← Chapters

သနားဂရုဏာသက်ဖွယ် မိန်းကလေးစူး။

Vol. 4 Ch. 47

သနားဂရုဏာသက်ဖွယ် မိန်းကလေးစူး။

Vol. 4 Ch. 47

လရောင်သည် မှိန်ဖျော့ဖျော့လင်းဖြာနေပြီး လေသည် ခပ်ပြင်းပြင်းတိုက်ခတ်နေသည်။ ချန်ကျဲ့သည် ကျုံးထောင်ရွာသို့ ဝင်ရောက်ရန်အတွက် တောလမ်းမှ ကွေ့ပတ်သွားခဲ့သည်။

ချန်ကျဲ့သည် မာလျို့၏နေအိမ်သို့ ရောက်ခဲ့ဖူး၏။ ထို့ကြောင့် သစ်ပင်အကြီးကြီးရှိသည့် နေရာကိုလည်း မြန်မြန်ဆန်ဆန်ပင် ရှာတွေ့ခဲ့သည်။

မာလျို့၏ခြံဝင်းတံခါးမှာ သော့ခတ်ထား၏။ ချန်ကျဲ့သည် ခြံဝင်းထဲသို့ နံရံကျော်တက်ဝင်ခဲ့ပြီး တူးရွင်းတစ်ခု ရှာယူလိုက်သည်။ သစ်ပင်ကြီးသို့ စမ်းလျှောက်သွားခဲ့ပြီး တူးရွင်းဖြင့် တူးဖော်ခဲ့သည်။ နောက်ဆုံး၌ သေရည်အိုး‌အသေးတစ်လုံးကို တူးဖော်ရရှိခဲ့သည်။

ချန်ကျဲ့ သေရည်အိုးကို လှုပ်ကြည့်လိုက်သည်။ ထိုအခါ အထဲမှ ငွေတုံးထိခတ်သံကဲ့သို့ အသံများထွက်ပေါ်လာသည်။

ချန်ကျဲ့ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှု၍ မည်သူမျှ ရှိမနေကြောင်း အတည်ပြုလိုက်သည်။ သေရည်အိုးကို အဖုံးဖွင့်လိုက်ရာ ငွေစများ အမြောက်အများ ထွက်ကျလာ၏။ စုစုပေါင်းပမာဏမှာ ငွေ၅တုံး အတိအကျဖြစ်ပေသည်။

ငွေများကိုရယူပြီးနောက်တွင် ချန်ကျဲ့သည် သေရည်အိုးကို နေရာ၌ပြန်ထားလိုက်သည်။ ထို့နောက် ခြံဝင်းနံရံကိုကျော်တက်၍ အလွယ်တကူပင် ပြန်ထွက်သွားခဲ့သည်။ ထို့နောက် အနီးရှိ ကောက်ရိုးပုံပေါ်သို့ ခုန်လွှားလိုက်ပြီးနောက် လှုပ်ရှားမှုအချို့ဖြင့် ခြေရာလက်ရာမကျန်ရစ်ဘဲ ပျောက်ကွယ်သွားတော့သည်။

ကျုံးထောင်ရွာမှ ထွက်ခွာလာခဲ့ပြီးနောက် ချန်ကျဲ့သည် အိမ်ပြန်ရန် အလျင်မလိုပေ။ ထိုအစား နောက်ယောင်ခံလိုက်သူ ရှိနေလိမ့်မည်ကို စိုးရိမ်သောကြောင့် အောက်မက်မွန်ရွာသို့ ဦးတည်သွားခဲ့သည်။

သို့ဖြင့် မနက်၂နာရီမှသာ အိမ်ပြန်ရောက်ခဲ့သည်။

ချန်ကျဲ့ ခြံဝင်းတံခါးကို ညင်သာစွာတွန်းဖွင့်ကြည့်လိုက်သည်။ ချန်ကျဲ့ မျက်မှောင်ကြုတ်သွား၏။

ငါ တံခါးကို မင်းတုံးချထားဖို့ ပြောခဲ့တယ်မဟုတ်ဘူးလား။

ချန်ကျဲ့သည် စူးညီအစ်မနှစ်ယောက် အိပ်ရာနိုးသွားမည်စိုးသောကြောင့် အိမ်ထဲသို့ ခြေဖျားထောက်ဝင်ခဲ့သည်။

ချန်ကျဲ့ အိမ်ထဲသို့ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် အတွင်းခန်းထဲမှ မဝံ့မရဲစကားသံ ထွက်ပေါ်လာခဲ့သည်။

“ရှင်ပြန်ရောက်လာတာလား ယောက်ျား”

ဟမ်?

ချန်ကျဲ့ လန့်သွား၏

“ယွင်ကျင်းလား”

ချန်ကျဲ့ သက်ပြင်းချလိုက်ပြီး ဆီမီးအိမ်ကို မီးထွန်းကြည့်လိုက်ရာ အိပ်ရာထက်တွင် ကွေးကွေးလေးထိုင်နေသည့် စူးယွင်ကျင်းကို မြင်လိုက်ရသည်။ သူမသည် ဒလိမ့်တုံးတစ်တုံးကို ဆုပ်ကိုင်ထားကာ အလွန်တရာ စိတ်ဖိစီးနေဟန်ရ၏။

“မင်းဘာလို့ အခုထိ မအိပ်သေးတာလဲ”

“အမ်း”

စူးယွင်ကျင်းမှ အသာအယာ ခေါင်းညိတ်သည်။

သူမ၏ခန္ဓာကိုယ်လေးသည် အနည်းငယ် တုန်ယင်နေ၏။ သူမသည် အမှောင်ထဲတွင် အချိန်ကြာမြင့်စွာနေထိုင်ခြင်းကြောင့် ကြောက်ရွံ့စိတ်များ ပေါက်ဖွားနေခဲ့လေသည်။ သူမသည် ငွေချွေတာရန်အတွက် ဆီမီးအိမ်ကိုပင် မထွန်းညှိချေ။

သို့ဖြစ်၍ သူမသည် တစ်ညလုံး အမှောင်ထဲတွင် တစ်ယောက်တည်း စောင့်ဆိုင်းနေခဲ့သည်။

သူမသည် ခင်ပွန်းသည် ပြန်မလာမည်ကို စိုးရိမ်မှုကြောင့် မအိပ်စက်ရဲခဲ့ပေ။

သူမအတွက်မူ ရုပ်ရှင်တစ်ခု၌ အရှုပ်အထွေးများကို ‌ဖြေချပြီးနောက် အုတ်အော်သောင်းတင်း ဇာတ်ဝင်ခန်းများကို ကြည့်ရှုနေရသည့်အလား ခံစားချက်မျိုးဖြစ်နေခဲ့ပေသည်။

ချန်ကျဲ့ အပြင်တွင် သေဆုံးသွားသည့်မြင်ကွင်းများ၊ ချန်ကျဲ့ နောက်မှ လိုက်လံသတ်ဖြတ်ခံနေရသည့် မြင်ကွင်းများ၊ ချန်ကျဲ့ ခြေလက်များ ဖြတ်တောက်ခံရ၍ သွေးအိုင်အတွင်း တွားသွားနေသော မြင်ကွင်းများ…

အတိုချုပ်ရသော် အမျိုးမျိုးသော ကြောက်မက်ချောက်ချားဖွယ် အတွေးများကို သူမ၏စိတ်ထဲ‌တွင် ပုံဖော်တွေးတောနေမိခဲ့ပေသည်။

ချန်ကျဲ့၏အသံကြားမှသာ သူမ၏ကမ္ဘာ‌ထဲတွင် အလင်းရောင် ပြန်လည်လင်းလက်သွားခဲ့သည်။

“ယောက်ျား!”

စူးယွင်ကျင်း ခေါင်းမော့ကြည့်လာ၏။ သူမ၏မျက်လုံးများ၌ မျက်ရည်စများ ရစ်ဝဲနေခဲ့သည်။ သို့သော် စိတ်ဓာတ်မာကြောသည့် အမျိုးသမီးလေးစူးယွင်ကျင်းသည် မငိုခဲ့ပါချေ။

ချန်ကျဲ့သည် စိတ်လှုပ်ရှားသွားခဲ့ပြီး သူမကို ပွေ့ဖက်လိုက်သည်။

“အ‌ဆင်ပြေပါတယ်။ အခု အရာအားလုံး အဆင်ပြေသွားပါပြီ”

ချန်ကျဲ့သည် စူးယွင်ကျင်း၏ စိတ်ခံစားချက်များ ပြေလျော့တည်ငြိမ်စေရန် သူမ၏ကျောပြင်လေးကို ခပ်ဖွဖွပုတ်၍ နှစ်သိမ့်ခဲ့သည်။

ထိုအခါမှသာ စူးယွင်ကျင်း၏ မျက်နှာလေးမှာ စိတ်သက်သာဟန်ပြလာ၏။ ချန်ကျဲ့ သူမ၏လက်ထဲရှိ ဒလိမ့်တုံးကိုယူလိုက်ပြီး ပြောလိုက်သည်။

“မင်းကြောက်နေတယ်ဆိုရင် ဘာလို့ တံခါးကို မင်းတုံးချမထားရတာလဲ”

“ကျွန်မ.. ကျွန်မ ရှင်တံခါးဖွင့်မရ‌လို့ ပြန်မလာနိုင်မှာ စိုးရိမ်လို့”

ချန်ကျဲ့ ရယ်မောလိုက်သည်။

“အဲဒီတော့ မင်းက မင်းကိုယ်မင်း ဒီဟာနဲ့ကာကွယ်ဖို့ စီစဉ်ထားတာပေါ့လေ။ ဘယ်လိုလူဆိုးက ဒလိမ့်တုံးကို ကြောက်မှာလဲ။ ဒီဟာအစား မီးဖိုချောင်သုံးဓားကို ယူထားရမှာပေါ့”

“ကျွန်မ.. ကျွန်မ မလုပ်ရဲဘူး”

စူးယွင်ကျင်းမှ ပြောသည်။ ချန်ကျဲ့သည် ချစ်မြတ်နိုးစွာဖြင့် စူးယွင်ကျင်း၏မျက်နှာလေးအား လက်နှစ်ဖက်ဖြင့် အုပ်ကိုင်လိုက်သည်။ ထို့နောက် သူမ၏ပါးပြင်ထက်ရှိ မျက်ရည်စ‌များကို လက်မဖြင့် သုတ်ပေးခဲ့သည်။

“နောက်တစ်ခါကျ တံခါးကို မင်းတုံးချထားဖို့ မမေ့နဲ့”

စူးယွင်ကျင်းမှ ပြောသည်။

“နောက်တစ်ခါရှိဦးမှာလား”

ချန်ကျဲ့ တိတ်ဆိတ်သွား၏။

“နောက်တစ်ခါ မရှိတော့ပါဘူးလို့ ပြောချင်ပေမဲ့ မိန်းမ ငါမင်းကို မလိမ်ချင်ဘူး။ ဒီလောကကြီးမှာ ငါတို့ အပြောင်းအလဲမလုပ်ဘူးဆိုရင် ထိခိုက်နာကျင်ရတဲ့သူက အမြဲငါတို့ပဲဖြစ်နေလိမ့်မယ်”

“အဲဒါကြောင့် ဒီမိသားစုအတွက်၊ မင်းနဲ့ ရွေ့ရွေ့အတွက်၊ မင်းရဲ့ယောကျာ်းဖြစ်တဲ့ငါ့မှာ သေချာပေါက်လုပ်ရမယ့်အရာတွေရှိတယ်။ မင်းနားလည်ရဲ့လား”

စူးယွင်ကျင်းသည် ချန်ကျဲ့၏လေးနက်တည်ကြည်သော မျက်နှာအား ငေးစိုက်ကြည့်နေခဲ့သည်။ ချန်ကျဲ့၏မျက်လုံးများထဲမှ ဆုံးဖြတ်ချက်ခိုင်မာပြတ်သားမှုကို သူမ မြင်တွေ့နိုင်ပါ၏။

ချန်ကျဲ့၏ မိသားစုအပေါ် တာဝန်သိစိတ်နှင့် ကာကွယ်ပေးမှုသည် စူးယွင်ကျင်းအား စိတ်ခံစားသွားရစေသည်။ ဤသည်မှာ သူမ လက်ထပ်ရန် ရွေးချယ်ခဲ့သည့်အမျိုးသားဖြစ်ပါ၏။

သူမ၏အမျိုးသားမှ ပြုလုပ်ခဲ့သည့်အရာတိုင်းသည် မိသားစုအတွက်ဖြစ်ခဲ့သည်။ ထိုအမျိုးသားသည် သူမမှာ သူ့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုဟု မမှတ်ယူပါချေ။

စူးယွင်ကျင်းသည် စိတ်ခံစားချက်များ ပြင်းထန်နေလျက် သူမမှ ဦးဆောင်၍ ချန်ကျဲ့ကို နမ်းရှိုက်လိုက်၏။

ဟမ်?!

ချန်ကျဲ့ စူးယွင်ကျင်းအား အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။ ယခုတွင်တော့ စူးယွင်ကျင်း၏မျက်နှာသည် ပန်းသီးတစ်လုံးကဲ့သို့ နီရဲနေခဲ့ကာ မျက်လုံးများမှာ နူးညံ့မှုလေးဖြင့် တောက်ပနေခဲ့ရာ အလွန်တရာဆွဲဆောင်မှုရှိလှပေသည်။

ခေါင်းငုံ့ထားသည့် စူးယွင်ကျင်း၏ ရှက်သွေးဖြာနေသော နူးညံ့သိမ်မွေ့ဟန်လေးသည် ချန်ကျဲ့၏နှလုံးအိမ်ကို ပို၍ခုန်လှုပ်သွားစေသည်။

ချန်ကျဲ့သည် သူ၏အရင်ဘဝ၌ အမျိုးသမီးများစွာကို မြင်တွေ့ခဲ့ဖူးပါ၏။ သူသည် တိုက်ရိုက်ထုတ်လွှင့်မှု ကုမ္ပဏီတစ်ခုကို တည်ထောင်ဦးစီးခဲ့ပြီး ကလူ၏မြှူ၏သော အမျိုးသမီးအမျိုးမျိုးနှင့် ကြုံတွေ့ခဲ့ဖူးသည်။ သို့သော် စူးယွင်ကျင်းကဲ့သို့ အမျိုးသမီးမှာ ပထမဆုံးအကြိမ်ဖြစ်၏။

မျက်မှောက်ခေတ်လူမှုအဖွဲ့အစည်းရှိ အမျိုးသမီးများ၌ ဤသို့ဖြူစင်ရိုးရှင်းမှုမျိုး တည်ရှိခြင်းမှာ ရှားပါးလွန်းလှသည်။ ကလူ၏မြှူ၏အပြုအမူအမျိုးမျိုးကို ကြုံတွေ့ခဲ့ဖူးပြီးဖြစ်သော ချန်ကျဲ့အတွက်မူ စူးယွင်ကျင်းကဲ့သို့သော အမျိုးသမီးမှာ အဖိုးမဖြတ်နိုင်ပါချေ။

နှိုင်းယှဉ်ကြည့်လိုက်ပါက စူးယွင်ကျင်းကဲ့သို့သော အမျိုးသမီးသည် အဓိကဇနီးသည်ဖြစ်ရန် သင့်တော်ပေသည်။

အခြားအမျိုးသမီးများမှာမူ ခဏတာ ပျော်ပါးရန်အတွက်သာ သင့်တော်ပါ၏။

သူတို့ကို လက်ထပ်ယူဖို့ကိုတော့ မေ့ထားလိုက်ပါလေ။

…

နောက်တစ်နေ့မနက် ချန်ကျဲ့အိပ်ရာနိုးလာချိန်တွင် စူးယွင်ကျင်းသည် သူ၏ဘေးတွင် မအိပ်စက်မီက ဝတ်ဆင်ထားသည့် အဝတ်အစားများအတိုင်း ဝတ်ဆင်ထားလျက် အိပ်ပျော်နေဆဲဖြစ်သည်။

ချန်ကျဲ့ ပြုံးလိုက်သည်။ လွန်ခဲ့သည့်ညအချိန်မှာ သူတို့နှစ်ဦး လွန်ကျူးသည့်အခိုက်အတန့် မဖြစ်ခဲ့ပါချေ။ အကြောင်းမှာ ချန်ကျဲ့ လုပ်ဆောင်ရန် မတတ်နိုင်သောကြောင့် မဟုတ်ပါဘဲ လုပ်ဆောင်ရန် ဆန္ဒမရှိသောကြောင့်ဖြစ်သည်။

သူ၏အရင်ဘဝက ကုမ္ပဏီမှ ညှို့ဓာတ်ပြင်းသည့် အမျိုးသမီးတစ်ဦးဖြစ်ခဲ့လျှင် ချန်ကျဲ့သည် ယခုအချိန်တွင် ဝတ်လစ်စားလစ်ဖြင့် သွေးသားဆန္ဒ‌ကို မွေ့လျော်ခံစားနေခဲ့မည်ဖြစ်ပါ၏။

သို့သော် ဒုက္ခများစွာခံစားခဲ့ရသည့် ဤအမျိုးသမီးလေးကိုမူ ချန်ကျဲ့သည် နူးညံ့ညင်သာစွာ ဆက်ဆံ၍ ဖြည်းဖြည်းချင်း အဆင့်တက်လိုသည်။

သူတို့နှစ်ဦးကြားရှိ ချစ်ခြင်းမေတ္တာကို သဘာဝကျကျ တိုးတက်ဖြစ်တည်လာစေရန် ချန်ကျဲ့ မျှော်လင့်သည်။ တဏှာရာဂကြောင့် မဟုတ်ပါဘဲ ချစ်ခြင်းမေတ္တာပေါက်ဖွားလာရာမှ ခန္ဓာကိုယ်ချင်း နီးကပ်လာစေရန် မျှော်လင့်ပါသည်။

ယခု၌ သူတို့နှစ်ဦးသည် အရေးအကြီးဆုံးခြေလှမ်းဖြစ်သည့် အတူတကွအိပ်စက်ခြင်းအဆင့်အား လှမ်းလျှောက်ခဲ့ပြီးဖြစ်သည်။

ကျန်ရစ်သည်မှာ စက္ကူပါးလေးတစ်လွှာမျှသာဖြစ်ပြီး ချန်ကျဲ့‌အနေဖြင့် အချိန်မရွေး ထိုးဖောက်နိုင်ပေသည်။

ချန်ကျဲ့သည် လူငယ်ဘဝ၌ အရှိန်လျင်မြန်ခြင်းကိုသာ လိုချင်တောင့်တခဲ့သည်။ သို့သော် မျက်စိနောက်လောက်အောင် တောက်ပသည့်ဘဝမှ ရိုးရှင်းသည့်ဘဝကို ပြန်လည်ရောက်ရှိသွားခဲ့ပြီးနောက်၌ ဘဝဖြတ်သန်းသည့် ဖြစ်စဉ်သည်သာလျှင် စိတ်ကြည်နူးဖွယ်အကောင်းဆုံးဖြစ်ကြောင်းကို နားလည်သွားခဲ့သည်။

ချန်ကျဲ့သည် အိပ်ရာနိုးလာသည့်စူးယွင်ကျင်း‌ကို နူးညံ့စွာသောအကြည့်များဖြင့် ငေးစိုက်ကြည့်နေခဲ့သည်။

သူမ၏ အနည်းငယ်ပြန့်ကျဲနေသည့် ဆံပင်လေးများသည် နှုတ်ခမ်းထက်တွင် ကျဆင်းနေလေရာ တစ်မူထူးခြားသည့် ပျင်းရိ‌ခြင်းမည်နိုင်သော ခံစားချက်တစ်မျိုးမှာ ဆွဲဆောင်မှုတစ်မျိုးအဖြစ် ဖြစ်တည်သွားခဲ့လေသည်။

စူးယွင်ကျင်းသည် ချန်ကျဲ့၏လက်မောင်းပေါ်တွင် ခေါင်းအုံးထား၏။ သူ၏အင်္ကျီမှာ ရင်ဘတ်နားလေးတွင် အနည်းငယ်ပွင့်ဟနေသည်။

စူးယွင်ကျင်းသည် မနေ့ညက သူမ၏ရူးသွပ်မှုကို ပြန်တွေးမိပြီးနောက် ရှက်သွေးဖြာသွား၏။ သူတို့နှစ်ဦး၏ အနမ်းများ လိမ်ယှက်နွယ်ခဲ့ကာ နှုတ်ခမ်းမှ နားများ၊ ထိုမှတစ်ဆင့် လည်တိုင်အထိ ဖြန့်ကျက်ခဲ့ကြသည်။

ချန်ကျဲ့၏လက်များသည်လည်း ခန္ဓာကိုယ်အနှံ့အပြားသို့ မရပ်မနားလှုပ်ရှားနေခဲ့သည်။

နောက်ဆုံးအဆင့်သို့ ရောက်သောအခါမှသာ ချန်ကျဲ့သည် သူမကို နူးညံ့စွာမေးလာခဲ့သည်။

“မင်း အဆင်သင့်ဖြစ်ပြီလား”

သူမ တွန့်ဆုတ်သွားခဲ့သည်။ သူမ ချန်ကျဲ့ကို သဘောမကျသောကြောင့် မဟုတ်ရပါ။ သူမ၏စိတ်ထဲတွင် ကြောက်စိတ်အချို့ ရှိနေခဲ့သောကြောင့်သာဖြစ်ပါ၏။

ထိုတစ်လှမ်းသည် တစ်ကြိမ်တစ်ခါမျှ မလှမ်းလျှောက်ခဲ့ဖူးသော တစ်လှမ်းဖြစ်ပေသည်။

သူမ၏ တင်းကျပ်သည့် ယောက္ခမဖြစ်သူသည် သူမ အသက်၁၈နှစ်မပြည့်ခင်အထိ အဖိုးဖြစ်သူ၏ညွှန်ကြားချက်အား လိုက်နာရန် ဆန့်ကျင်ခဲ့သည်။ စူးယွင်ကျင်းကို အထိမခံခဲ့ပေ။

စူးယွင်ကျင်း အသက်၁၈နှစ်ပြည့်ပြီးနောက်၌ ‌သူမ၏ယောက္ခမဖြစ်သူမှာ ကွယ်လွန်သွားခဲ့သည်။ ချန်ကျိုစစ်သည် လောင်းကစားစွဲလမ်းသွားခဲ့ပြီး အိမ်ပြန်လာခဲ၏။ အိမ်ပြန်လာချိန်တွင်မူ သေရည်မူးယစ်နေပြီး သူမအား ညှဉ်းပန်းနှိပ်စက်ခြင်းတို့ဖြင့်သာ ခါးခါးသီးသီးဆက်ဆံခဲ့သည်။ သူမသည် ဂြိုဟ်ဆိုးဖြစ်သည်ဟူသော ကောလာဟများကိုပင် ယုံကြည်ခဲ့ပြီး သူမကို ထိတွေ့သူတိုင်းကို ကံဆိုးမှုကျရောက်စေသည်ဟူသော စကားများကိုလည်း ယုံကြည်ခဲ့သည်။

လောင်းကစားသမားဖြစ်သော ချန်ကျိုစစ်သည် ထိုယုံကြည်မှုကို အတည်မှတ်ယူကာ သူမကြောင့် သူ၏ကံကောင်းမှုများ ပျက်စီးသွားမည်အား စိုးရိမ်ခဲ့သည်။ ထို့ကြောင့် စူးယွင်ကျင်းကို လုံးဝ မထိခဲ့ပေ။

ထို့ကြောင့် သူတို့လက်ထပ်ထားခဲ့သည့် နှစ်ကာလအတွင်း၌ သူမသည် ထူးထူးခြားခြားပင် အပျိုစင်ဖြစ်နေဆဲ ဖြစ်ခဲ့သည်။

လက်ရှိတွင် ချန်ကျိုစစ်သည် ပြောင်းလဲသွားခဲ့ပြီး သူမကို ထိကိုင်ရန်ဆန္ဒရှိပြီဖြစ်သော်ငြား ပထမဆုံးအကြိမ်ဖြစ်သောကြောင့် ကြောက်ရွံ့မှုကိန်းအောင်းနေဆဲဖြစ်သည်။ သူမသည် ဂြိုဟ်ဆိုးတစ်ယောက်ဟူသော လူအများ၏ပြောစကားများနှင့် ထပ်ပေါင်းလိုက်သောအခါ သူမသည် ချန်ကျိုစစ်၏ကံကောင်းမှုကို ကျိန်စာသင့်သွားစေမည်အား စိုးရိမ်နေခဲ့သည်။

ထို့ကြောင့် မနေ့ညက စူးယွင်ကျင်းသည် တွန့်ဆုတ်တွေဝေနေခဲ့ပြီး နောက်ဆုံးအဆင့်ကို ခွင့်မပြုခဲ့ပေ။ သို့တိုင် ချန်ကျိုစစ်သည် သူမအပေါ် နူးညံ့သိမ်မွေ့မြဲဖြစ်ခဲ့ပေသည်။

“မိန်းမ မင်းဆန္ဒမရှိဘူးဆိုရင် ကိုယ်မင်းကို ဖိအားမပေးပါဘူး”

“ယောက်ျား ရှင်တကယ်ဆန္ဒရှိတယ်ဆိုရင် ကျွန်မ…”

“အဆင်ပြေပါတယ်။ မင်းစိတ်ထဲက ဝန်တွေကို လျှော့ချနိုင်ဖို့ပဲ ကိုယ်မျှော်လင့်တာပါ”

“ယောက်ျား ကျွန်မကို အချိန်နည်းနည်းပေးပါ ကျွန်မ…”

“အမ်း မင်း ကိုယ့်ကိုယ်ကိုယ် ကိုယ့်ဆီ အပြည့်အဝပေးအပ်ချင်လာတဲ့အချိန်အထိ စောင့်ပါ့မယ်။ နောက်ကျနေပြီ အိပ်ကြရအောင်လေ”

သို့ဖြင့် မနေ့ညက စူးယွင်ကျင်းသည် ချန်ကျဲ့၏ ရင်ခွင်ကျယ်ကြီးအတွင်း၌ အိပ်စက်ခဲ့သည်။ ‌သူတို့နှစ်ဦးသည် အေးစက်သည့် ညတာအတွင်း အချင်းချင်းပွေ့ဖက်ထားခဲ့ကြပြီး တစ်ဦးကိုတစ်ဦး အကောင်းဆုံး အနွေးဓာတ်ပေးခဲ့ကြသည်။

မနေ့ညက ချန်ကျဲ့သည် အလင်းရောင်လေးတစ်စကဲ့သို့ သူမ၏နှလုံးသားကို ထွန်း‌လင်းစေခဲ့သည်။ သူမသည် မနေ့ညက ဒီထက်ပို၍ မရယူခဲ့ခြင်းအတွက်ပင် နောင်တရမိပေသည်။

ဒီလိုအမျိုးသားမျိုးအတွက် ဘာတွေများ တုံ့ဆိုင်းနေစရာရှိသလဲ။

ထို့နောက် နေ့အချိန်ရောက်ရှိလာသည်…

နေ့တာသည် အလွန်လျင်မြန်စွာ ရောက်ရှိလာခဲ့သည်…

All Chapters