← Chapters

တန်ဆာဆင်လိုခြင်း

Vol. 008 Ch. 701

တန်ဆာဆင်လိုခြင်း

Vol. 008 Ch. 701

ရှီမာယူယူသည် အံ့သြသွားသော အဒေါ်၃၏ မျက်လုံးများကိုကြည့်ပြီး ရှင်းပြလေသည် “”

“အဒေါ်၃ သမီးတို့အရင်းအနှီးလည်းပြင်ပြီးသွားပြီ ပြီးတော့ နယ်ပယ်အသီးသီးက ကျွမ်းကျင်သူတွေ လည်းရှိနေပြီ၊ သမီးတို့အဖွဲ့မှာဆိုရင် တည်ဆောက်မှုသခင်တွေ၊ မိစ္ဆာထိန်းကျောင်းမှုသခင်တွေ၊ အဂ္ဂိရတ်ပညာ ရှင်တွေ၊ လက်နက်ပညာရှင်တွေနဲ့ ရှာဖွေသူဝိဉာဉ်သခင်တွေ အကုန်ရှိတယ်” ရှီမာယူယူ ရှင်းပြလေသည် “သမီး တို့လိုနေတာ လူအင်အားပဲ၊ ဒါပေမဲ့ အဲဒါကလည်းမခက်ပါဘူး”

သူမပြောလိုက်သည့်စကားကိုကြားသောအခါ အဒေါ်၃သည် ခေါင်းညိမ့်လေသည် “သမီးက ငယ်ငယ် ကတည်းက အစီအစဉ်နဲ့လုပ်တတ်တဲ့ကလေးပဲ၊ အဲဒါတွေကို စဉ်းစားထားပြီးမှတော့ လုပ်ပါ၊ သမီးဘာပဲလုပ်လုပ် အဒေါ်၃ကတော့ အားပေးနေမှာ”

ရှီမာယူယူသည် အဒေါ်၃၏ လက်မောင်းကိုဆွဲကိုင်ကာ ကလေးတစ်ယောက်လို ချွဲလေသည်။

“အဒေါ်၃က အားပေးမယ်ဆိုတာ ယူယူသိပါတယ်”  သူမ အားရပါးရပြုံးလေသည်။

“သမီးကိုအားမပေးလည်း လုပ်မှာပဲမလား၊ ကန့်ကွက်လို့မရမှတော့ အားပေးရမှာပေါ့” အဒေါ်၃သည် မတတ်သာစွာပြောသော်လည်း သူမမျက်လုံးများသည် အလိုလိုက်မှုများဖြင့်ပြည့်နေသည်။

“ဒါပေမဲ့ ဒါကြီးကို သမီးတစ်ယောက်တည်းမလုပ်နိုင်ဘူး အဒေါ်၃ကိုလည်း ထည့်တွက်ထား” အဒေါ်၃ ပြောလေသည်။

“အဒေါ်၃….” ရှီမန်ဖန်သည် အဒေါ်၃ကို တားလိုသည်။

“ဖန်လေး အဒေါ်၃မိသားစုကလည်း ပျက်သွားပြီ၊ ရှီမန်မိသားစုက အဒေါ့်ကို မိသားစုတစ်ခုပေးခဲ့တယ် ဒီကိစ္စကို အဒေါ်၃ ကျော်သွားမယ်လို့ သားထင်နေလား” အဒေါ်၃ မေးလေသည်။

“အဒေါ်၃ ဘဝကအခုကိုတည်ငြိမ်နေပြီလေ၊ ကျွန်တော်တို့်နဲ့ဆိုရင် အန္တရာယ်တွေများလာမှာစိုးတယ်” ရှီမန်ဖန် ပြောလေသည်။

“အဒေါ်က သားတို့ရဲ့ အုပ်ချုပ်သူပဲ၊ သားတို့အန္တရာယ်ရှိရင် အရှေ့မှာရပ်ပေးရမှာပဲ” အဒေါ်၃ ပြောလေ သည် “မဟုတ်လို့ သားတို့ ဦးလေး၃သာသိရင် မြေကြီးထဲကထလာပြီး အပြစ်တင်လိမ့်မယ်”

“ဖန်လေး အဒေါ်၃လည်း ရောက်လာမှတော့ ပူးပေါင်းခိုင်းလိုက်ပါ၊ ငါတို့အစပိုင်းမှာလူနည်းတယ် ငါလည်းဂိုဏ်းမှပဲအချိန်တော်တော်များများရှိနေရမှာဆိုတော့ မင်းမလာနိုင်တဲ့အချိန်တွေဆိုရင် အဒေါ်၃က ကြည့် ပေးလို့ရတာပေါ့” ရှီမာယူယူ ပြောလိုက်သည်။

“ယူယူက အမြင်ရှိတယ် ဖန်လေး မင်းကမလိမ္မာဘူး အဒေါ်၃ မုန့်လုပ်ရင် မင်းကိုမကျွေးဘူး” အဒေါ်၃ သည် ခြိမ်းခြောက်လေသည်။

“အဒေါ်၃…” ရှီမန်ဖန်သည် အဒေါ်၃၏ နောက်လက်မောင်းတစ်ဖက်ကို ဆုပ်ကိုင်လိုက်ရာ ကုန်ရှန်ယိ မျက်လုံးပြူးသွားလေသည်။

ဒီလူက… ကလူတတ်တာလား

ရှီမန်ဖန်သည် ရှီမာယူယူ၏ရှေ့တွင် မတူညီစွာပြုမူတတ်သည်ဟု သူမထင်ထားခဲ့သည်။ ဒီနေ့လို ချွဲသည့် အပြုအမူမျိုးလုပ်မည့် နေ့သို့ရောက်လာမည်ဟု မထင်ထားပေ။ ဘုရားရေ သူမ အမြင်မှားတာမဟုတ်လောက်ပါ ဘူးနော်…

ကုန်ရှန်ယိ၏ အမူအရာကို ရှီမန်ဖန်တွေ့သောအခါ ခေါင်းနှစ်ခါဟန့်ပြီး မတ်မတ်ပြန်ထိုင်လေသည်။

“အဒေါ်၃ကလည်း ဖန်လေးက အဒေါ်၃လုပ်တဲ့မုန့်ဆိုအရမ်းကြိုက်တာသိရဲ့သားနဲ့ သူ့ကိုမကျွေးဘူးဆို ရင်ငိုတော့မယ်” ရှီမာယူယူသည် ရှက်ရွံ့ခြင်းမရှိပေ။ မည်သို့ပင်ဖြစ်စေကာမူ သူမသည် မိန်းကလေးဖြစ်သည့် အတွက် ချွဲသည်မှာအမြင်မဆိုးပေ။

ထိုအကြောင်းအားတွေးမိသောအခါ အဒေါ်၃၏ လက်မောင်းကိုပင်ဆိတ်လိုက်သေးသည်။

“ဟဲဟဲ ခဏတော့လုပ်ခိုင်းမယ်” အဒေါ်၃ ပြုံးလေသည်။

အပြင်တွင်ရှိနေသော ဝူလေးသည် အဒေါ်၃အပြုအမူကိုမြင်သောအခါ မလိုလားသော မျက်နှာဖြစ်သွား လေသည်။ ဒီလူတွေက ဘာလို့ဆရာ့ကို တွယ်ကပ်နေကြတာလဲ။ ဆရာသည် သူမ အပိုင်ဖြစ်သည်။ ဆရာသည် အရင်က ထိုကဲ့သို့ပြုံးဖူးခြင်းမရှိပေ။ အခုတော့ သူမသည် ပျော်ရွှင်စွာ ပြုံးနေသည်။

ရှီမာယူယူသည် ထိုနေရာမှ မကျေနပ်မှုကိုခံစားမိသဖြင့် မျက်လုံးတောက်ပသွားသည်။ သူမသည် အဒေါ်၃ အားပြောလိုက်သည် “အဒေါ်၃ အမှောင်တောအကြောင်းကိုရင်းနှီးလား”

“ရင်းနှီးတယ်လို့ပြောဖို့တော့ခက်တယ်၊ အဒေါ်က ဝိဉာဉ်ပိုးကောင်တွေနဲ့ သဘောတူထားတာရှိတယ်၊ သူတို့က အဒေါ့်ကိုပိုးမျှင်ပေးရင် အဒေါ်က ဝိဉာဉ်ဝိုင်ပေးရမယ်” အဒေါ်၃သည် ရှင်းပြလေသည် “အဲဒီ ဝိဉာဉ်ပိုး ကောင်တွေနေတဲ့နေရာက တောနက်ထဲမဟုတ်တော့ အထဲထိ မသွားဖူးဘူး”

“ဒီတစ်ခေါက်ကိုသမီးတို့နဲ့လိုက်ချင်လား”

“တောထဲကိုလား” အဒေါ်၃သည် အံ့သြသွားလေသည်။

“ဟုတ်တယ် သမီးတို့ဒီကထွက်တာနဲ့ အင်အားကြီးစထောင်တော့မှာ အဒေါ်၃လည်း သမီးတို့နဲ့လိုက်ခဲ့ မှာပဲ ထွက်မသွားခင်ကို တောထဲကိုမကြည့်ချင်ဘူးလား” ရှီမာယူယူ ပြောလိုက်သည် “ဝူလေးလည်း မမြင်ဖူး သေးဘူးမလား၊ သူမလည်းလိုက်ခဲ့ရင် အမြင်ကျယ်ပြီး မြန်မြန်တိုးတက်နိုင်တာပေါ့”

“ဒါပေမဲ့ ဝူလေးကငယ်သေးတယ် အရမ်းလည်းသန်မာသေးတာမဟုတ်ဘူး၊ အခုချိန်မှာ အမှောင်တော က အန္တရာယ်များတယ်၊ သူမလိုက်ဝင်ရင် အန္တရာယ်မများဘူးလား”

“သမီးတို့ကာကွယ်ပေးနိုင်ပါတယ်” ရှီမာယူယူ ပြောလိုက်သည် “အဒေါ်၃ မစိုးရိမ်ပါနဲ့ သမီးတို့ ဝင်ဖို့ ဆုံးဖြတ်ထားမှတော့ ဘေးကင်းကင်းနဲ့ပြန်ထွက်လာဖို့ကို ယုံကြည်ချက်ရှိပါတယ်”

“ကောင်းပြီလေ” အဒေါ်၃သည် ရှီမာယူယူ၏ ပြင်းပြမှုကိုကြည့်ပြီး သဘောတူလိုက်သည် “ဒါဆို ဘယ်တော့ သွားကြမလဲ”

“အဒေါ်၃ သမီးတို့အတွက် မုန့်တွေလုပ်ပေးပြီးရင်” ရှီမာယူယူ ပြောလိုက်သည် “ပြီးတော့ သမီး ကျန်တဲ့ လူတွေကိုလည်း သတင်းသွားပေးရဦးမယ်”

“အားလုံးသွားမယ်ဆိုတော့ အဒေါ်၃ ပိုလုပ်ထားလိုက်မယ်” အဒေါ်၃ မတ်တပ်ရပ်လေသည်။

“ကျေးဇူးပါ အဒေါ်၃”

အဒေါ်၃ထွက်သွားသည်။ သူမ ခြံ၏တံခါးပေါက်သို့ရောက်သောအခါ ဝူလေးထိုနေရာတွင် ရပ်နေသည် ကိုတွေ့လိုက်သည်။ သူမ မေးလိုက်သည် “ဝူလေး ဘာလို့ဒီရောက်နေတာလဲ”

ဝူလေးသည် အဒေါ်၃အား မကျေနပ်စွာကြည့်လိုက်သည်။ သူမ မျက်လုံးများသည် မျက်ရည်များဖြင့် ပြည့်နေသည်။ သူမ မေးခွန်းကိုကြားသောအခါ ဘာမှမပြောပဲထွက်ပြေးသွားလေသည်။

ဆရာက သူမဆရာမဟုတ်တော့ဘူး။ သူမကို ဒီလောက်အန္တရာယ်များတဲ့နေရာကို သွားခိုင်းသေးတယ်။ သူမကို တကယ်ပဲမချစ်တော့ဘူးပဲ။

ဝူလေး ငိုကာ ထွက်ပြေးသွားသည်ကို အဒေါ်၃မြင်သောအခါ သူမ ခေါင်းရမ်းမိသည်။ သူမ၏ အကျင့်နှင့် စိတ်ဓာတ်ကိုသိသဖြင့် လိုက်မသွားတော့ပဲ စားဖိုဆောင်သို့လှည့်သွားလိုက်သည်။

“ယူယူ၊ အဒေါ်၃က ဒီကိစ္စမှာပါမယ်ဆိုတော့ သူမတပည့်လည်းပါရမှာပဲ၊ ဒါပေမဲ့ ငါတို့အမြင်အရ ဒီ မိန်းကလေးရဲ့ စိတ်ဓာတ်က….” ကုန်ရှန်ယိသည် အနည်းငယ်စိုးရိမ်သဖြင့် ပြောလေသည်။

“ဒီတပည့်ကို အဒေါ်၃ကိုယ်တိုင်ရွေးထားတာလေ၊ သူမ စိတ်ဓာတ်က အရမ်းကြီးမဆိုးလောက်ပါဘူး၊ ဒါပေမဲ့ အဒေါ်၃က သူမကိုခေါ်ထားပြီး ငယ်ငယ်ကတည်းကနေလာတော့ အဒေါ်၃က သူမကိုပဲ ပုံချစ်လာတာ လေ၊ အခု ငါနဲ့ ဖန်လေးပေါ်လာတော့ သူမဆရာကို အလုခံရသလိုခံစားရမှာပဲ၊ သေငယ်မှုက အောင့်ထားလို့ရ တယ် ဒါပေမဲ့များသွားရင်တော့ အဒေါ်၃ တပည့်ရဲ့ အကျင့်ကို ပြင်ပေးလို့မရဘူး”

“အဲတော့ သူမကို ကျွန်မတို့နဲ့အတူ အမှောင်တောထဲခေါ်သွားမှာလား” ကုန်ရှန်ယိ မေးလေသည်။

“အင်း အမှောင်တောထဲရောက်ရင် သူမရဲ့ ပုံစံကိုကြည့်ရဦးမယ်” ရှီမာယူယူ ပြောလိုက်သည် “ပြီးတော့ အဒေါ်၃ကို ငါပြောလိုက်သလိုပဲ၊ ဒီကလေးက တစ်ချိန်လုံး မြို့ထဲမှာပဲနေလာတာ၊ အပြင်လောကကိုထွက်ခဲတယ် ဒီတစ်ခေါက်ကို အပြင်လောကကိုထွက်ကြည့်ပြီး တိုးတက်အောင်လုပ်ရမယ်၊ အနည်းဆုံးတော့ အဒေါ်၃ တစ် ယောက်တည်းပဲ သူ့ဘဝမဟုတ်ဘူးဆိုတာ ခံစားမိမှာပဲ”

“သူမအရည်အချင်းက ကောင်းပါတယ်” ကုန်ရှန်ယိ မှတ်ချက်ပေးလေသည်။

“ကောင်းတာပေါ့၊ အဲဒါကြောင့် အဒေါ်၃နောက်ကို သေချာလေးလိုက်နိုင်မယ်လို့မျှော်လင့်တယ်၊ သူမ သာ မလိမ္မာရင်တော့….”

အင်အားကြီးထောင်မည့် သတင်းမှာပြန့်သွား၍မဖြစ်သဖြင့် မသေချာသည့် အချက်များကို ဖယ်ရှားထား ရမည်။

***

All Chapters