှုတ်ဆက်လိုက်ရသည်။ "တပည့်ဟုန်ချန်ယဲ့က ဂိုဏ်းချုပ်ကို အရိုအသေပြုပါတယ်"
တပည့်လား?
ရှယိုနျန် အံ့သြသွားရတော့၏။
သူ့မှာတော့ တပည့်ခန့်အပ်ခြင်းအခမ်းအနားကို ကောင်းကောင်းမွန်မွန်ကျင်းပဖို့ပြင်ဆင်ပြီး ယဲ့ကျွင်းလင်အနေနှင့် မြူခိုးတောင်ထိပ်သို့ တပည့်ရွေးချယ်ခေါ်ယူနိုင်ရန် အခြားတောင်ထိပ်သခင်များနှင့် ဆွေးနွေးပြင်ဆင်ထားရသော်ငြား ယဲ့ကျွင်းလင်က လမ်းမှတစ်ပည့်တစ်ဦးကောက်လာသည်တဲ့လား?
ကောင်မလေးကြည့်ရတာတော့ အားနည်းဖြူဖျော့နေတာပဲ။
"အို လှလိုက်တဲ့မိန်းကလေးပါလား" ထျန်းရှန့်တောင်ထိပ်သခင်မက ခါးကိုနွဲ့လျက် သိမ်မွေ့စွာလျှောက်လှမ်းလာလေသည်။ ဤမျှလှပသောမိန်းကလေးကိုမြင်သော် သူမအနီးကပ်သွားမကြည့်ပဲ မနေနိုင်လိုက်ပါ။
ဟုန်ချန်ယဲ့မျက်လုံးများမှာ ဓားသွားများကဲ့သို့ လက်ခနဲစူးရှသွားပြီး အသံနိမ့်နိမ့်ဖြင့် သူအံကြိတ်ကာဆိုလိုက်သည်။ "ကျွန်တော် ယောကျ်ားလေးပါ"
ထိုစကားကိုပြောရင်း သူသည်အရှိန်အဝါကို ထုတ်လွှတ်လိုက်၏။
ထျန်းရှန့်တောင်ထိပ်သခင်မ၏ နူးညံ့နွဲ့နှောင်းသောခန္ဓာကိုယ်လေးမှာ တုန်ယင်သွားရပြီး သူမမျက်နှာသည်လည်း ကြောက်စိတ်ဖြင့် ဖြူဖျော့သွားရသည်။ ထို့နောက် ကြောက်ရွံနေသော အသံတုန်တုန်ဖြင့် ဆိုလာသည်။ "ဝိဉာဥ်...ဝိဉာဥ်သန္ဓေ..."
"ဒီလူက ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူလား"
ရှယိုနျန်နှင့် ကျန်သူများလည်း အံ့သြထိတ်လန့်သွားရတော့၏။
"ခွေးကောင်လေး ဒါငါ့ဆရာတူအစ်မနော်" ယဲ့ကျွင်းလင်က မျက်မှောင်ကြုတ်ကာဆူပူလာသည်။ "အမြန်တောင်းပန်လိုက်"
ဟုန်ချန်ယဲ့မှာ အရှိန်အဝါကိုအမြန်ပြန်သိမ်းလိုက်ကာ နှလုံးအိမ်တွင်းမှ မနှစ်မြို့မှုကို ဇွတ်အတင်းမျိုသိပ်လျက် လက်သီးဆုပ်အရိုအသေပြုလိုက်သည်။ "ဒီတပည့်က ရိုင်းမိသွားပါတယ်"
"မဟုတ်တာ ရပါတယ်ကွယ်" ထျန်းရှန့်တောင်ထိပ်သခင်မလည်း ရှက်သွားဟန်ရှိပြီး အနားကပ်မလာတော့ပေ။
"ဆရာတူညီလေးယဲ့ ဒီတပည့်ကိုဘယ်ကနေရှာတွေ့လာတာလဲ သူကဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူပဲ" ရှယိုနျန်မှာ အလောတကြီးဖြင့် လျှာတောင်ကိုက်မိမတတ်ဖြစ်သွားရသည်။
"ဟာ ဒီလိုပဲ ကံကောင်းလို့ကောက်ရခဲ့တာ" ယဲ့ကျွင်းလင်က ဘာမှမဟုတ်သလို ပြန်ဖြေလိုက်သည်။
အားလုံးမှာတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ တိတ်ဆိတ်သွားရတော့၏။
ဒီဘက်ခေတ်မှာ ဝိဉာဥ်သန္ဓေကျင့်ကြံသူတွေက အဲ့လောက်တောင်တန်ဖိုးကျနေပြီလား?
သူပြောတာတော့ လမ်းမှာတွေ့တဲ့အမှိုက်ထုပ်ကို ကောက်လာတဲ့အတိုင်းပဲ။
၁၀ - နတ်ဆိုးဂိုဏ်းချုပ်လေး ငိုနေပြီ
အားလုံးမှာ ယဲ့ကျွင်းလင်တစ်ယောက် ဟိုဟိုသည်သည်လျှောက်သွားရင်း ဝိဉာဥ်သန္ဓေကျင့်ကြံသူတစ်ဦးကို လမ်းကြုံလို့တပည့်အဖြစ်ကောက်လာခဲ့ပါသည်ဆိုသော အဖြေကို တအံ့တသြဖြစ်နေကြရလေသည်။ သို့သော် ဟုန်ချန်ယဲ့မှာ သူတို့ဂိုဏ်းသားဖြစ်လာမည်ဖြစ်သောကြောင့် အားလုံးက ဝမ်းသာအားရ ကြိုဆိုလက်ခံကြပါ၏။
ဘာပဲဖြစ်ဖြစ် ရွှယ်ထျန်းဂိုဏ်းအင်အား ပိုတောင့်တင်းလာတာပဲမဟုတ်လား?
နှုတ်ဆက်ပေးအပြီး လူစုကွဲသွားချိန်တွင် ယဲ့ကျွင်းလင်သည် ဟုန်ချန်ယဲ့ကို မြူခိုးတောင်ထိပ်ထက် ခေါ်ဆောင်သွားလိုက်သည်။
"မင်းက တပည့်ခေါင်းဆောင်ဆိုတော့ ဒီမှာရှိတဲ့ဂူတွေထဲက ကြိုက်တဲ့တစ်ခုကိုရွေးယူလို့ရတယ် အားနာမနေပါနဲ့"
ယဲ့ကျွင်းလင်မှာ စိတ်ရင်းစေတနာအပြည့်ဖြင့် ပြောလိုက်လေသည်။
ဟုန်ချန်ယဲ့မှာတော့ ပင့်ကူအိမ်တွေဖုံးလွှမ်းရစ်သိုင်းပြီ ပျက်စီးနေသောဂူအခန်းများကိုကြည့်ကာ မျက်နှာထားပျက်မသွားအောင် အကြောဆွဲမတတ်ထိန်းသိမ်းလိုက်ရသည်။ အတော်ကြာငြိမ်သက်နေပြီးမှ စကားတစ်ခွန်းညှစ်ထုတ်ပြောလိုက်ရ၏။ "ကျေး..ဇူး...ပါ...ဆရာသခင်...."
မီးလျှံနတ်ဆိုးဂိုဏ်း၏ အိမ်ဆောက်လက်သမားဆရာများနေသောနေရာပင် ဒီ့ထက်ပိုကောင်းသေးသည်ဟုဆိုပါက အပိုပြောခြင်းမဟုတ်ရပါပေ။
"အဟမ်း နည်းနည်းတော့ညစ်ပတ်နေတယ် မင်းဟာမင်းရှင်းလိုက်ပေါ့ကွာ"
"မှတ်ထား စိတ်ထားပျော့ညံ့သူတွေက အကြောင်းအမျိုးမျိုးပြတတ်ကြပြီး စိတ်ဓာတ်ခိုင်မာသူတွေကတော့ လိုက်လျောညီထွေဖြစ်အောင်နေတတ်ကြတယ်တဲ့"
ယဲ့ကျွင်းလင် စေတနာအပြည့်ဖြင့် ဆုံးမစကားတစ်ခွန်းဆိုလိုက်ပြီးနောက် နေရာမှဝှစ်ခနဲပျောက်ကွယ်သွားတော့၏။
ဒီလူက လစ်ပြေးသွားတာပဲ!
ဟုန်ချန်ယဲ့က လက်သီးတွေကို တင်းတင်းဆုပ်ကာ ပေါက်ကွဲထွက်တော့မည့် ဒေါသကို အတင်းအကျပ် ထိန်းချုပ်လိုက်ပြီး အံကြိတ်လျက်ရေရွတ်လိုက်သည်။ "ရပါတယ်၊ ငါသည်းခံရမှာပေါ့..."
ကြီးမြတ်တဲ့အောင်မြင်သူတိုင်းဟာ ဦးစွာပထမတော့ အရှက်ရခြင်းကို သည်းခံနိုင်ရပြီး လေးလံတဲ့ဝန်ထုပ်ဝန်ပိုးတွေကိုလည်း ထမ်းရွက်နိုင်ရမယ်!
ဆရာသခင်၏ဂိုဏ်းကိုဝင်ဖို့ သူကိုယ်တိုင်သဘောတူထားခဲ့ပြီးမှတော့ နေရာအသစ် ပုံစံအသစ်နှင့် လိုက်လျောညီထွေရှိဖို့ ကြိုးစားသင်ယူရမည်ပင်။
**********
ရွှယ်ထျန်းဂိုဏ်းမှာ ဖုန့်လဲ့ဂိုဏ်းကို အပြီးတိုင်သုတ်သင်ချေမှုန်းလိုက်သည့်သတင်းက ဟွမ်ကျိုးပြည်နယ်တစ်ခုလုံးသို့ လျင်မြန်စွာပျံ့နှံ့သွားလေသည်။
"ဘာရယ်? ဖုန့်လဲ့ဂိုဏ်းသုတ်သင်ခံလိုက်ရတယ်ဟုတ်လား?!"
"ချီးပဲ ရွှယ်ထျန်းဂိုဏ်းက ဘယ်ကနေဘယ်လို အဲ့လောက်ထိအင်အားကြီးလာတာလဲ အရင်ကဆို ဟွမ်ကျိုးရဲ့ဂိုဏ်းခြောက်ဂိုဏ်းထဲမှာ သူအင်အားအနည်းဆုံးပဲလေ"
"မင်းမကြားရသေးဘူးလား ရွှယ်ထျန်းဂိုဏ်းရဲ့ မြူခိုးတောင်ထိပ်သခင်ဟောင်းကို မင်းမှတ်မိလား သူကကျင့်ကြံဆင့်တွေဖျက်ဆီးခံလိုက်ရတယ်လို့ သတင်းထွက်ပြီး အဲ့ဒါကတကယ်မဟုတ်ဘူးတဲ့လေ ဝီဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူ မိုးပြာဂဠုန်နတ်ဆိုးဘုရင်က ရွှယ်ထျန်းဂိုဏ်းကိုဝင်တိုက်တော့ သူက တစ်ချက်ထဲနဲ့ အသေသတ်ပေးလိုက်တာတဲ့"
"ဒါဆိုသူက ဝိဉာဥ်သန္ဓေကျင့်ကြံဆင့်ကိုတောင် ချိုးဖျက်ပြီးသွားပြီပေါ့ ရွှယ်ထျန်းဂိုဏ်းကအဲ့လောက်အင်အားတောင့်နေတာ မဆန်းတော့ပါဘူး ဟိုကောင်လေးက အတော်ကြောက်စရာကောင်းတာပဲ ဒီလောက်အကြာကြီးလျှို့ဝှက်ကျင့်ကြံနေခဲ့တာပေါ့"
"ဖုန့်လဲ့ဂိုဏ်းတော့ ကံဆိုးသွားတယ်လို့ပဲဆိုရမယ် ဒီအချိန်မှာမှ သူတို့ကိုရန်သွားစလိုက်မိတာကိုး အခုတော့အကုန်သေရှာပြီ ကျွတ် ကျွတ်!"
............
ရုတ်တရတ်ဖြစ်ပေါ်လာသော ဆန်းကြယ်ဖြစ်ရပ်ကြောင့် အင်အားစုအများအပြားမှာ ထိုအကြောင်းကိုသာ အားကြိုးမာန်တက်ဆွေးနွေးလျက်ရှိကြ၏။
အထူးသဖြင့် ကျန်ဂိုဏ်းကြီး၄ဂိုဏ်းမှာ ရွှယ်ထျန်းဂိုဏ်းကို လျှော့မတွက်ရဲကြတော့ဘဲ အလွန်စိုးရိမ်ပူပန်လျက်ရှိကြလေသည်။
တကယ်တော့ ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူလေးတစ်ဦးဆိုသည်မှာ ဘာမှပြောပလောက်အောင်အရေးမကြီးပါ။ သို့သော် ဟွမ်ကျိုးလို ခြောက်ကပ်ကပ်ပြည်နယ်လေးတွင်တော့ တုနှိုင်းမရသည့် စွမ်းအားရှင်တစ်ဦးပါပေ။
အင်အားစုတစ်ခုကို နှစ်ထောင်ပေါင်းများစွာကြာအောင် တည်တံ့ခိုင်မြဲစေနိုင်မည့် ခေါင်းဆောင်တစ်ဦးပင်။
"ဟမ့် မိုးပြာဂဠုန်နတ်ဆိုးဘုရင်သာ ဒီတစ်ခေါက်မကျူးကျော်ခဲ့ရင် အဲ့မြူခိုးတောင်ထိပ်သခင်က ဘယ်လောက်ထိကြာအောင်များ ထပ်လျှို့ဝှက်ထားဦးမှာပါလိမ့်"
"ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူက အရမ်းအင်အားကြီးတယ်ဆိုပေမယ့် ငါ့တို့ပန်ရှန်းဂိုဏ်းရှေ့မှာတော့ လာပြီးမောက်မာနေလို့မရဘူး"
ပန်ရှန်းဂိုဏ်းမှာ ဟွမ်ကျိုးပြည်နယ်တွင် အင်အားအကြီးဆုံးဂိုဏ်းအဖြစ် လူသိများလေသည်။ ပန်ရှန်းဂိုဏ်းချုပ်က လက်နှစ်ဖက်ကိုနောက်ပစ်လျက် မထီမဲ့မြင်ပြုံးလိုက်သည်။
အဘယ့်ကြောင့်ဆိုသော် ပန်ရှန်းဂိုဏ်း၏ဘိုးဘေးမှာ လွန်ခဲ့သောနှစ်များက ဝိဉာဥ်သန္ဓေကျင့်ကြံဆင့် အထွဋ်အထိပ်သို့ပင် ရောက်ရှိထားပြီးဖြစ်ပြီး ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံဆင့်သို့တက်ရန် သီးသန့်ကျင့်ကြံအားထုတ်နေပြီ ဖြစ်သောကြောင့်ပင်။
သူသာ ကျင့်ကြံဆင့်ချိုးဖျက်လိုက်ပြီးပါက ပန်ရှန်းဂိုဏ်းမှာ ဟွမ်ကျိုးပြည်နယ်ကို စိုးမိုးနိုင်တော့မည်ဖြစ်၏။
ထိုအချိန်တွင် တာအိုကျင့်ကြံရေး၏ အထွဋ်အထိပ်ပြည်နယ်ဖြစ်သော အရှေ့ပိုင်းစီရင်စု ချင်းကျိုးပြည်နယ်တွင် ကျင့်ကြံရေးမိသားစုများ၊ မသေမျိုးမင်းဆက်များ၊ မသေမျိုးဂိုဏ်းဂဏများ စသည်ဖြင့် အနှံ့တည်ရှိလေသည်။
ယွီဟွားဂိုဏ်းမှာမူ လူသန်းပေါင်းရာချီ၏လေးစားယုံကြည်မှုကို ရရှိထားပြီး ဂိုဏ်း၏နာမည်နှင့် ဂုဏ်သရေကို နှစ်သန်းပေါင်းများစွာထိန်းသိမ်းထားနိုင်ခြင်းကြောင့် အထွဋ်အမြတ်ကျင့်ကြံရေးနယ်မြေတစ်ခုအဖြစ် လူသိများလေသည်။
ယွီဟွားဂိုဏ်း၏ အချို့သော ဘိုးဘေးခန်းမများတွင် ထူထပ်စွာခိုင်ခံ့သော ဝိဉာဉ်ကျောက်ပြားများကို နေရာချထားသည်။ ၎င်းတို့ထဲမှာ အက်ကွဲနေသော ဝိဉာဉ်ကျောက်ပြားတစ်ချပ်က ညဘက်တစ်ရေးနိုးလာသည့် တပည့်တစ်ယောက်ကို လန့်ဖျပ်ဖြူဖျော့သွားစေသည်။
"ဘုရားရေ ဒီဝိဉာဥ်ကျောက်ပြားက မူလောင်ရဲ့..."
မူလောင်ဆိုသည်မှာ ယွီဟွာဂိုဏ်း၏ ပြင်ပဂိုဏ်းအကြီးအကဲတစ်ဦးဖြစ်ပြီး ဂုဏ်သိက္ခာရှိ လူရိုသေရှင်ရိုသေ ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်၏။ မြေကမ္ဘာအဆင့်ကျင့်စဥ်များကို ကျွမ်းကျင်သောအကြီးအကဲတစ်ဦးဖြစ်သဖြင့် ပြင်ပဂိုဏ်းအကြီးအကဲများထဲတွင် အတော်ဆုံးဟုသတ်မှတ်ခံထားရသူတစ်ဦးပင်။
ဒီလိုလူက ရုတ်တရတ်သေဆုံးသွားရလိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ?
မကြာမီပင် အကြီးအကဲမူလောင်၏သေဆုံးမှုက ဂိုဏ်းအထက်အုပ်ချုပ်ရေးပိုင်းသို့ အဆင့်ဆင့်တင်ပြခံလိုက်ရလေသည်။
ဂိုဏ်းအထက်လူကြီးများမှာလည်း ဒေါသူပုန်ထကုန်ကြတော့၏။ ဤကမ္ဘာပေါ်က ဘယ်သကောင့်သားကများ အတင့်ရဲလို့ ယွီဟွားဂိုဏ်း၏အကြီးအကဲကို သတ်ပစ်ရဲပါသနည်း?
ဂိုဏ်းသားအားလုံး ဒေါသမထွက်ပဲမနေနိုင်ကြပါ။ ယွီဟွားဂိုဏ်းသားဟူသော အရှိန်အဝါဖြင့်ပင် သူတို့အပြင်လောကတွင် လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားနိုင်ပေသည်။ မည်သူမျှ သူတို့ကိုရန်မစရဲသည့်အပြင် ဆရာသခင်များကဲ့သို့ လေးစားရိုသေစွာ ဆက်ဆံကြပေဦးမည်။
အခုတော့ အပြင်ကိုအလုပ်ကိစ္စဖြင့်ထွက်ခွာသွားသော အကြီးအကဲတစ်ယောက်က နားမလည်နိုင်စွာ သေဆုံးသွားရလေပြီ။
မြင့်မားသော နတ်ဘုရားတောင်ထိပ်တစ်ခုဝယ်...
ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော သတ်လတ်ပိုင်းလူတစ်ယောက်ထိုင်နေပြီး ထိုသူ၏မျက်လုံးများမှာ မျက်တောင်တစ်ချက်ခတ်လိုက်ချိန်တိုင်း ကောင်းကင်ကိုတောင် ခွဲထုတ်လိုက်နိုင်ဖွယ်ရှိသည့် ကြောက်မက်ဖွယ် ရွှေရောင်အလင်းတန်းတွေ ထွက်လာတတ်သည်။ ထူထပ်သော ရွှေရောင်ဆံပင်များကို ကျစ်ဆံမြီးသေးသေးလေးတွေ ရာချီသည်အထိကျစ်ထားပြီး ထိုကျစ်ဆံမြီးတွေက ရင်ဘတ်နှင့်နောက်ကျောထက်တွင် တွဲလောင်းကျလျက်ရှိ၏။ လူတစ်ကိုယ်လုံးက စကားဖြင့်မဖွဲ့ဆိုနိုင်သော ကြောက်စရာစွမ်းအင်အရှိန်အဟုတ်တစ်ခုကို ထုတ်လွှတ်နေလေသည်။
ထိုသူမှာ ထိပ်သီးကျင့်ကြံသူ ကျွီယန်းပင်။
"ဆရာသခင် အားလုံးကဒီတပည့်ရဲ့အပြစ်တွေပါ ဒီတပည့်က အကြီးအကဲမူလောင်ကို အဖေ့ဆီဆေးလုံးပို့ခိုင်းမိလို့ ဖြစ်ရတဲ့ကိစ္စပါ"
လင်းလက်နေသော နေရောင်ခြည်များအား ပုံဖော်ထားသည့်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ခပ်ချောချောလူငယ်လေးမှာ ဒူးထောက်လျက်အပြစ်ဝန်ခံလို့နေသည်။
ထိုလူငယ်လေးမှာ ချန်ယွင်ဟိုင်၏သားဖြစ်သူ ချန်ရှောင်းပင်။
"ထပါတော့ မင်းအမှားမဟုတ်တာကို"
ထိပ်သီးကျင့်ကြံသူ ကျွီယန်းက ထိုသို့ဆိုကာ လက်တစ်ဖက်အသာမြှောက်လိုက်သော် မမြင်နိုင်သောအားတစ်ခုက ချန်ရှောင်းအား ပင့်တင်၍ထရပ်စေလိုက်သည်။
"ဆရာသခင်ရဲ့ခွင့်လွှတ်မှုကို အထူးကျေးဇူးတင်ပါတယ်"
ချန်ရှောင်း၏မျက်လုံးများမှာ တစ်ခုခုပြောချင်ဟန်ရှိသော်လည်း စကားထွက်မလာပေ။
"မင်းတစ်ခုခုမေးချင်တာရှိရင် မေးလိုက်ပါ"
ကျွီယန်းက ပေါ့ပေါ့ပါးပါး ဆိုလိုက်သည်။
ချန်ရှောင်းက ခပ်လေးလေးစကားစသည်။ "မူလောင်ရဲ့သေဆုံးမှုကြောင့် ဒီတပည့်စိတ်ပူပန်ကြောင့်ကြနေရပါတယ် အဖေတို့ဂိုဏ်းလည်း အန္တရာယ်မကင်းလောက်ဘူးလို့ စိတ်ထင်နေမိပါတယ် ကျွန်တော် ဟွမ်ကျိုးပြည်နယ်ကို တစ်ချက်လောက်သွားစစ်ကြည့်လို့ရမလားခင်ဗျာ"
ကျွီယန်းက ခေါင်းကိုခါလျက်ဆိုသည်။ "ရှောင်းအာ ဆရာကမင်းကိုဘာကြောင့် တပည့်အဖြစ်လက်ခံခဲ့တယ်ထင်လဲ"
"ဒီတပည့်မှာ နေမင်းမသေမျိုးခန္ဓာရှိပြီး မသေမျိုးဖြစ်ဖို့အလားအလာရှိတဲ့အတွက်ကြောင့်များလား"
ချန်ရှောင်းကဖြေလိုက်သည်။
ကျင့်ကြံရေးလောကတွင် စိတ်ဝိဉာဥ်အရင်းအမြစ်များအရေးကြီးသကဲ့သို့ ခန္ဓာအမျိုးအစားကလည်း လွန်စွာအရေးပါသည်။ အားကောင်းသောခန္ဓာအမျိုးအစားသည် တိုက်ပွဲများတွင်ကအထောက်အကူပြုရုံသာမက ကျင့်ကြံဆင့်တိုးတက်ဖို့ကိုလည်း အားမြှင့်ပေးနိုင်လေသည်။
ဤလောက၏ ခန္ဓာအမျိုးအစားများတွင် ဝိဉာဥ်ခန္ဓာ၊ စစ်မှန်သောခန္ဓာ၊ ရတနာခန္ဓာ၊ မသေမျိုးခန္ဓာနှင့် သူတော်စင်ခန္ဓာဟူ၍ ရှိပါ၏။
ချန်ရှောင်းသည်ကား နေမင်းမသေမျိုးခန္ဓာပိုင်ရှင်ဖြစ်သောကြောင့် ယွီဟွားဂိုဏ်းက မျက်စိကျကာခေါ်ယူခဲ့ခြင်းဖြစ်သည်။
ကျွီယန်းက မျက်နှာသေဖြင့်သာဆိုသည်။ "ဒါလည်းပါတယ် နောက်အကြောင်းရင်းတစ်ခုကတော့ မင်းဆီမှာ ကြီးမားတဲ့ရည်မှန်းချက်ကို ဆရာမြင်မိလို့ပဲ"
"ပိုပိုပြီးအင်အားကြီးလာဖို့ကို ဆန္ဒရှိနေတဲ့မင်းက မိသားစုအကြောင်းအရာလေးလောက်နဲ့ စိတ်အနှောင့်အယှက်ဖြစ်လို့မရဘူးလေ တပည့်ရင်းပြိုင်ပွဲက နီးကပ်လာပြီမလို့ မင်းစောစောပြင်ဆင်ထားသင့်တယ် မင်းကျန်တဲ့တပည့်ရင်းတွေကို အနိုင်ရပြီး ပထမနေရာရအောင်ယူနိုင်တာနဲ့ ဂိုဏ်းက မင်းအတွက်အရင်းအမြစ်တွေ ပိုတိုးထောက်ပံ့ပေးလိမ့်မယ် ဒါကတကယ့်အကျိုးအမြတ်ကြီးနော်"
"ဒါပေမယ့်..."
"ဒါပေမယ့်တွေမလာနဲ့တော့ ဆရာ ဟွမ်ကျိုးဘက်ကိုလူလွှတ်ပြီး ဖုန့်လဲ့ဂိုဏ်းအကြောင်း စုံစမ်းခိုင်းလိုက်မယ်"
ပြတ်သားသောအမိန့်စကားကိုကြားသော ချန်ရှောင်းလည်း စိတ်တွင်းမှကြောင့်ကြမှုများကို ဖယ်ထုတ်လိုက်ရပြီး လက်သီးဆုပ်အရိုအသေပြုကာ ပြန်ပြောလိုက်သည်။ "ဆရာသခင်ရဲ့မျှော်လင့်ချက်တွေပြည့်ဝအောင် ဒီတပည့်ကအစွမ်းကုန်ကြိုးစားပေးပါ့မယ်"
ထို့နောက် လှည့်ထွက်သွားတော့၏။
ထိပ်သီးကျင့်ကြံသူကျွီယန်းက အေးစက်သောအသံဖြင့် အမိန့်ပေးလိုက်သည်။ "ဟွမ်ကျိုးကိုသွားပြီး စုံစမ်းလာခဲ့"
လေဟာနယ်အတွင်းမှ အသံခပ်နိမ့်နိမ့်တစ်ခု ထွက်ပေါ်လာသည်။ "ဟုတ်ကဲ့"
**********
ရွှယ်ထျန်းဂိုဏ်း၏ မြူခိုးတောင်ထိပ်တွင်.....
မီးခိုးလုံးများတက်လာပြီး အသားကင်ရနံ့လည်း လွင့်တက်လာတော့၏။
ဟုန်ချန်ယဲ့က သိုးသားတွေကို ကျွမ်းကျင်စွာကင်လို့နေပြီး မီးအပူချိန်ကို ထိန်းချုပ်ကာ အထူးအမွှေးအကြိုင်များကို အချိန်မီဖြူးလိုက်သည်။ သိုးသားကင်တွေဟာ လတ်ဆတ်နူးညံ့ပြီး အရည်ရွှမ်းကာ တရှဲရှဲမြည်သံများလည်း ထွက်လို့နေသည်။
သူ့နောက်က နေရောင်ခြည်အောက်ရှိ ပက်လက်ကုလားထိုင်ပေါ်မှာ လှဲလျောင်းအနားယူနေသော ငွေရောင်ဆံပင်နှင့်လူငယ်ကို တိတ်တဆိတ် လှမ်းကြည့်မိလိုက်တော့ ဟုန်ချန်ယဲ့၏မျက်နှာမှာ စူပုပ်ပုပ်ဖြစ်သွားရသည်။
သူသည် တစ်ချိန်က အလယ်ပိုင်းစီရင်စုတွင် သွေးလွှမ်းသောမုန်တိုင်းများစွာကို တိုက်ခတ်စေခဲ့ပြီး သတ္တဝါတို့၏ သန်းပေါင်းများစွာသောအသက်ကို အပိုင်စားအုပ်စိုးခဲ့သည် နတ်ဆိုးအရှင်တစ်ဦးဖြစ်၏။ ငိုနေသောကလေးသည်ပင် သူ့နာမည်ကြားလျှင် အငိုတိတ်ရသည်အထိ။
ယခုတော့ တတိယတန်းစားဂိုဏ်းတစ်ဂိုဏ်းတွင် အိမ်ရှင်း၊ချက်ပြုတ် အလုပ်ကြမ်းလုပ်နေရလေပြီ။ တစ်ချိန်ကရန်သူတော်ကြီးများသာ သူ့အကြောင်းကြားမိလျှင်တော့ မျက်ရည်ထွက်သည်အထိ လှောင်ရယ်ကြမည်မလွဲပေ။
(စားပါ စားပါ စားနိုင်သူတွေစားကြပါ ဘာတွေများအဲ့လောက်အရသာရှိနေလို့လဲ ငါတော့လုံးဝကိုနားမလည်နိုင်တော့ဘူး ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူတစ်ယောက်ဖြစ်နေပြီး ဘယ်လိုလုပ်ရသာအာရုံတွေကို တပ်မက်နိုင်သေးတာလဲ)
(အဆင်းရှိပြီး အချင်းမရှိတဲ့ဟာကြီး)
ဟုန်ချန်ယဲ့ စိတ်တွင်းမှာ ကဲ့ရဲ့ပြစ်တင်နေလိုက်သည်။
"ရှောင်ဟုန် အဆင်သင့်ဖြစ်ပြီလား ဒီဆရာမစောင့်နိုင်တော့ဘူးဟေ့"
အနောက်မှ အမြင်ကပ်ချင်စရာအော်သံထွက်လာသည်။
"ရပါပြီ ဆရာသခင် ကျွန်တော်ယူလာခဲ့ပါ့မယ်"
ဟုန်ချန်ယဲ့သည် သိုးသားကင်ဒါဇင်ကျော်မျှကို ပန်းကန်ပေါ်သို့တင်ကာ အဆင်သင့်လှဲလျောင်းလျက် တပည့်အသစ်စက်စက်လေးကိုခိုင်းစားရက်နိုင်သော ဆရာသခင်ထံသို့ ယူဆောင်သွားလိုက်၏။
ခုံပေါ်တွင် သက်တောင့်သက်သာလှဲလျောင်းနေသော ယဲ့ကျွင်းလင်မှာ ထိုင်ရာမှမထပင် မွှေးကြိုင်နေသောသိုးသားကင်တစ်ချောင်းကိုယူကာ အရသာခံလေသည်။
အခုတလောတော့ သူကျင့်ကြံနေစရာကိုမလိုအပ်ပေ။ ဒီတိုင်းလှဲလျောင်းနေပြီး စနစ်ထဲသို့ မှန်မှန်ဝင်ကြည့်ပေးရုံမျှဖြင့် အဆင့်မြင့်စွမ်းအားများနှင့် ကျင့်စဥ်များကို အလိုလိုရရှိနိုင်နေလေသည်။ အလွန်စိတ်ကျေနပ်စရာပဲ!
စနစ်ထဲသို့ နေ့စဥ်မှန်မှန်ဝင်ပေးရုံဖြင့် ဆုလာဘ်တွေအများကြီးရသော်ငြား အများစုမှာ သူ့အတွက်သိပ်အသုံးမဝင်သောကြောင့် ရှယိုနျန်နှင့် အခြားဂိုဏ်းသားများကို မျှဝေပေးလေ့ရှိသည်။ အားလုံးကတော့ လက်ဆောင်ရတိုင်းစိတ်လှုပ်ရှားပြီး သူ့ကိုကျေးဇူးတင်လို့မဆုံးတော့ပေ။
[တင်! ကြီးမြတ်တဲ့ပိုင်ရှင်ကို စနစ်ကတစ်ခုလောက်မေးချင်ပါတယ် စနစ်ကဆုချထားတဲ့ အသားကင်အမွှေးအကြိုင်ကို စိတ်ကျေနပ်ပါရဲ့လား]
အသံချိုချိုလေးက သူ့စိတ်ထဲတွင် လွင့်ပျံလာသည်။
"အရမ်းကြိုက် သိပ်ကြိုက် ငါတို့ဇာတိမြို့က အသားကင်နဲ့နာမည်ကြီးတာလေ ဒီအရသာကြောင့် ငါ့နယ်မြို့လေးကိုတောင်ပြန်လွမ်းမိတယ်
[တင်! ပိုင်ရှင်စိတ်ကျေနပ်ဖို့ပဲ အရေးကြီးတာပါ]
ယဲ့ကျွင်းလင်က အနောက်တွင်နှုတ်ခမ်းစူစူဖြင့်ရပ်နေသော ဟုန်ချန်ယဲ့အားလှည့်ကြည့်၍ပြောလိုက်သည်။ "အာ မင်းလည်းတစ်ခုယူစားလေ အရမ်းယဥ်ကျေးနေစရာမလိုပါဘူး"
ဟုန်ချန်ယဲ့က ခေါင်းကိုသာယမ်းလာသည်။ "ဆရာသခင် ဒီတပည့်က ပေါ်ကူအဆင့်ကို ပြီးမြောက်အောင်မြင်သွားပြီဖြစ်လို့ အစားအသောက်ကိုစိတ်မဝင်စားတော့ပါဘူး" (ပေါ်ကူ - အစာရှောင်ကာ စိတ်နှင့်ခန္ဓာကိုသန့်စင်သော တာအိုကျင့်ကြံနည်းတစ်မျိုး)
"ဟေ့ မသေမျိုးအဆင့်ထိကျင့်ကြံပြီး ဒီလိုကြီးပဲနေနေရင် ဘာအဓိပ္ပာယ်ရှိတော့မှာလဲ ဆရာ့စကားနားထောင်ပြီး ပါးစပ်ဖွင့် စားပစ်လိုက်"
ဟုန်ချန်ယဲ့ကမူ ခေါင်းကိုသာတွင်တွင်ခါလေသည်။
"မစားတော့ပါဘူး ဆရာသခင် ဒီတပည့်က တကယ်စားချင်စိတ်မရှိလို့ပါ"
ယဲ့ကျွင်းလင်မှာ သန့်စင်သောကျင့်ကြံသူပန်းခင်းကြီးထဲတွင် တစ်ပွင့်တည်းလာပေါက်နေသော အသားစားပန်းပွင့်ကြီးနှင့်တူသည် ဟုတွေးရင်း ဟုန်ချန်ယဲ့ကြိတ်ရွံနေမိ၏။
"မင်းကတော့ ငါ့ကိုဆိုနည်းနည်းမှမျက်နှာသာမပေးဘူး ဆရာက စားဆိုရင်စားလိုက်ပေါ့ ပြန်ပြောဖို့ပေါက်ပန်းလေးဆယ်စကားတွေ ဘယ်ကတတ်လာတာလဲ"
ယဲ့ကျွင်းလင်က ပြောရင်း စိုက်ကြည့်လာသည်။
အကောင်ပေါက်လေး မင်းကိုတော့ ဒီဆရာကုသပေးရတော့မယ်။
ဟုန်ချန်ယဲ့: "..." (ဆွံ့အသွားမိ)
နောက်ဆုံးမှာတော့ ယဲ့ကျွင်းလင်း၏ မရမကတောင်းဆိုမှုကြောင့် ဟုန်ချန်ယဲ့လည်း မတတ်သာတော့ဘဲ သိုးသားကင်တစ်ချောင်းကို ကောက်ယူကာ အရင်ဆုံး အနံ့ခံလိုက်ပြီးမှ ရွံရှာစွာဖြင့် အသားကိုကိုက်ယူလိုက်လေသည်။
ဝုန်း!
ထိုအသံမှာ ဟုန်ချန်ယဲ့၏ရသာခံအာရုံကြောများ ပေါက်ကွဲသွားသောအသံပါပင်။ အသားကင်၏ တုနှိုင်းမမီအောင်ပြည့်စုံသော အနံ့အရသာက သူ့အရသာခံဖုများကို အင်အားအပြည့်ဖြင့် တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။
ဟုန်ချန်ယဲ့ ဂရုတစိုက်လေး ဝါးကြည့်လိုက်တော့ အံ့အားသင့်ဖွယ်ခံစားချက်လေးတစ်ခုက သူ့နှလုံးသားထဲသို့ နွေးထွေးစွာစီးဝင်လာတော့၏။
ချက်ချင်းဆိုသလိုပင် ခန္ဓာကိုယ်တစ်ခုလုံး ဓာတ်လိုက်သလိုတောင့်ခဲသွားရကာ ဝိဉာဥ်ကခန္ဓာကိုယ်မှထွက်ခွာသွားပြီး ထိုခန္ဓာမှာ အာကာသထဲလွင့်မျောနေသလို ခံစားလိုက်ရလေသည်။
ဘာကြောင့်မှန်း သူလည်းမသိရပါ။ မေ့ပျောက်နေပြီဖြစ်သော ကလေးဘဝမှတ်ဉာဏ်များကို ပြန်လည်နှိုးဆွခံလိုက်ရခြင်းပေလား။ လူ့အသက်ကို ပေါင်းပင်နှုတ်သလောက်သာသဘောထားသည့် နတ်ဆိုးဂိုဏ်းချုပ်လေး၏ မျက်ဝန်းအိမ်များမှာ စိုစွတ်လာရတော့၏။
ထို့နောက် မျက်ရည်လေးနှစ်စက်က တိတ်တိတ်ကလေးစီးကျလာသည်။
"ကောင်းတယ် ကောင်းတယ် စားလို့ကောင်းတယ်ဗျာ..."
၁၁ - နောက်ကွယ်ကတရားခံကို ရှာဖွေမယ်
ဘာလဲဟ?
မင်းက ဘာကိစ္စထငိုနေတာတုန်း?
ယဲ့ကျွင်းလင်ဆွံ့အသွားရပြီး သနားလာသဖြင့် ဟုန်ချန်းယဲ့၏ပုခုံးလေးကို အသာပုတ်ပေးရင်းနှစ်သိမ့်လိုက်သည်။ "ရပါတယ်ကွာ အဲ့လောက်တောင်စားကောင်းရင် ထပ်စားဦးနော်"
ဟုန်ချန်းလင်၏အဖြစ်မှာ အမှန်လည်းသနားစဖွယ်ပါပင်။ သူအသားနောက်ဆုံးစားခဲ့တာ ဘယ်လောက်ကြာခဲ့ပြီမှန်း သူကိုယ်တိုင်တောင်မမှတ်မိတော့ပါချေ။
ဟုန်ချန်းလင်မှာ ခံစားချက်ပေါင်းများစွာရောထွေးလျက်ရှိသည်။ သူသည် နွမ်းပါးသောမိသားစုတစ်ခုတွင် မွေးဖွားခဲ့ခြင်းဖြစ်သောကြောင့် ကလေးဘဝတုန်းက အစဥ်အမြဲဆာလောင်နေခဲ့ရသည်သာ။ အသားစားချင်လွန်း၍ ညတိုင်းအိပ်မက်ထဲထည့်မက်ရသည်အထိပင်။ နောက်တော့ သူကျင့်ကြံရေးလမ်းစဥ်ပေါ်သို့ မတော်တဆရောက်ရှိသွားခဲ့ပြီး သူ့ဘဝလမ်းမှာလည်း ခက်ခဲကြမ်းတမ်းလာခဲ့ကာ ကျင့်ကြံရေးအတွက် လိုအပ်သောအရင်းအမြစ်မှန်သမျှကို ရနိုင်သမျှနည်းလမ်းပေါင်းစုံဖြင့် လုယူခဲ့သည်။ ဤသို့ဖြင့် တဖြည်းဖြည်းနှင့် သူသည် အညှာအတာမဲ့ နတ်ဆိုးဂိုဏ်းချုပ်တစ်ဦးအဖြစ်သို့ ရောက်ရှိခဲ့ရ၏။
လူ့လောကမှ အရသာရှိအစားအသောက်တစ်ခုကို အရသာခံလိုက်ရသည့်အခါတွင် ဟုန်ချန်ယဲ့၏ကလေးဘဝမှတ်ဉာဏ်များမှာ ပြန်လည်ရုန်းကြွလာခဲ့သည်။ ကျင့်ကြံရေးလမ်းစဥ်တစ်လျှောက် ကြုံတွေ့ခဲ့ရသောအတက်အကျများကို ထပ်ပေါင်းထည့်လိုက်သော် စိတ်ခံစားချက်များမှာ နှလုံးသားတစ်ခုလုံးပေါက်ကွဲတော့မတတ် ပြင်းထန်လာခဲ့လေ၏။
လူ့လောက၏ ပျော်ရွှင်မှု၊ ဆန်းသစ်မှုတွေအားလုံးကို ပစ်ပယ်ထားသောကျင့်ကြံသူတစ်ဦးသည် ခံစားချက်မရှိ၊ အထိအတွေ့အာရုံမရှိသော ရွံ့စေးရုပ်တုတစ်ခုနှင့်မခြားပေ။ ပါးစပ်ဖြင့်အရသာခံနိုင်သော အစားအသောက်ကိုတောင်မှ စွန့်လွှတ်ထားရမည်ဆိုလျှင် ကျင့်ကြံဆင့်ဖြင့် အမြင့်တစ်နေရာကိုတက်လှမ်းထားနိုင်လျှင်တောင် ဘာကအဓိပ္ပာယ်ရှိတော့မည်နည်း?
ဟုတ်တယ်! ဘာအဓိပ္ပာယ်ရှိတော့မှာလဲ?
ဟုန်ချန်းယဲ့၏စိတ်ခံယူချက်မှာ ကြီးကြီးမားမားပြောင်းလဲသွားရသည်။
အတွေးစဥ်မှာလည်း ရုတ်တရတ် ရှင်းလင်းသွားတော့သည်။
ဘုန်း!
ဟုန်ချန်ယဲ့၏ကျင့်ကြံဆင့်မှာ ရုတ်ချည်းထိုးတက်လာကာ ဝိဉာဥ်သန္ဓေအစောပိုင်းအဆင့်မှ အလယ်အလတ်ဆင့်၊ နှောင်းပိုင်းအဆင့်၊ အထွဋ်အထိပ်အဆင့်၊ ပြီးပြည့်စုံခြင်းအဆင့်....
ထို့နောက် ချိုးဖျက်တက်ရောက်ခြင်း။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကြောက်စရာအရှိန်အဝါတစ်ခုက ဟုန်းခနဲ အဆင်အခြင်မဲ့ ပျံ့လွင့်လာတော့သည်။
အတွေးတစ်ချက်ဖြင့် နတ်ဘုရားအဆင့်သို့ တက်လှမ်းလေပြီ!
ကံကောင်းထောက်မစွာပင် မြူခိုးတောင်ထိပ်တွင် စွမ်းအင်များကိုဖုံးလွှမ်းကာကွယ်ပေးနိုင်သည့် အစီအရင်တစ်ခုဖွဲ့စည်းထားတာကြောင့် ရွှယ်ထျန်းဂိုဏ်းမှ သတိမမူလိုက်မိပေ။
"ငါ့ကောင်ရ ဒါလည်းအလုပ်ဖြစ်တာပဲလား!"
ယဲ့ကျွင်းလင် အံ့သြတကြီးဖြစ်သွားရသော်ငြား တစ်ဖက်လူမှာ ကျင့်ကြံဆင့်များကို တစ်ဖန်ပြန်လည်ဖြည့်ဆည်းနေသော စစ်မှန်သောမသေမျိုး ကျင့်ကြံသူတစ်ဦးဖြစ်သဖြင့် ဤမျှမြန်ဆန်နေတာကို သူနားလည်နိုင်ပါသည်။
ထိုအချိန်တွင် ဟုန်ချန်ယဲ့၏ကျင့်ကြံဆင့်မှာ ဝိဉာဥ်အဆင့်တက်ခြင်း အစောပိုင်းအဆင့်သို့ ရောက်ရှိနေလေပြီ။
ဟုန်ချန်ယဲ့လည်း တစ်ချက်မျှအံ့သြသွားဟန်ရှိသော်ငြား ချက်ချင်းပြန်လည်တည်ငြိမ်သွားသည်။ ဘဝတွင် အတက်အကျပေါင်းစုံကိုကြုံထားဖူးပြီးဖြစ်သဖြင့် ဤမျှသောအောင်မြင်မှုလေးကို မောက်မာထောင်လွှားစရာဟု သူမယူဆပါ။
သူ့နှလုံးသားထဲမှ ရည်မှန်းချက်ကမူ အလှမ်းဝေးနေသေးသည်။
ယဲ့ကျွင်းလင်က ချီးကျူးလာသည်။ "ရှောင်ဟုန် ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံဆင့်ကို ချိုးဖျက်လိုက်နိုင်တဲ့အတွက် ဂုဏ်ပြုပါတယ် ဆရာတစ်ယောက်အနေနဲ့ တကယ်ဝမ်းသာမိတယ် အခုဆို မင်းရဲ့ကျင့်ကြံဆင့်က ငါ့ကိုတောင်အမီလိုက်နိုင်တော့မယ်"
ဟုန်ချန်ယဲ့၏ဖီးနစ်မျက်လုံးများ မှေးကျဥ်းသွားပြီး အေးစက်စက်အလင်းတန်းတစ်ခုက သူ့မျက်လုံးထဲတွင် ဖြတ်ပြေးသွားသည်။
သူသည် ဝိဉာဥ်အဆင့်တက်ခြင်းသို့ တက်လှမ်းလိုက်နိုင်ပြီဖြစ်ပြီး လက်ရှိပိုင်ဆိုင်ထားသော ယင်ယန်မီးတောက်ကျင့်စဥ်နှင့်ဆိုလျှင် တိုက်ရည်ခိုက်ရည်မှာ ကြောက်မက်ဖွယ်အစွမ်းထက်လို့နေပြီဖြစ်၏။
သူတို့နှစ်ဦး ကျင့်ကြံဆင့်မတူညီသေးလျှင်တောင် နီးတော့နီးကပ်နေပြီဟု ဟုန်ချန်ယဲ့ယူဆသည်။
အခု သူ့ဆရာကို ကျောခိုင်းလိုက်သင့်ပြီလား?
ဟုန်ချန်ယဲ့တစ်ယောက် အတွေးများပြောင်းလုဆဲဆဲတွင် အသံတစ်သံက ကြားဖြတ်ဝင်ရောက်လာသည်။ "ဘာတွေငေးမောနေတာလဲ စားစရာရှိတာစားလေ"
ယဲ့ကျွင်းလင် သိုးသားကင်တစ်ချောင်းကောက်ကိုင်ပြီး သူ့ကို လှမ်းပေးလိုက်သည်။
ဟုန်ချန်ယဲ့ သိုးသားကင်ကို တွန့်ဆုတ်စွာလှမ်းယူလိုက်ပြီး ခေါင်းကိုငုံ့ကာ တိတ်တိတ်လေးစားနေလိုက်သည်။ အစောကအတွေးမှာ သူ့စိတ်ထဲတွင် ပေါင်းပင်များကဲ့သို့ အရိုင်းဆန်ဆန်ကြီးထွားလို့လာလေပြီ။
စားပြီးသောက်ပြီးချိန်တွင် ယဲ့ကျွင်းလင်သည် သွားကြားထိုးတံတစ်ချောင်းကိုကိုက်ကာ ခေါ်လိုက်သည်။ "ရှောင်ဟုန် ဆရာ့ကိုဇက်ကြောလေးလာဆွဲပေးစမ်းကွာ"
ဟုန်ချန်ယဲ့နှုတ်ခမ်းတစ်ချက်မဲ့လိုက်ပြီး စကားပြန်ပြောမလာပေ။ သို့သော် ယဲ့ကျွင်းလင်အနောက်တွင်လာရပ်ကာ လက်လှလှလေးများကိုဆန့်ထုတ်လျက် ပုခုံးပေါ်အသာတင်လိုက်သည်။
"မင်းဗိုက်မဝသေးဘူးလား အားထည့်ဦး အင်း အင်း ကောင်းတယ်"
"ဟေး အားလျှော့ဦးဟ"
ယဲ့ကျွင်းလင်၏မျက်နှာမှာ သက်တောင့်သက်သာနှင့် အတော်လေးဇိမ်ခံလို့ကောင်းနေသည့်နှယ်ပင်။
ဟုန်ချန်ယဲ့မှာ ဟိုကြည့်သည်ကြည့်ဖြစ်နေပြီး လက်များကို ငွေရောင်ဆံပင်နှင့်လူငယ်၏လည်ပင်းထက်သို့ မသိမသာဆန့်ထုတ်နေသည်မှာ လည်ပင်းညှစ်သတ်ရန်ကြံရွယ်နေသည်နှင့် တူလှ၏။
သူ့စိတ်နေသဘောထားအရဆိုလျှင် တစ်ပါးသူ၏လက်အောက်ခိုလှုံရသည့်ကိစ္စမျိုးကို လုံးဝမနှစ်သက်ခဲ့ပေ။ ယဲ့ကျွင်းလင်၏တပည့်လုပ်ဖို့ သဘောတူခဲ့ခြင်းဟာလည်း အခြေအနေအရသာဖြစ်၏။ အရေးကြီးဆုံး အကြောင်းရင်းကတော့ ယဲ့ကျွင်းလင်၏လျှို့ဝှက်ချက်များကို စူးစမ်းရှာဖွေလို၍ဖြစ်သည်။
သို့သော် ယခုအချိန်ထိ စောင့်ကြည့်နေသမျှကာလတွင်တော့ တစ်ဖက်လူ၏အမူအရာများမှာ သောက်ပျင်းတစ်ကောင် ဖြစ်နေရုံမှအပ စူးစမ်းထုတ်ဖော်စရာတစ်ခုမှရှိမနေပါလေ။
ထို့ကြောင့် ဟုန်ချန်ယဲ့လည်း ယဲ့ကျွင်းလင်ခိုင်းစားတာမှန်သမျှကို ဆက်သည်းမခံနိုင်တော့သည့်အဆုံး တစ်ဖက်လူအားတိုက်ခိုက်အညံ့ခံစေကာ ဤဆေးလုံးများနှင့် ကျင့်စဥ်များကို ဘယ်ကရလာသနည်းဟု အတင်းအကျပ်မေးမြန်းလိုလှ၏။
ထိုနည်းအတိုင်းသာဆိုလျှင် သူသိလိုသောအဖြေကိုရနိုင်ရုံသာမက ဒီနေရာမှာ တပည့်အဖြစ်ဆက်နေရန်လည်း မလိုအပ်တော့ပေ။
သို့သော် မေးမြန်းပြီးသွားလျှင်တော့ ယဲ့ကျွင်းလင်ကို သူအသေသတ်ခဲ့ဖို့စိတ်ကူးမရှိပါ။
သူက လူအများကို သိမ်းကျုံးသတ်ဖြတ်တတ်သော နတ်ဆိုးဂိုဏ်းချုပ်တစ်ဦးဖြစ်ပါသော်ငြား ယဲ့ကျွင်းလင်သည် သူ့အသက်ကို တစ်ခါကယ်ပေးခဲ့ဖူးသည်။ ထို့ကြောင့် အလွန်ဆုံး တစ်ဖက်လူကို ဖြစ်ပျက်သမျှအကုန်မေ့လျော့သွားအောင် ကျိန်စာတိုက်ခဲ့ရုံသာ လုပ်ခဲ့မည်ဟု တွေးထားသည်။ ထို့နောက် ရွှယ်ထျန်းဂိုဏ်းကို အပြီးတိုင်စွန့်ခွာကာ သူ၏ခရီးလမ်းအသစ်ကို စတင်ရမည်ဖြစ်၏။
ယဲ့ကျွင်းလင်မှာတော့ နီးကပ်လာသောအန္တရာယ်ကိုမမြင်နိုင်ဘဲ ဇိမ်ခံ၍ကောင်းနေဆဲပင်။
(ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံဆင့်လောက်နဲ့ ဒီဆရာကြီးကို မင်းထိန်းချုပ်ထားနိုင်မယ်ထင်နေလား)
(ဒီအဓိပ္ပာယ်မရှိတဲ့ ဆရာတပည့်ဆက်ဆံရေးက ဒီနေ့မှာတင် အဆုံးသတ်ရမယ်)
ဟုန်ချန်ယဲ့၏မျက်နှာလှလှလေးမှာ ရေခဲများဖုံးလွှမ်းသွားသည့်နှယ် အေးစက်သွားပြီး ပြင်းထန်သောတိုက်ကွက်ဖြင့် ရိုက်ချတော့မည့်ဟန်ပြင်လိုက်သည်။
ထိုအချိန်တွင် အသံလွှင့်ဓားပျံတစ်ခု ရောက်ရှိလာပြီး ၎င်း၏လမ်းကြောင်းမှာ မြူခိုးတောင်ထိပ်အား တောက်ပသောအလင်းရောင်တစ်သွယ်ရေးဆွဲသွားသည့်နှယ်ပင်။
"ဆရာတူညီလေးယဲ့ အစည်းအဝေးခန်းမကို မြန်နိုင်သမျှအမြန်ဆုံးလာပါ ကိုင်တွယ်ရမယ့်ကိစ္စတစ်ခု ရှိနေတယ်"
အသံလွှင့်ဓားပျံမှ ဂိုဏ်းချုပ်ရှယိုနျန်၏ လေးနက်သောအသံထွက်ပေါ်လာသည်။
"အမ်?"
ယဲ့ကျွင်းလင်မှေးနေရာမှ မျက်လုံးပွင့်လာပြီး ထထိုင်ကာ ခါးလှည့်ခေါင်းလှည့်ဖြင့် အကြောဆန့်နေလိုက်သည်။
"ကြည့်ရတာ ငါသွားရဦးမယ်ထင်တယ်"
ကြားဖြတ်ဝင်လာသောကိစ္စကြောင့် ဟုန်ချန်ယဲ့လည်း လက်တွ့န်သွားရသည်။
သူအခု ပြန်စလိုက်လို့ရသော်ငြား သူ့ခေါင်းထဲမှ ထိုသူကိုရန်မပြုရန်တားဆီးနေသော သတိပေးချက်တစ်ခု ရှိနေသကဲ့သို့ခံစားနေရသည်။
အကျိုးဆက်က လွန်စွာပြင်းထန်မည့်ပုံပင်။
မသေမျိုးအဆင့်သို့ တက်လှမ်းခဲ့ဖူးသော အတွေ့အကြုံရှိကျင့်ကြံသူတစ်ဦးအနေဖြင့် ဟုန်ချန်ယဲ့သည် ကျင့်ကြံသူအများစုထက် ပို၍သတိရှိတတ်သည်။ အဘယ့်ကြောင့်ဆိုသော ဆုံးဖြတ်ချက်လေးတစ်ခုကပင် သူ့ဘဝကို အပြီးတိုင်ပြောင်းလဲစေတတ်သည်ကိုး။
ယခု ချို့ယွင်းချက်များစွာရှိပြီး သောက်ပျင်းနှင့်တူသော ပေါ့တီးပေါ့ဆရန်သူတစ်ဦးကို တိုက်ခိုက်တော့မည့်ဆဲဆဲတွင် သူ့စိတ်ထဲမှသတိပေးခေါင်းလောင်းသံများက အလိုလိုမြည်ဟီးလာတော့၏။
(မဟုတ်မှ ဒီလူမှာဝှက်ဖဲတွေဘာတွေများ ရှိနေတာလား)
ဟုန်ချန်ယဲ့ ထိုအတွေးဖြင့် တွန့်ဆုတ်သွားမိသည်။
"ရှောင်ဟုန် ဆရာအခုသွားလိုက်ဦးမယ်"
"မင်းနှိပ်တာ အတော်လေးသက်တောင့်သက်သာရှိသားပဲ ပြန်လာရင် ဆရာ့ခြေထောက်တွေကိုနှိပ်ပေးဦး"
ယဲ့ကျွင်းလင်သည် ပြောပြောဆိုဆို လေထဲသို့ခုန်တက်ကာ ကောင်းကင်ယံထက် ပျံတက်ပျောက်ကွယ်သွားတော့၏။
ထိုစကားကိုကြားသော် ဟုန်ချန်ယဲ့တစ်ယောက် နှာခေါင်းတရှုံ့ရှုံ့ဖြင့် ဒေါသူပုန်ထရပြန်သည်။ ဒင်းက ဒီသခင်ကို အစေခံလိုဆက်ဆံနေတာပဲ!
သူတွန့်ဆုတ်ခဲ့မိသည်ကို နောင်တရသွားသည်။
အခွင့်အရေးရတုန်း တစ်ခါတည်းလက်စတုံးပစ်လိုက်ရမှာ!
ဒီအရှက်မရှိတဲ့ ဆရာဆိုတဲ့ကောင်ကို အဝတ်ရေညှစ်သလို ညှစ်သတ်ပစ်မယ်!
ဝေဟင်ထက်တွင် ယဲ့ကျွင်းလင်၏ငွေဖြူရောင်ဆံပင်များ တဖျပ်ဖျပ်လွင့်ခါလျက်ရှိပြီး နှုတ်ခမ်းထက်တွင် နောက်တောက်တောက်အပြုံးတစ်ခုကို ချိတ်ဆွဲထားသည်။
ဟုန်ချန်ယဲ့၏ မသိမသာလှုပ်ရှားမှုလေးများကို ယဲ့ကျွင်းလင် အကုန်သတိထားမိပါသည်။ အရာအားလုံးကို သူဂရုတစိုက် စောင့်ကြည့်ထားခဲ့တာပင်။
သူ၏ လေဟာနယ်ကျင့်စဥ်မှာ အလိုအလျောက်ပင် ပြီးမြောက်အောင်မြင်သည့်အဆင့်အထိ တိုးတက်သွားခဲ့ပြီဖြစ်၏။
အမှန်တကယ်အန္တရာယ်ရှိလာသည်ဆိုလျှင် မည်မျှပင်အသက်ဘေးနီးကပ်နေပါစေ သူချက်ချင်းလွတ်အောင်ပြေးနိုင်မှာဖြစ်ပြီး တစ်ဖက်လူကို အပြတ်နှိမ်နင်းနိုင်စွမ်းလည်း အပြည့်ရှိသည်။
ထိုသို့သောယုံကြည်မှုကြောင့် ဟုန်ချန်ယဲ့ကြံစည်နေသည့်တစ်လျှောက်လုံး သူအေးအေးဆေးဆေးသာနေနိုင်ခဲ့တာပင်။
အစည်းအဝေးခန်းမတွင် ဂိုဏ်းချုပ်ရှယိုနျန်နှင့် တောင်ထိပ်သခင်များ စုရုံးဆွေးနွေးလျက်ရှိကြသည်။
ခန်းမအပြင်ဘက်တွင် ပျံသန်းလာသော ငွေရောင်ဆံပင်နှင့်လူငယ်လေးကိုမြင်သော် ရှယိုနျန်နွေးထွေးစွာနှုတ်ဆက်ကြိုဆိုလိုက်သည်။ "ဆရာတူညီလေး ရောက်လာပြီပဲ"
ရှယိုနျန်ဟာ ဝိဉာဥ်သန္ဓေကျင့်ကြံဆင့်ကို ရောက်ရှိသွားပြီဖြစ်ပြီး သူ့ခန္ဓာကိုယ်မှအရှိန်အဝါသည် ပို၍နက်နဲလာကာ မျက်လုံးများထဲတွင်လည်း ကြောက်မက်ဖွယ်လျှပ်စီးများ လင်းလက်လို့နေသည်။
ရှယိုနျန်မှာ ယဲ့ကျွင်းလင်ကို လွန်စွာကျေးဇူးတင်မိလေသည်။ တစ်ဖက်လူက ရွှယ်ထျန်းဂိုဏ်း၏ကံကြမ္မာကို ပြောင်းလဲပေးခဲ့ရုံသာမက သူ့ကိုလည်း ရှားပါးကောင်းကင်အဆင့် လျှပ်စီးအစွမ်းရှိကျင့်စဥ်တစ်ခု လက်ဆောင်ပေးခဲ့သေးရာ လျှပ်စီးအခြေခံတိုက်ကွက်များသုံးလေ့ရှိသော သူ့အတွက် လွန်စွာအထောက်အကူပြုပေသည်။
"ဆရာတူညီလေးယဲ့"
စန့်ကျန့်တောင်ထိပ်သခင်က လှမ်းနှုတ်ဆက်လိုက်ပြီး ကျန်တောင်ထိပ်သခင်များလည်း ပြုံးပြနှုတ်ဆက်လာကြလေသည်။
သူတို့အားလုံး၏ ကျင့်ကြံဆင့်အခြေခံများလည်း များစွာတိုးတက်လာခဲ့ပြီး ဝိဉာဥ်သန္ဓေအဆင့်သို့ရောက်ရှိရန် လက်တစ်ကမ်းသာလိုတော့သည့်အခြေအနေပင်။
သူတို့အတွက် ကျင့်ကြံစရာကျင့်စဥ်များ တိုက်ကွက်များမှာ ယဲ့ကျွင်းလင်၏ကျေးဇူးဖြင့် ပိုလို့အရည်အသွေးကောင်းလာသောကြောင့် အင်အားလည်း တစ်ပါတည်းတိုးမြင့်လာရလေသည်။ ထို့ကြောင့် သူတို့အားလုံးလည်း ယဲ့ကျွင်းလင်ကို လွန်စွာချစ်ခင်လေးစားလာကြ၏။
"အားလုံးပဲ ဂိုဏ်းမှာပြဿနာတစ်ခုခုများရှိနေလို့လား"
ယဲ့ကျွင်းလင်မေးလိုက်သည်။
ရှယိုနျန်က လေးနက်စွာရှင်းပြလာသည်။ "လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်က ရွှယ်ထျန်းဂိုဏ်းကကာကွယ်ပေးထားတဲ့ ဝေ့တိုင်းပြည်က သတင်းစကားတစ်ခုပို့လာတယ် သူတို့တိုင်းပြည်တွင်းမှာ ထူးဆန်းတဲ့ကိစ္စတွေ တစ်ခုပြီးတစ်ခုဖြစ်နေတယ်တဲ့ နေရာအစုံကလူတွေ တစ်ယောက်ပြီးတစ်ယောက် သေနေကြတာတာတဲ့လေ သေဆုံးပုံတွေကထူးဆန်းပြီး အလောင်းတွေကလည်း သွေးတွေခြောက်ကပ်နေအောင် စုပ်ယူခံထားရတယ် သူတို့အစောပိုင်းအကဲဖြတ်ထားသလောက်တော့ နတ်ဆိုးတွေလက်ချက်လို့ပဲ ကောက်ချက်ချထားတာပေါ့"
"ဒီအရေးကိုစုံစမ်းဖို့ ငါတပည့်တစ်အုပ်စု စေလွှတ်လိုက်ပေမယ့် ပျောက်ဆုံးသွားပြီ ပြန်ရောက်မလာခဲ့ကြတော့ဘူး ဝေ့တိုင်းပြည်မှာတော့ အခြေအနေတွေပိုပြင်းထန်လာပြီး လူသန်းပေါင်းများစွာနေထိုင်တဲ့ မြို့ကြီးတွေဟာလည်း သုသာန်တစပြင်အဖြစ် ပြောင်းလဲသွားခဲ့ရတယ်"
"ဒါနဲ့တင်မပြီးသေးဘူး ဝေ့တိုင်းပြည်ရဲ့ အိမ်နီးချင်းတိုင်းပြည်တွေမှာလည်း ဒီလိုအဖြစ်တွေကြုံလာရတယ် ဟွမ်ကျိုးပြည်နယ်အထိကိုပါပျံ့လာပြီး သေဆုံးပုံ၊သေဆုံးနည်းတွေကလည်း တစ်ပုံစံတည်းပဲ"
"ဒီလိုသာဆက်သွားနေရင်တော ဟွမ်ကျိုးလည်း မတည်မငြိမ်ဖြစ်လာတော့မှာပဲ နောက်ဆိုရင် ရွှယ်ထျန်းဂိုဏ်းကို တပည့်ခံချင်တဲ့ကျင့်ကြံသူတွေတောင် ဒီအရေးကိုကြောက်တာနဲ့မလာရဲတော့ရင် ဂိုဏ်းကပိုပြီးနာမည်ကျဖို့ပဲရှိတော့တယ် ဒီလိုတော့အဖြစ်မခံနိုင်ဘူး"
ယဲ့ကျွင်းလင် အစအဆုံးနားထောင်ပြီးသော် မျက်မှောင်ကြုတ်လိုက်မိသည်။ "အဲ့လောက်တောင်ဆိုးရွားနေတာလား ဘယ်သူလုပ်မှန်းလည်း မမြင်ဖူးကြဘူးပေါ့"
ရှယိုနျန် ခေါင်းယမ်းပြလိုက်သည်။ "မြင်တဲ့သူမှန်သမျှလည်း အသတ်ခံလိုက်ရတာဖြစ်ဖို့များတယ် အခင်းနေရာတွေမှာလည်း သွေးစုပ်ခံထားရတဲ့အလောင်းတွေကလွဲပြီး ဘာမှမကျန်ခဲ့ဘူး"
ကျင့်ကြံရေးဂိုဏ်းတစ်ခုဟာ သင့်တော်တဲ့တပည့်သားတွေကို နှစ်တိုင်းမှန်မှန်မခေါ်ယူနိုင်ရင် အချိန်ကြာလာတာနဲ့အမျှ ဂိုဏ်းကိုဆက်ခံမယ့်မျိုးဆက်သစ်လေးတွေရှားပါးလာပြီး နှစ်တွေကြာလာရင် ပျက်သုဥ်းခြင်းကိုပဲ ဆိုက်ရောက်သွားလိမ့်မယ်။
ထို့ကြောင့် ကျင့်ကြံရေးဂိုဏ်းကြီးများက သေမျိုးတိုင်းပြည်များကို အလွန်အလေးထားဆက်ဆံပေးကြခြင်းဖြစ်၏။ ဂိုဏ်းသားများကို အများဆုံးရှာဖွေခန့်အပ်နိုင်သောနေရာမှာ ထိုလူသားတိုင်းပြည်များသာဖြစ်သည်လေ။
ကံကောင်းလျှင် မျိုးစေ့ကောင်းကောင်းလေးများ (ပါရမီရှင်ငယ်လေးများ)ကို ရှာဖွေတွေ့ရှိနိုင်ပေသည်။
ဤအချက်ကိုလျစ်လျူရှုထားမိလျှင် ဂိုဏ်း၏လည်ပတ်ပုံက ပျက်သုဥ်းခြင်းသို့သာ ဦးတည်ပေမည်။
ဂိုဏ်းချုပ်ရှယိုနျန်မှာ ထိုအမှန်တရားကို ကောင်းစွာနားလည်လေသည်။
သူကိုယ်တိုင်သည်လည်း လွန်ခဲ့သောနှစ်၂၀၀အကြာက သာမန်တောင်ပေါ်ရွာလေးတစ်ခုမှ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ရွှယ်ထျန်းဂိုဏ်း၏ အကြီးအကဲတစ်ဦးထံမှ အရွေးချယ်ခံခဲ့ရခြင်းဖြစ်ပြီး ထိုအချိန်မှစကာ သူ၏ကျင့်ကြံရေးလမ်းစဥ်ကို စတင်လျှောက်လှမ်းခဲ့ခြင်းပင်။
ယဲ့ကျွင်းလင် တွေးတွေးဆဆဖြင့်ပြောလိုက်သည်။ "ဂိုဏ်းချုပ်ပြောတဲ့အတိုင်းဆိုရင် အဖြစ်အပျက်က လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက ဝေ့တိုင်းပြည့်ကနေစခဲ့ပြီးမှ အခုပိုဆိုးလာတာဆိုတော့ ပြဿနာအရင်းအမြစ်က ဝေ့တိုင်းပြည်မှာပဲရှိရမယ် အဲ့ကနေစဖြေရှင်းကြတာပေါ့"
သူ့မှတ်ဉာဏ်များအရ ဝေ့တိုင်းပြည်ကို ဝေ့မင်းဆက်ပြည်ထောင်ဟုလည်းခေါ်ဆိုပြီး လူဦးရေသန်း၈၀ခန့်ရှိသော တိုင်းပြည်ကြီးတစ်ခုဖြစ်၏။ ဟွမ်ကျိုးတွင် ထိုသို့သောတိုင်းပြည်မျိုး အနည်းဆုံး ရာချီတော့ရှိသည်သာ။
ထိုပြဿနာကို ဟွမ်ကျိုးတစ်လျှောက် ပျံ့နှံ့ခွင့်ပေးလိုက်မည်ဆိုပါက မျိုးသုဥ်းသည်အထိ မလွှဲမရှောင်သာ ပျက်ဆီးယိုယွင်းသွားပေတော့မည်။
ထိုအချိန်တွင် စနစ်၏သတိပေးသံထွက်ပေါ်လာသည်။
[တင်! တာဝန်အသစ်ရောက်ရှိပါတယ် ဝေ့တိုင်းပြည်ကိုသွားပြီး ကပ်ဘေးရဲ့အရင်းအမြစ်ကိုရှာဖွေစုံစမ်းပါ ပိုင်ရှင်အနေနဲ့ စိတ်ကူးလို့တောင်မရတဲ့ဆုလာဘ်များစွာကို ရရှိပါမယ်]
၁၂ - ကျောက်တုံးလား စက္ကူလား သေမလား
"စနစ် မင်းကအမြင်ရှိသားပဲ"
[တင်! အဟမ်း သိပ်မဆိုးပါဘူး]
ယဲ့ကျွင်းလင် ပုခုံးတစ်ချက်တွန့်လိုက်သည်။ မဟုတ်လည်း သူတောင်ပေါ်မှာ စားလိုက်အိပ်လိုက်နှင့် မှိုဆက်ရုံသာရှိတော့သည်ပင်။ အခုတော့ အပြင်ထွက်ကစားဖို့ အခွင့်အရေးကောင်းတစ်ခု ရလာလေပြီ။ လမ်းကြုံတုန်း အမှိုက်ပုံထဲကကောက်ရလာသော တပည့်လေးကိုလည်း ဆွဲခေါ်သွားရမည်။
"ဟုတ်တယ် ငါလည်း ဝေ့တိုင်းပြည်ကပဲစတာလို့ထင်တယ်"
ရှယိုနျန်ကလည်း ခေါင်းညိတ်ထောက်ခံလာသည်။
"ဂိုဏ်းချုပ် ကျွန်တော်သီးသန့်ခရီးတစ်ခုထွက်ပြီး ဒီကိစ္စကိုဖြေရှင်းမယ်ဆိုရင်ရော ဘယ်လိုလဲခင်ဗျ"
ယဲ့ကျွင်းလင်က အဆိုပြုလိုက်သည်။
ခန်းမထဲရှိ မျက်လုံးတိုင်းမှာ ယဲ့ကျွင်းလင်ထံသို့ ဝှစ်ခနဲရောက်ရှိလာ၏။
ရှယိုနျန်က မုတ်ဆိတ်ကိုအသာသပ်လျက် ပြုံးသည်။ "ဆရာတူညီလေးယဲ့ကတော့ တည့်တိုးချတာပါပဲလား အင်း မင်းသွားရင်ဒီအရေးက ပိုမြန်မြန်ပြီသွားလောက်မယ်ထင်တယ်"
"ဟုတ်ပြီ ဒါဆိုနောက်မှတွေ့ကြမယ်နော်"
ထို့နောက် ယဲ့ကျွင်းလင် ခန်းမမှထွက်လာလိုက်တော့သည်။
ထွက်သွားသောနောက်ကျောပုံရိပ်ကို လိုက်ကြည့်ရင်း ဓားဝှက်တောင်ထိပ်သခင်က စိုးရိမ်တကြီးပြောလာသည်။ "အာ ဆရာတူညီလေးယဲ့က ဒီပြဿနာကို ကိုင်တွယ်နိုင်ပါ့မလား"
"ဟဲ့ ငတုံးကောင် ဟိုကဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူလေ ဒီဟွမ်ကျိုးပြည်နယ်လေးမှာ သူမကိုင်တွယ်နိုင်တာ ဘာရှိဦးမလဲ" နတ်ပန်းရနံ့တောင်ထိပ်သခင်မက မျက်ဆံလှန်လျက် ပြောလာသည်။
ဟွမ်ကျိုးနယ်တွင် ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူဆိုသည်မှာ ပြိုင်ဘက်ကင်းစွမ်းအားရှင်ပေတည်း။
"သူသာမကိုင်တွယ်နိုင်ရင်တော့ ဟွမ်ကျိုးက မျှော်လင့်ချက်မရှိတော့ဘူး" ရှယိုနျန်ပြောရင်း အပြုံးသည်လည်း တဖြည်းဖြည်းပျောက်ကွယ်သွားရသည်။
ထို့နောက် သူခပ်မာမာဆိုလာသည်။ "အားလုံးပဲ အမြန်ကျင့်ကြံအားထုတ်ဖို့ပြင်ကြ မဆိုင်တဲ့အရာတွေ ခေါင်းထဲအရမ်းမထည့်နဲ့ ဆရာတူညီလေးရဲ့ ငါတို့အပေါ်ထားတဲ့မျှော်လင့်ချက်တွေကို မဖျက်ဆီးမိစေနဲ့"
"ဟုတ်ကဲ့"
အားလုံး တုံ့ပြန်လိုက်ကြ၏။
*******
အရှေ့ပိုင်းစီရင်စုတွင် ဟွမ်ကျိုးပြည်နယ်မှာ အလွန်သေးငယ်သည်ဟုဆိုနိုင်သည်။ ထို့အပြင် ခြောက်သွေ့ခေါင်ခိုက်ကာ အစွန်အဖျားကျသောကြောင့် အခြားပြည်နယ်မှ ကျင့်ကြံသူများက ခေတ်နောက်ကျသောနေရာဟု ခေါ်ဆိုသတ်မှတ်ခြင်းခံရတတ်သည်။
သို့သော် ထိုသတ်မှတ်ချက်မှာ ကျင့်ကြံရေးလောကအတွက်သာပင်။
သာမန်လူများအတွက်တော့ ဟွမ်ကျိုးပြည်နယ်သည် အဆုံးအစမဲ့ကျယ်ပြောလှ၏။ တိုင်းပြည်တစ်ခုမှ တစ်ခုကို နေ့မနားညမနား ပင်ပင်ပန်းပန်းခရီးဆက်လျှင်တောင် အမြန်ဆုံး နှစ်လ၊ သုံးလတော့ ကြာတတ်သည်သာ။ ထို့ထက်ပိုဝေးသောသူများမှာတော့ တစ်သက်လုံး တွေ့ဆုံရဖို့ကိုလမ်းမမြင်တော့ပေ။
ကောင်းကင်တွင် တိမ်တိုက်များနှင့် မြူခိုးများ ရောယှက်ရွေ့လျားလျက်ရှိသည်။
ထိုခပ်မှိုင်းမှိုင်းကောင်းကင်ယံထက်တွင် ကြယ်တံခွန်နှစ်စင်းကဲ့သို့ ရှေ့ဆင့်နောက်ဆင့်ပျံသန်းနေကြသော ပုံရိပ်နှစ်ခုရှိသည်။
ယဲ့ကျွင်းလင်မှ အဝေးရှိ တောင်တန်းမြစ်ချောင်းများ၏ သဘာဝအလှတရားကိုခံစားရင်း သီချင်းလေးတညည်းညည်းဖြင့် ခရီးဆက်နေလေသည်။
ဟုန်ချန်ယဲ့ကတော့ အရှေ့ကပုံရိပ်ကို စူးစိုက်ကြည့်ရင်း မြူခိုးတောင်ထိပ်ပေါ်တွင်ဖြစ်ပျက်ခဲ့သော ကိစ္စများကိုပြန်သတိရကာ မကျေနပ်မှုများ ပိုလို့တိုးပွားလာတော့၏။
(ထားလိုက်ပါ လမ်းမှာအခွင့်အရေးပေါ်လာနိုင်ပါသေးတယ်)
(ငါ့လက်ထဲသာကျလာလို့ကတော့ သေအောင်နှိပ်စက်ပစ်ဦးမယ်)
ယဲ့ကျွင်းလင် မသိမသာလေးပြုံးလိုက်မိသည်။ အနောက်မှလူပစ်လွှတ်နေသော လေဆာအကြည့်များကို သူရှင်းရှင်းလင်းလင်းခံစားမိပါသည်။
(သူ့ကြည့်ရတာ အတော်လေးမကျေနပ်နေပုံပဲ ဟိဟိ)
(ဒီလိုဆိုတော့လည်း ငါမင်းကိုဖြည်းဖြည်းချင်း လေ့ကျင့်ပေးရသေးတာပေါ့ကွာ)
သိပ်မကြာခင်အချိန်အတွင်းမှာပင် သူတို့ ဝေ့မင်းဆက်ပြည်ထောင်ကို ရောက်ရှိလာခဲ့သည်။
ဝေဟင်မှ ငုံ့ကြည့်လိုက်သော မြို့ကြီးမြို့ငယ်များကို စီစီရီရီ စနစ်တကျပိုင်းခြားထားသော တိုင်းပြည်တစ်ခုကို တွေ့လိုက်ရ၏။
သွားလာလှုပ်ရှားနေသော တိုင်းသူပြည်သားများမှာမူ သူတို့အမြင်တွင် ပုရွက်ဆိတ်လေးများအလား သေးငယ်လှပေသည်။
လူသားတို့၏ကံကြမ္မာမှာ မွေးဖွားလာစဥ်ကတည်းက ဆုံးဖြတ်ပြီးသားပင်။ အချို့လူများက ဇိမ်ခံပစ္စည်းများကြားတွင် မွေ့လျော်နိုင်ပြီး စည်းစိမ်ချမ်းသာနှင့် ဂုဏ်ကျက်သရေကို မက်မောကြသည်။ အချို့လူများကတော့ ဆင်းရဲနွမ်းပါးလှကာ ဆန်ကြမ်းနှင် ဟင်းသီးဟင်းရွက်များကိုသာ စားသောက်နိုင်လေသည်။ အချို့လူများမှာတော့ ပင်ပန်းဆင်းရဲစွာ ကြိုးစားရုန်းကန်နေရပြီး နောက်ဆုံးတော့လည်း ဝေဒနာပြင်းထန်စွာပင် သေဆုံးသွားရပြန်၏။
ဤလောကတွင် ကံကြမ္မာကိုလွန်ဆန်နိုင်သည့် တစ်ခုတည်းသောအရာမှာ ကျင့်ကြံရေးပင်ဖြစ်၏။
"ဟင်? အောက်မှာတစ်ခုခုဖြစ်နေကြပုံပဲ"
ယဲ့ကျွင်းလင်က မျက်လုံးများကိုမှေးကျဥ်း၍ကြည့်ကာ ဆိုလာသည်။
ဟုန်ချန်ယဲ့လည်းလိုက်ကြည့်ပြီး ပေါ့ပေါ့ပါးပါးပင်တုံ့ပြန်လိုက်သည်။ "ကြည့်ရတာ ရွာတစ်ရွာ ဓားပြတိုက်ခံနေရတယ်ထင်ပါ့"
သူ့အတွက်တော့ ထိုကိစ္စများက မြင်ဖူးနေကျပင်။
"အဲ့လိုလား အောက်ဆင်းပြီး တစ်ချက်လောက်သွားကြည့်ရအောင်"
ယဲ့ကျွင်းလင်ကတော့ မျက်နှာထားပြောင်းသွားကာ ထိုရွာထံသို့ ဦးတည်ပျံသန်းလိုက်သည်။
"ပျင်းစရာကောင်းချက်"
ဟုန်ချန်ယဲ့ နှုတ်ခမ်းမဲ့ကာရေရွတ်လိုက်သော်ငြား အနောက်ကလိုက်သွားရုံသာတတ်နိုင်ခဲ့လေသည်။
ထိုအချိန်တွင် မက်မွန်ပန်းကျေးရွာလေးတွင်တော့ မီးတောက်များက ကောင်းကင်ယံသို့ထိုးတက်နေကြပြီး လေထုမှာလည်း မီးခိုးလုံးများဖြင့် ပြည့်နှက်လို့နေသည်။
ရွာသူရွာသားအများအပြားမှာ ဓားပြများထံမှ ခွေးမောင်းဝက်မောင်း အမောင်းခံနေရပြီး ရွာလယ်ရှိကွင်းပြင်ကျယ်တွင် စုဝေးနေကြရသည်။
နာခံခြင်းမရှိသော၊ ထွက်ပြေးလွတ်မြောက်ရန်ကြိုးစားသောသူတို့မှာ ထိုကြမ်းတမ်းလှသည့်ဓားပြများ၏ဓားချက်အောက်တွင် ပွဲချင်းပြီးအသက်ပျောက်ရပေမည်။
ပုံမှန်အားဖြင့် ငြိမ်းချမ်းသာယာလျက်ရှိသောရွာလေးမှာ အခုတော့ ငိုရှိုက်သံများ၊ အသနားခံတောင်းပန်သံများဖြင့် ပြည့်နှက်လို့နေလေပြီ။
"လူကြီးမင်းတို့ရေ ကျုပ်တို့ရွာကဆင်းရဲတဲ့နေရာမှာတော့ နာမည်ကြီးပါဗျာ ကျွန်တော်တို့မှာပိုင်ဆိုင်တာဆိုလို့ မွေးမြူထားတဲ့ ကျွဲနွားတွေ ကြက်တွေ ဘဲတွေ သိုးတွေပဲရှိတာပါ လူကြီးမင်းတို့ကြိုက်တာယူသွားနိုင်ပါတယ် အပြစ်မဲ့တဲ့လူတွေကိုတော့ မသတ်ကြပါနဲ့ခင်ဗျာ"
ဆံပင်များဖြူနေပြီဖြစ်သော မက်မွန်ပန်းရွာသူကြီးမှာ တောင်ဝှေးကိုအားပြုလျက် အရှေ့သို့ထွက်လာပြီး အသနားခံရှာလေသည်။
"ထွက်သွားစမ်း"
ဓားပြတစ်ဦးက စိတ်မရှည်စွာဖြင့် တစ်ချက်ဆောင့်ကန်လိုက်သော် ရွာသူကြီးမှာလဲကျသွားပြီး သွေးများအန်ထွက်လာရတော့၏။
ဓားပြအုပ်စုမှာ အယောက်တစ်ရာခန့်ရှိပြီး ကြောက်စရာမျက်နှာသွင်ပြင်များဖြင့် ထက်ရှသောဓားရှည်တို့ကိုကိုင်ဆောင်ထားကာ ရာပေါင်းများစွာသောရွာသားတို့အား ဖမ်းဆီးစုဝေးလျက်ရှိသည်။
ရွာသူရွာသားအားလုံးမှာ အမျိုးသား၊ အမျိုးသမီး၊ ကလေးလူကြီးမကျန် ကြောက်ရွံမှုဖြင့် တုန်ရီနေကြရှာတော့သည်။
"ခေါင်းဆောင် အားလုံးရောက်ပါပြီ"
ငယ်သားဓားပြတစ်ဦးက ဓားပြခေါင်းဆောင်ထံ ရိုသေစွာတင်ပြလိုက်သည်။
မုန်တိုင်းနက်ဓားပြအဖွဲ့ခေါင်းဆောင်သည် ကိုယ်ထည်မြင့်မားသောမြင်းတစ်ကောင်ကို စီးနင်းလာပြီး လူအုပ်ကြားထဲသို့ တည်ငြိမ်သောအမူအရာဖြင့် လျှောက်ဝင်သွားလိုက်သည်။
အံ့သြစရာကောင်းလောက်အောင်ပင် ထိုဓားပြခေါင်းဆောင်မှာတော့ လူကြမ်းလူမိုက်ပုံမဟုတ်ဘဲ ပညာတော်သင်တစ်ဦးကဲ့သို့ ပုံပန်းသဏ္ဍာန်ရှိလေသည်။ ဖျတ်ခနဲအကြည့်တွင် ကိုယ်ပိုင်စာသင်ကျောင်းတစ်ခု၏ ဆရာတစ်ယောက်လို အထင်ရောက်နိုင်ဖွယ်ပင်။
လူအုပ်ထဲတွင် မျက်စိဖမ်းစားဖွယ် အနီရောင်ဝတ်ရုံဆင်တူဝတ်ဆင်ထားသော စုံတွဲတစ်တွဲကို မြင်လိုက်ရသည်။ ကြည့်ရသလောက်တော့ ခန်းဆောင်ဝင်ခါနီး အသစ်စက်စက်မင်္ဂလာမောင်နှံဖြစ်ပုံရလေ၏။
မုန်တိုင်းနက်ဓားပြခေါင်းဆောင်သည် ခပ်မဲ့မဲ့တစ်ချက်ပြုံးလိုက်ပြီး ထိုစုံတွဲကိုလက်ညှိုးထိုးကာ အမိန့်ပေးလိုက်သည်။ "သူတို့ကိုဆွဲထုတ်လာခဲ့စမ်း"
"ဟုတ်ကဲ့ ခေါင်းဆောင်"
ငယ်သားအချို့က ချက်ချင်းရှေ့ထွက်လာကြသည်။
"ဟင့်အင်း"
"မလုပ်ပါနဲ့ လွှတ်ပေးကြပါ"
အသစ်စက်စက် မင်္ဂလာမောင်နှံနှစ်ဖော်မှာ မြေပြင်ထက် ဖိချခံလိုက်ရတော့၏။
သူတို့နှစ်ဦး၏မျက်လုံးများမှာ ရောက်ရှိလာတော့မည့်ကံကြမ္မာကို ကြောက်ရွံ့နေသကဲ့သို့ စိုးရိမ်စိတ်ပြည့်ဖြင့်ရှိလေသည်။
မုန်တိုင်းနက်ဓားပြခေါင်းဆောင်မှာ မြင်းပေါ်မှလွှားခနဲဆင်းပြီး သတို့သမီးလေးထံသို့ ဦးတည်လျှောက်လှမ်းသွားလေသည်။ ထို့နောက် သူမ၏မေးစေ့ကိုဆွဲကိုင်မော့ကာ နူးနူးညံ့ညံ့မျက်နှာလေးကိုသေချာကြည့်ပြီး ပြုံးတုံ့တုံ့ဖြင့် ပြောလိုက်သည်။ "မင်းက ချစ်စရာလေးပါလား"
"ချမ်းသာပေးပါ ချမ်းသာပေးပါ"
သတို့သမီးက ကြောက်လန့်တကြားဖြင့် အသနားခံသည်။
"ငါ့မိန်းမကိုမထိနဲ့ အခုလွှတ်လိုက်စမ်း"
သတို့သားမှာ တစ်စုံတစ်ခုကိုတွေးလိုက်မိသကဲ့သို့ မျက်လုံးများပေါက်ထွက်လာမတတ် အော်ဟစ်လေသည်။
ရွာသားအပေါင်းမှာလည်း သတို့သမီး၏ကံကြမ္မာကို ကြိုသိနေသည့်အလား ခေါင်းများကိုတွင်တွင်ငုံ့ထားလိုက်ကြသည်။
သို့သော် မည်သူမျှထင်မှတ်မထားသည့်မေးခွန်းတစ်ခုကို ဓားပြခေါင်းဆောင်ကြမေးလာသည်။ "မင်းခင်ပွန်းကို မင်းချစ်လား"
သတို့သမီးမှာလည်း ဓားပြခေါင်းဆောင်ထံမှ ထိုစကားကိုမျှော်လင့်မထားဟန်ဖြင့် ကြောင်အသွားရ၏။
ထို့နောက် အသာအယာခေါင်းညိတ်လျက်ဖြေလိုက်သည်။ "ဟုတ် ကျွန်မချစ်ပါတယ်"
ဓားပြခေါင်းဆောင်က သတို့သားထံတစ်ဖန်လှည့်၍ ထပ်မေးသည်။ "မင်းကရော သူ့ကိုချစ်လား"
ရိုးသားသောမျက်နှာဖြင့် သတို့သားမှာ မုန်တိုင်းနက်ဓားပြခေါင်းဆောင်ကိုမျက်နှာချင်းဆိုင်ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့်အော်ပြောလိုက်သည်။ "သေချာပေါက် ကျွန်တော်သူ့ကိုသိပ်ချစ်တာပေါ့ ကလေးဘဝကလေးက အချစ်ဦးတွေဖြစ်ခဲ့ပြီး အရွယ်ရောက်လာရင် သူ့ကိုလက်ထပ်ဖို့ရည်ရွယ်ထားခဲ့တာ အခုအဲ့ဒီဆန္ဒပြည့်မြောက်သွားပြီမလို့ ကျွန်တော်သူ့ကို တစ်ဘဝလုံး ကောင်းကောင်းဆက်ဆံပေးသွားမှာ"
"အစ်ကိုထျဲကျူး"
ရှောင်မေ၏မျက်လုံးများမှာ မျက်ရည်များဖြင့်ဝေဝါးနေကာ ရှိုက်သံဖြင့်ခေါ်ဆိုလာသည်။
မုန်တိုင်းနက်ဓားပြခေါင်းဆောင်မှာ အခိုက်အတန့်မျှတိတ်ဆိတ်သွားပြီးနောက် အခြားရွာသားတစ်ဦးကို လက်ညှိုးထိုးပြလိုက်သည်။
ငယ်သားတစ်ယောက်က အမိန့်ကိုချက်ချင်းနားလည်စွာဖြင့် ထိုရွာသားကို ချက်ချင်းရှင်းထုတ်ပစ်လိုက်သည်။ ကြောက်ရွံ့တုန်လှုပ်နေကြသော မရေမတွက်နိုင်သည့် အကြည့်များစွာကြားတွင် ထိုရွာသား၏လည်ပင်းကို ဓားဖြင့် ရွှိခနဲလှီးဖြတ်ချလိုက်ခြင်းပါပေ။
သွေးများမှာ မြေပြင်ထက်အိုင်ထွန်းသွားပြီး လိမ့်ကျလာသောခေါင်းပြတ်ကြီးမှာ သနားစဖွယ်မျက်နှာအမူအရာကြီးဖြင့်ပင်။
"အားးး"
လူအုပ်ကြီးမှာလည်း ကြောက်လန့်တကြား အာမေဋိတ်များပြုမိကြတော့၏။
ငြိမ်းချမ်းစွာ မသေဆုံးခဲ့ရသော ထိုသူ၏ခေါင်းပြတ်မှာလည်း မျက်လုံးတောင်မမှိတ်နိုင်ခဲ့ရှာ၊ ပြူကျယ်စွာပွင့်ဟလျက်ပင်။
ဓားပြခေါင်းဆောင်က ခပ်မြူးမြူးပြုံးလျက် ထိုခေါင်းပြတ်ကို မင်္ဂလာမောင်နှံ၏အရှေ့ရောက်အောင် ကန်ထုတ်ပေးလိုက်သည်။
ရှောင်မေမှာ ကြောက်လွန်း၍ မျက်နှာတစ်ပြင်လုံးအသွေးအရောင်မရှိတော့ဘဲ ထိုခေါင်းပြတ်ကိုလည်း စေ့စေ့မကြည့်ရဲပေ။
ထျဲကျူးမှာလည်း ဖြူဖျော့နေသောမျက်နှာအရောင်ဖြင့် ရင်တဒုန်းဒုန်းတုန်လျက်ရှိသည်။
"ဟေ့နှစ်ယောက် ငါရုတ်တရတ်ကြီး အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့အကြံဉာဏ်တစ်ခုရလာတယ် သိလား"
ဓားပြခေါင်းဆောင်က ရယ်သွမ်းသွေးလျက်ဆိုသည်။ "မင်းတို့နှစ်ယောက် ကျောက်တုံး စက္ကူ ကတ်ကြေးဆော့ကြလေ တစ်ပွဲနိုင်ရင်နိုင်ပြီပဲ ရှုံးတဲ့သူက အသတ်ခံရမယ် ဘယ်လိုလဲ"
"ဒါပေမယ့် မင်းတို့နှစ်ယောက်ကို သီးသန့်ဆွေးနွေးချိန်နည်းနည်းလောက်ပေးပါ့မယ်ကွာ"
ထျဲကျူးနှင့်ရှောင်မေမှာ ဘာကြောင့်ဒီလိုလုပ်ရမည်ကို နားမလည်ဟန်ဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်မိကြသည်။
ဓားပြခေါင်းဆောင်ကတော့ တွေဝေနေသောနှစ်ယောက်ကိုကြည့်ကာ အပြုံးကအေးစက်သွားပြီး ဒေါသတကြီးပြောလာသည်။ "ဘာလဲ မဆော့ချင်ဘူးလား အဲ့ဒါဆိုလည်းသေကြကွာ"
"မဟုတ် မဟုတ်ပါဘူ ကျွန်တော်တို့ဆော့ပါ့မယ်"
ထျဲကျူးက အမြန်ဖြေလိုက်သည်။ နှစ်ယောက်လုံးသေသည်ထက် တစ်ယောက်ရှင်ကျန်ခဲ့သည်က ပိုကောင်းပေမည်။
"ကောင်းပြီ ဒါဆိုစကြတော့"
ဓားပြခေါင်းဆောင်ကို လက်ကိုဝှေ့ယမ်းလျက်ပြောလိုက်သည်။
ထျဲကျူက ရှောင်မေကိုထောင့်တစ်ထောင့်သို့ဆွဲခေါ်ကာ အလေးအနက်ပြောသည်။ "ရှောင်မေ ငါကကျောက်တုံးထုတ်မှာမလို့ မင်းကစက္ကူထုတ်လိုက်နော် ဒါဆိုအသက်ရှင်နိုင်သွားလိမ့်မယ်"
ရှောင်မေမှာ နီရဲနေသောမျက်လုံးများဖြင့် ရှိုက်ငိုလျက်ပြောလာသည်။ "အစ်ကိုထျဲကျူး အဲ့လိုမလုပ်ပါနဲ့ ကျွန်မရှင့်ကိုမသေစေချင်ဘူး"
ထျဲကျူက ရိုးစင်းစွာပြုံးပြလိုက်ပြီး ရှောင်မေ့ခေါင်းလေးကိုပွတ်လျက်ပြောလိုက်သည်။ "ငါမင်းကိုတစ်ဘဝလုံးကောင်းကောင်းဆက်ဆံပါ့မယ်လို့ ပြောခဲ့တယ်လေကွာ"
"အစ်ကိုထျဲကျူး နောက်ဘဝလည်း ကျွန်မတို့ဇနီးမောင်နှံထပ်ဖြစ်ကြမယ်နော်"
ရှောင်မေက ကြေကွဲစွာဆိုလာသည်။
ချစ်သူနှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက်မှီလျက် ခေတ္တမျှငြိမ်သက်နေခဲ့ကြသည်။
အချိန်တိုလေးမှာ ခဏချင်းအတွင်း ကုန်ဆုံးသွားရလေပြီ။
အေးစက်သောအသံတစ်သံထွက်လာသည်။ "အချိန်စေ့ပြီ သူတို့ကိုခေါ်ခဲတော့"
"ဟုတ်ကဲ့"
ထို့နောက်ငယ်သားအချို့က ထျဲကျူးနှင့်ရှောင်မေကို ဓားပြခေါင်းဆောင်ထံ ဆွဲခေါ်သွားကြလေသည်။
ဓားပြခေါင်းဆောင်က တည်ငြိမ်စွာဆိုသည်။ "အဆင်သင့်ဖြစ်ပြီဆိုရင် စလိုက်ရအောင်"
"နေပါဦး"
ထျဲကျူးက သတ်လတ်ပိုင်းဓားပြခေါင်းဆောင်ကိုကြည့်လျက် ရဲဆေးတင်ကာမေးခွန်းထုတ်လာသည်။ "အနိုင်ရတဲ့သူကို တကယ်အသက်ချမ်းသာပေးမှာလား"
"မင်းကများ ငါတို့ခေါင်းဆောင်ကို မေးခွန်းထုတ်ရဲတယ်?" ငယ်သားတစ်ဦးက ဒေါသတကြီးဖြင့်အော်လိုက်သည်။
ဓားပြခေါင်းဆောင်ကတော့ အသာပြုံးလျက်ပြောသည်။ "ဒါပေါ့ မင်းကိုလိမ်လို့ ဘာအကျိုးအမြတ်ရမှာမလို့လဲ"
"ကောင်းတယ်"
ထျဲကျူး စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ချလိုက်သည်။
ထို့နောက် သူအရှေ့မှရှောင်မေကိုကြည့်ကာ လေးနက်စွာပြောလိုက်သည်။ "စလိုက်ကြရအောင်"
ထို့နောက် လူအများ၏ရှေ့တွင် သူတို့ ကျောက်တုံး စက္ကူ ကတ်ကြေးဂိမ်းကို ဆော့ကြလေသည်။
ထို့နောက် ရလဒ်ကိုကြည့်ပြီး ထျဲကျူးဆွံ့အသွားရ၏။
ရှောင်မေ၏မျက်နှာလှလှလေးတွင် အံ့သြထိတ်လန့်မှုများပြည့်နှက်သွားပြီး ငိုယိုလျက်အော်ဟစ်လာသည်။ "ကျွန်မမှားသွားတာပါ မသတ်ပါနဲ့ မသတ်ပါနဲ့"
ဟားဟားဟားဟား...
မုန်တိုင်းနက်ဓားပြခေါင်းဆောင်မှာ မျက်ရည်ထွက်ကျတော့မတတ် မဆုံးနိုင်အောင် လှောင်ပြောင်အော်ရယ်နေတော့လေသည်။
သူတို့သဘောတူညီထားတဲ့အတိုင်း ထျဲကျူးက ကျောက်တုံးကိုထုတ်ခဲ့ပါသည်။
သို့သော် ရှောင်မေက ကတ်ကြေးကိုထုတ်ခဲ့လေ၏။
၁၃ - မဟုတ်မှလွဲရော သူလား?
"ဘာကြောင့်လဲ ဘာကြောင့်ဒီလိုလုပ်ရတာလဲ ကိုယ်မင်းကိုလိမ်မယ်လို့ မင်းထင်နေတာလား" ထျဲကျူးအမြင်အာရုံများ မှုန်ဝါးလာလျက် တုန်ယင်စွာရေရွတ်လေသည်။
သူ၏ဖြူစင်ရိုးသားသော ချစ်ခြင်းမေတ္တာများ ခွေးကျွေးခံလိုက်ရသည့်နှယ်။
"ဝူးး ကျွန်မမှားသွားတာပါ နောက်ထပ်မလုပ်တော့ပါဘူး" ရှောင်မေက မြေကြီးပေါ်ဒူးထောက်လျက် အော်ဟစ်ငိုယိုကာ တောင်းပန်လာသည်။ "အစ်ကိုထျဲကျူး ကျွန်မကိုကယ်ပါဦး ကျွန်မမသေချင်သေးဘူး"
မုန်တိုင်းနက် ဓားပြခေါင်းဆောင်ကတော့ နောင်တတရားများခြုံလွှမ်းနေသောအသံဖြင့် ဖြည်းညင်းစွာခေါင်းယမ်းလျက် ဆိုလာသည်။ "ငါလည်း အရင်တုန်းကတော့ ငယ်ချစ်ဦးတစ်ယောက်ရှိခဲ့ဖူးတာပါပဲ ငါတို့လက်ထပ်ပြီး ကလေးတွေအများကြီးယူကြမယ် အတူတူကြီးပြင်းသွားကြမယ်လို့ ကတိတွေထားခဲ့ကြတာ တော်ဝင်ပညာသင်ဆုစာမေးပွဲကို အောင်မြင်ပြီးမှ သူ့ကို လူရှစ်ယောက်ထမ်းဝေါယာဥ်နဲ့ တင်တောင်းလက်ထပ်မယ်လို့ တိတ်တဆိတ်ကတိပြုခဲ့ဖူးတယ်"
"ကံမကောင်းစွာနဲ့ပဲ တော်ဝင်စာမေးပွဲကိုမအောင်မြင်ခဲ့ဘူး ဒီတော့ ဆင်းရဲတဲ့စာသင်သားတစ်ယောက်အနေနဲ့ပဲ ကိုယ်ပိုင်စာသင်ကျောင်းတစ်ခုမှာ လစာနည်းနည်းနဲ့ ဆရာဝင်လုပ်ခဲ့ရတာပေါ့"
"ငါစာမေးပွဲမကျခင်အချိန်ကတည်းက သူက ငါနဲ့လက်ထပ်မယ့်နေ့ကို နောက်ဆုတ်ထားခဲ့တာ ငါကတော့ သူများအဆင်သင့်မဖြစ်သေးလို့လားဆိုတဲ့စိတ်နဲ့ အရင်လိုဂရုတစိုက်ဆက်ဆံပေးခဲ့တာပဲ ဒါပေမယ့် စာနာတတ်တဲ့ အစေခံတစ်ယောက်က အဲ့အပျက်မ ငါ့ကွယ်ရာမှာ စုမိသားစုက သခင်လေးနဲ့ ဇာတ်လမ်းရှုပ်နေတဲ့အကြောင်း ပြောပြလာခဲ့တယ်"
"အဲ့ဒီအချိန်ကျမှ သူငါ့အပေါ်စိတ်မရှိတော့ကြောင်း ငါနားလည်ခဲ့ရတာလေ"
သတ်လတ်ပိုင်းဓားပြခေါင်းဆောင်ဟာ ပြောရင်းပြောရင်းဖြင့် တစ်ချိန်ကသူမြင်တွေ့ခဲ့ရသော သည်းမခံနိုင်လောက်သည့် ထိုမြင်ကွင်းကို ပြန်လည်မြင်ယောင်လာဟန်ဖြင့် မျက်လုံးတို့မှာ သွေးနီရောင်လွှမ်းလာကာ လေသံမှာလည်း နာကျည်းမှုများဖြင့် စူးနင့်လျက်ရှိလေသည်။
"ငါသူ့ကိုမေးခွန်းထုတ်ဖို့ ပြေးသွားလိုက်ပေမယ့် ဘာကိုပဲတွေ့လိုက်ရသလဲသိလား အိမ်ထဲမှာဖောက်ပြန်နေတဲ့ အဲ့ဒီစုံတွဲကိုပေါ့"
ထိုမြင်ကွင်းကို မျက်စိရှေ့မှာ ကွက်ကွက်ကွင်းကွင်းမြင်လိုက်ရပြီးနောက် ထိုစုမိသားစု၏သခင်လေးဟာ ဒေါသတကြီးဖြင့် သူ့ကိုချုပ်နှောင်ထားဖို့ လက်အောက်ငယ်သားများအား အမိန့်ပေးကာ ထိုရွံရှာစရာမြင်ကွင်းကို အတင်းအကျပ် ဖိအားပေးကြည့်ရှုခိုင်းစေလေသည်။
သူချစ်ရတဲ့မိန်းမက တစ်ခြားယောက်ျားတစ်ယောက်ကို သာယာမှုပေးနေတဲ့မြင်ကွင်း၊ သူမရဲ့ တပ်မက်မှုအပြည့်နဲ့ အော်သံတွေကို သူလုံးဝမေ့လို့ရတော့မည်မဟုတ်ပါ။
"တွေ့လား ဒါမင်းတစ်ဘဝလုံး ပျော်အောင်ထားချင်လှပါတယ်ဆိုတဲ့ မိန်းမရဲ့ အချိုးပဲ"
မုန်တိုင်းနက်ဓားပြခေါင်းဆောင်က ထျဲကျူး၏နဖူးကို လက်ညှိုးဖြင့်ထောက်လျက် ရယ်မြူးပျော်ရွှင်စွာဆိုလေသည်။
ထျဲကျူးမှာတော့ အသက်မဲ့နေသောအလောင်းကောင်ကဲ့သို့ စိတ်ပျက်အားလျော့လျက်ရှိလေသည်။
အော်ဟစ်ငိုယိုနေသော ရှောင်မေမှာတော့ ဓားပြတစ်ဦး၏ဓားမြှောင်ဖြင့် ခေါင်းဖြတ်ခံလိုက်ရကာ သွေးများက ဒလဟောပန်းထွက်လာတော့၏။
ရွာသားများမှာတော့ ဆောင်းတွင်းပုရစ်များကဲ့သို့ တုတ်တုတ်ပင်မလှုပ်ရဲကြပါချေ။
အဝေးတစ်နေရာတွင်တော့ ရှည်သွယ်သွယ်ပုံရိပ်နှစ်ခုက တောင်ထိပ်ထက်တွင်ရပ်လျက် ပွဲကြည့်နေကြသည်။
ဖြစ်စဥ်တစ်ခုလုံးကို အစအဆုံးမြင်တွေ့လိုက်သော ဟုန်ချန်ယဲ့မှာ လက်ပိုက်လျက် ခပ်မြူးမြူးပြုံးကာဆိုသည်။ "စိတ်ဝင်စားစရာပဲ ဒီဇာတ်လမ်းကိုကြိုက်တယ်"
ယဲ့ကျွင်းလင်ကတော့ မျက်မှောင်ကြုတ်လျက် စဥ်းစားခန်းဝင်နေသည်။ ထိုမုန်တိုင်းနက်ဓားပြခေါင်းဆောင်မှာ မြင်ရသလောက်ရိုးရှင်းပုံမရပေ။ တစ်ခုခုတော့ထူးဆန်းနေသည်။
ထိုအချိန်တွင် မုန်တိုင်းနက်ဓားပြခေါင်းဆောင်၏ စနောက်ချိန်မှာတော့ ပြီးဆုံးသွားလေပြီ။
"ကဲ စီးပွားရေးလေးစလိုက်ကြရအောင်"
သူက မျက်လုံးဆုံချက်ပျောက်ကာ ကိုမာဝင်သကဲ့သို့ မလှုပ်မယှက် မြေပြင်ထက်တွင်လဲကျနေသော ထျဲကျူးကို လက်နှစ်ချောင်းဖြင့်ညွှန်ပြလျက်ဆိုသည်။
"သဘောတူညီချက်အတိုင်း မင်းကိုမသတ်တော့ဘူး ဒါပေမယ့် ကျန်တဲ့သူတွေကတော့ ဟဲဟဲ"
မုန်တိုင်းနက်ဓားပြခေါင်းဆော၏အရှိန်အဝါ ဖြာထွက်လာပြီး မျက်လုံးများက သွေးနီရောင်အလင်းတန်းတစ်ခုဖြင့် ရက်စက်စွာတောက်ပလာကြသည်။ မြေပြင်ထက်တွင် ဒူးထောက်လျက်ရှိကြသောရွာသားအုပ်စုကြီးကိုကြည့်ရင်း နှုတ်ခမ်းတစ်ဖက်ကိုအပေါ်ပင့်လျက် မဲ့ပြုံးပြုံးလိုက်၏။
"မြန်မြန် ရှောင်ကြတော့ ဓားပြခေါင်းဆောင်က သူ့ရဲ့နတ်ဘုရားစွမ်းအားကို ထုတ်သုံးတော့မယ်"
ဘေးပတ်လည်မှ ဓားပြငယ်သားများမှာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် အနောက်သို့ဆုတ်သွားကြလေသည်။
မုန်တိုင်းနက်ဓားပြခေါင်းဆောင် စတင်စားသောက်ပါတော့မည်။
ရွှစ် ရွှစ် ရွှစ်
ဓားပြခေါင်းဆောင်၏ရင်ဘတ်မှ သွေးကြောများ ထူထပ်သိပ်သည်းစွာ ဖောက်ထွက်လာကာ အသက်ဝင်နေသကဲ့သို့ ရွာသားများထံ ပြေးဝင်သွားကြလေတော့၏။
ထို့နောက် အမျိုးသမီး၊ အမျိုးသား၊ ကလေးများနှင့် သက်ကြီးရွယ်အိုအပေါင်းတို့ဟာ မျက်စိဖြင့်မြင်နိုင်လောက်သည့်အရှိန်ဖြင့် ခြောက်ကပ်ဖြူရော်သွားခဲ့ကာ သွေးပမာဏများစွာသည် သွေးကြောများမှတစ်ဆင့် မုန်တိုင်းနက်ဓားပြခေါင်းဆောင်၏ရင်ဘတ်ထဲသို့ စီးဝင်သွားကြလေသည်။
"ဟုတ်တယ် ဒါပဲလေ သွေးတွေကိုအကုန်အစင်စုပ်ယူနိုင်သရွေ့ ချီသန့်စင်ခြင်းအဆင့်ကနေ အခြေတည်ထောင်ခြင်းအဆင့်ကိုတက်ဖို့ ယုံကြည်မှုပိုရှိလာတယ်"
ဓားပြခေါင်းဆောင်သည် ကိုယ်တွင်းမှပြောင်းလဲမှုများကိုခံစားကြည့်ရင်း စိတ်လှုပ်ရှားစွာဖြင့်ဆိုလာသည်။
"ကယ်ကြပါဦး ကျွန်မကိုမသတ်ပါနဲ့!"
"အမေရေ သားကြောက်တယ်!"
"တစ်ယောက်လောက် ကယ်ကြပါဦး!"
"မကောင်းဆိုးဝါးကြီး အဲ့ဒါမကောင်းဆိုးဝါးကြီးပဲ!"
အော်ဟစ်ငိုကြွေးသံများ ဆက်တိုက်ထွက်ပေါ်လို့လာသည်။
"ဒီလောက်ဆိုသေချာပြီး ပြဿနာအရင်းအမြစ်က အဲ့ကောင်ပဲ"
ယဲ့ကျွင်းလင်၏မျက်လုံးထဲမှ စူးရှရှအလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။
ဝေ့တိုင်းပြည်အတွင်း လွန်ခဲ့သောနှစ်အနည်းငယ်ကတည်းက ဖြစ်ပေါ်ခဲ့သော ထူးဆန်းသည့်ဖြစ်ရပ်များမှာ တစ်စုံတစ်ဦးက တမင်တကာဖန်တီးနေမှန်း သိသာလှပေ၏။
မုန်တိုင်းနက်ဓားပြခေါင်းဆောင်၏အင်အားအဆင့်အရ ထိုသူမှာ နောက်ကွယ်ကကြိုးကိုင်သူတော့ မဖြစ်တန်ရာ၊ သို့သော် သွေးဆောင်ခံရမည့်သူထဲတွင်တော့ ပါနိုင်ချေရှိသည်။
"အင်း... ဒီနတ်ဆိုးကျင့်စဥ်က..."
ဟုန်ချန်ယဲ့၏စိတ်နှလုံးမှာ တုန်လှုပ်လျက်ရှိသည်။ တစ်ဖက်လူအသုံးပြုနေသော နတ်ဆိုးကျင့်စဥ်မှာ သူတစ်ခါက ရင်းနှီးကျွမ်းဝင်ဖူးသော မိတ်ဆွေတစ်ဦး၏နည်းလမ်းနှင့် ဆင်ဆင်တူနေသည်ပင်။
(ဒါပေမယ့် လွန်န်ခဲ့တဲ့နှစ်၂၀၀လောက်ကတည်းက အလယ်ပိုင်းစီရင်စုက သူတော်ကောင်းဂိုဏ်းတွေရဲ့ရှင်းလင်းမှုအောက်မှာ သူသေဆုံးသွားခဲ့ပြီးပြီမဟုတ်လား)
ဟုန်ချန်ယဲ့မျက်မှောင်ကြုတ်လျက် အသည်းအသန်စဥ်းစားနေရတော့သည်။
ထိုသူ၏နည်းလမ်းများမှာ လွန်စွာယုတ်မာကောက်ကျစ်ပြီး သူနှင့်တန်းတူအဆင့်အတန်းရှိခေါင်းဆောင်တစ်ဦးလည်းဖြစ်၏။
ယဲ့ကျွင်းလင်က ဟုန်ချန်ယဲ့၏မျက်နှာထက်မှအပြောင်းအလဲကို သတိပြုလိုက်မိပြီး မျက်ခုံးပင့်ကာမေးလိုက်သည်။ "ဒီကျင့်စဥ်ကို မင်းသိလို့လား"
ဟုန်ချန်ယဲ့ကတော့ ခေါင်းယမ်းလျက်သာ တိုက်ရိုက်ငြင်းဆိုလာသည်။ "ကျွန်တော်မသိပါဘူး"
"ဟဟ"
ယဲ့ကျွင်းလင်က အဓိပ္ပာယ်တစ်မျိုးဖြင့်ခပ်သာသာရယ်မောလိုက်ပြီး ဘာမှထပ်မမေးလာတော့ပေ။
ဝှစ်
ယဲ့ကျွင်းလင်နေရာမှ ချက်ချင်းပျောက်သွားလေပြီ။
တစ်ခဏမျှအကြာတွင် ယဲ့ကျွင်းလင်သည် မုန်တိုင်းနက်ဓားပြခေါင်းဆောင်၏ဘေးတွင်ရပ်နေပြီဖြစ်ပြီး လက်တစ်ဖက်ကိုမြှောက်ကာ တစ်ဖက်လူ၏ပုခုံးထက်တင်လျက် သက်ပြင်းတစ်ချက်ချလိုက်သည်။
"ညီလေးရာ နာကျည်းချက်တွေမှာ လုပ်ခဲ့တဲ့တရားခံဆိုတာရှိသလို အကြွေးတွေမှာလည်း အကြွေးယူသွားတဲ့သူကသက်သက်ရှိတယ် အပြစ်မရှိတဲ့လူတွေကိုလိုက်သတ်ပြီး မင်းမကျေနပ်ချက်တွေကို ဖြေသိမ့်နေလို့မရဘူးလေ"
သွေးစုပ်ပြီး စိတ်ချမ်းသာစွာအရသာခံနေဆဲဖြစ်သော ဓားပြခေါင်းဆောင်မှာ ဘေးတွင်ဘွားခနဲပေါ်လာသောလူကြောင့် သေမတတ်ကြောက်လန့်သွားကာ ဒေါသတကြီးဖြင့်အော်လိုက်သည်။ "ဘယ်ကကောင်လဲကွ"
ဘုန်း!
ယဲ့ကျွင်းလင်၏လက်ဝါးမှ ပြင်းထန်သောဖိအားတစ်ခု ဝုန်းခနဲပွင့်ထွက်လာလေသည်။
ဂျွတ် ဂျွတ်
ဓားပြခေါင်းဆောင်မှာ အရိုးကျိုးတော့မတတ် ဖိအားပေးခံလိုက်ရပြီး ဒူးထောက်ကျသွားရတော့၏။ သူကနာကျင်စွာဖြင့် ငိုညည်းလာတော့လေသည်။
မှော်တန်ခိုးကိုသုံးနေရာမှ နှောင့်ယှက်ခံလိုက်ရခြင်းဖြစ်သဖြင့် ကျန်ရွာသားများမှာတော့ လွတ်မြောက်သွားခဲ့ပြီး မျက်စိရှေ့မှမြင်ကွင်းကို တုန်လှုပ်စွာကြည့်ရှုနေရလေသည်။
"ခေါင်း-ခေါင်းဆောင်"
ဓားပြအဖွဲ့မှာလည်း အံ့သြတကြီးဖြင့် တောင့်ခဲလျက်ရှိကြလေသည်။
ရုတ်တရတ်ထွက်ပေါ်လာသော ထိုငွေရောင်ဆံပင်နှင့်လူငယ်သည် ကမ္ဘာမြေပေါ်ဆင်းသက်လာသော နတ်ဘုရားတစ်ပါးကဲ့သို့အသွင်ရှိပြီး သူတို့၏ပြိုင်ဘက်ကင်းခေါင်းဆောင်ကြီးကို လက်တစ်ဖက်တည်းဖြင့်ဖိနှိပ်ထားနိုင်လေသည်။
"မင်းသုံးနေတဲ့နတ်ဆိုးကျင့်စဥ်ကို ဘယ်ကနေသင်ခဲ့တာလဲ ငါ့ကိုပြောစမ်း" ယဲ့ကျွင်းလင် မေးလိုက်သည်။
ချန်ရှို့ရယ်၏မျက်နှာမှာ ရှုံ့မဲ့လျက်။ သူဒီတစ်ကြိမ်တွင်ကံဆိုးကာ စွမ်းအားရှင်အစစ်အမှန်တစ်ဦးဖြင့် ကြုံလိုက်ရပြီမှန်း သူသိလိုက်သည်။
လက်ရှိအခြေအနေအရ သူ့အနေနှင့် မူလအရင်းအမြစ်ကိုပြောပြရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိပေ။
ချန်ရှို့ရယ်တစ်ယောက် ဖောက်ပြန်သည့်မြင်ကွင်းကို မျက်လုံးဖြင့်တပ်အပ်မြင်တွေ့ရပြီးနောက် စုမိသားစုမှသခင်လေးက သူ့မိသားစုအဆက်အသွယ်များကိုအသုံးပြုကာ ချန်ရှို့ရယ်အား ထိုနယ်တွင်ဆက်နေလို့မရအောင် တွန်းအားပေးတော့၏။ အသက်ကိုပါခြိမ်းခြောက်ခံရပြီးနောက်တွင် သူလည်းမတတ်သာတော့ဘဲ ဇာတိမြို့လေးကိုစွန့်ခွာခဲ့ရတော့သည်။ ခြေဦးတည့်ရာလှည့်လည်နေထိုင်ရင်း နောက်တော့ ထူးဆန်းသည့်လူတစ်စု၏ စုဆောင်းခေါ်ယူခြင်းခံခဲ့ရကာ ဤနတ်ဆိုးကျင့်စဥ်အား သင်ကြားပေးခံခဲ့ရလေသည်။
ကျင့်စဥ်ကျင့်ဖို့အတွက် လိုအပ်ချက်ကား ရိုးရှင်းပါ၏။ ကျင့်ကြံဆင့်တက်ဖို့အတွက် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုရဲသည့်စိတ်ရှိဖို့ပင်။
ဖြစ်ရပ်ဆိုးများကိုကြုံတွေ့ပြီးနောက် စိတ်နေစိတ်ထားပိုင်းတွင် ကြီးမားစွာပြောင်းလဲသွားခဲ့သူ ချန်ရှို့ရယ်သည် အပြစ်မဲ့သူများကို အရူးအမူးလိုက်လံသတ်ဖြတ်တော့သည်။ နောက်ပိုင်းတွင် ဇာတိမြို့သို့ပြန်ကာ ထိုဖောက်ပြန်ခဲ့ပါသည့်စုံတွဲအား သတ်ဖြတ်လက်စားချေခဲ့သေးသည်။
ထိုသတ်ဖြတ်မှုကို ဖော်ထုတ်ခံခဲ့ရပြီးနောက် ချန်ရှို့ရယ်ဟာ ဝေ့ပြည်ထောင်မှ အလွတ်တမ်းကျင့်ကြံသူတစ်ချို့၏ လိုက်လံဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ရှက်ရွံ့စွာဖြင့် ထွက်ပြေးလာခဲ့ကာ ဓားပြတစ်ဦးအဖြစ် နေထိုင်ခဲ့ရတော့သည်။
"ဒီဖြစ်ရပ်နောက်မှာ အစီအစဥ်အကြီးကြီးတစ်ခုတော့ ရှိရမယ်"
"အကျိုးအမြတ်လည်းမရှိပါဘဲ လူတွေကိုဒီကျင့်စဥ်လိုက်သင်ပေးပြီး လိုအပ်ချက်ကလည်း အရမ်းရိုးရှင်းလွန်းတယ် အသုံးပြုသူတွေအနေနဲ့ ကျင့်ကြံဆင့်တိုးဖို့အတွက် လူသားတွေရဲ့အဆီအနှစ်နဲ့သွေးတွေကို အဆက်မပြတ်စုပ်ယူစားသုံးနေရမယ်တဲ့"
"ရှောင်ဟုန် မင်းရော ဒီကိစ္စကိုဘယ်လိုထင်လဲ"
ကောင်းကင်ထက်မှဆင်းသက်လာသော အနီရောင်ဝတ်ရုံဝတ်ပုံရိပ်လေးကိုကြည့်ရင်း ယဲ့ကျွင်းလင်က အလေးအနက်မေးခွန်းထုတ်လိုက်သည်။
လူအပေါင်းမှာ ဟုန်ချန်ယဲ့ကို အံ့သြဘနန်းဖြင့် ငေးမောကြည့်ရှုကြကုန်လေ၏။
လှလိုက်တဲ့ မိန်းမပျိုလေးပါလား!
နတ်သမီးလေး နတ်သက်ကြွေလာတဲ့အတိုင်းပဲ!
ဟုန်ချန်ယဲ့၏မျက်နှာထားက တည်ငြိမ်နေသော်ငြား စိတ်နှလုံးထဲတွင်တော့ မုန်တိုင်းထန်နေပြီဖြစ်သည်။
နှင်းဘောလုံးနှင့်တူသော ထိုနည်းလမ်းမျိုးမှာ သူ၏ထိုမိတ်ဆွေအသုံးပြုတတ်သော နည်းလမ်းမျိုးပင် ဖြစ်လေသည်။ (နှင်းဘောလုံးနည်းလမ်း - နှင်းဘောလုံးလုပ်တဲ့အခါ လှိမ့်ရင်းလှိမ့်ရင်းပိုကြီးသွားသလိုမျိုး ပြဿနာကိုမီးစထည့်လိုက်ပြီး တဖြည်းဖြည်း ပိုဆိုးရွားကျယ်ပြန့်သွားစေတဲ့နည်းလမ်းမျိုးကို ဆိုလိုပါတယ်)
သူတကယ်ပဲ အသက်ရှင်နေသေးတာလား?
"ဆရာသခင် ဒီတပည့်ဘာကိုမှမစဥ်းစားတတ်ပါဘူးခင်ဗျာ"
ထိုအဖြေကိုကြားသော် ယဲ့ကျွင်းလင်ခေါင်းသာယမ်းမိရတော့၏။
သူလက်ကိုမြှောက်ကာ ချန်ရှို့ရယ်၏ခေါင်းထက်တွင် တင်ထားလိုက်သည်။
ထို့နောက် ဝိဉာဥ်ရှာဖွေခြင်းလုပ်ငန်း စတင်လေတော့သည်။
"အားးး" ချန်ရှို့ရယ်သည် နာကျင်စွာငြီးတွားလျက် မျက်ဖြူများပင်လန်လျက်ရှိတော့သည်။ သူ့ဦးနှောက်မှာ စုပ်ယူဆွဲထုတ်ခံရတော့မည်ဟု ခံစားနေရ၏။
ယဲ့ကျွင်းလင်သည် ဝိဉာဥ်ရှာဖွေခြင်းနည်းလမ်းဖြင့် တစ်ဖက်လူ၏မှတ်ဉာဏ်များကိုစစ်ဆေးနေရင်း အနက်ဝတ်ရုံဝတ်လူတစ်ခုကို ခပ်ဝါးဝါးတွေ့လိုက်ရပြီး ထိပ်ဆုံးကလူမှ ချန်ရှို့ရယ်အား ထိုကျင့်စဥ်သင်ကြားပေးနေသင်ကို မြင်တွေ့လိုက်ရသည်။ ထို့နောက် မြင်ကွင်းကပျောက်ကွယ်ကာ မှောင်အတိကျသွားတော့၏။
ဘန်း
ချန်ရှို့ရယ် အသက်ရှူရပ်လျက် မြေပြင်ပေါ်သို့ အရှိန်ပြင်းပြင်းလဲကျသွားသည်။
"သွားကြစို့"
ယဲ့ကျွင်းလင်ပြောလိုက်သည်။
ဟုန်ချန်ယဲ့က လက်ဖျောက်တစ်ချက်တီးလိုက်သည်။
ချက်ချင်းဆိုသလိုပင် ဓားပြများအားလုံးမှာ အလျှံတငြီးငြီးတောက်လောင်နေသောမီးတောက်များဖြင့် အလောင်ကျွမ်းခံနေရပြီး ကြောက်ရွံ့ပူလောင်နေသောမျက်လုံးများနှင့် အော်ဟစ်လို့နေကြတော့၏။
မကြာမီပင် သူတို့အားလုံး ပြာကျသွားခဲ့လေပြီ။
စွမ်းအားကြီးလိုက်တဲ့ နတ်ဘုရားကျင်စဥ်ကြီးပါလား...
ထိုနေရာရှိ ရွာသားအပေါင်းတို့မှာ ဆွံ့အသွားကြလျက်။
"မင်း..." ယဲ့ကျွင်းလင်မျက်မှောင်ကြုတ်လျက် တစ်ချက်မာန်လိုက်သည်။
"ဆရာသခင် ဒီတပည့် အမှားတစ်ခုခုများလုပ်မိလိုက်လို့လား ဒီဓားပြတွေအားလုံး သေသင့်တယ်လေ" ဟုန်ချန်ယဲ့က စိတ်ရှုပ်နေဟန်အမူအရာဖြင့် မေးလာသည်။
ယဲ့ကျွင်းလင်လည်း တဟွတ်ဟွတ်ချောင်းဆိုးပြီးမှ ပြန်ဖြေလိုက်သည်။ "တော်တယ် ဟုတ်ပြီလား"
ဟုန်ချန်ယဲ့၏မျက်လုံးများထဲတွင် စိတ်ကျေနပ်သွားဟန်အရိပ်အယောင်များ ပေါ်လာသည်။
သူဒီလိုလူသတ်ပွဲကိုမကျင်းပဖြစ်တာ အလွန်ကြာခဲ့လေပြီ။ ထို့ကြောင့် အခွင့်အရေးရှိတုန်း နည်းနည်းအပျော်ရှာချင်ရုံ သက်သက်ပါပေ။
ထို့နောက် တစ်ယောက်ယောက်ဦးဆောင်လျက် အော်ဟစ်လာလေသည်။ "နတ်သမီးလေးက အကြမ်းဖက်မှုကိုဖယ်ရှားပြီး ငြိမ်းချမ်းမှုကိုယူဆောင်လာပေးတယ် ကောင်းကင်ဘုံရဲ့ကိုယ်စား တရားမျှတမှုကိုယူဆောင်လာပေးတဲ့အတွက် ကျွန်တော်တို့မက်မွန်ပန်းရွာက မျိုးရိုးစဥ်ဆက် ကျေးဇူးတင်ရှိနေမှာပါ"
"နတ်သမီးလေးကို ကျေးဇူးတင်ပါတယ်"
ရွာသားများအားလုံး တစ်ယောက်ပြီးတစ်ယောက် အရိုအသေပြုဦးချလာကြတော့၏။
နတ်သမီးလေး?
ဟုန်ချန်ယဲ့၏မျက်နှာလှလှလေးမှာ ဒေါသမီးတောက်သွားပြီး ထိုရွာသားငတုံးတစ်သိုက်ကိုပါပြာချဖို့ လက်တစ်ဖက်ကိုမြှောက်လိုက်လေသည်။
ရုတ်တရတ် သူ့လက်ကောက်ဝတ်ကို လက်ကြီးကြီးတစ်ဖက်က ဆွဲတားလိုက်လေသည်။
ယဲ့ကျွင်းလင်ကပြုံးလျက်ဆိုသည်။ "ငါ့ရဲ့သူတော်ကောင်းတပည့်လေးရေ သူတို့တွေကရော သေသင့်ပြန်ပြီလား?"
ထိုအပြုံးကြီးကိုမြင်လိုက်ရသောသူအပေါင်းမှာ စိတ်ထဲထင့်ခနဲဖြစ်သွားရ၏။
ဟုန်ချန်ယဲ့မှာ သေလောက်အောင်ဒေါသထွက်နေသော်ငြား ခံစားချက်များကိုလွှတ်ချရမည့်အချိန်မရောက်သေးမှန်း သူသိပါသည်။
ခဏအကြာတွင် ဟုန်ချန်ယဲ့ အပြုံးတစ်ခုကို ဖျစ်ညှစ်ထုတ်ပြလိုက်သည်။
"ဆရာသခင်ကတော့ အထင်လွဲနေပါပြီ ကျွန်တော်ကသူတို့ကို တာ့တာပြချင်ရုံလေးပါ"
၁၄ - နတ်ဆိုးဂိုဏ်းချုပ်လေးကို လေ့ကျင့်ရေးဆင်းပေးကြမယ်
"ဪ အဲ့ဒါဆိုလည်းပြီးတာပါပဲ" ယဲ့ကျွင်းလင်က စိတ်သက်သာရာရသွားဟန်ဖြင့်ဆိုလာသည်။
ချီးကျူးအားပေးသံများကြားတွင် ထိုနှစ်ဦးသည် ကောင်းကင်ထက်ပျံတက်လျက် ပျောက်ကွယ်သွားကြလေသည်။
ဟုန်ချန်ယဲ့၏မျက်နှာမှာမူ မကျေနပ်ချက်များသိပ်သည်းလျက်ရှိသည်။ စိတ်ထဲတွင်တော့ ယဲ့ကျွင်းလင်၏ ဆယ့်ရှစ်ဆက်သောဘိုးဘေးတို့ကို ကျိန်ဆဲလို့နေလေပြီ။
တော်ဝင်တရားရုံးထက်တွင်....
နဂါးဝတ်ရုံတော်ကို ဆင်မြန်းထားသော ဝေ့ဧကရာဇ်သည် နဂါးပလ္လင်ထက်တွင်ထိုင်လျက် မှူးမတ်များတင်ပြသောမှတ်တမ်းများကို ဖတ်ရှုလျက်ရှိ၏။ ဇရာရိပ်ယောင်ထင်ကျန်နေပြီဖြစ်သောမျက်နှာတော်သည် တည်ကြည်လျက်ရှိပြီး မှတ်တမ်းများကိုစစ်ဆေးရင်း မျက်မှောင်တင်းတင်းကြုတ်လို့သွားသည်။
အစိုးရအရာရှိများနှင့် စစ်တပ်အကြီးအကဲများမှာတော့ တင်းမာလာသောလေထုပတ်ဝန်းကျင်ကြောင့် ခေါင်းများကိုသာတွင်တွင်ငုံ့ထားရလေတော့၏။
"ဟူးးး"
အချိန်အကြာကြီးတိတ်ဆိတ်နေပြီးနောက်တွင် ဧကရာဇ်ကြီးထံမှ သက်ပြင်းရှည်ကြီးတစ်ချက် ပျံ့လွင့်လာသည်။
ဝေ့ဧကရာဇ်သည် ဖတ်နေသောမှတ်တမ်းကိုချထားလိုက်ကာ မျက်ခုံးများကိုပွတ်သပ်လျက် ခါးသီးစွာဆိုလာသည်။ "ဒီအတိုင်းဆိုရင်တော့ ငါတို့အင်ပါယာကြီး မကြာခင်ပျက်သုဥ်းရတော့မယ်ထင်ပါရဲ့"
ထိုမှတ်တမ်းထဲမှ သေဆုံးသူစာရင်းမှာ အမှန်ပင်ထိတ်လန့်စရာကောင်းလှပါသည်။
မူလပထမတုန်းက ဝေ့မင်းဆက်ပြည်ထောင်တွင် လူဦးရေသန်း၈၀နီးပါးအထိရှိခဲ့သော်ငြား လွန်ခဲ့သောနှစ်အနည်းငယ်မှစ၍ သန်း၃၀ခန့် ဆက်တိုက်ဆိုသလို လျော့ကျသွားခဲ့ပြီး လူဦးရေကျဆင်းမှုမှာ ပိုလို့သာဆိုးရွားလာခဲ့လေသည်။
တိုင်းပြည်တစ်ခုလုံးမှာ ဆောက်တည်ရာမရဖြစ်ကာ ကောင်းကောင်းအနားယူချိန်လည်း မရှိခဲ့ပေ။
တရားရုံးတော်မှာလည်း အကူအညီမဲ့ကာ ဦးတည်ရာမဲ့ဖြစ်လျက်။
"အရှင်မင်းကြီးဘုရား ကျွန်တော်မျိုးတို့တိုင်းပြည်ရဲ့အနောက်မှာ ရွယ်ထျန်းဂိုဏ်းတစ်ခုလုံးရှိနေပါသေးတယ် ရွှယ်ထျန်းဂိုဏ်းရဲ့ မသေမျိုးဆရာသခင်တွေက ကျွန်တော်တို့ကို ဒီအတိုင်းတော့ လျစ်လျူရှုမထားလောက်ဘူးလို့ ထင်မိကြောင်းပါဘုရား" ဟု မှူးမတ်တစ်ဦးက နှစ်သိမ့်လာသည်။
"ရွှယ်ထျန်းဂိုဏ်းလား"
ဝေ့ဧကရာဇ်က ခေါင်းကိုအသာခါယမ်းကာ ခါးသီးစွာပြုံးလေသည်။ သူ့မျက်နှာထက်တွင် စိတ်ပျက်လက်ပျက်ဟန်များအပြည့်ဖြင့်။
လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ဝေ့ပြည်ထောင်၏အဖြစ်ဆိုးကို စုံစမ်းစစ်ဆေးရန် ရွှယ်ထျန်းဂိုဏ်းမှ အဖွဲ့တစ်ဖွဲ့ပို့လွှတ်လိုက်သော်ငြား ထိုအဖွဲ့မှာ ဝေ့ပြည်ထောင်သို့ရောက်ရှိပြီးမကြာမီတွင် ပျောက်ဆုံးသွားခဲ့ရှာလေ၏။
နောက်တွင်တော့ အရှင်မင်းကြီးမှာ ထိုဖြစ်ရပ်ဆိုးမှာ ပိုလို့ပိုလို့တိုးပွားလာသည်ကိုသာ အကူအညီမဲ့စွာ ထိုင်ကြည့်နေရပေတော့သည်။
ရွှယ်ထျန်းဂိုဏ်းကလည်း ထိုအချိန်မှစပြီး ဘာမှဆက်မလုပ်ခဲ့တော့ပေ။
ဒီလိုညံ့ဖျင်းသည့်ဂိုဏ်းတစ်ခုအပေါ် ဝေ့ပြည်ထောင်က အဘယ့်ကြောင့် ဆက်လက်မှီခိုနေရမည်နည်း?
"ခမည်းတော် ခမည်းတော်"
ငွေဆည်းလည်းသံလေးကဲ့သို့ အော်သံတစ်ခုက အပြင်ဘက်မှ ပျံ့လွင့်လာလေသည်။
တရားရုံးအပြင်ဘက်တွင် ၁၃ခန့်အရွယ်ရှိ မင်းသမီးလေးတစ်ဦးဟာ နူးညံ့ဝင်းဝါသောအသားအရည်လေးဖြင့် ချစ်စဖွယ်မျက်နှာလေးတစ်ခုကိုပိုင်ဆိုင်ထားသောကြောင့် သေချာပေါက် အလှလေးတစ်ဦးအဖြစ် ကြီးပြင်းလာလိမ့်မည်ဟု ရဲရဲပြောနိုင်လောက်ပေသည်။
"လင်အာ ဘာဖြစ်လို့လဲ" ဝေ့ဧကရာဇ်က စိတ်ရှုပ်နေဟန်ဖြင့်မေးလိုက်သည်။
ထိုမင်းသမီးလေးမှာ ဧကရာဇ်၏အချစ်ဆုံးသမီးတော်လေးပင်။ အခြားတစ်ယောက်သာ ဤသို့မဆင်မခြင်ပြေးဝင်လာရဲလျှင်တော့ ဧကရာဇ်က နေရာတွင်ပင်ဆွဲထုတ်ကာ ခေါင်းဖြတ်ခိုင်းလိုက်လောက်လေပြီ။
မင်းသမီးလေးက စာတစ်စောင်ကိုကိုင်လျက် ပြုံးရွှင်စွာဆိုလာသည်။ "ဒုတိယအစ်ကိုတော်ကလေ ဒုတိယအစ်ကိုတော်က သတင်းတွေပို့လိုက်တယ်"
"ဒုတိယမင်းသားတဲ့လား" မှူးမတ်များမှာလည်း အံ့သြထိတ်လန့်ဟန်မျက်နှာအမူအရာများ ဖြစ်သွားခဲ့ကြသည်။
ဒုတိယမင်းသားမှာ ငယ်ရွယ်စဥ်ကတည်းက ရွှယ်ထျန်းဂိုဏ်း၏ မသေမျိုးဆရာသခင်များထံမှ ရွေးချယ်ခံခဲ့ရပြီး ဒီနှစ်များတွင် ရွှယ်ထျန်းဂိုဏ်း၌သာ နေထိုင်ခဲ့သည်ကို တရားရုံးတော်တစ်ခုလုံး အသိပင်။
မသေမျိုးဂိုဏ်းများမှာ တပည့်ရွေးချယ်ရာတွင် အရည်အချင်းကို လွန်စွာအလေးထားကြသည်ဖြစ်၏။
သင်ဟာ ဘုရင်တစ်ပါး၏သားတော်သမီးတော်ဖြစ်နေပါစေ၊ မှူးကြီးမတ်ရာ သို့မဟုတ် စစ်သူကြီးတစ်ဦး၏ သားသမီးဖြစ်နေပါစေ၊ တော်ဝင်မိသားစုနှင့် ဘယ်လိုပဲဆက်နွယ်နေပါစေ သူတို့ဂိုဏ်း၏စံနှုန်းနှင့်မကိုက်ညီလျှင် ဝင်ရောက်ခွင့်မရှိပါချေ။
ရွှယ်ထျန်းဂိုဏ်းဟာလည်း ထိုနည်းတူပင် တပည့်ရွေးချယ်ရာ၌ လွန်စွာစည်းကမ်းတင်းကျပ်ပြီး အဆက်အသွယ် သို့မဟုတ် ဆွေမျိုးသားချင်းအဆက်အနွယ် ကင်းဝေးအောင် အထူးကြပ်မတ်ထားတတ်သည်။
ထိုသို့တင်းကြပ်သော ကျင့်ကြံသူလောကတွင် ထိုနှစ်က ဒုတိယမင်းသားအရွေးချယ်ခံလိုက်ရသော် ဝေ့ဧကရာဇ်မှာ လွန်စွာပျော်ရွှင်ကျေနပ်ခဲ့ပြီး တစ်လောကလုံးကို အထူးခွင့်လွှတ်ငြိမ်းချမ်းစေကာ ပျော်ပွဲရွှင်ပွဲများအား ကျယ်ပြောစွာကျင်းပခဲ့လေသည်။
သို့ပေမယ့် မကြာသေးသောနှစ်များအတွင်းတွင် ဒုတိယမင်းသားမှာ ကျင့်ကြံရေးကိုအာရုံစိုက်နှစ်မြှုပ်ထားခဲ့ရင်း ဝေ့ပြည်ထောင်နှင့် တဖြည်းဖြည်း အဆက်အသွယ်ပြတ်တောက်သွားခဲ့ရ၏။
ယခုမှ ဆိုင်းမဆင့်ဗုံမဆင့် စာလွှာထပို့လာသည့်အတွက် မှူးမတ်များ အံ့သြသွားခဲ့ရခြင်းဖြစ်ပေသည်။
"မြန်မြန် စာထဲမှာဘာပါလဲကြည့်ရအောင်"
ဝေ့ဧကရာဇ်လည်း သူ့သမီးလက်ထဲမှစာကိုမြန်မြန်ယူကာ ဖွင့်ဖတ်လိုက်သည်။
စာထဲမှအကြောင်းအရာများကိုဖတ်ရှုရင်း ဝေ့ဧကရာဇ်မှာ မျက်လုံးများပြူးကျယ်သည်အထိစိတ်လှုပ်ရှားနေခဲ့ကာ စားပွဲကိုအားရပါးရရိုက်ချလျက် ရယ်မောလာတော့၏။
"ဟားဟားဟား ကောင်းတယ်ဟေ့"
ထိုတုံ့ပြန်မှုကြောင့် မှူးမတ်များပင် အူလည်လည်နှင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိရသည်။
"အရှင်မင်းကြီး ဘာများပါလဲ"
ဝေ့ဧကရာဇ်က စိတ်လှုပ်ရှားစွာဖြင့် ပြောပြလာသည်။ "ရွှယ်ထျန်းဂိုဏ်းက ဝေ့ပြည်ထောင်ရဲ့ထူးဆန်းတဲ့ဖြစ်ရပ်ဆိုးတွေကို အလွန်အရေးထားပြီး ဒီကိစ္စကိုဖြေရှင်းဖို့အတွက် မြူခိုးတောင်ထိပ်သခင်ကိုစေလွှတ်လိုက်သတဲ့ ကိုယ်တော်တို့ကို သတင်းကောင်းစောင့်နေပါလို့တောင် ပြောထားသေးတယ်"
ထိုအကြောင်းကိုကြားသော် အစိုးရအရာရှိများနှင့် စစ်တပ်အရာရှိများလည်း စိတ်လှုပ်ရှားသွားရတော့သည်။
သူတို့က သေမျိုးအဆင့်မြင့်အရာရှိကြီးများဖြစ်သော်ငြား ဟွမ်ကျိုးပြည်နယ်တွင်းရှိ ဂိုဏ်းကြီးများကြားက ကိစ္စရပ်များကို စုံစမ်းထောက်လှမ်းဖို့ အဆက်အသွယ်များတော့ အမြဲရှိတတ်ကြသည်သာ။
ကြားရသလောက် သတင်းများအရတော့ ရွှယ်ထျန်းဂိုဏ်းမှာ မြူခိုးတောင်ထိပ်သခင် ယဲ့ကျွင်းလင်၏ဦးဆောင်မှုဖြင့် ဖုန့်လဲ့ဂိုဏ်းကိုတောင် ချေမှုန်းသုတ်သင်နိုင်ခဲ့သည်ဟု။
အမှန်တကယ်ကို ကြီးမြတ်သည့် ဝိဉာဥ်သန္ဓေအဆင့်ကျင့်ကြံသူတစ်ဦးပါပေ။
တောင်တွေကိုရွေ့လျားစေပြီး ပင်လယ်ရေကိုအပြည့်ဖြည့်နိုင်စွမ်းရှိတဲ့ စွမ်းအားရှင်တစ်ဦးမှာ သေမျိုးလောက၏အမြင်တွင်တော့ မသေမျိုးနတ်ဘုရားတစ်ပါးနှင့် မခြားပါချေ။
အခုတော့ ထိုမသေမျိုးတောင်ထိပ်သခင်ယဲ့က ဝေ့ပြည်ထောင်သို့လူကိုယ်တိုင်လာ၍ အခက်အခဲများကြားမှ ကယ်တင်ပေးတော့မည်ဖြစ်၏။ သူတို့ဘယ်လိုများ စိတ်မလှုပ်ရှားဘဲ နေနိုင်ပါမည်နည်း?
ဝေ့ဧကရာဇ်မှာလည်း ပျော်လို့မဆုံးနိုင်တော့ပေ။ ဒီနှစ်များအတွင်း ကြားခဲ့ရသောသတင်းများထဲတွင် သာယာနာပျော်ဖွယ်အကောင်းဆုံးသော သတင်းပါပေ။
"လင်အာရေ ခမည်းတော်တို့ဝေ့ပြည်ထောင်တော့ ကယ်တင်ခံရတော့မယ်"
ဝေ့ဧကရာဇ်မှာ သမီးတော်လေးကိုကောက်ပွေ့လျက် ပျော်ရွှင်စွာ အထပ်ထပ်အခါခါနမ်းမွှေးလေတော့၏။
"ဟိဟိ"
မင်းသမီးလေးမှာ မျက်လုံးလေးများမှိတ်သည်အထိ ချစ်စဖွယ်ကောင်းစွာ ပြုံးရယ်ပြလာလေသည်။
ရုတ်ချည်းပင် အစောင့်တပ်သားတစ်ဦးကပြေးဝင်လာလျက် အလောတကြီးဆိုသည်။ "အရှင်မင်းကြီး မသေမျိုးနှစ်ပါး ဆင်းသက်ဆိုက်ရောက်လာပါတယ်ဘုရား"
"ရွှယ်ထျန်းဂိုဏ်းက မသေမျိုးဆရာသခင်တွေပဲဖြစ်ရမယ်"
"မှူးမတ်တို့ရေ ကိုယ်တော့်နဲ့အတူ သွားနှုတ်ဆက်ကြရအောင်"
ဝေ့ဧကရာဇ်က အံ့သြပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။
နန်းတော်တစ်နေရာတွင်....
အရောင်စုံ၍ မျက်စိပသာဒရှိလှသော တိမ်တိုက်များမှာ ကောင်းကင်ယံတစ်ခုလုံးကို လွှမ်းမိုးထားလျက်ရှိ၏။ ထိုတိမ်တိုက်များအလယ်မှ ပုံရိပ်နှစ်ခုသည် ကျက်သရေအပေါင်းခညောင်းသော အလင်းရောင်များကြားမှ မြေကွက်လပ်ထက်သို့ ဆင်းသက်လာကြတော့သည်။
"ရှောင်ဟုန် ဒီဆရာသခင်ရဲ့ဆင်းသက်လာပုံက အရမ်းခမ်းနားကြီးကျယ်တယ်လို့ မင်းမထင်မိဘူးလား"
ယဲ့ကျွင်းလင်က လက်နှစ်ဖက်ကိုအနောက်ပစ်လျက် မာန်တက်နေဟန်အပြုံးဖြင့်မေးသည်။
တွင်းအောင်းနေသောမြွေကိုဆွဲထုတ်ရန် ကိုယ်က ကြီးကြီးကျယ်ကျယ်လေးတစ်ခုခု လုပ်ပေးမှဖြစ်မည်လေ။
ဟုန်ချန်ယဲ့က ယဲ့ကျွင်းလင်ကို တစ်ချက်စောင်းကြည့်လျက် စိတ်ထဲမှရေရွတ်လိုက်သည်။ "စောက်တုံး"
သို့သော် အပြင်ပန်းတွင်တော့ လက်သီးနှစ်ဖက်ကိုဆုပ်၍ ယဥ်ကျေးစွာအရိုအသေပြုလျက်ဆိုသည်။ "ဆရာသခင်က အမြော်အမြင်ကြီးလှပါပေတယ် ဒီတပည့်လည်း ဆရာနဲ့အတွေးတူမိပါတယ်"
"ကြိုဆိုပါတယ် မသေမျိုးဆရာသခင်တို့ခင်ဗျာ"
ဝေ့ဧကရာဇ်နှင့် အရာရှိမင်းများမှာ နန်းတော်တွင်းမှ ပျာပျာသလဲထွက်လာကြပြီး သူတို့နှစ်ဦးကို ဒူးထောက်အရိုအသေပြုလာကြလေသည်။
သူတို့အတွက်မူ ထိုကျင့်ကြံသူကြီးများမှာ ကောင်းကင်နှင့်မြေကြီးကို စိတ်ရှိသလိုပြောင်းပြန်လှန်နိုင်ပါသော လောကီကမ္ဘာနှင့် လားလားမှမသက်ဆိုင်သည့် မသေမျိုးနတ်ဘုရားများဖြစ်ကြသည်လေ။
ဝေ့ဧကရာဇ်သည် ငွေရောင်ဆံပင်နှင့်လူငယ်ကို ဂရုတစိုက်အကဲခတ်ကြည့်လိုက်ပြီး ပိုလို့ပင်ပျော်ရွှင်လာတော့၏။
စာထဲမှာဖော်ပြထားသည့်အတိုင်းဆိုလျှင် မြူခိုးတောင်ထိပ်သခင်တွင် ထင်ရှားသည့်အမှတ်အသားအဖြစ် ငွေရောင်ဆံပင်များရှိသည်ဟုဆိုသဖြင့် သူ့ရှေ့ကထိုလူငယ်နှင့် ကိုက်ညီလျက်ရှိသည်ပင်။
ထိုသူမှာ လွဲမှားစရာမရှိ တောင်ထိပ်သခင်ယဲ့ပင်။
ထို့နောက် သူ့အကြည့်ကို ဟုန်ချန်ယဲ့ဘက်သို့ရွှေ့လိုက်သော် ဝေ့ဧကရာဇ်၏နှလုံးသားမှာ အရှိန်ပြင်းပြင်းတုန်ခါသွားရတော့၏။
သူ့တွင် အလှပဂေးသုံးထောင်အပြည့်ရှိသော မိဖုရားဆောင်ကြီးတစ်ခုလုံးရှိသော်ငြား သူ့ရှေ့မှဒီမိန်းကလေးနှင့်ယှဥ်လျှင် ဖွဲနှင့်ဆန်ကွဲသာပင်။
(ပြိုင်ဘက်ကင်း အလှလေးတစ်ယောက်ပါလား)
ဝေ့ဧကရာဇ် တိတ်တိတ်လေးသက်ပြင်းချမိရသည်။
သူမသည် ယဲ့ကျွင်းလင်နှင့် အတူပါလာသောသူဖြစ်သောကြောင့် သူသည် မလျော်ကန်သော အတွေးများ မရှိရဲပါပေ။ ဤနတ်သမီးကို တစ်ကြိမ်ထက်ပို၍ ကြည့်ခြင်းသည်ပင် မသင့်တော်သည့်အပြုအမူဟု သူခံစားမိရသည်။
"အဟမ်း အဟမ်း"
ယဲ့ကျွင်းလင်သည် အရှိန်အဝါကြီးသောအသံတွင် မှော်တန်ခိုးအနည်းငယ်ပေါင်းထည့်လျက် အရပ်မျက်နှာပေါင်းစုံသို့ ပျံ့နှံ့သွားစေလိုက်သည်။ "ဒီကျင့်ကြံသူက ဝေ့ပြည်ထောင်မှာဖြစ်ပွားနေတဲ့ပြဿနာတွေကိုဖြေရှင်းပေးဖို့လာခဲ့တာပဲ မင်းတို့ထပ်စိုးရိမ်နေစရာမလိုတော့ဘူး"
"ဝေ့ပြည်သူပြည်သားများကို ကိုယ်စားပြုသော ကျွန်တော်ဝေ့ဧကရာဇ်က နတ်ဘုရားအရှင်ကို ဒီနေရာမှာ ဦးချအရိုအသေပြုပါတယ်ခင်ဗျား"
ဝေ့ဧကရာဇ်က စိတ်လှုပ်ရှားစွာအော်ဟစ်လေသည်။
နန်းတော်ထဲရှိလူအပေါင်းမှာလည်း မြေပြင်ထက်ဒူးထောက်ကျလျက် ယဲ့ကျွင်းလင်အား မျှော်လင့်ချက်အပြည့်မျက်ဝန်းများဖြင့် ငေးမျှော်ကြည့်နေကြလေသည်။
"အားလုံးပဲ ထကြပါ"
ယဲ့ကျွင်းလင် လက်တစ်ဖက်ကိုမြှောက်လိုက်သော် မမြင်နိုင်သောအင်အားတစ်ခု ဝေ့ဧကရာဇ်နှင့် ဒူးထောက်နေသောသူအပေါင်းကို ဆွဲထူမတင်ပေးလိုက်လေသည်။
"နတ်ဘုရားအရှင် ကျွန်တော်မျိုးကို ကြိုက်သလိုညွှန်ကြားချက်ပေးနိုင်ပါတယ်" ဝေ့ဧကရာဇ်ကို ရိုသေလေးစားစွာဆိုသည်။
"ငါတို့ဆရာတပည့်နေဖို့ နေရာလေးစီစဥ်ပေးပါဦး"
"ဒီလမ်းကလိုက်ခဲ့ပါခင်ဗျာ"
ဧကရာဇ်ဝေ့က လက်တစ်ဖက်ကိုဆန့်ထုတ်ညွှန်ပြရင်း ဖြတ်လျှောက်သွားသော ဟုန်ချန်ယဲ့ကို တစ်ချက်ခိုးကြည့်လိုက်သည်။ ဆိုတော့ ဒီနတ်သမီးလေးက နတ်ဘုရားအရှင်ရဲ့ တပည့်မလေးပေါ့လေ?
မင်းသမီးလေးကတော့ ဝေ့ဧကရာဇ်၏အနောက်တွင်ပုန်းကာ ဟုန်ချန်ယဲ့ကိုတိတ်တိတ်လေးခိုးကြည့်မိသည်။ (ဒီမမကလှလိုက်တာနော် ငါလည်းကြီးလာရင် သူ့လိုလှဖို့မျှော်လင့်မိတယ်)
သို့သော် ဟုန်ချန်ယဲ့ကမူ အစမှအဆုံးထိ အေးစက်နေသောမျက်နှာပေးနှင့်သာဖြစ်ကာ ဤနေရာရှိလူများကို အကြည့်လေးတစ်ချက်ပင်မစွန့်ကြဲပေ။
သူ့အမြင်တွင်မူ ဝေ့ဧကရာဇ်နှင့် အရာရှိမင်းများအပါအဝင် ဤဝေ့ပြည်ထောင်တစ်ခုလုံးမှာ ပုရွက်ဆိတ်များအလားသာဖြစ်၏။ တစ်ယောက်နှင့်တစ်ယောက် ဘာမှကွာခြားနေတာမရှိပေ။
သူလိုက်လာခဲ့သည့် တစ်ခုတည်းသောရည်ရွယ်ချက်မှာလည်း ဤဖြစ်ရပ်နောက်ကွယ်က ကြိုးကိုင်သူကို ဖော်ထုတ်လို၍သာဖြစ်သည်။
ကျင့်ထိုက်နန်းတော်ထဲတွင်....
ခန်းမကြီးမှာ ခမ်းနားတင့်တယ်လှပြီး နွေတွင်အေးမြကာ ဆောင်းတွင်နွေးထွေးသောဂုဏ်သတ္တိရှိသည်။
ဝေ့ဧကရာဇ်သည် ထိုခန်းမကိုတည်ဆောက်ရန် အလွန်ငွေကုန်ကြေးကျခံခဲ့ပြီး နှစ်ပေါင်းများစွာ ကြိုးစားတည်ဆောက်ခဲ့ရပါ၏။ ပုံမှန်တော့ ထိုခန်းမတွင် စံစားဇိမ်ခံနေရခြင်းကိုနှစ်သက်သော်ငြား ယခုတော့ ယဲ့ကျွင်းလင်နှင့် ဟုန်ချန်ယဲ့ကို တည်းခိုဖို့နေရာပေးထားလေသည်။
"သွားလို့ရပါပြီ ကိစ္စတစ်ခုခုရှိရင် ညွှန်ကြားချက်ပေးလိုက်ပါ့မယ်"
"နတ်ဘုရားအရှင်ဆီမှာ အမှုတော်ထမ်းရတာ ကျွန်တော့်အတွက်တော့ ဂုဏ်ယူစရာပါခင်ဗျာ"
ဝေ့ဧကရာဇ်လည်း ထပ်ကြာကြာမနေရဲတော့ဘဲ ရိုသေကျိုးနွံစွာအနောက်ကိုဆုတ်လျက် တံခါးကိုချပ်ခနဲပိတ်ကာ ထွက်ခွာသွားတော့၏။
ယဲ့ကျွင်းလင်သည် နှစ်ထောင်ချီသက်တမ်းရှိ ကျွန်းသစ်နောက်မှီကုလားထိုင်ကြီးတွင် ဟန်ကျပန်ကျဝင်ထိုင်လိုက်ပြီး လက်ကို ဆန့်ထုတ်ကာ သစ်သီးပန်းကန်ထဲမှ စပျစ်သီးများကို ကောက်ယူ၍ ပါးစပ်ထဲသို့ပစ်ထည့်လိုက်ပြီး အရသာခံနေသည်။
ထိုသူ၏ ပေါ့ပါးလွတ်လပ်သောသွင်ပြင်သည် အခုလေးတင် လူအများရှေ့ပြသခဲ့သော မာန်မာနကြီးသောပုံရိပ်နှင့် လုံးဝကိုဆန့်ကျင်ဘက်ပင်။
ဟုန်ချန်ယဲ့မှာ ထိုသူကို သည်းမခံနိုင်စွာကြည့်လို့နေသည်။ တစ်ဖက်လူမှာ သူမြင်ဖူးသမျှ ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံသူများထဲတွင် ယုံကြည်လို့မရနိုင်ဆုံးသောသူပင်။
သူ့ကိုအအံ့သြစေဆုံးကတော့ ယဲ့ကျွင်းလင်၏ ထိုင်ပုံထိုင်နည်းပင်။ များသောအားဖြင့် ကျင့်ကြံသူများမှာ ကျင့်ကြံခြင်းကိုအာရုံပြုသောအားဖြင့် တင်ပျဥ်ခွေလျက်သာ ထိုင်တတ်ကြလေသည်။ သူကတော့ အမြဲဒူးထောင်၊ပေါင်ကား၊ ခွေခေါက်ကာ ထိုင်ပါ၏။
ထိုသူမှာတော့ တစ်နေကုန် စားခြင်းသောက်ခြင်း ဇိမ်ခံခြင်းဖြင့်သာပြည့်နေကာ ကျင့်ကြံရေးကိုအားထုတ်ဖို့အတွက် စိတ်ကူးနည်းနည်းမှရှိပုံမရပေ။
ဒီလိုပျင်းရိပုံမျိုးနဲ့ ဝိဉာဥ်အဆင့်တက်ခြင်းကျင့်ကြံဆင့်ကို ဘယ်လိုများတက်လာနိုင်ခဲ့တာပါလိမ့်?
(ဟမ့် ကောင်းတယ် ဒီအတိုင်းသာဆက်သွားနေရင် ဒီနတ်ဆိုးအရှင်က သူ့ကိုမကြာခင် ကျင့်ကြံရေးပိုင်းမှာအနိုင်ယူပြီး ဖျက်ဆီးချေမှုန်းနိုင်လိမ့်မယ် အဲ့ဒီအချိန်ကျ သေချာပေါက်အနိုင်ရမှာပါ)
ဟုန်ချန်ယဲ့ တိတ်တိတ်လေးတွေးမိလိုက်သည်။
ယဲ့ကျွင်းလင်သာ သူ့စိတ်ထဲမှအတွေးများကိုကြားရလျှင်တော့ အားနာပါနာတောင်ဟန်မဆောင်နိုင်တော့ဘဲ ရုပ်ပျက်ဆင်းပျက် ရယ်မောပေလိမ့်မည်။
ကျင့်ကြံရေးအတွက် အားထုတ်ဖို့တဲ့လား?
ဒီလောင်ဇီက လှဲနေလိုက်ရုံပဲလေ။ ကျင့်ကြံဆင့်ဆိုတာက ကြွေထည်လေးကိုဖွဖွထိတာထက်တောင်လွယ်သေးတယ်။ ထိစရာတောင်မလိုဘူး သူ့ဘာသာအဆင့်တက်လာလိမ့်မယ်။ ကျင့်စဥ်တွေနဲ့စွမ်းအားတွေက အလိုအလျောက် ရောက်ရှိလာလိမ့်မယ်။
ပြောလေ၊ လောင်ဇီအားထုတ်စရာ လိုနေသေးလို့လား?
နောက်ပြီးတော့ ဒီလိုကြိုးကြိုးစားစားနဲ့ တစ်နေကုန်လှဲလျောင်းနေနိုင်ဖို့က လွယ်တဲ့ကိစ္စထင်လို့လား?
ယဲ့ကျွင်းလင်က တိမ်ပုံစံရေးခြယ်ထားသော ဘွတ်ဖိနပ်များကိုချွတ်လိုက်သော် သစ်သားရေနွေးဇလုံတစ်ခုက သူ့ခြေထောက်အောက်တွင် ရုတ်တရတ်ပေါ်လာသည်။
ခြေထောက်များကို ရေနွေးစိမ်ထားလိုက်ရင်း သူကျေနပ်စွာ ညည်းညူလိုက်သည်၊
ဟုန်ချန်ယဲ့ ပိုလို့အမြင်ကပ်သွားရစဥ် အသံတစ်သံက သူ့နားထဲဝင်ရောက်လာ၏။
"ရှောင်ဟုန် ဆရာ့ခြေထောက်တွေလာဆေးပေးပါဦး"
ဟုန်ချန်ယဲ့မှာ နားကြားမှားလိုက်သလားဟုပင် ထင်မှတ်မိသွားရသည်။ သို့သော် ထိုသူက ထိုစကားကို တကယ်ပြောထွက်လိုက်ခြင်းပင်။ ဟုန်ချန်ယဲ့၏နဖူးထက်တွင် သွေးကြောပြာများထောင်ထလာပြီး ဒေါသများလည်းအုံကြွလာသည်။
(ခင်ဗျား ဘာပြောလိုက်တာလဲ?)
ဒီဂုဏ်သရေရှိ မီးလျှံနတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်သခင်ကြီးက မင်းလိုကောင်ကို ခြေထောက်ဆေးပေးရမယ်တဲ့လား?
အဲ့လောက်ထိ လွန်မလာနဲ့ကွ!
ဟုန်ချန်ယဲ့၏မျက်လုံးများမှာ အေးစက်စက်အရိပ်အငွေ့များ ခြုံလွှမ်းလျက်ရှိပြီး မလှုပ်မယှက်ဖြင့် ထိုသူ့ကိုလျစ်လျူရှုလျက် ရပ်နေလိုက်သည်။
ယဲ့ကျွင်းလင်က မျက်ခုံးတစ်ဖက်ပင့်လျက် ဆက်ပြောသည်။ "မင်းဘယ်ရောက်နေတာလဲ ဒီလာလေ"
"ဘာလို့ဆေးပေးရမှာလဲ"
ဆရာသခင် မေးခွန်းပြန်ထုတ်ခံရလေပြီ။
ယဲ့ကျွင်းလင်က သက်ပြင်းချလျက်ဆိုသည်။ "ဆရာသခင်ကို အဖအရာထားပြီးဆက်ဆံရတယ်တဲ့ကွ မင်းဒါတောင်မသိဘူးလား"
"သားလိမ္မာလေး မြန်မြန်လာပြီး ဖေ့ဖေ့ခြေထောက်ကို ဆေးပေးတော့လေ"
စာစဉ်ပြီး၏