← Chapters

ရေသရဲမှ အသက်တစ်ချောင်းကို နုတ်ယူ။

Vol. 4 Ch. 46

ရေသရဲမှ အသက်တစ်ချောင်းကို နုတ်ယူ။

Vol. 4 Ch. 46

အင့် အင့်…

အင့် အင့်…

လူတစ်ယောက် ရေနစ်သောအခါ သူတို့၏ ပထဆုံးတုံ့ပြန်မှုမှာ ကြောက်စိတ်မွှန်၍ အထိတ်တလန့်တုံ့ပြန်ခြင်းဖြစ်သည်။ အထူးသဖြင့် ဤသို့အခြေအနေမျိုးတွင်ဖြစ်သည်။

ကြောက်လန့်တကြားဖြင့် လက်ခြေများ ရမ်းခါနေသည်။

မာလျို့၏ခွန်အားသည် သာမန်လူရမ်းကားတစ်ယောက်မျှသာ မဟုတ်ဘဲ ခွန်အားကြီးကြောင်း ချန်ကျဲ့ နားလည်လိုက်သည်။ ချန်ကျဲ့ သိုင်းပညာကို စတင်လေ့ကျင့်စဉ်ကပင် ယခုကဲ့သို့ ခွန်အားမျိုးမရှိပေ။

သို့သော်ငြား ချန်ကျဲ့သည် ဤတစ်ကြိမ်၌ သူ၏လက်ထဲတွင် ရုတ်တရက်တိုက်ခိုက်နိုင်သည့် အားသာချက်ကို ရရှိထားသည်။ မာလျို့မှာ သေရည်မူးနေသည့်အပြင် ချန်ကျဲ့သည် အားဖြည့်ကြက်စွပ်ပြုတ်ကို သောက်ထားသောကြောင့် သူ၏ဘိုးဘေးကြီးလက်သီးသိုင်းသည် တတ်မြောက်ခြင်းအဆင့်သို့ ရောက်ရှိသွားခဲ့ပြီး သူ၏အင်အားသည်လည်း သိသိသာသာတိုးတက်နေခဲ့ပြီးဖြစ်သည်။

ထို့ကြောင့် ဤအခိုက်အတန့်၌ ချန်ကျဲ့သည် အပြည့်အဝ လက်ဦးမှုရယူခဲ့သည်။

ချန်ကျဲ့ လက်တစ်ဖက်တည်းဖြင့် မာလျို့၏ဦးခေါင်းကို ဖိချကာ ရေထဲသို့ အတင်းနှစ်လိုက်သည်။ မာလျို့သည် ရေမျက်နှာပြင်ကို ပုတ်ခတ်ရုန်းကန်ကာ တစ်ခုခုပြောလိုဟန်ဖြင့် ရုန်းကန်နေသည်။

သို့သော် ချန်ကျဲ့သည် နားထောင်လိုစိတ်မရှိ။

မာလျို့မှ တောင်းပန်တိုးလျှိုးသည်ဖြစ်စေ၊ ခြိမ်းခြောက်သည်ဖြစ်စေ ချန်ကျဲ့ နားမထောင်လိုပေ။

ဒီနေ့ ငါမင်းရဲ့အသက်ကိုပဲ လိုချင်တာ၊ ငါ့ကို ပေးလိုက်တော့။

ငါ့မှာ မင်းရဲ့အဓိပ္ပာယ်မရှိတဲ့စကားတွေကို နားထောင်နေဖို့ အချိန်မရှိဘူး

သတ်မယ်ဆို သတ်မှာပဲ။ ညှိနှိုင်းမှုမရှိဘူး။ လူဆိုတာ ကိုယ့်ရဲ့ရည်ရွယ်ချက်အပေါ် တိကျပြတ်သားမှုရှိရမှာပေါ့။

အင့်…

မာလျို့၏ရုန်းကန်နေမှုသည် ပို၍အားနည်းသထက် အားနည်းလာသည်။ သူ၏လက်များသည် တဖြည်းဖြည်း အားနည်းချည့်နဲ့လာခဲ့ပြီး ရေပြင်ကို အကြိမ်‌ရေအနည်းငယ် ခပ်ဖြည်းဖြည်း ပုတ်ခတ်ရုန်းကန်နေပြီးနောက် လုံးဝငြိမ်ကျသွားတော့သည်။

မာလျို့၏ခန္ဓာကိုယ်သည် ရုတ်တရက်လေးလံလာကာ ရေအောက်သို့နစ်မြုပ်သွားခဲ့သည်။ သို့သော် ချန်ကျဲ့သည် သတိမလျော့စေဘဲ မာလျို့၏ခေါင်းကို မလွှတ်တမ်းဆက်ဖိထားခဲ့သည်။

ကမ္ဘာကြီးက ထူးခြားတဲ့လူတွေနဲ့ ပြည့်နှက်နေတာ။ ရေအောက်မှာ ‌အသက်အကြာကြီးအောင့်ထားနိုင်တဲ့သူ မရှိဘူးလို့ ဘယ်လိုလုပ်သေချာနိုင်ပါ့မလဲ။ အဲဒီတော့ နည်းနည်းကြာကြာ ဖိထားလိုက်တာကောင်းမယ်။

“အစ်ကိုသုံး ခဏစောင့်ဦး။ ကျွန်တော် တောထဲမှာ ဆီးသွားလိုက်ဦးမယ်”

“မြန်မြန်လုပ်၊ ငါဒီနေ့ အများကြီးရှုံးခဲ့တာ မင်းမရီးကို ဘယ်လိုရှင်းပြရမလဲ မသိသေးဘူး”

“ဟက် အစ်ကိုသုံးက မိန်းမကြောက်တာပဲနော်”

“‌အဓိပ္ပာယ်မရှိတာတွေ။ ငါက မိန်းမကြောက်မှာတဲ့လား။ ငါကလေ…”

“သိပါပြီ သိပါပြီဗျာ။ အစ်ကိုသုံး ကျွန်တော့်ကိုစောင့်နေဦး။ ကျွန်တော် ဆီးသွားလိုက်ဦးမယ်”

…

ချန်ကျဲ့ မာလျို့အား ရေနှစ်နေစဉ် မနီးမဝေးမှ အသံများကို ကြားလိုက်ရသည်။ ကြည့်ရသည်မှာ လောင်းကစားပြီးပြန်လာသည့် လောင်းကစားသမားနှစ်ဦး ဖြစ်ပုံရ၏။

ယခု၌ မာလျို့သည် ရေထဲတွင် အလောင်းအဖြစ် ပေါလောပေါ်နေပြီဖြစ်သည်။ လရောင်သည် တောက်ပနေလေရာ အရာအားလုံးကို ရှင်းလင်းစွာမြင်ရနိုင်‌ေပသည်။ ထိုအသံများကိုကြားသောအခါ ချန်ကျဲ့သည် တောထဲမှ ဖြတ်သွားသူများအနေဖြင့် ရေထဲရှိအလောင်းကို ကျိန်းသေပေါက်မြင်လိမ့်မည်ဖြစ်ကြောင်း သိလိုက်၏။

မကောင်းတော့ဘူး၊ လူမိသွားနိုင်တယ်။

အလျင်အမြန်စဉ်းစားလိုက်ပြီးနောက် ချန်ကျဲ့သည် အလောင်းကို တံတားအောက်သို့ဆွဲယူ၍ တံ‌တားအောက်ခြေ၌ ဖွက်လိုက်သည်။

ထိုစဉ် အမျိုးသားနှစ်ဦးသည် တံတားသို့ ချဉ်းကပ်လာခဲ့သည်။

“အစ်ကိုစန်း ခုနက ရေသံကြားလိုက်လား”

“မကြားပါဘူး။ မင်း ထင်ယောင်ထင်မှားတွေ ကြားနေတာနေမှာပေါ့”

“မဟုတ်ဘူး၊ ခုနက တကယ်အသံကြားလိုက်တယ်။ ငါးအကြီးကြီးများဖြစ်နေမလား။ ကျွန်တော်တို့ ဆင်းကြည့်ကြမလား”

“မင်းရူးနေလား။ မြစ်ရေက ညဘက်ဆို အေးစက်နေတာကို ငါတော့ ရေထဲဆင်းပြီး အအေးမိမခံချင်ပါဘူး။။ ငါတော့ အိမ်ပြန်ပြီ၊ မင်းဆင်းကြည့်ချင်ရင်တော့ မင်းတစ်ယောက်တည်းပဲ ဆင်းကြည့်လိုက်”

“ကျွန်တော်လည်း မဆင်းတော့ပါဘူး။ ဒီမြစ်ထဲမှာ အရင်က ရေနစ်သေဖူးတဲ့သူရှိတယ်။ ဒီမှာတစ်ယောက်တည်းကျန်ခဲ့ရမှာ ကြက်သီးထစရာကြီးဗျ”

အမျိုးသားနှစ်ဦးသည် အချင်းချင်း ပခုံးဖက်လျက် စကားပြောရင်း အဝေးသို့ဆက်လျှောက်သွားကြသည်။

ထိုအချိန်ထိတိုင် ချန်ကျဲ့သည် တံတားခုံးကို အမှီပြု၍ မာလျို့ကို ရေထဲဖိနှစ်ထားဆဲဖြစ်သည်။

သူ့ခန္ဓာကိုယ်လည်း ရေပေါ်မှာ ပေါလောပေါ်နေပြီဆိုတော့ ‌ မာလျို့ သေသွားလောက်ပါပြီ။ ပြီးတော့လည်း ငါသူ့ကို ရေနှစ်ထားတာ မိနှစ်နှစ်ဆယ်လောက်ရှိနေပြီပဲဟာ။ မာလျို့က ရေငုပ်တာမှာ အရမ်းတော်ရင်တောင်မှာ ဒီလောက်အကြာကြီးကို ခံနိုင်ရည်ရှိပါ့မလား။

သေချာစေရန်အတွက် ချန်ကျဲ့သည် ရေ‌ခဲရေတမျှ အေးစက်သည့်မြစ်ရေထဲတွင် ဒူးထိရေမြုပ်သည့် အနေအထားဖြင့် နောက်ထပ်၁၀မိနစ် နေခဲ့သည်။ အရိုးထဲထိ အေးစိမ့်နေသည့်တိုင် မာလျို့အား နောက်ထပ်၁၀မိနစ်ခန့် ဆက်လက်၍ရေနှစ်ခဲ့သည်။ သို့သော်ငြား ချန်ကျဲ့၏မျက်လုံးများသည် တောက်ပနေကြလျက် လူသတ်မှုကျူးလွန်ခြင်းမှ နောက်ဆက်တွဲဖြစ်ပေါ်တတ်သည့် တွန့်ဆုတ်တွေဝေခြင်းနှင့် စိတ်မသက်မသာဖြစ်ခြင်းသော လက္ခဏာများ မပြသပါချေ။

ချန်ကျဲ့၏ လူသတ်သည့်နည်းလမ်းသည် သွေးတစ်စက်မျှ မမြင်ရသောကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါ၏။ ထို့ကြောင့်ပင် ရုပ်ပိုင်းဆိုင်ရာ၌ စိုးရိမ်ပူပန်သည့်လက္ခဏာများမရှိဘဲနှင့် စိတ်ပိုင်းဆိုင်ရာလည်း ထိန်းချုပ်နိုင်ကာ ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်ခြင်း ဖြစ်‌နိုင်ပေသည်။

နာရီဝက်တိတိစောင့်ဆိုင်းပြီးနောက်တွင် ချန်ကျဲ့သည် မာလျို့ သေဆုံးပြီးဖြစ်ကြောင်း သေချာသွားခဲ့သည်။

ထို့နောက် မာလျို့၏ခန္ဓာကိုယ်ကို ရှာဖွေသည်။ မာလျို့၏ခန္ဓာကိုယ်မှ ငွေစအချို့ရှာတွေ့ခဲ့၏။ သို့သော် အချိန်ခဏမျှစဉ်းစားလိုက်ပြီးနောက်တွင် ချန်ကျဲ့သည် ထိုငွေစများကို မယူခဲ့ပေ။ သူ ငါးစာအဖြစ် အသုံးပြုခဲ့သည့် ငွေ၈စကိုသာ ပြန်ယူခဲ့သည်။

ချန်ကျဲ့သည် မာလျို့ကို လက်လွှတ်ပေးလိုက်ရာ မာလျို့၏ခန္ဓာကိုယ်သည် ရေစီးကြောင်းအတိုင်း မျောသွားခဲ့သည်။ ချန်ကျဲ့သည် နေရာမှ ထွက်ခွာသွားရန် အလျင်မလိုပေ။ မာလျို့၏အလောင်း လုံလောက်သည့် အ‌ကွာအဝေးသို့‌ ‌မျောပါသွားသည့်အချိန်အထိ စောင့်ကြည့်ခဲ့သည်။ ထို့နောက်မှသာ တံတားအောက်မှ ဖြည်းဖြည်းချင်း ပြန်ထွက်လာခဲ့သည်။

ချန်ကျဲ့ ကမ်းပေါ်သို့ပြန်တက်၍ ဖိနပ်များကို ပြန်ဝတ်သည်။ အနည်းငယ်စိုစွတ်နေသော ခေါက်တင်ထားသည့် ဘောင်းဘီအနားစကိုလည်း ဖြည်ချလိုက်သည်။

ချန်ကျဲ့ မတ်တပ်ရပ်လိုက်ပြီး အချိန်ကြည့်လိုက်သည်။

အခုအချိန်က ညသန်းခေါင်ရှိလုပြီဖြစ်မယ်။

ချန်ကျဲ့ တွေးနေစဉ် ‘’ဒင်’ဟူသည့် အသံထွက်ပေါ်လာ၏။

[ဒီနေ့အတွက် နောက်ဆုံးရသတင်းအချက်အလက်များကို ဖြည့်ဆည်း‌ပြီးပါပြီ (အဆင့် ၁)]

[၁၊ သင်ဒီနေ့ ချန်ရှောင်ဟူနဲ့ တွေ့ခဲ့ပြီး ရရှိတဲ့အချက်အလက်ဖြစ်ပါတယ်။ သင့်ရဲ့ညွှန်ကြားချက်အတိုင်း သူ ကျန်းကွေ့ဟွားကို ပြောခဲ့ပါတယ်။ ဒီနေ့နေ့လယ်မှာ တခြားရွာသားတစ်ယောက် တောင်ပေါ်မှာ ရတနာရှာတွေ့ခဲ့တယ်ဆိုတဲ့သတင်းက တစ်ရွာလုံးပျံ့နှံ့နေပါပြီ‌]

[၂၊ သင်ဒီနေ့ တခြားလူတစ်ယောက်က ယွီပင်းအကြောင်းပြောတာကို ကြားခဲ့ပြီး ရရှိခဲ့တဲ့အချက်အလက်ဖြစ်ပါတယ်။ မျက်လုံးနီရွှေကြက်ပျောက်ဆုံးမှုကို စုံစမ်းစစ်ဆေးဖို့အတွက် ယွီပင်းက လူတွေစေလွှတ်ခဲ့ပြီးပါပြီ။ မနက်ဖြန်ကျရင် ရှန်းထောင်ရွာကို ရောက်လာကြပါမယ်]

[၃၊ သင်ဒီနေ့ တခြားလူတစ်ယောက်က ယွီပင်းအကြောင်းပြောတာကို ကြားခဲ့ပြီး ရရှိခဲ့တဲ့အချက်အလက်ဖြစ်ပါတယ်။ ယွီပင်းက မျန့်ရွှေမြစ်အနီးမှာ ငါးဖမ်းခွင့်ရယူဖို့အတွက် ငွေကြေးအမြောက်အများ သုံးစွဲခဲ့ပါတယ်။ အဲဒီနေရာအနီးတစ်ဝိုက်မှာ မိုးမြေရတနာဖြစ်တဲ့ နွားဦးချိုငါးတစ်ကောင် အသိုက်ဆောက်ထားပါတယ်။ မကြာခင်မှာ ယွီပင်းက အဲဒီငါးကိုဖမ်းဖို့အတွက် သွားလှုပ်ရှားတော့မှာပါ]

[၄၊ သင်ဒီနေ့ မာလျို့ကို အလစ်တိုက်ခိုက်ခြင်း‌မှ ရရှိတဲ့အချက်အလက်ဖြစ်ပါတယ်။ မာလျို့မှာ ဖုံးကွယ်သိမ်းဆည်းထားတဲ့ ငွေတွေရှိပါတယ်။ ငွေသိမ်းဆည်းထားတဲ့ တည်နေရာကတော့ သူ့ရဲ့ခြံဝင်းထဲက သစ်ပင်ကြီးတစ်ပင်အောက်မှာ ဖြစ်ပါတယ်။ ငွေပမာဏကတော့ ငွေ၅တုံးခန့်ပါ]

[၅၊ သင်ဒီနေ့ လီစန်းနဲ့ ဝမ်ချင်းစန်းတို့ရဲ့ ပြောစကားများကို ကြားခဲ့ခြင်းမှ ရရှိတဲ့အချက်အလက်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့တစ်နှစ်တုန်းက ခန်းလဲ့တံတားမှာ သူတောင်းစားတစ်ယောက် ရေနစ်သေဆုံးခဲ့ဖူးပါတယ်။ အဲဒီသူတောင်းစားက သဘာဝဘေးအန္တရာယ်ကနေ ထွက်ပြေးတိမ်းရှောင်လာခဲ့တဲ့ ဒုက္ခသည်တစ်ဦးဖြစ်ပြီး အစာရေဆာငတ်မွတ်နေခဲ့သူပါ။ အဲဒီဒုက္ခသည်က ရေသောက်နေတုန်း မြစ်ထဲကို မတော်တဆပြုတ်ကျပြီး ရေနစ်သေဆုံးသွားခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်ပြီးနောက်မှာ လူတွေက ခန်းလဲ့တံတားက မသန့်ရှင်းတော့ဘူး၊ ရေသရဲက လူစားထိုးဖို့ အမဲလိုက်နေတာလို့ ပြောလာကြပါတယ်]

ချန်ကျဲ့သည် သတင်းအချက်အလက်များကို အမြန်ဖတ်ကြည့်ပြီး တစ်ချက်ခြင်းစီ၏ အရေးကြီးသည့်အကြောင်းအရာတို့ကို ခွဲခြမ်းစိတ်ဖြာသည်။

အရင်ဆုံး ပထမအချက်နှစ်ချက်က မျက်လုံးနီရွှေကြက်ကိစ္စရဲ့ နောက်ဆက်တွဲအကြောင်းအရာတွေပဲ။ ကြည့်ရတာ ယွီပင်းက လက်မလျှော့သေးပုံပဲ။ ဒါပေမဲ့ သူ လက်လျှော့သည်ဖြစ်စေ၊ လက်မလျှော့သည်ဖြစ်စေ အရေးမကြီးတော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီရွှေကြက်က ငါ့ဗိုက်ထဲရောက်သွားပြီးတဲ့ အမှန်တရားကို ပြောင်းလဲလို့ မရနိုင်တော့ဘူးလေ။

ပြီးတော့ ရှောင်ဟူက အရမ်းကျွမ်းကျင်တယ်။ နေ့တစ်ဝက်လေးအတွင်းမှာပဲ တောင်ပေါ်မှာ လူတစ်ယောက် ရတနာရှာတွေ့တဲ့သတင်းကို တစ်ရွာလုံးသိသွားကြပြီ။

အဲဒါကတော့ အဒေါ်အာ့ပါးရဲ့စွမ်းဆောင်ရည်ကိုလည်း မမေ့သင့်ဘူးပေါ့လေ။

ကျေးလက်ဒေသများ၌ အသံချဲ့စက်ဟု သတ်မှတ်ရသော အမျိုးသမီးနှစ်ဦးခန့် ရှိတတ်မြဲဖြစ်သည်။ အဒေါ်အာ့ပါးသည် ဝါဒဖြန့်ခြင်းတွင် ဆရာတစ်ဆူဖြစ်ပြီး ကောလာဟလများ ဖြန့်ဖြူးရာ၌ အတော်ဆုံးဖြစ်သည်။ သူမ ကောလာဟလများ ဖြန့်ဖြူးလိုက်သည်နှင့်အမျှ ပို၍အဓိပ္ပာယ်ကင်းမဲ့လာလေဖြစ်၏။

ထို့နောက် နံပါတ်သုံးအချက်မှာ ယွီပင်းသည် အခြားသဘာဝရတနာတစ်ပါးဖြစ်သည့် နွားဦးဂျိုငါးကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ငါတစ်ခါမှ မကြားဖူးတဲ့နာမည်ပဲ။ ဒါပေမဲ့ နာမည်အရ‌တော့ ထူးခြားတဲ့သတ္တဝါဆိုတာကို ခန့်မှန်းကြည့်လို့ရနိုင်တယ်။ နွားဂျိုပေါက်နေတဲ့ ငါးဆိုတာ သာမန်သတ္တဝါတစ်ကောင်တော့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ဒီအချက်အလက်ကတော့ နောက်ထပ်ဆုကြေးတွေရဖို့ အခွင့်အရေးရှိလာနိုင်တော့ သေချာလေးအာရုံစိုက်သင့်တယ်။

အခြားသူများအပေါ် အနိုင်အထက်သိမ်းယူခြင်းအမှုကို ပြုလုပ်ခဲ့ပါက အနည်းငယ် စိတ်မကောင်းဖြစ်နိုင်၏။ သို့သော် ယွီမိသားစုအပေါ်၌မူ ထိုသို့ စိတ်မကောင်းဖြစ်သည့်ခံစားချက်မျိုး မဖြစ်ပေါ်မိပါချေ။

ဒီလိုဖြစ်ရတာ သူတို့ကံဆိုးလို့ပဲပေါ့။ သူတို့ကိုယ်တိုင်ကြောင့် ဖြစ်ရတာပဲ!

ထို့နောက် နံပါတ်လေးအချက်ဖြစ်သည့် မာလျို့၏ ဖုံးကွယ်သိမ်းဆည်းထားသည့် ငွေကြေးများအကြောင်းဖြစ်သည်။ ၎င်းငွေများသည် ယခုတွင်တော့ ချန်ကျဲ့၏ပိုင်ဆိုင်မှု ဖြစ်ရချေတော့မည်။

နောက်ဆုံးအချက်ဖြစ်သည့် ခန်းလဲ့တံတားတွင် အသက်နုတ်ယူလေ့ရှိသည့် ရေသရဲအကြောင်းကိုမူ ချန်ကျဲ့ မယုံကြည်ပါချေ။ ဤကမ္ဘာတွင် သိုင်းပညာကျင့်ကြံခြင်းများ တည်ရှိနိုင်သော်ငြား ရေသရဲဟူသည် အဘယ်သို့များ တည်ရှိနိုင်ပါအံ့နည်း။ အကယ်၍ ရေမျောက်ကဲ့သို့ ထူးခြားဆန်းပြားသတ္တဝါများ တည်ရှိသည်ဟု ဆိုပါလျှင်မူ ယုံကြည်နိုင်သေးပေသည်။

သရဲတစ္ဆေများမှာမူ ချန်ကျဲ့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေပါ၏။ သို့သော် ထိုအသက်နုတ်ယူသည့် ရေသရဲပုံပြင်ကို အသုံးချနိုင်ပေသည်။

ထိုအတွေးဖြင့် ချန်ကျဲ့သည် ရေစီးကြောင်းဖြင့် အဝေးသို့ မျောပါသွားပြီး‌ဖြစ်သော မာလျို့၏အလောင်းကို လှမ်းကြည့်လိုက်သည်။

ဤအကြောင်းကိစ္စအား ချန်ကျဲ့ ဤသို့နိဂုံးချုပ်လိုက်သည်:

ကျုံးထောင်ရွာသား မာလျို့က ညသန်းခေါင်အချိန်မှာ သေရည်ယစ်မူးပြီး ခန်းလဲ့တံတားကို ဖြတ်လျှောက်ခဲ့တယ်။ ရေထဲမှာ ရွှေရောင်အလင်းပြန်‌နေတာကို မြင်လိုက်ရတဲ့ မာလျို့က ရတနာရှာဖို့အတွက် ရေထဲကိုဆင်းခဲ့တယ်။ မထင်မှတ်စွာနဲ့ မာလျို့ ရေထဲကိုဆင်းလိုက်တာနဲ့ ချက်ချင်းပဲ ကျောက်တုံးကို ခလုတ်တိုက်မိပြီး လဲကျသွားခဲ့တယ်။ သူပြန်ထဖို့ကြိုးစားတော့ ရေထဲက တစ်ယောက်ယောက်က သူ့ကို‌ဆွဲချနေသလိုမျိုး၊ ပြန်မထနိုင်အောင် လုပ်နေသလိုမျိုး ခံစားလိုက်ရတယ်။ အချိန်အကြာကြီး ရုန်းကန်နေခဲ့ပြီးနောက်မှာတော့ မာလျို့က ရေနစ်သေသွားခဲ့တယ် ဟူ၍။

All Chapters