ဝိဉာဉ်ပိုးကောင်
Vol. 008 Ch. 702
ရှီမာယူူယူသည် အဒေါ်၃ကို ကူညီလိုကူညီရငြား မီးဖိုဆောင်သို့သွားလေသည်။ တစ်ချိန်တည်းမှာပင် သူမသည် သူမ၏ အကြံကိုအဒေါ်၃ကို ရှင်းပြလေသည်။
“ဝူလေးက အဒေါ်၃ သူမကိုအရမ်းဖူးဖူးမှုတ်ထားလို့ ဒီလိုဖြစ်သွားတာပါ” အဒေါ်၃သည် စိတ်မတိုပေ။ “သမီးတို့ သူမကိုစိမ်းသပ်ချင်ရင်လုပ်လေ၊ အဒေါ်တို့လုပ်ရမှာက တိတ်တဆိတ်လုပ်ရမှာဆိုတော့ ဇုံကျန်းမျိုးနွယ် နဲ့ ရင်ယန်နန်းတော်ကသိသွားရင် အကျိုးဆက်ကို တာဝန်ယူနိုင်မှာမဟုတ်ဘူး”
“ကျေးဇူးတင်ပါတယ် အဒေါ်၃” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ အဒေါ်၃ သူမကိုရွေးတဲ့အမြင်ကို သမီးယုံတယ်၊ ဝူလေးက အခုချိန်ကို စိတ်ညစ်သွားတာဖြစ်နိုင်တယ်၊ ဒါပေမဲ့ အဲခံစားချက်တွေပွင့်ထွက်သွားရင် တော့ နောက်ကိုအများကြီးအကူအညီဖြစ်မှာပါ”
“အဲလိုပဲမျှော်လင့်ပါတယ်” အဒေါ်၃ သက်ပြင်းချလေသည်။ သူမသည် ထိုနှစ်များတွင် တခြားသူများနှင့် ဆက်သွယ်ခြင်းမရှိခဲ့ပေ။ သူမနှင့် ဝူလေးတို့သည် တစ်ယောက်နှင့်တစ်ယောက် မှီခိုခဲ့ကြသည်။ ဝူလေးသည် လည်း သူမကိုတွယ်ကပ်ရသည်ကိုနှစ်သက်သည်။ သူမသာ ဝူလေးကို မတူညီစွာဆက်ဆံခဲ့သဖြင့် ဝူလေးသည် ထိုကဲ့သို့ ခေါင်းမာသွားခြင်းဖြစ်သည်။
ဒီတစ်ခါတော့ သေချာလေး သင်ပြသွားနိုင်မယ်လို့ မျှော်လင့်တာပဲ
ဖက်တီးကျူတို့အဖွဲ့သည် ရှီမာယူယူ၏ သတင်းရသည်နှင့် အခန်းသို့ပြန်ပြီး ရောက်လာကြလေသည်။
အဒေါ်၃သည် မုန့်လုပ်ပြီးနောက် ဝူလေးကိုသွားရှာလေသည်။ သူမကို ဘာပြောရမည်ကို မသိတော့ပေ။ အားလုံးက သွားရန်အဆင်သင့်ဖြစ်နေချိန်တွင် ဝူလေးသည်လည်း လိုက်လာသည်။ သူမ မျက်လုံးများသည် ငို ထားသကဲ့သို့ နီရဲနေသည်။
သို့သော် သူမသည် ရှီမာယူယူအားကြည့်ချိန်တွင် နာကျည်းချက်ရှိမနေပေ။
ရှီမာယူယူသည် သူမအား ပြုံးပြလိုက်သည်။ အဒေါ်၃သာ သူမစိတ်ကိုမဖွင့်ပေးရင် ဘယ်လိုလုပ် ဒီအလို လိုက်ခံထားရတာကနေ ကယ်နိုင်မလဲ။
မဟုတ်ရင်တော့….
“သွားရအောင် ဟာစွန်ရဲ့ ခရီးစဉ်အရ နောက်ထပ် ၆ရက် ၇ရက်လောက်ကြာနိုင်တယ်” သူမသည် အားလုံးကိုပြောလိုက်သည်။
သူတို့သည် မြို့အပြင်ရောက်လာသည်။ ရှီမာယူယူသည် ဟာစွန်ကိုခေါ်လိုက်ရာ အားလုံးတက်လိုက် ကြသည်။ သူတို့သည် အမှောင်တောရှိရာသို့ ပျံသန်းလိုက်သည်။
ဝူလေးသည် ဟာစွန်အားမြင်လိုက်ချိန်တွင် စိတ်ထဲတွင် အနည်းငယ်တုန်လှုပ်မိသည်။ သူမတွင် ထိုမျှ လောက် အင်အားကြီးသော အထွတ်အထိပ်ဝိဉာဉ်မိစ္ဆာရှိလိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူမ၏ စာချုပ်မိစ္ဆာကို စဉ်းစားလိုက်ရာ ဆရာသည် သူမအတွက် ပထမအဆင့် အထွတ်အထိပ်မိစ္ဆာရှာပေးရသည်ကိုပင်မလွယ်ကူခဲ့ သည်ကို တွေးမိသည်။
ဆရာအကြောင်းတွေးမိရာ ဆရာ သူမကိုပြောခဲ့သည့် စကားကိုသတိရသွားသည်။
“ယူယူနဲ့ ဖန်လေးက ဆရာ့ရဲ့ဆွေးမျိုးတွေ၊ သမီးက ဆရာခေါ်မွေးထားတဲ့လူပဲ၊ သူတို့ သမီးကိုမလိုလား တာကို မဖြစ်ချင်ဘူး၊ သမီးသူတို့နဲ့ အဆင်ပြေဖို့မျှော်လင့်တယ်၊ သူတို့က သမီးနဲ့ ဆရာကိုခွဲဖို့ ဒီကိုလာတာ မဟုတ်ဘူး၊ ဆရာ့ကိုချစ်ဖို့လာတာပဲ၊ ဒါပေမဲ့ သမီးက သဝန်တိုပြီး မမြင်ရင်တော့ သမီးကို သူတို့လည်း သဘော ကျမှာမဟုတ်ဘူး ဆရာလည်း သဘောမကျဘူး၊ သမီးက လိမ္မာတဲ့ကလေးဆိုတာ သိတယ်၊ အဲတော့ ဆရာ့ကို စိတ်ပျက်အောင်မလုပ်ဘူးမလား”
သူမသည် ရှီမာယူယူနှင့် ရှီမန်ဖန်တို့၏ နောက်ကျောကိုာကည့်လိုက်သည်။ သူတို့က သူမကိုချစ်တာ လား။
သို့သော် ဆရာ့ကို သူတစ်ယောက်တည်းအတွက်သာဖြစ်လိုသည်။ သူမ ဘာလုပ်ရမှာလဲ။ သူမ စိတ်များ ရှုပ်ထွေးလာသည်…..
“ကြည့်ရတာ ငါတို့ထွက်လာတာ တော်တော်နောက်ကျနေပြီထင်တယ်၊ တစ်လမ်းလုံး တစ်ကောင် တစ်မြီးမှမတွေ့ရဘူး အားလုံးအမှောင်တောထဲရောက်လောက်ပြီထင်တယ်” သူတို့မှလွဲပြီး တခြားသူများ မရှိသည်ကို ကြည့်ပြီး ဖက်တီးကျူသည် သက်ပြင်းချလေသည်။
“ဘာပဲဖြစ်ဖြစ် ငါတို့က ဒီကိုမင်္ဂလာသားရဲဖမ်းဖို့လာတာမဟုတ်ဘူးလေ ဘာတွေလောနေတာလဲ” ရှီမာယူယူသည် တက်ကြွစွာပြောလေသည်။
“အဲလူတွေရော သွားကြမလား” ရှီမာယူလင်းသည် ဘေဂုံထန်အားမေးလေသည်။
“သွားကြတယ်၊ သူတို့ အစ်ကို ၁နဲ့ ၂ရောက်ပြီးတော့ နှစ်ရက်နေတော့သွားကြတာပဲ၊ နောက်ဆုံးလက် ကျန်မျှော်လင့်ချက်ကို ဆွဲကိုင်ချင်တာဖြစ်နိုင်တယ်” ရှီမာယူယူ ပြောလိုက်သည်။
“ပြီးခဲ့တဲ့တစ်ခေါက်က သူတို့ နီရဲပျားတွေကိုတွေ့သွြးတယ်၊ ဒီတစ်ခါကိုလည်း နီရဲပျားတွေကို သုံးထား တာ၊ ပြဿနာမရှိလောက်ဘူးမလား” ရှီမာယူရွှီသည် အနည်းငယ်စိုးရိမ်မိသည်။
“ငါဒီတစ်ခေါက်ကို နည်းနည်းပိုအဆင့်မြင့်တဲ့အကောင်တွေကို လွှတ်ထားတယ်၊ မိဖို့မလွယ်ပါဘူး” ရှီမာယူယူ ပြန်ဖြေလေသည် “သူတို့တင်မဟုတ်ဘူး၊ တခြားလူတွေကိုလည်းလိုက်ဖို့ နီရဲပျားတွေကိုလွှတ်ထား တယ်၊ တောထဲမှာဖြစ်သမျှကို ငါအသိဆုံးဖြစ်လောက်တယ်”
“ဝါး.. ယူယူ ငါတို့ကိုမပြောပြဘူးပဲ” ဖက်တီးကျူ အော်လေသည်။
“ပြောဖို့လိုလို့လား” ရှီမာယူယူသည် ပြန်ချေပလေသည်။
ဖက်တီးကျူသည် အားလုံးကိုကြည့်လိုက်သည်။ အားလုံးသည် သူ့အား ငတုံးတစ်ယောက်ကဲ့သို့ ပြန် ကြည့်လေသည်။ သူ အော်လိုက်သည် “ကောင်းပြီ မင်းတို့အားလုံးသိကြတယ်ပေါ့ ငါကျမသိဘူး မတရားဘူး”
“အားလုံးက ဉာဏ်ကောင်းပြီး မင်းကတုံးနေတာကို သိသင့်တယ်” ဝေကျိရွှီသည် ပြုံးပြီးပြောလေသည် “ယူယူက ငါတို့ကိုမပြောပေမယ့် ငါတို့မှန်းမိကြတယ်”
“မှန်းမိတာလား” ဖက်တီးကျူသည် စိတ်လျော့သွားသည်။ သူကကျ ဘာလို့မမှန်းမိတာလဲ။
မဟုတ်ဘူး၊ သူမမှန်းမိတာမဟုတ်ဘူး မမှန်းတာပဲ။ ဘာလို့လဲ။ သူက ဦးနှောက်သုံးဖို့ကို ပျင်းနေတာပဲ။
ဝူလေးသည် အဒေါ်၃ဘေးထိုင်ကာ ရှီမာယူယူတို့အဖွဲ့ နောက်ပြောင်နေကြသည်ကို ကြည့်နေလေ သည်။ သူမသည် အရင်က သူတို့၏ အစိမ်းသက်သက်ဖြစ်သော တုန့်ပြန်မှုကိုခံစားမိသည်။ အားလုံးသည် မထင် ထားလောက်ပင် တစ်ယောက်နှင့်တစ်ယောက် နောက်ပြောင်ကြကာ ရင်းနှီးကြသည့်ပုံပင်။
သူမသည် ရုတ်တရက် ဆရာ၏ စကားများကို စတင်နားလည်လာသည်။
“အဒေါ်၃ မနက်ဆိုရင် ဝိဉာဉ်ပိုးတွေစုဖို့ ဝိဉာဉ်ပိုးကောင်တွေဆီသွားတယ်လို့ ပြောခဲ့တယ်မလား၊ ဝိဉာဉ် ပိုးကောင်တွေဆီအရင်သွားရင် ဘယ်လိုလဲ” ရှီမာယူယူသည် အဒေါ်၃၏ ထင်မြင်ချက်ကိုမေးလိုက်သည်။
“ကောင်းတယ်”
“အဒေါ်၃က ငှက်လေးကိုလမ်းပြပေးလိုက်ပါ” ရှီမာယူယူသည် ငှက်လေး၏ ကျောကိုပုတ်လိုက်သည်။ ငှက်လေးသည် အားလုံးကိုခေါ်ကာ ဝိဉာဉ်ပိုးကောင်ရှိသော နေရာသို့ပျံသန်းလေသည်။
လမ်းတွင် အဒေါ်၃သည် အားလုံးကိုဝိဉာဉ်ပိုးကောင်များအကြောင်းကို မိတ်ဆက်ပေးလေသည်။
ဝိဉာဉ်ပိုးကောင်များသည် အမျိုးအစားများစွာရှိသည်။ ဝိဉာဉ်ပိုးထည်များ၏ အရည်အသွေးမှာ သူတို့ မျိုးစိပ်ပေါ်မူတည်ပြီးကွဲပြားသည်။ ပိုကောင်းသည့်အမျိုးအစားများမှာ နှင်းပိုးကောင်၊ ကျောက်စိမ်းပြာပိုးကောင်၊ ပိုးကောင်နက်တို့ဖြစ်ကြသည်။ အကောင်းဆုံးပိုးကောင်များမှာ ဂျိုးကျွမ်နှင်းပိုးကောင်၊ ပိုးကောင်ဝိုင်း၊ ကောင်းကင် နက်ပိုးကောင်တို့ဖြစ်ကြသည်။
ဝိဉာဉ်ပိုးကောင်တစ်ကောင်လျှင် တစ်နှစ်ထုတ်သော ဝိဉာဉ်ပိုးပမာဏသည် အဝတ်တစ်ထည် ရက်လုပ်ရန် မလုံလောက်ပေ။
ဝိဉာဉ်ပိုးကောင်၏ အဆင့်ပေါ်မူတည်ပြီး ရက်လုပ်သည့် နည်းပညာမှာလည်း ဝိဉာဉ်အထည်၏ အရည် အသွေးပေါ်သက်ရောက်သည်။ သူတို့သည် ထိုအရာများကို နားမလည်သော်လည်း အဒေါ်၃သည် အကျဉ်းချုပ် ပြောပြသည်။
“အဲဒါကြောင့် ဝိဉာဉ်အထည်တွေရှားတာကိုး အဲလောက် ကထိကယများတာပဲ” ရှီမာယူမင် သက်ပြင်း ချလိုက်သည်။
“ဝိဉာဉ်အထည်သာ အရည်အသွေးမြင့်ရင် ဝိဉာဉ်လက်နက်လောက်ကိုလုပ်ဆောင်နိုင်တယ်” ရှီမာယူယူ ပြောလိုက်သည် “အဒေါ်၃ရဲ့ ပန်းထိုးတဲ့အရည်အချင်းက ကောင်းတယ်၊ အဒေါ်၃သာ ရှားပါးတဲ့ဝိဉာဉ်ပိုးကောင် ရရင် အဒေါ်၃ချုပ်တဲ့ ဝိဉာဉ်အဝတ်တွေက တော်တော်ကောင်းမှာပဲ”
“ပန်းထိုးထားတဲ့ဝိဉာဉ်အဝတ်တွေက အဆင့်မြင့်မြင့်ရက်ထားတဲ့ ဝိဉာဉ်အဝတ်တွေပဲ၊ ဒါပေမဲ့ အဲဒီရှားပါး တဲ့ ဝိဉာဉ်ပိုးကောင်တွေက လွယ်လွယ်နဲ့ဘယ်ရမလဲ” အဒေါ်၃သည် နှမြောတသစွာပြောလေသည်။
“သူတို့ ဒီမြေမှာရှိသရွေ့တော့ မတွေ့နိုင်ဘူးဆိုတာမရှိပါဘူး” ရှီမန်ဖန် နှစ်သိမ့်လေသည်။
“ဝိဉာဉ်ပိုးကောင်နဲ့ပတ်သတ်တဲ့သတင်းတွေကြားတယ် ဒါပေမဲ့ အဲအချိန်တုန်းက စိတ်မဝင်စားခဲ့ဘူး၊ ဒါပေမဲ့ အသည်းကွဲတောင်ကြားမှာ အရမ်းရှားတဲ့ဝိဉာဉ်ပိုးကောင်တွေရှိတယ်လို့ ပြောတာကိုမှတ်မိသေးတယ်၊ ဂျိုးကျွမ်နှင်းပိုးကောင်တွေဖြစ်လိမ့်မယ်လို့ ထင်တယ်” ကုန်ရှန်ယိပြောလေသည်။
“ဂျိုးကျွမ်နှင်းပိုးကောင်တွေက အသည်းကွဲတောင်ကြားမှာလား” ရှီမာယူယူသည် မယုံနိုင်သေးပေ။ “ဒါပေမဲ့ အသည်းကွဲတောင်ကြားက အဆိပ်ရှိတဲ့ပိုးကောင်တွေအများကြီးပဲ၊ အဲဒီမှာ ဘယ်လိုလုပ် ဂျိုးကျွမ်နှင်း ပိုးကောင်ရှိမှာလဲ”
“ဂျိုးကျွမ်နှင်းပိုးကောင်းဖြစ်နိုင်ဘူး” အဒေါ်၃ ပြောလိုက်သည် “ဂျိုးကျွမ်နှင်းပိုးကောင်တွေက ပတ်ဝန်းကျင် အခြေအနေကောင်းတဲ့နေရာတွေမှာနေတယ်၊ သူတို့က သန့်ရှင်းမှုနဲ့ ဖြူစင်မှုတွေလိုတယ်၊ အသည်းကွဲတောင်ကြားလိုနေရာမျိုးမှာ မနေဘူး၊ တကယ်သာ ရှားပါးတဲ့ ဝိဉာဉ်ပိုးကောင်ဖြစ်မယ်ဆိုရင်တော့ ပိုးကောင်ဝိုင်းဖြစ်လောက်တယ်”
“အဒေါ်၃ ပိုးကောင်ဝိုင်းကဘယ်လိုပုံစံရှိလဲ” ရှီမာယူယူ မေးလိုက်သည်။
“ပိုးကောင်ဝိုင်းရဲ့ အရေးကြီးဆုံးအချက်က သူတို့က အဆိပ်ထုတ်တယ်၊ သူတို့ခန္ဓာကိုယ်ထဲက ဝိဉာဉ် စွမ်းအင်နဲ့ အသွင်ပြောင်းပြီး ပုံမှန်နေ့တွေမှာဆိုရင် သူတို့ထုတ်တဲ့ ပိုးမျှင်တွေမှာ ပိုးကောင်ဝိဉာဉ်စွမ်းအင်ထည့် တယ်”
***